Sunday, January 24, 2010

သူများမျက်ရည် ကိုယ့်မျက်ဝန်းမှာ ကျဖူးလား


သူများမျက်ရည် ကိုယ့်မျက်ဝန်းမှာ ကျဖူးလား လို့ ကျွန်တော် မေးလိုက်လို့ နားလည်ပါ့မလား။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီလိုမျိုး သူများမျက်ရည် ကိုယ့်မျက်ဝန်းမှာ နှစ်ခါကျဖူးတယ်။ တကယ်တမ်းပြောရရင် ဒီအကြောင်းတွေကို တွေးမိရင် ကျွန်တော် မျက်ဝန်းမှာ အကြိမ်ကြိမ် ကျရတယ်။

ဒီအကြောင်းတွေ ကျွန်တော် ပြောပြမယ်။

လွန်ခဲ့သော ၃ နှစ်လောက်က ကျွန်တော် အင်တာနက် သွားသင်သော သင်တန်းဆရာက အလွန် အလုပ်ရှုပ်သူ တစ်ယောက် ဖြစ်တယ်။ ဆရာ့လို ပညာ ၊ ဆရာလို တတ်ကျွမ်းမှု နဲ့ ဘယ်နိုင်ငံကိုမှ မထွက်ပဲ ဆရာ ဘာတွေ လုပ်ပြီး မြန်မာနိုင်ငံမှာ ကုတ်ကပ်နေတယ်လို့ ထင်ပါသလဲ။

ဒါနဲ့ တစ်နေ့ အကြောင်းတိုက်ဆိုင်လာတော့ ဆရာက သူ့အကြောင်းပြောပြတယ်။ ဆရာရဲ့ မိဘ အသိုင်းအဝိုင်း အနေအထားနဲ့ ဆရာ အေးဆေး နေယုံပါပဲ။ ဒါပေမဲ့ ဆရာ မနေနိုင်ခဲ့။ ဆရာ့ကို ကြည့်ပြီး ဆရာ့အမေက ခဏခဏ မျက်ရည်ကျရတယ်။ ဘာလို့ မျက်ရည်ကျတာလဲ ဆိုတော့ သူ့သား ဆိုးနေ ပေနေ တေနေ လို့လား။ မဟုတ်ပါဘူး။ ဒီတော့ ဆရာကို ကြည့်ပြီး သူ့အမေ ဘာလို့ မျက်ရည်ကျနေတာလဲ။ ဆရာ့ အမေ မျက်ရည်ကျနေတာ သူ့သား နေ့မအိပ် ညမအိပ် ကိစ္စတစ်ခုကို ကြိုးစားဆောင်ရွက်နေလို့။

ပြီးတော့ ဒီကိစ္စဆောင်ရွက် နိုင်ဖို့ ဆရာ ဘာတွေ လုပ်လဲ ဆရာ ကွန်ပျူတာ သင်တန်းတွေကို လိုက်သင်တယ်။ တခြားပိုက်ဆံရနိုင်သမျှတွေကို လုပ်ပြီး ရသမျှတွေကိုလည်း ဆရာ ဒီကိစ္စမှာ အကုန်ပုံအောပြီး သုံးတယ်။ ပြီးတော့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ပညာဒါနဖွင့်ပြီး ကွန်ပျူတာ နဲ့ အင်တာနက် ဆိုင်ရာတွေကို အလကား သင်ကြားပို့ချတယ်။ ဒီကမှ ရလာတဲ့ သင်တန်းဝင်ကြေးတွေနဲ့ ဆရာ့ရဲ့ တခြားသော ဝင်ငွေတွေကို ဒီကိစ္စမှာ ပုံအောပြီး သုံးတယ်။

ဒီကိစ္စဆိုတာက ....

ဆရာ့မှာ ကိစ္စတစ်ခုကိုပဲ နေ့ရော ၊ ညရော ခေါင်းထဲမှာ ရှိပြီး လုပ်နေမိတယ်။ မင်းတို့ကို ပြောပြမယ်။ မင်းတို့ သိလား။ မြန်မာနိုင်ငံရဲ့ ဟိုး အစွန်အဖျားမှ မဟုတ်ဘူး။ ရန်ကုန်မြို့နဲ့ အဝေးတဲ့ နေရာ တစ်ခုက အကြောင်းလေးပါပဲ..တဲ့ ဆရာက စကားစတယ်။

အဲဒီနေရာကို “ ဒလ ” လို့ ခေါ်တယ်။ ဒါပေမဲ့ ဒလ မြို့ပေါ် မဟုတ်ဘူး။ အဲဒီကနေ သွားရသေးတဲ့ ကျေးရွာလေးတစ်ရွာမှာ ဒီက ကလေးတွေက အရမ်းဆင်းရဲကြတယ်။ ဘယ်လောက်တောင်မှ ဆင်းရဲလည်းဆိုတော့ သူတို့ကို ဆရာက ၅၀ တန်ပြတယ်။ ဒါကို သိလား ဆိုတော့ သိတယ်တဲ့။ ၁၀၀ တန်ကို ထုတ်ပြပြီး သိလား ဆိုတော့လည်း သိတယ် ဒါနဲ့ သားတို့ ဆန်ဝယ်နေတာလို့ ပြောတယ်။ ၂၀၀ တန်ထုတ်ပြတော့လည်း သိလား ဆိုတော့ သိတယ် မြင်တော့ မြင်ဖူးတယ်တဲ့။

ဒါနဲ့ ၅၀၀ တန်ထုတ်ပြတော့ သူတို့ မမြင်ဖူးဘူး။ ဒါဆို ၁၀၀၀ တန်ဆိုတာ ပိုဆိုးပြီပေါ့။ ဒါနဲ့ ကလေးတွေ ကျောင်းနေလား ဆိုတော့ သူတို့ မိဘတွေ မျက်နှာပျက်တယ်။ သူတို့လည်း ထားချင်ပါတယ်..ဒါပေမဲ့...................................တဲ့။

ဒီ..ဒါပေမဲ့ ဆိုတာရဲ့ နောက်မှာ ဆရာ့မှာ သူ့ဖာသာသူ တာဝန်တွေ ယူပြီး သူ့ဖာသာ ဒီကလေးတွေကို ကျောင်းနေနိုင်ဖို့ ဆိုသော တာဝန်တစ်ခုကို သူယူလိုက်တော့တယ်။ ဒါကို အရေးတော်ပုံ တစ်ခုလို့ ခေါ်ရမယ်။ ကိုယ့်ဖာသာ သူ ကလေးတွေကို ဘယ်လို ထောက်ပံ့နိုင်မလဲလို့ ဆရာ စဉ်းစားတယ်။ ဒါနဲ့ပဲ ကလေးတွေကို ထောက်ပံ့ဖို့ အဖွဲ့အစည်းလေးတစ်ခု လုပ်ပြီး လစဉ် ၊ နှစ်စဉ် ဆရာထောက်ပံ့တော့တယ်။

ဆရာနဲ့ ပတ်သတ်သော တပည့်တွေကိုလည်း ဒီလို ကလေးတွေ ရှိနေတဲ့ အကြောင်း ပြောပြပြီး ကူညီဖို့နဲ့ ဖေးမ ထောက်ပံ့ဖို့ ဆရာက စည်းရုံးခဲ့တယ်။ ဒါနဲ့ပဲ ဆရာ့အတွက် ကလေးတွေ ကျောင်းတတ်ရဖို့ အရေးတော်ပုံလေးတစ်ခုက အစပျိုးပြီး ဆရာ့မှာ မအိပ်နိုင် ၊ မစားနိုင်နဲ့ ၅၀၀ တန် မမြင်ဖူးသော ကလေးတွေကို ၊ ၁၀၀၀ တန် မမြင်ဖူးသော ကလေးတွေကို ကလေးတွေ ကြီးလာရင် ဘယ်လို ပညာတတ်မလဲ ဆိုသော စိတ်က တွန်းအားပေးပြီး ဆရာ့မှာ မအိပ်နိုင်ဘူး။

ဒီလိုနေ့ရက်တွေက ဆရာ့ကို တွန်းအားပေးပြီး အခုတော့ ဆရာ ဦးဆောင်သော အဖွဲ့လေး တစ်ဖွဲ့က လစဉ်ကလေးတွေကို ပညာရေး ထောက်ပံ့ပေးနိုင်ပါပြီ။ ဒီတော့ ကျွန်တော်ကလည်း ဒီမလေးရှားမှ သူငယ်ချင်းတွေကို စုပြီး အရင်က လှူဖူးပါတယ်။ ဒီလို ကလေးတွေရဲ့ အကြောင်းကို ကြားရတော့ ကျွန်တော် ပထမဦးဆုံး သူများမျက်ရည် ကိုယ့်မျက်ဝန်းမှာ ကျဖူးခဲ့တယ်။


ဒါက ပထမအကြိမ်...။

ဒုတိယအကြိမ် ကျွန်တော် သူများမျက်ရည် ကိုယ့်မျက်ရည်မှာ ကျတာက အမည်မသိသော စီဒီချပ်လေး တစ်ချပ်မှာ ပါလာတဲ့ အင်တာဗျူး လို့လေးကပါ။ ဒီမှာ အဖွားကြီး တစ်ယောက်ကို ကင်မရာ သမားက မေးတယ်။ ရိုက်တာက တိုက်ရိုက် ရိုက်ထားတာ သရုပ်ဆောင်နေတာ မဟုတ်ဘူး။ ဒီတော့ အဖွားကြီးက...

