Friday, March 19, 2010

ရွေးကောက်ပွဲ ၀င်ရေးနှင့် ဆန့်ကျင်ရေး ဘယ်လိုလဲ

ရွေးကောက်ပွဲလုပ်တော့မည်လို့ နအဖ အကြံကရှင်းရှင်းဘဲ အနောက်နိုင်ငံတွေနှင့် ကမ္ဘာကအော်နေတဲ့ အသံတွေကို ထိမ်းလိုက်ဖို့ ကြိုးစားလိုက်တာ မြန်မာနိုင်ငံကို ခေတ်အဆက်ဆက်က အုပ်စိုးလာတဲ့ အာဏါရှင် စစ်တပ်က အင်မတန်မှ ပါးနပ်တယ်
အခြေနေနှင့် အချိန်ခါကိုလိုက်ပြီး ရောင်ပြောင်းနိုင်တယ်ဒါပေမယ့်သေချာတာက တကယ့်အရောင်အစစ်မဟုတ်ဘူးအပေါ် ယံအရောင်ပြောင်းခြင်းဘဲ ဆိုလိုတာက အရင်က ကွန်မြူနစ်ဆန့်ကျင်ရေးအချိန်က ဘိုနေ၀င်း ကွန်မြူနစ် ဆန့်ကျင်ရေး လုပ်ပြီး အနောက်အုပ်စုကို ထိန်းသလို အတွင်းရန်ကိုလည်း ရှင်းထုက်လိုက်နိုင်တယ် မဆလ ကျဆုံး သွားတဲ့အချိန်မှာ စစ်အုပ်စု က သေနတ်ပစ်ပြီး န၀တ အနေနှင့်တက်လာတော့ ဘိန်းဆန့်ကျင်ရေးလုပ်ပြတယ်
 

ဘာတွေဘဲဘယ်လိုပြောပြော အမေရိကန်က ဘိန်းဆန့်ကျင်ရေးရံပုံငွေကို တိုးပေးရတယ်ဒီငွေတွေအကုန်လုံးကဘိန်းဆန့်ကျင် ရေးအတွက်သုံးတာ မဟုတ်ဘူးဆိုတာ သိပေမယ့်လည်း နည်းနည်းလေးထိန်းထားနိုင်လည်း မနည်း ဘူးဆိုတဲ့သဘောနှင့် အမေရိကန်မျက်စိမှိတ်ပြီး ဆက်လုပ်ရတယ် တဖက်က အတိုက်ခံတွေကို အ်ရှင်းတယ် ထောင်ချတယ်၊ ဘ၀တွေဖျက် ပစ် တယ်ဒါကိုတကမ္ဘာလုံးကလည်း သိတယ် အမေရိကန်လည်းကောင်းကောင်းကြီး သိတယ်ပထ၀ီနိုင်ငံရေးအရ မြန်မာနိုင်ငံကို ဘာမှမလုပ်နိုင်ဘူးဒီတော့ အန်ကယ်ဆမ်က နိုင်ငံရေးကစားခုံတခု အဖြစ်နှင့်တောင် ဖြစ်မြောက်အောင် မြန်မာနိုင်ငံရေး ကိုမက စားဘူး မြန်မာစစ်အုပ်စုကလည်း အခြေအနေ နှင့်အချိန်အခါကို အသုံးချတက်တယ်

နိုင်ငံတကာအကြိုက်လေးတွေ ထ်ုပြတ်တယ်လိုအပ်သလို အလျော့အတင်းလုပ်ပြနိုင်တယ် ၁၉၉၀ ကနေ ၂၀၁၀ ရောက် အောင် ကမ္ဘာကြီးကို ကစားပြလာတာပြန်သုံးသပ်သင့်တယ်ကုလသမဂ္ဂမှာ လုပ်လိုက်တာတွေကလည်း တရုတ်နှင့် ရုရှားပါဝါ ကာကွယ်ပေးမှုကို နအဖ ရထားပြီး အားလုံးလက်မြောက်ရတဲ့ ဘ၀ရောက်တယ် အာစီယံဒေသတွင်းမှာကလည်း အဓိကကျနေ သော မလေးရှားနိုင်ငံကိုယ်တိုင်က ကိုယ်လုပ်ခြင်တာလုပ်တဲ့ ဒီမိုကရေစီကို ဆွဲကိုင်ထားတော့ မြန်မာနိုင်ငံရေးကို ၀င်မကြမ်းရဲဘူး မကြိုက်ပေမယ့်လည်း ပျော့ပြောင်းစွာဘဲ ပြောဆိုဝေဖန်တယ်


ဘာလို့လည်းဆိုတော့ မလေးရှားကိုယ်တိုင်က ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုပြီး အတိုက်အခံကို ပြည်နယ် အုပ်ချုပ်ရေး အနိုင်ရတဲ့ ပြည်နယ်နှစ်ခုမှာ အာဏါကိုလုယူထားတယ်ဒီတော့ မြန်မာ့အရေးကို အာစီယံကရှင်းပေးရင် မလေးရှားရဲ့အတိုက် အခံတွေက လက်ရှိအစိုးရကို အာစီယံကနေတဆင့် ပြန်ကန်ချမဲ့ လမ်းစ လက်ရှိအစိုးရက မလုပ်ပေးခြင်ဘူးဒီတော့ နအဖ မှာ အာစီယံအတွက် စဉ်းစားစရာမလို ရှင်းရှင်းလင်းလင်းဘဲဖြစ်နေတယ် သက်ဆိုးရှည်နေတယ် ကျနော်တို့ ဒီမိုကရေစီရေး အ တိုက်အခံတွေဘက်မှာက ပြည်ပမှာက ခေါင်းဆောင်မှု ပျောက်နေတယ်

ပြောလို့ရှိရင် မုန်းကြမှာဒါပေမယ့် ကျနော်ပြောတယ် ခေါင်းဆောင်မှုပေးနေတဲ့ အဖွဲ့အစည်းကို ပြောပါ နာမည်တွေ မတပ်ပြော ခြင်ဘူး မရှိဘူးဗျာအကုန်လုံးပါဝါတွေပြန့်ကြဲနေတယ် ဦးဆောင်မှုတခုလုပ်လာနိုင်တဲ့ အဖွဲ့အစည်း တခုဖြစ်လာတာနှင့် ပါဝါ ယှဉ်ပြိုင်မှုတွေ တိုက်ခိုက်မှုတွေလုပ်ခံရတယ်စင်ပြိုင်ရဲ့ စင်ပြိုင်တွေထောင်တယ် ဒီတော့ ရန်သူဆီရောက်ဖို့ထက် ဆွေးနွေးပွဲ ဆယ်ခုမှာ ရှစ်ခုက အချင်းချင်းမပြေလည်မှုတွေကို ဆွေးနွေးနေရတယ် လူကြီးတွေက လူငယ်တွေကိုလမ်းမပေးဘူး အတွေး သစ်အမြင်သစ်နှင့် တက်လာတဲ့လူလတ်ပိုင်တွေကို တပည့် မွေးတယ် မရရင် ကန်ချတယ်တိုက်ပွဲက ရန်သူဆီဘယ်လိုရောက် မလဲ စဉ်းစားပေးကြပါအုန်း၊
 
အဲဒီလို အခြေနေမျိုးမှာ နအဖ ကမ္ဘာကိုသွေးတိုးစမ်းလိုက်တယ်ဒေါ်အောင်ဆန်းစုကြည်ကို ရေကူးတဲ့အမေရိကန် ငကြောင်နှင့် ထောင်ပြီး ပြဿနာရှာတယ်ထောင်ချမယ်လုပ်တယ်တကမ္ဘာလုံးက အသံပလံတွေဆူလာတဲ့ အခါမှ ကောင်းပြီနေအိမ် အကျယ် ချုပ် ပြန်ထားပေးမယ်ထောင်နှင့်နေအိမ် အကျယ်ချုပ်နှင့် ထောင်ကပိုဆိုးနေတဲ့အတွက် နေအိမ်အကျယ်ချုပ်ကိုဘဲ ကြိုဆို လိုက် ရတယ် ဒီတော့ ဒေါ်အောင်ဆန်းစုကြည်က အိမ်ထဲကနေ အိမ်ထဲဘဲ ပြန်နေရတဘဲ
အရင်းချုပ်ရင် ဘာမှထူးမလာဘူးဒီမှာ မြတ်တာက နအဖ စစ်ဘိုချုပ်တွေက အမေရိကန်နှင့် ဆွေးနွေးခွင့် ရလိုက်တယ်

အမေရိကန်သဘောကျမယ့် လုပ်ရပ်တွေကို အမေရိကန်တိုက်ရိုတ်ပြောတာကို ကိုးကားပြီး အကောင်းဆုံးအကြံနှင့် အခုအားလုံး ထွေပြားစေမယ့် ရွေးကောက်ပွဲကို သေသေချာချာ လိုင်းတင်လာတယ် သူတို့ဘက်ကိုသေချာအောင်လုပ်ထားတဲ့ ရွေးကောက်ပွဲ အတွက် အဖွဲ့ချုပ်ကို ပြင်ဆင်မှုတွေ လုပ်ခွင့်မပေးသေးလို အဖွဲ့ချုပ်ရဲ့ ရွှေဂုံတိုင်ကြေငြာချက်စာတန်းနှင့် ပတ်သက်လို့လည်း လေသံတောင်ပြန်မဟဘူးအဖွဲ့ချုပ်က ရွှေဂုံတိုင် ကြေငြာချက်အတိုင်းရပ်တည်မယ်လို့ ထုက်ဖေါ်ပြောကြားတဲ့ အဆင့်ထိ ရောက် နေတာတောင် ကောင်းသည်ဆိုးသည် နအဖ ပြန်လေသံမဟဘူးအဘဦးဝင်းတင် လွှတ်ပေးတယ်အခုအဘဦးတင်ဦး လွှတ်ပေး တယ်ကျန်တဲ့ ရွေးကောက်ပွဲ အချိန်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်တော့လွှတ်မလဲ မပြောသေးဘူး


တကယ်လို့ ဒေါ်အောင်စုကြည်ကို ရွေးကောက်ပွဲကျင်းပခါနီးမှ လွှတ်မယ် ရွေးကောက်ပွဲကို အဖွဲ့ချုပ်ပါသည်ဖြစ်စေ မပါသည် ဖြစ်စေ ကျင်းပသွားရင်ရော ရွေးကောက်ပွဲအတွက် ၂၀၀၈ အခြေခံဥပဒေကို မပြင်ပေးတဲ့အတွက် အဖွဲ့ချုပ်က ရွှေဂုံတိုင် ကြေငြာ ချက်အရ ရပ်တည်သွားလို့ ရွေးကောက်ပွဲလုပ်ပြီးသွားရင် အဖွဲ့ချုပ်ရပ်တည်ခွင့် ဘယ်လိုရနိုင်နိုင်မလဲ ရွေးကောက်ပွဲမ၀င်ရေး ဆန့်ကျင်ရေးကို ကိုင်ဆွဲထားတဲ့ ကျနော်တို့တွေကို ဘယ်သူက ဦးစီး ဦးဆောင်မှုပေးပြီး ဘယ်နည်းလမ်းနှင့် ရွေးကောက် ပွဲ မဖြစ်ပေါ်ရေး တိုက်ကြမှာလဲဆွေးနွေးမှုတောင် ဖြစ်ဖြစ်မြောက်မြောက် ကျနော်တို့ လူကြီးတွေမလုပ်ကြသေးဘူး

ကျနော်မှာ မေးခွန်းတွေရှိနေတယ်ဒေါ်အောင်ဆန်းစုကြည်က လွှတ်လာပြီး ရွေးကောက်ပွဲကို ၀င်ရင်ရောဘယ်လို စဉ်းစားမှာလဲ ဒေါ်အောင်ဆန်းစုကြည်လည်း မလွတ်လာဘူးရွေးကောက်ပွဲကို အဖွဲ့ချုပ်မပါဘဲ ကျင်းပသွာရင်ရော ဘယ်လိုလုပ်မလဲ

နောက်တခုအရေးကြီးဆုံးက ပြည်သူရဲ့ သဘောထားကို ဘယ်လိုသိရအောင်လုပ်မလဲပြည်သူတွေက အဖွဲ့ချုပ်ကို ပြိုင်စေခြင် လား ဒါမှမဟုတ် မပြိုင်စေခြင်ဘူးလားကို ဘယ်လိုစံနှုန်းနှင့် သတ်မှတ်မှာလဲကျနော်တို့စဉ်းစားသင့်ပြီ ကျနော်တို့တွေ ပြည်သူ့ ဆန္ဒကိုရယူနိုင်ရေးက အရေးကြီးတယ်ပြည်သူ့ကိုမေးကြည့်ရင်ပိုကောင်းမယ်လို ထင်ပါသည်။
 
ရဲမင်းထွန်း

ရွေးကောက်ပွဲနှင့် ဆက်စပ်သည့် ကိန်းဂဏန်းများ

(ကျော်ခ က မတ်လ ၁၈ ရက်၊ ၂ဝ၁ဝ ခုနှစ်တွင် စုဆောင်းပြုစုသည်။)

- ၂ဝဝ၈ ခုနှစ် မေလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၇၅ဝ၄၃၆၈ ဦး ဖြစ်သည်။

- ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲ စာရင်းအရ မဲပေးနိုင်ခွင့်ရှိသူ ဦးရေမှာ ၂၇၃၆၉၉၅၇ ဦး ဖြစ်သည်။

- အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် အကျဉ်းကျနေသူပေါင်း ၂၄၈၆၆၄ ဦး ဖြစ်သည်။

- မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ဦးရေ ၂၁ဝဝ ကျော် ရှိသည်။

- Save the Children ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကလေးသူငယ်ဦးရေမှာ ၂၂ သန်း ဖြစ်သည်။

- ဗုဒ္ဓဘာသာ ရဟန်းတော်ပေါင်း ၅ သိန်းကျော် ရှိသည်ဟု မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးဌာနက ပြောသည်။

- မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များကောင်စီ အဆိုအရ ခရစ်ယာန်ဘုန်းတော်ကြီး ၁၃၅ဝဝ ဦး ရှိသည်။

- Islamic Religious Affairs Council အဆိုအရ အစ္စလာမ်သာသနာ့ဝန်ထမ်းပေါင်း ၁၂ဝဝဝ ဦး ရှိသည်။

- ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သား ဦးရေ အနည်းဆုံး ၂ သန်းကျော် ရှိသည်။

- မလေးရှားနိုင်ငံတွင် တရားဝင်နှင့် တရားမဝင် မြန်မာလုပ်သား ဦးရေ ၅ သိန်းခန့် ရှိသည်။

- ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်ဦးရေ ၁၅ဝဝဝ ဝန်းကျင် ရှိသည်။

- အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် တခုထဲတွင်ပင် မြန်မာ ၅ သောင်းခန့် ရှိသည်။

- မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၂၅ မြို့နယ်ရှိသည်ဟု ၂ဝဝ၈ ခုနှစ် မေလ ထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များနှင့် ပါတီဝင် အသင်းအဖွဲ့ဝင်ဦးရေ

(ယခု ဖော်ပြထားသော ကိန်းဂဏန်းများမှာ သက်ဆိုင်ရာ ပါတီမှ ယခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ပြောကြားသည့် ပမာဏသာလျှင် ဖြစ်သည်။)

- ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတွင် အဖွဲ့ဝင် ၂၄ သန်း ရှိသည်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးကို အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီအဖြစ် အသွင်ပြောင်းပြီး စစ်အစိုးရ၏ ကျောရိုးနိုင်ငံရေးပါတီဖြစ်ရန် အားထုတ်လျက် ရှိသည်။

- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပါတီဝင် ၁၂ သန်းကျော် ရှိသည်။

- တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတွင် ပါတီဝင် ၃ သန်းခွဲ ရှိသည်။

- ဦးအေးလွင် ဦးဆောင်သော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်တွင် ပါတီဝင် ၁ သိန်းခွဲ ရှိသည်။

မဇ္ဈိမသတင်းဌာန  
Friday, 19 March 2010 17:31

အန်အယ်ဒီ နှစ်ခြမ်းကွဲမှာ စိုးရိမ်မှုများထွက်ပေါ်

ချင်းမိုင် (မဇ္ဈိမ) ။     ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ပြန်လည် မှတ်ပုံတင်သင့်၊ မတင်သင့် အဆုံးဖြတ်မှသည် ပါတီနှစ်ခြမ်းကွဲသွားမည့် အရေး စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာနေသည်။

အဓိက အတိုက်အခံပါတီကြီး၏ ဥက္ကဌ ဦးအောင်ရွှေက ယခုလ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ ပါတီဌာနချုပ်တွင် ပါတီဆက်လက်ရှင်သန်နိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ဖို့ စဉ်းစားရန် အဆိုပြုခဲ့သည်။

မှတ်ပုံတင်ခြင်းမှသည် ရွေးကောက်ပွဲ ဝင်ပြိုင်သင့် မပြိုင်သင့် ပါတီဝင်ခြင်း အကြိတ်အနယ် ဆွေးနွေးပွဲများက ပါတီအောက်ခြေတွင်လည်း ဖြစ်ပေါ်ခဲ့သည်။

“ဝင်ရေး၊ မဝင်ရေးမှာဘဲ နှစ်ခြမ်းကွဲသွားနိုင်တယ်။ နအဖနဲ့လည်း ညှိရမယ်။ ကိုယ့်အချင်းချင်းလည်း ညှိယူရမယ်။ ခေါင်းဆောင်ပိုင်းတွေက မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ပါစေလို့ ယုံကြည်တယ်” ဟု ပဲခူးတိုင်း အမျိုးသမီးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ဒေါ်ခင်ညွှန့်မူက ပြောသည်။

သူမကတော့ ရွှေဂုံတိုင် ကြေညာစာတမ်းကို ထောက်ခံသူဖြစ်ကြောင်း ပြောသည်။

မတ်လ ၁၇ ရက်နေ့မှသည် ရက်ပေါင်း ၆ဝ အတွင်း လက်ရှိ နိုင်ငံရေးပါတီများလည်း အသစ်ထူထောင်မည့် ပါတီများနည်းတူ မှတ်ပုံတင်ရန် ကော်မရှင်က ထုတ်ပြန်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း အက်ဥပဒေတွင် ဖော်ပြထားသည်။ လက်ရှိတွင် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှသည် ကျန်ရစ်သော နိုင်ငံရေးပါတီ ၁ဝ ခုရှိရာ အန်အယ်ဒီလည်း ပါဝင်သည်။

