Tuesday, February 23, 2010

ဆန္ဒ


လောဘ
ဒေါသ
မောဟ
မီးတွေတညီးညီးတောက်
အမှောင်အောက်မှာ
ချိုးဖြူငှက်ကလေးကလည်း
ပျံသန်းရင်းငေးကြည့်
စိတ်မောမိမယ်ထင်ပါရဲ့။

ဘယ်တော့များမှ မပြီးနိုင့့် 
နှစ်ရှည် လူသတ်ပွဲတွေအစား
ဆည်းလည်းသံချိုမြ
လောကအလှတွေဆင်
မြေကမ္ဘာကို ဖုံးလွှမ်း
ငြိမ်းချမ်းစေချင်လှပါပြီ။ 
မှတ်ချက် ။   ။ http://university-nan.blogspot.com/

မြန်မာ့ရိုးရာအက တိမ်ကောတော့မလား


မြန်မာ့ရိုးရာ အကနှင့် အနုပညာကို ခေတ်လူငယ်များ အနေဖြင့် အထင်သေးစရာ၊ ရယ်စရာ တခုအသွင်ဖြင့် ထင်မြင်လာကာ စိတ်ဝင်စားမှု လျော့နည်း လာကြောင်း သိရသည်။

“အနုပညာ သင်တန်းသွားဖို့ စောင်းပိုက်ပြီး ကားစောင့်နေတာကို တလမ်းလုံးက ၀ိုင်း ဟားကြတယ်။  သူငယ်ချင်းတွေကလည်း ဘာလို့စောင်းတီး သင်မှာလဲ၊ ဘာလို့ မြန်မာအက သင်တာလဲ ဂစ်တာတီးသင်ပါလားလို့ပြောတယ်” ဟု စင်ကာပူနိုင်ငံ ပိုလီ တက္ကသိုလ်သို့ ပညာသင်ကြားရန်မသွားမီ ရိုးရာအနုပညာ သင်ယူနေသော ကျောင်းသားတဦးက ဆိုသည်။

ယူရေနီယမ် အကသင်တန်းကျောင်းတွင် သင်တန်းသူ သင်တန်းသားများကို ဤသို့တွေ့ရသည် (ဓာတ်ပုံ - uraniumdancestudio.com)
ယခင်က လူငယ်များ အနေဖြင့် မြန်မာ့ အကကို အထင်ကြီး လေးစားကာ နှစ်ရှည်လများ အခြေခံမှစ၍ သင်ကြား ကြသော်လည်း ယခုခေတ် လူငယ်များမှာ အရေးပေါ် အခြေအနေနှင့် တွေ့ကြုံမှသာ သင်ကြားလာ ကြကြောင်း သက်တမ်း၂၆ နှစ်ရှိပြီဖြစ်သော တခိုင်လုံးရွှေ မြန်မာအက သင်တန်းကျောင်းကို ဖွင့်လှစ်ထားသည့် အကဆရာမ ဒေါ်အေးအေးမြင့်က ဧရာဝတီကို ပြောသည်။

“ကျမတို့ အငြိမ့် စဖြစ်လာတဲ့ ၁၉၈၄ ခုနှစ် လောက်တုန်းက ဆိုရင် အေးအေးမြင့်လို ကချင်ပါတယ်ဆိုပြီး သူတို့ကိုယ်တိုင် ဝါသနာပါပါနဲ့ တလေးတစား လာသင်ကြတယ်။ သူငယ်တန်း လောက်က သင်ခဲ့တဲ့ ကလေးက ဘွဲ့ရတဲ့အထိ ကျောင်းအိပ်၊ ကျောင်းစား နေပြီးကို သင်တာ။ ဒီဘက် ခေတ်မှာတော့ မြန်မာ့ အနုပညာကို သိပ်နားမလည် ကြတော့ဘူး” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံတွင် မြန်မာ့အနုပညာအကအပေါ် စိတ်ဝင်စားမှု နည်းပါးလာကာ နိုင်ငံခြား သွားမည့်သူများနှင့် ပွဲရှိသောကြောင့် သင်သည့် တပွဲတိုး သင်ကြားသူများသာ ရှိတော့ကြောင်း ဒေါ်အေးအေးမြင့်က ဆက်ပြောသည်။

