Wednesday, December 23, 2009
အမှတ်ရစေ မွေးရပ်မြေ
ဒီအချိန်မှာဆို ရွှေရောင်တွေဖြာ
နေခြည်မှာ လင်းလဲ့
ရွှန်းလဲ့တဲ့ကျက်သရေ
တို့ပြည်က ဆံတော်ရှင်
ပြည်သူတွေနဲ့စည်ကား
တောင်ပေါ်ခရီးကို အတူသွားလို့
ပျော်ပျော်ပါးပါးဦးခိုက်မှာကို အတွေးမှာမြင်ယောင်နေရင်း
နောင်ခါတစ်နေ့နေ့
တို့တွေအတူဖူးစို့
မမေ့ကြနဲ့သူငယ်ချင်း......
ဘ၀အတွက် စိတ်ဓာတ်အင်အား
တနေ့မှာ ဆရာက ဖန်ခွက်တစ်လုံးကို လက်မှာကိုင်ထားပြီး 'ဒီဖန်ခွက်က
ဘယ်လောက်လေးမယ်ထင်သလဲ' လို့ ကျောင်းသားတွေကို မေးတယ်.. ၅၀ဂရမ်၊ ၁၀၀ ဂရမ်
အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူရတယ် ..
ဆရာက ဆက်ပြောတယ် ..'ဒီဖန်ခွက်ရဲ့ တကယ့် အလေးခ်ျိန်ကိုတော့ ဆရာမသိပါဘူး။
ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက် ကိုင်ထားရင်
ဘာဖြစ်မလဲ ဆိုတာပဲ ..'
"ဘာမှမဖြစ်ဘူး" လို့ ကျောင်းသူတစ်ယောက်ကဖြေတော့
"တော်တော်ကြာကြာကိုင်ထားရင်ရော" လို့ ဆရာက ဆက်မေးတယ် ..
"လက်တွေညောင်းပြီး ထုံကျင်လာမယ်" လို့ ဖြေကြတယ် …
'ကောင်းပြီ ..တနေကုန်ကိုင်ထားရင်ရောကွာ' လို့ ဆရာမေးတော့
ရွှတ်နောက်နောက်ကျောင်းသားတစ်ယောက်က "မင်းလက်ကြီး ထုံကျင်လာမယ်၊ ပြီးတော့
လက်မောင်းကိုက်လာမယ် ၊ ပြီးတော့ မင်းရဲ့ ကြွက်သားတွေအညောင်းမိ လေဖြတ်ပြီး
ဆေးရုံရောက်မယ်" လို့ ပြောတော့ တတန်းလုံး ၀ိုင်းရယ်ကြတယ် …
ဆရာက 'မင်းပြောတာမှန်တယ် ..ဒါဆိုရင် ဘာလို့ အဲ့လိုဖြစ်သွားတာလဲ
..ငါကိုင်ထားတဲ့အချိန် အတွင်းမှာ ဖန်ခွက်ရဲ့ အလေးချိန် ပိုတိုးလာလို့လား'
လို့ ဆက်မေးတော့ မတိုးပါဘူးလို့ တညီတညွှတ်တည်းဖြေကြတယ် …
'ဖန်ခွက်ရဲ့ အလေးချိန်ပြောင်းသွားတာလဲ မဟုတ်ပဲနဲ့ ..ဆရာက ဘာလို့ အဲ့လို
နာကျင်မှုဝေဒနာတွေ တိုးပြီး ခံစားရတာလဲ၊ အဲ့ဒီ ဝေဒနာတွေ သက်သာအောင် ဆရာ
ဘာလုပ်ရမလဲ' လို့မေးတော့ ကျောင်းသူတစ်ယောက်က 'Put the Glass Down;
ဖန်ခွက်ကို အောက်ပြန်ချထားလိုက်ပေါ့' လို့ ဖြေလိုက်ပါတယ် …
ဆရာက 'သိပ်မှန်ပါတယ် ..မင်းတို့ ဘ၀မှာ ကြုံရတဲ့ ပြဿနာတွေကို ခေါင်းထဲမှာ
ခဏလောက်ထည့်ထားရင် ဘာမှမဖြစ်သေးပါဘူး။ အကြာကြီး သိမ်းထားပြီး
စဉ်းစားနေတဲ့အခါ ကြာလာတော့ မင်းတို့ကို စတင်ပြီး နာကျင်မှုပေးလာမယ် ၊
ဝေဒနာဖြစ်စေလာမယ်။ ပြဿနာတွေကို ဖြေရှင်းရတာ ဘ၀ရဲ့ ရသ တစိတ်တပိုင်းပါ။
ဒါပေမဲ့ နေ့တနေ့ရဲ့ အဆုံးမှာတော့ တနေကုန်အဖြေရှာမရတဲ့
အဲ့ဒီအကြောင်းတွေကို မေ့ထားခဲ့ပါ။ နောက်တနေ့အတွက် ဒါတွေဆက်တွေးတောဖို့
အားအင်တွေလိုပါတယ် …လူသစ် စိတ်သစ်နဲ့ မနက်ဖြန်တွေကို ရင်ဆိုင်ဖို့
ဖန်ခွက်တွေကို ခဏလောက်ပြန်ချထားခဲ့ပါ ..' လို့ ဆရာက မှာလိုက်ပါတယ် ..........။ ။
အားလုံး...အားလုံး **နေ့သစ်ကို စိတ်သစ်နဲ့လျှောက်လှမ်းနိုင်ကြပါစေ**
ဘယ်လောက်လေးမယ်ထင်သလဲ' လို့ ကျောင်းသားတွေကို မေးတယ်.. ၅၀ဂရမ်၊ ၁၀၀ ဂရမ်
အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူရတယ် ..
ဆရာက ဆက်ပြောတယ် ..'ဒီဖန်ခွက်ရဲ့ တကယ့် အလေးခ်ျိန်ကိုတော့ ဆရာမသိပါဘူး။
ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက် ကိုင်ထားရင်
ဘာဖြစ်မလဲ ဆိုတာပဲ ..'
