Thursday, January 14, 2010

လက်မဲ့ ဘာမှမရှိ-



အားကိုးရာမဲ့နေကြတဲ့ ကျွန်တော်တို့နိုင်ငံသားအားလုံးအတွက် ကျွန်တော်တို့၊ မိတ်ဆွေတို့အ ကုန်လုံးမှာ ကိုယ်စီကိုယ်ငှလုပ်နိုင်တာလေးတွေကနေစပြီးလုပ်ကြရင် ကောင်းမွန်တဲ့ လမ်းစတွေပေါ်လာနိုင်မှာပါ။

ဘာမှမပါရှိတဲ့လက်တွေအားလုံးစုစည်းညီညွတ်လာကြရင် အဲ့ဒီပေါင်းစည်းတဲ့အားကို ဘယ်လက်နက်၊ ဘယ်မတ ရားမှုအားကမှ ဖိနှိပ်လို့ရေရှည်ရမှာမဟုတ်ပါဘူး။ ဒါဖြင့်ဘာဖြစ်လို့အခုအချိန်အထိ တို့တတွေအားလုံး ဒီဖိနှိပ်မှု အောက်မှာနေနေရသေးလဲဆိုပြီးတော့ မေးချင်မေးကြပါလိမ့်မယ်။ တကယ်က အားလုံးပါဝင်ကြရမဲ့အချိန်မှာ အ ကုန်လုံးကမပါကြသေးပဲ ဘေးက ပွဲကြည့်ပရိတ်သတ်လိုပဲ ရပ်ကြည့်နေခဲ့ကြလို့ပါ။ တကယ်လို့သာ အားလုံး တ ညီတညာတည်း စုပေါင်းညီညီညွတ်ညွတ်ပါဝင်ကြမယ်ဆိုရင် တနိုင်ငံလုံးမှာ ကျွန်တော်တို့လက်မဲ့၊ ခွန်အားမဲ့တဲ့ သူတွေအားလုံးပါဝင်ကြပြီး ခွန်အားဖြစ်လာပါလိမ့်မယ်။ အားလုံးက သူလုပ်နိုးနိုး၊ ကိုယ်လုပ်နိုးနိုးနဲ့ ကိုယ့်မိသား စုအတွက်ပဲအရေးထားပြီး သူများလုပ်တာကို ပွဲကြည့်ပရိတ်သတ်လိုပဲ ရပ်ကြည့်ကြရင်တော့ အားလုံးပဲ အခုဘဝ ဆိုးထဲက လွတ်မြောက်တော့မှာမဟုတ်ပါဘူး။ အားလုံး၊ လက်တွဲညီညီနဲ့ အသိစိတ်ဓါတ်ရှိရှိပါဝင်ကြမှပဲ အားလုံး ရဲ့ကောင်းကျိုးကို ဖေါ်ဆောင်နိုင်မှာပါ။ မရှိတဲ့ လာကယ်တင်မဲ့သူကိုစောင့်နေလို့ကတော့ နေသာဝင်ပြီး ကျွန် တော်တို့အားလုံးပဲ အို၊ သေ၊ မျိုးဆက်တွေပဲ အဆင့်ဆင့်ပြောင်းသွားကြမယ်။ ဘာပြောင်းလဲမှုမှတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ နောင်လာနောက်သားတွေအတွက် ကျွန်တော်တို့အားလုံးတာဝန်ကျေပွန်ကြမှာမဟုတ်ပါဘူး။

လမ်းဘေးက၊ အိမ်ပေါ်ကလက်ခုပ်တီးအားပေးသလို ဘေးကရပ်နေ၊ ပွဲကြည့်နေ၊ စုတ်သတ်နေကြမဲ့အစား၊ ဒါတို့ အားလုံးရဲ့အရေးပါလားဆိုပြီး တို့အားလုံးပါဝင်လုပ်ကြမယ်ဆိုရင် ဘယ်လိုမတရားမှုကမှ၊ ဘယ်လောက်ကြီးမား တဲ့လက်နက်ကိုင်တပ်ကြီးကမှ ညီညာတဲ့လူထုအားကို ရင်ဆိုင်ဖို့ရဲမှာမဟုတ်ပါဘူး။ ကျွန်တော်တို့လူမျိုးတွေဟာ ရဲဝံ့၊ သတ္တိပြောင်မြောက်ကြတဲ့သူတွေပါ။ ကျွန်တော်တို့ကလဲ့ကျတော့မှ ညံ့ကြတော့မှာလားဆိုတာကို ကိုယ့် ကိုကိုယ်ပြန်မေးရင်း၊ လုပ်စရာရှိတာကို အားလုံးတာဝန်သိသိနဲ့လုပ်ကြရင် ကျွန်တော်တို့နိုင်ငံဟာ ပြည်သူ့အလို ကျဖန်တီးခွင့်ရှိတဲ့ ဒီမိုကရေစီနိုင်ငံစစ်စစ်ဖြစ်လာမှာပါ။ အားလုံးတာဝန်သိသိနဲ့ အကြောက်စိတ်ကို ဝတ္တရားကျေ ပွန်လိုစိတ်နဲ့ အစားထိုးပြီး လုပ်စရာရှိတာလုပ်ကြရင် လူထုအားလုံးတောင့်တနေတဲ့ ပြောင်းလဲမှုတွေမလွဲမသွေ ဖြစ်လာမှာအမှန်ပါပဲ။ အားလုံးကလုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ညီညီညာညာစည်းစည်းလုံးလုံးနဲ့ တညီတညွတ်တဲ ထပ်လုပ်ကြရအောင်ပါ။

မိတ်ဆွေတို့၊ ကျွန်တော်တို့အားလုံး ကိုယ်တတ်နိုင်တဲ့ဘယ်လောက်သေးသေးမွှားမွှားလေးဖြစ်ဖြစ် နိုင်ငံနဲ့လူထု ကောင်းစားဘို့ တနေ့မှာတခုလောက် စလုပ်ကြရင်၊ အားလုံးက ဘယ်သူ့ကိုယ်မှမညာပဲ၊ ကိုယ့်ကိုကိုယ်လဲမညာ ပဲ တကယ်လုပ်ကြရင် အများကြီးသိသိသာသာခရီးရောက်လာတာတွေ့ရပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်၊ ကိုယ်တတ် နိုင်တာတွေအထဲက တနေ့မှာ တခုလောက် အားလုံးလုပ်ကြည့်ရင်၊ ကိုယ့်နဲ့နီးစပ်တဲ့သူတွေကိုပဲဖြစ်ဖြစ် အမှန် ဖြစ်သင့်တာလေးတခုလောက် ပြောဖြစ်ကြရင် ရက်နဲနဲအတွင်းမှာကို အများကြီး ဖြစ်လာမှာကို တွေ့ရပါလိမ့် မယ်။ ကိုယ့်ထက်နိမ့်ကျသူတွေကို တတ်နိုင်သလောက်ကူညီမြှင့်တင်ပေးတာလေး၊ ဆွေးနွေးပြောပြလမ်းဖွင့်တာ မျိုးလေးတွေကစပြီး တနေ့တခါလောက် လုပ်ပေးကြရင်လဲ တဖြည်းဖြည်းနဲ့ တိုးတက်မှုတွေတွေ့လာရမှာပါ။ မ တရားတာကိုလဲ မတရားတဲ့အကြောင်း ပါးစပ်ကပဲဖြစ်ဖြစ်ပြောဆိုဆွေးနွေးကြတာမျိုးလဲ လုပ်နိုင်ကြပါတယ်။ အားလုံးက တနေ့ကို တခုပဲဖြစ်ဖြစ် ကောင်းတာမှန်တာတခုခုကို ပြောဆိုဆွေးနွေးလုပ်ပြကြရင် မကြာခင်မှာ မြင် သာတဲ့ ပြောင်းလဲတွေတိုးတက်မှုတွေဖြစ်လာကြမှာပါ။ တနေ့နဲနဲစီနဲ့ ပုံမှန်အားလုံးလုပ်ကြရင် မဖြစ်နိုင်တာမရှိပါ ဘူး။

