Saturday, January 23, 2010

ဗိုလ်ချူပ် ကို မြင်ချင်ရင်..




ဗမာနိုင်ငံလွတ်လပ်ရေးရခဲ့သည့် အချိန်မှာ ဗိုလ်ချုပ် မရှိတော့သော်လည်း ထိုကဲ့သို့ ဗမာတနိုင်ငံလုံး လွတ်လပ်ရေးရရှိစေနိုင်ရန် ရဲဘော်သုံးကျိပ် ကိုဦးဆောင်၍ လက်ရုံးရည်ဖြင့် တိုက်ခိုက်ခဲ့ရုံမက ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့တွင် အောင်ဆန်း-အက်တလီစာချုပ်နဲ့ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် Justify Fullတပြည်လုံးညီညွတ်ကြောင်းပြဆိုနိုင်သည့် ပင်လုံစာချုပ်ချုပ် ဆို၍ နှလုံးရည်စွမ်းဖြင့် ကြိုးပမ်းခဲ့သောကြာင့်သာ ၁၉၄၈ခုနှစ် ဇန်နဝါရီလ ၄ရက်၊နံနက် ၄နာရီ မိနစ် ၂၀ တွင် ဗမာနိုင်ငံ လွတ်လပ်ရေးရခဲ့ခြင်းဖြစ်သည်။

ယတော စ ခေါ သာရပုတ္တ သံဃော ရတ္တညုမဟတ္တံ ပတ္တော ဟောတိ အထ ဣဓေကစ္စေ အာသဝဋ္ဌာနီယာ ဓမ္မာ သံဃေ ပါတုဘဝန္တိ=သာရိပုတြာ သံဃာသည်ညဥ့်အများကို သိသော (၀ါရင့်သည့်) ရဟန်း များပြားသည်၏ အဖြစ်သို့ ရောက်သော အခါ၌မူကား ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည်သံဃာ၌ ထင်ရှား ဖြစ်ပေါ်လာကုန်၏၊ ဟူသော ဘုရားစကားတော်အတိုင်း လွတ်လပ်ရေးရခါစဖြစ်သည့် ဗမာပြည်မှာ မညီ ညွတ်သော ဝါရင့်နိုင်ငံရေးသမား အများအပြား ရှိနေကြခြင်းကြောင့်ပင် မဖြစ် သင့်သည်များ တိုင်းပြည်မှာ ဖြစ်ခဲ့ ရသည်ဟုပင် ဆိုရတော့မလိုဖြစ်သည်။

“အထူးသဖြင့် ကျွန်တော်တို့တိုင်းပြည်မှာ ဒီ(ဖက်ဆစ်)ဝါဒမျိုး လုံးဝမရှိနိုင်အောင် လုပ်ရမယ်၊ အာဏာရှင်ဝါဒ၊ လူမျိုးအချင်းချင်း မုန်းတီးရေး ဝါဒ၊ ဂျပန်ပြည်မှာလို စစ်ကသာလွှမ်းမိုးရမယ် ဆိုတဲ့ စစ်ဘက်အာဏာရှင်စနစ် သက်ဦးဆံပိုင် ရှင်ဘုရင်စနစ်ဝါဒ အဲဒီဝါဒမျိုး အငယ်စားဖြစ်တဲ့ ပဒေသရာဇ် မြို့စား ရွာစားဝါဒ (Feudalism) အထက်ကသာ ခန့်ထားပြီး တိုင်းသူပြည် သားဆန္ဒအရမဟုတ်ပဲ တိုင်းသူပြည်သားတွေနှင့်ကင်းကွာပြီး မင်းစိတ်ပေါက် တဲ့ အရာရှိတွေ စနစ်ဆိုးတမျိုးရှိနေရင် အများပြည်သူတို့ဆန္ဒနှင့် လုပ်ကိုင် ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူရိုးမှားတွေ ပေါ်လာနိုင်တယ်။