"ဘာမှမဖြစ်ဘူး" လို့ ကျောင်းသူတစ်ယောက်ကဖြေတော့
"တော်တော်ကြာကြာကိုင်ထားရင်ရော" လို့ ဆရာက ဆက်မေးတယ် ..
"လက်တွေညောင်းပြီး ထုံကျင်လာမယ်" လို့ ဖြေကြတယ် …
'ကောင်းပြီ ..တနေကုန်ကိုင်ထားရင်ရောကွာ' လို့ ဆရာမေးတော့
ရွှတ်နောက်နောက်ကျောင်းသားတစ်ယောက်က "မင်းလက်ကြီး ထုံကျင်လာမယ်၊ ပြီးတော့
လက်မောင်းကိုက်လာမယ် ၊ ပြီးတော့ မင်းရဲ့ ကြွက်သားတွေအညောင်းမိ လေဖြတ်ပြီး
ဆေးရုံရောက်မယ်" လို့ ပြောတော့ တတန်းလုံး ၀ိုင်းရယ်ကြတယ် …
ဆရာက 'မင်းပြောတာမှန်တယ် ..ဒါဆိုရင် ဘာလို့ အဲ့လိုဖြစ်သွားတာလဲ
..ငါကိုင်ထားတဲ့အချိန် အတွင်းမှာ ဖန်ခွက်ရဲ့ အလေးချိန် ပိုတိုးလာလို့လား'
လို့ ဆက်မေးတော့ မတိုးပါဘူးလို့ တညီတညွှတ်တည်းဖြေကြတယ် …
'ဖန်ခွက်ရဲ့ အလေးချိန်ပြောင်းသွားတာလဲ မဟုတ်ပဲနဲ့ ..ဆရာက ဘာလို့ အဲ့လို
နာကျင်မှုဝေဒနာတွေ တိုးပြီး ခံစားရတာလဲ၊ အဲ့ဒီ ဝေဒနာတွေ သက်သာအောင် ဆရာ
ဘာလုပ်ရမလဲ' လို့မေးတော့ ကျောင်းသူတစ်ယောက်က 'Put the Glass Down;
ဖန်ခွက်ကို အောက်ပြန်ချထားလိုက်ပေါ့' လို့ ဖြေလိုက်ပါတယ် …
ဆရာက 'သိပ်မှန်ပါတယ် ..မင်းတို့ ဘ၀မှာ ကြုံရတဲ့ ပြဿနာတွေကို ခေါင်းထဲမှာ
ခဏလောက်ထည့်ထားရင် ဘာမှမဖြစ်သေးပါဘူး။ အကြာကြီး သိမ်းထားပြီး
စဉ်းစားနေတဲ့အခါ ကြာလာတော့ မင်းတို့ကို စတင်ပြီး နာကျင်မှုပေးလာမယ် ၊
ဝေဒနာဖြစ်စေလာမယ်။ ပြဿနာတွေကို ဖြေရှင်းရတာ ဘ၀ရဲ့ ရသ တစိတ်တပိုင်းပါ။
ဒါပေမဲ့ နေ့တနေ့ရဲ့ အဆုံးမှာတော့ တနေကုန်အဖြေရှာမရတဲ့
အဲ့ဒီအကြောင်းတွေကို မေ့ထားခဲ့ပါ။ နောက်တနေ့အတွက် ဒါတွေဆက်တွေးတောဖို့
အားအင်တွေလိုပါတယ် …လူသစ် စိတ်သစ်နဲ့ မနက်ဖြန်တွေကို ရင်ဆိုင်ဖို့
ဖန်ခွက်တွေကို ခဏလောက်ပြန်ချထားခဲ့ပါ ..' လို့ ဆရာက မှာလိုက်ပါတယ် ..........။ ။
အားလုံး...အားလုံး **နေ့သစ်ကို စိတ်သစ်နဲ့လျှောက်လှမ်းနိုင်ကြပါစေ**
ကိုဇာဂနာဖတ်ဖို့ ဟာသ ခရစ်စမတ်ကဒ် လက်ဆောင်
ပျော်တော်ဆက် သာဂိ
ဒီဇင်ဘာ ၂၃၊ ၂၀၀၉
ကိုဇာဂနာခင်ဗျား … အကိုမဖတ်ရမယ့် စာရေးလိုက်ပြန်ပြီ။ မဖတ်ဘဲ နေလို့ရပေမယ့် မရေးဘဲ မနေနိုင်တော့ ရေးရတာပေါ့ အကို။ နယ်စွန် နယ်ဖျား အနှံ့ ထောင်ကျနေသူတွေဆီကို ဘယ်လိုနည်းနဲ့ ကျေးစေတမာန် လုပ်ရမယ်မှန်း မသိတဲ့အချိန်မှာ တိုင်းပြည်က မင်းဆိုးမင်းပုပ်တွေက အမြော်အမြင်ကြီးစွာနဲ့ ၂၀၁၀ အတွက် ခြေလှမ်းတလှမ်း လှမ်းလိုက်ပြန်ပြီဆိုတော့ အားအလွန် ရှိသွားတယ် ခင်ဗျာ။ အလို ဘာတဲ့ အကျဉ်းဦးစီးဌာနက နရသိန် ဆိုတဲ့ ထောင်မဂ္ဂဇင်း ထုတ်တော့မယ် ဆိုပဲ။
မြန်မာပြည်ရဲ့ အကျဉ်းထောင်တွေအကြောင်း ဗဟုသုတ ရစေချင်သော အကျိုးငှာ ထုတ်ဝေရပါတယ် ဆိုတော့ မြန်မာပြည်က သန်း ၅၀ သော လူထုပရိသတ်ကြီးကို ထောင်ထဲပဲ ထည့်ထားလေတော့လေမလားလို့ ခေါင်းနပန်း ကြီးရပါရဲ့။ ပွဲမ၀င် အပြင်က ကျင်းပဆိုသလို ထောင်ထဲ မထည့်ခင်မှာ ရင်းနှီးမှုရအောင်၊ မစိမ်းကြရလေအောင် စေတနာ ပလဗွနဲ့ စီမံလိုက်ပုံရတယ်ဗျ။ အင်းလေ မစည်ကားအပ်သော အရပ်ထဲမှာ သူတို့ပါတယ် ဆိုပေမယ့် အဲသည်လိုအရပ်ကနေ မဂ္ဂဇင်း မထုတ်ရဘူုးလို့မှ သူတို့ အခြေခံဥပဒေထဲ ရေးမှ မထားဘဲလေ။