အင်းစိန်ထောင်တွင်းမှ သန္ဓေတည်ခဲ့သော ဒီမိုကရေစီလိုလားသော အတိုက်အခံများ၏ ရပ်တည်ချက်မှာ အန်အယ်ဒီ၏ ရပ်တည်ချက်ဖြစ်လာခဲ့ပြီး ရွှေဂုံတိုင်ကြေညာစာတမ်းဟူ၍ ခေါ်တွင်ခဲ့သည်။

ရွှေဂုံတိုင်စာတမ်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြန်လည် ပြင်ဆင်ရန်၊ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကို တစုံတရာ အသိအမှတ်ပြုရန်နှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပရန် စစ်အစိုးရကို တောင်းဆိုထားသည်။

၁၉၉ဝ ခုနှစ်များ အစောပိုင်းကာလက ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများအကြား အကြိတ်အနယ် ဆွေးနွေးပြီး စု-လွှတ်-တွေ့ ဆိုသော နိုင်ငံရေး ရပ်တည်ချက်မူကို သဘောတူညီမှု ရခဲ့ကြသည်။

ဒေါ်စုနှင့် နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိလွှတ်ပေးရန်၊ ၉ဝ ခုနှစ်ရွေးကောက်ပွဲက ရွေးချယ် တင်မြှောက်လိုက်သော ပါလီမန်အမတ်များ လွှတ်တော်ခေါ်ယူရန်နှင့် ဒီမိုကရေစီ အတိုက်အခံ အင်အားစုပါတီ ၁ဝဝ ကျော်က လုပ်ခွင့်အာဏာအပ်နှင်းထားသော ပုဂ္ဂိုလ်နှင့် စစ်အစိုးရဘက်မှ အဆုံးဖြတ်ပေးနိုင်သူ ပုဂ္ဂိုလ်တို့ တွေ့ဆုံဆွေးနွေးရန်ဖြစ်သည်။

ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တဦးဖြစ်သူ ဦးခင်မောင်ဆွေကမူ အချုပ်နှောင်ခံနေရသော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပါက ပါတီရှိနေမှ နိုင်ငံရေးစင်မြင့်ပေါ် ဆက်လက် ဦးဆောင်နိုင်မှာဖြစ်၍ မှတ်ပုံတင်သင့်သည်ဟု ပြောသည်။

“ဝင်ရေး မဝင်ရေး ယတိပြတ် မစဉ်းစားသေးသော်လည်း ပါတီပြန်လည်တည်ထောင်ရေးက သိပ်ကို အရေးကြီးတဲ့အချိန် ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ဒေါ်စုနဲ့ ကျနော်တို့ တထပ်တည်းရှိတယ်ဆိုတာကို လက်ခံရင် ပါတီရှိနေဖို့ လိုတယ်။ ဒေါ်စုပြန်လာရင် သူပြန်ရောက်လာမှာပါ” ဟု ဦးခင်မောင်ဆွေက ပြောသည်။

ပါတီထိပ်ဆုံးခေါင်းဆောင် အဖွဲ့ဝင် ၂ဝ ဦးပါ ဗဟိုအလုပ်မှုဆောင်အဖွဲ့တွင်လည်း ဥက္ကဌ ဦးအောင်ရွှေ၊ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းတို့ခေါင်းဆောင်သော အစုက တဖွဲ့ဖြစ်ပြီး ဦးဝင်းတင်၊ ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင်တို့ ခေါင်းဆောင်သော အဖွဲ့က တဖွဲ့ဟူ၍ သဘောထားများ ကွဲပြားနေကြသည်ဟု ပါတီတွင်းသတင်းရပ်ကွက်များက ပြောသည်။

ဗဟိုအလုပ်မှုဆောင်ကော်မတီက ဆုံးဖြတ်ချက်မချနိုင်ဖြစ်နေသော ပါတီရှေ့ရေးအတွက် မတ်လ ၂၉  ရက်နေ့တွင် အဖွဲဝင် ၁ဝဝ ပါ ဗဟိုဦးစီးအဖွဲ့က ဆွေးနွေးဆုံးဖြတ်ကြရန် ရက်သတ်မှတ်ထားသည်။ ဗဟိုဦးစီးအဖွဲ့ဝင် ၁ဝ ဦးမှာ အကျဉ်းကျနေဆဲ နိုင်ငံရေးအကျဉ်းသားများဖြစ်သည်။

နှစ်ပေါင်း ၂ဝ ကျော်ကြာ ရပ်တည်နေခဲ့သည့် ပါတီ အဖွဲ့ချုပ်ခေါင်းဆောင်များက ရွေးကောက်ပွဲ ဝင်မည်ဆိုပါက လုံးဝ ရှုတ်ချကြောင်း မကွေးတိုင်းအမျိုးသမီးလုပ်ငန်းအဖွဲ့မှ တာဝန်ခံ ဒေါ်ခင်စောဌေး ကပြောသည်။

“စီစီကို အရေးတကြီးဖွဲ့လိုက်တဲ့ ရည်ရွယ်ချက်တချို့ကို အန်တီတို့က စိုးရိမ်တယ်။ ရွေးကောက်ပွဲ ဝင်ဖို့ မဝင် ဆုံးဖြတ်ဖို့ မဲခွဲတဲ့အခါမှာ စီစီတိုင်းက သတ္တိရှိဖို့ လိုတယ်။ သူတို့က အဖမ်းခံရမှာ ကြောက်ပြီး ရွေးကောက်ပွဲဝင်တဲ့ဘက် မဲပေးမှာ အန်တီက ကြောက်နေတာ။ စစ်အာဏာရှင်စနစ်  မပေါ်ပေါက်ရေး အတွက် အန်တီတို့ကတော့ ရှုံ့ချတာဘဲ” ဟု သူက ပြောသည်။

ယနေ့တွင် မန္တလေးတိုင်း မိတ္ထီလာမြို့နယ် အန်အယ်ဒီအဖွဲ့ဝင်များက ပါတီအနေဖြင့် မှတ်ပုံတင်ရေး မတင်ရေးကို လျို့ဝှက်မဲပေးသည့် စနစ်ဖြင့် မဆုံးဖြတ်ဘဲ ဗြောင်မဲပေးသည့်စနစ် ကျင့်သုံးဖို့လိုသည်ဟု ဗဟိုသို့ စာရေးသားပေးပို့လိုက်သည်။

“နိုင်ငံရေး ရပ်တည်ချက်ကို လုပ်ဆောင်ချက်က ပြတ်ပြတ်သားသား ပေါ်တင် ဆန္ဒထုတ်ဖော်ပါ။ ပြောင်ပြောင်တင်းတင် ပြောဆိုဖို့ တောင်းဆိုမယ်။ ” ဟု ပါတီဝင် ဒေါ်မြင့်မြင့်အေးက ပြောသည်။
သူမမှာ ပါတီတွင်း စည်းကမ်းဖောက်ဖျက်မှုကြောင့် ဖေဖော်ဝါရီလအတွင်းက သာမန်ပါတီဝင်အဖြစ်သို့  အဆင့်လျော့ခံထားရသူဖြစ်သည်။

လက်ရှိကြုံတွေ့နေရသော ပါတီအကြပ်အတည်းသည် ယခင် ဗဟိုအလုပ်မှုဆောင်အဖွဲ့က ကြိုတင်ပြင်ဆင်မှု မလုပ်ခဲ့ခြင်းကြောင့်ဟု သူမက အပြစ်တင်လိုက်သည်။

မကြာမှီ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ပါတီ ဒုဥက္ကဌ ဦးတင်ဦး၏ ပါတီ မှတ်ပုံတင်ရေး မတင်ရေး ရပ်တည်ချက်နှင့်ပတ်သက်၍ လူသိရှင်ကြား ထုတ်ပြန်မှုမရှိသေးသော်လည်း ပြန်လွတ်ခါစက  ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအောက်၌ ရပ်တည်မည်ဟု ထုတ်ဖော်ပြောဆိုခဲ့သလို ရပ်တည်ချက် ကွဲပြားနေသော ဘက်နှစ်ဘက်လုံးနှင့် ရင်းနှီးသူလည်းဖြစ်သည်။

ရွေးကောက်ပွဲ ဥပဒေသည် ရှက်ဖွယ်ကောင်းလှကြောင်းနှင့် ပါတီကို စိန်ခေါ်လိုက်ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင်က သူမ၏ ရှေ့နေများမှတဆင့် ထုတ်ဖော်ပြောကြားထားသည်။
ရွေးကောက်ပွဲဥပဒေက ထောင်ကျခံနေသူကို ပါတီဝင်အဖြစ် လက်မခံရန် ကန့်သတ်ထားသည်။

မမျှော်လင့်ထားသည့် အမေရိကန်က ရေကူး၍ ခြံဝင်းအတွင်း ဝင်ရောက်မှုကို ယာယီခိုလှုံခွင့်ပေးရာက နေအိမ်အကျယ်ချုပ် စည်းကမ်းချိုးဖောက်သည်ဆိုကာ ထောင် ၃ နှစ် အပြစ်ပေးပြီးမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လျော့ပေါ့ပေးမှုဖြင့် ထက်ဝက်ကို  ဆိုင်းငံ့ထားပြီး ကျန် ၁၈ လကို နေအိမ်တွင် ချုပ်နှောင်ရန် ပြင်ဆင်အမိန့်ချခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ကျခံနေရသူ မဟုတ်ဆိုသော ငြင်းခုံမှုအချို့တော့ရှိနေသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် အန်အယ်ဒီပါတီဝင် ၄၃ဝ ကျော်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော်ရှိနေသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံပြန်တင်သည့် နိုင်ငံရေးပါတီများသည်၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံကာကွယ်ရန် ညွှန်ကြားထားသည်။

ဖနိဒါ 
Friday, 19 March 2010 20:14

ရန်ကုန်မြို့လယ်ခေါင်တွင် လုံခြုံရေး အင်အားပြ


 ယနေ့ မတ်လ (၁၉) ရက် နေ့လယ် (၁) နာရီကျော်တွင် ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမရှေ့၌ ၀တ်စုံပြည့် ၀တ်ဆင်ထားသော ရဲနှင့် ရဲကားအစီး (၂၀) ကျော်ခန့် အင်အားပြခဲ့သည်။

ယင်းသို့ အင်အားပြသောကြောင့် အဆိုပါပတ်ဝန်းကျင်ရှိ ပြည်သူတို့ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြောင်း ရန်ကုန်မြို့ခံတဦးက ပြောသည်။

“နဂိုကမှ ရဲဆိုရင် ကြောက်နေကြတာ။ အခု ရဲကားက ရဲတွေအပြည့်။ ပြီးတော့ သံချပ်ကာတွေပါတယ်။ သေနတ်တွေပါတယ်။ ဒီတခါ မြို့တော်ခန်းမရှေ့ကို လာပြီးတော့ အင်အားပြတာက အများဆုံးပဲ” ဟု မျက်မြင်တဦးက ပြောသည်။

ရန်ကုန်စည်ပင်အရာထမ်းတဦးက “ဒီနေ့ ကျနော်တို့ မြို့တော်ဝန်လည်း မရှိပါဘူး၊ လုံခြုံရေးချတာကလည်း မြို့တော်ဝန်နဲ့တော့ မပတ်သက်ပါဘူးဗျ။ သူမှမရှိတာဘဲ။ ကျနော့် အထင်ပြောရရင် ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်းမှာ ဆူပူမှုတွေ မဖြစ်အောင် အင်အားလာပြတာ နေမှာပါ” ဟု ပြောသည်။

ယခုကာလအတွင်း ရန်ကုန်မြို့ နေရာအနှံ့အပြားတွင် လုံခြုံရေးတိုးမြှင့်ခဲ့သော်လည်း ယခုမြို့တော်ခန်းမရှေ့တွင် အင်အားပြခြင်းမှာ ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

 မျိုးချစ်သူ/ ၁၉ မတ် ၂ဝ၁ဝ
ရင်းမြစ်။ ။ခေတ်ပြိုင်

ကိုယ်လာရင်ကြိုမှာလား


ရွှေဂျိုးတယောက် စက်ဘီးစုတ်ကလေးကို ဒေါက်ထောက်ပြီးနောက် လေပုပ်ထုတ်ကုန်း လက်ဖက်ရည်ဆိုင်ထဲသို့ လှမ်းဝင်မည် ဟန်ပြင်ရုံရှိသေး ထိုင်နေကျ စားပွဲဝိုင်းတွင် ပါးစပ်တပြင်ပြင် ဖင်တကြွကြွ ဖြစ်နေသည့် လေအိုးကို တွေ့ရသည်။

ရွှေဂျိုး ။ ။ ပါးစပ်တပြင်ပြင် ဖင်တကြွကြွနဲ့ ဘယ်လိုဖြစ်နေတာလဲ ကိုလေအိုးရဲ့။ မနက်စောစောစီးစီး ကိုလေးအိုးကို ကြည့်ရတာ စိတ်မချမ်းသာစရာဗျာ။ ကျုပ်တောင် မထိုင်ရသေးဘူး၊ ကိုလေအိုးက ဖင်ကြွနေတယ်၊ ဘာလဲ ကိုလေအိုးမိန်းမ ဒေါ်ကပ်စေးက ညက ပဲဟင်းအကျန်တွေနဲ့ မနက်စာ ကျွေးလွှတ်လိုက်လို့လားဗျ။ ပြောစမ်းပါဦးဗျာ။

လေအိုး ။ ။ မဟုတ်ပါဘူး ကိုရွှေဂျိုးရာ၊ ထိုင်ဖြင့်မထိုင်သေးဘဲ ခင်ဗျားက လူကို မှိုချိုးမျှစ်ချိုး ဝေဖန်နေတော့တာကိုးဗျ။ ကြည့်ရတာ မြန်မာပြည်မှာနေတုန်းက ဝေဖန်ရေးဆရာ လုပ်ခဲ့တယ်ထင်တယ်။ ဒါကြောင့် ထမင်းငတ်ပြီး ဒီဘက်ထွက်လာတာ ဖြစ်မယ်။ ဟုတ်တယ်မဟုတ်လား ဟား ဟား ဟား ဟား (ပြောရင်းဆိုရင်း လေအိုး ပါးစပ်ကို လက်ဖြင့်အုပ်ပြီး ရယ်)

ရွှေဂျိုး ။ ။ စာမူခ နှစ်ပဲတပြားရတဲ့ ဝေဖန်ရေးဆရာ လုပ်မလားဗျာ။ လက်ညောင်းတာ အဖတ်တင်မှာပေါ့။ လုပ်ချင်းလုပ် အမြင်မတော်တာတွေ့ရင် ထရိုက်လိုက်မှာပေါ့။ ရွှေဂျိုးစိတ်က ဒီလိုဗျ။ ကဲ လုပ်စမ်းပါဦး ဘယ်လိုဖြစ်လို့ ပါးစပ်တပြင်ပြင် ဖင်တကြွကြွ ဖြစ်နေရတာတုန်း လင်းစမ်းပါဦး။

လေအိုး ။ ။ ပါးစပ်ပြင်တာကတော့ သတင်းထူး ပြောစရာရှိတာကိုးဗျာ။ အဲ … ဖင်ကြွတာကတော့ အိမ်က မိန်းမစကားကို စက္ကန့်မခြား ကြားယောင်နေလို့ဗျို့၊ ကြားယောင်နေလို့ ဟဲ ဟဲ။

ရွှေဂျိုး ။ ။ မိန်းမက ဘာမှာလိုက်လို့ ဒါလောက်တောင် ကြောက်ချေးစိမ့်နေရတာလဲ၊ ဆိုစမ်းပါဦး ကိုလေအိုးရဲ့။

လေအိုး ။ ။ ကြောက်ချေးစိမ့်တာ မဟုတ်ပါဘူး ကိုရွှေဂျိုးရာ၊ ချစ်တာပါဗျ၊ ချစ်တာ ချစ်တာ ဟား ဟား ဟား ဟား (ဆက်မပြောခင် ပါးစပ်ကို လက်ဖြင့်အုပ်၍ ရယ်နေပြန်)။

ရယ်သံစဲလေမှ လေအိုး စကားဆက်သည်။

လေအိုး ။ ။ ဒီလိုပါ ကိုရွှေဂျိုးရာ၊ အိမ်က မိန်းမက “ကိုရေ ဒီနေ့ဘာနေ့လဲ သဘောပေါက်နော်၊ မပေါက်ရင် ညစာငတ်မယ်မှတ်” တဲ့။ အဲဒီစကားလေး ကြားယောင်နေလို့ပါဗျာ။ လေအိုးတို့က အခုမှ ညားကာစမဟုတ်လား။ ညစာငတ် (အဲ…) ထမင်းမစားရလို့ ဘယ်ဖြစ်မလဲဗျ။ အဲဒါကြောင့် ဖင်ကြွနေမိတာထင်ပါရဲ့ ကိုရွှေဂျိုးရာ ဟား ဟား ဟား ဟား။

ရွှေဂျိုး ။ ။ ဟာဗျာ ဒီနေ့ တနင်္ဂနွေနေ့ပဲဗျ။ အေးအေးဆေးဆေးပေါ့ ကိုလေအိုးရ။ ကျုပ်က ဘာများလဲလို့ဗျာ။

လေအိုး ။ ။ ဟာ … မအေးဆေးဘူး ကိုရွှေဂျိုးရေ၊ ဒီလိုဗျ လေအိုးတို့က တနင်္ဂနွေလိုနေ့မျိုးမှ မိန်းမအတွက် အချိန်အပြည့် ပေးရတာ။ ကျန်တဲ့နေ့တွေဆို ကိုရွှေဂျိုးသိတဲ့အတိုင်း တိုင်းရေးပြည်ရေး လွတ်မြောက်ရေးကိစ္စတွေနဲ့ လျှောက်ပတ်စားသောက် (အဲ …) အခမ်းအနားတွေတက်၊ ၀ပ်ရှော့တွေသွား၊ ဆီမီနာတွေမှာ စားနဲ့၊ မအားမလပ်အောင် အလုပ်ရှုပ်နေတာ မဟုတ်လားဗျ။ ဒါကြောင့် တနင်္ဂနွေတရက်တော့ မိန်းမအတွက် အချိန်ပေးရင်း ဟိုနားသည်နား အလည်ပို့ပြီး ချော့ရတာပေါ့။ မပို့လို့ စိတ်ကောက်ရင် ညစာငတ် (အဲ …) ညနေ ထမင်းဟင်း မချက်ရင် ဒုက္ခမဟုတ်လားဗျာ ဟား ဟား ဟား ဟား (ပြောရင်းဆိုရင်း ပါးစပ်ကို လက်ဖြင့်အုပ်ပြီး လေအိုး ရယ်ပြန်)

