Tuesday, December 15, 2009
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေအဖွဲ့မှ ချီးမြှင့်သောဆုကို လက်ခံရာတွင် ဒေါ်အောင်ဆန်းစုကြည်ရေးသား၍
သူမကိုယ်စား သားကြီး အလက်ဇန္ဒား (မြင့်ဆန်းအောင်) က ၁၉၉၂ မေလ ၁၄ ရက်နေ့တွင် ဝါရှင်တန်မြို့တော်၌
ဖတ်ကြားသော မိန့်ခွန်းဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေအဖွဲ့မှ နှစ်စဉ်ချီးမြှင့်သော လူ့အခွင့်အရေးဆုကို သမတ
ပက်ထရီရိ-အလ်ဝင် (Patricio Aylwin) နှင့်အတူ တချိန်တခါထဲ လက်ခံရယူရသည်ကို များစွာဂုဏ်ယူမိပါသည်။
ဤဆုသည် ယခုအခါ၌ မြန်မာနိုင်ငံတွင် အလွန်အရေးကြီးလှသော ကိစ္စရပ်များကို အာရုံစူးစိုက်လာစေရန်
မီးမောင်းထိုးသကဲ့သို့ ဖြစ်ရပါသည်။ ချီလီနိုင်ငံ သမတကြီးသည် အမှန်တရားနှင့်
ပြန်လည်သင့်မြတ်ရေးတရားတို‹အကြား ခိုင်မြဲသော ဆက်စပ်မရှိနေပုံကို တနေ့တခြား လူအများ
ပိုမိုသိရှိသဘောပေါက်လာစေရန် ဆောင်ရွက်ရာတွင် ကျယ်ပြန့်စွာ ရိုသေလေးစားခြင်းခံရသော ထူးခြားလှသည့်
ခေါင်းဆောင်တဦးပင်ဖြစ်ပါသည်။
လှည့်ဖြားမှု၊ မတရားမှု၊ လူ့ဂုဏ်သိက္ခာကို မလေးစားမှုတို့မှ ဖြစ်ပေါ်လာသော ကြောက်ရွံမှုနှင့်
သံသယဖြစ်မှုတို့သည် လှူု့အခွင့်အရေးဖောက်ဖျက်မကြောင့် ကွဲအက်နေရသော လူ့အဖွဲ့အစည်းများအပေါ်၌
လောင်းရိပ်ထိုးလျက်ရှိပါသည်။ ဤသို့သော လူ့အဖွဲ့အစည်းများတွင် ဖြစ်ပေါ်နေသော နာကျည်းချက်ဒဏ်ရာများကို
ပျောက်ကင်းအောင် ကုသရာတွင် ပြန်လည်သင့်မြတ်ရေးသည် အဓိကပင်ဖြစ်ပါသည်။ ဤသို့ပြုလုပ်နိုင်ရန်
တပြည်လုံး၏ ချမ်းမြေ့သာယာရေးကို ပုဂ္ဂလိကနှင့် အုပ်စုတို့၏ ကျဉ်းမြောင်းသော အကျိုးစီးပွားတို့ထက် ရှေ့တန်းမှ
ထားလိုသော ဖြူစင်သောစေတနာ ရှိရမည်ဖြစ်ပါသည်။ တဦးနှင့်တဦး ပို၍ အပြန်အလှန် ယုံကြည်စိတ်ချရသော
အခြေအနေလည်း ရှိရန် လိုအပ်ပါသည်။
ခါးသီးလှသော ရန်ငြိုးဖွဲ့မှုများ အချိန်ကြာမြင့်စွာ ဖြစ်ပွားပြီးနောက် တဦးနှင့်တဦး
ပြန်လည်ယုံကြည်စိတ်ချလာနိုင်အောင် ပြန်လည်ပြုလုပ်ရာတွင် စိတ်သဘောကွဲလွဲမနှင့် သောကဒုက္ခအပေါင်းကို
ပေါ်ပေါက်စေသော အပြုအမူများ၊ စိတ်သဘောထားများ၊ ခံစားချက်များကို ဓမ္မဓိဌာန်ကျကျ အမှန်ကို အမှန်အတိုင်း
သုံးသပ်ဆင်ခြင်ရပါလိမ့်မည်။ အမှန်တရားကို ရင်ဆိုင်ရသောအလုပ်မှာ မလွယ်ကူလှပါ။ သတ္တိရှိရန် လိုအပ်ပါသည်။
သန့်စင်သောစေတနာနှင့် ရိုးဖြောင့်သောစိတ်ထားများ မွေးမြူခြင်းအားဖြင့် နောက်ဆုံးတွင် မလိုမုန်းတီးမှုနှင့်
လိမ်လည်မတို့မှ ဖြစ်ပေါ်လာသော ပျောက်ခဲလှသောအကျိုးဆက်များကို အောင်မြင်စွာ ကျော်လွှားနိုင်မည်ဟု
ယုံကြည်သော သဒ္ဓြွါစိတ်ကိုလည်း မွေးရန်လိုပါသည်။
အမှန်တရားကို ဦးတည်၍လုပ်ကိုင်ရန် လိုအပ်ကြောင်း လက်ခံလိုက်ခြင်းသည် ချွေးသိပ်ခြင်းမျှသာဖြစ်သော
အပေါ်ယံကြောသက်သက် လုပ်ဆောင်ချက်များကို ကျော်လွန်၍ ကိုယ်စိတ်နှလုံးပါ ညီညွတ်စွာဖြင့်
ဘုံပြဿနာများကို ဖြေရှင်းနိုင်စေမည့် စစ်မှန်သော ပြန်လည်သင့်မြတ်ရေးလမ်းကို ပွင့်စေနိုင်ပါသည်။
မြန်မာနိုင်ငံတွင် ပြည်သူပြည်သားများသည် နိုင်ငံရေးလုပ်ငန်းစဉ်အရပ်ရပ်တွင် ပြည့်ဝစွာ ပါဝင်ဆင်နွှဲပိုင်ခွင့်
ရှိ မရှိ၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲမှတဆင့် ပြသခဲ့သော လူထုဆန္ဒကို တကယ်လေးစားမှု ရှိ၊ မရှိ။
တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ခြင်းဖြင့်၎င်း၊ လွတ်လပ်သောတရားစီရင်ရေး မဏ္ဍိုင်တည်ထောင်ခြင်းဖြင့်၎င်း၊
လူ့အခွင့်အရေးများကို ထိရောက်စွာ အကာအကွယ်ပေးခြင်း ရှိ၊ မရှိ စသည်တို့ကို ကမဘာက ယနေ့
စောင့်ကြည့်လေ့လာနေပါသည်။
အမျိုးသားပြန်လည်သင့်မြတ် ပေါင်းစည်းညီညွတ်သွားသောအခါ၌ မြန်မာနိုင်ငံသူနိုင်ငံသားတို့သည်
လိုလားအပ်သော အပြောင်းအလဲများကို အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု ကျမ အစဉ်အမြဲ
ယုံကြည်ထားပါသည်။ ကာလကြာရှည်စွာ ခံစားခဲ့ကြရသော ကိုယ်ပိုင်အကျိုးစီးပွားကို ခိုင်မြဲအောင် ကာကွယ်ရန်
နည်းပရိယာယ်များထက်ပို၍ အမှန်တရားနှင့် နားလည်မရရှိရေးကို တန်ဖိုးထားခြင်းဖြင့် လိုလားအပ်သော
အပြောင်းအလဲများ လျင်မြန်စွာ ဖြစ်မြောက်နိုင်လိမ့်မည်ဟု ကျမ မျှော်လင့်ပါသည်။
လူ‹အခွင့်အရေး သို‹မဟုတ် ဒီမိုကရေစီအရေးနှင့် သက်ဆိုင်သော ဆုချီးမြှင့်ခြင်းခံရသည်ဟု
သိရှိရသည့်အခါတိုင်း၌ ချက်ချင်းဆိုသလိုပင် ကျမ၏ အတွေးများသည် မိမိတို့ယုံကြည်ချက်များအတွက် အမျိုးမျိုးအနစ်နာခံကြ၊ စွန့်လွှတ်ခဲ့သော ရဲရင့်တည်ကြည်လှသည့် လုပ်ဖော်ကိုင်ဖက်များထံသို‹ ရောက်ရှိသွားတတ်ပါသည်။မိမိတို့နိုင်ငံ၏ ကံကြမ္မာကို မိမိတို့ ဆုံးဖြတ်ပိုင်ခွင့်ရရှိရေးအတွက် ကြိုးပမ်းနေသော ပြည်သူလူထုကိုလည်းအစဉ်မပြတ် သတိရလျက်ရှိပါသည်။ ယနေ့ချီးမြှင့်သောဆုကိုမြန်မာပြည်သူပြည်သားများနှင့်
လုပ်ဖော်ကိုင်ဖက်များကိုယ်စား ကျေးဇူးတင်စွာ လက်ခံပါသည်။
ကျမ၏ တိုင်းပြည်နှင့် ကျမကို ဤကဲ့သို့ ဂုဏ်ပြုလိုက်သော အပြည်ပြည်ဆိုင်ရာ
လူ့အခွင့်အရေးဥပဒေအဖွဲ့၏ ဆောင်ရွက်ချက်များကို လွန်စွာ လေးစားချီးမွမ်းမိပါကြောင်း ပြောကြားရင်း
နိဂုံးချုပ်လိုက်ပါသည်။