ပန်းတိုင် ရှိ ရာရှေ့ သို့ လှ မ်းတက် ခြင်း




(ကို ယ် ကျိုးမဖက် ပဲဒီ မို ကရေစီ ပြောင်းလဲမှု ကို မြင် လို ကြသော ညီအကို မောင် နှ မအားလုံးစဉ်းစားမိ ကြစေရန် တင် ပြခြင်းဖြစ် ပါတယ် ။)
ကျွန် တော် တို့ နို င် ငံ မှာစစ်အာဏာရှ င် တွေရဲ့ဖိ နှိ ပ် မှု တွေ၊ရက် စက် မှု တွေဖြစ် လာတဲ့
အခါတို င်း၊ကျွန် တော် တို့ နို င် ငံ ထဲကလူ ထု ရဲ့တစိ တ် တပို င်းဖြစ် တဲ့ရွှေ့ ပြောင်း
အလု ပ် သမားတွေတို င်းတပါးမှာမတရားလု ပ် ခံ ရတာကိုမြင် ရကြားရတဲ့
အခါတို င်း၊ကျွန် တော် တို့ စိ တ် ထဲမှာဒေါသတွေပေါက်ကွဲကြတယ် ။
ခံ ပြင်းချက် တွေဖြစ် ကြရပါတယ် ။ကို ယ့်  နို င် ငံ နဲ့ကို ယ့် 
အမျိုးသားအားလုံးကို ချစ် တဲ့သူအားလုံးလည်းဒီ လို ပဲခံ စားချက် တွေဖြစ် ကြလိ မ့်  မှာ
အမှ န် ပါပဲ။နို င် ငံ ထဲမှာဘယ် လောက်အ ခြေအနေဆိုးနေနေ၊လူ ထု တွေဘယ် လောက် ဖိ နှိ ပ် မှု ကို ခံ စားနေရနေရဒါတွေကိုသစ္စာမဲ့ မဲ့ လျှစ်လျူရှု ပြီးကို ယ့်  ထင် ပေါ်မှု အခွင့် အရေးရမှု ၊ကို ယ် ကျိုးစီးပွါးတို့ 
အတွက်လူ ထု ကို ကယ် တင် မယ်အမည် ခံ ပြီးလု ပ် စားဖေါက် ပြန် နေကြတဲ့ ခေါင်းဆောင် ဆို သူ တွေနဲ့
သူ တို့ ရဲ့အရိုးအရင်းကို က် ရရင် ပြီးရောသခင် ထိ ဓါးကြည့်  လု ပ် နေကြတဲ့ ဖေါ်လန် ဖါးဖေါက် ပြန် ရေးတွေ
အကြောင်းကိုနားမဆန့် အောင် ကြားရတော့ လည်းဘာမှ လု ပ် လို့ မရတော့ ပါဘူးဆို ပြီး
စိ တ် ပျက် တာခံ စားမိ ကြမှာပါ။ဒီ လူ တွေတကယ်အခွင့် အရေး၊ကြော် ကြားမှု နဲ့ကိုယ် ကျိုး
စီးပွါးတွေအတွက် ပဲဒီ လို မျိုးလှု ပ်ရှားမှု ကို ဖျက် လို ဖျက် စီးလု ပ် နေတာလား၊ဒါမှ
မဟု တ်အသားထဲကလောက် ထွက်
ပြီးရန် သူ့ လက်ပါးစေတွေအနေနဲ့လှု ပ် ရှားမှု ကြီးအားနည်းပျက် စီးအောင်
အကြံအစည် ရှိ ရှိ နဲ့လု ပ် နေတာလားဆို တာကတော့သေသေချာချာလေ့ လာသုံးသပ်
စရာလို တဲ့ ကိ စ္စ ပါ။ပြည် တွင်းမှာကလဲလုပ် ဘို့ ရာ အထောက်အပံ့  မဲ့ - ဘာလို့ ဆို
တော့ပြည် တွင်းအတွက် ထောက် ပံ့  မှု တွေကိုပြည် ပကလု ပ် စားပွဲစားတွေက အမျိုးစုံ
ဖေါက် လွဲဖေါက် ပြန် သုံးစွဲနေလို့ ။ ရန် သူ ကလဲအထဲကလှု ပ် ရှားနေတဲ့သူ တွေသတင်း
တွေနဲ့လှု ပ် ရှားမှု သတင်းတွေကို အတိအကျသတင်းရနေ - ရန်သူ ငါစည်းမပြတ် ပဲ အခုအချိန်အထိရန် သူ နဲ့တိုးတိ တ် တိ တ် ကော၊ ပြောင် ကောလက် ၀ါးချင်းရို က် လု ပ် နေသူတွေရှိ နေကြလို့ ။ ကျွန် တော် တို့ 
ဒီ မို ကရေစီ ရရှိ ရေးလှု ပ် ရှားမှု ကြီးဟာဖရို ဖရဲဖြစ် နေရတာကို ကြည့် ပြီး မညာတန်းဝန် ခံ
ကြရရင်စိ တ် ဓါတ် ကျကြရပါတယ် ။
မြန် မာနို င် ငံ ထဲကစစ်အာဏာရှ င် စံ နစ် ကိုပြောင်းလဲမှု လု ပ် မယ် စဉ်းစားကြတဲ့
ကျွန် တော် တို့ တတွေအားလုံးဟာဒီ ဘက် မှာဒီ လို ဖေါက် လွဲဖေါက် ပြန် ဖြစ် နေတာရော
အကွဲကွဲအပြားပြားနဲ့ဖရို ဖရဲဖြစ် နေတာတွေကောကိုဘာကြောင့်  မပြောင်းလဲနို င် ကြရတာပါလဲ။
ဒါတွေကို မပြောင်းလဲ၊မဖယ် ရှားနို င် ပဲ ကျွန် တော်တို့ အားလုံးမြင် ချင် ကြတဲ့ ဒီ မို
ကရေစီ ပြောင်းလဲမှု ကိုမြင် ရမှာမဟု တ် တာလဲ အားလုံးသိ နေကြတာပါပဲ။
ဒါပေမဲ့အခုအချိ န်အထိ ကျွန် တော် တို့ ပြောင်းလဲမှု မဖေါ်ဆောင် နို င် ခဲ့ သေးပါဘူး။
ကျွန် တော် တို့ အားလုံးညံ့  နေကြလို့ များလား၊ဒါမှ မဟု တ် ရန် သူ နဲ့သူ့ လက် ပါးစေတွေက
တော်နေကြလွန်းလို့ များလား။ကျွန် တော် တို့ ခေတ် ကြမှ ညံ့  ကြရမှာလားဆို တာကတော့
မခံ ချင် စရာပါပဲ။ အခြေခံ ကမှ န် မှ န် ကန် ကန် လု ပ် လို တဲ့ လု ပ် တဲ့အင်အားစု တွေအတွင်းမှာ
စစ် မှ န် တဲ့ ညီ ညွတ် ရေးမရှိ နေသေးလို့ ပဲဖေါက် ပြန် ရေးသမားတွေ၊
ရန် သူ့ လက် ပါးစေတွေလု ပ် ချင် တို င်းလု ပ် နေလို့ ရနေတာပါ။
ညီ ညွတ် ရေးရှိ လာကြရင် သူ တို့ ဒီ လို လု ပ် ခွင့်  တွေနဲပြီးဘေးရောက် ကု န် မှာကို လဲသိ
တဲ့Aတွက် ညီ ညွတ် ရေးဆို တာကိုသူ တို့ ကစကားအဖြစ် သာပြောပြီး
မဖြစ် အောင်အမျိုးမျိုးကပျက် ကယလု ပ် နေကြတာပါ။ဘာကြောင့်  ကျွန် တော် တို့ 
အားလုံးကနို င် ငံ ပြောင်းလဲရေးအ တွက် အခရာကျတဲ့ ညီ ညွတ် ရေးကိုသူ တို့ 
တွေဘယ် လောက် ပဲဖျက် မြင်းလု ပ် နေလု ပ် နေမတည်ဆောက် နို င် ရမှာလဲ။တခု
ရှိ တာကတည် တံ့  တဲ့ ညီ ညွတ် ရေးတည် ဆောက် ဘို့ လို ပါတယ် ။
ခဏတပ် ပေါင်းစု ဖွဲ့လို က် ၊ ခဏကြာအားလုံးမေ့ ထားလို က် နဲ့ကတော့
ကျွန် တော် တို့  အားလုံးဟာနအဖအလို ကျလို က် ကစားပေးနေတဲ့ရု ပ် သေးရု ပ်
လေးတွေပဲဆက် ဖြစ် နေကြမှာပါ။နောက် တခု ကအခုအချိ နအထိ မှ စု စု စည်းစည်းနဲ့
ညီ ညီ ညွတ် ညွတ် မှ မလု ပ် တတ် ကြသေး
ရင်ကျွန် တော် တို့ အားလုံးတကွဲတပြားနဲ့လု ပ် နေကြတဲ့အလု ပ် တွေဟာဖျက် မြင်းတွေကထိုး
ကြွေးလို က် ၊သမင် မွေးရင်းကျားစားလို က် ဖြစ် ရင်း အရာရောက် သင့်  သလောက်အရာရောက်ကျမှ
မဟု တ် ပါဘူး။ဒါကို လဲကျွန် တော် တို့ အားလုံးသိ ထားနေကြတာပါပဲ။ ကျွန် တော် တို့ 
အားလုံးတကယ် နို င် ငံ ပြောင်းလဲရေးအတွက် ထိ ထိ ရောက် ရောက်အင်အားစု တရပ် ဖြစ် အောင် ၊
ပြည်တွင်းလှု ပ် ရှားမှု တွေကို တကယ် ပံ့  ပိုးပေးနို င် တဲ့ လှေ ကားထစ် တခု ဖြစ် အောင်လု ပ် ကြဘို့ 
လို ပါပြီ ။နောက် ပြီးနေရာတကာမှာရောက် နေတဲ့မှ န် ကန် တဲ့ လူ တွေ၊မှ န် ကန် တဲ့အင်အားစု
တွေအားလုံးကို တစု တစည်းတည်းဖြစ် အောင် စု စည်းဘို့ လို ပါပြီ ။ အဲ ဒီ လို မစု စည်းရင်ထင်းချောင်းတွေဘယ်လောက် များများတကွဲစီ ဖြစ် နေတဲ့အတွက် ချိုးလို့ ရတဲ့ဥပမာလို ပဲဖြစ် နေမှာပါ။
ညီ ညွတ် ခြင်း၏အင်အား
အမေရိ ကမှာဂျူးလော် ဘီ ဟာအင်အားအရမ်းကြီးပြီးသြဇာအရှိ န်အ၀ါအလွန် ကြီးပါတယ် ။
ငွေ ကြေးအင်အားရှိ တဲ့ စီးပွါးရေးအင်အားစု တွေများလို့ ချည်းသက် သက် မဟု တ် ပဲ
အမေရိ ကန် မှာရှိတဲ့ ဂျူးအင်အားစု ကို တစု တစည်းတည်းဖြစ် နေအောင်
စု စည်းထားနို င် လို့ ဖြစ် ပါတယ် ။ အမေရိကန် မှာကော၊ အခြားနို င် ငံ တွေမှာကော
ကျွန် တော် တို့ မြန် မာအင်အားစု တွေကို ယ် ကလို က် မခရရဘဲနို င် ငံ ရေးသမားတွေကလာ
တွေ့ဆုံ နေရတာမျိုးဖြစ် နေလောက် အောင်ဘယ် လောက်အ ရေးပါပါတည် ဆောက် နို င်
ထားပြီ လဲဆို တာ အားလုံးသိ ပါတယ် ။ နို င် ငံ ရေးလော် ဘီ လု ပ် နေတဲ့ အု ပ် စု တွေရှိ
နေပေမဲ့ ဒီအု ပ် စု တွေက အခြေခံ ကို ယ့်  လူ မျိုးတွေကို စု စည်းတဲ့အားမရှိ တာကြောင့် 
ကို ယ် ကပဲလို က် ပြီးချဉ်းကပ် နေရတာမျိုးပါ။လော် ဘီ ကိ စ္စ တခု တည်းအတွက်
ပြောနေတာမဟု တ် ပါဘူး။ဒါကိုဥပမာတခုအနေနဲ့သာပြောတာပါ။တကယ် က
ကျွန် တော် တို့ အားလုံးတကယ် စည်းလုံးညီ ညွတ် ကြရင်ဘယ် နို င် ငံ ကမှ
ငွေရေးကြေးရေးအထောက်အကူ ရယူ စရာမလို ပဲမြန် မာနို င် ငံ ပြောင်းလဲမှု ဖြစ် အောင်
ဖန် တီးကြလို့ ရပါတယ် ။ကျွန် တော် တို့ အားလုံးမှာ
ကို ယ့်  ကိုကို ယ် ရှ င်းရှ င်းလင်းလင်းခံ ယူ ထားကြသင့်  တာက
အပြင် ကအင်အားတွေဟာပြည် တွင်းကလှု ပ် ရှားမှု တွေကိုခေါင်းဆောင် ဘို့ မဟု တ် ပဲ၊
အတွင်းကလု ပ် တာကိုပံ့  ပိုး၊ပု ခု န်းထမ်းပေးဘို့ ဆို တာပါပဲ။
ဂျူးလော် ဘီ ဟာဘယ် လောက်အင်အားကြီးကြီး၊ဘယ် လောက် ပဲပြင် ပနို င် ငံ ရေးမှာ
အရေးပါပါ၊သူ တို့ ဟာအစ္စ ရေးနို င် ငံ ရဲ့နို င် ငံ ရေးမှာခေါင်းဆောင် တွေမဟု တ် ပဲ
အစ္စ ရေးနို င် ငံ ရဲ့လှု ပ် ရှားမှု ကို အထောက်အကူ ပြုဘို့ ရပ် တည် တာပဲဖြစ် နေတာကြောင့် 
ပို ပြီးအ လု ပ် ဖြစ် တာတွေ့ရမှာပါ။ ကျွန် တော့်  ပု ဂ္ဂ လိ ကအမြင်အရ အစ္စ ရေးနို င် ငံ က
ပါလက် စတို င်းတွေကို ဖိ နှိ ပ် ချုပ် ချယ် ဘို ကျနေတာကိုလုံးလုံးမကြိုက် ပါဘူး။
ဒါပေမဲ့သူ တို့ နို င် ငံ ရပ် တည် ရေးအ တွက်ပြင် ဆင် လှု ပ် ရှားတဲ့ ပုံ စံ တွေမှာသင် ခန်းစာ
ယူ စရာတွေရှိ တယ် လို့ မြင် ပါတယ် ။ ကျွန် တော်တို့ လဲကို ယ့်  ကို ကို ယ် ပြတ် ပြတ်
သားသားနဲ့ပြည် တွင်းလှု ပ် ရှားမှု တွေမှာခေါင်းဆောင် ဖြစ် ဘို့  မဟု တ် ပဲပြည် တွင်း
လှု ပ် ရှားမှု တွေကိုနည်းမျိုးစုံ နဲ့ပံ့  ပိုးပေးဘို့ နဲ့၊ပု ခု န်းထမ်းမြှ င့်  တင် ပေးဘို့ 
ယုံကြည် ကြရင်ကျွန် တော် တို့ ရပ် တည် ချက် က
ကောင်းမွန် ပြီးထိ ရောက် တဲ့ ရပ် တည် ချက် ဖြစ် လာမှာပါ။ဒီအပေါ်မှာအခြေခံ ပြီးညီ ညွတ် ရေးကို လဲ
တည် ဆောက် ကြလို့ ရပါတယ် ။ကျွန် တော်တို့ အားလုံး အလု ပ် ခွဲခြားလု ပ် ကို င် မှု
အကြောင်းနဲ့ကို ယ် ပါဝင် နို င် တဲ့ နေရာကနေထိ ထိ ရောက်ရောက် ပါဝင် ကြဘို့ 
အသိ ရှိ နေကြဘို့ လဲလို ပါတယ် ။ ဥပမာအမေရိ ကန် တို့ ၊ ဥရောပတို့ မှာနေပြီး
ပြည် တွင်းမြေအောက် လှု ပ် ရှားမှုအတွက်ငွေကြေး
အထောက်အကူ ထိ မ်းသိ မ်းပေးရေးလု ပ်လို့ ရမှာမဟု တ် ဘူးဆို တာကို
သိ ဘို့ လို ပါတယ် ။ဒီ လို လု ပ် ဘို့ ဆို ရင်ဒီ လု ပ် ငန်းတွေလု ပ် နို င် တဲ့နေရာတွေဖြစ် တဲ့
ထို င်းနယ် စပ် မြို့မှာ အထို င် ချလု ပ် မှ ရမှာပါ။ အဝေးရောက် တော် လှ န် ရေးလု ပ်လို့ မရပါဘူး။