အားကိုး ရှိလို့ မဂ္ဂဇင်း ထုတ်ရဲလေတာပဲလို့လည်း တဖက်က တွေးမိတယ် ကိုဇာဂနာရေ။ အခုလိုမျိုး နိုင်ငံရေးအကျဉ်းသား ထောင်နဲ့ချီပြီး ထောင်ထဲ ထည့်ထားချိန်မှာ ထောင်ထဲမှာက ပညာတတ်တွေ၊ အနုပညာသမားတွေ၊ စာရေးဆရာ၊ ကဗျာဆရာ၊ လူရွှင်တော်၊ အဆိုတော်၊ ဇာတ်ဆရာ စသည်ဖြင့် အကောင်းစားတွေ၊ လူလိမ္မာတွေ “အထဲ” ရောက်နေချိန်ဆိုတော့ ဧကန္တ ခင်ဗျားတို့ အားကိုးနဲ့ သူတို့ မဂ္ဂဇင်းထုတ်တာ ဖြစ်ပုံရသဗျ။ ခင်ဗျားတို့က အထဲကနေ စာတွေရေး၊ သူတို့က စာတွေထည့်ပြီး မဂ္ဂဇင်းထုတ်၊ အပြင်က မိသားစုတွေ ဆွေမျိုးသားချင်းတွေက ၀ယ်ဖတ်၊ ပြီးတော့ ပေးစာ ပြန်စာ ကဏ္ဍတွေလည်း ထည့်ပေါ့ဗျာ။
ထောင်ပြင်က ဇနီးသည်က ထောင်တွင်းက ခင်ပွန်းသည်ထံသို့ မွေးနေ့ဆုတောင်း ပေးလိုက်ပါတယ် တို့။ ထောင်တွင်းက အနှစ် ၃၅ နှစ် ထောက်သက်ရှိ ကိုဘယ်သူက ၀ဲတွေ အလွန်ပေါက်ပြီး အဟာရချို့တဲ့နေလို့ ဘယ်ဆေးမြီးတိုလေးကို လာဘ်ထိုးပြီး သွင်းရင် ကောင်းမလဲလို့ အမေးရှိလိုက်ပါတယ် ဦးဦးထောင်ပဟေဠိကြီး ဖြေပါ တို့ … ဒါတွေ ကျနော်တို့ ဖတ်ကြရတော့မှာပေါ့ခင်ဗျာ။
အလွန်ပညာရှိပြီး ရှေ့ရေးကို ကြိုမြင်တဲ့ ခြေလှမ်းကြီးပဲ လို့ ရင်သပ်ရှုမော ဖြစ်ရပါတယ် ကိုဇာဂနာရေ။ ခင်ဗျားတို့တတွေ လာမည့် ၂၀၁၀ နှစ်သစ် လွတ်လပ်ရေးနေ့မှာ တပ်မတော်ကြီးရဲ့ စိတ်ဆိုးစိတ်ယုတ်တွေကို ထင်ဟတ်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်တို့ ဘာတို့ မမျှော်နဲ့တော့ဗျ။ “ထောင်” မဂ္ဂဇင်း ထုတ်ပြီဆိုမှတော့ ခင်ဗျားတို့ကို လွယ်လွယ်နဲ့ လွှတ်ပေးတော့မလား။ ဦးနှောက်ကလေးများရှိရင် နဲနဲလောက် လွှာသုံးပြီး စဉ်းစားမှပေါ့လို့ ပြည်ထဲရေးဝန်ကြီးက ပြောနေမှာပေါ့ အကိုရေ …။
နောက်ဆိုရင် ထောင်ထဲကနေပြီး မဂ္ဂဇင်းတင်မကဘူး တဲ့။ အင်းစိန်ထောင် FM တို့၊ မြစ်ကြီးနား ပူတာအိုထောင် FM ရေဒီယိုလိုင်းတွေလည်း ထောင်အုးံမတဲ့။ ခင်ဗျားတို့ကို ရုပ်ရှင်၊ ဗီဒီယို ဇာတ်လမ်းပမာ စတာတွေ ရိုက်ပြီး မြန်မာ့အသံနဲ့ အပြိုင် “ထောင်မြန်မာ” ရုပ်သံလိုင်းတွေ အခွေတွေ ထုတ် ရောင်းစားဦးမတဲ့ဗျ။ သတင်းတွေ ကြားတာ ပြောပါတယ်။ ဒါကြောင့် ဟိုတေးရေးဆရာတွေက ကွက်ကျော်မြင်ပြီး သူတို့သီချင်းတွေကို “လုပ်မစား” ရဆိုပြီး ကမန်းကတန်း စာထုတ်တာ ပြောတယ်။ တော်ကြာ ထောင်ထဲက အနုပညာသမားတွေကို ကာရာအိုကေအခွေ ရိုက်ထုတ်ပြီး စစ်အစိုးရက လုပ်စားသွားမှာကို မလိုလားလို့ ဆိုပဲ။ အင်း နောက်ဆိုရင် ခင်ဗျားတို့ကို ထောင်ထဲမှာ ထားပြီး အလဟသ အရည်အချင်းတွေ ပါရမီတွေ မပျောက်ပျက်သွားရအောင် သူတို့တွေ ခိုင်းစားလာတာ များလာရင်တော့ အပြင်က ကျနော်တို့ကလည်း အဓမ္မလုပ်အားပေးတွေကို တိုင်နေရာကနေ အဓမ္မအနုပညာသည်တွေ ဆိုပြီး အိုင်စီစီတို့ ဘာတို့မှာ တိုင်ရ တောရ အလုပ်တော့ ရှုပ်အုံးတော့မှာပဲနော်။