မြန်မာအကကို စိတ်ဝင်စားမှုနည်းပါးလာသော်လည်း အနောက်တိုင်းအကဟု အများက ခေါ်ဝေါ်ကြသည့် ခေတ်ပေါ်အကများမှာ လူငယ်များအကြားတွင် ၂၀၀၆ ခုနှစ်နောက်ပိုင်း၌ ပိုမိုရေပန်းစားလာခဲ့ကြောင်း ခေတ်ပေါ်အက ကလာသည်မှာ ၁၀ နှစ်သက်တမ်း ရှိပြီဖြစ်သော ကိုဇေယျာက ဧရာဝတီကိုပြောသည်။ ကိုဇေယျာသည် ယခုအခါ The Uranium Dance Studio အမည်ရှိ ခေတ်ပေါ်အက သင်တန်းကျောင်း ဖွင့်လှစ်သူဖြစ်သည်။

ယခုလက်ရှိတွင် လူငယ်များကြား၌ ခေတ်ပေါ်အက အဖွဲ့များ ဖွဲ့လာခြင်း၊ ခေတ်ပေါ်အက ဘာသာရပ်ကို လေ့လာသင်ကြားနိုင်သည့် သင်တန်းကျောင်းများ ဖွင့်လှစ်လာခြင်းများ ရှိလာကာ စီးပွားရေးအသွင် ဖန်တီးလာနိုင်သည်အထိ ခေတ်စားလာပြီ ဖြစ်ကြောင်း လည်း သိရသည်။

“သင်တန်း စဖွင့်ကာစက သင်တန်းသား လေး၊ ငါးဆယ်လောက်နဲ့ စခဲ့ပေမယ့် အခုဆိုရင် တန်းခွဲတွေနဲ့ သင်တန်းကျောင်းကြီး တခု အနေနဲ့ ရပ်တည်လာနိုင်ပါပြီ” ဟု ကိုဇေယျာက ဆိုသည်။

ခေတ်ပေါ်အကကို လူငယ်များသာမက လူကြီး၊ လူလတ်ပိုင်း အရွယ်များပါ စိတ်ဝင် တစားဖြင့် စနစ်တကျ လာရောက် သင်ကြားလာသည့်ပြင် ကုမ္ပဏီဧည့်ခံပွဲများ၊ နှစ်ပတ်လည်ပွဲများ၊ လိုက်ဖ်ရှိုးများတွင်ပါ ဖျော်ဖြေမှုတခုအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြကြောင်း သိရသည်။

အနုပညာရှင်များအားလုံး နီးပါးပင် ခေတ်ပေါ်အကကို ၎င်းတို့၏ အနုပညာအတွက် အထောက်အကူပြုနိုင်သည်ဟု ယူဆသောကြောင့် အခြေခံမှ စတင် သင်ယူမှုများ ရှိလာကြောင်း ကိုဇေယျာကဆိုသည်။

ယင်းသို့ မြန်မာနိုင်ငံတွင် ခေတ်ပေါ်အကများကို စိတ်ဝင်စားမှုအတိုင်းအတာ ပိုမိုလာသည့်အချိန်တွင် မြန်မာ့အကကို မသင်မဖြစ် အခြေအနေ၌ အပေါ်ယံသဘော သင်ကြားသူများသာ ရှိတော့သည်ဟု သိရသည်။