ဒီဝါဒမျိုးတွေပေါ်လာရင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးဆိုတာကို မရနိုင်တော့ဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ဒီမိုကရေစီဝါဒကို သာ ခေတ်စားအောင်လုပ်ရမယ်။ အဲဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့ဗမာနိုင်ငံ ထူထောင်နိုင်အောင်ကြိုးစားရမယ်။ ဒါမျိုးမလုပ်နိုင်ရင် ကျွန်တော်တို့ဗမာပြည် က လူတွေဟာလဲ နစ်နာမယ်၊ ကျွန်တော်တို့ပြည်ကိုလဲ ကမ္ဘာကကြည့်နေလို့ မရတဲ့တနေ့ ဂျပန်နှင့်ဂျာမဏီ ဝိုင်းအနှိမ်ခံရသလို အနှိမ်ခံရမယ်။ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်၊ အဲဒါကြောင့် ဒီဝါဒကိုသာ ကျွန်တော်တို့ ရည်ရွယ်ရမယ်။

ဒါဖြင့် ဒီဝါဒဟာ ဘာလဲဆိုတာကိုလဲ ရှင်းပြချင်သေးတယ်။

ကျွန်တော်တို့ အမြင်အရဆိုရင် တိုင်းပြည်ရဲ့ ခေါင်းဆောင်မှုဟာ လူတဦးထဲက ခေါင်းဆောင်မှုမျိုးမဟုတ်ပဲနှင့် အဖွဲ့နှင့်ခေါင်းဆောင်မှုမျိုးဖြစ်ရ မယ်၊ အဖွဲ့ရဲ့ဆန္ဒ မဟုတ်ပဲ ငါ့ဆန္ဒ ငါ့သဘောလုပ်တဲ့ ခေါင်းဆောင်မှုမျိုးမ ဟုတ်ပဲ အဖွဲ့ရဲ့ဆန္ဒယူပြီး အဖွဲ့ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ခေါင်းဆောင်မှု မျိုး ဖြစ်ရမယ်။



လူမျိုးရေးတရားဟာလဲ ငါ့လူမျိုးမှ ငါ့လူမျိုး တခြားလူမျိုးတွေဟာ ငါ့လောက်မမြတ်၊ ငါ့လူမျိုးသာ ကမ္ဘာမှာကြီးစိုးရမယ် ဆိုတဲ့ ကျဉ်းမြောင်းသေး သိမ်တဲ့ လူမျိုးရေးတရား မဟုတ်ပဲ ကိုယ့်လူမျိုး ကိုယ်ချစ်ခင်သော်လဲ တခြား လူမျိုးများကို မုန်းတီးခြင်း၊ အထင်သေးခြင်း မဖြစ်ပဲ ကမ္ဘာမှာ တိုင်းပြည်အချင်း ချင်း သင့်မြတ်စွာ တဦးအကျိုး တဦး ဖြစ်ပွားစေအောင် ဆောင်ရွက်တဲ့ လူ မျိုးရေးတရားမျိုးလဲ ဖြစ်ရမယ်၊ ဂျပန်ပြည်မှာလို စစ်ဘက်က လက်ဝါးကြီးအုပ် ပြီး တိုင်းပြည်လွှတ်တော်က ဘာမှအစိုးမရတဲ့ စစ်အာဏာရှင်ဝါဒမျိုးမရှိရ အောင် စစ်ဘက်ကို တိုင်းပြည်လွှတ်တော်က အုပ်စိုးနိုင်ခွင့် ရှိရမယ်။

နောက် လွတ်လပ်စွာ ဖော်ပြခွင့်၊ စည်းရုံးခွင့်၊ အစည်းအဝေးခေါ် ခွင့်နှင့် စီတန်းလမ်းလျောက်ခွင့်၊
လွတ်လပ်စွာ တွေးတောခွင့်၊ ကိုးကွယ်လိုရာဘာသာ ကိုးကွယ်ခွင့်၊ တရားနှင့်မညီသော အဖမ်းအဆီး
အချုပ်အနှောင်မှကင်းလွတ်ခွင့်၊ကိုယ်ရေးလွတ်လပ်ခွင့်၊ကိုယ့်အိမ်ကိုယ့်ယာနှင့်နေထိုင်ခြင်းကိုမတရား
သဖြင့် နှောက်ယှက်ခြင်းမှကင်းလွတ်ခွင့်၊လူတိုင်းပညာသင်ကြားနိုင်ခွင့်၊အခမဲ့ဆေးဝါးအကူအညီရရှိခွင့်
၊မတရားသဖြင့်စီးပွားချုပ်ချယ်မှုများမှ
လွတ်ကင်းချမ်းသာခွင့်၊အလုပ်သမားလယ်သမားများ၏အနည်းဆုံး
အခွင့်အရေးများကိုအစိုးရကစောင့်ရှောက်ပေး
ခြင်း၊လူနည်းစုတိုင်းရင်းသားများ၏အနည်းဆုံးအခွင့်
အရေးများကိုအစိုးရကစောင့်ရှောက်ပေးခြင်း၊တိုင်းပြည်တွင်တိုင်းရင်းသားလူမျိုးတိုင်းကိုယ့်ဘာသာ
ကိုယ့်ဓလေ့ကိုယ့်ယဉ်ကျေးမှုအတိုင်းဆောင်ရွက်နိုင်ခွင့်၊အိုစာနာစာအထိအခိုက်လျော်ကြေးရန်ပုံ
ငွေအစရှိသည်တို့ကိုအစိုးရကထားပြီးအိုမင်း၍၎င်း၊နာဖျား၍၎င်းထိခိုက်နာကျင်၍၎င်း၊
အလုပ်လုပ်
ချင်
သော်လဲအလုပ်မရနိုင်၍သော်၎င်း အသက်မွေးဝမ်း ကြောင်းမပြုစွမ်းနိုင်သူများသည်အစိုးရ၏
အထောက်အပံ့ကို ရရှိခွင့်ဒီမိုကရေစီ အခွင့်အရေးတွေလဲ ရှိရမယ်။