အောင်ဆန်းစုကြည်
ရန်ကုန် ၁၂ မေလ ၁၉၉၂
ပတ်မြို့(Perth, W. Australia) ကျောင်းသားများ၏ တေးသီချင်း။
“ကမဘာမကြေဘူး”
ကမဘာမကြေဘူး ငါတို့သွေးနဲ့ရေးခဲ့ကြတဲ့ မော်ကွန်းတွေ
တော်လှန်ရေး ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော
သြော် သူရဲကောင်းတို့ရေ···
အာဇာနည်တွေ နေတဲ့တိုင်းပြည် ရဲရဲတောက်ဒို့မြန်မာပြည်
ကိုယ်တော်မှိုင်း ရာဇဝင်တွေလည်း ရိုင်းခဲ့ရပြီအဖိုးရေ···
သခင်အောင်ဆန်း နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ···
သြော် လုပ်ရက်ကြပေ ပေတရာပေါ်မှာ ပြည်သူအလောင်းတွေ
အတုံးအရုံးနဲ့ လဲပြိုကာနေ···
ညီအစ်ကိုတို့··ပေတရာပေါ်မှာစီးတဲ့သွေးတွေ မခြောက်သေးဘူး
မတွေဝေနဲ့···ဒီမိုကရေစီတိုက်ပွဲအတွင်းမှာကျဆုံးသော
သြော်···သူရဲကောင်းတို့တွေ အခိုင်အမာပီပြင် တော်လှန်ပစ်ပလေ··
ဒို့ချစ်တဲ့ ဒို့မြန်မာပြည်···
ဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂ
“ကမဘာမကြေဘူး”
ကမဘာမကြေဘူး ငါတို့သွေးနဲ့ရေးခဲ့ကြတဲ့ မော်ကွန်းတွေ
တော်လှန်ရေး ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော
သြော် သူရဲကောင်းတို့ရေ···
အာဇာနည်တွေ နေတဲ့တိုင်းပြည် ရဲရဲတောက်ဒို့မြန်မာပြည်
ကိုယ်တော်မှိုင်း ရာဇဝင်တွေလည်း ရိုင်းခဲ့ရပြီအဖိုးရေ···
သခင်အောင်ဆန်း နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ···
သြော် လုပ်ရက်ကြပေ ပေတရာပေါ်မှာ ပြည်သူအလောင်းတွေ
အတုံးအရုံးနဲ့ လဲပြိုကာနေ···
ညီအစ်ကိုတို့··ပေတရာပေါ်မှာစီးတဲ့သွေးတွေ မခြောက်သေးဘူး
မတွေဝေနဲ့···ဒီမိုကရေစီတိုက်ပွဲအတွင်းမှာကျဆုံးသော
သြော်···သူရဲကောင်းတို့တွေ အခိုင်အမာပီပြင် တော်လှန်ပစ်ပလေ··
ဒို့ချစ်တဲ့ ဒို့မြန်မာပြည်···
ဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂ
မျိုးဆက်သစ်တို့ အတွက် မြင်တွေ့ခွင့်မရှိတော့သည့်စာအုပ်များ
ဦးသန့်အရေးအခင်း
စက်မှုတက္ကသိုလ်စိုးဝင်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်သည် ၁၉၇၄ ခုနှစ်၊ နိုဝင်္ဘာလ ၂၅ ရက်နေ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင်ကွယ်လွန်ခဲ့ပါသည်။ ကမဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည် ဦးသန့်၏ရုပ်ကလာပ်ကို ကြီးကျယ်ခမ်းနားစွာ ကမဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ
ပေါင်းစုံမှ ကိုယ်စားလှယ်များနှင့် နောက်ဆုံးဂါဝရပြုလုပ်၍ ဦးသန့်၏မိသားစုဆန္ဒအရ မိခင်တိုင်းပြည် မြန်မာနိုင်ငံတွင် ဦးသန့်
ရုပ်ကလာပ်ကိုသင်္ဂြိလ်ရန် အစီစဉ်များကို ပြုလုပ်ပါသည်။
ဦးသန့်ကွယ်လွန်ကြောင်း သိလိုက်ရတဲ့အတွက် မျိုးချစ်စိတ်ရှိတဲ့ မြန်မာတမျိုးသားလုံး ယူကျုံးမရ ဝမ်းနည်းကြေကွဲခြင်း ဖြစ်ကြ
ပါသည်။ ကမဘာ့အလယ်မှာ မြန်မာ့ဂုဏ်ကိုဆောင်ခဲ့တဲ့ဦးသန့်၊ အာရှတိုက်သားဦးသန့်သည် ကမဘာ၏အကြီးမားဆုံးသော တာဝန်
ဝတ္တရားရှိသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူးကို ကျေပွန်စွာထမ်းဆောင်ခဲ့သည့် မြန်မာတဦးဖြစ်ပါသည်။
ထိုအချိန်က ကျနော်သည် ရန်ကုန်စက်မှုတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား၊ အင်ဂျင်နီယာဘွဲ့နှင့် လက်တကမ်းအလို
နောက်ဆုံးနှစ်ဝက်တွင် ရောက်ရှိနေပါသည်။ မှားတဲ့နေရာနှင့် မှားတဲ့အချိန်မှာ ကျနော် ရောက်ရှိနေသည်ဟု ဆိုရပေမည်။
၁၉၇၄ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့ ဦးသန့်ရုပ်ကလာပ် မြန်မာနိုင်ငံသို့ ရောက်ရှိလာပါသည်။ နေဝင်းစစ်အစိုးရသည်
ပြီးစလွယ်သဘောဖြင့် ဦးသန့်ရုပ်ကလာပ်ကို မြင်းပြိုင်ကွင်းဟောင်း ကျိုက္ကဆံကွင်းတနေရာတွင် မဏ္ဍပ်ငယ်တခုသာဆောက်ပေးပြီး
ကြက်ခြေနီအသင်းဝင်လူငယ်များနှင့်သာ အစောင့်ချထားပါသည်။ ဒီဇင်ဘာလ ၅ ရက်နေ့၊ နေ့လည် (၁) နာရီတွင် ကြံတောသင်းချိုင်း
သို့ ပို့ဆောင်သင်္ဂြိလ်မည်ဟု ပြည်သူလူထုကို ကြေညာခဲ့ပါသည်။
နိုင်ငံတော်ဈာပနအဖြစ် တခမ်းတနား ဂုဏ်ပြုသင်္ဂြိလ်လိမ့်မည်ဟု ယူဆနေသည့် ပြည်သူလူထုသည် နေဝင်းစစ်အစိုးရ၏
လျစ်လျူရခြင်း၊ ဦးသန့်၏ဂုဏ်သိက္ခာကိုမှမထောက်၊ လုပ်ရက်လေခြင်းရယ်လို့ ပြည်သူကြားဝယ် တဆင့်စကား ပြန့်နှံ့လို့ မကျေနပ်၊
ဝမ်းနည်းဒေါသများ ပေါက်ကွဲစေခဲ့ပါသည်။
တချိန်တည်းတွင် တက္ကသိုလ်ကျောင်းပေါင်းစုံမှ ကျောင်းသားတို့သည် ဈာပနကော်မတီများ ဖွဲ့စည်းပြီး ဈာပနလိုက်ပါပို့ဆောင်၊
နောက်ဆုံးဂါဝရပြုလုပ်ရန် စီစဉ်ကြပါသည်။ ပထမအစီစဉ်အရ ဘတ်စ်ကားများငှါးပြီး ကျိုက္ကဆံကွင်းမှာစုရုံးရန် ကျောင်းသားကိုယ်စား
လှယ်များ ဘတ်စ်ကားများ သွားငှါးပါသည်။ ဘတ်စ်ကားအဖွဲ့အစည်းများကို သက်ဆိုင်ရာမှ ကျောင်းသားများကို မငှါးရဘူးလို့
တားမြစ်ထားပါသည်။ ဘတ်စ်ကားငှါးရမ်းလို့မရသောကြောင့် တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသားများ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်
တွင်စုရုံးပြီး ကျိုက္ကဆံကွင်းသို့ ခြေလျင်ဖြင့်ချီတက်ဖို့ အစီစဉ်ပြောင်းလိုက်ရပါသည်။
ဈာပနအခန်းနားနေ့၊ ကျနော်တို့စက်မတက္ကသိုလ်ကျောင်းသားများသည် ရရာဒေါ့ဂျစ်ကားများကိုငှါးပြီး ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံ
တက္ကသိုလ်စုရပ်သို့ သွားရောက်ကြပါသည်။ ကျနော်တို့ဒေါ့ဂျစ်ကားများ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်နယ်မြေကိုဝင်သည်နှင့် အရင်
ရောက်နှင့်နေသည့် တက္ကသိုလ်ကျောင်းပေါင်းစုံမှ ကျောင်းသားတွေက လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ ကြိုဆိုမဟာ ကျနော်တို့ရဲ့ရင်ထဲ
တွင် တမျိုးတမည်ခံစားရပါသည်။
နေဝင်းဦးဆောင်သော စစ်အစိုးရသည် ၁၉၆၂ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့တွင် မြန်မာပြည်လွတ်လပ်ရေးမော်ကွန်းဝင် ကျောင်း
သားသမဂ္ဂအဆောက်အဦးကြီးကို ဗုံးခွဲဖျက်ဆီးပြီး ရာပေါင်းများစွာသော ကျောင်းသားစုစည်းမကို လက်နက်အားကိုးဖြင့် သတ်ဖြတ်
ချိုးနှိမ်ခဲ့သည့် (၁၂) နှစ်ကျော်ကာလ ဤနေ့ ဒီဇင်ဘာလ (၅) ရက်နေ့တွင် ပထမဦးဆုံး ထောင်ပေါင်းများစွာသော ကျောင်းသားများ
ပြန်လည်သွေးစည်း ညီညွတ်စုရုံးမိကြခြင်းဖြစ်ပါသည်။
ယဉ်ကျေးသော ကျောင်းသူကျောင်းသားများဖြစ်ကြ၍ စည်းကမ်းရှိကြပါသည်။ သုံးယောက်တတွဲ တက္ကသိုလ်အလိုက် စီတန်းနေ
ရာယူပြီး ရန်ကုန်စက်မတက္ကသိုလ်မှ ကားတစီး၊ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ ကားတစီး၊ အသံချဲ့စက်များနှင့် “ကျနော်တို့ကျောင်း
သားထုသည် ငြိမ်းချမ်းရေးပိသုကာကြီးဦးသန့်၏ နောက်ဆုံးခရီးသို့ လိုက်ပါပို့ဆောင်ရန်နှင့် နောက်ဆုံးဂါဝရပြုလုပ်ရန် စည်းကမ်းတကျ
ချီတက်လာကြောင်း ကြေညာပါသည်” လမ်းခရီးတလျောက်မှာလည်း ကျေနပ်ခြင်းအပြုံးနဲ့ လူအုပ်ကြီးများက ကြိုဆိုကြသည်သာမက
သောက်ရေများ၊ ဖီးကြမ်းငှက်ပျောသီးများ ဝေငှပေးခြင်းဖြင့် ခြေလျင်လျောက်လာသော ကျောင်းသားများကို အမောပြေစေပါသည်။
ဦးသန့်ရုပ်ကလာပ်ထားရှိသည့် ကျိုက္ကဆံကွင်းသည် ဦးသန့်ကို နောက်ဆုံးဂါဝရပြုရန်ရောက်ရှိနေသော လူအုပ်ကြီးနှင့် ပြည့်လျှံ
နေပါသည်။ ရုပ်ကလာပ်ထားရှိရာ မဏ္ဍပ်အတွင်းတွင်လည်း ဦးသန့်မိသားစု၊ ဆွေမျိုးမိတ်ဆွေများနှင့် သက်ဆိုင်ရာလူကြီးများက နေရာ
ယူထားပါသည်။ မျိုးချစ်စိတ်ရှိသောလူငယ်များ၊ ဂုဏ်ðပထိုက်သူကို ဂုဏ်ðပရမည်ဟု အသိရှိသည့် လူငယ်တက္ကသိုလ်ကျောင်းသား
ထုကြီး စနစ်တကျ၊ ကျိုက္ကဆံကွင်းအတွင်းသို့ ဝင်ရောက်သောအခါ မိဘပြည်သူလူထုတရပ်လုံး၏ လက်ခုပ်သံများသည် မိုးခြိမ်းသံ
ကဲ့သို့ ကွင်းပြင်တခုလုံး ဖုံးလွှမ်းသွားပါတော့သည်။ ပွဲကြည့်စင်များတွင် မိဘပြည်သူတို့နှင့် ပြည့်လျှံနေ၍ ကျောင်းသားထုတရပ်လုံး
သည် ဦးသန့်ရုပ်ကလာပ်ထားရှိရာမဏ္ဍပ်၏ အရှေ့ဘက်ကွင်းပြင်တွင် နေရာယူရလေသည်။
မွန်းလွဲချိန်ဖြစ်၍ ပူပြင်းလှသည့် အပူရှိန်အောက်တွင် “ဘာကြောင့်များ ဦးသန့်၏ဈာပနကို ပြီးစလွယ်စီစဉ်ရသနည်း” ဆိုသည့်
မေးခွန်းသည် ပြည်သူကျောင်းသားတို့၏ ရင်ကိုပူလောင်စေခဲ့သည်သာမက မကျေနပ်ခြင်းဆိုသည့် ခံစားချက်ကို ကျောင်းသားပြည်သူ
တို့ရင်ထဲမှာ ခံစားလိုက်ရပါသည်။ ဤတွင် ကျောင်းသားထု၏လပ်ရှားမသည် စတင်လာပါတော့သည်။ လော်စပီကာကနေ
ကျောင်းသားများကို လံ့ဆော်စည်းရုံးလာပါတော့သည်။ “ငြိမ်းချမ်းရေးဖခင်ကြီး ဦးသန့်အတွက် ဂူဗိမာန်ရရှိရေး၊ ဒို့အရေး၊ ဒို့အရေး”
ဟူသည့် ကြွေးကြော်သံနှင့်အတူ ကျောင်းသားများ လပ်လပ်ရွရွဖြစ်လာပါတော့သည်။ ကျောင်းသားကိုယ်စားလှယ်များ အရေးပေါ်
စည်းဝေးပြီး နောက်ဆုံးငြိမ်းချမ်းရေးဖခင်ကြီး ဦးသန့်အား ထိုက်သင့်သောဈာပနအခန်းနားဖြင့် သင်္ဂြိလ်ရန်ဆုံးဖြတ်ပါသည်။
“ပြီးစလွယ်တည်ဆောက်ထားသောမဏ္ဍပ်” “မြင်းပြိုင်ကွင်းဟောင်း” “ကြံတောသုသာန်” ဤအချက်တို့သည် အရုပ်ဆိုးလှပေ
သည်။ ထို့ကြောင့် ကျောင်းသားထုတရပ်လုံးက တက္ကသိုလ်နယ်မြေသို့ ပြန်လည်သယ်ဆောင်၍ ထိုက်သင့်သော ဈာပနအခမ်းနားနှင့်
ငြိမ်းချမ်းရေးဂူဗိမာန်ကြီး တည်ဆောက်မည်ဖြစ်ကြောင်း ကြွေးကြော်ကြလေသည်။ တဆက်တည်းမှာပဲ မဆိုင်သူများ မဏ္ဍပ်တွင်းမှ
ဖယ်ရှားပေးရန် ကျောင်းသားထုက ကြေညာလိုက်ပါသည်။ လျှပ်တပျက်အတွင်း အခြေအနေများ ပြောင်းလဲသွားပါသည်။ မဏ္ဍပ်
အတွင်းမှ ကြက်ခြေနီလူငယ်များ၊ ဦးသန့်ဆွေမျိုးနှင့်မိသားစုများ၊ သက်ဆိုင်ရာလူကြီးများ မဏ္ဍပ်အပြင်သို့ ထွက်ခွာသွားပါသည်။
မဏ္ဍပ်အတွင်းသို့ ကျောင်းသားများ ဝင်ရောက်နေရာယူထားလိုက်ပါသည်။
အသံချဲ့စက်မှ ကျောင်းသားကိုယ်စားလှယ်များက ၄င်းတို့သည် ဦးသန့်၏ ရုပ်ကလာပ်ကို တက္ကသိုလ်နယ်မြေသို့ ပြန်လည်
သယ်ဆောင်ပြီး ထိုက်သင့်သော ဈာပနအခမ်းအနားဖြင့် သင်္ဂြိလ်၍ ဂူဗိမာန်ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း၊ ၄င်းအတွက် ဦးသန့်၏
မိသားစုနှင့် ဆွေမျိုးမိတ်ဆွေများဆီမှ ခွင့်တောင်းပါသည်။ ဦးသန့်၏အစ်ကို ဦးခန့်ကို အသံချဲ့စက်ရှိရာသို့ ဖိတ်ခေါ်လိုက်ပါသည်။
အသံချဲ့စက် တပ်ဆင်ထားသည့် ဒေါ့ဂျစ်ကားအရှေ့တပိုင်း၊ ကားစက်ထားရှိရာနေရာသည် ကျောင်းသားတို့၏ ယာယီစင်မြင့်သဖွယ်
ဖြစ်သွားပြီး ကျောင်းသားအပါအဝင် လူအုပ်ကြီး၏အာရုံသည် ထိုစင်မြင့်သို့ ရောက်နေကြသည်။ ဦးခန့် စင်မြင့်ပေါ်သို့တက်ရောက်ပြီး
ကျောင်းသားတို့အား စိတ်လိုက်မာန်ပါ မပြုလုပ်ရန်၊ အစိုးရနှင့်ဆန့်ကျင်ပြီး မပြုလုပ်ရန်၊ နည်းစနစ်မှန်ကန်စွာ ဆောင်ရွက်ဖို့ရန်