ဟဲ ဟဲ … ခင်ဗျားတို့ကတော့ ဒီစစ်အစိုးရကြီးက တယ်ပြီး ပညာရှိပြီး လုပ်တတ်လှချည်လားလို့ မျက်လုံးလေး ကလယ်ကလယ်နဲ့ ဖြစ်နေပြီမဟုတ်လား သည်သတင်းကြားလိုက်တဲ့ ခဏမှာ။ သူတို့ ဦးခေါင်းထဲက ဉာဏ်နဲ့ ဒါမျိုးတွေ ထွက်နိုင်ပါ့မလား ကိုဇာဂနာရယ် …။ စီးပွားရေးနိုဘယ်ဆုရထားတဲ့ စီးပွားရေးပညာရှင်ကြီးတယောက် မြန်မာပြည်ကို တလောက လာသွားတယ် အကိုရဲ့။ စစ်အစိုးရလက်အောက်က မြန်မာပြည်ကြီး နည်းမျိုးစုံနဲ့ ဖွံဖြိုးတိုးတက်အောင် ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ ဆိုပြီး အကြံကြီး ဉာဏ်ကြီးတွေ ပေးဖို့ လာသွားတယ်လေ။ အဲဒီ ဆတ်လဇိ ဆိုလား အဲသည်ပညာရှင်ကြီး ပေးသွားတဲ့ အကြံကြီးတွေထဲက တခုနေမှာပေါ့လေ။
အင်း … အဲသည် ဆတ်လဇိ ဆိုတဲ့လူကြီးက ဘယ်လို အကြံပေးလေသလဲ ဆိုတာ အသေးစိတ်တော့ မသိသော်ငြား အနောက်အုပ်စုက လုပ်ငန်းကြီးတွေကို အကြံပေးသလိုမျိုး မပေးမှာကတော့ အမှန်အကန်ပဲ။ ဟိုမှာက လုပ်ငန်းတွေ အရှုံးပြရင် စီအီးအိုတွေ ဒါရိုက်တာတွေက အလုပ်ကနေ နှုတ်ထွက်ရတာဆိုတော့ မြန်မာပြည်ကြီးက ဘက်ပေါင်းစုံက သည်လောက် အရှုံးပြ ချွတ်ခြုံကျနေတာ “ ဟဲ့ မောင်သန်းရွှေနဲ့ အပေါင်းအပါတွေ … နင်တို့ ထွက်ပေးလိုက်” လို့ ဆိုတဲ့ ကလေးကအစ အရူးအဆုံး တရေးနှိုးထမေးရင်တောင် ဖြေနိုင်တဲ့ အဖြေကို သွားပေးလိမ့်မယ်လို့ မထင်ရဲပေါင်ပါ ခင်ဗျား။
ဆတ်လဇိကြီးခင်ဗျာ ရှုဒေါင့်ပေါင်းစုံကနေပြီး ကောင်းတာလေးတွေ ရှာဖွေပြီး ကုတ်ကုတ်ကတ်ကတ် တွေးခေါ် ကြံစည်လို့ ကြံဖန်ပြီး စာတမ်းတွေ၊ ထုတ်ပြန်ကြေညာချက်တွေ လုပ်လာဦးမှာ သေချာပါတယ် အကိုဇာဂနာရေ … ခင်ဗျားတို့ ထောင်မဂ္ဂဇင်းထဲမှာ ဆောင်းပါးလေး ဘာလေး ပါတဲ့တနေ့ ဖတ်သာ ကြည့်ပေတော့။
အခုလိုမျိုး ကမ္ဘာတလွှားမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့၊ စိမ်းလန်းစိုပြေရေးတို့၊ ကာဗွန်ခြေရာတွေ လျော့ချရေးတို့ အလွန်အရေးကြီးပြီး အသည်းအသန်ခေတ်စားနေချိန်မှာ မြန်မာပြည်ကို ဆတ်လဇိကြီး ရောက်သွားတဲ့အခါ ရင်သပ်ရှုမော သာဓုအနုမောဓနာ ခေါ်တော့တာပဲလို့ သတင်းပြန်ကြားရတယ် လို့ အလွန်လုံခြုံစိတ်ချရတဲ့ ထောင်မဂ္ဂဇင်းက အတွင်းသတင်းထောက်က ဖေ့စ်ဘွတ်ကနေ လှမ်းပြီး သာဂိကို မတ်စိပို့လိုက်တယ်လေ။
မြန်မာပြည်မှာ မော်တော်ကားတွေကို အလွန်ချွေတာတယ်တဲ့။ ဘတ်စကားတွေကို လူ အပြည့်အသိပ် တင်ပြီးမှ မောင်းတဲ့အတွက် စက်သုံးဆီချွေတာရာ အလွန်ကျသတဲ့။ ဘတ်စကားအချောင်ကြီးတွေ လမ်းမပေါ်မှာ ဥဒဟို မတွေ့ရတာကို သူ သိပ်ကျေနပ်သွားပါတယ် တဲ့။
ပြီးတော့ နေ့ နေ့ ည ည လူတွေဟာ လျပ်စစ်မီးတွေကို လုံးဝ မသုံးဘဲ နေနိုင်ကြသတဲ့။ တနေ့တာ လျှပ်စစ်မီးအလုပ်တွေကို အချိန်ဆွဲ ဖြန့်ကျက်ပြီး မလုပ်ကြဘဲ မီးလာတဲ့ ရက်ရဲ့ နာရီပိုင်းအတွင်းမှာ ရေချိုး၊ အီးပါ၊ အ၀တ်လျှော်၊ ထမင်းချက်၊ ရေသောက်၊ အလုပ်တွေ တလစပ်ပြီးအောင် အပြတ်လုပ်နိုင်ကြတာတွေ၊ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး လုပ်နိုင်ကြတာကိုလည်း အလွန် အံ့သြ ဂုဏ်ယူမိပါသတဲ့။
တိုင်းပြည်ရဲ့ သယံဇာတတွေကိုလည်း ပြည်တွင်းမှာ သုံးဖြုံးမပစ်ဘဲ ပြည်ပကို အကုန်လုံး ထုတ်ပို့ ရောင်းစားနိုင်တာဟာလည်း တိုင်းပြည်ခေါင်းဆောင်တွေရဲ့ အမျော်အမြင် ကြီးမားမှု၊ တိုင်းသူပြည်သားတွေရဲ့ ရောင့်ရဲကျေနပ်မှုကို တပြောင်ပြောင် တလင်းလင်း ပြသနေတာကို တွေ့ရတော့ သူတို့တိုင်းပြည်တွေနဲ့ နှိုင်းယှဉ်ပြီးတော့ မနာလိုတောင် ဖြစ်မိပါရဲ့ တဲ့။