အထက်ပါ အချက်တွေဟာ ဒီမိုကရေစီဝါဒတွေရဲ့ အခြေခံတွေပဲ လို့ ယူဆတယ်၊ ဒီလို အခြေခံ တရားတွေကို ရည်ရွယ်ရင်းရှိတဲ့ အဖွဲ့အစည်း ဟာလဲ ဒီတရားတွေနှင့် ညီတဲ့ အများဆန္ဒအရ ရွေးကောက်ခြင်း၊ဆုံးဖြတ်ခြင်း၊ ဆောင်ရွက်လုပ်ကိုင်ခြင်းစတဲ့ နည်းစနစ်မျိုးသာ သုံးရပေလိမ့်မယ်။

အခုစစ်ကြီးလဲပြီးသွားပြီတိုက်ခိုက်မှုတွေဟာလဲမကြာခင်ပြီးဆုံးတော့မှာပဲ။သို့သော်လည်းကျွန်တော်
တို့ဗမာပြည်
ရဲ့အရေးကမပြီးသေးဘူး၊ကျွန်တော်တို့ဗမာပြည်ရဲ့အရေးဟာဗမာပြည်သူပြည်သားတွေ၊
ခေါင်းဆောင်မဲ့
လူတွေ၊ညီညွတ်စွာနှင့်လုပ်တတ်မယ်၊လုပ်မယ်ဆိုရင်အေးအေးဆေးဆေးနှင့်ပြီးမြောက်
နိုင်မယ်လို့ကျွန်တော်ယုံကြည်
တယ်၊ ကျွန်တော်ခေါင်းဆောင်နေတဲ့ တပ်မတော်ကလည်း ယုံကြည်တယ်။

ဒါကြောင့်တိုင်းပြည်မှာညီညွတ်ရေးဟာအခုအဓိကလုပ်ငန်းပဲ။ညီညွတ်ရေးဆိုပေမယ့်တိုင်းပြည် လွတ်လပ်ရေးနှင့် ထူထောင်ရေးကို အထက်ပါ အခြေခံအချက်တွေအရ ဆောင်ရွက်မဲ့ ညီညွတ် ရေးမျိုးကိုသာ ဆိုလိုပါတယ်၊ ရာထူးဝေစားရုံသာဖြစ်တဲ့ ညီညွတ်ရေးမျိုး၊ ရွေကောက်ပွဲ ချိန်ပြီး ငြမ်းဆင်တက်ရုံလောက် တက်နိုင်အောင် ညီညွတ်ရေးမျိုး ဆိုရင်တော့ ဘယ်နည်းနှင့်မှ ဖြစ်မှာမဟုတ်ဘူး။”