“ ဟုတ်တယ်..သားရယ်။ အဖွားအရွယ်က ဘာမှလည်း မလုပ်နိုင်တော့တော့။ ဒီလိုပဲ တောင်းစားနေရတာပေါ့။ ”

တဲ့။ တကယ်ကို တောင်းစားနေရတဲ့ အဖွားတစ်ယောက်ကို ကင်မရာနဲ့ ရိုက်ပြီး ဒီခွေထဲမှာ စုထားတာပါ။ ဒီအခွေကို ကျွန်တော် နှစ်ခါပဲ ကြည့်မိပါတယ်။ ဒီထက်လည်း ကျွန်တော် ပိုမကြည့်နိုင်တော့ပါ။ ဒါပေမဲ့ ဒီနှစ်ခါက ကျွန်တော့် တစ်ဘဝလုံးမှာ ဒီအဖွားပြောတဲ့ စကားကို တစ်သက်လုံး ကြားယောင်နေစေမှာပါပဲ။
ဒါနဲ့ ကျွန်တော် သူများမျက်ရည် ကိုယ့်မျက်ဝန်းမှာ ကျမိတယ်။


ဒီစကားကို ကြားမိတိုင်း ၊ ဒီအဖွားရဲ့ ရုပ်ပုံကို ကျွန်တော် မျက်စိထဲမှာ ပြန်မြင်မိတိုင်း ကျွန်တော် သူများမျက်ရည် ကိုယ့်မျက်ဝန်းမှာ ကျတယ် ဆိုသလို ကျွန်တော် မျက်ရည်ကျမိတယ်။ ဒီလိုမျိုး အဖိုး ၊ အဖွားတွေ မြန်မာနိုင်ငံမှာ ဘယ်နှစ်ယောက်ရှိနေမလဲလို့ ကျွန်တော် တွေးမိတယ်။ ရင်ဘတ်ထဲမှာ ခံစားတတ်သောနှလုံးသား ရှိသူတိုင်း ၊ ကျောက်ခဲကို နှလုံးသား လုပ်ထားတာ မဟုတ်တဲ့ သူတွေတိုင်း ထိရှ ခံစားမိမှာပါ။

ကျွန်တော်တို့ ဒီလို အဖိုးတွေ ၊ အဖွားတွေကို ဘယ်လို ကူညီ ကယ်တင်မလဲ။ ဒါကြောင့် ကျွန်တော်တို့ အခု အဖွဲ့လေး တစ်ဖွဲ့ စလုပ်မိပါတယ်။ ဘယ်လောက်မှတော့ ကြီးကျယ်တဲ့ အဖွဲ့လေး မဟုတ်ပါဘူး။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ သူငယ်ချင်းတွေသာ ပါဝင်ကူညီမယ်ဆိုရင် ကြီးကျယ်သော အဖိုး အဖွားများကို ကူညီသော အဖွဲ့လေး ဖြစ်လာပါလိမ့်မယ်။

“ သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေးအသင်း ”

“ http://savetheaged.ning.com ”

ဆိုပြီး ကျွန်တော်တို့ လုပ်ထားပါတယ်။ အဖွဲ့လေးရဲ့ ရည်ရွယ်ချက်လေးတွေ ကျွန်တော်တို့ရဲ့ လိုအပ်ချက်လေးတွေကို လာပြီး ပြောပြ အကြံပေးဖို့လည်း ဖိတ်ခေါ်ပါတယ်။

အခုလောလောဆယ်တော့ ကျွန်တော်တို့ အမာခံ အသင်းဆိုပြီး ကျွန်တော်တို့ ဖွဲ့ထားပြီး အမာခံအသင်းသားတွေက တစ်လကိုမှ မြန်မာကျပ်ငွေ နှစ်ထောင် ( ၂၀၀၀ ) ထည့်ဝင်ပြီး လစဉ်ရလာသော ငွေကို ကျွန်တော်တို့ ဘိုးဘွားရိပ်သာများမှာ အလှည့်ကျ သွားပြီး ထောက်ပံ့ပေးကမ်းဖို့ စီစဉ်ထားကြပါတယ်။ ဒီနေရာမှာ ကျွန်တော် တစ်ခုပြောချင်တာကတော့. . . သူများတွေ ဘယ်လိုပဲ လုပ်နေ လုပ်နေပါ။ ကျွန်တော်တို့ ခေါင်းထဲမှာ ရှိနေတာ တစ်ခုပါပဲ။

“ သင် တစ်နေ့ အိုရမည်။ ”

ဒါ သေချာသည်။ အိုမင်းခြင်းဆိုတာ တစ်နေ့ ကျွန်တော်တို့ အသက်စောစောစီးစီး မသေသွားဘူးဆိုရင် ကြုံကြရမှာပါ။ ဒါကြောင့် တကယ်လို့ မပြောကောင်း မဆိုကောင်းဗျာ။ ကိုယ် အခု အချိန်မှာ ဘယ်လိုပဲ ဖြစ်နေပါစေ ဒီအချိန်မှာ . .ကျွန်တော် မြင်ခဲ့ရပါသော အဖွားလိုမျိုး လေသံ ကျွန်တော် ဘယ်သူ့ဆီကမှ ထပ်မကြားချင်ပါ။ မတွေ့ချင်ပါ။ မမြင်ချင်ပါ။

အခုလည်း ကိုယ်တတ်နိုင်တဲ့ အချိန်လေးမှာ ဒီလိုမျိုး လမ်းမမှာ လက်ကလေး ဖြန့်ပြီး တုန်တုန်ချိချိနဲ့ အဖိုးအို အဖွားအိုတွေကို ကျွန်တော်တို့ကို ကျွန်တော်တို့ ဒန်ပေါက်စားပြီး ကြည့်နေနိုင်ပါသလား။ သူတို့ အရွယ်က ဂေဟာလို တစ်နေရာရာမှာ စုပြီး နားနေသင့်တဲ့ အချိန်လေးပါ။

ဒါကြောင့် ကျွန်တော် ဗြောင် ပွင့်ပွင့်လင်းလင်းပဲ အားလုံးကို ပါဝင်ကြဖို့ အလှူခံပါတယ်ဗျာ။ အသင်လေးတွေလည်း ဝင်ပေးကြပါ။ မိမိတို့ တတ်စွမ်းသမျှလည်း ဝင်ပြီး စကားနဲ့သော်လည်းကောင်း ၊ အလှူရှင် မိတ်ဆွေများကို ကူညီပြီး ခေါ်ယူပေးခြင်းအားဖြင့် လည်းကောင်း ၊ အကြံဥာဏ်နဲ့သော်လည်းကောင်း ၊ ကိုယ်တိုင်ပါဝင်လှူဒါန်းခြင်းဖြင့်လည်းကောင်း ပါဝင်ကူညီပေးကြပါ။

အခုတော့ မြန်မာနိုင်ငံမှာ အခြေတည်ပြီး တတ်ကြွသော လူငယ်လေး တစ်စုက နိုင်ငံရေးကင်းရှင်းစွာနဲ့ သက်ကြီးဘိုးဘွားများကို ကူညီထောက်ပံ့ဖို့ သူတို့ရဲ့ အားလပ်ချိန်လေးတွေကို ဒီလို တန်ဖိုးရှိစွာ အသုံးချဖို့ ဆုံးဖြတ်ထားကြပြီး သူတို့ စတင်လုပ်ဆောင်နေပါတယ်။ လှူဖို့တန်းဖို့ အဓိက အမာခံအနေနဲ့ ဦးဆောင် လုပ်နေသူတွေကတော့ . .. . . .


