Saturday, January 29, 2011

တောင်ကိုရီးယား ကွန်မန်ဒို ဝင်စီးခြင်းကြောင့် ဆိုမာလီဓားပြ ပြဿနာပိုမိုရှုပ်ထွေးလာနိုင်

တောင်ကိုရီးယား ကွန်မန်ဒိုတပ်ဖွဲ့ တစ်ဖွဲ့မှ ယခုလ ၂၁ ရက်တွင် ဆိုမာလီပင်လယ်ဓားပြများ ဖမ်းဆီးထားသည့် ၎င်း ယင်းနိုင်ငံပိုင် M.V SAMHOJEWELRY ကုန်တင်သင်္ဘောအား ဝင်ရောက်စီးနင်း၍ ပြန်လည် ကယ်တင်ခဲ့သည့် ဖြစ်ရပ်မှာ မဖြေရှင်းနိုင်သေးသည့် ဆိုမာလီအရှုပ်အထွေးများကြား နောက်ထပ် ပြဿနာ တစ်ရပ် ဖြစ်လာနိုင်ကြောင်း ဝါရင့်သင်္ဘော
ကပ္ပတိန်တစ်ဦးက ပြောသည်။
ဇန်နဝါရီ ၁၅ ရက်က အာရေဗီယန် ပင်လယ် အတွင်း ဆိုမာလီများဖမ်းဆီးခံခဲ့ရသည့် တောင်ကိုရီးယား နိုင်ငံပိုင် ယင်းသဘောင်္ တွင် မြန်မာသင်္ဘောသား ၁၁ ဦး ၊ တောင်ရီးယား သင်္ဘောသား ၈ ဦးနှင့်အင်ဒို နီးရှားသဘောင်္သား ၂ ဦး ပါဝင်ခဲ့သည်။ ယင်းသို့ ဖမ်းဆီးခံရပြီး တစ်ပတ်အကြာတွင် တောင်ကိုရီးယား ကွန်မန်ဒိုတပ်ဖွဲ့မှ အသက်ကယ် လှေများ၊ ရဟတ်ယာဉ်များဖြင့် ဇန်နဝါရီ ၂၁ရက် အရုဏ်တက်ချိန် မှစကာ ဝင်ရောက်စီးနင်းပြီးနောက် အပြန်အလှန် ပစ်ခတ်ခဲ့သည့် ၅ နာရီကြာ တိုက်ပွဲအပြီးတွင် သင်္ဘောနှင့်သင်္ဘောသားများအား အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
၎င်းဖြစ်ရပ်မှာ အပေးအယူ ညှိနှိုင်းမှုများနှင့် ဆောင်ရွက်နေခဲ့သော အစဉ်အလာ များကြား ထူးခြားသည့် အပြောင်းအလဲ ပင်ဖြစ်ြပီး အောင်ြမင်မှုဟု ယူဆနိုင်သော်လည်း အလွန်အန္တရယ်များသည့် အပြုအမှုဖြစ်၍ သင်္ဘောကပ္ပတိန်က ဆိုသည်။ ဆိုမာလီနိုင်ငံသည် ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေသော နိုင်ငံဖြစ်ပြီး ယင်း၏ အကျိုးဆက်အဖြစ် ဆိုမာလီ ဓားပြများ ပေါ်ထွန်း လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်အဓိကကျသော နိုင်ငံရေး ပြဿနာကို ကိုင်တွယ် ဖြေရှင်းမှသာလျှင် ဆိုမာလီ ဓားပြရန်မှ ရေရှည်ကင်းရှင်းမည်" ဟု နိုင်ငံတကာကျွမ်းကျင်သူက ဆိုသည်။ “တကယ်အန္တရာယ်များပါတယ်။ ကျွန်တော့် အမြင် အရတော့ ဆိုမာလီတွေ ပင်လယ်မှာ ကြီးစိုးခြယ်လှယ် နေတဲ့ ဖြစ်စဉ်မှာ နောက်ကွယ်က မဖြေရှင်းနိုင်သေးတဲ့ နိုင်ငံရေးအရှုပ်အထွေးတွေ ရှိလိမ့်မယ် ထင်ပါတယ်။ ဒါဟာငွေကြေးကစားပွဲပါပဲ။ ပိုက်ဆံရဖို့အတွက် လုပ်တယ်။ အဲဒီ အတွက် အန္တရာယ်မပြုဘူး။ အစဉ်အလာလိုဖြစ်နေတာ။ သူတို့ကို အားပေးတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ခုလိုပြန်တိုက်တဲ့ ကိစ္စမျိုးက ပိုင်ရှင် အတွက်တော့ သူ့ပိုက်ဆံမကုန်ရတဲ့အတွက် ကြိုက်ချင် ကြိုက်မယ်။ သင်္ဘောသားတွေ အတွက်တော့ အန္တရာယ် များပါတယ။် ကျွန်တော်အနေနဲ့ ဒါကိုမကြိုဆိုပါဘူး ဟု ၎င်းကဆိုသည်။