“နိုင်ငံခြားမှာရှိတဲ့ အစ်ကို၊ အစ်မတွေက နင်မြန်မာအက သင်မလာလို့မရဘူးဆိုလို့ အသည်းအသန် တပတ်နဲ့အပြတ်သင်တဲ့သူနဲ့၊ နှစ် ရက်နဲ့အပြတ် သင်ချင်တဲ့သူနဲ့ ဘယ်နေ့မှာ ပွဲရှိလို့နဲ့အမြန်လေး ဆိုပြီး အကပညာကို မသင်ရသေးဘူးပွဲကလက်ခံပြီးပြီ။ ကျမတို့ အနှစ်နှစ်ဆယ်လောက်သင်ရတဲ့ပညာကို သူတို့က နှစ်ရက်တည်းနဲ့သင်ကြတာ” ဟု ဒေါ်အေးအေးမြင့် ကဆိုသည်။

မြန်မာလူငယ်များအနေဖြင့် မြန်မာ့အနုပညာရပ်ကို စိတ်ဝင်စားမှုအား နည်းပါးလာသော်လည်း နိုင်ငံခြားသားများအနေဖြင့် မြန်မာ့ အက၊ ရုပ်သေး၊ စောင်းတီးပညာ စသဖြင့် မြန်မာ့အနုပညာနှင့်ပတ်သက်သော ပညာရပ်မှန်သမျှကို စိတ်ပါဝင်စားစွာဖြင့် အခြေခံမှ အစ စနစ်တကျ သင်ကြားနေကြကြောင်း သိရသည်။

“နိုင်ငံခြားသားတွေက ဒီမှာ ၂ နှစ် အလုပ်လာလုပ်ရင် ၂ နှစ်အပြည့်သင်တယ်။ ရုပ်သေး၊ စောင်း၊ အက အစုံပဲ၊ အခြေခံ ကနေကို စနစ်တကျ သင်ကြတယ်။ ကိုယ့်ပညာကို အကုန်နီးပါးယူနိုင်ကြတယ်။ နောက် အကတခုရဲ့ ဖြစ်ပေါ်လာပုံကအစ နှိုက်နှိုက် ချွတ်ချွတ်လေ့လာကြတယ်” ဟု အကဆရာမ ဒေါ်အေးအေးမြင့်ကဆိုသည်။

ထို့အပြင် မြန်မာ့အနုပညာကို နိုင်ငံခြားသားများဖျော်ဖြေရသည်နှင့် မြန်မာလူမျိုးတို့အားဖျော်ဖြေရသည်မှာ စိတ်ဝင်တစားဖြင့် အားပေးမှုမှာ ကွာခြားကြောင်းသူကဆက်ပြောသည်။

မြန်မာပရိသတ်များ အနေနှင့်လည်း အငြိမ့်ဗီဒီယိုများကြည့်ရှုရာတွင် မင်းသမီးများ၏ အက အခန်းများကိုကျော်ကာ လူရွှင်တော် ပြက်လုံးများသာ အားပေးလာကြသောကြောင့် နောက်ပိုင်းတွင် အကအပိုင်းကို ဖြတ်တောက်ကာ လူရွှင်တော်များ၏ ဟာသ ပြက်လုံးအခွေများအဖြစ် သီးသန့် ပြန်လည်ထုတ်လုပ်လာကြသည်။

မြန်မာနိုင်ငံတွင် ယခင်ကစာနယ်ဇင်းလောကမှ စာရေးဆရာ၊ ဆရာမကြီးများမှာ မြန်မာ့အနုပညာနှင့်ပတ်သက်၍ ကိုယ်တိုင် လက်တွေ့ ကွင်းဆင်းလေ့လာကာ ဆောင်းပါးများ၊ စာအုပ်၊ စားတမ်းများ ရေးသားဖော်ပြခဲ့ကြသော်လည်း ယခုခေတ် စာနယ်ဇင်းလောက၊ မီဒီယာလောကတွင် ထိုသို့ မြန်မာအနုပညာကို ထုတ်ဖော်ရေးသားမှု အားနည်းနေပြီ ဖြစ်ကြောင်း အမျိုးသား ယဉ်ကျေးမှုနှင့်ပတ်သက်သည့် “တိမ်ယံ အိပ်မက် မိုးထက်နရီ” အမည်ရှိ ၀တ္ထုရှည်ဖြင့် အမျိုးသားစာပေဆု ရရှိခဲ့သော စာရေးဆရာ ဆူးငှက်က ဆိုသည်။