မြန်မာပြည်သူတွေဟာ သူများတိုင်းပြည်ကလူတွေလို တဖြုံးတည်းဖြုံးနေတဲ့၊ အလေအလွင့်တွေများနေတဲ့ မဆင်မခြင်တိုင်းပြည်ကြီးမဟုတ်တဲ့အတွက် အလွန် ၀မ်းသာကြည်နူးမိပြီး မျက်ရည်မိုးများ ဖြိုင်ဖြိုင်ကျ ရ ရှာတယ် တဲ့။
ဆန်လက်တဆုပ်ကို ပြုတ်၊ ဆန်ပြုတ်လုပ်သောက်၊ နေ့ဖို့ညစာကို ချန်။ အိုးကပ်ကျန်တာလေးကို အိမ်က ကြောင်တွေ ခွေးတွေကို မျှဝေပြီး ကျွေး၊ ကြွပ်ကြွပ်အိပ်တို့ သတင်းစာတို့ စာစောင်စာရွက် အဟောင်းတွေကို စုဆောင်းပြီး ပိသာချိန်နဲ့ ရောင်း၊ ပုလင်းတွေ ဖန်ခွက်တွေကအစ လွှင့်မပစ်ဘဲ ပြန်သုံး၊ နွားနို့တို့ အရက်တို့ ဆီတို့ ဓာတ်ဆီတို့ကို ရေတွေ ဘာတွေ ရောပြီး သုံးခြင်း၊ ပြန်လည် ရောင်းချခြင်းများနဲ့ နေထိုင်၊ စစ်သားများကလည်း ကျည်ဆံတတောင့် အသက်တချောင်းဖြစ်အောင် သုံးစွဲတဲ့အပြင် တခါတရံ ကျည်ဆံချွေတာတဲ့ အနေနဲ့ ရွာလုံးကျွတ် မီးတိုက်တာ တို့ ဘာတို့လုပ်ပြီးတော့ ချွေချွေတာတာ စိစိကုတ်ကုတ် သုံးစွဲနေကြတွေဟာ ပြည်ပက နိုင်ငံကြီးသားတွေအတွက် ရှက်ဖွယ်လိလိ ဖြစ်စေတဲ့အတွက် သူများပြည်တွင်းရေး လိုက်စွက်ဖက်မယ့်အစား အတုခိုးကြဖို့တောင် ကောင်းပါသတဲ့။
အောင်မယ်လေး ကိုဇာဂနာရေ … နိုဘယ်ဆုရှင် ဆတ်လဇိကြီး ပါးစပ်လေး ဟောင်းလောင်းနဲ့ မြန်မာပြည်က မင်းဆိုးမင်းယုတ်များနဲ့ ကျောမွဲပြည်သူလူထုကြီးကို တဖက်သတ်ကြီး ကြည်ညိုသွားလိုက်ပုံများကတော့ ကိုဇာဂနာကို မြင်စမ်းစေချင်ပါရဲ့ ။
ဒါတောင် မြန်မာတွေဟာ ငွေစက္ကူအသစ်တွေ ဟောကနဲ ဟောကနဲ စက္ကူတွေ ဖြုန်းပြီး ရိုက်ထုတ်နေမယ့်အစား လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က ငွေစက္ကူလေးတွေကို ပလတ်စတစ်လောင်းပြီး သုံးနေတာတွေ၊ ပီကေတို့ သကြားလုံးတို့နဲ့ လဲပြီး စားနေတာတွေ၊ တိုင်းပြည်ရဲ့ ငွေစက္ကူတွေကိုတောင် မသုံးစွဲတော့ဘဲနဲ့ အမေရိကန်ဒေါ်လာတို့၊ ထိုင်းဘတ်တို့၊ စင်္ကာပူ ဒေါ်လာတွေကိုပဲ တိုက်ရိုက် ကိုင်တွယ်သုံးစွဲနေတော့တာမြင်ရင် ဆတ်လဇိကြီးခင်ဗျာ ရင်ဘတ်စည်တီး ငိုကြီးချက်မနဲ့ ခေါင်းပေါ်က ရှိစု မဲ့စု ဆံပင်တွေကို ဆွဲနုတ်၊ မုတ်ဆိတ်မွေးကြီးကို ဆွဲချွတ်၊ လူးလိမ့် ငိုယို ပြီးတော့ကာ နေပြည်တော်မှာ အခုမှ အသစ်ချတ်ချွတ် ဖွင့်လှစ်တော့မယ့် သန်းရွှေအင်ဒေါတား စီးပွားရေးအကယ်ဒမီကျောင်းတော်ကြီးမှာ မူကြိုတန်းက စပြီး တက်ရောက် သင်ကြားပါတော့မယ် လို့ တောင်းတောင်းပန်ပန်နဲ့ ဗီဇာလျောက်နေတော့မှာ မြင်ယောင်နေမိပါသေးတော့ဗျာ။
ကဲ … စာလည်း ရှည်သွားပြီ။ လက်ရေးသီးခံပါ။ ကောင်းသော ခရစ်စမတ်ပါ ကိုဇာဂနာ။
အာမင် …
www.moemaka.blogspot.com မှကူးယူဖော်ပြပါသည်။
ခေါင်းမာသူတိုင်း လူရိုင်းမဟုတ်ဘူး
ရေးသူ- လူထုစိန်ဝင်း
နတ်ရှင်နောင်ရဲ့ စာအုပ်တွေ ဘေးမှာပုံထားပြီး တအုပ်ကို ဖတ်နေဆဲမှာ လူငယ်တစု ရောက်လာကြ ပါတယ်။ မကြာခဏ လာရောက်မေးမြန်းဆွေးနွေးနေကျ ဂျာနယ်သမားတွေပါ။ သူတို့ထဲက တယောက်က နတ်ရှင်နောင်စာအုပ်တအုပ် ယူကြည့်ပြီး၊ နတ်ရှင်နောင် ကြိုက်သလားလို့ မေးပါတယ်။ "ရတုဘုရင်ပဲ မကြိုက်ဘဲ နေပါ့မလား" လို့ ဖြေလိုက်တော့ သူက အံ့သြဟန်ပြပါတယ်။