ဤစကားများကိုဗိုလ်ချုပ်သည်စတုတ္ထအကြိမ်မြောက်နိုင်ငံခေါင်းဆောင်များအစည်းအဝေးတွင်ပြောကြားခဲ့သော မိန့်ခွန်းပါ ရှေ့ဆက်ရမည့် မူဝါဒဆိုင်ရာစကားများ ဖြစ်သည်။ထို မူကိုအဓိကထား၍ “ညီညွတ်ရေး ဆိုပေမယ့် တိုင်းပြည် လွတ်လပ်ရေးနှင့် ထူထောင်ရေးကို အထက်ပါ အခြေခံအချက်တွေအရ ဆောင်ရွက်မဲ့ ညီညွတ်ရေးမျိုးကိုသာ ဆိုလိုပါတယ်” ဟူသော စကားအတိုင်း ညီညွတ်စွာ မဆောင်ရွက်နိုင်ခဲ့ကြခြင်း၊ (ဒီသဘောမျိုးစကားကို ကျွန်တော့အဖိုး ကို ပြောဖူးပါသည် ထိုအခါ ဗိုလ်ချုပ်မရှိတဲ့ နောက်ပိုင်း တိုင်းပြည် လွတ်လပ်ရေးရပြီးတော့ တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ထူထောင်ရေး အတွက် ငါတို့ နည်းမျိုးစုံနဲ့လုပ်ခဲ့တာပေါ့ကွ၊ ဒါပေမယ့် ဒီနေဝင်း မွှေလို့ တိုင်းပြည်ကြေ ရတာကွ လို့တုံ့ပြန်တော့ ဒါဆို တိုင်းပြည်ကြေအောင် လုပ်တဲ့အထဲမှာ အဖိုး လဲပါတာပေါ့ ဆိုတော့ ဘာကွ ဆိုပြီး ထအော်တော့… ဟုတ်တယ်လေအဖိုးလဲ သူပေးတဲ့ရာထူးယူပြီး သူခိုင်းတာလုပ်ခဲ့တာပဲဆိုတော့မှ အေး… ဆိုပြီး အဝေးကိုငေးပြီး တွေးနေတော့တာကြုံဖူးထားလို့)

ဆောင်ရွက်ခဲ့သည်ဆိုလျှင်လဲ“ရာထူးဝေစားရုံသာဖြစ်တဲ့ညီညွတ်ရေးမျိုး၊ရွေးကောက်ပွဲချိန်ပြီးငြမ်း
ဆင်တက်ရုံ
လောက် တက်နိုင်အောင်ညီညွတ်ရေးမျိုး”ပင်ဖြစ်ခဲ့ကြ၍ဗိုလ်ချုပ်ပြောခဲ့သည့်“ဘယ်နည်း
နှင့်မှ ဖြစ်မှာမဟုတ်
ဘူး” ဟူသောစကားနှင့်ကိုက်ညီရုံမက နည်းမျိုးစုံဖြင့် ပျက်စီးခဲ့ပါသည်။

ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မမူမီ အရှင်အာနန္ဒာအမှူးပြုသော ရဟန်းငါးရာကို မြတ်ဗုဒ္ဓက ယော
ဝေါအာနန္ဒမယာဓမ္မောစဝိနယောစဒေသိတောပညတ္တောသောမမစ္စယေနသတ္ထာ=ချစ်သား အာနန္ဒာသင်တို့အတွက်ကျင့်ရန်တရားနည်းလမ်း၊လိုက်နာရန်စည်းမျဉ်းစည်းကမ်းတွေကိုထုတ်ဖော် ချမှတ်ခဲ့ပြီးဖြစ်တယ်၊အဲဒီတရားနည်း
လမ်းစည်းမျဉ်းစည်းကမ်းတွေဟာငါမရှိတဲ့အခါသင်တို့ရဲ့ဆရာ ပါပဲဟုဟန္ဒဒါနိဘိက္ခဝေအာမန္တယာမိဝေါဝယဓမ္မာသင်္ခါရာအပ္ပမာဒေနသမ္ပာဒေထဟူသောနောက်ဆုံး စကားမပြောမီလေးမှာအတိအကျညွှန်ပြခဲ့လေသည့်အားလျှော်စွာကျန်ရစ်ခဲ့ကြသောတပည့်သား သံဃာတော်တို့လည်းတရားနည်းလမ်းစည်းမျဉ်းစည်းကမ်းတို့ကိုဆရာထားကာကျင့်ကြံတော်မူခဲ့
ကြရင်းဓမ္မဥှိဝက္ကလိပဿန္တောမံပဿတိ၊မံပဿန္တောဓမ္မံပဿတိ=ဝက္ကလိအမှန်တကယ်ငါ့တရားကို
မြင်တဲ့သူဟာငါဘုရားကိုဖူးမြင်ရတယ်၊ငါဘုရားကိုဖူးမြင်ရသူဟာလဲငါ့တရားကိုမြင်ရ
တယ်ဟူသော
စကားတော်အတိုင်းကျင့်ရမည့်တရားနည်းလမ်းစည်းမျဉ်းစည်းကမ်းကိုမြင်တိုင်းဘုရားရှင်ကိုဖူးမြင်