ထို့ပြင် ယင်းဖြစ်စဉ်ကြောင့် ဆိုမာလီများ အနေဖြင့် ၎င်းတို့၏ လုပ်ငန်းစဉ်များတွင်လက်နက်ခဲယမ်းများ လက်နက်ခဲယမ်း များ ပိုမိုဖြည့်တင်းလာနိုင်ခြင်း၊ ဓားစာခံများအား အကြမ်းဖက်ခြင်းဖြင့် ၎င်းတို့အတွက် အကာအကွယ်ပြုလုပ်လာနိုင်ခြင်း တို့အပြင် သင်္ဘောသားတို့ အတွက် မတော်တဆ ထိခိုက်မှု အန္တရယ်များ ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။ ထိုကဲ့သို့ သုံးသပ်ချက်အမြင် များ ထွက်ပေါ်လာသော်လည်း အချို့ပုဂ္ဂိုလ်များ ကမှု အကောင်းဘက်မှ မျှော်လင့်ကြောင်း သင်္ဘော ကုမ္ပဏီ တစ်ခုမှ ကပ္ပတိန်တစ်ဦးက ဆိုသည်။ “အန္တရာယ်ဆိုတာကတော့ ကြိုမမြင်နိုင်တဲ့အတွက် အမျိုးမျိုး ဖြစ်နိုင်ခြေ တော့ ရှိပါတယ်။ ဒါပေမဲ့ဓားပြတွေအတွက်တော့ ဒီလိုမျိုးကြုံခဲ့ရတဲ့အတွက် နည်းနည်းတော့လှုပ်ရှားမှုတွေ တန့်သွားမယ် ထင်တယ်။ အရင်က ပိုက်ဆံ လွယ်လွယ်ရနေတော့ မကြောက် ကြဘူးလေ။ ခုတော့ ဒီ Risk ကြောင့် အရင်လို သိပ်ရဲမယ် မထင်ဘူး။ ပြီးတော့သင်္ဘောသားတွေကို ဖမ်းတဲ့အခါသဘောင်္ပေါ်က လြုံခုံတဲ့ နေရာတွေမှာ ထားတာပါ။ ဒီတော့ ပစ်ကြ ခတ်ကြရင်လည်း အန္တရာယ်ကင်းနိုင်ပါတယ်။ ဒါပေမဲ့ ရှေးအလားအလာနဲ့ ပတ်သက်လို့တော့ မခန်းမှန်း တတ်ပါဘူး” ဟု ၎င်းက ပြောသည်။
ယင်းသင်္ဘောမှ မြန်မာသင်္ဘောသား ၁၁ ဦး အပါအဝင်သင်္ဘောသား ၂၁ ဦးမှာ မကြာမီ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် ရောက်ရှိလာမည်ဖြစ်ပြီး လက်ရှိတွင် ဆိုမာလီများလက်၌ ဒီဇင်ဘာ ၁၀ ရက်တွင် ဖမ်းဆီးထားသည့် MV PANAMA မှ မြန်မာသင်္ဘောသား ၂၃ ဦးကျန်ရှိနေဦးမည်ဖြစ်သည်။ ယင်းကဲ့သို့ ဆိုမာလီများထံမှ ကယ်တင်မှု ဖြစ်ရပ် များမှ ကယ်တင်မှု ဖြစ်ရပ်များ၌ ရှိခဲ့ဖူးပြီး အမေရိကန်ကပ္ပတိန် တစ်ဦးအား ဆိုမာလီဓားပြ ၃ ဦးမှ ကမ်းသို့ခေါ်ဆောင် လာစဉ် ရေတပ်မှ စနိုက်ပါ သေနတ်ဖြင့် ပစ်ခတ် ကယ်တင်ခြဲ့ခင်း၊ ဖမ်းဆီး၍ ပြင်သစ်အပျော်စီးရွက်လှေနှင့် ခရီးသည် ၁၅ ဦး အား ပိုက်ဆံဖြင့် အပေးအယူ ညှိနှိုင်းကာ ပြန်လည် နှိမ်နင်းခြင်းတို့ ဖြစ်ပွားခဲ့ဖူးသည်။
သို့သော် ယခုကဲ့သို့ ဓားစာခံရှိနေသည့် သင်္ဘောပေါ်သို့ စီးနင်း၍ တိုက်ပွဲအသွင်ဆင်နွှဲကာ ကယ်တင်မှုသည် ပထမဆုံး အကြိမ် ဖြစ်ဖွယ်ရှိပြီး အင်တာနက်သတင်းများအရ အဆိုပါ တောင်ကိုရီးယားသင်္ဘော နှင့်အတူ မလေးရှား သင်္ဘော တစ်စင်းကိုလည်း သက်ဆိုင်ရာ နိုင်ငံမှ အလားတူ ကယ်တင်၍ လွတ်မြောက်လာပြီ ဖြစ်ကြောင်း သိရသည်။ မည်သို့ပင် ဖြစ်စေ ၎င်းင်းကဲ့သို့ထူးခြားသော ကယ်တင်မှု ဖြစ်ရပ်၏ နောက်ဆက်တွဲ အနေဖြင့် ဆိုမာလီပင်လယ်ဓားပြများ၏ အပြောင်းအလဲနှင့် ဖမ်းဆီးခံဓားစာခံများ၏ အခြေအနေမှာ ယခင်ထက် အလေးထား စောင့်ကြည့်ရမည်ဖြစ်ကြောင်း သင်္ဘောသား အသိုင်းအဝို်င်းမှ သုံးသပ်သည်။

