“ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမတိုင်မီ လွတ်မြောက်မယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့ တင်တဲ့ လျှောက်လဲချက်အပေါ် မူတည်ပြီးတော့ ဥပဒေအကြောင်းအရ တရားဥပေဒ စိုးမိုးရေးအတွက်ဆိုရင် လွတ်မြောက်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားပြုသော ရှေ့နေ ၃ ဦးအနက် တဦးဖြစ်သော ဦးဥာဏ်ဝင်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးကလည်း
’’ဒါနောက်ဆုံးလျှောက်လဲချက်မှာ ဘယ်လိုပဲဖြစ်ဖြစ် မိမိတို့ရဲ့ လျှောက်လဲချက်က မှန်ကန်တဲ့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်က လွတ်ကို လွတ်ရမယ်ဆိုတဲ့ အဖြေ ထွက်ကို ထွက်ရမယ်။ ယုံကြည်တာပေါ့၊ လွတ်ကို လွတ်ရမယ်ပေါ့။ သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖော်ပြချက်တွေက အကုန်ပျက်ပြီးသား။ အဲဒီလို သူတို့က ဖြစ်နေတာ။ အဲဒီတော့ ဒါနဲ့ပတ်သက်တဲ့ အရာအားလုံးကို ကျနော်တို့က ယုံကြည်ချက် အပြည့်ရှိတယ်’’ ဟု မဇ္ဈိမကို ပြောသည်။ အဆင့်နိမ့် တရားရုံးနှစ်ခုက ပယ်ချခဲ့သော အမှုပြန်လည်ပြင်ဆင်ရန် လျှောက်လဲချက် အထူးအယူခံကို နေပြည်တော် တရားရုံးချုပ် တရားရုံးက လက်ခံအပြီး တရားသူကြီးချုပ် ဦးအောင်တိုး ခေါင်းဆောင်သော အဖွဲ့ဝင် ၃ ဦးပါ ယနေ့ ပထမဆုံး ကြားနာမှု ဖြစ်သည်။ ကျန်တရားသူကြီးများမှာ ဒုတိယတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် တရားသူကြီး ဦးကျော်ဝင်းတို့ ဖြစ်သည်။
လက်ရှိပြစ်ဒဏ်မှာ ရွေးကောက်ပွဲအပြီး ၆ ရက်အကြာ နိုဝင်ဘာ ၁၃ ရက်တွင် ပြည့်မည်ဖြစ်ပြီး နေအိမ်တွင် ချုပ်နှောင်ခံထားရခြင်းမှ အဆုံးသတ်တော့မည်ဟု မျှော်လင့်ချက်များ ပါတီဝင်များအတွင်း ပေါ်ထွက်နေသည်။
သို့သော် တရားရုံးချုပ်က ထုံးစံအတိုင်းပင် နောက်တကြိမ် ကြားနာမည့် တရားရုံးရက်ချိန်းကိုပင် သတ်မှတ်ခြင်း မပေးလိုက်သည်ကို တွေ့ရသည်။
“ကျနော်တို့ လျှောက်လဲချက်က ဥပဒေအရ တရားဥပဒေ စိုးမိုးမှုကို ဦးတည်တယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးလည်း ပါသလို၊ ကျနော်တို့ အခုလုပ်နေတာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး သက်သက်သာ မဟုတ်ပါဘူး။ လွတ်မြောက်ရေးပါသလို တရားဥပဒေစိုးမိုးမှု၊ ဒေါ်အောင်ဆန်းစုကြည် အပြစ်မရှိဘူး ဆိုတာကို လိုချင်တာ” ဟု ဦးဥာဏ်ဝင်းက အလေးထား ပြောဆိုလိုက်သည်။
၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ ပါတီ၏ ခေါင်းဆောင်မှာ အချိန်အတော်များများကို နေအိမ်အချုပ်ဖြင့်သာ ကျော်ဖြတ်နေခဲ့ရသည်။
သူမ၏ ပြစ်ဒဏ်ပြင်ဆင်ခွင့် အယူခံအမှုအတွက် ရှေ့နေများဖြစ်ကြသော ဦးဥာဏ်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးကြည်ဝင်းတို့က လိုက်ပါဆောင်ရွက်လျက်ရှိသည်။
ယနေ့ တရားရုံးသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ ဖြစ်ကြသော ဦးဟန်သာမြင့်၊ ဒေါ်မေဝင်းမြင့်၊ ဦးဝင်းမြင့်၊ ဦးသိန်းဦး၊ ဒေါ်အေအေးမာ၊ ဒေါ်ခင်စောမူ၊ ဒေါက်တာမျိုးအောင်၊ ရှေ့နေ ဦးခင်မောင်ရှိန်၊ ဦးစောနိုင်နိုင်းနှင့် လူငယ်များမှ ကိုမျိုးညွန့်၊ မမြင့်မြင့်အေး၊ မသူဇာလွင်၊ ကိုမင်းမော်ဦးတို့ အားလုံး ၂၉ ဦးတို့ လိုက်ပါခဲ့သည်။