“အကလို့ပြောလိုက်တာနဲ့  မြန်မာ့အကလို့မထင်နဲ့ dancer လို့ခေါ်နေတဲ့ အနောက်တိုင်းအကပဲ။ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ လည်း အင်တာဗျူးလိုက်ရင် ဒါပဲ။ မြန်မာအကနဲ့ ပတ်သက်လို့ သေသေချာချာ မေးတဲ့၊ မြန်းတဲ့သူ၊ ဖော်ပြတဲ့သူ လုံးဝမရှိတော့ဘူး။ ဒီပညာရဲ့ အတိမ်အနက်ကိုလည်း မလေ့လာတော့ဘူး။ အဲဒီတော့ မဖော်ပြနိုင်တော့ဘူးပေါ့” ဟု မန္တလေးမြို့တွင် နေထိုင်သည့် ဆရာဆူးငှက်က ဆိုသည်။

မြန်မာအကနှင့် ပတ်သက်၍ မှေးမှိန်ပျောက်ကွယ်လုနီးပါး ဖြစ်နေချိန်တွင် မြန်မာအကပညာရှင် ဒေါ်သြဘာသောင်း တီထွင် ဖန်တီးခဲ့သည့် အခြေခံမြန်မာအက “ကဗျာလွတ်” ကကွက်များကို မှတ်တမ်းတင် ထားသော "ဗုံလေးလုံးသံစဉ် ဂန္ထ၀င် အကပဒေသာ" ဗီစီဒီကို စီစဉ်ရိုက်ကူး ထုတ်လုပ်နိုင်ရန်ကြိုးစားလျက်ရှိကြောင်း သိရသည်။
Tuesday, 23 February 2010 17:20 သဲသဲ 
ဧရာဝတီ

အန်အယ်လ်ဒီ ဗဟိုဦးစီးအဖွဲ့ ဖွဲ့စည်းရေး ပဏာမ လျာထားချက် အောင်မြင်စွာပြီးစီး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဗဟိုဦးစီးအဖွဲ့ ဖွဲ့စည်းရေးအတွက် ပြည်နယ်နှင့်တိုင်း စည်းရုံးရေးအဖွဲ့များမှ တင်သွင်းသည့် အဖွဲ့ချုပ်ဝင်များကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ယမန်နေ့၌ ပြန်လည်စိစစ်ခဲ့ပြီး မကြာမီ ထုတ်ပြန်ကြေညာတော့မည်ဖြစ်ကြောင်း အန်အယ်လ်ဒီက ပြောကြားသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်သူ ဦးအုန်းကြိုင်က “ယမန်နေ့က ပဏာမ လျာထားချက်တွေကို စီအီးစီကနေပြီးတော့ ပြန်လည်စိစစ်ကြပါတယ်။ မကြာမီ အပြီးသတ်ကြေညာမှာဖြစ်ပါတယ်။ အောက်ခြေရဲ့တင်ပြချက်တွေကိုလည်း လေးလေးနက်နက်စဉ်းစားပြီး ပြေလည်အောင်ညှိနှိုင်းကြပါတယ်” ဟု ပြောသည်။