ရန်ကုန် နှင့် နယ်ဝေးမှ ကုသိုလ်ရှင်များဆက်သွယ်ရန်


(၁)ဇင်အိအိဝင်း (H.P 09-509-3896)
zineiei@googlemail.com

(၂)ဗေဒါဇော် (Ph,593151)
baydarzaw@gmail.com

(၃)သိင်္ဂီဖြိုး [ Ph-559292 ( office ) ]
baydayaung@gmail.com

(4) စုစုနွယ် - ( Ph-095072875 )
sweetnectar.pinky@gmail.com

(၅)စည်သူထွန်း- [ ph - 202841 ( office ) ]
sithuhtun21@googlemail.com

(6)စိုင်းဟိန်းသီဟအောင် -
saicohein@gmail.com


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စကာင်္ပူမှ ကုသိုလ်ရှင်များဆက်သွယ်ရန်


ကိုဖိုးသောကြာ(pothaukkyar@gmail.com)
ph,၉၂၄၁ ၄၈၃၃


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဆွီဒင် . ဒိန်းမတ်.နော်ဝေး ဂျာမနီ ဖင်လန် ၅ နိုင်ငံ မှ ကုသိုလ်ရှင်များဆက်သွယ်ရန်


နိုးနိုး -( noenoemaung07@gmail.com )
Ph . + 4550375488


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မလေးရှား နိုင်ငံ မှ ကုသိုလ်ရှင်များဆက်သွယ်ရန်


ကိုဇော်မင်းထက် ( kozaw.sa@gmail.com )
H.P - +60173004238

ဒီလိုရေးထားလို့ မျက်စိမလည်ပါနဲ့ဗျာ။ ကျွန်တော့်နာမည် အရင်းက “ ဇော်မင်းထက် ” ပါ။ အများခေါ်နဲ့ ကလောင်နာမည်မို့လို့ “ ကိုဇော် ” လို့ပဲ ရေးတာပါ။ ကြော်ငြာစရာ မလိုဘူးလို့လည်း ထင်လို့ပါ။ အခုတော့ လိုပြီထင်လို့..။

မေးလ်အကောင့်ကတော့ ဒီအဖွဲ့က သူငယ်ချင်းတွေ ဆက်သွယ်ရအောင် အကောင့်သစ်လေး လုပ်ထားတာပါ။ ဘဏ်ကနေ ဆက်သွယ်ချင်တဲ့ သူငယ်ချင်းတွေ မေးလ်ပို့ပေးပါ။ ကျွန်တော့် ဘဏ်အကောင့် ပြန်ပို့ပေးပါ့မယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီနေရာမှာ ကျွန်တော် တစ်ခုပြောလိုတာကတော့ ဒီထက်လည်း တခြားဒေသများမှ သူများကို တာဝန်ယူပြီး လက်ခံဆောင်ရွက်ဖို့ လူတွေ လိုနေသေးတယ် ဆိုတာပါပဲ။ ကျွန်တော်တို့ ဒီအသင်းကို မြန်မာသက္ကရာဇ် ၁၃၇၁ ခုနှစ် ပြာသိုလပြည့်ကျော် ( ၄ ) ရက် ၊ ခရစ်နှစ်၂၀၁၀ ၊ ဇန်နဝါရီလ(၃)ရက် တနင်္ဂနွေနေ့တွင်စတင်ဖွဲ့ စည်း ခဲ့ပါတယ်။

ဒါကြောင့် လူငယ်များနဲ့ ဖွဲ့စည်းထားသောကြောင့် လိုအပ်နေသော အခြေအနေများ ၊ ပိုမိုကောင်းမွန်နိုင်သော အကြံဥာဏ်များကို လာရောက် အကြံဥာဏ် ပေးဖို့လည်း ဖိတ်ခေါ်ပါရစေ။

အခု ဒီနှစ်မှာတော့ စစဦးဆုံး နှစ်ဦးရဲ့ အစလမှာ ကျွန်တော်တို့ ကူညီထောက်ပံ့မယ်လို့ ဆုံးဖြတ်ထားသော နေရာကတော့ .....


“ ဇန်နဝါရီလအတွက် လူမှု့ရေးနှင့် ပရပိာတလုပ်ငန်း အတွက် SaveTheAged အဖွဲ့မှ ရွေးချယ်ထားသောနေရာမှာ ဒဂုံဆိမ်ကမ်း မြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးပြီး အမှီအခိုမရှိသည့် သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်မှု ပေးနေသော ရွှေသံလွင် ဘိုးဘွားရိပ်သာ သို့ နေ့လည်စာထမင်း နှင့် မွန်းလွဲစာ ကော်ဖီနှင့် မုန့် ၊ ငွေပဒေသာပင် ၊ အဘိုးအဘွားများအား လှူဖွယ်ပစ္စည်းအနည်းငယ် စသည်တို့ကို STA အဖွဲ့သားများ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ထောက်ပံ့ လှူဒါန်းသွားကြမှာ ဖြစ်ပါတယ်။

နေ့ရက်ကတော့ - 24-01-2010 (တနင်္ဂနွေ)နေ့

အချိန် ကတော့ -မနက်( ၉ )နာရီအရောက်လာရန် နှင့် ( ၉ )နာရီ မိနစ်(၃၀)အထိစောင့်ဆိုင်းပေးသွားပါမည်။

စုရပ်နေရာက -38 လမ်းထိပ်၊ပန်းဆိုးတန်းကားဂိတ်အနီး မှာရှိတဲ့ Tokyo Donut ရှေ့နားမှာဖြစ်ပါတယ်။

အလှူကြိုပို့ကားကို ယင်းနေရာနှင့် မနီးမဝေး ရှိ ဗိုလ်အောင်ကျော်လမ်းထောင့် ၊ ပိာန္ဒူဘုရားကျောင်း ရှေ့နား တွင်ရပ်ထားပါမည်။ ကားနံပါတ်မှာ ဇ/2425 ဖြစ်ပြီး BM (အစိမ်းရောင်)ဖြစ်သည်။

ဒီလ အကြောင်းကြောင်းကြောင့် ( ကျွန်တော် ကြော်ငြာပေးတာလည်း နောက်ကျပါတယ်။ ) မမှီလိုက်သော သူငယ်ချင်းများကလည်း ဘာမှ စိတ်မကောင်းဖြစ်စရာ မရှိပါဘူး ခင်ဗျား။ ကျွန်တော်တို့ လစဉ် တစ်နေရာပြီး တစ်နေရာကို ရွေးခြယ်ပြီး ဆက်တိုက်လှူဒါန်းသွားမှာပါ။ကမ္ဘာ့နေရာ အသီးသီးက အလှူရှင်များကိုလည်း ကျွန်တော်တို့ ဆက်လက် အလှူခံသွားဖို့ ဆန္ဒရှိပါတယ်။ မိတ်ဆွေ သူငယ်ချင်းများ အနေနဲ့ကလည်း တတ်နိုင်သလောက် တခြားသော သူငယ်ချင်းများကို တဆင့် ဆက်လက် ဖိတ်ခေါ်ပေးပါ။

ကျွန်တော် နောက်တစ်ခါ ထပ်ပြောပါဦးမည်။

“ သင် တစ်နေ့ အိုရမည်။ ”

သူငယ်ချင်းတွေ အားလုံးကို ပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။
မှတ်ချက်။ ။ မေးလ်သို့ပေးပို့သော သူငယ်ချင်းအားကျေးဇူးတင်ပါသည်။ လက်ရှိကျနော်တို့နိုင်ငံတွင် ဒါဟာလည်း လိုအပ်ချက်တစ်ခုဖြစ်နေပါတယ်။ ဒါ့ကြောင့်ဖတ်မိသူမိတ်ဆွေများ တစ်တပ်တစ်အား ကုသိုလ်ပါဝင်နိုင်စေဖို့ တင်ပြလိုက်ရခြင်းဖြစ်ပါတယ်...။

ဒေါသကို ဘယ်လိုပယ်မလဲ???



ဒီမေးခွန်းရဲ့ အဖြေကို စာရေးသူ ကိုယ်တိုင်လည်း သိပ်သိချင်နေတာပါ။
ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတစ်လေ ဒေါသ ဖြစ်မိတဲ့အခါ ရင်ထဲက
"ဒုတ်. ဒုတ်" ဒုတ် ဒုတ်"နဲ့ အိပ်မပျော်တော့ပါ ဘူး။

ဒေါသဖြစ်တာထက် အိပ်မပျော်တာက ပိုတောင် စိတ်ဆင်းရဲရပါတယ်။
အဲဒီ အိပ်မပျော် တာ တစ်ချက်နဲ့တင် ဒေါသမဖြစ်ချင် တာပါ။ မဖြစ်ချင်
ပေမယ့် ဖြစ်နရတုန်းပါ။ အနာဂါမ် မဖြစ် သရွေ့တော့ ဖြစ်နေရဦးမှာပါ။

ဒါကြောင့် ဒေါသကို ဘယ်လို ပယ်ရမလဲ ဆိုတာကို သိပ်သိချင်တာပါ။

မဟာစည်ဆရာတော်ဘုရားကြီးက ဒေါသနဲ့ ပတ်သက်လို့ ၀မ္မိကသုတ်တရားတော်မှာ မျက်မှောက်ခေတ်
တကယ့်ဖြစ်စဉ် ဇာတ်လမ်းလေးတစ်ပုဒ်ကို ထည့်ဟော ထား ဖူးပါတယ်။
ဟောစဉ်တရားတော်က ဒီလိုပါ။

တစ်ခါက.. သုဓမ္မ၀တီပုံနှိပ်တိုက် တိုက်အုပ် ဦးပန်းမောင်ဆိုတဲ့ ဒကာကြီးက
မှတ်ဖွယ် ၀တ္ထုကလေး
တစ်ခုကို ပြောပါတယ်။ ဦးပန်းမောင်ဆိုတာကြားကောင်း ကြားဖူးပါ လိမ့် မယ်။

အဲဒီ ဦးပန်းမောင်က ရေဒီယိုထဲကနေပြီးတော့
"မဖြစ်စလောက်တရားတော်"ဟောမယ်ဆို
လို့ "ဘာများ
ဟောမှာ ပါလိမ့်မတုန်း"လို့ဘုန်းကြီးကနားထောင်နေတယ်။