sources: : Popular News Journal

ရင်းနှီးမြှုပ်နှံမှုတွေ နိုင်ငံတကာကျင့်ဝတ်နဲ့ညီရေး ဒေါ်စုတိုက်တွန်း

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ခေတ်မီနည်းပညာရပ်တွေနဲ့ အခြေခံ အဆောက်အဦးတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေပါတယ်လို့ ကမ္ဘာ့ဦးဆောင် စီးပွားရေး လုပ်ငန်းရှင် တွေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို မေတ္တာရပ်ခံလိုက်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားကြသူတွေ အနေနဲ့ရော၊ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်တစား စဉ်းစားနေကြသူတွေအနေနဲ့ပါ တရားဥပဒေကို လေးစား လိုက်နာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူမှုရေးမှာ ကူညီရေး၊ အလုပ်သမား အခွင့်အရေး အပြည့်အ၀ ပေးရေးနဲ့ အလုပ်အကိုင်ဖန်တီးရေး စတာတွေကို အာမခံချက် ပေးရပါလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

သဘာဝသယံဇာတတွေ အလျှံပယ်အောင် ပေါကြွယ်ဝပေမဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့စာရင် အများကြီး ခေတ် နောက်ကျ ကျန်နေတဲ့ မြန်မာပြည်သူပြည်သား ၅၅ သန်းရဲ့ကိုယ်စား မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံကြပါရန် ဆွစ်ဇာလန်နိုင်ငံ Davos မြို့မှာ ပြုလုပ်နေတဲ့ ကမ္ဘာ့စီးပွားရေးရာ နှစ်ပတ်လည်ညီလာခံ (World Economic Fourm) ကို ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံလိုက်တာပါ။ ဒါပေမဲ့ ဖွံ့ဖြိုးမှုအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူမှုရေးမှာ ပေးဆပ်ရမယ့် ပျက်စီးဆုံးရှုံး နစ်နာမှုတွေ မဖြစ်ရအောင် ကြိုတင် အစီအစဉ် ချဖို့လိုတယ်လို့ အခုလိုပြောပါတယ်။
“မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံနေကြသူတွေ အနေနဲ့ရော၊ ရင်းနှီးမြှုပ်နှံဖို့စိတ်ဝင်စားပြီး စဉ်းစားနေကြသူတွေ အနေနဲ့ပါ တရားဥပဒေကို လေးစားလိုက်နာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူမှုရေးမှာ ကူညီရေး၊ အလုပ်သမား အခွင့်အရေး လေးစားရေး၊ အလုပ်အကိုင်ဖန်တီးရေးနဲ့ နည်းပညာပိုင်းမှာ ကျွမ်းကျင်လိမ္မာရေး စတာတွေအတွက် အရင် အာမခံချက် ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ။”
ရင်းနှီးမြှုပ်နှံရေးမှာ ဒီလိုချဉ်းကပ်တာမျိုးဟာ သက်ဆိုင်သူတွေ အားလုံးအတွက် ကျယ်ကျယ်ပြန့်ပြန့် အကျိုး ခံစားမှုတွေကို ရေရှည်ဖြည့်ဆည်းပေးနိုင်ပြီး ဒါဟာ ကမ္ဘာတ၀ှမ်းလုံးက နားလည်ခံယူထားတဲ့ တာဝန်သိမှုနဲ့ အညီ ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်အောင် အားသာစေမယ့် အခွင့်ကောင်းတွေ ပေါ်လာနိုင်တဲ့ နိုင်ငံရေးနဲ့လူမှုရေး ပတ်ဝန်းကျင်တရပ် ပေါ်ထွန်းလာမယ့်နေ့တနေ့ကို ကျမ ရှေ့ရှုနေပါတယ်။ ကျမတို့နဲ့ပြည်သူတွေ ဒီနေ့ခေတ်ကမ္ဘာကြီးကို အမှီလိုက်နိုင်ဖို့ဆိုရင် ပြည်သူတွေ အားကျအတုယူနေရတဲ့ ဆန္ဒတွေ ဖြည့်ဆည်းပေးရေးအတွက် နည်းပညာရပ်တွေ၊ နည်းအမျိုးမျိုးနဲ့ တီထွင်ဖန်တီးမှုနည်းပညာတွေ လိုအပ်နေတာကတော့ သေချာပါတယ်။”