တိုက်တွန်းပြောကြားသွားလေသည်။ အခြေအနေကိုစောင့်ကြည့်နေသော လူထုကြီးနှင့်ကျောင်းသားထုတို့သည် အမြန်ဆုံး
တက္ကသိုလ်နယ်မြေသို့ ဦးသန့်ရုပ်ကလာပ်ကိုသယ်ဆောင်ရန် ကြွေးကြော်လာပါတော့သည်။
နောက်ဆုံး ကျောင်းသားကိုယ်စားလှယ်များ ဦးသန့်ရုပ်ကလာပ်ကို ပုခုံးပြောင်းသယ်ယူပြီး လွမ်းသူ့ပန်းခွေတင်ဆောင်ရာ တိုယို
တာပစ်ကပ်ကား ခေါင်မိုးပေါ်သို့တင်ကြပါသည်။ ကျောင်းသားနှင့် သံဃာတော်များ ခြံရံလျက်၊ ထောင်ပေါင်းများစွာသော
ကျောင်းသားထုကြီး၏ ချီတက်ရာလမ်းကြောင်းအတွင်းမှ ဦးသန့်ရုပ်ကလာပ်ကို လာရာလမ်းအတိုင်း တက္ကသိုလ်နယ်မြေသို့ ပြန်လည်
သယ်ဆောင်သွားပါသည်။ လမ်းတလျောက်လုံးတွင်လည်း လူအုပ်ကြီးတွေနှင့် ပြည့်ကျပ်နေပြီး ကျောင်သားထုတို့၏ ကြွေးကြော်သံ
များသည် အရာရာကို ဖုံးလွှမ်းနေပါသည်။
တက္ကသိုလ်နယ်မြေ အဓိပတိလမ်းအတိုင်း ရုပ်ကလာပ်ကိုသယ်ဆောင်ပြီး ဘွဲ့နှင်းသဘင်အဆောက်အဦးရှေ့တွင် ယာယီစင်မြင့်
ပြုလုပ်၍ ပြင်ဆင်ထားပါသည်။ တက္ကသိုလ်နယ်မြေတခုလုံးတွင် ကျောင်းသား၊ အရပ်သား၊ ရဟန်းသံဃာတော်များနှင့် ပြည့်လျှံ
နေပါသည်။ မကျေနပ်နိုင်သည့် ကျောင်းသားများ၏ကြွေးကြော်သံများ ဆက်တိုက်ထွက်ပေါ်လာပါသည်။
၁၉၆၂ ခုနှစ် ဇူလိုင်လ (၇) ရက်၊ ၁၂ နှစ်လုံး သွေးစည်းမမရှိခဲ့သောကျောင်းသားများ ဤနေ့တွင် ပြန်လည်စုရုံးမိ၍
နေဝင်းစစ်အစိုးရအား ကျောင်းသားထုက တန်ပြန်တိုက်ပွဲဝင်ရန် ဖန်တီးနေသည့် အသွင်ဆောင်နေပါသည်။ နိုင်ငံရေးခံယူချက်ရှိသည့်
တက္ကသိုလ်ကျောင်းသားများ၏လပ်ရှားမှု တစခန်းထလာပါသည်။ ကျောင်းသားများကို နည်းအမျိုးမျိုးသုံးပြီး ဥပဒေအမျိုးမျိုးထုတ်၍
ထွက်ပေါက်မရှိအောင် နေဝင်းစစ်အစိုးရသည် ဖိနှိပ်ချုပ်ချယ်ခဲ့သည်သာမက၊ ဆိုရှယ်လစ်စနစ်တည်ဆောက်ရေးဆိုသည့် နားထောင်လို့
ကောင်းသော ဝေါဟာရများနှင့် ကျောင်းသားတို့အား မိင်းတိုက်ခဲ့ပါသည်။ အဖိနှိပ်ခံရသော ပြည်သူလူထုနှင့်ကျောင်းသားများ ယခု
လက်ငင်းကိစ္စတွင် ထွက်ရပ်ပေါက်ကို ရှာသည်မှာ သဘာဝကျလှပေသည်။ နိုင်ငံရေးကြွေးကြော်သံများ အုံးအုံးကြွက် ပေါက်ကွဲလာ
ပါတော့သည်။
ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ဦးသန့်ရုပ်ကလာပ်ကို အာလုံးကဂါဝရðပကြပါသည်။ ထို့နောက် ဘွဲ့နှင်းသဘင်ခန်းမအတွင်းသို့
သံဃာတော်များခြံရံလျက် ဦးသန့်ရုပ်ကလာပ်ကို သယ်ဆောင်ပါသည်။ ဘွဲ့နှင်းသဘင်ခန်းမရှိ စင်မြင့်ပေါ်တွင် ဦးသန့်ရုပ်ကလာပ်ကို
ထားပြီး အရေးပေါ်ဈာပနကော်မီတီဖွဲ့စည်းလိုက်ပါသည်။ ဘွဲ့နှင်းသဘင်ခန်းမအတွင်းနှင့် အနီးပတ်ဝန်းကျင် တက္ကသိုလ်နယ်မြေသည်
လူအုပ်ကြီးဖြင့် ပြည့်လျှံနေပါသည်။ ဘွဲ့နှင်းသဘင်ခန်းမရှေ့မြက်ခင်းပြင်တွင် ကျောင်းသားများနေရာယူထားပြီး ကားခေါင်မိုးပေါ်မှနေ၍
လက်တဖက်တွင် မိုက်ကရိုဖုံးကိုင်လျက် လက်သီးလက်မောင်းတန်းပြီး ကျောင်းသားတဦးချင်း တက်ရောက်ရင်ဖွင့်ကြပါသည်။ ဘာကိုမှ
ဂရုမစိုက်နိုင်ကြတော့ပါ။ ၁၂ နှစ် ကာလနီးပါး နှုတ်ပိတ်ရေငုံနေခဲ့ရသော ကျောင်းသားများသည် မိမိတို့ရင်တွင်းမှ နိုင်ငံရေးခံစားချက်
များကို ဟစ်အော်ကြွေးကြော်ပါတော့သည်။
“ပြောတော့ ဆိုရှယ်လစ်ဒီမိုကရေစီ၊ လုပ်တော့ တပါတီကောင်းစားရေး၊” အငတ်ဘေးဆိုက်နေသည့် ပြည်သူလူထုကိုယ်စား
ကျောင်းသားများက နေဝင်းစစ်အစိုးရကို “အောက်ကိုလည်း ပြန်ကြည့်ပါဦး၊ ကားဝယ်တိုက်ဆောက်နှင့်သာ အချိန်ဖြုန်းမနေပါနှင့်” ဟု
တဖုံ၊ အမျိုးမျိုးသောစကားလုံးများနှင့် လျှောက်လဲနေကြလေသည်။ တက်ရောက်နားထောင်နေသော ကျောင်းသားထုနှင့် အရပ်သား
တို့ လက်ခုပ်သံများ တဖျောင်းဖျောင်းနှင့် ထောက်ခံချီးမြှင့်နေကြလေသည်။
၁၉၇၄ ခုနှစ် ဒီဇင်ဘာလ (၆) ရက်။ ဦးသန့်ရုပ်ကလာပ် ဘွဲ့နှင်းသဘင်ခန်းမအတွင်း ထားရှိကြောင်း ကြားသိ၍ ရန်ကုန်ဆင်ခြေဖုံး
မှ လူအများအပြား လာရောက်ဂါဝရðပကြလေသည်။ ဘွဲ့နှင်းသဘင်စင်မြင့်ပေါ်ရှိ အသံချဲ့စက် စကားပြောခွက်နှင့် လွတ်လပ်စွာ စကား
ပြောဆိုခွင့်ရှိသည်ဆိုသည့် ဒီမိုကရေစီစစ်စစ်ကို ကျောင်းသားများက သရုပ်ဖော်နေပါသည်။ ကျောင်းသားများ ရဲရင့်ပြောင်မြောက်စွာ
တဦးချင်း စင်မြင့်ပေါ်သို့ တက်ရောက်၍ မိမိတို့၏ခံစားချက်များကို ရင်ဖွင့်ကြပါတော့သည်။ ဘွဲ့နှင်းသဘင်ခန်းလုံးပြည့်ရှိ လူအုပ်ကြီး
လက်ခုပ်သံများနှင့် ထောက်ခံအားပေးကြပါသည်။ ယာယီဈာပနကော်မီတီမှ ကြေညာချက်တရပ် ထွက်ပေါ်လာပါသည်။ “ဦးသန့်၏
ဈာပနကို နေဝင်းစစ်အစိုးရအနေနှင့် နိုင်ငံတော်ဈာပနအဖြစ် ပြုလုပ်ပေးရန် တောင်းဆိုသောစာကို နိုင်ငံတော်ကောင်စီသို့ ပို့လိုက်ပြီ
ဖြစ်ကြောင်း၊ အကယ်၍ ယနေ့ညနေ (၄) နာရီတိတိအထိ ပြန်ကြားချက်တစုံတရာမျှ မရရှိပါက၊ ကျောင်းသားများသည် ပြည်သူလူထု
အကူအညီနှင့် မိမိတို့ဖာသာ ဈာပနအခမ်းအနားပြုလုပ်၍ ငြိမ်းချမ်းရေးအုတ်ဂူဗိမာန် တည်ဆောက်မည်ဖြစ်ကြောင်း ကြေညာလိုက်ပါ
သည်။ တချိန်တည်းမှာပင် အုံးအုံးကြွက်ကြွက်လက်ခုပ်သံများနှင့် ဘွဲ့နှင်းသဘင်ခန်းမတခုလုံးကို မိုးချုန်းသကဲ့သို့ ဖုံးလွမ်းသွားပါတော့
သည်။
နာရီလက်သံတို့သည် တရွေ့ရွေ့လည်ပတ်နေပါသည်။ ကျောင်းသားနှင့် အရပ်သားကိုယ်စားလှယ်တို့ တဦးချင်းအလှည့်ကျ