ခေါင်းမာတာ လူရိုင်းမဟုတ်
ဒီလူငယ်အပါအ၀င် လူတော်တော်များများက "အစွဲကြီးကြီးနဲ့ တော်တော်ခေါင်းမာတဲ့သူ" အဖြစ်သိထား ကြလေတော့ နတ်ရှင်နောင်ကို မဖတ်လောက်ဖူးလို့ ယူဆပုံ ရပါတယ်။ နောက်ပြီးတော့ လူတော်တော်များများက ခေါင်းမာတာနဲ့ ရိုင်းစိုင်းကြမ်းတမ်းတာကို အတူတူပဲလို့ ယူဆထားလေ့ရှိပါတယ်။ ခေါင်းမာတယ်ဆိုတာ ရိုင်းစိုင်းကြမ်းတမ်းတာ မဟုတ်ပါဘူး။ ယုံကြည်ရာ တခုခုကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ပြီး ရေလိုက်ငါးလိုက် မလုပ်တတ်၊ မနေတတ်တာပါ။ ကိုယ်တိုင်မှားတယ်လို့ မယူဆဘဲနဲ့လည်း ကိုင်စွဲထားတဲ့ အယူအဆကို အလွယ်တကူ မစွန့်လွှတ်တတ်ပါဘူး။ ရာသီပြောင်းတိုင်း ပုတ်သင်ညိုလို အရောင်လိုက်ပြောင်းတတ်သူများက သူတို့ အားနည်းပျော့ညံ့မှုကို ခုခံကာကွယ်ဖို့အတွက် သူတို့ကအရင် သူများကို လက်ညှိုးထိုးလေ့ရှိတာကြောင့် ခေါင်းမာသူတိုင်းကို ရိုင်းစိုင်းကြမ်းတမ်းသူတွေအဖြစ် မြင်နေကြတာ ဖြစ်တယ်။
အစွဲကြီးသူ သိမ်မွေ့တတ်
အစွဲအလမ်းကြီးတတ်သူတွေဟာ အများအားဖြင့် အင်မတန်သိမ်မွေ့ပြီး စိတ်ကူးယဉ်တတ် (romantic) သူတွေ ဖြစ်လေ့ရှိပါတယ်။ ကားလ်မတ်နဲ့ အိန်ဂျယ် နှစ်ယောက်စလုံးဟာပင်ပမ်းနွမ်းနယ်မှုကို တယောထိုးဖြေ ဖျောက်တတ်ပြီး၊ ဟိုချီမင်းနဲ့ မော်စီတုန်းတို့ဆိုရင်လည်း ကဗျာဆရာတွေ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေ ဆိုရင်လည်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းအစ သခင်နု၊ သခင်အောင်ဆန်း၊ သခင်ဗဟိန်းတို့ အလယ် သခင်သိန်းဖေ၊ သခင်သန်းထွန်း၊ သခင်သန်းမြိုင်တို့ အဆုံး ကဗျာဆရာ၊ စာရေးဆရာတွေချည်းပါပဲ။ အစွဲလမ်းကြီး ခေါင်းမာသူတိုင်းကို လူကြမ်းတွေ၊ လူရိုင်းတွေလို့ ယူဆလို့ မရပါဘူး။ ကိုယ်တိုင်ကလည်း ခေါင်းမာ တယ်သာ အပြောခံရတာ အီရတ်လို အာဖဂန်နစ္စတန်လို စစ်မြေပြင်တွေမှာ မူလတန်းကျောင်းလေးပေါ် ဒုံးကျည် ကျရောက် ပေါက်ကွဲလို့ ကလေးသူငယ်တွေ ခြေပြတ်လက်ပြတ် သေဆုံးကြတဲ့ မြင်ကွင်းမျိုးတွေကို မြင်တိုင်း၊ မျက်နှာလွှဲပစ်မိတာ ချည်းပဲ။ အိပ်ရာဘေးမှာ ကဗျာစာအုပ်ထားပြီး ရှယ်လီ၊ ကိ၊ ဘိုင်ရွန်၊ ၀ါ့ဒ်စ်ဝါ့သ်တို့ရဲ့ 'ရိုမန်တစ်' ကဗျာတွေကို ခုထိဖတ်တုန်း၊ နတ်ရှင်နောင်၊ န၀ဒေး၊ လှိုင်ထိပ်ခေါင်တင်တို့ကိုလည်း ခုထိကြိုက်တုန်းပါပဲ။
စာတခြား လူတခြား
နတ်ရှင်နောင်ကို ကြိုက်တာက သူ့ကဗျာတွေကို ကြိုက်တာ။ လူကို ကြိုက်တာ မဟုတ်ဘူး။ လူကိုတော့ စက်ဆုပ်တယ်။ နယ်ချဲ့သမားရဲ့ လက်ကိုင်တုတ် အမျိုးသား သစ္စာဖောက်ပဲ။ ဒါပေမယ်လို့ လူကိုမုန်းတာနဲ့ သူ့စာတွေ မဖတ်ရ မကြိုက်ရလို့တော့ ဘယ်ပြောလို့ ဖြစ်မှာလဲ။ နယ်ချဲ့သမားနဲ့ ပူးပေါင်းတဲ့အတွက် ထိုက်တန်တဲ့ ဒဏ်ခတ်မှုကို သူခံရပြီပဲ။ သူ့စာတွေကိုပါ သူနဲ့အတူ မြေမြှုပ်ပစ်ရမယ် ဆိုတာမျိုးတော့ မလုပ်သင့်ပါဘူး။ စာတခြား၊ လူတခြား ခွဲခြားကြည့်ရမှာပေါ့။ လူက နယ်ချဲ့သမားနဲ့ပေါင်းပေမယ့် ကဗျာတွေက နယ်ချဲ့ဘုန်းတော်ဘွဲ့ တွေမှ မဟုတ်တာ။ နတ်ရှင်နောင်ဆိုတဲ့ ကဗျာဆရာ၊ ရတုဘုရင်ဟာ နယ်ချဲ့သမားရဲ့ လက်ကိုင်တုတ် ဖြစ်တဲ့အတွက် သေဒဏ်အစီရင်ခံ လိုက်ရတယ်ဆိုတဲ့ အဖြစ်မှန်ကို သိထားရင် ပြီးတာပဲ မဟုတ်ဘူးလား။ ကိုယ့်တိုင်ပြည် ကိုယ့်လူမျိုးကို သစ္စာဖောက်ပြီး တိုင်းတပါး နယ်ချဲ့သမားရဲ့ လက်ကိုင်တုတ်အဖြစ် အသုံးတော် ခံခဲ့သူများကိုတော့ ဘယ်လို အကြောင်းပြချက်မျိုးနဲ့မှ ခွင့်လွှတ်လို့ မရနိုင်ပါဘူး။
နယ်ချဲ့အလိုတော်ရိတွေ
ပဒေသရာဇ်စနစ်နေရာမှာ ပါလီမန်ဒီမိုကရေစီစနစ်နဲ့ အစားထိုးဖို့ လုပ်တာဖြစ်တဲ့အတွက် ကင်းဝန် မင်းကြီးတို့ တတွေကို အပြစ်မတင်သင့်ဘူးလို့ ဘယ်လိုပဲ ရှေ့နေလိုက်လိုက် နယ်ချဲ့အလိုတော်ရိအဖြစ် စိတ်ထဲမှာ ရွံ့ရှာမုန်းတီးတာကိုတော့ ဖျောက်ပစ်လို့ မရပါဘူး။ အထူးသဖြင့် နယ်ချဲ့စစ်တပ်တွေ မန္တလေးမြို့တော်ကြီးကို သိမ်းပြီးစ ကာလမှာ မျိုးချစ်ပုဂ္ဂိုလ်တွေက ရရာလက်နက်စွဲကိုင်ပြီး ခုခံတိုက်ခိုက်နေကြတာကို လက်နက်ချကြဖို့၊ ဒေသအနှံ့သွားပြီး ရွှေပြည်အေးတရားဟောတဲ့ လုပ်ရပ်တွေကိုတော့ ခါးခါးသီးသီး အော့နှလုံးနာမိတယ်။ တကယ်တော့ ကင်းဝန်အုပ်စုက ပဒေသရာဇ်စနစ်တိုက်ဖျက်တာ ပါလီမန်ဒီမိုကရေစီ လိုလားတာ မဟုတ်ပါဘူး။ သူတို့အကျိုးစီးပွါးအတွက် သူတို့သြဇာအာဏာ တည်ဆောက်ဖို့အတွက် ဆောင်ရွက်ခဲ့ကြတာသာ ဖြစ်ပါတယ်။ မသမာတဲ့ ရည်ရွယ်ချက် (ulterior motive) နဲ့ လုပ်ခဲ့တာ ဖြစ်ပါတယ်။
တာတေလန်အကျင့်ဆိုးတဲ့
လောကမှာ မမှားဖူးသူ မရှိပါဘူး။ အလောင်းတော်မြတ်ကြီးသောမှ မှားခဲ့လို့ ခြောက်နှစ်လုံးလုံး ဒုက္ကရစရိယာ ကျင့်ခဲ့ရတာပဲ။ ဒါကို နားလည်ပါတယ်။ ဘယ်လိုပဲ မှားမှား မသိလို့မှာတာ မတတ်လို့ မှားတာကို အပစ်မမြင်ပါဘူး။ မှားမှန်းသိသိကြီးနဲ့ ကိုယ်ကျိုးစီးပွါးအတွက် "ဘယ်သူသေသေ ငတေမာရင်ပြီးရော" စိတ်ဓာတ် မျိုးထားတဲ့ မသမာတဲ့ ရည်ရွယ်ချက် (ulterior motive) နဲ့ လုပ်ဆောင်တဲ့ အမှားမျိုးကိုတော့ ခါးခါးသီးသီး ရွံ့ရှာပါတယ်။ ဘယ်တော့မှလဲ ခွင့်မလွှတ်ပါဘူး။ နတ်ရှင်နောင်တို့ ကင်းဝန်မင်းကြီးတို့ စာတွေကို ကြိုက်ပေမယ့် ဖတ်မြဲဖတ်ဆဲ ဖြစ်ပေမယ့် နယ်ချဲ့လက်ကိုင်တုတ်သမားအဖြစ် ဆောင်ရွက်ခဲ့တာတွေကိုတော့ ဘယ်တော့မှာ မေ့မထားပါဘူး။ အလားတူပဲ လွတ်လပ်ရေးခေတ်နောက်ပိုင်း မြန်မာစာရေးဆရာတွေထဲမှာ စာကို ကြိုက်သလောက် လူကို မကြိုက်နိုင်တဲ့ စာရေးဆရာတွေ ရှိခဲ့ပါတယ်။ စာရေးသားမှုမှာတော့ "ရှာမှရှား" ဆိုလောက်သူတွေပါ။ ဒါပေမယ့် လူကြတော့ "တာတေလန်အကျင့်ဆိုးတဲ့ အရည်းတကာ့ ထိပ်သီးရှင်မထီး" ဆိုတဲ့စကားထက်တောင် ပိုလိမ့်မယ်လို့ ဆိုရမယ့် သူတွေပါ။
မသမာရည်ရွယ်ချက်