ရွှေဂျိုး ။ ။ ကဲ ကဲ ဟုတ်ပါပြီ။ အဲဒါဆိုလည်း ပါးစပ်တပြင်ပြင်လုပ်နေတဲ့ သတင်းထူးကိုပဲ မြန်မြန်ထက်ထက် ပြောပါတော့ဗျာ။ ဟေ့ … ပိုက်ထွေးရေ လက်ဖက်ရည် နှစ်ခွက်ဟေ့။ ရေနွေးအိုးလေးပါ အလိုက်သိစမ်းကွာ။

လေအိုး ။ ။ ဒီလိုဗျ ကိုရွှေဂျိုးရ။ ကိုညီညီအောင် လွတ်လာပြီလေဗျာ။ ခင်ဗျား မသိဘူးသေးဘူးလား။

ရွှေဂျိုး ။ ။ ဘယ်သူလဲဗျ ကိုညီညီအောင်ဆိုတာ၊ ဘယ်ကလွတ်လာတာလဲ၊ အရင်းမရှိ အဖျားမရှိ ကိုလေအိုးရာ။

လေအိုး ။ ။ ဟာ ကိုရွှေဂျိုးကလည်း တော်တော်ခေတ်နောက်ကျတဲ့လူပဲဗျာ၊ လေလှိုင်းဆရာတွေ၊ ၀က်ဘ်ဆိုက်ဆရာတွေ တဖွဖွ သတင်းလုပ်နေတဲ့ ကိုညီညီအောင်လေဗျာ။ ခင်ဗျားမသိဘူးလား။ မျက်မှန်လေးနဲ့ ပင်နီတိုက်ပုံလေးနဲ့လေဗျာ။ ခဏခဏ တွေ့နေရတဲ့ဥစ္စာ။

ရွှေဂျိုး ။ ။ အော် သိပြီ သိပြီ ထုံထောင်းထဲက ဂီးဇောင်ဂျောင်း လင်မယားအိမ်မှာ ၀င်ထွက်နေတဲ့ ကိုယ်တော်လေး မဟုတ်လား။ ကျောပိုးအိတ်လေးလွယ်ပြီး ဆိုင်ကယ်တစီးနဲ့ လမ်းသလား (အဲ …) လျှောက်သွားနေတာ ကိုယ် တွေ့တွေ့နေတာပဲဟာ။ သူ့ကို ပြောတာလား။

လေအိုး ။ ။ အင်း ဟုတ်တယ်လေဗျာ။ သူပေါ့ဗျ ကိုညီညီအောင်ဆိုတာ။

ရွှေဂျိုး ။ ။ သူဆိုရင်တော့ သိသပေါ့ဗျာ။ ကျုပ်မိတ်ဆွေတွေထဲမှာလည်း ညီညီအောင်တွေက တော်တော်ပေါတာဆိုတော့ ရုတ်တရက် မင်မိုရီအောက်သွားတာ ဆောရီးဗျာ။ သူက မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား မြန်မာ့အရေးတက်ကြွလုပ်စား (အဲ …) လှုပ်ရှားသူမဟုတ်လားဗျ။ ဘန်ကောက်ကနေ လေယာဉ်စီးပြီး ၀င်သွားလို့ မင်္ဂလာဒုံလေဆိပ်မှာ အဖမ်းခံရတာ မဟုတ်လား။ ယက်တောညီလို့တောင် ရွှေဂျိုးတို့ နောက်နောက်နေသေးဗျာ။ ယက်တောအမှုနဲ့ ရှေ့ဆင့်နောက်ဆင့် ဖြစ်တာကိုးဗျ။ အခု သူ မြန်မာပြည်မှာ ထောင်ကျနေတယ်မဟုတ်လား။ ဟိုတလောလေးကတင် ဘယ်သူလဲမသိဘူး ကျုပ်ကိုပြောတာ။ သုံးနှစ်တောင် ကျတာဆိုဗျ။ အခု ဘယ်ကနေဘယ်လို ဆိုင်းမဆင့် ဗုံမဆင့် လွတ်လာတာလဲ ကိုလေအိုးရဲ့ လင်းစမ်းပါဦး။

လေအိုး ။ ။ ခင်ဗျားမေးပုံကြီးကလဲဗျာ။ ကိုညီညီအောင်ကို ထောင်က မလွတ်စေချင်တဲ့ လေသံပေါက်နေပါ့လား။ လူတယောက် အချုပ်အနှောင်က လွတ်လာတာ မင်္ဂလာရှိတဲ့ ကိစ္စမဟုတ်လားဗျာ။ မုဒိတာပွားမှပေါ့ ကိုရွှေဂျိုးရ ဟား ဟား ဟား ဟား (ပါးစပ်ကို လက်ဖြင့်အုပ်ပြီး လေအိုး ရယ်လေပြန်)။

ထိုစဉ် ပိုက်ထွေး လက်ဖက်ရည်နှစ်ခွက် လာချပေးရာ သူ့ခါးတွင် ချိတ်ထားသည့် မိုဘိုင်းလ်ဖုန်းလေးထဲမှ ထုံးစံအတိုင်း သီချင်းသံ လွင့်ပျံ့လာပြန်သည်။

“မေ့မရနိုင်ပါသည် xxx အခွင့်ရယ်သာတဲ့ တနေ့မှာ xxx အပြေးကလေး လာတွေ့ဦးမည် xxx ရွှေညာသူရေ ကိုယ်လာရင် ကြိုမှာလားလို့ အတည် xxx”

လေအိုး ။ ။ ပိုက်ထွေးရာ ဘယ်ကောင်မလေးကို မင်းက ပြေးတွေ့ချင်ရပြန်ပြီလဲ။ ဟိုတခါ လမ်းသရဲ အရိုက်ခံရတာလည်း မမှတ်သေးဘူး။ ဒီတခါ ကောင်မလေးအစ်ကိုတွေ ထွက်ရိုက်မှဖြင့်ကွာ … ငါ့နဲ့ ရင်လေးစမ်းပါဘိ။

ပိုက်ထွေး ။ ။ ဟား ဟား အစ်ကိုလေးအိုးကလည်း ကိုယ်မစွံတိုင်း သူများကို မနာလိုမဖြစ်နဲ့လေ။ ရွှေညာသူလေဗျာ၊ ရွှေညာသူ၊ ညိုချောကလေးပေါ့ဗျ အစ်ကိုလေအိုးရ ဟား ဟား ဟား။

သူ့ကို ပြန်စနေသည့် ပိုက်ထွေးကို လေအိုး မျက်စောင်းခဲပြီး ကြည့်လိုက်ရာ ပိုက်ထွေး ဇက်ကလေးပုပြီး အဖျော်ကောင်တာဘက်သို့ သုတ်သုတ်ပြန်လျှောက်သွားသည်။ ထို့နောက် ရွှေဂျိုးက စကားကို ပြန်ဆက်သည်။

ရွှေဂျိုး ။ ။ အာ … ကျုပ်မေးတာ အဲဒီသဘောမဟုတ်ရပါဘူး ကိုလေအိုးရာ။ ရွှေဂျိုးလောက် မုဒိတာပွားတတ်တာ ရွှေဂျိုးပဲရှိပါတယ်ဗျ။ အခုဟာက နိုင်ငံရေးအကျဉ်းသားစောင့်စားရေး (အဲ ...) ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားချက်အရ မြန်မာပြည်ထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) လောက်ရှိတယ်လို့ ဆိုတယ်မဟုတ်လား။ အဲဒီ (၂,၀၀၀) လောက်ထဲမှာမှ သူတယောက်တည်း ထူးထူးခြားခြား လွတ်မြောက်လာလို့ မေးမိတာပါဗျာ။ သန်းရွှေတို့က ဘာကြောင့် လွှတ်ပေးလိုက်တာတဲ့လဲဗျ။

ရွှေဂျိုး မေးနေစဉ်မှာပင် လေအိုးက သူ့အိတ်ကပ်ထဲမှ စက္ကူခေါက်ကို ဆွဲထုတ်ကာ ဖြန့်လိုက်သည်။ ထို့နောက် တစုံတခုကို ဖတ်ပြတောမည့်ဟန်ဖြင့် ...

လေအိုး ။ ။ သန်းရွှေတို့က လွှတ်ချင်လို့ လွှတ်တာ ဟုတ်ပုံမရဘူးဗျ။ ကိုညီညီအောင် အပြောအရ မလွှတ်မဖြစ်လို့ လွှတ်လိုက်ရပုံပေါ်တယ်။ အင်း ဒီမှာ ပရင့်အောက်ထုတ်လာတယ်၊ ကိုညီညီအောင် လွတ်လာတာနဲ့ ပတ်သက်ပြီး မဇ္ဈိမ၀က်ဘ်ဆိုက်နဲ့ ဗွီအိုအေလေလှိုင်းမှာ သူကိုယ်တိုင် ဖြေထားတာလေးတွေ ဖတ်ရကြားရတယ်ဗျ။ သူ့အပြောအရတော့ သူလွတ်မြောက်လာတာ ဒီလိုတဲ့ဗျ “ကျနော် ယုံကြည်တာပေါ့လေ၊ ကျနော် မျှော်လင့်ထားတာက မြန်မာနိုင်ငံရဲ့အရေးကို တကမ္ဘာလုံးက အင်အားစုတွေ၊ တကမ္ဘာလုံးမှာရှိတဲ့ မြန်မာကိုချစ်တဲ့ မိတ်ဆွေတွေအားလုံးက ဝိုင်းဝန်းပြီးတော့ ကူညီနေတဲ့အတွက်ကြောင့်၊ မြန်မာပြည်လွတ်မြောက်ရေးကို ကူညီနေတဲ့အတွက်ကြောင့်၊ မြန်မာပြည်မှာ နိုင်ငံရေးအရ အကျဉ်းကျနေတဲ့ လူတွေရဲ့ လွတ်မြောက်ရေးကို အထူးကြိုးစားပြီး ကူညီခဲ့ကြတာလို့ ကျနော် မျှော်လင့်ပါတယ်။ အဲဒီဟာကို ယုံလည်းယုံကြည်ပါတယ်။ မြန်မာတွေတင်မကဘူး၊ တခြားသော နိုင်ငံခြားသားတွေရော၊ အားလုံးစုပေါင်းပြီး ကြိုးစားခဲ့လို့ ကျနော့်ရဲ့လွတ်မြောက်မှုဟာ ရလဒ်လို့ပဲ ကျနော်မြင်ပါတယ်” တဲ့။ ၀ါကျတော့ သိပ်မချောဘူးဗျာ။ ဒါပေမယ့် ကိုညီညီအောင် ဆိုလိုပုံကတော့ တကမ္ဘာလုံးကပေးတဲ့ ဖိအားဒဏ်ကို မခံနိုင်လို့ သန်းရွှေတို့က လွှတ်လိုက်ရတာ ဆိုတဲ့သဘောဗျ။

ရွှေဂျိုး ။ ။ ဟောဗျာ၊ အဲသလို ဖြေသတဲ့လား၊ အဲသလိုဆိုရင်တော့ သန်းရွှေကြီးတို့က ကျုပ်တို့ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးခွန်ထွန်းဦးတို့၊ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ကို အရင်လွှတ်သင့်တာပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးခွန်ထွန်းဦးတို့၊ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့အတွက်ဆို တကမ္ဘာလုံးမှာ လွတ်မြောက်ရေး ကမ်ပိန်းတွေ လုပ်နေကြတာ ၀က်ဝက်ကွဲပဲ မဟုတ်လားဗျ။ ကိုညီညီအောင် ဖြေကြားပုံအရဆိုရင် ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးခွန်ထွန်းဦးတို့၊ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ကိုကျတော့ မလွှတ်သေးဘဲ သူ့တယောက်တည်းကို လွှတ်ပေးလိုက်တာ သိပ်ယုတ္တိမရှိသလိုပဲဗျနော်။

လေအိုး ။ ။ အေးဗျာ ယုံချင်ယုံ မယုံရင် ပုံပြင်သာမှတ် ကိုရွှေဂျိုးရေ၊ သူ ဘန်ကောက်မှာ အတင်းထောက် (အဲ …) သတင်းထောက်တွေကို ဖြေကြားသွားတာကတော့ အဲသလိုပါပဲဗျာ။ ကျန်တာကတော့ သူနဲ့ သန်းရွှေတို့ကြားက ကိစ္စနေမှာပေါ့ဗျ။ ဒါကတော့ လေအိုးတို့က ကန်တော်ကြီးမှာ အတွဲချောင်းသလို သွားချောင်းလို့မှမရတော့ အကုန်လုံး ဘယ်သိနိုင်ပါ့မလဲဗျာ ဟား ဟား ဟား ဟား (ပြောရင်းဆိုရင်း ပါးစပ်ကို လက်ဖြင့်အုပ်ပြီး လေအိုးရယ်ပြန်)

ရွှေဂျိုး ။ ။ ဒါနဲ့ ကိုညီညီအောင်က နအဖစစ်အစိုးရကို ဆန့်ကျင်နေတဲ့ မြန်မာ့အရေးလှုပ်ရှားသူဖြစ်ပြီး ဘယ်လိုဖြစ်လို့ လေယာဉ်ကြီးစီးပြီး ဝေဟင်ခရီးကနေ တရားဝင် လစ်ရတာလဲဗျာ။ တယ်ထူးဆန်းပါလား ကိုလေအိုးရ။

လေအိုး ။ ။ အား … အဲဒါလည်း သူဖြေသွားတယ်ဗျ။ ဒီလို ဒီလို “ကျနော့်အနေနဲ့ စသွားတုန်းကတော့ ကျနော်က အမြဲတမ်း တိုင်းပြည်ထဲကို သွားနေကျပဲ။ ကျနော်တို့ နိုင်ငံသားတွေဟာ ပိုပြီး အသိတရားရှိမယ်၊ ပိုပြီးပွင့်လင်းတဲ့ အခင်းအကျင်း ဖြစ်နိုင်ဖို့အတွက် ကျနော်မြင်သလောက် မျှဝေမယ်၊ သူတို့ဆီက ရသမျှ ကျနော် လေ့လာမယ်၊ ပြီး သွားတဲ့အခါ ဘာတွေ ပိုပြီး ချဉ်းကပ်နိုင်မလဲဆိုတာ ကျနော် စဉ်းစားပါတယ်” တဲ့ဗျ။ တော်တော် အတင့်ရဲတဲ့ ကိုယ်တော်လေးပဲနော်။ အနံ့ခံကောင်းတဲ့ နအဖစစ်ခွေး (အဲ …) ထောက်လှမ်းရေးတွေကြားမှာ သူဘယ်လို ဂျက်စီဂျိမ်း လုပ်နေခဲ့ပါလိမ့်။

ရွှေဂျိုး ။ ။ အေးဗျာ သူ ဖြေပုံကြီးက တမျိုးတော့ တမျိုးပဲဗျာ တမျိုးတော့ တမျိုးကြီးပဲ။ ကြည့်ရတာ သတင်းသမားတွေ ဖွစရာ ကုန်ကြမ်းပြတ်ကုန်မှာစိုးလို့ သန်းရွှေနဲ့ ညှိပြီး ပြဇာတ်တပုဒ် ကလိုက်တာများလားဗျာ။ ဒါနဲ့ သူအခေါက်ခေါက် အခါခါ ၀င်ညှိ (အဲ…) ၀င်ထွက်နေတုန်း ကျုပ်တို့ပြည်သူတွေကို ကိုညီညီအောင် တော်တော်မျှဝေခဲ့တယ်တဲ့လားဗျ။ ပြည်သူတွေ အသိတရား တော်တော်ရတယ်တဲ့လား ဘာတဲ့လဲ ကိုလေအိုး။

လေအိုး ။ ။ အဲဒါတော့ ကျနော်ကြားတာ သူနဲ့တွေ့တဲ့ လူငယ်တွေ တော်တော်များများ ထောင်ထဲ (အဲ …) ဟိုဗျာ အဲဒါတော့ သူနဲ့တွေ့မှပဲ တိုက်ရိုက်မေးတော့ ကိုရွှေဂျိုးရာ၊ ကျုပ်ကတော့ ကိုညီညီအောင်ကို အားကျပြီး မတွေ့ရတာ နှစ်ပေါင်း (၂၀) ကြာတဲ့ ငယ်ချစ်ကလေးကို ပြေးတွေ့လိုက်ချင်ရဲ့။ ကိုညီညီအောင်အပေါ် သန်းရွှေတို့ သဘောကောင်းသလို လေအိုးအပေါ်လည်း ကောင်းမယ်ဆိုရင်ပေါ့ဗျာ ဟား ဟား ဟား ဟား သွားဦးမယ်ဗျို့ အိမ်က ချစ်ဇနီး ပူပူနွေးနွေးလေ မျှော်နေရော့မယ်။

လေအိုးတယောက် ပြန်တော့မည့်ဟန်ပြင်ကာ ပိုက်ထွေးဆီ လှမ်းအော်ပြန်သည်။

လေအိုး ။ ။ ဟေ့ ပိုက်ထွေး ခုနက မင့်သီချင်းကို ငါ ဒီလို ပြောင်းဆိုလိုက်တော့မယ်ကွာ။ ငါလည်း မတွေ့ရတာ နှစ်ပေါင်း (၂၀) ကြာတဲ့ ငယ်ချစ်ကို တွေ့ချင်လွန်းလို့ပါကွာ “သေနာတွေရေ xxx ကိုယ်လာရင် ကြိုမှာလားလို့ အတည်” သေနာတွေဆိုတာ သန်းရွှေတို့ကို ပြောတာနော် ပိုက်ထွေး။ မင်းယောက္ခမကို ပြောတာမဟုတ်ဘူး ဟား ဟား ဟား ဟား။

ပြောပြောဆိုဆို လေအိုးတယောက် “သေနာတွေရေ xxx ကိုယ်လာရင် ကြိုမှာလားလို့ အတည်” ဟု အော်ဟစ်သီဆိုကာ စက်ဘီးကို ခပ်သွက်သွက် နင်းထွက်သွားပြီးနောက် ရွှေဂျိုးလည်း အောက်ရေတိုးနေသည့်အတွက် ရေမလျှံမီ ဆိုင်နောက်သို့ ခပ်သုတ်သုတ် လှမ်းလျှောက်ခဲ့လေသည်တကား။

ရင်းးမြစ်။ ။ခေတ်ပြိုင်

၂၀၁၀ ရွေးကောက်ပွဲနှင့် ရွေးလမ်းသုံးသွယ်

     (၁)
၂၀၁၀ ခုနှစ် မတ်လ ၈ ရက်နေ့တွင် နအဖ မှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေများအား ထုတ်ပြန်လိုက်၏။ ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် နေ့ရက်အား သတ်မှတ်ဖော်ပြခြင်း မရှိသေးသော်လည်း… ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် ရက်မှာမူ… နီးကပ်လာပြီဟု ယူဆရ၏။