စင်မြင့်ပေါ်သို့ တက်ရောက်မိန့်ခွန်းပြောကြပါသည်။ နုနယ်သောနှလုံးသားပိုင်ရှင် မိန်းခလေးများပင် သူတို့၏ ရင်ထဲမှထွက်လာသော
စကားလုံးများသည် မိန်းမသားများနှင့်မှ မကိုက်ညီဘဲ၊ မာကျောပြတ်သားလှပေသည်။
လူတိုင်း နာရီတကြည့်ကြည့်နှင့် (၄) နာရီကို စောင့်မျှော်နေကြပါသည်။ နောက်တော့ (၄) နာရီသာ ထိုးသွားသော်လည်း
နိုင်ငံတော်ကောင်စီမှ လုံးဝတုန့်ပြန်ဖြေကြားခြင်းမရှိသည့်အတွက်၊ ကျောင်းသား၊ အရပ်သား၊ သံဃာတော်ကိုယ်စားလှယ်များ၏
သဘောတူညီချက်အရ ကျောင်းသားသမဂ္ဂအဆောက်အဦးဟောင်း (၁၉၆၂ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့တွင်၊ ကျောင်းသားသမဂ္ဂ
အဆောက်အဦးကြီးသည် ကျောင်းသားများနှင့်အတူ နေဝင်းစစ်အစိုး၏ဗုံးဒဏ် ထိမှန်ပြိကွဲဖျက်ဆီးခြင်းခံခဲ့ရပါသည်) နေရာကို ရှင်း
လင်းပြီး ဦးသန့်အတွက် အုတ်ဂူတည်ဆောက် သင်္ဂြိလ်မည်ဖြစ်ကြောင်း၊ ထိုတဆက်တည်းမှာပင် ငြိမ်းချမ်းရေးဂူဗိမာန်ကိုလည်း တည်
ဆောက်မည်ဖြစ်ကြောင်း ဆုံးဖြတ်ကြပါသည်။
ဆုံးဖြတ်ချက်ချသည်နှင့် ကျောင်းသား၊ အရပ်သားများနှင့် သံဃာတော်များ သမဂ္ဂဟောင်းနေရာကို စတင်ရှင်းလင်း၍ ရန်ကုန်
စက်မှုတက္ကသိုလ် ပိသုကာဌာနနှင့် မြိ့ပြဌာနမှကျောင်းသားများ တာဝန်ယူပုံဆွဲပြီး ဦးသန့်အုတ်ဂူနှင့် ယာယီဂူဗိမာန်ကို ဆောက်လုပ်ပါ
သည်။ စီးပွားရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ဆေးကျောင်းမှ တက္ကသိုလ်ကျောင်းသားများနှင့်အတူ
အထက်တန်းနှင့် အလယ်တန်းကျောင်းပေါင်းစုံတို့မှ ကျောင်းသားများလည်း ပါဝင်လုပ်အားပေးကြပါသည်။
၁၉၇၄ ခုနှစ် ဒီဇင်ဘာလ (၇) ရက်၊ ည (၇) နာရီအချိန်တွင် ကျောင်းသား၊ သံဃာနှင့် ဦးသန့်မိသားစုတို့သည် အရေးပေါ်
အစည်းအဝေးကို မန္တလေးဆောင်တွင် ပြုလုပ်ပါသည်။ ထိုအစည်းဝေးတွင် အဖွဲ့ဝင် (၁၁) ဦးပါဝင်ပါသည်။ ဦးသန့်၏ညီဦးသောင်းက
ရန်ကုန်တိုင်း ပြည်သူ့ကောင်စီကထုတ်လိုက်သောစာကို ထုတ်ပြပါသည်။ ဦးသန့်ကိစ္စနှင့်ပတ်သက်၍ အုတ်ဂူတည်ဆောက်ရေးနှင့်
ဂူဗိမာန်တည်ဆောက်ရန် ကန်တော်မင်ပန်းခြံတွင် နေရာပေးမည်ဖြစ်ကြောင်း၊ ကျောင်းသားများကိုလည်း အရေးယူဖမ်းဆီးမည် မဟုတ်
ကြောင်း ပါရှိလေသည်။ ဦးသောင်းအနေနှင့် ဦးသန့်ရုပ်ကလာပ်ကို အမြန်ဆုံးသòင်္ဂိလ်ချင်ပြီဖြစ်ကြောင်း၊ ဒီဇင်ဘာလ (၈) ရက်နေ့ (၁၂)
နာရီအချိန်၌ သင်္ဂြိလ်ရေးအစီစဉ်စတင်ရန် ကျောင်းသားကိုယ်စားလှယ်များအား ပြောကြားပါသည်။ ဒေါက်တာတင်မြင့်ဦး (ဦးသန့်၏
သားမက်) ကလည်း၊ မိမိကိုယ်တိုင် ပုံစံရေးဆွဲထားသော ဦးသန့်၏အုတ်ဂူဗိမာန်ကို ကန်တော်မင်ပန်းခြံတွင် ဆောက်လုပ်ပြီး သင်္ဂြိလ်
ရန် ပြင်ဆင်ပြီးဖြစ်ကြောင်း၊ ကျောင်းသားနှင့် သံဃာတော်များအား အမြန်ဆုံးစီစဉ်ရန် ပန်ကြားသွားလေသည်။ ဦးသန့်ဈာပနကိစ္စနှင့်
ပတ်သက်၍ ကျောင်းသားကိုယ်စားလှယ်များ၊ သံဃာတော်များ အပြန်အလှန်ဆွေးနွေးကြပြီး၊ အစည်းဝေး၏ဆုံးဖြတ်ချက်ကို အများ
သဘောတူညီချက်ဖြင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း၊ တဦးချင်းဆန္ဒယူမည်ဖြစ်ကြောင်း၊ ထိုအစည်းဝေးတက်ရောက်သူအားလုံး သဘောတူ
ညီလေသည်။ ပထမဦးဆုံး ဦးသန့်ရုပ်ကလာပ်သòင်္ဂိလ်ရေးအစီစဉ်ကို ဒီဇင်ဘာလ ၈ ရက်နေ့၊ ၁၂ နာရီတိတိတွင် စတင်ရန် သဘော
တူညီကြလေသည်။ ဆက်လက်၍ အောက်ပါအချက်နှစ်ချက်ကိုဆွေးနွေးပြီး ဆုံးဖြတ်မဲခွဲရပါမည်။
(၁) ဦးသန့်၏ရုပ်ကလာပ်ကို ဘွဲ့နှင်းသဘင်ခန်းမမှ ကျောင်းသားသမဂ္ဂနေရာ၊ ကျောင်းသားများဆောက်လုပ်ထားသော
ဦးသန့်အုတ်ဂူပေါ်တွင် တင်၍ ဦးသန့်မိသားစုများ၊ ပြည်သူလူထု၊ ကျောင်းသား၊ သံဃာတော်များ နောက်ဆုံးဂါဝရပြုပြီး ကန်တော်မင်
ပန်းခြံသို့သယ်ဆောင်ရန်။
(၂) ဦးသန့်၏ရုပ်ကလာပ်ကို ကျောင်းသားနှင့်ပြည်သူတို့၏ ချွေးနှင့်တည်ဆောက်နေသည့် ဦးသန့်အုတ်ဂူတွင်သင်္ဂြိလ်ပြီး ဦးသန့်
ဂူဗိမာန်ကို ကျောင်းသားများ အသက်နှင့်သွေး စတေးခဲ့သည့် ကျောင်းသားသမဂ္ဂနေရာတွင်တည်ဆောက်ရန်။
တဦးချင်းဆန္ဒယူလိုက်သောအခါ (၇) မဲ (၄) မဲနှင့် ပထမအချက်ကို သဘောတူညီကြပါသည်။
(၇) မဲထဲမှာ ဦးသောင်း၊ ဒေါက်တာတင်မြင့်ဦး၊ သံဃာတော်နှစ်ပါးနှင့် ကျန်ကျောင်းသားကိုယ်စားလှယ်သုံးဦးပါဝင်ပါသည်။
(၄) မဲထဲမှာ ကျနော်တို့စက်မတက္ကသိုလ်မှ ကျောင်းသား (၃) ဦးနှင့် ဆေးတက္ကသိုလ်ကိုယ်စားðပ ဆေးကျောင်းသားတဦး အပါ
အဝင် ကျောင်းသား (၄) ဦးသည် ဒုတိယအချက်ကို မဲပေးပါသည်။
ဤတွင် ဦးသန့်ရုပ်ကလာပ်ကို (၇) မဲ (၄) မဲနှင့်ဆုံးဖြတ်ပြီး ကန်တော်မင်ပန်းခြံတွင် သင်္ဂြိလ်မည်ဖြစ်ပါသည်။ မြန်မာ့အသံလွှင့်ရုံ
ရေဒီယိုမှလည်း ၈-၁၂-၁၉၇၄ ရက် ၁၂ နာရီအချိန်တွင် ဈာပနအခမ်းအနားစတင်မည်ဟု ကြေညာပါသည်။
ကျောင်းသားနှင့်သံင်္ဃာတို့သည် ကျောင်းသားထုနှင့်ပြည်သူလူထုကိုကိုယ်စားပြု၍၊ ဤအစည်းအဝေးသို့ တက်ရောက်လာခြင်း
ဖြစ်ပါသည်။ မဲခွဲရာတွင် ကျောင်းသားနှင့်သံင်္ဃာတော်များ၏ဆန္ဒများ ကွဲပြားခြားနားနေပါသည်။
အခြေအနေဖြစ်ရပ်အားလုံးကို ပြန်လည်စီစစ်သောအခါ၊ နေဝင်းစစ်အစိုးရသည်၊ ပြီးစလွယ် ဦးသန့် (ကမဘာ့ကုလသမဂ္ဂ အတွင်း
ရေးမှူးချုပ်ဟောင်း) ရုပ်ကလာပ်ကို ကြံတောသင်းချိုင်းတွင်သင်္ဂြိလ်ရန် အစီအစဉ်ပြုလုပ်ပါသည်။ ကျောင်းသားနှင့်ပြည်သူလူထုသည်