တခု ကျွန် တော် တို့ ရှ င်းရှ င်းလင်းလင်းမြင် သင့်  တာက
အထဲမှာတကယ် လု ပ် နေတဲ့ သူ တွေကိုထောက် ပံ့  ကူ ညီ ရေးယန္တ ရား
အဖြစ် ထက် ပို ပြီးခေါင်းဆောင် မှု အဖြစ် ရပ် တည် နေချင် လို့ ဖြစ် မှာမဟု တ် ပါဘူးဆို တာပါပဲ။
ပြည် တွင်းကပြောင်းလဲမှုအတွက် တကယ် လု ပ် ကြရမဲ့ သူ တွေကပြည် တွင်းကလူ တွေဖြစ် တဲ့
အတွက်သူ တို့ ဘာသာလု ပ် ကြတာကို အပြင်အင်အားစု ကဘေးက၀ို င်းဝန်းပံ့  ပိုး
ပေးဘို့ နဲ့ဝို င်းရံ ဘို့ ပဲလု ပ် ကြရမှာပါ။ဒါ မှ လဲအထဲကအင်အားကသူ တို့ လု ပ် စရာရှိ
တာကိုသူ တို့ ဘာသာဆုံးဖြတ် ပြီးလု ပ် နို င် ကြပါလိ မ့် မယ် ။ အပြင် ကကျွန် တော် တို့ 
လု ပ် ပေးနို င် မှာတွေကနည်းပညာရှာဖွေဖြန့် ဖြူးပေးဘို့ ရယ် ၊
အ တွင်းကလို မဲ့အထောက်အပံ့  တွေရှာဖွေပေးနို င် ဘို့ ရယ် နဲ့၊ အတွင်းလု ပ် ရပ် ကို
အထောက်အပံ့ ဖြစ် စေမဲ့ အပြည် ပြည် ဆို င် ရာလှု ပ် ရှားမှု တွေဖေါ်ပေးဘို့ ရယ် တွေပဲဖြစ် ပါတယ် ။
ပြတ် ပြတ် သားသားသိ သင့်  တာက ကျွန် တော် တို့ ဟာအထဲကိုဟို ဟာလု ပ် ၊
ဒီ ဟာလု ပ်အဝေးကခို င်းနေတဲ့ အ ဝေးရောက် ခေါင်းဆောင် တွေ
အဖြစ် ရပ် တည် ဘို့ မဟု တ် ဘူးဆို တာပါပဲ။ဒီ လို ကွဲကွဲပြားပြားသိတာနဲ့
ကျွန် တော် တို့ အားလုံးညီ ညီ ညွတ် ညွတ် စု စည်းလု ပ် ကြဘို့ ပို လွယ် ပါလိ မ့်  မယ် ။
သမို င်းကသူ့ ဘာသာသူ မှ တ် တမ်းတင် ပါလိ မ့် မယ် ။ကျွန် တော် တို့ ကသမို င်းမှာပါချင်
လွန်းလို့ အတင်းလို က် ရေးနေကြစရာမလို ပါဘူး
ညီ ညွတ် မှု ဘယ် လို တည် ဆောက် ကြရင် ကောင်းမလဲ
ဘယ် လို စပြီးညီ ညွတ် မှု တည် ဆောက် ကြမလဲ။နေရာအနှ န့် မှာမှ န် မှ န် ကန် ကန်
ဒီ မို ကရေစီ လိုလားတဲအင်အားတွေရှိ နေကြပါတယ် ။နေရာတို င်းကတကယ် မှ န် မှ န်
ကန် ကန် ရပ် တည် ပါဝင်ချင် တဲ့ သူ တွေကနေစပြီးသူ့ ပတ် ၀န်းကျင် ကရနို င် သမျှ
အင်အားတွေကိုဆွေးနွေးစု
စည်းတာ လု ပ် ကြရင်တဖြည်းဖြည်းနဲ့အင်အားစု ကြီးတခု ဖြစ် လာမှာပါ။ အရေးကြီးတာတခု က
အရင် တချိ န် လုံးမှားခဲ့ ကြတဲ့အမှားမျိုးပြန် မဖြစ် အောင် ထိ မ်းသိ မ်းရေးပါ။
အရင် က အပြင် ကလူ တွေကို ငွေလို တဲ့အချိ န် ငွေထည့်  ဘို့ ပဲသတ် မှ တ် ခဲ့ ပြီးသူ တို
့ရဲ့အမြင် တွေ၊ အတွေးအခေါ်တွေ၊ အကြံ ဥာဏ် တွေကို အလေးထားတာမရှိ ခဲ့ ပါဘူး။
ဒီ လို လု ပ် ခဲ့ ကြတော့ဒီ ဆက် ဆံ ရေးဟာရေရှ ည် ခံ တဲ့ ဆက် ဆံ ရေးဘယ် တော့ မှ
ဖြစ် မလာနို င် တာ အားလုံးသိ ပါတယ် ။ ဒီ လို လု ပ် ခဲ့ ကြတော့သူ တို့ က
အဖွဲ့အစည်းနဲ့မဆို င် တော့ ပဲဘေးကအလှူပေးရတဲ့ သူ လို သက် သက် ဖြစ် လာပြီးကင်းကွာမှု တွေ
ဖြစ် ခဲ့ တယ် ။ဒီ လို မဖြစ် ပဲ ဒီအဖွဲ့အစည်းဟာသူ တို့ အားလုံးနှ င့်  ဆို င် သောအဖွဲ့အစည်းဆို တဲ့
စိ တ် ဓါတ် ဖြစ် လာအောင် ၊ အားလုံးနဲ့ဆို င် တဲ့အဖွဲ့အစည်းဖြစ် လာအောင်ဘယ် လို လု ပ် ကြမလဲ
စဉ်းစားလု ပ် ကြရန်အရေးကြီးပါတယ် ။စည်းလုံးညီ ညွတ် မှု ကိုမြန် မာနို င် ငံ သားဖြစ် တာရယ် ၊
ဒီမို ကရေစီ မြတ် နိုးတာရယ် ၂ခု ထဲကိုအခြေခံ ပြီးတည် ဆောက် လို့ တည် မြဲတဲ့ ရလာဒ်
ရမှာမဟု တ် ပါဘူး။ဘယ် လို လု ပ် ၊ဘာတွေကိုအခြေခံ ဘယ် လို တည် ဆောက် ကြမလဲ။
အားလုံးဝို င်းစဉ်းစားပြီး အချက်အလက် တွေရှာဘို့ လို ပါတယ် ။နောက်အဝေးမှာရောက် နေတဲ့
သူ တွေရဲ့အခန်းကဏ္ဍကိုဘယ် လို တွေသတ် မှ တ် ထားမလဲ၊သူ တို့ ပို မို ပါဝင် အောင် ဘယ် လို
ဆွဲဆောင် မှု တွေလု ပ်ပြီးပို မို ဖိ တ် ခေါ်နို င် မလဲဆို တဲ့ နည်းတွေပါရှာကြံ ကြဘို့ လို ပါတယ် ။
ကျွန် တော် မြင် တာကတော့သူ တို့ ကို လု ပ် ငန် စဉ်အကြမ်းဖျင်းပါပြောပြပြီးသူ တို့ 
ဆီ ကအတွေးအခေါ်ပါယူ ထည့်  သွင်းစဉ်း စားမှု လု ပ် သင့်  ပါတယ် ။ လု ပ် ငန်းတွေ
လုံ ခြုံရေးအတွက်အရေးကြီးပြီး လူအများကြီးကိုအကု န်ရှောက် ပြောရင်လျှို့ဝှ က် မှု
ပေါက် ကြားမှု ဖြစ် တတ် တာကို အထူးသတိ ထားကြရမှာဖြစ် ပေမဲ့ အ ကြမ်းဖျင်း
အစီအစဉ် ကို တော့ အသိ ပေးဘို့ လို ပါလိ မ့်  မယ် ။ဒါမှ သူ တို့ ကို ယ် တို င်
ကဘယ် လိုပြောင်းလဲရေးကြိုးပမ်းမှု မှာသူ တို့ ကို ယ် တို င် ပါဝင် နေတယ် ဆို တဲ့
စိ တ် ဓါတ် ရလာမှာပါ။ အသေး စိ တ်အတွင်းလု ပ် ငန်းတွေကို တော့သူ တို့ ကို ကော၊
အဲ့ ဒီ လု ပ် ငန်းနဲ့မဆို င် တဲ့ ဘယ် သူ့ ကို မှအသိမပေးသင့်  တာအမှ န် ပါ။
အသေးစိ တ် လု ပ် ငန်းတွေကို အသိ ပေးခံ ရတဲ့ လူ နည်းနည်းပဲထားပြီးသူ တို့ ကမှ
တဆင့်  ပါတ် သက် သအားလုံးကို နောက် ပို င်းမှာပြန် လည်အသိ ပေးတာလု ပ်
ကြရင်သတင်းပြတ် လတ် တာလဲမဖြစ် တော့ ပဲသူ တို့ လဲ အဖွဲ့လု ပ် ရပ် နဲ့တသားတည်း
ကျနေစေပါလိ မ့် မယ် ။နောက် ပြီးလု ပ် ငန်းအခြေအနေကိုသူ တို့ ကိုပုံ မှ န် ပြန် ပြီး
ဆက် သွယ်အကြောင်းကြားမှုလု ပ် ပေးနေနို င် ရင်သူ တို့ နဲ့လှု ပ် ရှားမှု ဟာအမြဲ
ဆက် နွယ် နေပါ လိ မ့်  မယ် ။ဒေသတခု ကလူ တွေကိုအမြဲတွေ့နေအောင် လု ပ် ဘို့ 
လွယ် ချင် မှ လွယ် မှာပါ။ အများတွေ့ ဘို့ အဆင် ပြေတဲ့အချိလနဲ့အကြိ မ်အရေအတွက် ကို
အားလုံးသတ် မှ တ် ကြပြီးဆုံ တွေ့ဆွေးနွေးအမြင် ဖ လှ ယ် ကြခြင်းနဲ့သူ တို့ ရဲ့အကြံ ပြုချက် ၊
ဝေဖန် ချက် တွေကိုရယူ ကြခြင်းနှ င့် နောက် လု ပ် ဆောင် မှု တွေအ တွက် ဆွေးနွေးကြခြင်းဖြင့် 
အသို င်းအ၀ို င်းစိ တ် ဓါတ် ဆက် ရှိ နေစေမှာဖြစ် ပါတယ် ။ အဖွဲ့အစည်း ကရယူ တာတခု
တည်းမလု ပ် ပဲသာရေး၊နာရေးကိ စ္စ တွေမှာအကူအညီ ပေးခြင်း၊ အလု ပ် မဲ့ သွား သူ-
အသစ် ရာက် ရှိ လာသူ တွေအတွက် ကို ယ့်  ရှိ တအဆက်အသွယ် တွေကနေအလု ပ်
ကူ ညီ ရှာဖွေပေးကြခြင်းတွေ၊ ပညာရေးလူ မှု ရေး-ဥပဒေရေးရာတွေမှာလို က် ပါကူ ညီ ပေးမှု
တွေနဲ့အကြံ ဥာဏ် ပေးမှု တွေပါအတုံ့ အပြန်လု ပ် ပေးနို င် ရင်ပို ပြီးအနှ စ် သာရရှိ
တဲ့အစုအစည်းစိ တ် ဓါတ် ကို တည် ဆောက် နို င် ပါလိ မ့် မယ် ။ နေရာတကာနို င် ငံ ရေးကြီးပဲ
အရာရာဇောင်းပေးနေလို့ ချည်းမ ဖြစ် သေးပါဘူး။ဒီ လိုအစုအစည် ဖေါ်ဆောင် လာနို င်
ရင်ကျွန် တော် တို့ ဘက် က အားရှိ လာပါ လိ မ့်  မယ် ။ဒီ လို မှ မဟု တ် ရင် တော့
ကျွန် တော် တို့ မြန် မာနို င် ငံ သားတွေဟာနေရာတကာမှာကွဲပြီးဘာမှ ဟု တ် တိ ပါတ် တိ
မလု ပ် နို င် တဲ့ သူ တွေအဖြစ် သူ များတကာတွေရီ စရာပြောတာခံ ရတဲ့အ ဆင့်  ကတက် လာမယ်
၊နောက် ပြီးထိ ထိ ရောက် ရောက် လု ပ် လာနို င် ကြလိ မ့်  မယ် မဟု တ် ပါဘူး။ငွေကြေးကောက် ခံ ဘို့ 
အတွက်သီးသန့် ပဲစု စည်းရင်ဒအဖွဲ့အစည်းဟာကြာရှ ည် မြဲမှာမဟု တ် ပါဘူး။ အလု ပ် ပါပါတဲ့အခါမှ ၊
တခု မဟု တ် တခု လု ပ် စရာရှိ နေမှဒီအဖွဲ့အစည်းဟာပို စု စည်းမိ မှာပါ။ အရင့် အရင် ကတဖွဲ့ပြီး
တဖွဲ့ဖွဲ့ကြပြီး၊ဘာမှ ဖြစ် မလာပဲနောက် တဖြည်းဖြည်းပျောက် သွားကြပြန် တဲ့ ရှေ့ ပို င်းကနမူ နာတွေကို
လဲသင် ခန်းစာယူ ပြီး ဒီ တကြိ မ် မှာအဲ့ ဒီ လို မဖြစ် အောင် လု ပ် ဘို့  လို ပါတယ် ။
ဘာမှ ပြောစရာ၊ဆွေးနွေးစရာမရှိ ပဲ အစည်း အဝေးတွေထပ် လာပြီးဘာမှ လဲလု ပ် စရာမရှိ
တဲ့အခါ နောက် ပို င်းဒီ လို စု စည်းကြတဲ့အခါဘယ် သူ လာ ဦးမှာလဲဆို တာကို လဲစဉ်းစားသင့် ပါတယ် ။
ဒါတွေအပြင် အားလုံးအဘက် ဘက် ကအပေးအ ယူ လု ပ် တာဖြစ် နေအောင် ဒအဖွဲ့တွေက အဲ့ ဒီ
ဒေသတခု စီ ကလူ တွေအတွက် အပြန်အလှ န် လု ပ် ပေးမဲ့လူ မှု ရေးအလု ပ် တွေလဲလု ပ် ပေးကြဘို့ 
လိုအပ် တာဖြစ် ပါတယ် ။ကလေးထိ မ်းထားပေးတာမျိုး၊မြန် မာစာနဲ့ စကား သင်ပေးတာမျိုး၊
စာကြည့်  တို က် နဲ့မြန် မာရု ပ် ရှ င် တွေငှားပေးတာမျိုးတွေလဲလု ပ် ပေးရင်းကို ယ့် အင် အားစု
ကို ဆွဲဆောင် နေတာလဲလု ပ် ပေးနေနို င် လေ၊ကောင်းလေပါပဲ။ဘယ် လို စပြီး
တည် ဆောက် ကြရင် ရမလဲ။ဒီ မို ကရေစီ လို လားပြီးမှ န် မှ န် ကန် ကန် လု ပ် တာ
နှ စ်သက် ကြတဲ့ သူ တွေနေရာတကာမှာရှိ နေပါတယ် ။တခု ပဲရှိ တာက လူ တွေကိုမစု မိ မဆက် မိကြတာပါ။နေရာတကာရောက် နေကြတဲ့ သူ တွေကမှ န် မှ န် ကန် ကန် ရိုးရိုး
သားသားမဖေါက် မပြန် လု ပ် တတ် ကြတဲ့ သူ တွေကိုစတင် ချဉ်းကပ် ဆွေးနွေးပြီးသူ တို့ 
ကနေတဆင့် အနားပတ် ၀န်းကျင် မှာရှိ တဲ့ သူ တွေ၊စိ တ် ၀င် စားတဲ့ သူ တွေအားလုံ ကို
စည်းရုံးဆွေးနွေးပြီးညှိ နှို င်းကြရင်းလု ပပ် ရင် ဖြစ် နို င် ပါတယ် ။ ဥပမာအမေရိ ကန် မှာ
မေရီ လန်း မှာရှိ နေသူ တွေက အနီးအနားပတ် ၀န်း ကျင် ကလူ တွေကိုအတွေးအခေါ်ချပြဆွေးနွေးတာ၊
သူ တို့ ထင် မြင် ချက် တောင်းတာ၊ဘယ် လိုလု ပ် ကြရင် ကောင်းမယ် နည်းနာရှာကြတာတွေလု ပ် ပြီးစု စည်း။
နောက် တချိ န် ထဲမှာပဲ အနီးအ နားက ဗာဂျီးနီးယားတို့ ၊နယူးရောက် တို့ တွေပါဆက် ပြန့် ပွါးတာလု ပ် ၊ အခြားနေရာတွေမှဒီ လို ပဲလု ပ် ကြရင်တကမ္ဘာလုံးမှာတည် ဆောက် လာနို င် ပါလိ မ့်  မယ် ။ထို င်းနို င် ငံ
မှာလဲနို င် ငံ ရေးသမားတွေထဲမှာသာမက၊ အလု ပ် သမား၊ဒု က္ခ သည် တွေကြားထဲမှာပါ အယူအဆအရ