ဤတွင်…. ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမြင်သဘောထားအမျိုးမျိုး ထွက်ပေါ်လာပြီး… ရွေးလမ်းများ ကွဲလာကြ၏။

ပထမရွေးလမ်းက … ခြွင်းချက်မရှိ ကျင်းပမည့် ရွေးကောက်ပွဲသို့ ဝင်မည်။ ဤသည်တို့ကား…. စစ်အုပ်စုမှ ဖွဲ့စည်းပေးမည့် နိုင်ငံရေးအဖွဲ့အစည်းများ ဖြစ်၏။ စစ်အုပ်စုနှင့် အရောင်တူ၊ အသွေးတူ၊ အတောင်တူ….တို့ ဖြစ်သည်။ စစ်အာဏာရှင်စနစ်အား သက်ဆိုးရှည်ရေးအတွက် စွမ်းဆောင်ကြမည့် စွမ်းအားရှင်များဖြစ်၏။

ဒုတိယရွေးလမ်းက …. ကျင်းပမည့် ရွေးကောက်ပွဲသို့ ခြွင်းချက်နှင့် ဝင်မည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ပါလီမန်အတွင်းမှ တရွေ့ရွေ့နှင့် ပြုပြင်ပြောင်းလဲသွားမည်၊ ယနေ့အခြေအနေ၌ အခြားရွေးလမ်းမရှိ၊ စစ်အုပ်စုမှ ဖွင့်ပေးသည့် ဒီမိုကရေစီဝန်းကျင်သည်… ကျဉ်း၍ ငယ်ကောင်းငယ်မည်… သို့သော် …ကျဉ်းသော… ငယ်သော ဒီမိုကရေစီဝန်းကျင်ကိုပင် တဖြည်းဖြည်း ချဲ့၍သွားရမည်၊ စစ်အုပ်စုမှ ‘ဟ’ ပေးသည့် space အား တစတစနှင့် ချဲ့ယူရမည်။ ဤသို့… ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသို့ သွားရာလမ်းက …. ကျင်းပမည့် ရွေးကောက်ပွဲနှင့် ၂ဝဝ၈ ဖွဲ့စည်းပုံနှင့် ပါလီမန်တွင်သာ ရှိ၏။ ဤအတွက် …ရွေးကောက်ပွဲသို့ ဝင်ရမည်ဟူ၍ ခြွင်းချက်ပေး၍ စိတ်ကူးယဉ်ကြ၏။ အီဗော်လူးရှင်း (evaluation) သမားများ….။

တတိယရွေးလမ်းက …. ကျင်းပမည့် ရွေးကောက်ပွဲဟူသည်ကား… ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအရ ကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်သည်။ ၂ဝဝ၈ ဖွဲ့စည်းပုံဟူသည်က …ပြည်သူအား ကိုယ်စားမပြု… ပြည်သူ့ဆန္ဒမပါ။ စစ်အုပ်စုမှ စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် ရေးဆွဲထားသည့် ဖွဲ့စည်းပုံဖြစ်သည်။ ဒီမိုကရေစီ၏ အနှစ်သာရမရှိ….။ ဤအတွက် …ရွေးကောက်ပွဲအား ဆန့်ကျင်၏။ သပိတ်မှောက်၏။ စစ်မှန်သော ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ဆက်၍ တိုက်ပွဲဝင်ရမည်… ဟူ၍ ဖြစ်၏။

(၂)

ပထမရွေးလမ်းဟူသည်က…. စစ်အာဏာရှင်စနစ်သို့ ဦးတည်ရာဖြစ်၍ လူထုလျှောက်မည့် လမ်းမဟုတ်…။

“ငွေငါးထောင် အစာဒုလ္လဘရယ်ကြောင့်
ပြည်အားတောင် မဖြုန်းသပရယ်လို့
မဟာသူပုန်ထခဲ့တဲ့ အရေးတတ်တွေ
အမွှေးခပ်ရှည်ရှည်ရယ်နှင့် အမိုက်ဝါသနာကိုး
(အရီးစိမ်းကြီးရယ်) ခွေးအငတ် မပြေတပြေတွေမှာဖြင့် ကိုက်စရာအရိုး”

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ခွေးဋီကာနှင့်ပင် ပထမရွေးလမ်းသမားတို့အတွက်က ပြည့်စုံ၍နေပြီ၊ ဤအတွက် ပြောရန်မလို…။ ထားတော့…။

ဒုတိယရွေးလမ်း…။
ဒုတိယရွေးလမ်းက ….ကျင်းပမည့် ရွေးကောက်ပွဲသို့ ဝင်မည်။ ပါလီမန်အတွင်းမှ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြုပြင်ပြောင်းလဲမည်။ စစ်အာဏာရှင်၏ ပုဒ်ထီး၊ ပုဒ်မတို့အား ဖြုတ်၍ ပြင်၍၊ ဖြည့်စွက်၍… ဒီမိုကရေစီပုဒ်ထီး၊ ပုဒ်မများနှင့် အစားထိုးသွားကြမည်ဟု ဆို၏။

ဤတွင် …၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အပိုင်းဆီသို့ မသွားမီ … ရွေးကောက်ပွဲဝင်နိုင်ရန် နိုင်ငံရေးပါတီ အဖွဲ့အစည်းတခု ဖွဲ့စည်းရေးဟူသည့် …ပထမခြေလှမ်းမှ စပါမည်။

၂ဝ၁ဝ ခုနှစ် မတ်လ ၈ ရက်နေ့၊ ရက်စွဲနှင့် နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် လက်မှတ်ရေးထိုး၍ နိုင်ငံရေးပါတီများမှ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအား၊ ဥပဒေအမှတ် ၂/၂ဝ၁ဝ အဖြစ်နှင့် ထုတ်ပြန်၏။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၏ အခန်း ၂ ပုဒ်မ ၆ ၊ ပုဒ်မခွဲ (ဂ) တွင်က ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး ဟူ၍ ပြဋ္ဌာန်းထား၏။ ပြီးလျှင် အခန်း ၂ ပုဒ်မ ၁ဝ၊ ပုဒ်မခွဲ (ဈ) တွင်လည်း ပုဒ်မ ၆ ပါ အချက်များကို စောင့်ထိန်းလိုက်နာမည်ဖြစ်ကြောင်း ထပ်မံ၍ ဝန်ခံကတိပြုထားခိုင်းပြန်သည်။

ဖော်ပြပါ ပုဒ်မ ၆၊ ပုဒ်မခွဲ (ဂ) နှင့် ပုဒ်မ ၁ဝ၊ ပုဒ်မခွဲ (ဈ) တို့၏ ဥပဒေအနှစ်သာရက …. ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြုပြင်ပြောင်းလဲပြင်ဆင်ခွင့်မရှိ…. ယခုအတိုင်း ထိန်းသိမ်းဆောင်ရွက်ရမည်ဟူ၍ ….သက်ရောက်ပါက …. နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မိသည့် နိုင်ငံရေးအဖွဲ့အစည်း ဟူသမျှသည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား  အဘိဓမ္မာသုံးပုံကဲ့သို့ ပြုပြင်ရန် မဖြစ်နိုင်တော့….။ လေးသင်္ချေနှင့် ကမ္ဘာတသိန်း စောင့်ရမည့်ဟန်….။ ထားတော့…။

ဒုတိယရွေးလမ်းအား အတွေးနှင့် ဆက်ကြည့်ပါမည်။

ပါလီမန်အတွင်းသို့ ရောက်ရှိပြီ။
ပြည်ထောင်စုလွှတ်တော်တွင်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ၇၅ % ရှိပြီး စစ်သားကိုယ်စားလှယ်များက ၂၅ % ရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသည့် တပ်မတော်၏ အခန်းကဏ္ဍများအား ဖယ်ရှားရန် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြုပြင်မည်ဆိုပါက ၂ဝဝ၈ ဖွဲ့စည်းပုံတွင် ပါရှိသည့် အခန်း ၁၁ အရ ပြုပြင်ရမည်ဖြစ်သည်။ ပထမအဆင့်အနေဖြင့် ပြင်ဆင်လိုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် မူကြမ်းအား လွှတ်တော်ကိုယ်စားလှယ် ၂ဝ % မှ ထောက်ခံ၍ အဆိုပြုတင်ပြရမည်ဖြစ်သည်။ အဆိုပြုတင်ပြချက်မူကြမ်းအား ပြည်သူ့လွှတ်တော်အတွင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၇၅ % အထက် ထောက်ခံမှသာလျှင် အဆိုပြုတင်ပျြချက်မူကြမ်းအား ပြည်သူ့လွှတ်တော်အတွင်း ဆွေးနွေးမည်။ ဤတွင် ၂၅ % ပါရှိသည့် စစ်သားကိုယ်စားလှယ်များက မထောက်ခံသ၍ ဖွဲ့စည်းပုံပြင်ဆင်ရေး ဟူသည်မှာ…. မည်သို့မျှ ဖြစ်လာမည်မဟုတ်။ ထားတော့…..။ မဆိုစကောင်း၊ ဆိုစကောင်း ….တရွေ့ရွေ့နှင့် ပါလီမန်အတွင်း လူထုကိုယ်စားလှယ်များ၏ စည်းရုံးမှုကြောင့် တိုးတက်သော လူထုလမ်းသို့ လျှောက်လိုသည့်… စစ်သားကိုယ်စားလှယ်များ ဖြစ်ထွန်းလာခဲ့သည်ဆိုပါစို့။ ဤအတွက် …ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းအဆိုအား တိုးတက်သော စစ်သားကိုယ်စားလှယ်အချို့၏ ထောက်ခံမှုဖြင့် ၇၅ % အထက် ထောက်ခံဆန္ဒပြုမှုအား ပါလီမန်တွင် ရခဲ့ပြီ….။ ဤတွင်လည်း ဒုတိယအဆင့် အကျပ်အတည်းက ရှိနေပြန်သည်။  ပြင်ဆင်မည့် ဥပဒေမူကြမ်း၏ ပြင်ဆင်ချက်များသည် ….ဖွဲ့စည်းပုံတွင် ပါရှိသည့် …..

အခန်း (၁) နိုင်ငံတော်အခြေခံမူများ
အခန်း (၂) နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ
အခန်း (၃) နိုင်ငံတော် အကြီးအကဲ
အခန်း (၄) ဥပဒေပြုရေး
အခန်း (၅) အုပ်ချုပ်ရေး
အခန်း (၆) တရားစီရင်ရေး
အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်
အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း ဟူသည့် အခန်းများအား ပြင်ဆင်ခြင်းဖြစ်ပါက …. ပြည်ထောင်စု လွှတ်တော်၏ ၇၅ % အထက်၏ ထောက်ခံမှုဖြင့် ပြင်၍မရသေး…။ လူထုဆန္ဒခံယူပွဲ ပြုလုပ်ရဦးမည်ဖြစ်၏။ မဲဆန္ဒပေးပိုင်ခွင့်ရှိသည့် လူထု၏ ၅ဝ % အထက်မှ ထောက်ခံဆန္ဒပြုမှသာလျှင် …. ထိုပြင်ဆင်မှု ဥပဒေမူကြမ်းသည် အတည်ဖြစ်မည်။

ထိုအခြေအနေတွင် …. တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဖွဲ့စည်းပုံပြင်ဆင်ချက်အား သဘောမတူပါက …. အခန်း ၁၁ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက် ပုဒ်မ ၄၁၈ ၊ ပုဒ်မ ခွဲ (က)၊ (ခ) တို့နှင့်အညီ … နိုင်ငံတော် အာဏာအား သိမ်းယူပိုင်ခွင့် ရှိ၏။ ဤတွင် ….ပါလီမန်ဟူသည်လည်း ဖျက်သိမ်းပြီးဖြစ်၏။

အဆုံး၌မူ ….ပါလီမန်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြုပြင်ပြောင်းလဲ၍ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အိမ်မက်သည်လည်း ပျက်လေ၏။ အိမ်မက်က အိမ်မက်အဖြစ်နှင့်ပင်..။ ဒုတိယရွေးလမ်းဟူသည်ကား…. စိတ်ကူးနှင့် ခင်းကြည့်သော လမ်းသာ…။ လက်တွေ့လျှောက်လှမ်း၍မရ…။

(၃)

ဒုတိယရွေးလမ်းဖြင့် စစ်အာဏာရှင်စံနစ်အား လျှော်ဖွတ်၍မရ…။ ထားတော့…။

တတိယရွေးလမ်း…။
တတိယရွေးလမ်းက …. ရွေးကောက်ပွဲအား ဆန့်ကျင်၏။ ပါလီမန်အတွင်း တိုက်ပွဲနှင့် ပြုပြင်ပြောင်းလဲ၍ မရနိုင်ဟု ယုံကြည်၏။

ဤတွင်…. တတိယရွေးလမ်း၌ ပထမဦးစွာ စိန်ခေါ်မှုက … ပါလီမန်ပြင်ပမှ လူထုနှင့်အတူ နိုင်ငံရေးတိုက်ပွဲများအား မည်သို့ ဆင်နွှဲမည်နည်း…။ ဒီမိုကရေစီလူဘောင်ဆီသို့ လူထုနှင့်အတူ အရှေ့မှ ဦးဆောင်၍ မည်သို့ ချီတက်ကြမည်နည်း…။

စစ်အုပ်စုမှ ပြဋ္ဌာန်းထားသည့် နိုင်ငံရေးပါတီများ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေအရ… နိုင်ငံရေးအသင်းအဖွဲ့… ဖွဲ့စည်း၍ လူထုအား ဦးဆောင်ပြီး ဒီမိုကရေစီလူ့ဘောင်ဆီသို့ လျှောက်လှမ်းမည်လား….။ သို့တည်းမဟုတ်… မြေအောက်အသင်းအဖွဲ့အသွင်နှင့် လူထုအား ဦးဆောင်၍ ချီမည်လား…။ ဤအခြေအနေ ၂ ရပ်၌ နိုင်ငံရေးပါတီတရပ်အနေနှင့် နိုင်ငံရေးပါတီများဆိုင်ရာ ဖွဲ့စည်းခြင်း ဥပဒေအရ …. ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကော်မရှင်သစ်တွင် တင်လျှောက်၍ ဖွဲ့စည်းမည်ဆိုပါလျှင်….

ပထမဦးစွာ ရင်ဆိုင်ရမည်က …. ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည့်အကြောင်း ဝန်ခံကတိပြုရမည်။

ဒုတိယရင်ဆိုင်ရမည်က ….. ကျင်းပမည့်ရွေးကောက်ပွဲတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်…. စသည့် လွှတ်တော်ရွေးကောက်ပွဲများ၌ အနည်းဆုံး ၃ နေရာတွင် ဝင်ရောက်၍ အရွေးချယ်ခံရမည်။

တတိယရင်ဆိုင်ရမည်က …. ၁၉၈၈ အရေးတော်ပုံကြီးမှစ၍ လက်တွဲဆောင်ရွက်ခဲ့ကြသည့် သေဖော်သေဘက်၊ ရဲဘော်ရဲဘက် .. စွန့်လွှတ်ဖော်၊ စွန့်လွှတ်ဘက်… ရဲဘော်များမှ အကျဉ်းထောင်အတွင်း ကျခံနေကြရသည့် သူများအား လက်တွဲဖြုတ်ရမည်။ စွန့်ပယ်ထားရမည်။ မလွယ်….။ မည်သည့်နှလုံးသားနှင့် ဤရဲဘော်များအား ဖယ်ခွာသွားနိုင်မည်နည်း….။ လုံးဝ မလွယ်…။

ဤတွင် … နိုင်ငံရေးပါတီ အဖွဲ့အစည်းတရပ်အဖြစ် ရပ်တည်ပြီး… ဒီမိုကရေစီလူ့ဘောင်ဆီသို့ လျှောက်လှမ်းရေးက စိန်ခေါ်မှု ၃ ရပ်နှင့် ရင်ဆိုင်ရမည်မှာ … မွန်းကြပ်စရာပင်…။

နိုင်ငံရေးဖြတ်သန်းမှု ကြီးမားခဲ့သည့် ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးရွှေအုန်းက … နအဖ ၏ နိုင်ငံရေး ပါတီများ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေနှင့် ရွေးကောက်ပွဲဥပဒေများအား ကြည့်ပြီး… ဥပဒေများ မထွက်မီက ရှိခဲ့သည့် ရွေးကောက်ပွဲဝင်လိုသည့် ဆန္ဒများပင် ပျက်ယွင်းရသည်ဟု ဆို၏။

ပြီးလျှင် … ဦးရွှေအုန်းက …
''၂ဝဝ၈ ခုနှစ် ဥပဒေက မကောင်းတဲ့ ဥပဒေဆိုရင် နောင်မှာလည်း ကောင်းလာနိုင်မယ့် အနေအထား မရှိဘူး။ မကောင်းလားဆိုပြီးတော့ မလုပ်ဘဲ နေလို့ရှိရင် ဘာမှမလုပ်ဘဲ နေရတော့မှာပဲ။ ဒါကို မကြိုက်ဘူးဆိုပြီးတော့ ပြည်တွင်းမှာ နေပြီးတော့… လက်နက်ကိုင်လမ်းစဉ် လုပ်ဖို့ဆိုတာလည်း အဲဒီလောက် သတ္တိမရှိဘူး” ဤအတွက် ရွေးကောက်ပွဲကိုပင်လျှင် ဝင်ရပေမည်ဟု ဆို၏။

စဉ်းစားဖွယ်ရာပင်…။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်က … အင်တာဗျူးတခု၌…. “နိုင်ငံရေးပါတီတခုဟာ နိုင်ငံရေးရှိဖို့ လိုတယ်၊ နိုင်ငံရေးမရှိတဲ့ ပါတီဆိုရင် ဘာနဲ့တူလဲဆိုတော့ ဦးနှောက်မရှိတဲ့၊ ခေါင်းမပါတဲ့ သတ္တဝါလို ဖြစ်မှာပဲ။ လူတွေမှာ၊ လူ့အသိုင်းအဝိုင်း လူ့အဖွဲ့အစည်းတွေမှာ နိုင်ငံရေး ရှိနေမယ်ဆိုရင် ပါတီမရှိလည်း အရေးမကြီးဘူး။ ကွန်မြူနစ်တို့၊ ဖဆပလတို့ဆိုရင် ဂျပန်ခေတ်တခေတ်လုံး ကျော်ဖြတ်ခဲ့တယ်။ ပါတီရယ်လို့ မရှိဘူး။ နောက်မှ ဖဆပလဆိုတာ ပေါ်ပေါက်လာခဲ့တယ်'' ဤသို့ ပြောဆို၏။

