Thursday, November 25, 2010

သားအမိနှစ်ဦး ဘုရားဖူး


ဒေါ်အောင်ဆန်းစုကြည် နှင့် ရန်ကုန်တွင် ရောက်နေသည့် သူ၏ သားငယ် ကိုထိန်လင်း (ကင်မ်အဲရစ်) တို့ ယနေ့ နံနက်ပိုင်းက ရွှေတိဂုံတွင် တွေ့ရပုံများ (photos: AP) 

အိန္ဒိယရဲ့ မြန်မာနဲ့ဆက်ဆံရေးအပေါ် ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

အိန္ဒိယနိုင်ငံဟာ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေအပေါ် အားပေးထောက်ခံ တာမျိုး မရှိတဲ့အတွက် စိတ်မကောင်း ဖြစ်ရတယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ မှာ ထုတ်ဝေတဲ့  India Express သတင်းစာနဲ့ တွေ့ဆုံမေးမြန်း ရာမှာ အခုလို ဖြေကြားတာဖြစ်တယ်လို့ သတင်းစာက ဒီကနေ့မှာ ရေးသားပါတယ်။

Photo: RFA
့မြန်မာ့ ဒီမိုကရေစီရေးအတွက် India မှ ပါဝင် လှုပ်ရှားရန် တိုက်တွန်းတောင်းဆိုသော India နိုင်ငံမှ ဆန္ဒပြပွဲ တခုကို တွေ့ရပုံ။
အိန္ဒိယအစိုးရရဲ့  မြန်မာနိုင်ငံအပေါ်ထားတဲ့ သဘောထားကြောင့် စိတ်မကောင်း ဖြစ်မိကြောင်း၊ မဟတ္တမ ဂန္ဒီကြီး နဲ့  ဂျဝါဟလာနေရူးတို့ရဲ့  အစဉ်အလာ ကြီးခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ ဒီလမ်းစဉ်နဲ့ မိမိတို့  ဒီမိုကရေစီအရေး လှုပ်ရှားမှု ဖက်ကနေ ရပ်တည်လိမ့်မယ်လို့ ထင်မြင်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားထားပါတယ်။ ဒါ့အပြင် အိန္ဒိယအနေနဲ့  စစ်အစိုးရ ဗိုလ်ချုပ်ကြီးတွေနဲ့  ဆက်ဆံရေး ထားရှိတာကို မကန့် ကွက်ကြောင်၊ ဒါပေမယ့် မိမိတို့နဲ့လည်း ဆက်ဆံမယ်လို့ မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့  အင်တာနက်လိုင်း ရရှိဖို့  အာဏာပိုင်တွေဆီ လျှောက်ထားကြောင်း၊ Facebook နဲ့ Twitter စတဲ့ အင်တာနက် လူမူ ကွန်ယက်တွေကနေ အားပေး ထောက်ခံသူတွေနဲ့ အဆက်အသွယ်ရှိဖို့  မျှော်လင့်နေတယ်လို့လည်း ပြောကြောင်း သတင်းစာက ရေးသားထားပါတယ်။

ရင်းမြစ်။ ။RFA