ဆွေးနွေးကူ ညီ မှု တွေနဲ့စု စည်းလာရင် အဲ့ ဒီ ကအားတွေလဲအများကြီးရလာပါလိ မ့်  မယ် ။သူ တို့  တို့တွေအ နေနဲ့ကတော့ ငွေရေးကြေးရေးထောက် ပံ့  နို င် တဲ့အငအားချက် ခြင်းဖြစ် လာချင် မှ ဖြစ် လာပါလိ မ့် မယ် ။
ဒါပေမဲ့ စု စည်းမှုအင်အားတော့ ကြိ မ်းသေဖြစ် လာမှာပါ။သူ တို့ ကို လဲလိုအပ် တဲ့ ကူ ညီ ၀ို င်းဝန်းမှု
တွေနဲ့တည် ဆောက် နို င် ရင် ဒီအားဟာနဲနဲနောနောအားမဟု တ် ပါဘူး။ဒီ လူ တွေမြန် မာနို င် ငံ
ထဲပြန် ရောက် ရင် လဲဒီ သတင်းတွေကပြန့် လာပါလိ မ့်  မယ် ။နောက် လု ပ် နည်းကို င် နည်းလဲပြန့် 
ပွါးလာပါလိ မ့်  မယ် ။ပြည် တွင်းဆက် သွယ် မှု နဲ့ပြည် တွင်းကလှု ပ် ရှားမှု တွေကို ထိ ရောက်
လု ပ် ဆောင် မဲ့ သူ တွေကို လဲလု ပ် နို င် စွမ်းအား၊နေရာဒေသဆို င် ရာတွေနဲ့လို က် ပြီး
တာဝန် ပေးလု ပ်လို့  ရလာပါလိ မ့်  မယ် ။နောက် ပြီးနေရာတကာကမြန် မာနို င် ငံ သားတွေ
အဲ ဒီ လို စည်းရုံးလာရင် အဲ့ ဒီ ဒေသတွေကနို င် ငံ တွေမှာသြဇာသက် ရောက် လာနို င် ပါမယ် ။
ဒီ လို ရှိ လာတဲ့ သြဇာကိ အသုံးပြုပြီး မြန် မာနို င် ငံ ပြောင်းလဲမှု တွေမှာအသုံးချမယ်
၊မြန် မာနို င် ငံ သားတွေအချို့နို င် ငံ တွေမှာမတရာုး ပ် ခံ နေရတာတွေကိုရပ် တန့် အောင်
လု ပ် မယ် ၊မြန် မာနို င် ငံ ဒီ မို ကရေစီ ပြောင်းလဲမှု အတွက် ထို နို င် ငံ တွေကထိ ထိ
ရောက် ရောက် လု ပ် ပေးရေးတွန်းအားပေးမယ် ဆို ရင် အတွင်းလှု ပ် ရှားမှု လဲပို ထိ ရောက် ၊
အားရစရာဖြစ် စေပါလိ မ့် မယ် ။ဒီ လို မှ မဟု တ် ပဲ အတွင်းကလု ပ် တာတွေကို ထောက် ခံ ပါတယ် လို့ 
အခု လု ပ် စားတေအနေဲ့ထောက် ခံ တာမျိုးလု ပ် နေလို့ ကတော့ အထဲကို ထိ ထိ ရောက် ရောက်
ထောက် ခံ ရာရောက် မှာမဟု တ် ပါဘူး။ကြေညာချက် တွေဖေါဖေါသီ သီ နဲ့ညာညာထု တ် ၊
လေထဲမှာထောက် ခံ တာပဲဖြစ် ပါလိ မ့် မယ် ။ပြန် စဉ်းစားကြည့်  ကြပါ။ ဒီ ကြေညာချက် ထောက် ခံ မှု
တွေကာအ များထောက် ခံအထောက်အပံ့  ပြုကြသလဲဆို တာကို ။ ပါ လက် စတို င်းက
ဟမတ် စ်အဖွဲ့ကို အမေရိ ကန် ၊
အနောက် နို င် ငံအု ပ် စု တွေက အစ္စ ရေးဘက်လို က် ပြီးအတင်းဖိ နေတာတောင် မှသူ့ 
လူ မျိုးတွေအများစု ကြီးဆီ ကဆက် လက် ထောက် ခံ မှု ရရှိနေစေတာဟာဟမတ် စ်အဖွဲ့က
တို က် ခို က် တာတခု တည်းမဟု တ် ပဲသူ့ လူ မျိုးစု တွေရဲ့လူ မှု ရေးလု ပ် ငန်းတွေမှာလဲပါဝင်
ထိ ထိ ရောက် ရောက် လု ပ် နေကြလို့ ဖြစ် ပါတယ် ။ဒီ လို နည်းနဲ့ပဲ ရှိတဲ့ တို က် ခို က်
ရေးသမားကောင်းတွေလဲသူ တို့ စု ဆောင်းနို င် နေခဲ့ တာပါ။ကောင်း တာတွေကောမကောင်းတာတွေ၊ကျွန် တော် တို့ နဲ့မကို က် ညီ တာတွေတချို့ရှိ နေနို င် ပေမဲ့မကောင်းတာဖယ်ပြီးကောင်းတဲ့ပမာတွေကိုလေ့ လာသုံးချဘို့ လို ပါတယ် ။ နောက် ပြီးကျွန် တော် တို့ မြန် မာလှု ပ် ရှားမအသို င်းအ၀ို င်းမှာဖြစ် လေ့ ရှိ တဲ့ ဘာမှ လဲအရေးမပါပဲနဲ့အချင်းချင်းညီ ညွတ် ရေးပြို ကွဲစေတဲ့ငါ့ ဘက် ကပိုအရေးပါတယ် ၊သူ့ ဘက် ကပိုရေးပါတယ် ဆို တဲ့အရေမရအဖတ် မရငြင်း ဆို မှု တွေ၊ အတွေးအခေါ်တွေကို ဖျောက် ဖျက် ပြီး၊ အားလုံးအတူ တူနေရာအသီးသီးကနေလု ပ် နေကြတယ် ဆို တဲ့ ခံ ယူ ချက် နဲ့လု ပ် နို င် မှ ဖြစ် ပါလိ မ့်  မယ် ။ခန္တာကို ယ် တခု မှာ အားလုံးသူ့ နေရာ
နှ င့်  သူအရေးပါနေကြတာပါ။ ကျွန် တော် တို့ မြန် မာနို င် ငံ ပြောင်းလဲရေးလှု ပ် ရှားမှု မှာလဲခန္တာ ကို ယ် လို ပဲ အားလုံးကသူ့ နေရာနှ င့်  သူအရေးပါပြီး၊ အားလုံးကသူ့ နေရာနှ င့်  သူအလု ပ် ခွဲလု ပ်ကို င် ကြမှ ၊တာဝန် ကျေကြမှ အားလုံးမြင် ချင် နေတဲ့ ပြောင်းလဲမှု ကို ဖေါ်ဆောင် နို င် မှာဖြစ် ပါတယ်ဘယ်အစိ တ်အပို င်းကမှရေးမကြီးတာမရှိ သလို ၊ဘယ်အစိ တ်အပို င်းကအခြားဟာတွေထက် ပိုအရေးကြီးတယ် လဲမရှိ ပါဘူး။ အားလုံးအဖွဲ့အစည်းခန္တာတခု ရဲ့အစိ တ်အပို င်းကြီးပဲဖြစ် ပြီး အားလုံးဝို င်းဝန်းတာဝန် ယူ ကြမှဒီံ အု ပ် စု ဟာအသက် ၀ငအလု ပ် လု ပ် မှာဖြစ် ပါတယ် ။ ညီညွတ် မှု ကို တမ်းတပြီးလု ပ် ရင်းက အများဆုံ လွဲချော် တတ် တာကတော့ အများစု ကြီးကိုသေသေချာချာမဆွေးနွေး၊သဘောတူ ညီ ချက် တွေသေသေ ချာချာမချရသေးကြခင် မှာတပ် ပေါင်းစု ဆိုပြီးဖွဲ့ချလို က် ကြတတ် ခြင်းပါ။ဒီ လို ပါတဲ့ သူ နဲနဲနဲ့စလု ပ် လို က် ခြင်းအားဖြင့်  ကျန် တဲ့ သူ တွေကရှေ့ လူ တွေမောင် ပို င် စီးချင် လို့ လု ပ် တယ် ဆို ပြီးမြင် သွားတတ် ကြပါတယ် ။ အဲ့ ဒါအပြင် ပို ဆိုးတာ ဟာ ရှေ့ ကလူ တွေက ပိုအရာရောက် တဲ့ သူ တွေအဖြစ် ကို ယ့်  ကို ကို ယ် မြင် ၊ပြုမူ တတ် ကြခြင်းနဲ့အပိုးကျိုးပြီးနှိ မ့်  ချမှု မရှိ တဲ့ဘ၀င် မြင့်  မှု တွေက နောက် ထပအင်အားတွေဝင် လာနို င် မှု ကို ဟန့် တားပိ တ် ပင် လို က် ကြခြင်းပါပဲ။ တတ် နို င် သမျှများသည် ထက် များများပါဝင် လာနို င် အောင် နဲ့လု ပ် ငန်းသဘောအသေးစိ တ် သဘောတူ ညီ မှု ရှိ သည် ထက် ရှိ အောင် အချိ န် ယူ သေသေချာချာဆွေးနွေးတည ဆောက် ကြပြီးမှလေးလေးနက် နက် လု ပ် ကြသင့်  တဲ့အလု ပ် ပါ။ဒီ လို မဟု တ် ရင် အခု လက် ရှိ ဖြစ် နေတဲ့အု ပ် စု တွေလို ညီ ညွတ် ရေးကို လိုအပ် တယ်
- ဒါ့ ကြောင့်  ငါ့ အောက် ထဲဝင်ပြီးညီ ညွတ် ကြဆို တဲ့ သဘောနဲ့လု ပ် ဆောင် မှု ကနေဘယ် လို မှကွဲအောင် လု ပ် လို့ မရဘူးဖြစ် နေမှာပါ။
အင်အားတွေဖြစ် တဲ့ လူ ထု တွေအားလုံးနဲ့ဒါမှ မဟု တ် လဲသူ တို့ ကို အမှ န် တကယ် ကိုစားပြုဘို့ ရွေးချယ် ထားတဲ့ ကို ယ် စားလှ ယ်အားလုံးနဲ့သေသေချာချာညှိ နှို င်းတို င် ပင် ဆွေးနွေးပြီး အပေါ်ရံ ရု ပ် ပြအတွက် မဟု တ် ပဲတကယအနှ စ် သာရရှိ ၊လေးလေးနက် နက် လု ပ် ငန်းအကောင် အထည် ဖေါ်နို င် တဲ့ အင်အားစု ကြီးစစ် စစ် မှ န် မှ န် တည် ဆောက် နို င် ဘို့  အရေးထားသင့်  ပါတယ် ။ ဖေါက် လွဲဖေါက် ပြန် မှုအားလုံးကို တားစီးရန် စီး၊စံ နစ် ထားရှိ ခြင်း အရေးကြီးဆုံးအပို င်းဖြစ် တဲ့ ငွေရေးကြေးရေးမှ န် မှ န် ကန် ကန် သုံးစွဲမှု နဲ့စံ နစ် တကျသုံးစွဲမှု တွေကိုလဲအရေးထားရန် လို ပါတယ် ။ရှေ့ ကလု ပ် စားတွေကလှု ပ် ရှားမှုအတွက် သုံးဘို့ အတွက်အလှူ ငွေတွေကို မတော် တရော် တွေသုံးဖြုန်းခဲ့ တာတွေ၊ လု ပ် စားခဲ့ ကြတာတွေမျိုးကိုကျွန် တော် တို့ မှာလုံးလုံးမဖြစ် နို င် အောင် စံ နစ် ထားပြီးလု ပ် ကြသင့်  ပါတယ် ။ငွေလက် ခံ တဲ့ နေရာတွေမှာကော၊ အသုံးပြုတဲ့ နေရာတွေမှာပါ ငွေကို င် သူ ကတယောက် ၊စာရင်းကို င် ကတယောက် ထားရှိ ပြီးရရှိငွေနဲ့သုံးပုံ တတ် နို င် သမျှအသေးစိ တ် ကို အမြဲတမ်းအစီ ရင် ခံ နေခြင်းနဲ့အသေးစိ တ်အသုံးပြုတာကိုသတ် မှ တ် ထားတဲ့ စိ တ်အချရဆုံးသူ များပါဝင် တဲ့အစု ကို တင် ပြထားခြင် တို့ နဲ့စာရင်းနဲ့သုံးတာ၊လု ပ် တာကို က် မကို က် ကို စစ် ဆေးနေခြင်းတို့ နဲ့ အလွဲသုံးစားဖြစ် နို င် တအခွင့် အလမ်းအား လုံးကို ပိ တ် ဆို့ ကာကွယ် တားဆီးရမှာပါ။ နောက် ပြီးအလှူငွေလက် ခံ ရရှိ တို င် မှာလက် ခံ ရရှိ သူကို ယ် တို င် ကတို က် ရို က် လက် ခံ ရရှိ ကြောင်းမပေးပို့ ပဲနဲ့ ငွေကြေးကို င် တဲ့အု ပ်စု ဆီအကြောင်း ကြားပြီး ငွေကြေးထိ မ်းကို င် တဲ့အု ပ် စု ကသာ ထို ငွေကို လက် ခံ ရရချင်း၊ လှူဒါန်းသူ ထံသို့ တို က်ရို က်အကြောင်းကြားခြင်းဖြင့်  ကြားမှာပျောက် ဆုံးသွားသောအလှူငွေများကိ စ္စ ကို တားဆီကွယ် ထားနို င် ပါလိ မ့်  မယ် ။ အသုံးငွေတွေကို လဲ တကယ့်  လု ပ် ငန်းတွေတွက် သာအများစုအ သုံးပြုပြီးမလို ပဲနဲ့အပို ချဲ့တဲ့ ရုံးခန်းကြီးတွေထားတာတွေ၊ ၀န် ထမ်းအသုံးအဆောင် တွေဝယ် တာ တွေ၊မလိုအပ် တဲ့အပြည် ပြည် ဆို င် ရာခရီးစရိ တ် တွေနဲ့အသုံးစရိ တ် တွေမှာသုံးတာတွေနဲ့၊ အ စည်းအဝေးတွေမှာပုံ ကြီးချဲ့ပြီးကု န် တာတွေကို ရှောင် ရှားပြီးလု ပ် ငန်းတွေအတွက် မှာအဓိ ကအ သုံးချကြခြင်းဖြင့် ပေးတဲ့ လူ တွေလဲစိ တ် ဖြောင့်  စေမှာဖြစ် ပြီးဒီအဖွဲ့အစည်းရဲ့ရပ် တည် မှု နဲ့အပံ့  အပိုးအထောက်အပံ့  ဟာ မြန် မာနို င် ငံ ပြောင်းလဲရေးလှု ပ် ရှားမှု မှာလည်း ပို ပြီးထိ ရောက် လာစေ မှာဖြစ် ပါတယ် ။ အဖွဲ့ဝင် တွေကို ပို စိ တ် ပါဝင် စားကြစေအောင် လည်းသူ တို့ စရိ တ် နဲ့သူ တို့ ခရီးသွားနို င် ကြတဲ့အခါ အလု ပ် တွေထဲက သူ တို့ မြင် တွေ့နေထို င် လို့  လု ပ် ငန်းလုံ ခြုံမှု မပျက် စေနို င် မဲ့ နရာတွေကို အလည်အပတ် ပေးသွားရင်း၊ လု ပ် ဖေါ်ကို င် ဘက်အချင်းချင်းတွေ့ဆုံ ရင်းနှီး အောင် လု ပ် ပေးလို က် ကြခြင်းနဲ့ အတွေ့အကြုံတွေဖလှ ယ် ကြစေခြင်းတို့ ဖြင့် ပါဝင် သူအားလုံး ရဲ့စိ တ် ဓါတ် ကို တိုးမြင့်  ပါဝင် လို့ စိ တ် ထက် သန် လာပါစေလိ မ့်  မယ် ။လုံ ခြုံရေးသတင်းတွေမပေါက်ကြားစေရေးအတွက် တာ့ အကာအကွယ်အစီအစဉ် တွေထားရှိ ရပါလိ မ့် မယ် ။ အလု ပ် လု ပ် နေ တဲ့ သူ တွေကိုထောက် ပံ့  တာလု