ဆရာဦးဝင်းတင် ဥပမာပြုညွှန်းဆိုသည့် ကွန်မြူနစ်ပါတီနှင့် ဖဆပလ ဟူသည်ကား…. ဖက်ဆစ်ဂျပန်တို့အား လက်နက်ကိုင် တော်လှန်ရေးဆင်နွှဲရန် လူထုစည်းရုံးရေးအား မြေအောက်ဆင်း၍ လုပ်ဆောင်နေသည့် သခင်စိုး ဦးဆောင်သည့် ကွန်မြူနစ်ပါတီနှင့် ဖဆပလ တပ်ပေါင်းစုအား ညွှန်းဆိုခြင်း ဖြစ်သည်။

မတ်လ ၂၇ ရက်၊ ဖက်ဆစ်တော်လှန်ရေးကြီးဖြင့် … ဖက်ဆစ်ဝါဒအား လက်နက်ကိုင် တိုက်ထုတ်ခဲ့သည့် သမိုင်းအား ဥပမာပြုညွှန်ပြခြင်းဟု နားလည်ရ၏။

ဤတွင် ….တတိယရွေးလမ်း ဟူသည်ကား…. လက်နက်ကိုင် တော်လှန်ရေးသို့ ချီရာလမ်း….။

မင်းဆွေသစ် 
Friday, 19 March 2010 14:07

ရင်းမြစ်။ ။http://burmese.mizzimamedia.com/index.php?option=com_content&view=article&id=4960:2010-03-19-10-36-20&catid=3&Itemid=4

ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ရေး ဖိလစ်ပိုင် တောင်းဆိုချက် စစ်အစိုးရ လက်မခံ

မြန်မာစစ်အစိုးရက ကျင်းပဖို့ ရှိနေတဲ့ ရွေးကောက်ပွဲတွေမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရအောင် ဥပဒေတွေ ပြဋ္ဌာန်းထားတာကို ပြင်ဆင်ဖို့ ဖိလစ်ပိုင်နိုင်ငံက တောင်းဆိုခဲ့တာကို မြန်မာ နိုင်ငံခြားရေးဝန်ကြီးက လက်မခံ ပယ်ချလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ကျင်းပနေတဲ့ ဘက်မလိုက်နိုင်ငံများ အစည်းအဝေးပွဲ တခုအတွင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘာတို ရိုမြူလို (Alberto Romulo) က မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ အလွတ်သဘော တွေ့ဆုံစဉ်မှာ တိုက်တွန်းခဲ့တာကို ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ များများစားစား မပြောတဲ့ အတွက်လည်း စိတ်ပျက်မိတယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေး ၀န်ကြီးရဲ့ ပြောဆိုချက်ကို DPA သတင်းတပုဒ်က ကိုးကား ဖော်ပြခဲ့တာပါ။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေအရ ရာဇ၀တ်ပြစ်မှုတွေနဲ့ အရေးယူ ခံရသူတွေကို ပါတီကနေ ထုတ်ပယ်ရမယ် ဆိုပြီး ပြဋ္ဌာန်းခဲ့တာမို့ နေအိမ်အကျယ်ချုပ် ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အပြစ်ပေးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေမျိုး ကြုံနေရတာပါ။

ဒီလိုပဲ ဒီဥပဒေက ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်လောက်ကိုလည်း ဒီနှစ်ထဲ ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ပါဝင်ခွင့်မရအောင် တားမြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေဟာ နိုင်ငံရေးမှာ ပါဝင်ပတ်သက်နိုင်တဲ့ အခန်းကဏ္ဍတွေကို ကန့်သတ်မှု ဖြစ်သလို လူပုဂ္ဂိုလ် တဦးတယောက်ကို ကန့်သတ်ဖို့ ရည်ရွယ်ထားတယ် ဆိုတာ ထင်ရှားနေတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

ဒီဥပဒေကပဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တခဲနက် အနိုင်ရခဲ့တဲ့ ၁၉၉၀ ပြည့်နှစ်က ရွေးကောက်ပွဲ ရလဒ်တွေကိုလည်း ပယ်ဖျက်လိုက်တာပါ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွေကို ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေဟာ သက်ရောက်မှု မရှိတော့တာမို့ ဒီရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ရလဒ်ဟာလည်း သက်ဝင်မှု မရှိတော့ဘူးလို့ ရွေးကောက်ပွဲ ဥပဒေတွေက ပြဋ္ဌာန်းခဲ့တာပါ။

မြန်မာစစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေတွေ အပေါ်မှာတော့ မြန်မာနိုင်ငံတွင်းက နိုင်ငံရေး အင်အားစုတွေသာမက ကုလသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စု အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းကလည်း စိုးရိမ်မကင်း ဖြစ်မှုတွေ၊ ဝေဖန်မှုတွေလည်း ပြည်တွင်းပြည်ပက ထွက်ပေါ်လာတာပါ။

ရင်းမြစ်။ ။http://www.voanews.com/burmese/2010-03-18-voa6.cfm

ရွှေဂုံတိုင် ကြေညာချက် ပြန်သုံးသပ်မည်




စစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေတွေ ထုတ်ပြန်လိုက်ပြီးနောက် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွှေဂုံတိုင် ကြေညာစာတမ်းကို မြို့နယ်အလိုက် ဝေဖန်သုံးသပ်မှုတွေ ရှိနေတယ်လို့ NLD ခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။ ပါတီ ရှေ့ဆက် ရပ်တည်ရေးနဲ့ ရွေးကောက်ပွဲ ၀င်မ၀င်ကို မတ်လ ၂၉ ရက်နေ့မှာ ဆုံးဖြတ်မယ်လို့ NLD က ကြေညာထားချိန်မှာ အခုလို သုံးသပ်မှုတွေကို လုပ်နေတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။
မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ ဒီမိုကရေစီ ကျင့်စဉ်နဲ့အတူ အားလုံးပါဝင်နိုင်တဲ့ အနေအထားမှာ မရှိတဲ့အတွက် ဒီဥပဒေတွေကို ရင်ဆိုင်သွားမယ်ဆိုတဲ့ သဘောထားတရပ် NLD အတွင်းမှာ ရှိနေပြီး ဒီကိစ္စကို ဆက်လက် ညှိနှိုင်းနေတယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပြောပါတယ်။ NLD အနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပါ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ အချက်တွေ ပြန်ပြင်ပေးရေး တောင်းဆိုထားတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းကို ဆက်လက် ကိုင်စွဲထားဆဲပဲလို့ ပြောဆိုတဲ့ တချိန်တည်းမှာပဲ မြို့နယ်အလိုက် ပြန်လည် ဝေဖန် သုံးသပ်တာမျိုးတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။
“ရွှေဂုံတိုင် ကြေညာစာတမ်းကို မြို့နယ်တွေအလိုက် ပြန်လည်ဝေဖန်ဖို့ သဘောထားတွေ ရှိလာပါတယ်။ အဲဒီဟာကတော့ ရွှေဂုံတိုင် ကြေညာစာတမ်းကို ဆက်လက်ပြီးတော့ ကိုင်စွဲထားပြီး တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ အနေအထား တရပ်ကိုလည်း ဆက်ပြီးတော့ ရှိနေမှာကို အန်ကယ်တို့က အတိအလင်းပဲ ရပ်တည်ချက်အဖြစ် လက်ကိုင်ထားဆဲပဲ ရှိပါတယ်။ ရွှေဂုံတိုင် ကြေညာချက် သဘောထားပေါ့လေ။
“အခုလောလောဆယ် ထွက်လာတဲ့ ပါတီဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေတွေ အပေါ်မှာ မကျေလည်တဲ့ဟာတွေကို ပြန်လည် ပြင်ဆင်နိုင်အောင် ရင်ဆိုင်သွားမယ်ဆိုတဲ့ သဘောထားတွေကိုလည်း အန်ကယ်တို့ အပြီးအပြတ် ညှိနှိုင်းလို့တော့ ပြီးသွားပါပြီ။ ဆုံးဖြတ်ဖို့ကတော့ ၂၉ ရက်နေ့ကျမှပဲ ဆုံးဖြတ်သွားမှာပါ။”
NLD ပါတီ ရပ်တည်ရေးနဲ့ ခေါင်းဆောင်မှုကို ရွေးချယ်ရာမှာ ပါတီ ပျက်ပြယ်သွားမှာ စိုးရိမ်သူတချို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့ တချိန်တည်းမှာပဲ တကယ်လို့ NLD က ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ ပါတီအနေနဲ့ ဆက်လက် ရပ်တည်နိုင်တယ်ထား၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို NLD ကိုယ်တိုင် ချေဖျက်ပြီးသား ဖြစ်သွားနိုင်တယ်ဆိုတဲ့ သတိပေးချက်မျိုးတွေလည်း ထွက်ပေါ်နေပါတယ်။
NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်ကတော့ မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေက နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ NLD ရဲ့ သဘောထား၊ နိုင်ငံရေးပါတီတွေရဲ့ လုပ်ပိုင်ခွင့် ဆီးကို ကျော်လာတဲ့ ကန့်သတ်ချက်တွေ ဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။
“ဘာဖြစ်လို့လဲဆိုတော့ တစ်၊ ကျနော်ပြောချင်တာက ဒါ သူတို့နဲ့ မဆိုင်ဘူး၊ အစိုးရနဲ့ မဆိုင်ဘူး။ ပါတီဝင် တယောက်ကို ပါတီထဲမှာ လက်ခံထားခြင်း၊ မခံထားခြင်းဟာ သူတို့အလုပ် မဟုတ်ဘူး၊ ကျနော်တို့အလုပ်။ ကျနော်တို့ဘာသာ ကျနော်တို့ ပါတီရဲဘော် တယောက် လက်ခံထားမယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့က ခေါင်းဆောင် တင်ထားတယ်၊ အဲဒါ သူတို့ခေါင်းဆောင် မဟုတ်ဘူးလို့ ပြောခွင့်မရှိဘူး။
“ဒါ့ထက်ပိုဆိုးတာက ကျနော်တို့က အဲဒီလို ဥပဒေမျိုး ထုတ်ပြန်ထားတဲ့ အခါကျတော့ ပါတီထဲမှာ ဘယ်လိုမှ ထောင်ကျမယ့်အလုပ်ကို မလုပ်ဝံ့တော့ဘူး။ နိုင်ငံရေးသမားပဲ ထောင်ကျသင့် ကျမှာပဲ၊ မှန်ရာပြော ထောင်ကျမှာပဲ။ နောက်တခုက ပါတီထဲမှာ လှုပ်လှုပ်ရှားရှား၊ တက်တက်ကြွကြွ၊ ထက်ထက်သန်သန် လုပ်တဲ့သူတွေဆိုရင် မင်း ထောင်ကျလိမ့်မယ်၊ မင်း ဒါတွေရပ်ဆိုတဲ့ ပါတီကနေ ၀င်ပြီးတော့ စာပေစိစစ်ရေး လုပ်သလို သူတို့ကို စိစစ်ရေး လုပ်ရမယ်၊ တားမြစ်ရမယ် ဆိုရင်ဖြင့်၊ အဲတော့ ပါတီတွင်း ကိစ္စတွေလည်း ၀င်ရှုပ်တယ်၊ ကျနော်တို့ရဲ့ စိတ်ဓာတ်ကိုလည်း ချိုးနှိမ်၊ ချိုးဖျက်ရာ ရောက်တယ်လို့ မြင်ပါတယ်။ ဒါနှစ်ချက်ပေါ့။”
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေဟာ နိုင်ငံရေးတာဝန် လက်ရှိ ထမ်းဆောင်နေသူတွေ ဖြစ်တယ်လို့ NLD အနေနဲ့ ခံယူတဲ့အတွက် သူတို့ကို မကြာခင်တုန်းက ပြင်ဆင် ဖွဲ့စည်းလိုက်တဲ့ NLD ဗဟိုကော်မတီစာရင်းမှာ ထည့်သွင်းခဲ့တဲ့အကြောင်း ဦးဝင်းတင်က ပြောပါတယ်။ ဒီနိုင်ငံရေး အကျဉ်းသားတွေကို ပါတီက ထုတ်ပယ်ပစ်ဖို့ ကန့်သတ်တာက ပါတီကိုလည်း ခြေချုပ် လက်ချုပ် ချုပ်နှောင်တာ ဖြစ်တယ်လို့ ဦးဝင်းတင်က ပြောပါတယ်။
ဘာပဲဖြစ်ဖြစ် လာမယ့် မတ်လ ၂၉ ရက်နေ့ဆိုရင် စစ်အစိုးရ စီစဉ်တဲ့ နိုင်ငံရေး ဇာတ်ခုံပေါ်မှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ နိုင်ငံရေးပါတီ တခုအဖြစ် ဆက်ရှိ မရှိ ဆုံးဖြတ်ချက် ချမယ်လို့ ကြေညာထားတဲ့အတွက် ဒီအဖြေကို စိတ်ဝင်စားမှုတွေနဲ့အတူ ဒီအချိန်ဟာ NLD အတွက် အရေးကြီးတဲ့ အချိုးအကွေ့ဆိုပြီး နိုင်ငံရေး လေ့လာသူတွေက သတ်မှတ်ထားကြပါတယ်။

ရင်းမြစ်။ ။http://www.voanews.com/burmese/2010-03-18-voa1.cfm

ရန်ကုန်တိုင်းရဲမှူး စစ်ဘက်အရာရှိဖြင့် ပြောင်းရွှေ ခန့်ထား

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ကုန်ခါနီးကမှ ရန်ကုန်တိုင်း ရဲမှူးအဖြစ် ရာထူးတိုးခန့်အပ်ခြင်းခံရသူ ရဲမှူးကြီး အောင်နိုင်သူအား မန္တလေးမြို့သို့ ပြောင်းရွှေ့လိုက်ပြီး ရန်ကုန်တိုင်းရဲမှူးကြီးအဖြစ် ရခိုင်ပြည်နယ်မှ ပြောင်းရွှေ့လာမည့် ရဲမှူးကြီး အောင်ဒိုင်းအား တာဝန်ယူစေမည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲအရာရှိ တဦးက ပြောဆိုသည်။
          ယမန်နှစ်စက်တင်ဘာလက ရန်ကုန်တိုင်း ရဲမှူးကြီး ဖြစ်သူ ရဲမှူးကြီးဝင်းနိုင်သည် ဇနီးဖြစ်သူ၏ အလှပြင်ဆိုင်မှ စတင်သည့် ပြဿနာကြောင့် နေပြည်တော်မှ ခေါ်ယူစစ်မေးခြင်း ခံနေခဲ့ရစဉ် ထွက်ပြေးတိမ်းရှောင် သွားခဲ့သည်။ ရဲမှူးကြီး ၀င်းနိုင်၏ ဇနီးဖြစ်သူ၏ အလှပြင်ဆိုင်ဟု ဟန်ပြထားသည့် အနှိပ်ခန်းတွင် မိန်းကလေး ၀န်ထမ်းများအား မဖွယ်မရာပြုသည့် စစ်ဗိုလ်နှစ်ဦးကို ပိုင်ရှင် ရဲမှူးကြီး ဇနီးက ဖမ်းဆီးအရေးယူစေသည့် ကိစ္စနောက်ပိုင်း ရဲမှူးကြီး ဇနီးအား နေပြည်တော်မှ ခေါ်ယူစစ်ဆေးသည့် ကိစ္စဖြစ်ပွားခဲ့သည်။
ထိုသို့ဖြစ်ပွားပြီးနောက် ရဲမှူးကြီး ၀င်းနိုင်ပါ အခြားသော အာဏာ အလွဲသုံးမှုများ၊ လာဘ်စားသည့် ကိစ္စများဖြင့် ခေါ်ယူစစ်မေးနေစဉ် ထွက်ပြေး လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ရန်ကုန်တိုင်း ရဲမှူးကြီး အောင်နိုင်သူမှာ လောင်းကစားမှုများ နှင့်အခြားသော ရာဇ၀တ်မှုများ ကိုနှိမ်နှင်းရာတွင် နာမည်ကောင်းရသူ တဦးဖြစ်သော်လည်း ရန်ကုန်မြို့၏ ရဲမှူးရာထူးကို စစ်တပ်မှ ပြောင်းရွှေ့လာသူကိုသာ ခန့်အပ်လိုသည့် အထက်လူကြီးများ၏ ဆန္ဒအရ ရွှေ့ပြောင်းလိုက်ခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့မှ ရဲအရာရှိက ပြောဆိုသည်။
ယခုရန်ကုန်တိုင်းရဲမှူးအဖြစ် တာဝန်ယူမည့် ရဲမှူးကြီး အောင်ဒိုင်းမှာ မဆလ အစိုးရ လက်ထက်တွင် စစ်ထောက်လှမ်းရေး တွင်ဗိုလ်ကြီး အဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၃ခုနှစ် ဗိုလ်ချုပ်တင်ဦးနှင့် ပြည်ထဲရေးဝန်ကြီး ဦးဘိုနီတို့အား ဖြုတ်ချသည့် အချိန်က ထောက်လှမ်းရေးမှ ခြေလျင်တပ်သို့ ပြောင်းရွှေ့ခြင်း ခံခဲ့ရပြီး နအဖ အစိုးရလက်ထက်တွင် ပြည်သူ့ရဲ ဘက်သို့ ထပ်မံပြောင်းရွှေ့ခြင်းခံခဲ့ရခြင်း ဖြစ်သည်။
နအဖ အစိုးရ လက်ထက်၂၀၀၀ ခုနှစ်လွန်ကာလတွင် စစ်ထောက်လှမ်းရေးက တိုက်ခိုက်ရေးတပ်ဖွဲ့များထက် အာဏာပိုမိုရှိလာခဲ့ပြီး အာဏာနှင့်အတူ ကိုယ်ကျိုးစီးပွားလည်း ပိုမိုလုပ်ဆောင်လာနိုင်ပြီး နအဖအစိုးရအဖွဲ့ဝင်များ၏ ကိုယ်ပိုင်စီးပွားနှင့် ပတ်သက်သည့် အချက်အလက်များကို စုဆောင်းလာသည့်အတွက် ၂၀၀၄ခုနှစ်တွင် စစ်ထောက်လှမ်းရေးကို ဦးဆောင်သူ ဗိုလ်ချုပ်ကြီး ခင်ညွှန့်အပါအ၀င် နောက်လိုက်နောက်ပါများအား ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖြုတ်ထုတ်သတ်နည်းဖြင့် နှိပ်ကွပ်ခဲ့ပြီးနောက်တွင် မြို့ရွာ လုံခြုံရေးနှင့် သတင်းရရှိရေးတွင် ရဲတပ်ဖွဲ့များကိုသာ အဓိကအားကိုးနေခဲ့ရသည်။
ယခုကဲ့သို့ ရဲဘက်မှ ရာထူးတက်လာသူ၏ နေရာတွင် တပ်မှ ပြောင်းရွှေ့လာသူကို လဲလှယ်ခြင်းသည် တပ်မှလာသူကိုသာ ပြည့်ပြည့်၀၀ ယုံကြည်လေ့ရှိသည့် အစွဲကြောင့် ဖြစ်လိမ့်မည်ဟု ပြည်တွင်းမှ အကဲခတ်သူ တဦးက သုံးသပ်ပြောဆိုသည်။
ရာထူးတာဝန်များ လွှဲပြောင်းခြင်းကို လာမည့် တစ်ပတ်တာကာလအတွင်း ပြီးစီးအောင် လုပ်ဆောင်မည်ဟု လည်း ရဲအသိုင်းအ၀ိုင်းမှ ကြားသိရသည်။