မြန်မာနိုင်ငံမှာ နှစ်စဉ် GDP ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဘိုးရဲ့ ၄၀ ရာခိုင်နှုန်းကို စစ်အသုံး စရိတ် အဖြစ် သုံးစွဲနေပြီး ကျန်းမာရေးနဲ့ပညာရေးကဏ္ဍ နှစ်ခုပေါင်းအတွက် ၂ ရာခိုင်နှုန်းသာ သုံးစွဲနေတာ ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါ့ကြောင့် ကျန်းမာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူမှုရေး နယ်ပယ်ရဲ့ လိုအပ်ချက်တွေကို ဦးစားပေးကိုင်တွယ်ဖို့ လိုနေတယ်လို့လည်း ပြောပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ နယ်မြေတွေမှာ ကာကွယ်လို့ရနိုင်တဲ့ ရောဂါတွေကြောင့် ယူကျုံးမရ ဖြစ်ရတဲ့ အကျိုးဆက်တွေ မဖြစ်ရအောင် ကြိုတင်ကာကွယ်ကြဖို့ လိုတယ်လို့လည်း ပြောပါတယ်။ တိုက်ရိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ဖို့အတွက်ဆိုရင် ဥပဒေစိုးမိုးမှု အာမခံချက်ပေးဖို့အတွက် မြန်မာနိုင်ငံရဲ့ တရားဥပဒေစနစ်ကိုလည်း ပြုပြင်ပြောင်းလဲပစ်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်း နိုင်ငံရေးပဋိပက္ခတွေကြောင့် ဖွံ့ဖြိုးမှုအတွက် အခွင့်အလမ်းတွေ အများကြီး လက်လွတ်ဆုံးရှုံးခဲ့ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုအတွက် ကမ္ဘာ့စီးပွားရေးရာ နှစ်ပတ်လည် ညီလာခံကြီးကို တက်ရောက်လာကြသူတွေ အနေနဲ့ ကျွမ်းကျင်မှု အကူအညီတွေနဲ့ အားပေးကြပါလို့လည်း ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံလိုက်ပါတယ်။
“မြန်မာပြည်သူလူထုကိုယ်တိုင် ပါဝင်ဖြည့်ဆည်းနိုင်တဲ့ ပိုပြီးလုံခြုံ၊ ပျော်စရာကောင်းတဲ့ကမ္ဘာကြီးကို ရှေ့ရှုနိုင်ဖို့ အတွက် ဒီကမ္ဘာ့စီးပွားရေးရာ နှစ်ပတ်လည်ညီလာခံကြီးကို တက်ရောက်လာကြသူတွေ အားလုံးအနေနဲ့ အထူး ကျွမ်းကျင်မှုတွေနဲ့အတူ ဒီအချိန်အခါကို အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည် သင့်မြတ်ရေး အနှစ်သာရပြည့်ဝတဲ့ ဒီမိုကရေစီ ဆောင်ကြဉ်းရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးနဲ့ စီးပွားရေးဖွံ့ဖြိုးဖို့အတွက် အတတ်နိုင်ဆုံး ၀ိုင်းဝန်းအားပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။”
ဇန်န၀ါရီလ ၂၆ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ကျင်းပနေတဲ့ ၂၀၁၁ ခုနှစ် ကမ္ဘာ့စီးပွားရေးရာ နှစ်ပတ်လည် ညီလာခံကြီးကို ကုသလမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဦးဆောင်တဲ့ နိုင်ငံ့ခေါင်းဆောင် ၃၀ ကျော်၊ ကမ္ဘာ့ စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၁,၀၀၀ ကျော်၊ နည်းပညာကျွမ်းကျင်သူပေါင်း ၁,၂၀၀ ကျော်နဲ့အတူ စက်မှု ထွန်းကားတဲ့ နိုင်ငံ ၂၀ ကျော်က တာဝန်ရှိပုဂ္ဂိုလ်တွေ တက်ရောက်နေကြပြီး ကမ္ဘာတ၀ှမ်း စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနဲ့ ပညာရေး နယ်ပယ်တွေနဲ့ပတ်သက်ပြီး အကဲခတ်စမ်းစစ်မှုတွေ၊ တီထွင်ဖန်တီးမှုတွေ၊ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ပတ်သက်ပြီး တိုင်ပင်နှီးနှော ဆွေးနွေးနေကြတာဖြစ်ပါတယ်။

sources: :VOA