ဗဟိုဦးစီးအဖွဲ့ဝင်များကို ရွေးချယ်ရာတွင် အန်အယ်လ်ဒီက ထုတ်ပြန်ထားသည့် ကြေညာချက်ပါ မူ (၅) ချက်နှင့်အညီ ပြည်နယ်နှင့်တိုင်းများက ရွေးချယ်အဆိုပြုမှုများကို စိစစ်ခြင်းဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်က ချမှတ်ပေးသည့် မူများကိုလည်း ထည့်သွင်းစဉ်းစားခဲ့ကြောင်း ဦးအုန်းကြိုင်က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က ဦးဉာဏ်ဝင်းကတဆင့် ပေးတဲ့မူရှိပါတယ်။ နိုင်ငံရေးတာဝန် ထမ်းဆောင်ရင်းက အကျဉ်းကျနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အခွင့်အရေးတွေ မဆုံးရှုံးသင့်ဘူး။ သူတို့ကိုလည်း ဒီတာဝန်တွေကို ပေးချင်တယ်ဆိုတာ ဖော်ပြတာတခုရှိတယ်။ နောက်တခုက ပါတီမှာ နိုင်ငံရေးလုပ်ငန်းလုပ်ရင်းကနေ လူမှုရေးလုပ်ငန်းတွေ ထူးထူးခြားခြား တက်တက်ကြွကြွ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့လုပ်အားတွေကိုလည်း ထည့်သွင်းအသုံးချသင့်တယ်လို့ အဲလို ယူဆပါတယ်။ အဲဒါတွေပါ ကျနော်တို့ မနေ့က ထည့်သွင်းစဉ်းစားကြပါတယ်။ ပဏာမ လျာထားချက် အဆင့်ကတော့ အောင်အောင်မြင်မြင် ပြီးသွားပါပြီ။ အသေးစိတ်ထပ်မံစိစစ်ပြီး လူကြီးတွေ အတည်ပြုချက် ရယူပြီး ကြေညာချက်ထုတ်ပြန်မှာပါ” ဟု ၎င်းက ပြောဆိုသည်။

ယမန်နေ့အစည်းဝေးတွင် အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက သဘာပတိအဖြစ် ဦးဆောင်ဆွေးနွေးခဲ့ကြောင်း၊ ဗဟိုဦးစီးအဖွဲ့ကို ပါတီဖွဲ့စည်းပုံလမ်းညွှန်တွင် ပါရှိသည့်အတိုင်း အဖွဲ့ဝင်ဦးရေ (၉၀) မှ (၁၂၀) အတွင်း လုပ်ငန်းအတွက် လိုအပ်သလို ပြင်ဆင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဗဟိုဦးစီးအဖွဲ့ ပြင်ဆင်ဖွဲ့စည်းရခြင်းမှာ ပါတီ၏ နိုင်ငံရေး၊ စည်းရုံးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရန် ဖြစ်ပြီး ဒီမိုကရေစီတည်ဆောက်ရေး လုပ်ငန်းများကိုလည်း ပြည်သူနှင့်အတူ လက်တွဲလုပ်ဆောင်သွားရန် ဖြစ်သည်ဟု ဦးအုန်းကြိုင်က ရှင်းလင်းပြောဆိုသည်။

၎င်းက “ရွေးကောက်ပွဲကာလကိုတော့ ကျနော်တို့လည်း ဖြတ်သန်းရမှာပါ။ ရွေးကောက်ပွဲကလည်း ဒီမိုကရေစီသွားရင်တော့ ဘယ်နိုင်ငံမှာမဆို ရွေးကောက်ပွဲဆိုတာ ဖြတ်သန်းရမှာပါ။ ကျနော်တို့ကတော့ ဒီမိုကရေစီ စည်းရုံးရေးလုပ်ငန်းတွေကို လုပ်မှာပါ။ ကျနော်တို့အဖွဲ့ချုပ်မှာ ခေါင်းဆောင်တွေကရော အခုထိ ရွေးကောက်ပွဲ ၀င်မယ် မ၀င်ဘူးဆိုတာ မစဉ်းစားသေးပါဘူး” ဟု ပြောသည်။