သူ ပြောပုံကမဖြစ်စလောက်ကလေးနဲ့လည်းဒုက္ခဖြစ်တတ်တယ်၊
မဖြစ်စလောက်ကလေးပဲဆိုပြီးတော့မရိုမသေ
မလုပ်လိုက်ပါနဲ့တဲ့။ ဒကာလူရော အဲဒီတုန်းက မကြားလိုက်ဘူးလား၊
မကြားဘူးတဲ့သူတွေကပဲ များပါလိမ့်မယ်။
မဖြစ်စလောက် တရားတော်တဲ့၊ သူ ဥစ္စာကောင်း တယ်၊ အမည်ပေးပုံကလေးကိုက သိပ်ကောင်းနေတယ်။

ဖြစ်ပုံကလည်း ဆန်းတယ်၊ ဘယ်လို လဲဆိုတော့ တစ်ခါက အင်မတန် ရင်းရင်းနှီးနှီး
အတူနေကြတဲ့ ဦးပဉ္စင်း
နှစ်ပါး ရှိပါသတဲ့ ။ တစ်ပါးက ရေချိုးနေတယ်။ အဲဒီလို ရေချိုးနေတုန်း
သူ့ဖိနပ်ကို တစ်ပါးက ကျီစယ်လိုတဲ့အ
နေနဲ့ ၀ှက်ထားတယ်။ ဟိုရေချိုးနေတဲ့ ဦးပဉ္စင်းကရေးချိုးပြီးတဲ့အခါ ဖိနပ်
စီးမယ်လို့ ကြည့်လိုက်တော့သူဖိနပ်
ကို မတွေ့ရဘူး။

မတွေ့ရတော့ အဲဒီ ဦးပဉ္စင်းကလည်း သူ့ဖိနပ်ဝှက်ထားမှန်းသိလို့ ရယ်စရာအနေနဲ့
သူက ပြောတယ်။ ပေါ့ပေါ့
ဆဆ ပြောလိုက်တာပါပဲ။

" ဟေ့… ငါ့ဖိနပ်ကို ဘယ်ခွေးချီသွားမှန်း မသိဘူး" လို့ ပြောလိုက်သတဲ့။
ဒီတော့ ဖိနပ် ၀ှက်ထားတဲ့ ဦးပဉ္စင်းက စိတ်နာလိုက်တာမပြောပါနဲ့ကွာ။" ငါကို
ခွေးဖြစ်အောင် ဆိုတယ်"လို့ အတွေးခေါင်ပြီးတော့စိတ်နာလိုက်တာတဲ့။
ဟို ဖိနပ်ရှင် ဥိးပဉ္စင်းကတော့ စေတနာ မပါပါဘူး၊ ခပ်ပေါ့ပေါ့
ပြောလိုက်တာပါပဲ၊စိတ်နာလောက်အောင်လို့ပြော
လိုက်တာ မဟုတ်ပါဘူး။

သူ့ဖိနပ် ပျောက်သွားတော့ ဒီလိုပြောရမှာပဲ။ ဖိနပ် ခွေးချီတယ်လို့ ပြောတာဟာ
ပြောရိုး ပြောစဉ်ပဲ။ အပြောခံရတဲ့
ဦးပဉ္စင်းကတော့"ငါကိုခွေးဖြစ်အောင်ပြောရမလား"ဆိုပြီးစိတ်ဆိုးတာနဲ့အုတ်ခဲကြီးနဲ့
ဖိနပ်ရှင်ဦးပဉ္စင်းရဲ့ခေါင်းကိုထု
လိုက် တာ ပျံလွန်တော်မူရှာသတဲ့။

အောင်မယ် ပြောတာကတော့ သူ့ဥစ္စာ မဖြစ်စလောက်ပဲ။ ဒါပေမဲ့ ပြောတဲ့
ဦးပဉ္စင်းမှာ ပျံလွန်တော်မူရတယ်။
အုတ်ခဲနဲ့ ထူတဲ့ ပုဂ္ဂိုလ်လည်း ရာဇ၀တ်ပြစ်မှုကြီး ဖြစ်ရတယ်"။
ဝမ္မိကသုတ်တရားတော် - နှာ၁၃၉၊၁၄၀၊၁၄၁။

စာရေးသူတို့ မမီလိုက်တဲ့ တရားတစ်ပုဒ်ကို ဆရာတော်ဘုရားကြီး ပြန်ဟောပြလို့
သိခွင့် ရတာပါ။ဇာတ်လမ်းလေး
က စာကတစ်ဆင့် ဖတ်ရရုံနဲ့တင် ကြက်သီးထစရာပါ။ စိတ်သဘော မွန်မြတ်မှု
လေးတွေကတော့အတိုင်းအတာ
တစ်ခုအထိ ရှိနေမှာပါ။

ဒါပေမယ့် ဖြစ်လာတဲ့ဒေါသကို မထိန်းလိုက်နိုင်တဲ့ အတွက် ကာယကံမြောက် ကျူး
လွန် မိသားဖြစ်သွားရတာပါ။
ဒါမျိုးလေးတွေက လူလောကမှလည်း အများကြီးပါပဲ။

ဒေါသအလျောက် ရာဇ၀တ်သင့်နေတဲ့ ထောင်ထဲက သူတွေကို လော့လာကြည့်ရင် ပင်ကိုယ်
ဓာတ်ခံအားဖြင့်
စိတ်ထားလေးတွေက ကောင်းကြပါတယ်။ ဒါပေမယ့် ဖျက်ခနဲ ဖြစ်လိုက်တဲ့ ဒေါသကို
ဖျက်ခနဲမထိန်းလိုက်နိုင်
တဲ့အတွက်ဖျတ်ခနဲ ပြုမိသွားကြတာပါ။ သတိဝင်တဲ့အခါမှာ အားလုံးကျူးလွန်
ပြီးသား ဖြစ်နေပါပြီ။

ဒီလို ကျူးလွန်မိလိုက်တာကို "ငါ ပြုမိလိုက်တာမှ ဟုတ်မှ ဟုတ်ပါမလား"
ဆိုပြီး ကိုယ့်ကိုယ်ကိုတောင် မယုံပါဘူး။
ဒါပေမယ့် အရာအားလုံးက နောက်ကျ သွားခဲ့ပါပြီ။ နောက်ဆုံးတော့ လောကပြစ်
ဓမ္မပြစ်တွေကို နင့်နင့် ကြီး
ခံစားသွား ရတော့တာပါ။

တကယ်လို့ ဒေါသမဖြစ်ဘဲ မနေနိုင်လို့ ဖြစ်မယ်ဆိုရင်လည်း မနောကံအဆင့် လောက်
မှာပဲ ဖြစ်နေပြိး ၀စီကံ ၊
ကာယကံကို ကောင်းကောင်း စောင့်ထိန်း ထားလိုက်နိုင် ရင် အခုလို
အဖြစ်ဆိုးကြီးနဲ့ ကြုံရမှာ မဟုတ်ပါဘူး။

အနာဂါမ်မဖြစ်သရွေတော့ ဒေါသက ရှိနေဥိးမှာပါ။ ဒါပေမယ့် ဖြစ်ဦးတော့
မနောကံအဆင့်မှာပဲထိန်းထားလိုက်နိုင်
အောင် ကြိုးစားရပါမယ်။ မနောကံအဆင့် မှာပဲ ဖြစ်နေတာဆိုတော့သူတစ်ပါး
မသိပါဘူး။ ဒီတော့ကိုယ့်ကိုလည်း
သူတစ်ပါးက အထင်မသေးတော့ ပါဘူး။ တကယ်လို့ ပက်ကနဲ ပြန်ပြောမိလိုက်ရင် ကိုယ်
ဒေါသထွက်တာ လူသိ
သွားပါပြီ ၊ ဒါဆို ကိုယ့်ကိုလည်း အထင်သေးသွားပါပြီ။

ဦးဇင်လေးနှစ်ပါးရဲ့ ဖြစ်စဉ်ကို အားလုံးကြားဖူးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့
နှိုင်း ယှဉ် ကြည့် ရအောင်ပါ။

တစ်ခါတုန်းက ရဟန်းတစ်ပါးဟာ ကျောင်းဆောက်ဖို့ သစ်ပင်ခုတ်ပါတယ်။ အဲဒီ
သစ်ပင်မှာသားငယ်တစ်ဥိးနဲ့
နေနေတဲ့ နတ်သမီးက သူနေနေတဲ့ ဗိမာန်ကို မဖျက်ဆီးဖို့ တောင်းပန်ပါတယ်။
ဒါပေမယ့် မရပါဘူး။ ရဟန်းက
စိတ်လက်မာန်ပါနဲ့ ခုတ်ချလိုက်တာနတ်သမီးရဲ့ သားငယ်လေးလက်ကို
ထိခိုက်သွားပါတယ်။ဒီတော့နတ်သမီး
က ဒေါသအကြီး အကျယ် ထွက်ပြီး ရဟန်းကို သတ်ပစ်မလို့ ကြံလိုက်ပါတယ်။
ဒါပေမယ့် ဖြစ်နေတဲ့ ဒေါသကို
ထိန်းသိမ်းပြီး မြတ်စွာဘုရားရှင်ကို အကျိုးအကြောင်း သွားလျှောက်ပြပါတယ်။