မိုးမခ အထောက်တော်၊ ရန်ကုန်
ရင်းမြစ်။ ။မိုးမခ

ဝန်ကြီးတချို့ နုတ်ထွက်ပြီး ဌာနတချို့ ပေါင်းမည်ဟုဆို

အောင်သက်ဝိုင်း (ဧရာဝတီ)

လစ်လပ်သွားသော ၀န်ကြီးနေရာများတွင်  ဒုဝန်ကြီးများ၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ဆင်း ဗိုလ်မှူးကြီးများ၊ဗိုလ်မှူးချုပ်များဖြင့် အစားထိုးရန် အစိုးရက စီစဉ်နေသည်ဟု နေပြည်တော်မှ အရာရှိတဦးက ပြောသည်။

“၀န်ကြီးဌာနတွေ ရွေးကောက်ပွဲ မတိုင်မီ ပေါင်းမယ်။  ၀န်ထမ်း အရေအတွက် ကို ကျစ်ကျစ်လျစ်လျစ်နဲ့ မလိုတဲ့ ဌာန ဖြုတ်ပစ်ဖို့ ရှိတယ်” ဟု သူက ပြောသည်။

နုတ်ထွက်သွားသည့် ၀န်ကြီးများသည် အစိုးရစရိတ်၊ အလှူရှင်တို့၏ လှူဒါန်းမှုတို့ဖြင့် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သော နယ်မြေများ၊ ၎င်းတို့၏မွေးရပ်မြေများတွင် ၀င်ရောက် အရွေးချယ်ခံမည်ဟု သိရသည်။

“(မွေးမြူရေး နှင့် ရေလုပ်ငန်း) ၀န်ကြီး ဗိုလ်မှူးချုပ် မောင်မောင်သိမ်းက ခရမ်းနယ်ခံ။ နယ်ခံလည်း ဖြစ်တဲ့အပြင် ခရမ်းမြို့နယ်မှာ လူမှုရေး အလုပ်တွေ လုပ်ပြထားတယ်။ သူက ခရမ်းမြို့နယ်ကို ကိုယ်စားပြုပြီး ပြိုင်မယ်။ အခြားဝန်ကြီးတွေလည်း သူ့သက်ဆိုင်ရာ နယ်မြေအလိုက် ပြိုင်ကြမယ်” ဟု  နေပြည်တော် ၀န်ထမ်းတဦးက ဆိုသည်။

တပ်မတော်အရာရှိများက လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း အလိုအလျောက် နေရာယူမည့်အပြင် ဗိုလ်ချုပ်ကြီးများက မဲဆန္ဒနယ်မြေ တချို့တွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသောကြောင့် ဒီမိုကရေစီဘက်တော်သားများ လွှတ်တော်တွင် နေရာရရန် ခက်ခက် ခဲခဲ ယှဉ်ပြိုင်ရဖွယ်ရှိသည်ဟု ရန်ကုန်မှ နိုင်ငံရေးသမားများက ဝေဖန်သုံးသပ်ကြသည်။

ဝန်ကြီးများ အားလုံးသည် ပါတီအဖြစ် အသွင်ပြောင်းမည်ဟု သတင်းထွက်နေသည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်း၏ ဗဟိုအဆင့် ခေါင်းဆောင်များ ဖြစ်သည်။

ဝန်ကြီးတချို့ ရွေးကောက်ပွဲအတွက် ပြင်နေချိန်တွင် တချို့က အုပ်ချုပ်ရေးနယ်ပယ်တွင် ရေရှည် ရပ်တည်သွားမည်ဟု ဆိုသည်။

“အခြေခံဥပဒေအရ အစိုးရသစ်မှာ ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးရာထူးကို ကာကွယ်ရေးဦး စီးချုပ်က အမည်သွင်းတဲ့သူတွေပဲ လွှတ်တော်နဲ့သမ္မတက ခန့်ရမှာ။ ဗိုလ်ချုပ်မောင်ဦးနဲ့ ဗိုလ်မှူးချုပ် ဘုန်းဆွေနဲ့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီတို့က နောင် အစိုးရသစ်မှာလည်း ဆက်ပြီး တာဝန်ယူသွားမယ်လို့ သတင်း ထွက်နေတယ်” ဟု နေပြည်တော် ဌာနဆိုင်ရာ
အကြီးအကဲက ပြောသည်။

စစ်အရာရှိငယ်များကို အငြိမ်းစားပေးပြီး နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ရုံး ၀န်ထမ်းများအဖြစ် ခန့်ထားလျက်ရှိသည်ဟုလည်း သိရသည်။ လွှတ်တော်မှ သတင်း အချက်အလက်များကို မပြတ် သိရှိရန် ထိုသို့ ခန့်ထားခြင်း ဖြစ်မည်ဟု နေပြည်တော်ရှိ အစိုးရ အရာရှိတဦးက သုံးသပ်သည်။

စစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာဥပဒေများကို ယခုလမှ စတင် ထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ကြေညာခြင်း မရှိသေးပေ။

ရာထူးမှ နုတ်ထွက်ပြီး ရွေးကောက်ပွဲဝင်မည်ဟု ဆိုသော ၀န်ကြီးတချို့
ဗိုလ်ချုပ်ဌေးဦး (လယ်/ဆည်)
ဗိုလ်မှူးချုပ်မောင်မောင်သိမ်း(မွေး/ရေ)
ဗိုလ်မှူးချုပ်သိန်းဇော် (ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း)
ဦးအောင်သောင်း(စက်မှု ၁)
ဦးစိုးသာ (အမျိုးသားစီမံကိန်း)
ဗိုလ်မှူးချုပ်သိန်းအောင် (သစ်တော)
ဗိုလ်မှူးချုပ်ကျော်ဆန်း (ပြန်ကြားရေး)
ဗိုလ်မှူးချုပ်လွန်းသီ (စွမ်းအင်)
ဗိုလ်မှူးချုပ်အုန်းမြင့် (သတ္တုတွင်း)
ဗိုလ်ချုပ်သိန်းဆွေ (ပို့ဆောင်ရေး)
ဗိုလ်မှူးချုပ်သူရအေးမြင့် (အားကစား)
ဗိုလ်ချုပ်ခင်မောင်မြင့်(ဆောက်လုပ်ရေး နှင့် အမှတ် ၂ လျှပ်စစ်)
ဗိုလ်မှူးချုပ်တင်နိုင်သိန်း( စီးပွား၊ကူးသန်း)
ဗိုလ်ချုပ်စိုးနိုင် (ဟိုတယ်၊ ခရီး)

ဝန်ကြီးဌာန ၃၂ ခု ရှိသည့်အနက် ပေါင်းစည်းမည်ဟု သတင်းထွက်နေသော  ၀န်ကြီးဌာနတချို့
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန
အမှတ် ၁ စက်မှုဝန်ကြီးဌာန နှင့် အမှတ် ၂ စက်မှုဝန်ကြီးဌာန
အမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နှင့် အမှတ် ၂ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန
စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန နှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန
ပို့ဆောင်ရေးဝန်ကြီးဌာန နှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန
သစ်တောရေးရာဝန်ကြီးဌာနနှင့် သတ္တုတွင်းဝန်ကြီးဌာန

ပုဂ္ဂလိကကျောင်းများ၏ ကျောင်းလခအား တစ်ပြေးညီ သတ်မှတ်ထားခြင်းမရှိ ၀န်ဆောင်မှုပေါ်လိုက်ကာ ဈေးကွာဟမှုရှိလာနိုင်






 
၂၀၀၉-၂၀၁၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပချိန်မြင်ကွင်း
    ၂၀၁၀ ကျောင်းဖွင့်ရာသီအမီ ဖွင့်ခွင့်ပြုထားသည့် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကကျောင်းများ၏ ငွေကြေးနှုန်းထားမှာ တစ်ပြေးညီ သတ်မှတ်ထားခြင်း မရှိသေးသော်လည်း ၀န်ဆောင်မှုအနေအထားပေါ် လိုက်ကာ ကွာဟသွားနိုင်မည်ဖြစ်သည်ဟု လက်ရှိဖွင့် ခွင့်ရထားပြီဖြစ်သော ပုဂ္ဂလိကပညာရေး ကျောင်းများ၏ တာဝန်ရှိသူများထံမှ စုံစမ်း သိရှိရပါသည်။

    ပုဂ္ဂလိကကျောင်းများအဖြစ် တရားဝင် လုပ်ကိုင်ခွင့်ပြုလိုက်ပြီဖြစ်သော ပညာရေး ဘော်ဒါဆောင်များ၏ သတ်မှတ်စံချိန်များ နှင့် ပြည့်မီခြင်းကြောင့် လာမည့်ကျောင်းဖွင့် ရာသီအမီဖွင့်နိုင်ရန် ကျောင်းများဘက်မှလည်း အသေးစိတ်စီစဉ် ဆောင်ရွက်မှုများ ပြုလုပ်နေပြီဟု ပုဂ္ဂလိကကျောင်းတရားဝင် ဖွင့်ခွင့်ရရှိထားပြီးသော သချာင်္ဦးသန်းစိန် က ပြောပြခဲ့ပါသည်။

    ''ပုဂ္ဂလိကကျောင်း အင်္ဂါရပ်နဲ့အညီ ဘောလုံးကွင်း၊ မာတီမီဒီယာခန်း၊ ဆရာနား နေခန်းတွေပါအောင် အကုန်ဖြည့်တင်းပြီးပါပြီ။ ဈေးနှုန်းနဲ့ပတ်သက်လို့ သတ်မှတ် ထားတာမရှိသေးပါဘူး။ လက်ရှိကတော့ ကိုယ့်ရဲ့မြို့နယ်အနေအထား၊ အဆင်ပြေပြေ ရှိမှု၊ ကျောင်းကပေးနိုင်တဲ့ ၀န်ဆောင်မှုတွေ အတိုင်းပဲ ကွာဟသွားနိုင်ပါတယ်''ဟု ဆရာ ဦးသန်းစိန်(သချာင်္)က ပြောပြခဲ့ပါသည်။

    ဈေးကွက်စီးပွားရေးစနစ် အသွင်ဆောင်သော ပုဂ္ဂလိက၏အခန်းကဏ္ဍတွင် ပညာ ရေးသည်လည်း ပါဝင်လာခဲ့ပြီဖြစ်ရာ လူတန်းစား တစ်ရပ်အနေဖြင့် အဆိုပါကျောင်းများအပေါ် မှီခိုခြင်းများရှိနေသကဲ့သို့ အစိုးရကျောင်းများပေါ်တွင် မှီခိုနေသူဦးရေမှာလည်း ရာခိုင်နှုန်းများစွာ ရှိနေဆဲပင်ဖြစ်ကြောင်း အငြိမ်းစား ပါမောက္ခတစ်ဦးကပြောပြခဲ့သည်။

     ထို့ပြင်ဈေးကွက်တစ်ခုအနေဖြင့် ရှိလာပြီဖြစ်သော ပုဂ္ဂလိကပညာရေး ကဏ္ဍတွင် တက်ရောက်လိုသူ ကျောင်းသားမိဘများဘက်မှ ရွေးချယ်စရာများ များစွာရှိလာပြီ ဖြစ်သကဲ့သို့ ထိုက်တန်သည့်ပညာရေး ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ရန်သာ ကျောင်းသားမိဘများဘက်မှ မျော်လင့်ကြသည်ဟု သိရပါသည်။

    ''ကျွန်မတို့သိထားတာက အရင်က ပုဂ္ဂလိကကျောင်းဆိုတာ ဘော်ဒါအဖြစ်ဖွင့်ထားကြတာပဲ။ အခုဒီကျောင်း တွေကို အစိုးရကအသိအမှတ်ပြု လိုက်ပြီဆိုတော့ ပညာရေးကဏ္ဍ အဆင့်မြင့်သွားဖို့ မျော်လင့်မိသလို ငွေကြေးတစ်ခုပေါ်မှာ ရင်းနှီးထားရတဲ့အတွက် ထိုက်တန်တဲ့ရလဒ်တွေ ဘယ်လိုရှိလာမလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာပါ''ဟု မြောက်ဒဂုံမြို့နယ်မှ ကျောင်းသားမိဘ တစ်ဦး က ပြောပြခဲ့ပါသည်။

    ''ဒီကျောင်းတွေကို လာတက်မယ့်သူကတော့ အရင်လိုပဲ ကိုယ့်အကြိုက် သူ့အကြိုက်ရွေးချယ်ပြီး လာကြမှာပါ။ တစ်ခုရှိတာက ဖွင့် ခွင့်ရဖို့ အားလုံးသောကျောင်းတွေက မျော်နေကြတာပါပဲ'' ဟုကျောက်ကုန်း စာသင်ဝိုင်းမှ ဆရာဦးတင်မောင်ချို က ရှင်းပြခဲ့ပါသည်။
ကျွန်မတို့သိထားတာက အရင်က ပုဂ္ဂလိကကျောင်းဆိုတာ ဘော်ဒါအဖြစ် ဖွင့်ထားကြတာပဲ။ အခုဒီကျောင်းတွေကို အစိုးရက အသိအမှတ်ပြုလိုက်ပြီဆိုတော့ ပညာရေးကဏ္ဍ အဆင့်မြင့်သွားဖို့ မျော်လင့်မိသလို ငွေကြေးတစ်ခုပေါ်မှာ ရင်းနှီးထားရတဲ့အတွက် ထိုက်တန်တဲ့ရလဒ်တွေ  .  .  .

        ယခင်ဘော်ဒါဆောင်များအဖြစ် ရှိခဲ့သော ယခုကျောင်းဖွင့်ရာသီ လုပ် ကိုင်ခွင့်ရထားသည့် ပုဂ္ဂလိကကျောင်းများသို့ လာရောက်သူများမှာ နယ်မြို့ များ၊ ရန်ကုန်မြို့တွင်းမှ နီးစပ်ရာ မြို့နယ်များမှ တက်ရောက်ကြရာ အချို့မှာ ကျောင်းအိပ်၊ ကျောင်းစား၊ စာသင်ခြင်းရှိသကဲ့သို့ အချို့မှာစာ ကျက်ဝိုင်းသီးသန့်သာဖြစ်ကြသည် ဟု သိရှိရပါသည်။

   ယခင်ကဘော်ဒါဆောင်များမှ ကောက်ခံသည့် ဈေးနှုန်းများမှာ တူညီမှုမရှိကြဘဲ ၀န်ဆောင်မှုအရအထက်တန်း ကျောင်းသားတစ်ဦးအတွက် တစ်နှစ်လျင် ကျပ်သိန်း ၂၀ ကျော် နှင့်အထက်ထိ အများဆုံးရှိကြသည် ဟုသိရသည်။ ထို့ပြင် သာမန်အစိုးရ ကျောင်းများသို့ တက်ရောက်ကြသည့် တက္ကသိုလ်ဝင်တန်းကျောင်းသား တစ်ဦး၏တစ်နှစ်လျင်ကုန်ကျစရိတ် မှာပျမ်းမျ ကျပ် ၁၀ သိန်းနီးပါးရှိ သည်ဟု ယခုနှစ်တက္ကသိုလ်ဝင်တန်း ဖြေဆိုသူကျောင်းသားတစ်ဦး၏ မိခင်ဖြစ်သူက ပြောပြခဲ့ပါသည်။

    ထို့ပြင် ပုဂ္ဂလိကကျောင်းများဆိုင်ရာဥပဒေအား မကြာမီပြဋ္ဌာန်းသွားမည်ဖြစ်ရာ အသေးစိတ်အချက် အလက်များအား အဆိုပါဥပဒေအတိုင်း လိုက်နာကျင့်သုံးသွားရမည် ဖြစ်သည်ကိုလည်း ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီမှ တာဝန်ရှိသူက မတ်လ ၇ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

    လာမည့်ကျောင်းဖွင့်ရာသီတွင် ဖွင့်ခွင့်ရထားသည့် ပုဂ္ဂလိကကျောင်းများ တက်ရောက်ခြင်းဖြင့် ယခင်က ကဲ့သို့ အစိုးရကျောင်းများသို့ တက်ရောက်စရာမလိုတော့ကြောင်းလည်း သိရှိရပါသည်။

    ပုဂ္ဂလိကကျောင်းတက်ခွင့်ကို ပဉ္စမတန်းမှ ဒသမတန်းအထိ တက် ရောက်နိုင်ပြီး ကျောင်းဝတ်စုံမှာ နိုင်ငံပိုင်အစိုးရကျောင်းများကဲ့သို့ တစ်ပြေးညီသတ်မှတ်ထားသည်ဟု သိရှိရပါသည်။

    ရန်ကုန်မြို့ရှိ ပုဂ္ဂလိကကျောင်း ၂၄ ကျောင်းတွင် တရားဝင်ဖွင့်ခွင့်ပြုလိုက်သောကျောင်းမှာ လတ်တလော ရှစ်ကျောင်းဖြစ်ပြီး ကျောင်းဖွင့်ရာသီ ဇွန်လတွင် စတင်တက်ရောက်ကြရမည် ဖြစ်ကြောင်းနှင့် ရန်ကုန်မြို့တွင် အနည်းဆုံးပုဂ္ဂလိကကျောင်း ၁၀ ကျောင်းအထိ အနည်းဆုံးဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
ရင်းမြစ်။ ။http://www.first-11.com/index.php?option=com_content&view=article&id=2346:2010-03-17-08-04-52&catid=42:2009-11-10-07-36-59&Itemid=112