ယင်းအဖွဲ့ဝင်အားလုံးသည် တရားခွင်၌ နားကြာခွင့် ရခဲ့ပြီး လုံခြုံရေးအခြေအနေလည်း ထူးခြားမှု မရှိကြောင်း ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးစောနိုင်နိုင်းက ပြောသည်။
ယခုအယူခံကို အစောပိုင်းက ခရိုင်တရားရုံးနှင့် တိုင်းတရားရုံးသို့ တင်ပြခဲ့ရာ ပယ်ချခံခဲ့ရသည်။
ရေကူးကာ နေအိမ်ခြံတွင်းသို့ ခိုးဝင်ခဲ့သော အမေရိကန် နိုင်ငံသား မစ္စတာဂျွန်ယက်တောကို ဧည့်ခံမှုဖြင့် အကျယ်ချုပ်စည်းကမ်း ဖောက်ဖျက်မှုဖြင့် ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လသို့ လျှော့ပေးခဲ့သည်။
သူမ၏ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲကို လုံးဝ ဥဿုံ သပိတ်မှောက်ကြောင်းနှင့် မဲမထည့်ခြင်း၊ မထည့်ခြင်းသည်လည်း ကိုယ့်အခွင့်အရေးတခုဖြစ်ကြောင်း ယခုလ ၂၅ ရက်နေ့က ကြေညာခဲ့သည်။






အဆိုပါ နိုင်ငံတော်အလံသစ်တွင် အ၀ါရောင်၊ အစိမ်းရင့်ရောင်၊ အနီရောင်ခြယ်ထားပြီး အလယ်တွင် အဖြူရောင် ကြယ်ကြီး တလုံးပါရှိသည်။
“အင်္ဂါသမီးကို နာမ်နှိမ်တဲ့အနေနဲ့ အင်္ဂါသားတွေကို အလံဟောင်း ဖြုတ်ချခိုင်းတာဖြစ်မယ်။ သဘောကတော့ အင်္ဂါသမီးကြောင့် သူတို့ အာဏာပြုတ်မကျနိုင်အောင် ယတြာချေလိုက်တာမျိုးဖြစ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။
အသစ်ပြောင်းလဲလိုက်သည့် အလံသစ်များကို တနိုင်ငံလုံးအသုံးပြုနိုင်ရန် အခုရေ ၁ သန်းခန့် စတင်ချုပ်လုပ်နေပြီဖြစ်ကြောင်း၊ အခံ ၁ သိန်း ခွဲကို အမှတ် ၁ စက်မှုဝန်ကြီးဌာနက ချုပ်လုပ်မည်ဖြစ်ပြီး ကျန်သည့် အရေအတွက်ကို တင်ဒါစနစ်နှင့် ခေါ်ယူပြီး ပုဂ္ဂလိကအထည်ချုပ်စက်ရုံများအား အပ်နှံမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
တနင်္သာရီတိုင်းတို့မှ လက်လှမ်းမီသည့် လူဦးရေ ၂၇,ဝဝဝ ကျော်ကို အခြေခံလေ့လာချက်အရ ကလေးဦးရေ စုစုပေါင်း၏ ၄ဝ ရာခိုင်နှုန်း အာဟာရချို့တဲ့နေပြီး အသက် ၅ နှစ်အောက် ကလေး ၆ဝ ရာခိုင်နှုန်းသည်လည်း ကာကွယ်နိုင်သည့် ရောဂါများဖြင့် သေဆုံးကြရသည်ဟု ၂ဝဝ၈ ခုနှစ်မှ စတင်လေ့လာသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
အပစ်ရပ်ဒေသအချို့အပါအဝင် ပြည်တွင်းစစ်ဖြစ်ပွားနေသော မြန်မာနိုင်ငံအရှေ့ခြမ်း ၂၁ မြို့နယ်မှ အိမ်ထောင်စုပေါင်း ၅,၇၅၄ ခု၏ စစ်တမ်းကို အခြေခံသည့် အစီရင်ခံစာအကြောင်း သတင်းစာရှင်းလင်းပွဲများ ဘန်ကောက်နှင့် မဲဆောက်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။
သူတို့ ဝယ်ပြီးတော့ ကုရတာမျိုးတွေ ရှိတယ်။ အခကြေးငွေ ပြန်တောင်းတာပေါ့နော်။ တချို့ဒေသတွေမှာတော့ လုံးလုံးကို မရှိတာ” ဟု သူက ဆိုသည်။
ပြည်တွင်း၌ အလုပ်အကိုင်ရရှိ လိုသူဦးရေမှာ တိုးတက်လျက်ရှိပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှု၊ အလုပ်ပေးနိုင်မှုမှာ နည်းပါးနေဆဲဖြစ်ကာ ယင်းတို့အကြား ကွာဟမှု အချိုးအစားမှာလည်း ကြီးမားလာကြောင်း အလုပ်အကိုင်ရေးရာ ကျွမ်းကျင်သူနှင့် အလုပ်အကိုင် ရှာဖွေလျက်ရှိသည့် လူငယ်အချို့ထံမှ သတင်းရရှိပါသည်။
ကိုယ်စားလှယ် နှစ်ဦးစလုံးသည် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း တောင် ဥက္ကလာပ မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် အမတ်နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံကြမည် ဖြစ်သည်။