အကျင့်ဆိုးတယ်ဆိုတာ အရက်သောက်တာကို ပြောတာမဟုတ်ပါဘူး။ အရက်သမားတိုင်း အကျင့်မဆိုး ပါဘူး။ ဆရာပီမိုးနင်းတို့၊ ဆရာမဟာဆွေတို့ဆိုတာ တိုင်းသိပြည်သိ အရက်ကြိုက်သူတွေ ဖြစ်ပါတယ်။ ဆရာကြီးများဟာ အရက်သောက်ပေမယ့် သူတို့ ချမ်းသာကြီးပွါးရေးအတွက် ပြည်သူ လူမျိုးနဲ့ စာပေအပေါ်မှာ ဘယ်တော့မှ သစ္စာမဖောက်ခဲ့ကြပါဘူး။ သစ္စာမဖောက်ရုံသာ မဟုတ်ပါဘူး။ တိုင်းကျိုးပြည်ကျိုးကို ရှေ့တန်းက လုပ်ဆောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ အကျင့်ဆိုးဆိုတာက ကိုယ်ကြီးပွါးချမ်းသာဖို့၊ ကိုယ်ထင်ပေါ်ကျော်ကြားဖို့၊ ကိုယ့်အတွက် အခွင့်ထူးတွေ ခံစားရဖို့ဆိုတဲ့ "မသမာတဲ့ရည်ရွယ်ချက်" (ulterior motive) တွေနဲ့ လုပ်ဆောင်တာ မျိုးကို ပြောတာပါ။ ဒီလိုလူမျိုးတွေ ရှေးကလည်း အများကြီး ရှိခဲ့သလို ခုခေတ်မှာလည်း အများကြီး ရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေးနယ်ပယ်မှာ အများဆုံးရှိပေမယ့် စာပေနယ်မှာလည်း မနည်းလှပါဘူး။
စိတ်ဓာတ်အောက်တန်းကျမှု
ကိုယ်မှန်တယ်လို့ ယုံကြည်တာ တခုခုကို လုပ်ရင်းနဲ့ မှားသွားတာဟာ အပြစ်မဟုတ်ပါဘူး။ အမှန်တကယ် ယုံကြည်တာ မဟုတ်ပဲနဲ့ ကိုယ်ကျိုးစီးပွါးမျှော်ကိုးပြီး ယုံချင်ယောင်ဆောင် လုပ်ပြတာမျိုးကတော့ စိတ်ဓာတ် အောက်တန်းကျမှု ဖြစ်ပါတယ်။ အင်မတန်ကြီးမားတဲ့ အပြစ်ပါ။ အယူအဆမှားတာဟာ အပြစ်မဟုတ်ဖူး။ အယူအဆကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာတာကသာ အပြစ်ဖြစ်တယ်။ ကိုယ်တိုင် လက်ခံ ယုံကြည်ထားတဲ့ အယူအဆတွေ ဘယ်လောက်အထိမှန်တယ်၊ ဘယ်အချိန်ထိ မှန်နေဦးမယ်ဆိုတာ အသေအချာ မပြောနိုင်ဘူး။ အသေအချာပြောနိုင်တာကတော့ ခုချိန်အထိ အမှန်ဆုံး၊ အကောင်းဆုံးလို့ ယုံကြည်တယ်ဆိုတာပဲ ဖြစ်တယ်။ ကိုယ်လို မယုံကြည်သူတွေလည်း အများကြီး ရှိနေတာပဲ။ ကိုယ်နဲ့မတူလို့ ရန်သူလို သဘောမထား ပါဘူး။ သူယုံကြည်တာကို ရိုးသားဖြောင့်မတ်စွာ လုပ်ကိုင်နေတဲ့ သူများကို အယူအဆ မတူပေမယ့် လေးစား ရိုသေပါတယ်။ ကွယ်လွန်သူ သတင်းစာဆရာကြီး မြန်မာ့အလင်း ဦးသန်ညွန့်ဆိုတာ အင်မတန် ရိုသား ဖြောင့်မတ်တဲ့ သတင်းစာ ဆရာကြီးတယောက် ဖြစ်ပါတယ်။ ယုံကြည်မှုခြင်းကတော့ တယောက်နဲ့တယောက် မတူပါဘူး။ ဒါပေမယ့် သူ့ကို အထူးကို လေးစားတန်ဘိုးထားပါတယ်။ ကိုယ့်ဆရာမဖြစ်ဖူးပေမယ့် အခါကြီး ရက်ကြီးများမှာ ကျွန်တော်ကန်တော့ပါတယ်။ သူကလည်း သူ့အောက် အသက်အများကြီး ငယ်တဲ့ ကျွန်တော့်ကို အင်မတန် ခင်တွယ်ရှာပါတယ်။ သူ့ကျန်းမာရေး သိတ်မကောင်းတဲ့ ကြားကတောင် တပါတ်တခေါက်တော့ အနည်းဆုံးမှန်မှန်လာပြီး စကားတွေ ပြောပါတယ်။ တခါတလေများ မနက်တခေါက် ညနေတခေါက်တောင် ရောက်ချင်ရောက်လာတတ်တာ။ အိမ်ချင်းက နီးတာကိုး။
လိမ်တာသိဖို့ အရေးကြီး
ယုံကြည်ချက်ကို ယုံကြည်တဲ့အတွက် အခိုင်အမာကိုင်စွဲထားသူကို ဆန့်ကျင်ဘက် အယူအဆ ရှိသူပဲဖြစ်စေ လေးစားတန်ဘိုးထားတတ်သူဟာ စိတ်ဓါတ်ရင့်ကျက်ပြည့်ဝသူ ဖြစ်ပါတယ်။ အရေးကြီးတာက ကိုယ်တယောက် ကြီးပွါးချမ်းသာဖို့အတွက် မယုံတာကို ယုံချင်ယောင်ဆောင်ပြီး လိမ်နေတဲ့သူတွေကို ခွဲခြားသိမြင်ဖို့သာ ဖြစ်တယ်။ ဒီလို ကောက်ကျစ်တဲ့ လူမျိုးတွေကိုတော့ ပြတ်ပြတ်သားသားကို စည်းခြားထားလိုက် ရမှာပါ။ ဒီလူတွေဟာ၊ နတ်ရှင်နောင်လို၊ ကင်းဝန်လို အန္တရာယ်ကြီးမားသူတွေ ဖြစ်တယ်လို့ပဲ ဆိုလိုက်ချင်ပါတယ်။
လူထုစိန်ဝင်း
Subscribe to:
Posts (Atom)