ပ် ကြတဲ့အခါမှာလဲ အခု နယ် စပ် မှာဖြစ် နေကြတဲ့ နှ စ် သီးစား၊ သုံး သီးစားနေရာတကာကလခတွေအားလုံ စု ပြုံယူ ကြပြီးဖြုန်းတီးနေကြသူ တွေ၊ဒီ မို ကရေစီ အော် ပြီးကာရာရို ကေရုံ တွေနဲ့၊ ဘားတွေမှာပဲအချိ န် ဖြုန်းနေတဲ့ သူ တွေကို အဆိ ပ် ပင် ရေမလောင်းကြဘို့ လို ပါတယ် ။ တကယ်အလု ပ် လု ပ် နေသူ တွေကို လိုအပ် တဲ့ နေရာတွေမှာထောက် ပံ့  မှု လု ပ် နေ တာကို လု ပ် စရာလို ပေမဲ့ ဖြုန်းတီးမှု မဖြစ် အောင် သတိ ထားထိ မ်းသိ မ်းရမှာဖြစ် သလို ၊ဒီ လိုပံ့  ပိုးထောက် ပံ့  မှု ကလဲ အလု ပ် လု ပ် ဘို့ အတွက် အလု ပ် တာဝန်အတွက် ထောက် ပံ့  တာဆို တာကိုကွဲ ကွဲပြားပြားရှ င်းရှ င်းလင်းလင်းဖြစ် အောင် လု ပ် ကြရပါလိ မ့် မယ် ။နအဖကလွဲရင် တခြားဘယ် နို င်ငံ ၊ ဘယ် နေရာမှာမှ ဟို ကကော၊ ဒီ ကကော နေရာတွေယူ ၊ လခတွေယူ လို့ မရဘူးဆို တာ သိ ကြ ရက် နဲ့ နအဖအကျင့်  မျိုးပဲဘာလို့ လို က် ကျင့်  သုံးပြီး နေရာတကာကနေရာတွေယူ ၊ခံ စားခွင့်  တွေ ယူ ကြပြီးအလု ပ် ကြတော့ ဘယ် နေရာကဟာကို မှ ထိ ထိ ရောက် ရောက် မလု ပ် ပဲလိ မ် စားနေကြမှုတွေကိုမရှ က် ပဲလု ပ် ကြတာဟာတော် တော်အံ့  သြစရာကောင် ပါတယ် ။ အဲ့ ဒီ လူ တွေတော် လှ န် နေတယ် ဆို တာ ဘာကို တော် လှ န် နေသလဲစဉ်းစားစရာပါပဲ။ တကယ်အလု ပ် လု ပ် နေတဲ့အစုအ စည်းတွေမှာ ဘယ် နေရာ၂ခု ကို ယူ ပြီးအလု ပ် လု ပ် လို့ ရသလဲ တကယ်အလု ပ် လု ပ် နေကြတဲ့ သူ တို င်းနားလည် မှာပါ။ တကယအလု ပ် မလု ပ် ပဲနဲ့၊ မလု ပ် လဲမလု ပ် ဘူးပဲနဲ့ဟန် ဆောင် ညာစားနေ ကြတဲ့ သူ တွေကတော့ သူ တို့ ဖင် ပြောင် ကြီးနဲ့လမ်းလျှောက် နေတာကိ ဘယ် သူ မှ မသိ ဘူးလို့  မှ တ် နေကြတာကို မြင် ကြရမှာပါ။ အဲ့ ဒါတွေတကယ် ဖြစ် နေတာအများကြီးပါ။ ဒီအကျင့်  ဆိုး တွေကို လဲ မျိုးဆက် သစ် တွေ၊ လု ပ် နေတဲ့ သူ တွေဆီ မကူးစက် အောင် လု ပ် ကြဘို့ လိုပါတယ် ။ပရောဂျက် ပြစားပြီး လု ပ် ငန်းထက်အခွင့် အရေးတွေဖေါ်လု ပ် စားကြတဲ့ စံ နစ် ကို လဲ ဖျက် ဘို့ လို ပြီ ။ တကယ်အလု ပ် မလု ပ် ပဲလိ မ် စား၊လု ပ် စားနေသူ တွေအတွက် ချွေးနဲ့ရင်းပြီးလု ပ် ထားတဲ့ သူ တွေထည့်  ၀င် တဲ့ ငွေတွေကို တပြားမှ မသုံးသင့်  ပါဘူး။
ခေါင်းဆောင် နှ င့် ဦးဆောင် မှု
ကျွန် တော် တို့အားလုံး ခေါင်းဆောင် မှု မျှော် လင့်  ခဲ့ ကြပါတယ် ။ အခအချိ နအထိ တကယ် စံ နဲ့ ကို က် ညီ တဲ့ ခေါင် ဆောင် မှု ကို အပြင် မှာမတွေ့ရပါဘူး။ မရှိ သေးတဲ့ ခေါင်းဆောင် မှု ကို မျှော် လင့်  ရင်းကျွန် တော် တို့ ဒီအတို င်းပဲ ရေစီးထဲမျောကြမှာလားဆို တာကို စဉ်းစားကြဘို့ သင့်  ပါပြီ ။ ကျွန်တော် တို့ အားလုံးစု ပေါင်းပြီးစု ပေါင်းခေါင်းဆောင် မှု ကိုတည် ဆောက် နို င် ပါတယ် ။ စု ပေါင်း ခေါင်းဆောင် မှု ဆိုာကပဲဒီ မို ကရေစီ ရဲ့အနှ စ် သာရကို ပြမှာပါ။ နောက် ပြီး ဒီ လို လု ပ် ကြရင်းနဲ့ ပဲမှ န် မှ န် ကန် ကန် ခေါင် ဆောင် မှု လု ပ် နို င် သူ တွေ၊ အရညအချင်းရှိ သူ တွေကို တွေ့လာကြရမှာပါ။ ပိုအရေးကြီးတာက ၂၁နှ စ် တာလုံးခုံ ကမခွါပဲနေရာယူ ချင် သူ တွေလို မျိုးမဟု တ် ပဲ နောင် မျိုးဆက် သစ် တွေကို ပို လု ပ် နို င် အောင် မြှ င့်  တင် ပေးနို င် ရင် ကျွန် တော် တို့ လှု ပ် ရှားမှု ဟာ အရှိ န်အဟု န် ကောင်းသထက် ကောင်းလာတဲ့ လှု ပ် ရှားမှု ဖြစ် လာမှာပါ။ပြောကြမှာက သူ တို့ ကအတွေ့အကြုံ နဲသေးတယ် တို့ ၊ငယ် သးတယ်လို့နဲ့မယုံ ရဲရဲစိုးရိ မ် မှု တွေပါ။သေသေချာချာမလိ မ် မညာပဲ အားလုံးပြန် ပြီး ကျွန် တော် တို့ အားလုံ ကော၊ရာသက် ပန် ခေါင်းဆောင် ကို ယ့်  ဘာသာကို ယ် တင်နေသူ တွေကော ဘာတွေတတ် ခဲ့ လို့ ၊ဘာရည်အချင်းတွေထူးထူးခြားခြားရှိ ခဲ့ လို့ လု ပ် ခဲ့ ကြ တာလဲဆို တာကို စဉ်းစားကြည့်  ရင် ဘာလို သူ တို့ ကို ပေးလု ပ် ပြီး ၀ို င်းရံ ပေးရမှာကို စိုးရိ မ် စရာမ လို လဲဆို တာပေါ်လာပါလိ မ့်  မယ် ။ ဒီလိုလုပ် ပို င် ခွင့်  ပေးမှ ပဲသူ တို့ လု ပ် ရင်းကို င် ရင်းနဲ့သင် ကြား လာနို င် လိ မ့် မယ် ။ နို့ မဟု တ် င် တော့ကျွန် တော် တို့ ကျွဲအို ကြီးတွေပြောသမျှနဲ့ပဲသူ တို့ လဲ ကျွန် တော် တို့ လို ပဲဖြစ် လာကြမှာပါ။
ပို တော် တဲ့ လူ တွေဖြစ် လာဘို့ ခဲယဉ်းပါတယ် ။ အနာဂတ် မျိုးဆက် သစ် တွေကို တကယ် နေရာပေးမွေးထု တ် ပျိုးထောင် ပေးသင့်  တဲ့အချိ န် ရောက် နေပါပြီ ။တခု ရှိ တာကစတဲ့ ကစည်းစံ နစ် ကျတဲ့ ပုံ စံ နဲ့စမှ နောက် ကလို က် လာတဲ့ သူ တွေလဲဒီ စည်းစံ နစ် ထဲပုံ စံ တကျဝင် လာပါလိ မ့် မယ် ။
ကျွန် တော် တို့ အားလုံးအနေနဲ့လဲ ကို ယ် ခေါင်းဆောင် ဖြစ် ချင် နေတဲ့ ခေါင်းဆောင် ရူးစိ တ် ဓါတ် တွေဖျောက် ပြီးလု ပ် နို င် ကို င် နို င် ရှိ ပြီးမှ န် မှ န် ကန် ကန် လု ပ် တတ် သူနောက် လူ ငယ် တွေကိုပံ့  ပိုးပျိုးထောင် ပေးနို င် တာအပေါ်မှာဂု ဏ် ယူ တတ် တာမျိုးကို လေ့ ကျင့်  ကြဘို့ လို ပါပြီ ။ အခု ဖြစ် နေတာက အားလုံးခေါင်းဆောင် တွေပဲဖြစ် နေကြပြီး၊တကယ် လု ပ် ငန်းအ ကောင်အထည် ဖေါ်တဲ့ ပံ့  ပိုးသူ တွေ၊ငယ် သားတွေမရှိ ပဲဖြစ် နေတာပါ။နောက် ပြီးခေါင်းဆောင် မှုကို သူ့ စံ နဲ့သူ့ ရပ် တည် ချက် နဲ့အပေါ်မူ တည် ပြီးမှ သတ် မှ တ် ၊ဖေါ်ထု တ် ပေး၊ကျင့်  ကြံ ပေးကြဘို့ လို ပါပြီ ။ကျွန် တော် တို့ အားလုံ ကရှေ့ ကနေခေါင်းဆောင် ရူးနေရာရူးလု ပ် ပြနေကြရင်နောက်မျိုးဆက် သစ် တွေကလဲကျွန် တော် တို့ ရဲ့မကောင်းတဲ့အကျင့်  တွေကိုနမူ နာယူ ပြီးမကောင်းတာတွေပဲဖြစ် လာကြရင် တော့ကျွန် တော် တို့ လောက်အသုံးမကျတဲ့ သူ တွေရှိ တော့ မှာမဟု တ် ပါဘူး။ကမ္ဘာအနှံ့ နှ န့် ကအစိ တ်အပို င်းအသီးသီးလည်းဗွီ ဒီ ယို ကွန် ဖရန့် စ်လို မျိုးနဲ့တွေ့ဆုံ ဆွေးနွေးကြခြင်း၊တို င် ပင် နေကြခြင်းတို့ နဲ့တပို င်းနဲ့တပို င်းလဲပို မို နားလည် မှု ၊ဆက် စပ် နေမှု တွေတည်ဆောက် ပေးထားနို င် ကြမယ် ဖြစ် ပါတယ် ။လု ပ် ကို င် တဲ့ သူ တွေကို လဲ အချိ န် ပေးလု ပ်
ကို င် နို င် မှု အပေါ်မူ တည်ပြီးသတ် မှ တ် ကာလအချိ န် ပြည့်  တို င်းစစ် စစ် မှ န် မှ န် ရွေးကောက် ပါဝင် ကြစေခြင်နဲ့၊မလု ပ် နို င် တဲ့သူ တွေနေရာမှာပြန် လည် ရွေးကောက်အစားထိုးခြင်းတွေလု ပ် ပြီးရာသက် ပန်တာဝန် ရှိ သူ များမခန့် အပ် ထားကြခြင်းဖြင့် ပို ဒီ မို ကရေစီ ဆန် စေမှာဖြစ် ပါတယ် ။ဒီ မို ကရေစီ စံနစ် ကို လို ချင် လို့ တို က် ပွဲဝင် နေတဲ့ ကျွန် တော် တို့ အားလုံးကစပြီးဒီ မို ကရေစီ ဆန် ဆန်ကျင့်  သုံးပြကြ၊နေထို င် ပြကြရပါလိ မ့်  မယ် ။တာဝန် မယူ ရတော့ တဲ့ သူ တွေကလည်းအဖွဲ့ဝင်အဖြစ် ပြန်လည် လု ပ် နို င် စွမ်းရှိ နေကြောင်းပြရမယ် ဖြစ် ပါတယ် ။ခေါင် ဆာင် ဖြစ် ပြီးတာနဲ့နောက်အဖွဲ့ဝင် ပြန် မဖြစ် နို င် တော့ ဘူးဆို တဲ့ ဟာကလည်းကောင်းတဲ့ ရာဇ၀င် မဟု တ် ပါဘူး။နောက် သတင်းဌာနတွေကသူ တို့ တင် ချင် တဲ့ သူ တွေကို ပဲတင် ပြီးပေးပြောခို င်းနေတာမျိုးတွေကို သတိ ပြုမိ ပါလိ မ့် မယ် ။ကျွန် တော် တို့ နို င် ငံ ကသာမန် ပြည် သူ တွေမှာပြောရေးဆို ခွင့်  ကလဲပိ တ် ထားတာခံ ရပါတယ် ။ဒီ ဘက် ဒီ မို ကရေစီ လို့ အာကျယ် ကျယ် ပြောတဲ့ ဘက် ကလဲကျွမ်းကျင် သူ ကြီးများရယ် ၊ခေါင်းဆောင် ကြီးများရယ် ၊သတင်းဌာနတွေနဲ့ဆက် စပ် နေတဲ့ သူတွေရယ် ပဲပြောဆို ခွင့် အားလုံးယူ နေကြပြီးလူ ထု ကို ပြောဆို ခွင့်  တော့သိ ပ်အလေးပေးအပင် ပန်းခံ ကြိုးစားကြတာမရှိ ပါဘူး။လူ ထု ပြောချင် တဲ့အသံ တွေတိ တ် ပြီးနအဖနဲ့ကျွမ်းကျင် သူ တွေ၊နို င်ငံ ရေးခေါင်းဆောင် ဆို သူ တွေရဲ့အသံ တွေပဲလေလှို င်းမှာလွှ မ်းမိုးနေပါတယ် ။တကယ့်  လူ ထုအင် အားသာတည် ဆောက် လာနို င် ရင်သာမန် လူ ထု ရဲ့အသံ ၊ပြောဆို ခွင့်  တွေကို နည်းအမျိုးမျိုးနဲ့ပိ တ် ဆို့ ထားခံ ရတဲ့အသံ တွေကိုသူ တို့ ဘာသာသူ တို့ ပြောဆို ခွင့်  ရှိ လာအောင်ကျွန် တော် တို့  အားလုံးကကြိုးစားပေးသင့်  ပါတယ် ။ကျွန် တော် တို့ ကသူ တို့ ကို ယ် စားပြုပြောနေတာမျိုးတွေရှောင် ပြီး၊လူ ထု တွေ၊သာမန်အဖွဲ့ဝင် တွေ၊ အလု ပ် သမားလယ် သမားတွေ၊ရဟန်းရှ င် လူအား
လုံးတွေရဲ့ပြောဆို သံ တွေကိုသူ တို့ ဘာသာသူ တို့ ပြောဆို လာခွင့်  ရှိ အောင်ကျွန် တော် တို့ အားပေးသင့်  ကြပါပြီ ။ကျွန် တော် တို့ ဘက် တွေကပြည် သူ လူ ထု ကို စစ်အာဏာရှ င် တွေကို ဆန့် ကျင်တဲ့ နေရာကျမှ အော် ကြ၊ပြောကြအောင်အားပေးလို ကြပါတယ် ။ပြောရ၊ဆို ရမှာတွန့် နေတဲ့ လူထု ကိုပြောရဲဆို ရဲ၊လု ပ် ရဲကို င် ရဲရှိ လာအောင် အခု ကတဲကစပြီးသူ တို့ ရဲ့ခံ စားချက် တွေ၊သူ တို့ ရဲ့ရင် ဖွင့်  သံ တွေ၊သူ တို့ ရဲ့ပြောချင် တာတွေကိုပြောခွင့်  ရလာေAာင် လု ပ် ပေးမှဒီ လူ ထု တွေ အားလုံးသူ တို့ ပြောစရာရှိ တာကိုပြောရဲဆို ရဲ၊ပြောကြဆို ကြဖြစ် လာမှာပါ။ အဖွဲ့အတွင်းမှာလဲဒီ လို ပဲ အဖွဲ့ဝင် တွေကိုပြောဆို ခွင့်  ပို ပေး၊