ဒီတော့ မြတ်စွာဘုရားက
"ချစ်သမီး..ကိုယ့်ရဲ့ ဒေါသကို သိမ်းဆည်းနိုင်ခဲ့တာ သိပ် ကောင်းတာပဲ။
တကယ်လို့ ချစ်သမီးက အဲဒီအရဟန်းရဲ့ အသက်ကိုအန္တရယ်ပြုလိုက်ရင်
ချစ်သမီးအတွက် အကုသိုလ်တွေတိုးပွားသွားလိမ့်မယ်"လို့အားပေးနှစ်သိမ့်စကား
ပြောလိုက် ပါတယ်။ ပြီးတော့ မြတ်စွာဘုရားရှင် ကျောင်းအနီးမှာရှိတဲ့
သစ်ပင်တစ်ပင်မှာ နေဖို့ ပေးလိုက် ပါတယ်။

ရဟန်းငယ်လေးကော၊ နတ်သမီးလေးကောဒေါသတော့ ဖြစ်လိုက်ကြတာပါပဲ။ ဒါပေမဲ့ ရဟန်းငယ်လေးက
ကာယကံနဲ့ ၀စီကံကို မထိန်းလိုက်နိုင်ပါဘူး။ နတ်သမီးလေးကကာယကံ နဲ့ဝစီကံကို
ထိန်းလိုက်နိုင်ပါတယ်။ ဒေါသဖြစ်တာချင်းအတူတူ ကာယကံနဲ့ ၀စီကံကို ထိန်း
နိုင်ခြင်းနဲ့ မထိန်းနိုင်ခြင်းကွာသားပါတယ်။

ဖြစ်စဉ်လေးက စက္ကန့်ပိုင်း ၊ မိနစ်ပိုင်း အတွင်းလေးပါ။ ကိုယ်က
ဒီစက္ကန့်ပိုင်း၊ မိနစ်ပိုင်း အတွင်းလေးကို
ကောင်းကောင်း ထိန်းလိုက်နိုင်ဖို့ပါ။ မထိန်းလိုက်နိုင်ရင် ကြီးမားတဲ့
အပြစ်ဆိုး ကျိုးကြီးကို ရလိုက်တော့
တာပါ။

ဒီနေရာမှာ နည်းယူဖို့ကောင်းတာက နတ်မီးသလေးရဲ့ အပြုအမူပါ။ နတ်သမီးလေးက
ဖြစ်လာတဲ့ ဒေါသကို
ထိန်းပြီးအားကိုးလေးစားရာ မြတ်စွာဘုရားကိုသွားလျှောက်တာပါ။သွားလျှောက်တာ
အမှားမဖြစ်တော့ပါဘူး ။

ကိုယ်က ဒါလေးကို နည်းယူပြီး ဒေါသဖြစ်လာတဲ့ အခါ ကိုယ်လေးစားရတဲ့ တရားအသိ
အတော်အတန်ရှိတဲ့
ဆရာသမား၊မိဘမိတ်ကောင်းဆွေကောင်းတစ်ဥိးဥိးဆီပြောပြလိုက်ဖို့ပါ။ဆရာမိတ်ဆွေတွေရဲ့တရားစကားလေး
တစ်ခွန်းလောက် ကြားလိုက်ရရင် ဖြစ်နေတဲ့ ဒေါသ က ပြေသွားတာများပါတယ်။

ဒါလည်း နည်းယူရမယ့် ဒေါသဖြေနည်းတစ်ခုပါ။ ဒေါသ ဖြစ်လာတဲ့အခါ ကိုယ်တိုင်
မဆုံးဖြတ်ဘဲ ကိုယ့်ထက်
အသိဉာဏ် အတွေ့အကြုံရှိတဲ့သူကို တိုင် ပင်ပြီးမှ လုပ်တာက အကောင်းဆုံးပါ။
ဒေါသဖြစ်နေတုန်း ကိုယ့်သ
ဘောနဲ့ ကိုယ် ဆုံဖြတ်ရင် မှား တာများပါတယ်။

ဒီတော့ ဒေါသဖြစ်လာပြိဆိုရင် ကိုယ်လေးစားရသူ တစ်ဥိးဦးကို ရင်ဖွင့်
ပြောပြလိုက်ပါ။ ရင်ဖွင့်လိုက်၇င် စိတ်က
ပေါ့သွားတာ များပါတယ်။

တစ်ခု သတိထားရမှာက ကိုယ်တိုင်ပင် နည်းခံတဲ့သူက တရားအသိ အားနည်းပြီး
"ကိုယ့်ကို ဒီလို စောကားတာ
ငြိမ်ခံမနေနဲ့၊ ပြန်သာ ဆော်ပစ်လိုက်ပါလား၊ ငါဘာကူညိရမလဲ" ဆိုပြီ
မြှောက်ပေးတဲ့သူ မဖြစ်ဖို့ောတ့ လိုပါတယ်။
အဲဒီလို တရားအသိအားနည်းတဲ့
လူမျိုးများသွားတိုင်ပင်မိရင်ကိုယ်ကမကျူးလွန်ချင်ဥိးတော့သူကြောင့်
ကျူးလွန်
ချင် စိတ်တောင် ဖြစ်သွား ဦးမှာပါ။

လူ သုံးမျိုးတွေ့ရပါတယ်။
ဒေါသမဖြစ်အောင်နေတဲ့သူရယ်၊
ဒေါသဖြစ်ပေမယ့် ကိုယ့်ဖြစ်တဲ့ ဒေါသကို သိပြီး ရတဲ့နည်းတစ်ခုခုနဲ့ ပယ်ပစ်တဲ့သူရယ်၊
ဒေါသဖြစ်ပေမယ့် ကိုယ် ဒေါသ ဖြစ်နေမှန်း မသိဘဲ ဆက်ကာ ဆက်ကာ ဖြစ်နေတဲ့သူ ရယ်ပါ။

တစ်ချို့က ဒေါသမဖြစ်အေင်ကို နေတာပါ။ သူ့ကို ကြည့်လိုက်ရင်
ပြုံးပြုံးနဲ့ပါ။ မျက်မှာ ကလည်း ကြည်လင်နေတာပါ။ ဒေါသမဖြစ်တော့ စိတ်က
ကြည်နေ၊ စိတ်ကြည်နေတော့ ရုပ် ကပါ လိုက် ကြည်လင်နေတာပါ။

တစ်ချို့ကျတော့ အလိုမရှိတဲ့ အာရုံ တစ်ခုခုကို တွေ့ပြီး
ဒေါသတော့ဖြစ်လိုက်တာပါပဲ။ဒါပေမယ့်ကိုယ်ဒေါသဖြစ်နေ
မှန်းကို ချက်ချင်းသိလိုက်ပါတယ်။ သိတာနဲ့ ပယ်လို့ရ တဲ့ နည်း တစ် ခုခုနဲ့
ပယ်ပယ်ပစ်တာပါ။ ဒေါသဖြစ်ပေမယ့်
ဖြစ်တဲ့ ဒေါသက အကြာကြီး တည် မနေ တော့ပါဘူး။

တချို့ကျတော့ ကိုယ်ဒေါသဖြစ်ပေမယ့် ဖြစ်မှန်းကို မသိတော့တာပါ။ ဒါကြောင့်
ဒေါသကို ဆက်ကာ ဆက်ကာ
ဖြစ်နေတော့တာပါ။ မနေနိုင်တော့တဲ့ အဆုံး မပြောသင့်တဲ့စကားတွေ
ပြောချလိုက်မိရော။ မလုပ်သင့်တာတွေ
လုပ်ချလိုက်မိရော၊
နောက်ဆုံးတော့ ကြီးမားတဲ့ လောကပြစ်၊ ဓမ္မပြစ်ကြီးတွေပါ ကျူးလွန်မိသူ ဖြစ်သွားတော့
တာပါ။ ဒီအခြေနေမျိုး ရောက် သွား ရင် သိပ်ကြောက်ဖို့ ကောင်းတာပါ။

ကိုယ်က ပါရမီအားနည်းသေးလို့ ပထမ အမျိုးအစားမှာ မပါသေးရင်တောင် ဒုတိယ
အမျိုးအစားတော့ ပါအောင်
ကြိုးစားရမှာပါ။

ဒေါသဖြစ်လာပြီဆိုရင် ကိုယ်ဒေါသဖြစ်နေတာကို သိလိုက်ဖို့ပါ။
ကိုယ်ရှေ့မှာရှိတဲ့ ခွက် ကလေးကို ထိုင်ကြည့်နေသ
လို ဖြစ်နေတဲ့ ဒေါသလေးကို စိတ်ကလေးနဲ့ ထိုင်ကြည့်နေဖို့ပါ။ တတ်နိုင်သရွေ့
ဒေါသရဲ့ သဘောလေးကို မိနိုင်သမျှ
မိအောင် ကြည့်နေလိုက်ဖို့ပါ။