မြန်မာပြည် ရွေးကောက်ပွဲက လိမ်လည်လှည့်ဖျားမှုပဲ

လူ့အခွင့် အရေးဆိုင်ရာ တက်ကြွ လှုပ်ရှားသူ တဦးဖြစ်တဲ့ တောင်အာဖရိက နိုင်ငံက ခရစ်ယာန် ဂုဏ်းချုပ် ငြိမ်းချမ်းရေး နိုဗဲလ် ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန် တူးတူးကို ၂၀၁၀ ရွေးကောက်ပွဲ အပါအ၀င် မြန်မာပြည် အရေးနဲ့ ပတ်သက်ပြီး ဧရာဝတီက ဆက်သွယ်မေး မြန်းခဲ့ပါတယ်။
(ဓာတ်ပုံ - ရိုက်တာ)
ဘုန်းတော်ကြီး ဒက်စမွန် တူးတူးက ၂၀၁၀ ရွေးကောက် ပွဲကို “လိမ်လည် လှည့်ဖျားမှု” တခု အဖြစ် ပယ်ချခဲ့ကာ“ပြီးခဲ့တဲ့ လွတ်လပ်ပြီး ဒီမိုကရေစီ နည်းကျတဲ့ ရွေးကောက်ပွဲမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အနိုင်ရခဲ့တဲ့ အဓိက အတိုက်အခံ ခေါင်းဆောင်ကို ဖယ်ထုတ် ထားပြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် တွေကို အာဏာရှင်က စိတ်ကြိုက် ရွေးချယ်ပြီးမှ ကျင်းပတဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး ဒီမိုကရေစီ နည်းကျ ကျင်းပ ပါတယ်လို့ ခင်ဗျား ဘယ်လို အခိုင်အမာ ပြောနိုင်မလဲ”လို့ မေးခွန်း ထုတ်လိုက်ပါတယ်။

သူ့လိုပဲ ငြိမ်းချမ်းရေး နိုဗဲလ် ဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်ကိုလည်း ဘုန်းတော်ကြီး တူးတူးက သူ့အနေနဲ့ ရန်ကုန်မြို့ကိုသွားပြီး “ညီမငယ်ရေ မင်းကို မြန်မာပြည်ရဲ့ ခေါင်းဆောင်အစစ်အမှန်အဖြစ် လွတ်လွတ်လပ်လပ် ရွေးချယ် တင်မြှောက်တဲ့ အခမ်းအနားကို တက်ရောက်ဖို့ စောင့်မျှော်နေမယ်”ဆိုတဲ့အကြောင်း အားပေးစကား ပြောကြားခဲ့ပါတယ်။

ဘုန်းတော်ကြီး ဒက်စမွန် တူးတူးဟာ တောင်အာဖရိကမှာ ကျင့်သုံးခဲ့တဲ့ လူမျိုးရေးခွဲခြားတဲ့ စနစ်ကို အကြမ်းမဖက်လှုပ်ရှားမှု နဲ့ ဆန့်ကျင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၁၉၈၄ ခုနှစ်က ငြိမ်းချမ်းရေး နိုဗဲလ် ဆု ချီးမြှင့်ခံရပြီး အဲဒီဆုကို အာဖရိက ရဲ့ ဒုတိယမြောက် ရရှိသူ ဖြစ်ပါတယ်။

မေး။   ။ သမ္မတ အိုဘားမား လက်ထက်မှာ အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံမယ့် မူဝါဒ ကို ချမှတ်ခဲ့ပါတယ်။ ဒီမူဝါဒအောက်မှာ စစ်အစိုးရနဲ့ တွေ့ဆုံမှုတွေ အကြိမ်ပေါင်းများစွာ ရှိခဲ့ပေမယ့် အခုထိ တိုးတက်တဲ့ အရိပ်  လက္ခဏာ မတွေ့ရသေးပါဘူး။ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ ပိုတိုးလာတာပဲ ရှိပါတယ်။ အဲဒီအမေရိကန်အစိုးရရဲ့ မူဝါဒအပေါ်မှာ ဘုန်းတော်ကြီးရဲ့အမြင် ဘယ်လိုရှိပါသလဲ။

ဖြေ။   ။ အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရကို ကြမ်းကြမ်းတမ်းတမ်း ဒဏ်ခတ်တဲ့မူဝါဒ တလျှောက်လုံး သုံးလာတာမို့  နောက်ပိုင်းမှာ အခုလိုမျိုး ပျော့ပြောင်းတဲ့ မူဝါဒ တခုကို ပြောင်းသုံးလာတာ ဖြစ်နိုင်ပါတယ်။ ကျနော်ကတော့ မူဝါဒ အသစ်ပေါ်မှာ တစုံတရာ သံသယရှိပါတယ်။ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် မှာလည်း ကျနော့်လိုမျိုး သံသယတွေ ရှိနေပါတယ်။ ကျနော်တို့ လိုချင်တာက အပေါင်းလက္ခဏာဆောင်တဲ့ ပြောင်းလဲမှုတွေ မြန်မာပြည်မှာ
ဖြစ်ပေါ်လာဖို့ပါပဲ။ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ပြီး မြန်မာ ပြည်မှာ ဒီမိုကရေစီစံနစ်တခု အမှန်တကယ် တည်ဆောက်ခွင့်ရလာတဲ့အချိန်မှာ ကျနော်တို့ “ဟာလေလူးယာ”လို့ (ခရစ်ယာန် ကျေးဇူးတော် ဓမ္မသီချင်း) ဟစ်ကြွေးပါ့မယ်။ ဒါ ကျနော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ပဲ။

မေး။   ။ မြန်မာစစ်အစိုးရကို ကြမ်းကြမ်းတမ်းတမ်း ဒဏ်ခတ်အရေးယူဖို့ ဘုန်းတော်ကြီးအနေနဲ့ အတော်ကြာကြာ စည်းရုံးလှုပ်ရှား ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်တုန်းကလည်း ဘုန်းတော်ကြီးနဲ့ ချက်နိုင်ငံ သမ္မတဟောင်း ဗားကလပ်ဟာဗယ် တို့ ပူးပေါင်းပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို အစီရင်ခံစာတစောင် တင်သွင်းပြီးတော့ စစ်အစိုးရကို အရေးယူဖို့ တောင်းဆိုခဲ့ကြပါသေးတယ်။ ဒါပေမယ့် မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေကတော့ စစ်အစိုးရနဲ့ ထိတွေ့ပြီး ကုန်သွယ်မှုတွေ ဆက်လုပ်ကြပါတယ်။ အနောက်နိုင်ငံတွေ၊ ကုလ သမဂ္ဂ နဲ့ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေအပါအ၀င် မြန်မာ့အိမ်နီးချင်း နိုင်ငံတွေကို ဘာများ အကြံပြုလိုပါသလဲ။

ဖြေ။   ။ ကျနော်တို့ရဲ့ရည်မှန်းချက်က မြန်မာပြည် ဒီမိုကရေစီ ပြန်လည်ရရှိပြီးတော့ တိုင်းပြည်မှာ ဒီမိုကရေစီစနစ် ရှင်သန်တိုး တက်လာရေးပဲ။ တောင်အာဖရိကမှာ ဘာတွေဖြစ်ခဲ့သလဲ အားလုံးမှတ်မိကြမယ် ထင်ပါတယ်။ လူမျိုးရေးခွဲခြားတဲ့ စနစ်ကို ကျင့်သုံး တဲ့ အစိုးရက ခေါင်းမာလွန်းတာမို့ အဲ့ဒီအစိုးရကို ဒဏ်ခတ်အရေးယူဖို့ ကျနော်တို့ တောင်းဆိုခဲ့ကြတယ်။ ရေဂင်ရဲ့ အစိုးရအပါအ၀င် အနောက်နိုင်ငံ အစိုးရ အတော်များများက ကျနော်တို့ရဲ့ မေတ္တာရပ်ခံချက်ကို အရေးမစိုက်ခဲ့ကြဘူး။ ဒါပေမယ့် အမေရိကန်အစိုးရ က ဒဏ်ခတ်အရေးယူမှုတွေ လုပ်တဲ့အခါကျတော့ လူမျိုးရေးခွဲခြားတဲ့စနစ် တစတစနဲ့ ပြိုလဲပျက်စီးတာပဲ။ ဒဏ်ခတ်အရေးယူမှုတွေက စိုက်လိုက်မတ်တတ် လုပ်မယ်ဆိုရင် အလုပ်ဖြစ်ပါတယ်။ ဒီနည်းက ဖိနှိပ်မှုတွေအဆုံးသတ်စေမယ့် အကြမ်းမဖက်တဲ့ နည်းလမ်း တခုပဲလေ။ အစိုးရတွေအနေနဲ့လည်း ဘယ်ဘက်ကရပ်မှာလည်းဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့ လိုလိမ့်မယ်။ တကယ်လို့ မြန်မာ အတိုက်အခံတွေက စစ်အစိုးရကို ဒဏ်ခတ်အရေးယူဖို့ တောင်းဆိုလာခဲ့ရင် အပြင်ကလူတွေအနေနဲ့“ဒဏ်ခတ်အရေးယူမှု တွေက ကျနော်တို့ ကူညီချင်တဲ့ ပြည်သူတွေကို ထိခိုက်မှာပေါ့လို့” ပြောကောင်းပြောလိမ့်မယ်၊ ဒါပေမယ့် အတိုက်အခံရဲ့ တောင်း ဆိုချက်က ပိုအရေးကြီးတယ်လို့ ကျနော်ယူဆတယ်။

မေး။   ။ စစ်အစိုးရရဲ့ လက်နက်ကိုင် အင်အားစုတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေကြတဲ့အကြောင်း အစီရင်ခံ စာတွေ ပုံမှန်ထွက်နေပါတယ်။ စစ်မက်ဖြစ်ပွားရာနဲ့ တိုင်းရင်းသားဒေသတွေမှာ မုဒိန်းကျင့်တာတွေ၊ ဘာသာရေးအရ ခွဲခြားဖိနှိပ် တာတွေ၊ ကလေးတွေကို စစ်သားအဖြစ် အဓမ္မ စုဆောင်းတာတွေ စတဲ့ ကျူးလွန်မှုတွေကို သိရပါတယ်။ ဒီလို ချိုးဖောက်မှုတွေကို ရပ်တန့်သွားအောင် ဘယ်လိုဖိအားမျိုးတွေ ပိုသုံးနိုင်မယ်လို့ ယူဆပါသလဲ။

ဖြေ။   ။ လူမဆန်တဲ့ စစ်အာဏာရှင်ရဲ့ အုပ်ချုပ်မှုကို အဆုံးသတ်ပစ်ပါ၊ ပြီးတော့ ဗိုလ်ချုပ်ကြီးတွေကိုလည်း သူတို့ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှာ တရားစွဲခံရမယ်ဆိုတာကို သံမှိုနဲ့ နက်ထားသလို သိအောင် လုပ်ပါ။

မေး။   ။ စစ်အစိုးရက ၂၀၁၀ ပြည့်နှစ်အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပပါလိမ့်မယ်၊ ရွေးကောက်ပွဲဥပဒေကိုလည်း ကြေညာသွားပြီး ပါပြီ။ လူအတော်များများကတော့ လာမယ့်ရွေးကောက်ပွဲရဲ့လွတ်လပ်မှု၊ တရားမျှတမှုနဲ့ အားလုံးပါဝင်နိုင်မှုတွေအပေါ်မှာ သံသယ
ရှိကြပါတယ်။ ဘုန်းတော်ကြီးကရော ရွေးကောက်ပွဲအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။   ။ ဒီရွေးကောက်ပွဲက လွတ်လပ်တဲ့ ရွေးကောက်ပွဲမှ မဟုတ်တာ၊ အဲဒါ လိမ်လည်လှည့်ဖျားမှု ပဲလေ။ ပြီးခဲ့တဲ့ လွတ်လပ်ပြီး ဒီမိုကရေစီနည်းကျတဲ့ ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အနိုင်ရခဲ့တဲ့ အဓိက အတိုက်အခံခေါင်းဆောင်ကို ဖယ်ထုတ်ထားပြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေကို အာဏာရှင်က စိတ်ကြိုက်ရွေးချယ်ပြီးမှ ကျင်းပတဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး ဒီမိုကရေစီနည်းကျ ကျင်းပပါတယ်လို့ ခင်ဗျား ဘယ်လို အခိုင်အမာ ပြောနိုင်မလဲ။ ဒီဗိုလ်ချုပ်တွေက ဘယ်သောအခါကများ မျှမျှတ တ လုပ်တာ ရှိဘူးလို့လဲ။ ကျနော်ထင်ပါတယ် အခုလိုအခြေအနေမျိုးမှာ မြန်မာပြည်မှာ လွတ်လပ်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေကို လိုက်ရှာနေမယ့်အစား ငရဲပြည်မှာ နှင်းရှာတာကမှ ပိုဖြစ်နိုင်ဦးမယ်လို့ ထင်တယ်။

မေး။   ။ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်နဲ့ စစ်အစိုးရလက်ထဲမှာ ဒုက္ခရောက်နေကြတဲ့ မြန်မာပြည်က အဖိနှိပ်ခံ သန်းပေါင်းများစွာအတွက် ဘာများပြောချင်ပါသလဲ။ မြန်မာပြည် ဒီမိုကရေစီရေးအတွက် အကြမ်းမဖက် လှုပ်ရှားမှုကို နိုင်ငံတကာမိသားစုက ခိုင်ခိုင်မာမာ ထောက်ခံအားပေးခဲ့ပေမယ့် စစ်အစိုးရကို ဆန့်ကျင်ရာမှာ ထိရောက်မှု မရှိသလို ဖြစ်နေပါ တယ်။ ဘုန်းတော်ကြီးရဲ့တောင်အာဖရိက အကြမ်းမဖက်လှုပ်ရှားမှု အတွေ့အကြုံကို ပြောပြပေးနိုင်မလား။

ဖြေ။   ။ နိုဗဲလ်ဆုရှင် ညီမငယ် နဲ့ မြန်မာပြည်က ညီအစ်ကို မောင်နှမများ ခင်ဗျား၊ ခင်ဗျားတို့ရဲ့သတ္တိနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေကို ကျနော်တို့ လေးစားအားကျကြောင်း ပြောလိုပါတယ်။ ခင်ဗျားတို့ ရင်ဆိုင်နေတာ အမှန်နဲ့ အမှား ပြဿနာ ဖြစ်ပါတယ်။ သူတို့မှာ သေနတ်တွေ စစ်တပ်နဲ့ ရဲအင်အားတွေ ရှိပေမယ့် တရားမမျှတမှုရဲ့တရားခံတွေဟာ ရှုံးနိမ့်နေပြီးသားလို့ တောင်အာဖရိကရဲ့ အမှောင်ထု အနက်ရှိုင်းဆုံး ကာလတွေမှာတောင် ကျနော်တို့ ပြည်သူတွေကို ကျနော်တို့ ပြောခဲ့ဖူးပါတယ်။ အဲ့ဒီတရားခံတွေက တရားမမျှတမှု၊ ဖိနှိပ်မှုနဲ့ ယုတ်မာမှု ဘက်ခြမ်းမှာ ရှိကြတာမို့ သူတို့က ရှုံးပြီးသားလို့ ကျနော်တို့ပြောတာပါ။

ခင်ဗျားတို့ကတော့ အမှန်တရားဘက်မှာ ရှိကြတာပါ။ ညီမငယ်ရေ တောင်အာဖရိကမှာ နယ်လ်ဆင်မန်ဒဲလား ထောင်က လွတ်လာ ပြီးတဲ့နောက် အစ်ကိုတို့ရဲ့ခေါင်းဆောင် ဖြစ်လာသလိုပဲ မင်းကို မြန်မာပြည်ရဲ့ ခေါင်းဆောင်အစစ်အမှန်အဖြစ် လွတ်လွတ်လပ်လပ် ရွေးချယ်တင်မြှောက်တဲ့ အခမ်းအနားကို တက်ရောက်ဖို့ တနေ့မှာ အစ်ကိုတို့ ရန်ကုန်ကို လာခဲ့ပါဦးမယ်။ အရှေ့က နေထွက်ပြီး အ နောက်ကိုဝင်နေသရွေ့တရားမမျှတမှုနဲ့ ဖိနှိပ်မှုရဲ့တရားခံတွေဟာ ပြိုလဲ ပျက်သုဉ်းကြရမှာပါ။ ခင်ဗျားတို့ကို ဘုရားသခင် ကောင်း ချီးပေးပါစေ။  
လူ့အခွင့် အရေးဆိုင်ရာ တက်ကြွ လှုပ်ရှားသူ တဦးဖြစ်တဲ့ တောင်အာဖရိက နိုင်ငံက ခရစ်ယာန် ဂုဏ်းချုပ် ငြိမ်းချမ်းရေး နိုဗဲလ် ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန် တူးတူးကို ၂၀၁၀ ရွေးကောက်ပွဲ အပါအ၀င် မြန်မာပြည် အရေးနဲ့ ပတ်သက်ပြီး ဧရာဝတီက ဆက်သွယ်မေး မြန်းခဲ့ပါတယ်။

ရင်းမြစ်။ ။http://www.irrawaddy.org/bur/index.php/interview/4-interview/2824-2010-03-18-11-36-50

မိုးလုံးပြည့် မီးသတ်ကား

မိုးလုံးပြည့် မီးသတ်ကား
အဝေးကြည့်မှန်ပြောင်း
မတ် ၁၉၊ ၂၀၁၀
မိုးလုံးပြည့်မုသာဝါဒ သတင်းဌာနတွေ ဘာကြောင့် လိုအပ်
မြန်မာ ပတ်စ်ပို့တွေမှာ နာမည်တွေ ဘာတွေကို လက်နဲ့ မရေးတော့ဘူးတဲ့။ တခြားနိုင်ငံ အများစုလို ကွန်ပျူတာစာလုံးနဲ့ပဲ လာတော့မယ်ပေါ့ဗျာ။ ပတ်စ်ပို့မှာ ဓာတ်ပုံကို ကပ်ခွာလုပ်၊ အချက်အလက်တွေကို ဖျက်ပြီး အသစ်ပြန်ရေးတဲ့ ပွဲစားတွေ ဒုက္ခရောက်ပြီပေါ့။ ပတ်စ်ပို့အသစ် လုပ်ပေးတဲ့ပါဝါရှိတဲ့ မြန်မာသံရုံးက ဆရာတွေကိုပဲ အားကိုးရပါတော့မယ်။ ဆရာသမားတွေ ၀င်ငွေ တိုးဦးမယ့် အစီအစဉ် ဆိုပါစို့။
စပ်မိလို့ ပြောရရင် hand made လို့ ခေါ်တဲ့ လက်နဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေကို နိုင်ငံတကာမှာ သိပ်ကြိုက်ကြပါတယ်။ ဒီလိုပစ္စည်းတွေကို သုံးရတာ ဂုဏ်ယူကြပါတယ်။
မြန်မာ ပတ်စ်ပို့ဟာ hand made ပစ္စည်းပါ။ လေဆိပ်လုံခြုံရေး ထိပ်တန်းဦးစားပေးနေရတဲ့ ဒီကနေ့ ကာလမှာတော့ လက်ဖြစ်ပတ်စ်ပို့ကို ချွင်းချက်နဲ့ ပယ်ချကြပြီပေါ့။
လက်မှုပစ္စည်းကနေ စက်မှုပစ္စည်းအဖြစ် ပြောင်းလဲမယ့် ကာလမှာ သံရုံးတွေက ပတ်စ်ပို့ဆိုင်ရာ လုပ်ငန်းတွေ တလ နားမယ် တဲ့။ ဒါကို အစိုးရမီဒီယာများက ဘာမှလည်း မပြော။ ပြည်ပ မြန်မာသံရုံးတချို့က အင်တာနက် စာမျက်နှာရှိပေမယ့် အဲဒီကနေလည်း မပြော။ မိုးလုံးပြည့်မုသာဝါဒ ဘာညာကွိကွ ဆိုတဲ့ သတင်းဌာနတွေ လက်တို့မှပဲ  လူတွေက သိရတော့တယ်။ ကျေးဇူးရှင် အစိုးရက အကုန်ပြောရင် မိုးလုံးပြည့် သတင်းဌာနတွေကို လူတွေက ဘယ်အားကိုးပါ့မလဲ၊ မဟုတ်ဘူးလား။