ပို ပြောဆို လာကြအောင်အခွင်အရေးတွေဖန် တီးပေးခြင်းဖြင့် သူ တို့ တတွေရဲ့ပါဝင် မှု ၊ အားစို က် လု ပ် မှု တွေပို တိုးလာပါလိ မ့်  မယ် ။သူ တို့ ရဲ့အကြံ ဥာဏ် တွေကို အလေးတယူ ထည့်  သွင်းစဉ်းစားလု ပ် ကခြင်းဖြင့် သူ တို့ ကိုပို မို စဉ်းစားတွေးခေါ်လာကြအောငအားပေးရာရောက် ပါလိ မ့်  မယ် ။နေရာပေါင်းစုံ ကလူ တို င်းကိုဒီ နည်းအတို င်းပံ့  ပိုး အားပေးမှု တွေလု ပ် သွားကြရင်မြန် မာနို င် ငံ သားတွေဟာပို မို လု ပ် နို င် ကို င် နို င် တဲ့ သူ တွေဖြစ် လာကြမှာပဘာတွေ၊ဘယ် လို အကောင်အထည် ဖေါ်ကြမလဲနို င် ငံ တကာမှာဘာတွေလု ပ် ကြမလဲ၊ထို င်းနဲ့မြန် မာနယ် စပ် မှာဘာတွေလု ပ် ကြမလဲ၊ပြည် တွင်းမှာဘယ် ပုံ ခရီးဆက် ကြမလဲ။ကျွန် တော့် အမြင် မှာဘက် ပေါင်းစုံ က၊ရှု ထောင့်  ပေါင်းစုံ ကလု ပ်ကြရပါမယ် ။တချို့လု ပ် ငန်းတွေကို သေသေ၀ပ် ၀ပ် နဲ့တိ တ် တိ တ် ဆိ တ် ဆိ တ် လု ပ် ရမှာဖြစ် ပေမဲ့ လို့ မလု ပ် သင့်  တဲ့ လု ပ် ငန်းဆို တာတော့ပြည် သူ ကို သစ္စာဖေါက် တာနဲ့၊ပြည် သူ ကို ထိ ခို က် စေအောင် လု ပ် တာမဟု တ် ရင်မရှိ ပါဘူး။ကျွန် တော် တို့ အားလုံး၊ကို ယ့်  ကို ကို ယ် ဘုရားတကာလား၊ဘုန်းကြီးလား၊တော် လှ န် ရေးသမားလား၊သတင်းထောက် လား၊စီးပွါးရေးသမားလား၊သူ များခို င်းဖတ် လားဆို တာကွဲကွဲပြားပြားပြတ် ပြတ် သားသားမလု ပ် ထားခဲ့ တာကြောင့်  မို့ အခုအချိ န်အ ထိ ကြောင် တောင် တောင် နဲ့ဘယ် လမ်းလို က် ရမယ် မှ န်းမသိ ပဲဖြစ် နေကြရတာပါ။ရန် သူ စစ်အာဏာရှ င် စံ နစ် ကိုတကယ် ထိ ခို က် နစ် နာစေပြီးကျဆုံးစေမဲ့ နည်းစံ နစ် မှ န် သမျှကျွန် တော် တို့ လု ပ်ကြသင့်  ပါတယ် ။တခု ရှိ တာကလှု ပ် ရှားမှု တို င်း၊လု ပ် ရပ်အားလုံးတို င်းဟာနည်းဗျူဟာရှိ ရှိ ၊ အ စီAစဉ် ရှိ ရှိ နဲ့ အချိ န် ကို က် ကို က် စည်းစံ နစ် တကျလု ပ် ကြမှ သာရန် သူ့ နောက် မြီးဆွဲလို က် နေရတဲ့ ဘ၀ကကျွတ် လွတ် ကြပြီးအောင် မြင် မှု ကို ဖေါ်ထု တ် နို င် မှာဖြစ် ပါတယ် ။နောက် ပြီးရှေ့ မှာမှားခဲ့ ကြသလိုစာတတ် တာနဲ့ စစ် ရေးဆို လဲသေနတ် တောင်
မောင်းဘယ် လို တင် ရမှ န်းမသိ ပဲစစ် သေနာပတိ ချုပ် လု ပ် ချင် ၊လူ ကို ယ် တို င် က
အနီးအနားပတ် ၀န်းကျင် ကောလု ပ် ဖေါ်ကို င် ဘက်တွေကောတယောက် နဲ့မှ သင့်  မြတ် အောင်
မနေတတ် ပဲနဲ့စည်းရုံးရေးမှူးတာဝန် ကို င် ထားချင်တာ၊နည်းဗျူဟာနဲ့စစ် ဆင် ရေးတွေဘာမှ နားမလည် ပဲနဲ့ယောင် တော် ချီးနည်း ဗျူဟာရေးဆွဲသူတွေဖြစ် ချင် တာစတဲ့မကို က် ညီ တဲ့ လု ပ် ငန်းတွေ၊ကို ယ် မကျွမ်းကျင် တဲ့ လု ပ် ငန်းတွေမှာအတင်းဝင် ချုပ် ကို င် တာတွေမလု ပ် ပဲကို ယ့်  ကို ကို ယ် မညာပဲကို ယ် ကျွမ်း ကျင် ရာကနေထိ ထိ ရောက်ရောက် လု ပ် ကို င် ကြလို တဲ့ စိ တ် ထားတာမျိုးတွေကို ယ် လဲကျွန် တော် တို့ လု ပ် ဘို့ သင့်  ကြပါပြီ ။ကြေးရွာပြည် သူ့ စစ် လု ပ် ဘူးရုံ လောက် နဲ့စစ် ရေးချုပ် တာဝန် ၀င် ယူ ပြီးဘာမှ မလု ပ် တတ် တာကြောင့်  ပျက် စီးခဲ့ ရတာတွေလဲ အားလုံးမြင် တွေ့ခဲ့ ဘူးကြပြီ ဆို တော့ဒါတွေကို သင် ခန်းစာယူဘို့သင့်  ကြပါပြီ ။နောက် ပြီးကို ယ် မတတ် မကျွမ်းကျင် ပဲ အတင်းလု ပ် လို က် တဲ့အရာတခု ဟာလူ များစွာရဲ့အသက် တွေ၊သွေးတွေရင်းနှီးပျက် သုံးရမှာမျိုးလဲရှိ တာမို့  အဲ့ ဒီ လို မဖြစ် အောင် ၊မလိုအပ် ပဲမိ မိအားတွေမိ မိ ဘာသာဖျက် ဆီးခြင်းမဖြစ် အောင် လဲ အပေါ်ကပြောသလိုတတ် ယောင် ကားလုပ် တာမျိုးရှောင် ပြီးကို ယ် တကယ် တတ် နို င် ရာ၊ကို ယ် တကယ် ကျွမ်းကျင် ရာနေတိ တိ ကျကျအလု ပ် စု ပေါင်းလု ပ် ကြဘို့ လို ပါပြီ ။မှ န် မှ န် ကန် ကန် တည် ဆောက် ရပ် တည် ပြီးလု ပ် ကြရင်ဒီအင်အားစု ဟာမြန် မာနို င် ငံ ပြောင်းလဲစေရေးလှု ပ် ရှားမှု မှာအရေးပါတဲ့အခန်းကဏ္ဍကပါဝင် နေမှာဖြစ် သလို ၊ အနာဂတ် နို င် ငံ ထူ ထောင် ရေးနဲ့ရေရှ ညအကျိုးတွေအတွက် မှာလဲတဘက် တလမ်းကဆက် ပြီးပံ့  ပိုးနေနိုင် တဲ့အင်အားဖြစ် နေ မှာပါ။ကျွန် တော် တို့ တွေအားလုံးစု စု စည်းစည်းနဲ့စိ တ် ရှ ည် ရှ ည် ထားပီးမိ မိ ကို ယ်တိုင်ကော။အားလုံးကို ကောဝို င်းဝန်းတည် ဆောက် ကြရင်မဖြစ် နို င် တာမရှိ ပါဘူး။ကျွန် တော် တို မညံ့  ကြတော့ ဘို့ ပဲလို တာပါ။ပြောင်းလဲသင့်  တာကိုကျွန် တော် တို့ အားလုံးပြောင်းလဲကြရင်မလု ပ် နို င်စရာမရှိ တာအမှ န် ဖြစ် တာကြောင့် ပြည် တွင်းကဖိ နှိ ပ် ခံ နေရတဲ့ ပြည် သူ တွေအတွက် ကော၊ အများအမြင်မှာအမြဲကွဲနေတတ် တယ် ဆို တဲ့ လူ မျိုးဂု ဏ် ကို ပြန် ဆယ် ဘို့ ကော၊လှု ပ် ရှားမှုအတွက် ထိ ထိ ရောက် ရောက် ဖြစ် ဘို့ ကော၊မျိုးဆက် သစ် တွေအတွက် ကောစု ပေါင်းဝို င်းလု ပ် ကြသင့်  ပြီ ဖြစ် တယ် လို့ ထင် ပါတယ် ။ဒီအချိ န်အထိ မှကျွန် တော် တို့ ယောင် တောင် တောင် လု ပ် နေကြသေးရင်ကျွန် တော် တို့ လောက်ညံ့  ကြတဲ့ သူ တွေသမို င်းမှာရှိ တော့ မှာမဟု တ် ပါဘူး။ အားလုံးအနေနဲ့ဝို င်းဝန်းတွေးတောပြီးတကယ်အနှ စ် သာရရှိ ၊စံ နစ် ကျတဲ့ ၊မှ န် ကန် သောအင် အားတခု တည် ဆောက် ပြီးမြန် မာနို င် ငံ ပြောင်းလဲရေးမှာထိ ထိ ရောက် ရောက် ပါဝင်အလု ပ် လု ပ်နို င် ကြလိ မ့်
မယ် လို့ မျှော် လင့်  လျှက် ။
ငြိ မ်းချမ်း