ဒေါသလေးက ဘယ်လိုလေးလဲ။ ဘယ်လိုလေးဖြစ်နေတာလဲဆိုပြီး ဒေါသရဲ့ သဘော လေးကို
သိနေလိုက်ဖို့ပါပဲ။

ဒီတော့ ဒေါသဖြစ်ဖြစ်လာပြီဆိုရင် နှုတ်က လည်း ပြောလိုက်ပါဦး။
"ကိုင်း…ဒေါသရေကြိုက်သလောက်ဖြစ်စမ်း၊ငါကတော့မင်းကိုစိုက်ကြည့်နေမှာပဲ"လို့ပြောပြီးဒေါသကိုသေချာသာ
စိုက်ကြည့်နေလိုက်ပါ။

မျက်စိနဲ့ကြည့်ရမှာတော့မဟုတ်ပါဘူး။စိတ်နဲ့ကြည့်နေရမှာပါ။ရှေ့မှာချထားတဲ့ကော်ဖီခွက်ကလေးကိုသေချာ
စိုက်ကြည့်နေရင် ခွက်ကလေးရဲ့ သဘောလေးကို သိရသလို ဖြစ်နေတဲ့ ဒေါသလေးက ဘယ်လိုလေးလဲ၊
ဘယ်လိုသဘော လေး ဖြစ်နေတာလဲ ဆိုတာ သိအောင် ကြည့်ရမှာပါ။

သိစ ကြည့်စမှာတော့ ဒေါသကလေးက ပျောက်ဦးမှာ မဟုတ်သေးပါဘူး။ သိပါ၊ သိပါ၊
ကြည့်ပါ ကြည့်ပါ
များလာရင် ဒေါသလေးက လျော့လျော့သွားတာ များပါတယ်။ လိုရင်းကတော့
ဒေါသဖြစ်လာရင် ဒေါသကို
ပြန်ကြည့်နေလိုက်ဖို့ပါ။

အဲဒီလို ဒေါသဖြစ်တာလေးကို သိလိုက် တာဟာ အဆင့်မြင့် ၀ိပဿနာနဲ့ ပယ်လိုက် တာပါပဲ။

မဟာသတိပဋ္ဌာန်သုတ်မှာ ဒေါသဖြစ်ရင် ဖြစ်တယ်လို့ သိလိုက်ပါတဲ့ ၊
မြတ်စွာဘုရားက ရိုးရိုးလေးပဲ ပြထားတာပါ။

ကျင့်စမှာတော့ ခက်နေမှာပါ။ ကျင့်ပါများသွားရင် အလေ့အကျင့်ဖြစ်ပြီး
လွယ်သွားလိမ့် မယ်။မခက်လှတဲ့ကျင့်စဉ်
လေးကို လက်တွေ့ကျင့်သုံးကြည့်သင့်ပါတယ်။ ကျင့်နေတဲ့ အချိန် မှာ တစ်ဖက်ကလည်း

"ငါ မြတ်စွာဘုရားကိုအကျင့်နဲ့ ပူဇော်နေတယ်၊ငါ မြတ်စွာဘုရားကိုအကျင့်နဲ့
ပူဇော်နေတယ်"လို့ နှလုံးသွင်းနေလိုက်
ပါ။ မြတ်စွာဘုရားကို အကျင့်နဲ့ ပူဇော် နေတာဆိုတော့ မြတ်စွာဘုရားရဲ့
မျက်နှာတော်လေးကို မြင်ယောင်ပြီး မြတ်စွာ
ဘုရားကို အားနာသွားပြီး ဒေါသကို ဆက်ပြီး မဖြစ်ရက်တော့ပါဘူး။ ဘာဖြစ်လို့လဲ
ဆုိောတ့ ကုိယ္က ျမတ္စြာဘုရား
ကို အနှို်င်းမဲ့ ကြည်ညိုထားလို့ပါ။

"ဒေါသ ဖြစ်လိုက်တာနဲ့ သိလိုက်ပြီး မြတ်စွာဘုရားကို အကျင့်နဲ့
ပူဇော်လိုက်"၊ "ဒေါ သဖြစ်လိုက်တာနဲ့ သိလိုက်ပြိး
မြတ်စွာဘုရားကို အကျင့်နဲံပူဇော်လိုက်"နဲ့ ကြာလောတော့

ဒုတိယ အမျိုးအစားထဲမှာ ပါသွားပါလိမ့်မယ်။ ဆက်လက်ပြီး
ကျင့်သွားမယ်ဆိုရင်တော့ ပထမ အမျိုးအစားထဲမှာ
တောင် ပါသွားတော့မှာပါ။

အဲဒီလိုမှ မပျောက်ရင်" ငါ ဒေါသဖြစ်နေတယ်၊ ငါ ဒေါသဖြစ်နေတယ်"လို့ ထပ်ကာ
ထပ်ကာ ဆိုနေလိုက်ပါ။
တကယ်လို့ ဒေါသက အင်အားသိပ်ကောင်းနေရင်လည်း"ငါ ဒေါသဖြစ်နေတယ်၊ ငါ ဒေါသ
ဖြစ်နေတယ်"လို့
အသံကို မြှင့်ပြီး ခပ်ကျယ်ကျယ်လေးသာ အော်ဆိုနေလိုက်ပါ။ ရွတ်ဆိုရင်းနဲ့
အသိဉာဏ် ၀င်လာတဲ့အခါ
ဒေါသက လျော့သွားတာ များပါတယ်။

အဓိကကတော့ဒေါသကိုပယ်ချင်တဲ့စိတ်ရှိဖို့ပါပဲ။
ပုထုဇဉ်အလျှောက်ဒေါသကိုမပယ်နိုင်သေး လို့ဒေါသဖြစ်နေ
ရသေးပေမယ့်ကိုယ်ကဒေါသကိုပယ်ချင်စိတ်ရှိဖို့ပါပဲ။ပယ်ချင်စိတ်ကိုအခြေခံပြီးရွတ်နေရင်လျော့လျောသွားတာ
များပါတယ်။

နောက်တစ်ခု သတိ ထားရမှာက ဒေါသဖြစ်နေတဲ့ အချိန်မှာ ကိုယ်ဒေါသ ဖြစ်ရ သူနဲ့
ဘာစကားမှ မပြောမိ
အောင်ရယ် ဘာမှ မလုပ်မိအောင်ရယ် အထူးသတိထားရပါမယ်။ဒေါသထွက်နေတုန်း ပြောလိုက် ပြုလိုက
်ရင် မှားသွားတာများလို့ပါ။

စာထဲမှာ ဘာဖြစ်လို့ ဒေါသဖြစ်ရသလဲလိုတော့ အနိဋ္ဌာရုံနဲ့ အယောနိသောမနသိကာရ
ကြောင့်ပါတဲ့။
အနိဋ္ဌာရုံဆိုတာ ကိုယ်မနှစ်သက်တဲ့ အာရုံ ကိုယ်အလိုမရှိအပ်တဲ့ အာရုံပါ။

ကိုယ်မနှစ်သက်တဲ့အဆင်း အသံ အနံ့ အရသာ အတွေ့အထိ ကိုယ်မနှစ်သက်တဲ့ အစား အစညာ
ကိုယ်နှစ်သက်တဲ့ ပစ္စည်း၊ ကိုယ်မနှစ်သက် တဲ့လူ စသည် စသည်တွေကြောင့် ဒေါသဖြစ်ရပါတယ်။

နောက်တစ်ခုက အယောနိသောမနသိကာရ နှစ်လုံးသွင်းမှားမူကြောင့်လည်း ဖြစ်ရ ပါတယ်။

ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံကြောင့်လည်း ဒေါသဖြစ်ရတာဆိုတော့ အနိဋ္ဌာရုံတွေကို
မမြင်အောင်
မကြားအောင် ကြိုရှောင်ထားလိုက်ရင်လည်း ဒေါသကို ကြိုတားပြီးသား ဖြစ်နေပါတယ်။

စာမှာတော့ ဒေါသဖြစ်ရခြင်းရဲ့ အကြောင်းရင်းဖြစ်တဲ့ အနိဋ္ဌာရုံနဲ့ အယောနိသော
မနသိ ကာရ ကြောင့်လို့
ဆိုပေမယ့် အယောနိသောမနသိကာရ အဓိကကျပါတယ်တဲ့။ဘာဖြစ်လို့လဲ ဆိုတော့ကိုယ်မနှစ်သက်တဲ့
အနိဋ္ဌာရုံနဲ့တွေ့ဦးတော့ ယောနသောမနသိကာရနဲ့ နှစ်လုံးသွင်း လိုက်၇င် ဒေါသ
မဖြစ်တော့ပါဘူးတဲ့။

ဒေါသကို ပယ်ချင်တဲ့သူက ဒီစာမှတ်ချက်ကလေးကို သေချာအာရုံပြုထားရမှာပါ။
ကြုံလာတဲ့ အာရုံတိုင်း
ကို ယောနိသော မနသိကာရနဲ့ နှလုံးသွင်းထားလိုက်၇င် ဒေါသဖြစ်နိုင် စရာ မရှိတော့ပါဘူး။

