ရန်ကုန် (မဇ္ဈိမ) ။ ။ နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်တို့တွင် ဆင်ဆာ ခွင့်ပြုချက်ရ အကြောင်းအရာများ အလှည့်ကျ ဟောပြောတင်ပြမှု အချိန်ဇယားကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပေးလိုက်သည်။
၃၇ ပါတီ မူဝါဒ လုပ်ငန်းစဉ်များ ဟောပြောတင်ပြခွင့် ရပါက နေပြည်တော် မြန်မာ့အသံတွင် ရိုက်ကူးရန် အချိန်စာရင်းကိုလည်း တနင်္လာနေ့က ထုတ်ပြန်ပေးသည်။
ဟောပြောမည့် အကြောင်းအရာများ တင်ပြရန် ယခုရက်ပိုင်းအတွင်း ပါတီလူကြီးများ နေပြည်တော် သွားကြပြီဖြစ်ကြောင်း ပါတီ အသိုင်းအဝိုင်းက သိရသည်။
စစ်အစိုးရ မြန်မာ့ရုပ်မြင်သံကြားနှင့် အသံလွှင့်ဌာနများက ပါတီများကို ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ ၁၅ မိနစ်စာ
မဲဆွယ် ဟောပြောခွင့် ပြုမည်ကြေညာရာတွင် ကန့်သက်ချက် များလွန်းကြောင်း နိုင်ငံရေးပါတီ အများစုက ပြောသည်။
Melbourne near me Trusted Removalist
11 months ago