ခံစားခွင့်မရရှာသော ပြည်သူတို့ရဲ့ လွမ်းမောစရာ မှတ်တမ်းလေးတစ်ခု

မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ်၊ ပြာသိုလပြည့်ကျော် (၉) ရက်
(၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်)
တနင်္ဂနွေနေ့တွင် မိန့်ကြားသော နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၏
လွတ်လပ်ရေးမော်ကွန်းကျောက်တိုင် အုတ်မြစ်ချမိန့်ခွန်း

ယနေ့ရရှိတဲ့ လွတ်လပ်ရေးဟာ လူမျိုးရေးတစ်ခုတည်းရဲ့ လွတ်လပ်ရေးမဟုတ်။ ပြည်ထောင်စု
တစ်ခုလုံးမှာရှိတဲ့ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ(ကယား)၊ ရခိုင်၊ မွန်၊ မြန်မာ အစရှိတဲ့ သွေးချင်းသားချင်း ပြည်ထောင်စုသား လူမျိုးစုအားလုံးတို့ စည်းစည်းလုံးလုံး ကြိုးပမ်းခဲ့ကြသော
ကြောင့် ရရှိလာသော လွတ်လပ်ရေးဖြစ်တဲ့အတွက် ယခုလွတ်လပ်ရေးဟာ ရှမ်း၊ ချင်း၊ ကရင်၊
ကရင်နီ(ကယား)၊ ရခိုင်၊ မွန်၊ မြန်မာ အစရှိတဲ့ သွေးချင်းသားချင်း ပြည်ထောင်စုသား လူမျိုးစု
အားလုံးရဲ့ လွတ်လပ်ရေးဖြစ်တယ်။

ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ လူတန်းစားတစ်ခုတည်းရဲ့ လွတ်လပ်ရေးမဟုတ်။ ပြည်ထောင်စု
တစ်ခုလုံးမှာရှိကြတဲ့ လယ်သမား၊ အလုပ်သမား၊ ဈေးသူဈေးသား၊ ကျောင်းသူကျောင်းသား၊
အမှုထမ်းအရာထမ်းများမှစ၍ တော်လှန်ရေးသမားများအထိပါဝင်သော လူတန်းစားအားလုံးတို့က
ညီညီညာညာ စွန့်စွန့်စားစား အုံကြွကြိုးပမ်းခဲ့ကြသောကြောင့် ရရှိလာသော လွတ်လပ်ရေးဖြစ်တဲ့
အတွက် ယခုလွတ်လပ်ရေးဟာ လယ်သမား၊ အလုပ်သမား၊ ဈေးသူဈေးသား၊ ကျောင်းသူ
ကျောင်းသား၊ အမှုထမ်းအရာထမ်းများမှစ၍ တော်လှန်ရေးသမားများအထိပါဝင်သော လူတန်း
စားအားလုံးရဲ့ လွတ်လပ်ရေးဖြစ်တယ်။

ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ အသင်းအဖွဲ့တစ်ခုတည်းရဲ့ လွတ်လပ်ရေးမဟုတ်။ ပြည်သူ့ရဲဘော်၊
ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ လူငယ်၊ အမျိုးသမီး၊ တောင်သူလယ်သမား၊ အလုပ်သမားအစည်းအရုံး
သမဂ္ဂ အစရှိတဲ့ အသင်းအဖွဲ့အစည်းအသီးသီးက ကိုယ်ဆိုင်ရာနယ်နိမိတ်အတွင်းမှနေပြီး နယ်ချဲ့
စနစ်ကြီးကို ၀ိုင်းအုံတိုက်ခိုက်ခဲ့ကြသောကြောင့် ရရှိလာသော လွတ်လပ်ရေးဖြစ်တဲ့အတွက် ယခု
လွတ်လပ်ရေးဟာ ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ လူငယ်၊ အမျိုးသမီး၊ တောင်သူလယ်
သမား၊ အလုပ်သမားအစည်းအရုံး သမဂ္ဂ အစရှိတဲ့ များမြောင်လှစွာသော အသင်းအဖွဲ့အားလုံးရဲ့
လွတ်လပ်ရေးဖြစ်တယ်။

ယခုလို တစ်နိုင်ငံလုံးရှိ သွေးချင်းသားချင်း ပြည်ထောင်စုသား လူမျိုးစုအသီးသီး၊ လူတန်းစား
အသီးသီး၊ အသင်းအဖွဲ့အသီးသီးတို့က အပြင်းအထန်ကြိုးပမ်းခဲ့သောကြောင့် ရရှိလာသော
လွတ်လပ်ရေးဖြစ်တဲ့အတွက် ဤလွတ်လပ်ရေးကို သွေးချင်းသားချင်း ပြည်ထောင်စုသား လူမျိုးစု
အားလုံး လူတန်းစားအားလုံး အသင်းအဖွဲ့အားလုံးတို့က ရိုသေကြရမယ်။ ဒီလွတ်လပ်ရေးကို
တိုက်ရိုက်နည်းအားဖြင့်လည်းကောင်း၊ သွယ်ဝိုက်နည်းအားဖြင့်လည်းကောင်း၊ ထိပါးလာမယ်ဆို
လျှင် ပြည်ထောင်စုသားအားလုံးသည်လည်းကောင်း၊ လူတန်းစားအားလုံးသည်လည်းကောင်း၊
အသင်းအဖွဲ့အားလုံးသည်လည်းကောင်း၊ ရင်မြေကတုတ်လုပ်၍ ခုခံကာကွယ်စောင့်ရှောက်ကြရ
မယ်။

ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ လူမျိုးစုတစ်ခုတည်းအတွက် အသုံးချရန်မဟုတ်။ ပြည်ထောင်စု
သမတမြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ သွေးချင်းသားချင်း ပြည်ထောင်စုသား
လူမျိုးစုအားလုံးအတွက် မျှမျှတတ အသုံးချရန်ဖြစ်တယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း
ရှိ ပြည်သူလူထုကြီးတစ်ရပ်လုံးအတွက် အကျိုးအများဆုံးရရှိအောင် ယခုရရှိတဲ့ လွတ်လပ်ရေးကို ခိုင်ခိုင်ခန့်ခန့် အုတ်မြစ်ချလျက် သမတနိုင်ငံသစ်ကြီးကို ကျွန်တော်တို့အားလုံး အင်အားရှိသ
လောက် တည့်တည့်မတ်မတ် ခိုင်ခိုင်ခန့်ခန့် တည်ဆောက်ကြတော့မယ်။

ဒီသမတနိုင်ငံတော်သစ်ကြီးကို အပြီးသတ်တည်ဆောက်ပြီးတဲ့အခါမှာ နိုင်ငံအတွင်း၌ လူအချင်း
ချင်း လူညွန့်ခူးစားနေတဲ့ လူတန်းစားလည်း မရှိတော့ဘူး။ လူညွန့်ခူးစားခြင်းခံနေရတဲ့ လူတန်း
စားလည်း မရှိတော့ဘူး။ လက်ဝါးကြီးအုပ်နေတဲ့ လူတန်းစားလည်း မရှိတော့ဘူး။ လက်ဝါးကြီး
အအုပ်ခံနေရတဲ့ လူတန်းစားလည်း မရှိတော့ဘူး။ နဖူးကချွေး ခြေမအထိကျအောင် ရွှံ့ဗွက်တွေ
ထဲမှာ စက်ရုံတွေထဲမှာ တောအထပ်ထပ် တောင်အထပ်ထပ်တွေထဲမှာ သတ္တုတွင်းထဲမှာ နေပူ
မိုးရွာမရှောင် တကုန်းကုန်း တရုန်းရုန်းနဲ့ အလုပ်လုပ်နေကြရပြီး လူတန်းစေ့ဘ၀လေးကိုမှ မရရှိ
ကြရတဲ့ လူတန်းစားလည်း မရှိတော့ဘူး။ ဒီလူတန်းစားကို ဒီလိုလူညွန့်တုံးအောင် နှိပ်ကွပ်ထားတဲ့
လူတန်းစားလည်း မရှိတော့ဘူး။

ဒီသမတနိုင်ငံသစ်ကြီးမှာ ရှိရှိသမျှလူတွေဟာ ကိုယ်အစွမ်းရှိသရွေ့ ကိုယ်စွမ်းတဲ့ဘက်မှာဝင်ပြီး
အမှုထမ်းကြ၊ လယ်လုပ်တတ်တဲ့လူတွေက လယ်လုပ်ကြ၊ စက်မောင်းတတ်တဲ့လူတွေက စက်
မောင်းကြ၊ သတ္တုတွင်းတူးတဲ့လူတွေက သတ္တုတွင်းတူးကြ၊ ငြိမ်ဝပ်ပိပြားရေးကိုဆောင်ရွက်တတ်
တဲ့လူတွေက တရားရုံးတွေ၊ ရာဇ၀တ်ဌာနတွေမှာ ဆောင်ရွက်ကြ။ ကာကွယ်ရေးမှာ ကျွမ်းကျင်တဲ့
လူတွေက စစ်တပ်တွေမှာ အမှုထမ်းကြ။ အအုပ်အချုပ် အစီအမံမှာ လိမ္မာတဲ့လူတွေက အစိုးရဌာန
အသီးသီးမှာ ၀င်ရောက်ဆောင်ရွက်ကြ။ ဒီနည်းများဖြင့် ကျွန်တော်တို့ရဲ့ ပြည်ထောင်စုသားတွေ
ဟာ ကမ္ဘာ့အလယ်မှာ လူတန်းစေ့စေ့နေနိုင်အောင် ကျွန်တော်တို့အားလုံး ၀ိုင်းပြီးကြိုးပမ်းကြရ
မယ်။