မကျေနပ်နိုင်၍ လေးစားဂုဏ်ပြုထိုက်သောဦးသန့်အား နိုင်ငံတော်ဈာပနအခန်းနားပြုလုပ်ပေးရန် နေဝင်းစစ်အစိုးရအား တောင်းဆိုခဲ့ပါ
သည်။ ပြည်သူလူထုနှင့် ကျောင်းသားတို့၏ တောင်းဆိုမကို တုံ့ပြန်မမရှိ၍၊ နောက်ဆုံး ကျောင်းသားတို့ အသက်သွေးနဲ့စတေးခဲ့သည့်
ကျောင်းသားသမဂ္ဂဟောင်းနေရာတွင် ဦးသန့်ရုပ်ကလာပ်ကိုသင်္ဂြိလ်ပြီး အုတ်ဂူနှင့် ဂူဗိမာန်တည်ဆောက်ပါသည်။
သမဂ္ဂအဆောက်အဦးနေရာတွင် လုပ်အားပေးနေသော ပြည်သူ ကျောင်းသားများ၊ ဘွဲ့နှင်းသဘင်ခန်းမတွင်း ဦးသန့်ရုပ်ကလာပ်
ကို စောင့်ရှောက်နေသော ပြည်သူကျောင်းသားများ၊ အဓိပတိလမ်းမပေါ်တွင် အလှူငွေကောက်ခံနေသော ပြည်သူကျောင်းသားများ၊
ဦးသန့်ရုပ်ကလပ်ကို နောက်ဆုံးလာရောက်ဂါဝရပြုကြသော ပြည်သူတရပ်လုံး၏လိုအင်ဆန္ဒသည် စာကြည့်တိုက်အဆောက်ဦးနေရာမှ
အုတ်ချပ်များကို တယောက်တလက်နှင့် လက်ဆင့်ကမ်းသယ်ယူ တည်ဆောက်နေသည့်အုတ်ဂူတွင် ဦးသန့်ရုပ်ကလာပ်ကို သင်္ဂြိလ်ပြီး
ဆက်လက်၍ ဦးသန့်ဂူဗိမာန်ဆောက်တည်ရန်ဖြစ်ပါသည်။
“လူကလေးရယ်၊ အဖွားလည်း အုတ်တချပ်လောက် ဝင်သယ်ယူကုသိုလ်ပြုပါရစေ” ဆိုသည့် အဖွါးတို့၏ အသံနှင့်မမျှသည့်
လုပ်အားဖြင့် ဦးသန့်အုတ်ဂူဆောက်ရာတွင် အဖွားအိုလည်း ပါဝင်လုပ်အားပေးခဲ့ပါသည်။ အုတ်ဂူနှင့်ဂူဗိမာန်တည်ဆောက်ရာတွင်
လုပ်အားပေးနေကြသည့် ပြည်သူ၊ ရဟန်းသံဃာနှင့် ကျောင်းသားတို့အတွက် ထမင်းထုပ်များကို ရပ်ကွက်များမှ လာရောက်လှူဒါန်း
ကြပါသည်။ ထမင်းထုတ်များတွင်လည်း “ငါ့ညီတို့၊ မင်းတို့ရဲ့မှန်ကန်တဲ့လုပ်ရပ်ကို ငါတို့အားပေးတယ်။ လုပ်ငန်းပြီးဆုံးသည်ထိ
ဆက်လက်လုပ်ဆောင်ပါ” ဆိုသည့်စာရွက်ငယ်ကလေးများဖြင့် ပြည်သူလူထုဆန္ဒကို ပြောကြားနေပါသည်။ ထိုတွင်မက မကျေနပ်နိုင်
သည့် ဥက္ကလာပရပ်ကွက်ကပြည်သူတို့သည် ကျောင်းသားပြည်သူအများအတွက် ထမင်းထုပ်အလှူခံသည့်အဖွဲ့ကို တားမြစ်သည့်
ရဲစခန်းကို မီးရှိ့ဖျက်ဆီးလိုက်ပါသည်။
ဘွဲ့နှင်းသဘင်ခန်းမရှိ ဟစ်တိုင်မိုက်ကရိုဖုန်းမှလည်း ကျောင်းသူကလေးတဦး၏ ရင်ဖွင့်ချက်နိဂုံးချုပ်စကားလုံးများ (“ကျမ လက်ရှိ
နေဝင်းစစ်အစိုးရ လုပ်ပုံကိုင်ဖုံလေးတွေကို လွတ်လွတ်လပ်လပ်ဒီမိုကရေစီကျကျ ဝေဘန်ရတဲ့အတွက် များစွာမှအားရကျေနပ်လှပါ
တယ်။ အခုလိုပြောလို့ ကျမကိုဖမ်းပြီး ထောင်ချရင်လည်း ကျမထောင်ထဲမှာနေရုံပါပဲ။ ဘာကြောင့်လည်းဆိုတော့ ထောင်ထဲမှာမှ
ထမင်းလေးမှန်မှန်စားရမှာ”) ဒီ နုနယ်သောကျောင်းသူကလေး ဖြစ်လင့်ကစား သူကလေး၏ခံစားရမတို့သည် ပြင်းထန်လှပါသည်။
ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်နယ်မြေတခုလုံးသည် ခြေချစရာမရှိ၊ ပြည်သူလူထုကြီးနှင့် ပြည့်လျှံနေပါသည်။
မန္တလေးဆောင် (၁၁) ဦး ဈာပနကော်မီတီအစည်းဝေးပြီးသည်နှင့် ကျောင်းသားများ အုပ်စုကွဲသွားပါသည်။ စက်မတက္ကသိုလ်မှ
ကျောင်းသားသုံးဦးသည် နောက်ထပ်ဆက်လက်၍ ဈာပနအစီစဉ်အစည်းအဝေးကို ကန့်ကွက်သည့်သဘောနှင့် ဆက်လက် မတက်
ရောက်ကြတော့ဘဲ၊ အုတ်ဂူတည်ဆောက်ရာ ကျောင်းသားသမဂ္ဂအဆောက်အဦးဟောင်းနေရာကို စက်မတက္ကသိုလ်၏စုရပ်လို့ သတ်
မှတ်လိုက်ပါသည်။ တယောက်တဆင့်၊ တယောက်နားဆိုသကဲ့သို့ ဦးသန့်၏ရုပ်ကလာပ်ကို ကျောင်းသားပြည်သူတို့ ချွေးနှင့်တည်
ဆောက်သည့်အုတ်ဂူတွင် သင်္ဂြိလ်ရန် ဆုံးဖြတ်လိုက်ပါသည်။ သမဂ္ဂဟောင်းဝန်းကျင်တခုလုးံ ကို စက်မတက္ကသိုလ်ကျောင်းသားများ
နေရာယူစောင့်ကြပ်လိုက်ပါသည်။ ဦးသန့်ရုပ်ကလာပ်ကို အုတ်ဂူပေါ်တွင် နောက်ဆုံးဂါဝါရ ပြုပြီးခြင်း ဂူပိတ်သင်္ဂြိလ်ရန် ဘိလပ်မြေ
(Concrete cement mixture) နှင့် ပရံဆရာ (္နMasonary) အဆင်သင့်ရှိရပါသည်။ တက်ညီလက်ညီ၊ တာဝန်ကိုယ်စီနှင့်
ကျောင်းသားများညီညွတ်ကြပါသည်။
ဘွဲ့နှင်းသဘင်ခန်းမတွင်လည်း ဦးသန့်ရုပ်ကလာပ်ကို အသက်သွေးနှင့်ကာကွယ်စောင့်ရှောက်မည့် အသေခံ (၁၂) ဦး ကျောင်း
သား ကျောင်းသူများ ခွတ်ဒေါင်းခေါင်းစီးနီများ ဦးထိတ်တွင်စီး၍ ခြံရံစောင့်ကြပ်နေကြပါသည်။
ဒီဇင်ဘာ (၈) ရက်၊ မွန်းတည့် ၁၂ နာရီ ၁၉၇၄ ခုနှစ်။
ဘွဲ့နှင်းသဘင်ခန်းမဝန်းကျင်တခုလုံး၊ တက္ကသိုလ်နယ်မြေ အဓိပတိလမ်းတလျောက်လုံးတွင် ဦးသန့်ရုပ်ကလာပ်ကို နောက်ဆုံး
လာရောက် ဂါဝါရဂုဏ်ðပကြသော ပြည်သူများနှင့် ပြည့်လျှံနေပါသည်။ ကျောင်းသားသမဂ္ဂဟောင်း ပတ်ဝန်းကျင်တခုလုံးကို စက်မှု
တက္ကသိုလ်ကျောင်းသား ကျောင်းသူများ လက်တွဲမပြတ်စောင့်ကြပ်ထားပါသည်။
ဦးသန့်ရုပ်ကလာပ်ကို ဘွဲ့နှင်းသဘင်ခန်းမမှ များပြားလှသည့် ကျောင်းသားထုကြားမှ ခဲရာခဲဆစ် ကျောင်းသားသမဂ္ဂနေရာ
ဟောင်းသို့ သယ်ဆောင်လာရလေသည်။
သမဂ္ဂဟောင်းနေရာအုတ်ဂူနှင့် ယာယီဂူဗိမာန်တို့သည် တယောက်တလက်နဲ့ တည်ဆောက်ခဲ့ပါသည်။ ဦးသန့်ရုပ်ပုံပန်းချီကား
ချပ်သည် ဂုဏ်ရှိလှပါသည်။ အလံတော်သုံးခု လွှင့်ထူထားပါသည်။ ဗုဒ္ဓြွဘာသာအလံတော်၊ ကုလသမဂ္ဂအလံတော်နှင့် ကျောင်းသား
သမဂ္ဂ ခွတ်ဒေါင်းအလံတော်တို့သည် အောင်ရမည်ဆိုသည့်အသွင်ဆောင်လျက် ကောင်းကင်ယံတွင် တလူလူလွင့် အလံတော်များ
တင့်တယ်ထယ်ဝါ ပျံမြူးနေကြပါသည်။ တချိန်ကဤနေရာသည် ကျောင်းသားများစုစည်းရာ ကျောင်းသားသမဂ္ဂအဆောက်အဦးကြီး