စာထဲမှာ ထပ်ပြထားတာကတော့ အနိဋ္ဌာရုံကို တားလို့မရပါဘူးတဲ့။ ဟုတ်လည်း ဟုတ်
ပါတယ်။ ပတ်ဝန်းကျင်
်နဲ့ နေရတာဆိုတော့ ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံကတော့ အရှေ့ အနောက် တောင်
မြောက် ၀ဲ ယာကနေ ပေါ်
ချင်သလို ပေါ်ပေါ်နေမှာပါ။ ဘယ်လိုမှ တားလို့ ရမှာ မဟုတ်ပါဘူး။

ယောနသောမနသိကာရကို လက်ကိုင်ထားနိုင်မှ ကိုယ်မဖြစ်ချင်တဲ့ ဒေါသက မဖြစ် မှာပါ။

ဒီတော့ကိုယ်မနှစ်သက်တဲ့ အာရုံကို ယောနိသော မနသိကာရနဲ့ နှလုံးသွင်းတဲ့
အလေ့လေးကိုထပ်ကာထပ်ကာ လေ့ကျင့်ထုံထားနိုင်ရပါမယ်။ လေ့ကျင့်စမှာတော့
ရချင်မှ ရမှာပါ။ လေ့ကျင့်ပါ များလာရင်တော့ အတိုင်းအတာ
တစ်ခုအထိတော့ ရင့်ကျက် သွား တော့မှာပါ။

ဒါကြောင့် ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံတွေ့လိုက်တာနဲ့
"ငါ ယောနိသောမနသိကာရနဲ့ နေမယ်"
"ငါ ယောနိသောမနသိကာရနဲ့ နေမယ်" လို့ ငါးခါခြောက်ခါလောက် ဆင်ခြင်ပစ် လိုက်ပါ။

ဆင်ခြင်မှုကို လျှော့မတွက်ပါနဲ့။ ဆင်ခြင်ပါများရင် အဲဒီဆင်ခြင်မှုကပဲ
ယောနိသော မနသိကာရ ဖြစ်ဖို့ အတွက် ကူညီသွားပါလိမ့်မယ်။

ဇာတ်ဝတ္ထုတွေ ထဲမှာ ဆင်ခြင်ရင်းနဲ့ သံဝေဂဖြစ်၊ အဲဒီ သံဝေဂကိုပဲ အခြေခံပြီး
ဝိပဿနာ ဆက်ကူးသွားတာ
တရားထူး တရား မြတ် ရဖို့အထိတောင် အထောက်အပံ့ ဖြစ်တာပါ။

ဒီတော့ ရတာ မရတာထား၊ ဆင်ခြင် စရာရှိတာ တင်းတင်းသာ ဆင်ခြင်နေလိုက်ပါ။
ဆင်ခြင်မှုရဲ့ အကျိုးကိုတော့
ခံစား ရပါလိမ့်မယ်။

ဒေါသ ပယ်နည်းတွေကတော့ စာထဲမှာ အများကြီးပါပဲ။
ဒီတော့ ဆင်ခြင် နှလုံးသွင်းပြီး ပယ်တာရယ်၊ ၀ိပဿနာနဲ့ ပယ်တာရယ်ပဲ ရေးပြလိုက်ပါတယ်။

ကဲ… စာဖတ်သူ၊ ဒေါသဖြစ်လာတဲ့အခါ
"ကဲ… ဒေါသ ၊ မင်းကြိုက်သလောက် ဖြစ်စမ်း၊ ငါကတော့ မင်းကို
သေချာထိုင်ကြေည့်နေမှာပဲ" ဆိုပြီး ဖြစ်လာတဲ့
ဒေါသကလေးကို စိုက်ကြည့် နေလိုက်ပါ။ ကြည့်ပါ ကြည့်ပါများလာရင်
တစ်နေ့သောအခါမှာ ဒေါသနည်းသူတစ်
ယောက် ဖြစ်သွားပါလိမ့်မယ်။

ရဝေနွယ်(အင်းမ)



**ကူးယူဒါနပြုပါသည်**
သီလကျင့်စဉ်၊သမာဓိကျင့်စဉ်၊ပညာကျင့်စဉ်တွေကိုဖြူဖြူစင်စင်ဖြည့်ကျင့်ကာ
စိတ်ထားဖြူစင်အောင်ထားနိုင်သူများဖြစ်ပြီး သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ကြပါစေ............။
ရင်းနှီးလေးစားစွာနှင့် ............

စဉ်းစားခြင်းနှင့်တွေဝေခြင်း



တွေဝေခြင်း၊ စဉ်းစားခြင်း စသည်တို့ကို ထိုစဉ်ကပင် ကျွန်တော့်ဘ၀တွင် အမှတ်မထင် စကားလုံးနှစ်ခုကို သတိပြုမိခဲ့သည်။ တွေဝေမှု၊ စဉ်းစားမှု ဘယ်လိုကွာသလဲ ။ ကျွန်တော့်ဦးလေးလို အလုပ်တစ်ခုကိုတော်တော်နှင့်လည်းမလုပ်၊ အချိန်တန်လည်းမပြီး တွေဝေငေးငိုင်နေတတ်သူတွေ လောကတွင် အများကြီးရှိနေပေသည်။
သူတို့၏ ရလဒ်ကတော့ အလုပ်တွေမပြီးခြင်း၊ အလုပ်တွေတောင်လိုပုံနေစေခြင့်၊ နောက်ဘာမှမည်မည်ရရ အလုပ်မဖြစ်ခြင်း၊ ဆုံးရှုံးခြင်းတွေပဲ ဖြစ်ပေသည်။
စဉ်းစားခြင်းနှင့် တွေဝေခြင်းမှာလည်း သာမန်အားဖြင့်တူညီသည်ဟု ထင်နေရသည်။ အမှန်တွင်အကွာကြီး
ကွာသည်။ လူတစ်ယောက်စဉ်းစားနေသည်နှင့် တွေဝေနေသည်မှာလည်း အသွင်သဏ္ဍာန်အားဖြင့် ခပ်ဆင်ဆင်
တူပါသည်။ သို့ပေမဲ့ သေချာအကဲခတ်နိုင်လျှင်မူ ကွာခြားတတ်ပါသည်။ စဉ်းစားခြင်းနှင့် တွေဝေခြင်း၏ အဓိပ္ပါယ်မှာမျာစွာ ကွာခြား၏။ အနှစ်သာရချင်း များစွာခြားနားသည်။
တွေဝေခြင်းဆိုသည်မှာ အလုပ်တစ်ခုအပေါ် လုပ်ရမည်လား ၊ မလုပ်ရဘူးလား။ အကြောင်းကဘာလဲ ။ အကျိုးကဘာလည်း ။ မသိတတ်ပါ။ သက်ဆိုင်ရာအကြောင်းခြင်းရာနှင့် စပ်လျဉ်းသည့် အခြေခံများကိုလည်း မှန်ကန်စွာ ခွဲခြမ်းစိတ်ဖြာခြင်းဖြင့်လည်း နားလည်နိုင်စွမ်းမရှိ ။ လူကြည့်ရလျှင်ပင် ငူငူငိုင်ငိုင်ဘာလုပ်ရမည် ။ ဘာလုပ်သင့်သည်ကို မဆုံးဖြတ်နိုင်။ သည်တော့လုပ်သင့်သည်တို့ကို ဘာမျှမလုပ်နိုင်ဘဲ။ စဉ်းစားယောင်ပြူ
သည့် တွေဝေခြင်းကြောင့် အလုပ်လည်းမပြီး ကိုယ့်အတွက်လည်းအကျိုးမဖြစ်ဘာကိုဆုံးဖြတ်ရမည်ကိုလည်း မသိနိုင်ပေ။စဉ်းစားခြင်းကို အင်ဒရေးမော်ရွိုင်း(Andre Maurois)က The Art of Living စာအုပ်တွင် အောက်ပါ အတိုင်းအဓိပ္ပါယ် ဖွင့်ထားပေသည်။
စဉ်းစားတွေးခေါ်ခြင်း ဆိုတာဘာလဲ
မိမိ၏ လုပ်ရပ်များကြောင့် အစစ်အမှန် လောကကြီးထဲမှာ ပေါ်ထွက်လာရသောရလဒ်များ ၊အကျိုးသက်ရောက်မှုများကိုသင်္ကေတများ အာရုံရုပ်ပုံများဖြင့်ပေါင်းပြီးခန့်မှန်းရန်၊
ကြည့်မြင်ရန်ကြိုးစားသောလူ၏ အားထုပ်မှု ၊ ဒါဟာစဉ်းစားခြင်းပါပဲ ။ မိမိရဲ့ လုပ်ဆောင်ချက်ကြောင့် ဒိဌဓမ္မ လောကကြီးထဲမှာ မျက်မှောက်အကျိုးသက်ရောက်မှု တစ်ခုပေါ်သွားတယ် ။ အဲဒီအကျိုးသက်ရောက်မှုကို ဘယ်လို အကျိုးသက်ရောက်မှုလဲဆိုတာကို သင်္ကေတများ ၊ အာရုံထင်ရုပ်ပုံများနဲ့ မြင်အောင် အားထုတ်ရတယ် ၊ သိအောင်အားထုတ်ရတယ် ၊ ဒါဟာစဉ်းစားတွေးခေါ်ခြင်းပဲ ဖြစ်တယ်။
တွေးခေါ်မှု ၊ စဉ်းစားမှု ဟူသမျှဟာ အလုပ်တစ်ခုကို ပုံကြမ်းဆွဲတာဖြစ်တယ်
နောက်မှာ အဲဒီပုံကြမ်းကို ဆေးရောင်တွေခြယ်ရတော့မယ်။ တချို့ကိုပြင်ရ တချို့ကို ထပ်ဖြည့်ရ ။ အဲဒီအခါမှာတော့ ကျွန်တော်တို့ ဘ၀ရဲ့ ပုံကားချပ်ဖြစ်လာတော့တာပဲ " ဟုရေးထားပေးသည်။
စဉ်းစားကြံဆမှု မရှိဘဲ ဘယ်အရာမှ ကောင်းကောင်းဖြစ်မလာနိုင်ပေ ။ ပညာရှင်အများကလည်း စဉ်းစားခြင်းကြောင့်လောကကြီးတိုးတက်နေကြောင်း မိန့်ဆိုတတ်ကြသည်။ကျည်းကန်ရှင်ကြီး၏ မေတ္တာစာပိုဒ် တွင် " စုံစမ်းကြည့်ရှု ၊ စရံနယ်လျက် ၊ အထည်နှင့် အနံ ၊ ဆင်တန်ရုံကြံစား ယောက်ျားပီစွာ ၊ လိမ္မာမြှော်မြင်သည် နှင့်အညီ " လို့လမ်းညွန်ထားပေသည် ။ တွေးတောကြံဆ ၊ စဉ်းစားဥာဏ်သုံးပြီး လောကကြီးကိုရင်ဆိုင်တက်ဖို့ မှာထားခြင်းပင်ဖြစ်သည်။
စဉ်းစားတက်မှုတွေကြောင့်ပဲ လူအချင်းချင်း ကွဲပြားသွားပေသည်။ စဉ်းစားမှုသာသူနှင့် တွေဝေနေသူတို့ ဘ၀ အောင်မြင်ပုံခြင်းမတူပေ။ မိမိဘ၀ကို မိမိတော်သလို မဟုတ်လေးလေးနက်နက် သဘောထားသူတစ်ယောက် ဖြစ်ပါက "စဉ်းစားတွေးတောကြံဆမှု"များသည် အရေးပါသည်ကို သတိပြုသင့်ပါသည်။ စဉ်းစားသောအခါ မှာလည်း မှန်ကန်စွာ ပြုမူတက်ဖို့ လိုပေသည်။ "ကျွန်တော်တို့ဟာ မှန်ကန်စွာလုပ်နိုင်ဖို့ အတွက် မှန်ကန်စွာ တွေးခေါ် ဆုံးဖြတ်နိုင်အောင် ကြိုးစားရမယ်" ဟု "ပါစကယ်" ကပြောဖူးသည်။ သူပြောသည့် မှန်ကန်စွာစဉ်းစား ခြင်းဆိုသည်ကို အောက်ဖော်ပြပါ အချက်လေးချက်နဲ့ တိုက်ဆိုင်လို့ရမည်ထင်ပါသည်။