မီးသတ်ကား
မီးသတ်ကားတွေဆိုတာ ဆန္ဒပြသမားတွေကို နှိမ်နင်းတဲ့ နေရာမှာလည်း အတော် အသုံးတည့်ပေတာပဲ။ အခု အဲဒီကားနီနီတွေ ကြံ့ခိုင်ဖို့အတွက် ဗိုလ်ချုပ်ကြီးတွေက လုပ်သားပြည်သူများထံ အကူအညီ တောင်းနေပါတယ်။ မယုံရင် သတင်းစာ နောက်ကျောဖုံးမှာ ပါတဲ့ ကြော်ငြာကို ရှုတော်မူပါ။
မြင်တဲ့အတိုင်းပါပဲ မီးသတ်ကားအတွက် လှူကြပါ တဲ့ ကြော်ငြာ အောက်ဆုံးမှာ ရေးထားတယ်။
မီးသတ်ကားအတွက်တောင် အလှူခံနေရတယ်ဆိုတော့ ပိုက်ဆံတွေ သေနတ်ဝယ်ရ၊ အိတ်ထဲထည့်ရနဲ့ လောက်ငကြပုံ မပေါ်ဘူး။ ဗိုလ်ချုပ်ကြီးတို့ စိတ်ချမ်းသာမှ တိုင်းပြည်ကြီး အေးချမ်းမယ်လို့ ယူဆပြီး လှူကြတန်းကြမယ် ထင်ပါရဲ့။ ဘယ်သူပြောနိုင်မလဲ။
ကဲ - ဒါဆိုရင် ဘယ်သူတွေက လှူကြမလဲ။ မြန်မာပြည်ရဲ့ မာဖီးယား သူဌေးကြီးတွေ လှူကြမယ် ထင်တယ်။ အင်း - ဒီလူကြီးတွေက ဒီပမာဏလောက်တော့ မလှူချင်ဘူးဆိုရင်တော့ ဒုက္ခ။ ကာတွန်းထဲကလို ကားတွေကို မီးလောင်တဲ့နေရာအထိ တွန်းသွားရတော့မှာပေါ့။ အဲသလို တွန်းနေချိန်မှာ ကာတွန်းထဲက ဒရိုင်ဘာက ဘာပြောသလဲ ဆိုတော့ - ဟေ့ကောင်တွေ ဖြည်းဖြည်းတွန်းပါဟ၊ ဒီမှာ ဘရိတ် မမိဘူး တဲ့။
ရင်းမြစ်။ ။http://moemaka.com/index.php?option=com_content&task=view&id=6066&Itemid=1

နိုင်ငံရေး အမြင် ဖွံ့ဖြိုး စေရန် ‘ရဲဘော် သုံးကျိပ် မော်ကွန်း’ ထပ်မံ ထွက်ရှိ

မြန်မာ့ လွတ်လပ်ရေး ဗိသုကာ ကြီးများ ဖြစ်ကြသော ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင် သည့် ရဲဘော် သုံးကျိပ်တို့ အကြောင်း အနုစိတ် ခြယ်မှုန်း ရေးဖွဲ့ ထားသည့် တက္ကသိုလ် စိန်တင် ၏ ‘ရဲဘော် သုံးကျိပ် မော်ကွန်း ’ စာအုပ် သည် စတုတ္ထ အကြိမ် ထွက်ရှိ အပြီး ၂၅ နှစ် အကြာ၌ ပြင်ဆင် ဖြည့်စွက်မှု များဖြင့် ထပ်မံ ထွက်ရှိ လာကြောင်း တွေ့ရသည်။ အဆိုပါ စာအုပ်ကို ၁၉၈၅ ခုနှစ်၌ ဂုဏ်ထူး စာပေက စတုတ္ထ အကြိမ် အဖြစ် ထုတ်ဝေ ခဲ့စဉ်က ရဲဘော် သုံးကျိပ်ဝင် အားလုံး၏ အတ္ထု ပ္ပတ္တိတို့ ပြည့်စုံစွာ မပါဝင် နိုင်ခဲ့သဖြင့် စာရေးသူ အနေဖြင့် ယခု ကဲ့သို့ ပြင်ဆင် ဖြည့်စွက် မှုများဖြင့် အသစ် တစ်ဖန် ကြိုးပမ်း ထားကြောင်း သိရသည်။ “မြန်မာ့ သမိုင်းမှာ အနော်ရထာ မပါရင် မပြီးသလို ဗိုလ်ချုပ် အောင်ဆန်း မပါရင် မပြီးပါဘူး။ ရဲဘော် သုံးကျိပ် မပါ ရင်လည်း မပြီး နိုင်ပါဘူး။ အကယ် ၍များ ရဲဘော် သုံးကျိပ်က ၁၉၄၁ ခုနှစ်မှာ ဂျပန် နိုင်ငံ သွားပြီး၊ စစ်ပညာ သင်ယူပြီး မြန်မာ ပြည်ကို ပြန်တိုက် မယူ ခဲ့ကြရင် အခုချိန်ထိ ကိုလိုနီ ကျွန်ဘဝက လွတ်ဦးမှာ မဟုတ်ဘူးလို့ ကျွန်တော် ယူဆ ပါတယ်။

“ ဒါကြောင့်လည်း ဒီစာအုပ်ကို ၁၉၆၈ ခုနှစ်၊ ကျွန်တော့ အသက် ၃၃ နှစ်မှာ ကြိုးစား ရေးခဲ့ တာပါ။ ဒါပေမယ့် အားထုတ်မှု နည်းခဲ့တာ ရယ်၊ တချို့ အချက် အလက် တွေက ရှာလို့ မရခဲ့ တာကြောင့် မပြည့်စုံ ခဲ့ပါဘူး။ အခုတော့ ဓာတ်ပုံ တွေရော၊ အချက် အလက်တွေပါ တက်နိုင် သမျှ ပြည့်စုံအောင်အား ထုတ်ထား ပါတယ်။ တစ်နည်း ပြောရရင် အသက် ၃၃ နှစ် တက္ကသိုလ် စိန်တင် နဲ့ အသက် ၇၀တန်း တက္ကသိုလ် စိန်တင်တို့ အားပြိုင် ရာမှာ ၇၀ တန်းကေ အာင်ပွဲ ခံလိုက် နိုင်တဲ့ စာအုပ်ကြီး ပါပဲလို့ ပြောချင်ပါတယ်”ဟု၎င်းက ဖြည့်စွက် ရှင်း ပြသည်။

‘ရဲဘော် သုံးကျိပ် မော်ကွန်း’ စာအုပ်သည် ၂၅ နှစ်တာ ရပ်နား ထားခဲ့ ရာမှ ပြန်လည် ထုတ်ဝေခွင့် ရသည့်စာအုပ် ဖြစ်သည်။
ရင်းမြစ်။ ။ဟံသာဝတီ

အိန္ဒိယ မီဒီယာများ မြန်မာ့ရွေးကောက်ပွဲ အငြင်းအခုံတွင် ပါဝင်လာ

နယူးဒေလီ(မဇ္ဈိမ) ။    ။ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲဥပဒေများ ထုတ်ပြန်ပြီးနောက်  ကျင်းပမည့် ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ဒေသတွင်း အစိုးရများနှင့် အခြား အစိုးရများက အဆိုးအကောင်း ချိန်ဆနေကြစဉ် အိန္ဒိယမီဒီယာများလည်း ဤအရေးကိစ္စအကြောင်း အမြင်အမျိုးမျိုး ဖော်ပြနေကြသည်။

စစ်အစိုးရနှင့် အတိုက်အခံ ပါတီအကြား ပေါက်ကွဲလုနီး ဖြစ်ပေါ်စေသည့် ဤကိစ္စတွင် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံနှင့် မြန်မာ့အိမ်နီးချင်း အိန္ဒိယက နှစ်ပေါင်းများစွာ လုပ်နေကျအတိုင်း နှုတ်ဆိတ်နေပြန်သော်လည်း အိန္ဒိယ၏ ထိပ်တန်းသတင်းစာကြီး  'The Hindu' က စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများသည် `အလိမ်အညာ´ များသာဖြစ်ကြောင်း ယခုလ ၁၅ ရက်နေ့တွင် ရေးသားလိုက်သည်။

'The Hindu' သတင်းစာခေါင်းကြီးတွင် `ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် ယခုထက်ဆိုးသည့် အလိမ်အညာဟူ၍ ရှိတော့မည် မဟုတ်ပါ။ တခုတည်းသော ရည်ရွယ်ချက်မှာ စစ်အစိုးရက အာဏာကို ဆက်လက်၍ ရယူထားရေးပင် ဖြစ်သည်´ ၊  `ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်အစိုးရသည် လာမည့်ရွေးကောက်ပွဲကို အားလုံး ပါဝင်နိုင်သည့် လုပ်ငန်းစဉ် ပြုလုပ်ရန် လိုအပ်သည်ကို သဘောပေါက်လာလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်´ ဟု ဆိုထားသည်။

နေ့စဉ်ထုတ် 'Times of India' သတင်းစာကြီးကမူ စကားလုံးအားဖြင့် သိပ်မပြင်းထန်လှသော်လည်း `မြန်မာနိုင်ငံ စစ်အစိုးရ ၏ မိမိဘာသာ သတ်မှတ်ထားသော ပန်းတိုင်´ ဆိုသည့် ခေါင်းကြီးတွင် စစ်အစိုးရ ကြေညာခဲ့သော ရွေးကောက်ပွဲ ဥပဒေများတွင် ဒီမိုကရေစီ ခေါင်းဆောင်နှင့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ယှဉ်ပြိုင်ခွင့် မပြုဘဲ ပိတ်ပင်ထားခြင်းမှာ `ကံခေလှသည့် ဖြစ်ထွန်းတိုးတက်မှုတရပ် ဖြစ်သည်´ ဟု ရေးသားသည်။

`ဗိုလ်ချုပ်ကြီးများက မြန်မာနိုင်ငံကို ပြင်ပကမ္ဘာသို့ ပိုမိုဖွင့်လှစ်ပေးလိမ့်မည်ဟု မျှော်လင့်နေချိန်တွင် ယခုလို ပြုမူလိုက်ခြင်းမှာ ကြီးမားစွာ နောက်တလှမ်း ဆုတ်လိုက်ခြင်း ဖြစ်သည်။ နယူးဒေလီ အစိုးရအနေဖြင့် မြန်မာအစိုးရကို ဒေသတွင်း သမိုင်းနောက်ပြန်လှည့်သည့် လုပ်ရပ် မလုပ်သင့်ကြောင်း ရင်းနှီးစွာ အကြံပေး ပြောကြားသင့်သည်´ ဟု ဆိုသည်။

'The Pioneer' နေ့စဉ်ထုတ် သတင်းစာကြီးကလည်း စစ်မှန်သည့် ဒီမိုကရေစီမှာ အိပ်မက်ပမာ အလှမ်းဝေးဆဲ ဖြစ်သည်ဟု  ပြောကြားကာ၊ လာမည့်ရွေးကောက်ပွဲများအပေါ် မျှော်လင့်ချက် တစုံတရာ ရှိနေသေးကြောင်းနှင့် ယခုကိစ္စတွင် အုပ်စုနှစ်စု ပေါ်ထွက်လာရာ တစုမှာ ရွေးကောက်ပွဲကို အတုအယောင်အဖြစ် ရှုမြင်ပြီး ကျန်တစုကမူ လမ်းဖွင့်ပေးခြင်းအဖြစ် ရှုမြင်ကြောင်း ယခုလ ၁ဝ ရက်နေ့တွင် သုံးသပ်ရေးသားခဲ့သည်။

`ဒီမိုကရေစီ ရွေးကောက်ပွဲတရပ်ဆိုသည်မှာ မည်မျှပင် မရိုးသားမယုံကြည်ရသည်ဖြစ်စေ မြန်မာနိုင်ငံတွင်းရှိ ဒီမိုကရေစီ အင်အားစုများအတွက် ဒီမိုကရေစီရေးတိုက်ပွဲ ဆက်လက်ဆင်နွှဲရန် အရေးပါကြောင်း သက်သေပြနိုင်သည်။ ဤတိုက်ပွဲမှာ အချိန်လည်း ကြာမည်၊ အခြား အချက်အလက်များစွာ အပေါ်လည်း မူတည်သေးသည်မှာ သံသယဖြစ်စရာ မရှိပါ။ သို့သော် စစ်အစိုးရက ဒီမိုကရေစီသွင်ပြင် တရပ်ဆီသို့ ရှေးရှုသွားလိုစိတ် ရှိနေသည့် အချက်ကမူ နိုင်ငံတကာ ဖိအားနှင့် ပြည်တွင်း ဖိအားတို့  စစ်ဗိုလ်ချုပ်ကြီးများအပေါ် ကျရောက်ခဲ့သည်ကိုမူ ပြသခဲ့ခြင်း ဖြစ်သည်´ ဟု The Pioneer က ဆိုသည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများ ပေါ်ထွက်လာပြီးနောက် အိန္ဒိယရှိ သတင်းစာကြီးများက ဤကဲ့သို့ ပွင့်လင်းစွာ ဝေဖန်သုံးသပ်မှုများသည် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးတွင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို ပြတ်သားစွာ ထောက်ခံအားပေးခဲ့သော အိန္ဒိယ၏ နိုင်ငံခြားရေးမူဝါဒ  တဆစ်ချိုးပြောင်းကာ အရှေ့မျှော်မူဝါဒဟူ၍ ကျင့်သုံးနေချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။  အဆိုပါ မူဝါဒအရ အရှေ့တောင်အာရှ ကုန်းတွင်းပိုင်းဒေသများနှင့် စီးပွားရေးဆက်ဆံမှုများ ထူထောင်ရန်သာ အိန္ဒိယက ဦးစားပေးစဉ်းစားနေသည်။

အံ့အားသင့်စရာ မကောင်းသည့် အချက်တရပ်မှာမူ အိန္ဒိယသာမက မြန်မာ့အိမ်နီးချင်း နိုင်ငံများက အဆိုပါ ရွေးကောက်ပွဲ ဥပဒေများအပေါ် ရေငုံနှုတ်ပိတ်လုပ်နေခြင်းပင် ဖြစ်သည်။

သူ၏ နယ်စပ်တလျှောက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့ ကဲ့သို့သော ငြိမ်းချမ်းရေးအဖွဲ့များနှင့် စစ်အစိုးရတပ်ဖွဲ့အကြား ပဋိပက္ခများ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်ပူပန်နေသည့် တရုတ်နိုင်ငံကမူ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးရန် ဝန်ကြီးချုပ် ဝမ်ကြားပေါင် မကြာခင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည့် အကြောင်းကိုသာ အတည်ပြုကြေညာခဲ့သည်။

သို့သော် ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံသားတိုင်း လွတ်လပ်စွာ ပါဝင်ခွင့်ရှိကာ အများယုံကြည်လက်ခံ၍ ပွင့်လင်းမြင်သာမျှတပြီး အားလုံးပါဝင်သော နိုင်ငံရေး လုပ်ငန်းစဉ် ပေါ်ပေါက်စေရန် မြန်မာအာဏာပိုင်များကို ပြီးခဲ့သည့်အပတ်တွင် ထပ်လောင်းပြောကြားခဲ့သည်။

မစ္စတာ ဘန်ကီမွန်း၏ ဤပြောကြားချက်သည် နှစ် ၂ဝ အတွင်း ပထမဆုံး ကျင်းပမည့် ရွေးကောက်ပွဲအတွက် ဗွေဆော်ဦး ရွေးကောက်ပွဲဥပဒေကို  မြန်မာနိုင်ငံတွင် ထုတ်ပြန်ကြေညာအပြီး ၂ ရက်မျှ အကြာတွင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

'ကျနော်တို့ ရရှိထားသမျှ အချက်အလက်တွေက ညွှန်ပြနေတာကတော့ နိုင်ငံတကာက မျှော်လင့်နေတဲ့ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တရပ် လိုအပ်တယ်ဆိုတာကို သူတို့ ထည့်သွင်းစဉ်းစားထားခြင်း မပြုဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်´ ဟု သူက ပြောသည်။

ထို့အပြင် ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းကလည်း မြန်မာ့အရေး အထူးအစည်းအဝေးတရပ်ကို နယူးယောက်မြို့တွင် ကျင်းပရန် ကုလအတွင်းရေးမှူးချုပ်ကို ယခုလ ၁၆ ရက်နေ့တွင် တောင်းဆိုခဲ့သည်။

အလားတူပင် အရှေ့တောင်အာရှ အာဆီယံအဖွဲ့ဝင် ဖိလိပိုင်နိုင်ငံကလည်း အနောက်နိုင်ငံများနှင့်အတူ လက်တွဲကာ စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေများကို ရှုတ်ချလိုက်သည်။ စစ်အစိုးရသည် တိုင်းပြည်တွင်းတွင် ဒီမိုကရေစီစနစ် ပေါ်ထွန်းရန် ပြုလုပ်ပါမည်ဆိုသော မိမိ၏ ကတိကို ယခုရွေးကောက်ပွဲဥပဒေများ ထုတ်ပြန်ကြေညာလိုက်ခြင်းဖြင့် ချိုးဖောက်ခဲ့သည်ဟု ဆိုသည်။