လိုက်ရ၊အဲသလိုဘုရားရှင်ကိုဖူးမြင်လိုက်ရပြန်တော့ဘုရားဟောခဲ့တဲ့ကျင့်ရမည့်တရားနည်းလမ်း
စည်းမျဉ်းစည်း
ကမ်းတွေကိုပြန်မြင်ဒီလိုနည်းနဲ့လာခဲ့ကြတာဘုရားရှင်ပရိနိဗ္ဗာန်စံခဲ့တာနှစ်ပေါင်း
၂၅၅၀ကျော်ခဲ့သည့်တိုင်အောင်မပျောက်ပျက်ရုံမကကမ္ဘာအနှံ့တောင်ပြန့်ခဲ့တာဗုဒ္ဓဘာသာဗမာ
နိုင်ငံသားအားလုံးအသိပင်ဖြစ်သည်။
ထိုသို့ဗုဒ္ဓသာသနာအဓွန့်ရှည်ကြာတည်တန့်တိုးတက်ပြန့်ပွားရ ခြင်း၏အဓိကအကြောင်းရင်းမှာဗုဒ္ဓဘာသာကိုတည်ထောင်သူဟုခေါ်ဆိုနိုင်သည့်ဗုဒ္ဓမြတ်စွာချမှတ်
တော်မူခဲ့သောမူအဓိကစနစ်ကြောင့်ဖြစ်သည်။





မူအဓိကစနစ်ဖြင့်လည်ပတ်လာခဲ့သောကြောင့်ခေတ်အဆက်ဆက်ဦးဆောင်သံဃာတော်များပြောင်းလဲ
သွား
ကြပေမဲ့ဗုဒ္ဓသာသနာတော်သည်ဆက်လက်တည်တန့်ပြန့်ပွားနေခဲ့ခြင်းဖြစ်ရကားတိုင်းပြည်ယနေ့
အခြေမျိုး
ဆိုက်ခဲ့ခြင်းမှာဘုရားရှင်မူချမှတ်ခဲ့သလိုလွတ်လပ်ရေးဗိသုကာဗိုလ်ချုပ်ချမှတ်ခဲ့သောမူကို
အဓိကမထားပဲ လူအဓိကစနစ် ကျင့်သုံးခဲ့သောကြောင့်ပင်ဖြစ်သည်။


လူ အဓိကစနစ်တွင် ဗုဒ္ဓတရားတော်အရ လူသည်ဘဝစသည်ဆိုတာနဲ့ ဘဝနိကန္တကလို့ခေါ်တဲ့ လောဘဇောနဲ့ စခဲ့ကြတော့ ရာထူးအာဏာစည်းစိမ် အသပြာတွေမှာ နိကန္တိဖြစ်ပြီး ဒါတွေကိုဖန်းတီးပေးသူအလိုကျ ဖြစ်ကုန်ပြီး မဖြစ်သင့် တာတွေ ဖြစ်ခဲ့တာပါပဲ။ ကျွန်တော့အဖိုးပြောသလို ဒီနေဝင်းမွှေလို့တိုင်းပြည်အခုလိုကြေခဲ့ရတာ ဆိုလျှင် နေဝင်းတယောက်ထဲဒီလောက် မမွှေနိုင်အနီးကပ်ဆုံး အောင်ကြီးမှ စ၍အဆီအသား ကနေ အရိုးအရင်းရာထူးတွေပါ ညီညွတ်စွာဝေစားခဲ့သူတွေ ကြောင့်ပါအောင်ကြီးဆိုတာလဲ နေ၀င်းလို တ႟ုတ်-မြန်မာမိသားစုမှ ဆင်းသက်ခဲ့တဲ့- ပေါင်းတည်သားဖြစ်သည်၊ ဒုတိယကမ္တာစစ် မတိုင်မီ မြန်မာနိုင်ငံလွတ်လပ်ရေး လှုပ်ရှားမှုများတွင်ပါဝင်ခဲပြီး ၁၉၄၅ခုနှစ်တွင် ဂျပန်ဆန့်ကျင်ရေး လှုပ်ရှားမှု၌ မြစ်ဝကျွန်းပေါ်နှင့် ဖျာပုံခရိုင်အတွင်း ဗိုလ်နေဝင်း၏ လကရုံးအရာရှိတဦးအဖြစ် ပါဝင်လုပ်ကိုင် လာခဲ့သည်။ ထို့နောက် လွတ်လပ်ရေး ရအံ့ဆဲဆဲ တပ်မတော်ကို ပြန်လည်ဖွဲ့စည်းလိုက်သောအခါ အမှတ်(၄)ဗမာ့သေနတ်ကိုင်တပ်ရင်းတွင် ဗိုလ်နေဝင်း၏ လက်အောက် အရာရှိအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၄၇ခုနှစ်တွင် ဆိုရှယ်လစ်ပါတီ၏ စည်းရုံးရေးမှူးဖြစ်ခဲ့ပြီး ၁၉၅၈-၆၀ ခုနှစ် အိမ်စောင့်အစိုးရအဖွဲ့တွင် အဓိကနေရာများကိုရခဲ့သည်။ ၁၉၆၂ခုနှစ်တွင် တော်လှနန်းရေးကောင်စီဝင်ဖြစ်လာပြီး ဒုကာကွယ်ရေး စစ်ဦးစီးချုပ်၊ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ဖြစ်ခဲ့သည်။