တည်ရှိခဲ့ပါသည်။ ဆရာကြီးဦးသန့်သည် ကမဘာတွင် မြန်မာပြည်သားတို့၏ဂုဏ်ကို ဆောင်ခဲ့သည်သာမက မိမိ၏နောက်ဆုံးခရီးမှာပင်
နိုင်ငံခြားသံတမန်များ၊ နိုင်ငံခြားသတင်းထောက်များ နောက်ဆုံးမှတ်တမ်းတင်သတင်းယူရန် ရောက်ရှိနေကြရပါသည်။ ထို့ထက်မက
တခါမှစုစည်းမမရှိခဲ့သော ဘုန်းတော်ကြီးများ အနယ်နယ်ရပ်ရပ်မှလာရောက်၍ ကျောင်းသားများနှင့် ပူးပေါင်းလက်တွဲလျက်နေသည်
မှာ အံ့ဖွယ်ရာဖြစ်ပါသည်။
ဦးသန့်ရုပ်ကလာပ်ကို ကျောင်းသားတည်ဆောက်သော အုတ်ဂူရှေ့စားပွဲပေါ်တွင်တင်၍၊ သံဃာတော်များ၊ ဦးသန့်မိသားစုများ၊
နိုင်ငံခြားသံတမာန်များ၊ ပြည်သူကျောင်းသားများ နောက်ဆုံးဂါဝါရပြုကြပါသည်။
အစီစဉ်အရ ဦးသန့်ရုပ်ကလာပ်ကို ကန်တော်မင်ပန်းခြံသို့ သယ်ယူမည်ဟု ကြေညာလိုက်သည်နှင့် “ဦးသန့်ရုပ်ကလာပ်ကို
သမဂ္ဂဝင်းအတွင်းမှ ဘယ်ကိုမှမထုတ်ရဘူး” ဆိုသည့်ကြွေးကြော်သံများ တခဲနက်ဆူညံသွားပါတော့သည်။ သမဂ္ဂနေရာဟောင်းရှေ့ရှိ
မန္တလေးဆောင်ခန်းမ အသံချဲ့စက်မှ ဦးခန့်အနေနှင့် ပြည်သူနှင့်ကျောင်းသားထုကို မေတ္တာရပ်ခံစကား အနည်းငယ်ပြောကြားသွားပါ
သည်။ ဦးသန့်ရုပ်ကလာပ်ကို ကျောင်းသားများတည်ဆောက်ထားသော အုတ်ဂူတွင် ထာဝရသင်္ဂြိလ်ရန် ကြွေးကြော်သံများ ဆူညံ
သထက် ဆူညံလာပါသည်။ အခြေအနေမှာ သက်ဆိုင်ရာကျောင်းသားကိုယ်စားလှယ်များက တစုံတခုမှမပြုလုပ်ပါက၊ ကျန်ကျောင်း
သားများက အတင်းဝင်ရောက်သင်္ဂြိလ်မည့် အခြေအနေတွင်ရှိနေပါသည်။
နောက်ဆုံး ကျောင်းသားကိုယ်စားလှယ်များက ဦးသန့်ရုပ်ကလာပ်ကို ကျောင်းသားများတည်ဆောက်သော အုတ်ဂူတွင်သာ
ထာဝရသင်္ဂြိလ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည့်အချိန်မှသာ ကျောင်းသားထုနှင့်ပြည်သူများ လက်ခံကျေနပ်ကြလေသည်။ ကြေ
ညာပြီးသည့်အတိုင်း ကျောင်းသားများ ဦးသန့်ရုပ်ကလာပ် ပုခုံးပြောင်းသယ်ယူပြီး အုတ်ဂူတွင် သင်္ဂြိလ်လိုက်ပါသည်။ ဘိလပ်မြေ
(concrete cement mixture) ကလည်း အဆင်သင့်ပြင်ထားသည့်အတွက်၊ ပရံဆရာ (္နMasonary) လက်စွမ်းနှင့် အုတ်ဂူကို
ထာဝရပိတ်လိုက်ပါသည်။ “အောင်ပြီ” “အောင်ပြီ” “အောင်ပြီ” ဟူသောကြွေးကြော်သံများ မိုးကွဲလုမတတ် မြည်ဟိန်းသွားပါသည်။
သံဃာတော်များ ပရိတ်တရားနာပြီး အသေခံကျောင်းသားတပ်ဖွဲ့က ကမဘာ့ကုလသမဂ္ဂအလံတော်နှင့် အုတ်ဂူကိုလက်ျာရစ်သုံးပတ်၊
ပတ်ပြီး အလေးပြုပါသည်။ ထို့နောက် ကုလသမဂ္ဂအလံတော်ကို အုတ်ဂူထက်တွင် လွှမ်းခြုံလိုက်ပါသည်။
၎င်းနေ့ညဘက်တွင် နေဝင်းစစ်အစိုးရဘက်မှ မြန်မာ့အသံကတဆင့် ကျောင်းသားများက ဦးသန့်မိသားစု၏ဆန္ဒကိုငြင်းပယ်၍
ကျောင်းသားများတည်ဆောက်သည့်အုတ်ဂူတွင် ဦးသန့်ရုပ်ကလာပ်ကို သင်္ဂြိလ်ကြောင်း၊ စာကြည့်တိုက်အဆောက်အဦးအတွက်
ထားသော ဆောက်လုပ်ရေးပစ္စည်းများကို အလွဲသုံးစားပြုလုပ်ပြီး အုတ်ဂူဆောက်သည့်အတွက်၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုနှင့် အရေး
ယူပေးရန်၊ ရန်ကုန်တိုင်းဆောက်လုပ်ရေးကော်ပိုရေးရှင်းမှ စာပို့ကြောင်း ကြေညာပါသည်။
ကျောင်းသားများအနေနှင့် ဂူဗိမာန်ဆက်လက်တည်ဆောက်ရန်၊ အသေခံတပ်ဖွဲ့အမည်တပ်ကာ ငြိမ်းချမ်းရေးဖခင်ကြီးဦးသန့်
အတွက် အသက်ကိုပဓာနမထားဘူး ဆိုသည့်ခံယူချက်နှင့် ဦးသန့်အုတ်ဂူကို စောင့်ရှောက်ထားပါသည်။ မကျေနပ်နိုင်သည့် ပြည်သူ
လူထုကြီးနှင့်ကျောင်းသားတို့သည် နေဝင်းစစ်အစိုးရ၏ တပါတီဝါဒကို ဆက်လက်ကန့်ကွက် ဆန္ဒပြနေကြပါသည်။
ကျောင်းသားများသည် ပိုမို၍စည်းလုံးညီညွတ်လာပါသည်။ တဦးကိုတဦး ညီအစ်ကိုမောင်နှမသဖွယ် စောင့်ရှောက်ကြပါသည်။
နေဝင်းစစ်အစိုးရ၏ သူလျှိုအမ်အိုင် (္နMilitary Intelligence-MI) များကို မျက်ခြေမပြတ်စစ်ဆေး၍ ဖမ်းမိသောအမ်အိုင်များကို
ကျောင်းသားများက ရိုက်နှက်သတိပေးလိုက်ကြပါသည်။
တရက် နှစ်ရက် ကျောင်းသားများသည် ဆက်လက်၍ ဂူဗိမာန်ပြီးစီးရေးအတွက် ဆက်လက်လုပ်ကိုင်နေကြပါသည်။ သံဃာ
တော်များ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူတို့သည် နေဝင်းစစ်အစိုးရ၏ သတင်းစာများနှင့်ရေဒီယိုတို့မှ အမျိုးမျိုးရှုတ်ချ
ဝေဖန်မှုများကို ခံယူနေကြရပါသည်။
သုံးရက်မြောက်နေ့ ဒီဇင်ဘာ (၁ဝ) ရက်နေ့ ၁၉၇၄ ခုနှစ် နေဝင်းစစ်တပ်သည် ကျောင်းသားများကိုနှိမ်နင်းရန် တိတ်တဆိတ် စီမံ
ပါသည်။စစ်တပ်သည် ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်နယ်မြေတခုလုံးကို သိမ်းပိုက်လိုက်ပါသည်။ နယ်မြေတခုလုံးအတွင်းသို့
အဝင်အထွက်ကို ပိတ်လိုက်ပါသည်။ ၁၁-၁၂-၇၄ မနက် ၂ နာရီတွင် ကျောင်းသားများနှင့်ဆန္ဒပြသူများ အများစုအိပ်မောကျချိန်
လောက်တွင် အဓိပတိလမ်းရှိ အဓိကပင်မဝင်ပေါက်တံခါးကြီးအား ကရိန်းကြီးဖြင့်တွန်းလှန်ဖျက်ဆီး၍ ကျောင်းဝင်းအတွင်း ဝင်ရောက်
ဖမ်းဆီးကြပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ဘွဲ့နှင်းသဘင်ခန်းမနေရာကွက်လပ်အား မီးမောင်းများထိုးပြီး ရဲများက ဒိုင်းကာများ၊
လက်ကိုင်တုတ်များဖြင့် စတင်ဝင်ရောက်ပြီး မျက်ရေဗုံးများ မြေကော်စက်များ၊ မော်တော်ကားများအသုံးပြုပြီး ဆန္ဒပြသူများအား
လူစုခွဲကာ ဦးသန့်အုတ်ဂူအားလည်းòဖိချ၍ ရုပ်ကလာပ်အား ပြန်လည်ဖော်ယူပြီး ရွှေတိဂုံဘုရားအနီး ကန်တော်မင်ပန်းခြံဘေးရှိ သခင်