ကျွန်တော်တို့ရဲ့ မြေဆီမြေနှစ်တွေကို ပြည်ထောင်စုသား လူဦးရေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်
မြေဆီမြေနှစ်တွေက အင်မတန်များပြားနေတာကို တွေ့ရမယ်။ ဒါကြောင့် ခေါင်းဆောင်တွေက
လည်း သစ္စာမဖောက်ဘဲ၊ ခြေလှမ်းမမှားဘဲ၊ ဇွဲကောင်းကောင်းနဲ့ ကြိုးပမ်းလိုက်ကြလျှင် လူထုက
လည်း မိမိတို့ထမ်းဆောင်ရမည့် တာဝန်တွေကို မပျက်မကွက်ဘဲ၊ ၀ါးအစည်းပြေသလိုမပြေဘဲ၊
ဇွဲကောင်းကောင်းနဲ့ ကြိုးပမ်းလိုက်ကြလျှင် ကျွန်တော်ပြောခဲ့တဲ့ သမတနိုင်ငံသစ်ကြီးကို မနှေး
အမြန် တည်ထောင်ဖြစ်မြောက်ရမယ်လို့ ကျွန်တော် အတည့်အလင်း ကြေညာရဲပါတယ်။

ဤသမတနိုင်ငံသစ်ကြီးကို တည်ထောင်ရာ၌ ခေါင်းဆောင်တွေ သစ္စာဖောက်လျှင်၊ ခြေလှမ်းမှား
လျှင် ယနေ့စိုက်ထူတဲ့ ဤလွတ်လပ်ရေးမော်ကွန်းကျောက်တိုင်ကြီးသည် သစ္စာဖောက်နေသော
ခေါင်းဆောင်များကိုလည်းကောင်း၊ ခြေလှမ်းမှားနေသော ခေါင်းဆောင်များကိုလည်းကောင်း၊
အချိန်မီသတိပေးနိုင်သည် ဖြစ်စေသတည်း။

ဤသမတနိုင်ငံသစ်ကြီးကို တည်ထောင်ရာ၌ ပြည်သူလူထုကြီးသည် မိမိထမ်းဆောင်ရမည့်
တာဝန်များကို ပျက်ကွက်လျှင်၊ ၀ါးအစည်းပြေသကဲ့သို့ ပြေတော့မည်ဆိုလျှင် ယနေ့စိုက်ထူတဲ့
လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်ကြီးသည် တာဝန်ပျက်ကွက်သော ပြည်သူလူထုကြီးကို
လည်းကောင်း၊ ၀ါးအစည်းပြေသကဲ့သို့ ပြေတော့မည်ဖြစ်သော ပြည်သူလူထုကြီးကို
လည်းကောင်း၊ အချိန်မီသတိပေးနိုင်သည် ဖြစ်ပါစေသတည်း။

ဤသမတနိုင်ငံသစ်ကြီးကို တည်ထောင်ရာ၌ ဖျက်လိုဖျက်ဆီးလုပ်လိုသော ပြည်တွင်းပြည်ပ
ရန်သူများ ပေါ်ပေါက်လာလျှင် ယနေ့စိုက်ထူတဲ့ မော်ကွန်းကျောက်တိုင်ကြီးသည် ထိုရန်သူများကို
အပြီးတိုင် ချေမှုန်းနိုင်သည်အထိ ဇာတိသွေး၊ ဇာတိမာန် တခဲနက်တက်ကြွလာအောင်
ပြည်ထောင်စု ပြည်သူလူထုတစ်ရပ်လုံးအား အချိန်မီစွမ်းဆောင်ပေးနိုင်သည် ဖြစ်ပါစေသတည်း။

(ဤ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၏ လွတ်လပ်ရေးမော်ကွန်းကျောက်တိုင် အုတ်မြစ်ချမိန့်ခွန်းကို
အောင်စောဦး ပြုစုသည့် “လွတ်လပ်ရေးရွှေရတု” စာအုပ်မှ ကူးယူဖော်ပြပါသည်။)

သူငယ်ချင်းတို့ဖတ်ဖို့ (၂)



(၁) လမ်းစကိုတွေ့ပြီဆိုရင် ဘယ်လောက်ဝေးတဲ့ ခရီးပဲဖြစ်ဖြစ် လျှောက်ရမှာ မကြောက်တော့ ဘူး။

(၂) သစ်ပင်၏ ဦးတည်ရာကို လေက အဆုံးအဖြတ်ပေး၏။
လူ၏ ဦးတည်ရာကို ကိုယ့်ကိုယ်တိုင်က အဆုံးအဖြတ်ပေး၏။

(၃) ၀င်လေထွက်လေ ရှိနေသမျှ မျှော်လင့်ချက် ရှိနေဦးမည်။

(၄) အောင်မြင်ဖို့ရာ မလွယ်ကူပါ။ ထိုအောင်မြင်မှုကို ထိန်းသိမ်းရာ ပိုမလွယ်ကူပါ။

(၅) အသီးအပွင့်များဖြင့် ဝေဆာနေသော သစ်ပင်ကို လူတွေက ခဲနှင့်ပစ်ချချင်ကြသည်။

(၆) ဘ၀မြင့်ခြင်း၏ နောက်တွင် ကျဆုံးခြင်းရှိသည်။ စိတ်ကူးယဉ်သက်သက်၏ နောက်တွင် ဆုတ်ယုတ်ခြင်း ရှိသည်။ ခေါင်းငုံ့တတ်မှသာ ခေါင်းကို မတိုက်မိနိုင်။

(၇) ကိုယ့်ကိုဝေဖန်ခြင်းဖြင့် အခြားလူ၏ ယုံကြည်မှုကို ရရှိနိုင်သည်။ ကိုယ့်ဂုဏ်ကိုယ် ဖော်ခြင်းက မရနိုင်။

(၈) ကိုယ့်ကို မချစ်မနှစ်သက်တဲ့ လူကို လေးစားပါ။

(၉) သူ့နောက်ကွယ်မှာ သူ့ကောင်းကြောင်းကိုပဲ ပြောပါ။ အဲဒီစကား သူ့ နားဆီ မရောက်ဘူး ဆိုတာ လုံးဝ စိတ်ချပါ။

(၁၀) တစ်စုံတစ်ယောက်က ကိုယ့်ကို တစ်ခြားလူ မကောင်းကြောင်း လာပြောတဲ့အခါ ပြုံးပဲနေပါ။

(၁၁) တကယ်လို့ ရုပ်ဆိုးနေတယ်ဆိုရင် ကိုယ့်ကိုတော်အောင် လုပ်ပါ။ မတော်ခဲ့ဘူးဆိုရင် အမြဲပြုံးနေပါ။ ရုပ်ကြောင့် လူကို မမုန်းနိုင်ပါဘူး။

(၁၂) စင်ပေါ်တက် သီချင်းဆိုသူတိုင်းကို လက်ခုပ်တီးပေးပါ။

(၁၃) အချို့ကိစ္စမှာ သိရက်နှင့် မေးသင့်သည်။ ဥပမာ.... လက်စွပ်လေးက သိပ်တန်ဖိုးရှိမှာပဲနော်။ အချို့ကိစ္စမှာ မေးချင်သော်လည်း မမေးသင့်ပေ။ ဥပမာ.. အသက်ဘယ်လောက်ရှိပြီလဲ။

(၁၄) စကားများတော့ အမှားများသည်။ လူများသောနေရာတွင် စကားကို နည်းနည်းပဲ ပြောပါ။

(၁၅) မသိဘူး၊ မလုပ်ဘူး၊ မရဘူး၊ မတတ်ဘူး ဆိုတဲ့ မနေရာမှာကြိုးစားကြည့်မယ် သိပ်မသေချာဘူး အချိန်အနည်းငယ်ပေးပါ ဆုံးဖြတ်ပြီးမှ အကြောင်းပြန်လိုက်မယ် လို့ ပြောင်းသုံးကြည့်ပါ။

ကဗျာ ကောင်းကောင်းလေး တစ်ပုဒ်


အချို့လူများသည် ချိန်ခွင်၏လက်များနှင့်တူ၏။
သူတို့သည် အထက်နှင့်အောက်ကို
အပြောင်းအလဲမြန်ကြသည်။
ငါသည်ကား သူတို့ကဲ့သို့မကျင့်။
ခိုင်ကြည်စွာ ရပ်တည်မည်။
အချို့လူများသည် အလွန် စကားများကြ၏။
စကားများသော ကြက်တူရွေးကို
လှောင်အိမ်ထဲမှာ ငါ မြင်ဖူးသည်။
စကားမပြောသော ကြက်တူရွေးတို့ကား
လွတ်လပ်ကြကုန်၏။
ငါသည်လည်း ...
ထိုသို့ပင် တိတ်ဆိတ်စွာ ပျံသန်းသွားမည်။
တောအုပ်ကို မီးရှို့လိုက ‘လေ’ ၏အကူအညီလိုသည်။
အချို့လူများသည်
မိတ်ဆွေကောင်းကို တန်ဖိုးမထားတတ်ကြ။
ငါသည်ကား... တန်ဖိုးထားမည်။
မိတ်ဆွေကောင်းကို လေးမြတ်စွာ ဆက်ဆံမည်။
အချို့လူများသည်
ရေမျက်နှာပြင်ပေါ်မှာ ထကြွသည့်လှိုင်းနှင့်တူသည်။
လျှပ်ပေါ်လော်လည်ကြ၏။
ငါသည်ကား သူတို့ကဲ့သို့မကျင့်။
ကျောက်စာတစ်ချပ်ပေါ်တွင် ထွင်းထားသည့်
အက္ခရာတစ်လုံးကဲ့သို့ ကျင့်မည်။
ငါ့လုပ်ရပ်ကို ခိုင်မာစေမည်။
အချို့လူများသည်
ညစ်ပေသောရေထဲမှာ
အင်္ကျီကို လျှော်ဖွပ်ကြ၏။
ငါကား ... ထိုသို့မကျင့်။
ငါ့ကိုယ်ငါ စင်ကြယ်မှုဖြင့် လျှော်ဖွပ်မည်။
အချို့လူများသည်
ဂွမ်းစကလေးကို သယ်ရွေ့ရန်
ဝန်လေးပျင်းရိနေတတ်ကြ၏။
ငါကား...
တောင်တန်းကြီးများကို မ ရွေ့ရသည့်တိုင်
ညည်ညူခြင်းကို မပြု။
အချို့လူများသည်...
အမှောင်ထဲမှာ မားမားရပ်ကြသည်။
သူတို့ကိုယ် သူတို့ ပြန်မမြင်ကြရ။
လူသည် ကိုယ့်ကိုယ်ကို ပြန်မြင်ရန်လိုသည်။
ငါကား... အလင်းထဲမှာပဲ ရပ်တည်မည်။
အချို့လူများသည်...
ကောင်းမြတ်ခြင်းတရားကို သိကြားသော်လည်း
မလိုက်နာကြ။
ဆေးလွယ်အိတ်ကို လွယ်ပြီး သူတို့ သေကြသည်။
ငါကား သူတို့ကို မတုပ။
ငါ့ဘ၀၏ အနာရောဂါများကို ထိုဆေးဝါးတို့ဖြင့် ကုမည်။
အချို့လူများသည်...
ကောင်းမြတ်ခြင်းတရားကို ဟောပြောသော်လည်း
ညီညွတ်သောလုပ်ရပ်ကို မပြသနိုင်။
ဘုရားစာရွတ်နေသော ကြက်တူရွေးများသဏ္ဌာန်ရှိ၏။
သူတို့၏ ဆုံးရှုံးမှုကို ငါ ဥပမာယူမည်။
အချို့လူများသည်...
ကောင်းမြတ်သောလုပ်ရပ်များကို
မရိုးမသားသောအကြံဉာဏ်ဖြင့် ပြုမူကြ၏။
သူတို့၏ လုပ်ရပ်သည်
ရေပြင်ကို ပစ်ခတ်သော မိုးကြိုးပမာရှိသည်။
ငါ... မချစ်ခင်။
အချို့လူများသည်...
ကိုယ်တိုင်နားမလည်သော ဒဿနတရားတို့ဖြင့်
အခြားသူကို ဦးဆောင်သည်။
အကန်းကိုလမ်းပြသော အကန်းနှင့်တူသည်။
သူ့နောက်သို့ ငါမလိုက်။
အချို့လူများသည်...
ကောင်းမြတ်သောတေးသွားကို တီးခတ်ရန်
မိမိကိုယ်ကို စောင်းကြိုးညှိခြင်း မပြုကြ။
ငါကား ထိုဂီတကို ကြားလိုလှသည်။
ညှိယူပြီးဖြစ်သော ငါ့စောင်းကြိုးတို့ကို
စင်ကြယ်စွာ တီးခတ်မည်။

တာရာမင်းဝေ
(ကြယ်သီချင်းနှင့်လမင်းသံစဉ်....မှ)