အခုလည်းသန်းရွှေတယောက်ထဲဘာလုပ်နိုင်မှာလဲအဆီအသားကနေအရိုးအရင်းရာထူးအာဏာလုပ်ပိုင်
ခွင့်တွေခွဲဝေယူနေကြတဲ့ဗိုလ်ရှုတ်တွေကနေဆယ်အိမ်ရူးလမ်းမူးတွေအထိမတရားညီညွတ်နေကြခြင်း
ကြောင့် ဖြစ်သည်။


ထို့ကြောင့်ဒီမိုကရေစီရရှိရေးနဲ့စစ်အာဏာရှင်စနစ်မှလွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်နေကြသော
ရဟန်းရှင်
လူပြည်သူတရပ်လုံးသည်ဗိုလ်ချုပ်ကိုကြည်ညိုလေးစားအရေးထားမယ်ဆိုရင်ပြည်ထောင်စု
ရဲ့ကျေးဇူးရှင်ဗိုလ်ချုပ်
တို့ဖခင်ကောင်းစေချင်တဲ့မှာစကားငါတို့မမေ့အားဟူသောကဗျာလိုဗိုလ်ချုပ်စကား
ကိုမမေ့ပဲဗိုလ်ချုပ်ကိုသတိရ
ကာဗိုလ်ချုပ်ချမှတ်ခဲ့သောအထက်ပါမူနဲ့အခြေခံအချက်တွေအရဆောင်ရွက်
မဲ့ညီညွတ်ရေးမျိုး
ရှိအောင်သိအောင်နဲ့လုပ်ဆောင်ကြမှသာကျွန်တော်တို့ဗမာနိုင်ငံသားအားလုံးကမ္ဘာမှာ
လူသားအဆင့်နဲ့လူ့အခွင့်
အရေးတန်းတူညီမျှ ရရှိကြပေတော့မည်။

မရှိတာထက် မသိတာခက်တယ် (ရှိပါလျက်နဲ့ မသိတာပိုခက်တယ်)။

မသိတာထက် မလုပ်တာခက်တယ် (သိပါလျက်နဲ့ မလုပ်တာပိုခက်တယ်)။

မူရင်း ။ ။http://myatlayngon.blogspot.com/2010/01/blog-post_2180.html

မင်းကို ချစ်တဲ့သူတစ်ယောက်ရှိနေတယ်


*"မင်းကို ချစ်တဲ့သူတစ်ယောက်ရှိနေတယ်"*

တခုသော မိုးသည်းညမှာ အသက် ၅၀ ပတ်ဝန်းကျင်လောက်ရှိပြီဖြစ်တဲ့ မာခ့် ဆိုတဲ့
လူတစ်ယောက်ဟာ သူ့ဘ၀သူ အဆုံးစီရင်ဖို့ ဆုံးဖြတ်လိုက်တယ် ။ သူ့မှာ
ဘာတွယ်တာစရာရှိလို့လဲ ။