၁။ ပြသနာ တစ်ခုကို စဉ်းစားသင့်သလောက်စဉ်းစားခြင်း။
အချို့က ပြသ၁နာတစ်ခုတွေ့လျှင် စဉ်းစားဖို့ပျင်းတတ်ကြသည်။စဉ်းစားသည်မှာ စိတ်ပင်ပန်းသော အလုပ်ဟုဆိုကာ ရှောင်တတ် တိမ်းတတ်သည်။ ထိုသို့ရှောင်လိုက်လျှင် ဇိမ်ကျသွားပြီဟု ထင်မြင်သဘောထား တတ်ကြသည်။တဖန် စဉ်းစားခြင်း၏ ရန်သူများကတော့ အရင်လိုခြင်း၊ စိတ်မရှည်ခြင်းတို့ဖြစ်သည်။စဉ်းစားရင်း နှင့် မိမိယူဆချက်သည် လုံးဝအမှန်လော ။ စိတ်တစ်ဒေသပဲ မှန်သလား ဆိုသည့်မေးခွန်းမျိုးဖြင့် ဆက်စပ် တွေးခေါ်ရပေမည် ။ မေးခွန်းတွေ ထပ်မေး၊ ထပ်မေးရင်း စဉ်းစား တာဟာ ပြသ၁နာရဲ့ ရေဆုံး ၊ရေခန်းကို လိုက်တာပါပဲ ။ သို့မှသာ အဖြေသည် တိကျစွာပေါ်လာပေလိမ့်မည်။
၂။ လေးနက်စွာစဉ်းစားခြင်း
စဉ်းစားတာက မရေမရာ၊ အိမ်မက်ယောင်ယောင် ၊ဘာယောင်ယောင် ဟိုရောက်ဒီရောက် ၊ ပန်းပွင့်တွေမှာ ၀တ်ရည်လာစုပ်သော ပျားများကဲ့သို့ လာနားလိုက်ပျံသွားလိုက် ၊ ခွာလိုက် ပူးလိုက် ဖြစ်နေလျှင် စဉ်းစားခြင်းမှာ ခိုင်မြဲမှုမရှိ ။ လေးနက်စွာ စဉ်းစားမှုမရှိဟု ဆိုရပေမည်။အကြောင်းအရာတစ်ခုကို လေ့လာရာမှာ ပြည့်စုံဖို့ ၊ လေးနက်ဖို့ လိုပေသည်။ အချကအလက်မျာသည် ဘယ်တုန်းက ၊ ဘယ်မှာ ၊ ဘာ့ကြောင့်၊ ဘယ်သူက ၊ ဘယ်လို ၊ဘာဖြစ်သလဲ ဆိုသောအမေးများကို ဖြေနိုင်အောင် ပြည့်စုံစွာ စဉ်းစားခြင်းဖြစ်သည် ။ သည်မှာ ဘခြောက်လုံးသည် တကယ်ထိရောက်မှုကို ဖြစ်စေသော လှုံ့ဆော်ပေးသည့် စကားလုံးများဖြစ်ပေသည်။
၃။ ခြေခြေမြစ်မြစ် စဉ်းစားခြင်း ။
စိတ်ချရသော အချက်အလက်များ မှန်ကန်ခိုင်မာကြောင်း သောချာသော အထောက်အထားမပြည့်စုံဘဲ ခုန်ကျော်ပြီး လိုသလို ကောက်ချက်ချတာဟာ စဉ်းစားမှု အမှန်မဟုတ်၊ ခြေခြေမြစ်မြစ်စဉ်းစားခြင်းမဟုတ်ပေ၊။ များသောအားဖြင့် လူအများသည် ကိုယ်ကြိုက်တာ မကြိုက်တာ စိတ်ထဲတွင် ရုတ်တရက်ပေါ်ပေါက်လာတာ ၊ အခံရှိထားနှင့်သော မနှစ်သက်ချက်၊ မျှော်လင့်ချက် ၊ကြောက်ရွံ့ခြင်းများကို အခြေခံပြီး ထင်မြင်ယူဆလေ့ရှိ၏။ ခိုင်မာသော အထောက်ထားများကို မရှာတော့ဘဲ စဉ်းစားခြင်းမျိုး ပြုတက်ကြသည်။ ထိုသို့ မဖြစ်သင့်ပေ။
၎။ ယုံကြည်သင့် အမြင်ဖြင့် စဉ်းစားခြင်း ။
စာရေဆရာကြီး ရှိတ်စပီးယားက လောကကြီးမှာ ကောင်းတယ်ဆိုးတယ် ဆိုတာ ဘာမျှမရှိပါဘူး ၊ စဉ်းစား တွေးတော ထင်မြင်တာတွေက လုပ်တာပါ လို့ ဆိုဖုးသည်။ လုပ်စရာ ရှိသည်များကို ဖြစ်မြောက်အောင်လုပ်ရမည် ဆိုသော ယုံကြည်ချက်ဖြင့် ကိုင်တွယ်လုပ်ကိုင်ရပေမည် ။ အဖြစ်ကိုစဉ်းစားခြင်းကို ပိုပြီးအားပေးရပေမည် ။ အလုပ်တစ်ခုကို ကြိုးကြိုးစားစား ဥာဏ်အမြင်ရှေ့ထားပြီး လုပ်သင့် ၊ စဉ်းစားသင့်ပေသည်။ ကောင်း၏ ဆိုသော ယုံကြည်ချက် အမြင်ဖြင့် စဉ်းစားခြင်းသည် အောင်မြင်မှုကို တွန်းပို့နိုင်ပေသည်။ထိုကြောင့် တွေဝေမှုကို ကျောခိုင်းကာ မှန်ကန်သော စဉ်းစားခြင်းများဖြင့် ကိုယ်စွမ်းအားကို စနစ်တကျ မြင့်တင်သင့်ပေသည်။

(မောင်ရဲလူ)