Wednesday, October 6, 2010

တစ်လတာ အသုံးစရိတ်ကို အသုံးချခြင်း

သို့

အချစ်လေးရေ

ကိုယ်ဒီလအသုံးများသွားလို့ ပိုက်ဆံမပို့နိုင်တော့ဘူးကွာ... ဒါပေမယ့် မင်းအတွက်
ကိုယ်အနမ်းပေါင်း ၁၀၀ ပို့ လိုက်တယ်နော် အချစ်လေး....

မင်းရဲ့

ကိုကို
~ ~ ~ ~ ~ ~~ ~ ~ ~ ~ ~ ~ ~ ~ ~
နောက်ရက် အနည်းငယ်အကြာမှာတော့ သူ့မိန်းမဆီက စာပြန်လာပါတယ်။

သို့

ယောကျာ်းရေ

ကိုကို့ရဲ့ အနမ်းပေါင်း ၁၀၀ အတွက်ကျေးဇူးတင်ပါတယ်.....
ဒီလ အသုံးစရိတ်ကို ပြောပြမယ်နော်။
၁။ နွားနို့ပို့သမားကို တစ်လစာ နွားနို့ဖိုးအတွက် အနမ်း (၂) ပွင့်....
၂။ လျှပ်စစ်ဌာနက လူကို မီတာခတစ်လစာအတွက် အနမ်း (၇) ပွင့်....
၃။ အိမ်ပိုင်ရှင်ကတော့ အိမ်ငှားခမယူပဲ တစ်နေ့ကို အနမ်း ၂ ပွင့်၊ ၃ ပွင့်
လာယူတယ်....
၎။ Super Market ကတော့ အနမ်းနဲ့တင်မရလို့ တစ်ခြားဟာပါ ထပ်ပေးလိုက်ရတယ်....
၅။ တစ်ခြားအထွေထွေက အနမ်းပွင့် ၄၀.....

ဒါပေမယ့် မပူပါနဲ့နော်... ချစ်မှာအနမ်း ၃၅ ပွင့်ကျန်သေးတယ်။
ဒီလတော့ ကောင်းကောင်းလောက်ပါတယ်။ နောက်လလည်း ဒါမျိုးလုပ်ရမှာပဲလားဟင်...။

ကိုကိုရဲ့
ချစ်လေး

မှတ်ချက်။ ။အင်တာနက်ချစ်သူမှ