အခုအချိန်ထိ တစ်ယောက်တည်းဖြစ်ခဲ့တဲ့ သူဟာ မိသားစုဘ၀ပျော်ရွှင်မှုဆိုတာလဲ
ဘယ်တုံးကမှ မပိုင်ဆိုင်ဖူးခဲ့။ သူ့မိဘတွေဆုံးသွားတာ ၇နှစ်လောက်ရှိပြီ။
ညီမတစ်ယောက်ရှိပေမဲ့ အဆက်အသွယ်ပြတ် နေတာကြာလှပြီ ။ ရှိတဲ့ အလုပ်ကလေးတစ်ခုကလဲ
သန့်ရှင်းရေးအလုပ်သမားအဆင့် ။ ဘာမှမက်လောက်စရာမရှိ။ အဲ့ဒီတော့ သူ သေသေရှင်ရှင်
သူ့ကို ဂရုစိုက်မဲ့သူ တစ်ယောက်မှမရှိတာ သေချာတယ်။

အဲ့ဒီညမှာပဲ တခုသော အခန်းငယ်ကလေးမှာ ၆နှစ်သား ကလေးတစ်ယောက်က Star Wars Action
ဇာတ်ကောင်ရုပ်တွေနဲ့ အလုပ်ရှုပ်နေတယ် ။ သူ့ခမျာ အဲ့ဒါတွေဝယ်ဖို့ မုန့်ဖိုးရအောင်
မနက်ခင်း သူ့အဖေ လမ်းလျှောက်ထွက်တိုင်း သူပါလိုက်ရတယ်။ အခုဆို Darth Vader ကို
ဝယ်နိုင်ဖို့ သူ ၅၀ဆင့်ပဲ လိုတော့တယ် ။

အဲ့ဒီအချိန်မှာ အပြင်က တံခါးခေါက်သံကြားလို့ သူချောင်းကြည့်လိုက်တော့ အ၀တ်အစား
ညစ်နွမ်းနွမ်းဖရိုဖရဲနဲ့ လူတစ်ယောက် မျက်ရည်တွေနဲ့အတူ တခါးးဝမှာ
သူ့အဖေနဲ့အမေကို တစုံတရာပြောနေသံ ကြားလိုက်တယ်။ သူ့အမေကလဲ
စိတ်မကောင်းတဲ့ပုံစံနဲ့ လူကြီးကို အိမ်ထဲခေါ်လိုက်တယ်။ နောက် သူတို့
ဘာတွေပြောနေမှန်း သူလဲ အကုန်နားမလည်ဘူး။ ဒါပေမဲ့ သူသိတာက မျက်နှာကို လက်ဝါးနဲ့
အုပ်ပြီး ရှိုက်ကြီးတငင် ငိုနေတဲ့ အဲ့ဒီ လူကြီးကိုကြည့်ပြီး သူအရမ်း
စိတ်ထိခိုက်သလိုဖြစ်လာတာပဲ ။

နောက်တော့ သူ့အခန်းထဲကို အပြေးအလွှားသွားပြီး သူ့ပိုက်ဆံဗူးလေးထဲက ဒင်္ဂါး ၅၀
ပြားလေးကို ယူပြီး အောက်ထပ်ပြန်ဆင်းလာခဲ့တယ်။ လူကြီးသုံးယောက် သူ့ကို
အံ့အားသင့်သလို စိုက်ကြည့်နေ ချိန်မှာ သူ့က အဲ့ဒီလူကြီးကို ဖက်ပြီး သူပေးတဲ့
ပိုက်ဆံကို လက်ခံဖို့၊ မငိုတော့ဖို့ ပြောလိုက်တယ် ။ ပြီးတော့ သူလဲ အခန်းထဲ
ကမန်းကတန်းပြန်လာခဲ့တယ် ။ သူ နည်းနည်းတော့ ရှက်သလို ခံစားနေရပေမဲ့
အရမ်းလဲပျော်နေခဲ့တယ် ။