ကိုယ်တော်မိင်းအုတ်ဂူဘေးနေရာသို့ ညတွင်းပင်ပြောင်းရွှေ့မြုပ်နှံပါသည်။ ထိုသို့ ကြမ်းတမ်းစွာဖျက်ဆီး ဖမ်းဆီးသည့်အတွက် ကျောင်း
သားတချို့ သေဆုံးခဲ့ကြရပါသည်။ တချို့မှာတော့ စစ်ဖိနပ်စာထိ၍ အရိုးကျိုး တုတ်များ၏ရိုက်ချက်ဒဏ်ကြောင့် ခေါင်းကွဲပြီးလဲကျသူ
များလည်းရှိပါသည်။ လက်နက်မဲ့သော ပြည်သူ သံဃာတော်များ ကျောင်းသားများကို အချုပ်ကားပေါ်သို့ အတင်းအဓမ္မ ဖမ်းဆီး
တင်ဆောင်၍ ညတွင်းချင်းပင် အင်းစိန်အကျဉ်းထောင်သို့ ပို့ပါသည်။ သယ်ဆောင်ရာစစ်ကား၏အနောက်ပိုင်း အမိုးအကာမဲ့တွင်
အားလုံးကို ပဆစ်ဒူးတုတ်၊ လက်နှစ်ဖက်ကို ခေါင်းပေါ်တင်၊ ခေါင်းငုံ့ လပ်မရအောင်ထိုင်ခိုင်းပြီး၊ စစ်ကား၏နောက်ပိုင်း လေးဘက်
ဒေါင့်တွင် စစ်သားလေးဦးသည်၊ ဂျီသရီးသေနတ်များနှင့် ချိန်ထားပါသည်။ စစ်ရုပ်ရှင်ကားများတွင် စစ်ပွဲမှအကျဉ်းသမားများကို ဖမ်းဆီး
သကဲ့သို့ နေဝင်းစစ်အစိုးရသည် ကျောင်းသား ပြည်သူ ရဟန်းသံဃာတော်များကို မတရားဖမ်းဆီး ချုပ်နှောင်ခဲ့ပါသည်။
ညပိုင်းမှစတင်ဖမ်းဆီးပြီး အင်းစိန်ထောင်သို့ပို့ဆောင်သော နောက်ဆုံးစစ်ကားသည် နံနက် (ဂ) နာရီအချိန်ထိဖြစ်ပါသည်။ ဤမြင်
ကွင်းသည် ပြည်သူလူထုတရပ်လုံးအတွက် ရင်နင့်ဖွယ်ရာ မတတ်သာလို့ လက်ပိုက်ကြည့်နေရသည့် အခြေအနေတွင် ရောက်ရှိနေပါ
သည်။
မြန်မာဗုဒ္ဓြွဘာသာထုံးစံကိုမှဂရုမစိုက်၊ အုတ်ဂူကိုဖောက်ခွဲပြီး သင်္ဂြိလ်ပြီးသည့်ရုပ်ကလာပ်ကိုထုတ်ယူခြင်း၊ ပြည်သူ၊ သံဃာတော်
နှင့် ကျောင်းသားကျောင်းသူများကို ရက်ရက်စက်စက်သတ်ဖြတ်ဖမ်းဆီးခြင်း ဆိုသည့်သတင်းကိုကြားသည့် ပြည်သူလူထုကြီးမှာ
နေဝင်းစစ်အစိုးရ၏လုပ်ရပ်ကို လက်ခံနိုင်စွမ်းမရှိသည့်အဆုံး နံနက် ဂး၃ဝ အချိန်လောက်တွင် ရန်ကုန်မြို့တွင် အစိုးရနှင့်သက်ဆိုင်သည့်
မြန်မာ့ဆိုရှယ်လစ်ပါတီ ယူနစ်ရုံးများ၊ ရဲစခန်းများ၊ ရုပ်ရှင်ရုံအချို့ကို မီးရှို့ဖျက်ဆီး တန်ပြန်အကြမ်းဖက်ဆန္ဒပြကြပါသည်။
“ငါတို့တပါတီကောင်းစားရေး ဆိုရှယ်လစ်ဝါဒကို ထိပါးလာရင်တော့ နေဝင်းစစ်အစိုးရသည် မည်သူကိုမှ အသက်ချမ်းသာပေး
မည်မဟုတ်ကြောင်း” တရုပ်ပြည်မှ ကွန်မြူနစ်ခေါင်းဆောင်ကြီး မော်စီတုန်း၏စကားနှင့်နှိုင်း၍ “အာဏာသည် သေနတ်ပြောင်းဝတွင်
ရှိကြောင်း” ပြည်သူလူထုကြီးအား လက်တွေ့သတ်ဖြတ်ပြပါသည်။
စစ်တပ်၏ပြောင်းဝကို ပြည်သူတို့အား ချိန်ရွယ်ပစ်ခတ်နှိမ်နင်းပါသည်။ ရန်ကုန်မြိ့တွင်းတွင် သေနတ်သံများ ဖုံးလွှမ်းလျက်
လူပေါင်းမြောက်မြားစွာ သွေးမြေကျခဲ့ရပါသည်။ ရန်ကုန်မြိ့တွင်းဝယ် စစ်နယ်မြေသကဲ့သို့ တင့်ကားကြီးနှင့်လှည့်လည်လျက်၊ ဂျီသရီး
သေနတ်ကြီးများနှင့် ပစ်ခတ်နေပါသည်။ ရန်ကုန်òမိ့တွင်းကိုလည်း စစ်အုပ်ချုပ်ရေးဒေသအဖြစ်သတ်မှတ်ပြီး၊ ညမထွက်ရအမိန့်များ
ထုတ်ပြန်ပါသည်။ ဖမ်းဆီးမိသည့်ပြည်သူများကို ပြည်သူပိုင်ပစ္စည်း ချိုးဖောက်ဖျက်ဆီးမဆိုသည့် မတရားပုဒ်မတပ်ခါ ထောင် (၃) နှစ်မှ
ထောင် (၅) နှစ်ချကာ အစွမ်းပြနေပါသည်။ ဦးသန့်ဈာပနကိစ္စတွင်ပါဝင်သော ပြည်သူ သံဃာတော် ကျောင်းသားများကို နေဝင်း
စစ်ထောက်လှမ်းရေးအမ်အိုင် ပုဂ္ဂိုလ်များကိုအသုံးပြုလျက် နေအိမ်များမှ လိုက်လံဖမ်းဆီးပါသည်။ နုနယ်ငယ်ရွယ်လှသည့်
ကျောင်းသားကလေးများပင်မချန် အင်းစိန်ထောင်ထဲသွင်းထားပါသည်။
ရာပေါင်းများစွာသော ကျောင်းသားနှင့်ပြည်သူ ရဟန်းသံဃာတော်များ အသက်ဆုံးရှုံးခဲ့ပါသည်။ ထောင်ပေါင်းများစွာသော
ကျောင်းသား ပြည်သူတို့ကို ထောင်ချထားသည်။ ကျန်ကျောင်းသားများသည် အိုးပစ်အိမ်ပစ် ပညာရေးဆုံးရှုံဆုံးခံပြီး သူတို့၏
ဖမ်းဆီးမမှ ရှောင်တိမ်းနေရပါသည်။ ရှောင်တိမ်းနေရသော ကျောင်းသားတချို့သည် တောတွင်းတော်လှန်ရေးအဖွဲ့စည်းများသို့ တချို့
ရောက်ကြပါသည်။ တချို့လည်း နိုင်ငံခြားတိုင်းပြည်များသို့ ခိုးထွက်ပုံးလျှိုနေရပါသည်။ သူတို့၏ဘဝရှေ့ရေးသည် မည်ကဲ့သို့ဖန်တီး
မည်ကိုကား မည်သူကမှမပြောနိုင်အောင်ဖြစ်ပါသည်။
ကောက်ခံရရှိသောရံပုံငွေ ၃ဝဝ,ဝဝဝ ကျပ် မည်သူထံတွင်ရှိနေသည်ကို စာရေးသူအနေနှင့် သတင်းမှန်မသိရှိသော်လည်း စားရမဲ့
သောက်ရမဲ့ ဝတ်ရမဲ့အခြေအနေကြားမှ ဤမျှသောငွေပမာဏကို ဦးသန့်ဂူဗိမာန်တည်ဆောက်ရန် လှူဒါန်းကြသော လူထုကြီး၏
စေတနာကို သိရှိနိုင်ပါသည်။
ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုရမည်ဆိုသည်ကို သာမာန်အသိဉာဏ်ရှိသူတယောက်ပင် သိရှိပါသည်။ ကမဘြာ့ငြိမ်းချမ်းရေးဖခင်ကြီး
ဦးသန့်ကို အသိဥာဏ်ရှိသည့် လူသားအားလုံးက ထိုက်သင့်စွာသင်္ဂြိလ်ရန် ကြိးစားခဲ့သော်လည်း မမျှော်လင့်သည့် တုန့်ပြန်ချက်များ
ကြောင့် မြင်မကောင်း ကြားမကောင်း အသက်များစွာစတေးပြီး သွေးမြေကျကာ ငြိမ်းချမ်းရေးဖခင်ကြီးဈာပနအခမ်းအနားကို ပြီးဆုံး
လိုက်ရပါသည်။
ရင်သွေးငယ်တိုင်း ယဉ်ကျေးလိမ္မာရမည်
ရင်သွေးငယ်တို့ကမဘာ ငြိမ်းအေးသာယာရမည်
ရင်သွေးတို့ခေတ် ဆန်းသစ်ဝေဆာရမည်
ဒေါက်တာမင်းတင်မွန်
“အရေးကြီးဆုံးသော ငြိမ်းချမ်းရေးကို နိုင်ငံရေးသမားလက်ထဲတွင် မထားသင့်ပါ”
ဦးသန့် (ကမဘာ့ကုလသမဂ္ဂ၊ အတွင်းရေးမှူးချုပ်ဟောင်း)
Subscribe to:
Posts (Atom)