အောက်ထပ်မှာတော့ မာခ့်က ဒင်္ဂါးပြားလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်၊
ငိုနေရင်းနဲ့ ကလေးမိဘတွေကို စကားဆက်ပြောနေတယ်။ အနှစ်၂၀လောက်
အထီးကျန်ဆန်နေခဲ့တဲ့ သူ့ဘ၀မှာ ပထမဆုံး အကြိမ်အဖြစ်
ဂရုတစိုက်ထွေးဖက်ခံရမှုတစ်ခုဟာ သူ့ကို ဘယ်လောက်စိတ်ကြည်နူးစေကြောင်း၊
ဒီခံစားမှုလေး ဘယ်အချိန်ထိရှိနေမှာလဲလို့ သူ သိချင်ကြောင်း၊ သူ့ကို
ဂရုစိုက်မဲ့သူ တစ်ယောက်မှမရှိဘူး လို့ သူထင်ထားခဲ့တဲ့ ဘ၀ဟာ ထင်သလောက်
မဆိုးခဲ့ကြောင်း ပြောရင်းပြန်သွားတယ်။

အဲ့ဒီညက အဖြစ်အပျက်ဟာ မာခ့်ရဲ့ဘ၀ကို အပြောင်းလဲကြီး ပြောင်းလဲသွားစေတယ် ။ ဘ၀မှာ
ဘယ်လိုဆက်ပြီး အသက်ရှင်နေထိုင်သွားရမလဲဆိုတာကို သူ အလိုလိုသဘောပေါက်သွားခဲ့တယ်
။ မာခ့်ကို ထပ်မတွေ့ရတော့ပေမဲ့ မာခ့်က သူတို့မိသားစုဆီ စာတွေပို့ဆဲ ။
သူအဆင်ပြေကြောင်း၊ ကျန်းမာကြောင်း ရောက်ရာအရပ်ကနေ ယနေ့အချိန်ထိ အသိပေးဆဲပဲ ။

တကယ်တော့ ၆နှစ်သားအရွယ်ကလေးတစ်ယောက်အနေနဲ့ အဲ့ဒီိနေ့က ဘာလို့
အဲ့လိုလုပ်ခဲ့တာလဲဆိုတာ ကျွန်တော်လဲ အတိအကျတော့ မပြောတတ်ဘူး ။
ကျွန်တော့်မျက်စိရှေ့မှာ မြင်နေရတဲ့ စိတ်ထိခိုက် ကြေကွဲဖွယ်ရာ
မြင်ကွင်းတစ်ခုကို စိတ်ထဲက တုံ့ပြန်ချင်တဲ့အတိုင်း တုံ့ပြန်လိုက်မိတာ ။ ဒါပေမဲ့
ပေးဆပ်မှုတစ်ခုအတွက် ရခဲ့တဲ့ အဲ့ဒီပီတိလေးကို ပြန်တွေးမိတိုင်း
ကျွန်တော်အခုအချိန်ထိ ကြည်နူးမိဆဲပဲ။

အဲ့ဒီနေ့က သူ့ကိုယ်သူ သတ်သေတော့မယ်လို့ ဆုံးဖြတ်ထားတဲ့ မာခ့်ဟာ
လမ်းလျှောက်ရင်းနဲ့ ကျွန်တော်တို့ အိမ်ရှေ့အရောက် သူမြင်လိုက်ရတဲ့ ကား bumper
မှာ ရေးထားတဲ့ စာတန်းလေးတစ်ခုအတွက် ဒီအိမ်ကလူတွေဟာ ဘယ်လို
စိတ်ဓါတ်ပိုင်ရှင်တွေပါလိမ့်လို့ (သူမသေခင်) သိချင်စိတ်ဖြစ်လာတယ် ။ အဲ့လိုနဲ့
သူ ကျွန်တော်တို့အိမ် ရောက်လာခဲ့တာပဲ ။

ဒင်္ဂါး၅၀ပြားလေးနဲ့ bumper ပေါ်ကစာတန်းလေးတစ်ခုဟာ လူနှစ်ယောက်ရဲ့ အမြင်တွေ၊
ခံယူချက်တွေနဲ့ ဘ၀ကို လုံးဝပြောင်းလဲပေးခဲ့တယ် ။ ကျွန်တော်တို့ရဲ့ကား bumper
ပေါ်မှာ ရေးထားတဲ့ စာတန်းလေးက *"မင်းကို ချစ်တဲ့သူတစ်ယောက်ရှိနေတယ် (Somebody
loves you)" တဲ့ ...



*"Somebody Loves You" by Wil Horneff
Translated by Cinderella*
Special remembrance to **3rd December, 09*