ထိုသို့စည်းရုံးရေးလုပ်ငန်း လုပ်ဆောင်ရာတွင် ဒီမိုကရေစီသဘောတရားများကို အသိပညာပေးသည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ဆိုလိုတာက ဒီလုပ်ငန်းတွေ လုပ်ရင်းက ပြောရင်းက ရွေးကောက်ပွဲဆိုတာကို နားလည်ရမယ်၊ မဲဆန္ဒပေးမှုဆိုတာ ဘယ်လောက်အရေးပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတခုဆိုတာ တိုင်းပြည်မှာ ဘယ်လောက်အရေးပါတယ်၊
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တိုင်းပြည်ကို တည်ဆောက်တဲ့နေရာမှာ ဘယ်လိုရည်မှန်းချက်တွေ ထားသင့်တယ် ဆိုတာမျိုးတွေ ကျနော်တို့ ပြောကြရမှာပါ” ဟု ဦးအုန်းကြိုင်က ပြောသည်။

အန်အယ်လ်ဒီသည် ရွှေဂုံတိုင်ကြေညာချက်အတိုင်း ရပ်တည်ကာ ဒီမိုကရေစီတည်ဆောက်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ပြည်သူလူထုအနေဖြင့် ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းများကို လုပ်နိုင်၊ စဉ်းစားနိုင်သည့် အခြေအနေရောက်အောင် စည်းရုံးသိမ်းသွင်းဆောင်ရွက်သွားမည်ဟု သိရသည်။

နအဖစစ်အစိုးရကမူ ယခုနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်ပေးမည်ဟု ကြေညာထားသော်လည်း ရွေးကောက်ပွဲပြုလုပ်မည့် ရက်အတိအကျကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသကဲ့သို့ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ ပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများကိုလည်း ကြေညာခြင်းမရှိသေးပေ။

NEJ/ ၂၃ ဖေဖော်ဝါရီ ၂ဝ၁ဝ

ကွန်ပျူတာ၊ ကီးဘုဒ်နှင့် ကြောင်းကျိုးဆက် သဘောတရား


အာရှခရီးစဉ် ၁.၂.၃.၄၊ မိုင်ယာမီခရီးစဉ်အဖြစ် အမှတ်တရ မိုင်ယာမီ ၁.၂.၃.၄.၅ နဲ့ အင်္ဂလန်သွားခဲ့တဲ့ တလ တာကို အင်္ဂလန်ခရီး မပြီးသေးပါဆိုတဲ့ နာမည်နဲ့ ၁.၂.၃.၄ … … … ၂၅ … ရယ်လို့ မပြီးသေးတဲ့ ခရီးကို ရေးဖြစ်တဲ့ ကိုယ့်ကို အဝေးက အကြောင်းတွေချည်းပဲ ရေးမနေနဲ့လေ။ ကိုယ့်အနီးအနားက အကြောင်းများကိုလည်း ရေးပါဦးလို့ ပြောခဲ့တဲ့သူ သုံးလေးဦးမက ရှိခဲ့ပြီ။ သူတို့တွေ ခုလိုပြောကြပေမယ့် စိတ်ပါတဲ့အခါ စိတ်ပါတာကို ရေး ပြီး၊ စိတ်မပါရင် ဖိတ်စာတိုလေးကိုပင်လျင် မရေးမရိုက်ချင်တဲ့ ကိုယ့်ဓလေ့ကြောင့် ကိုယ့်အနီးအနားမှာရှိတဲ့ အကြောင်းကို မရေးဖြစ်ခဲ့ပါဘူး။ တကယ်ဆို ရေးမယ်ဆိုလျင်ဖြင့် ရေးစရာတွေက အများကြီးပါ။ ရေးလို့တောင် ဆုံးနိုင်မယ် မထင်ပါဘူး။
          မနေ့ကတော့ သူကိုယ်တိုင်က အောင်မြင်ထင်ရှားတဲ့ စာရေးသူတဦးဖြစ်သလို ကိုယ့်စာတွေကိုလည်းဖတ်၊ သူ ဖတ်ရုံတင်မက သူ့ရဲ့ တပည့်တပန်းတွေကိုပါ ကိုယ့်စာတွေ ဖတ်ဖြစ်အောင် တိုက်တွန်းအားပေး၊ အထူးသဖြင့် သူ့သင်တန်းတွေမှာတောင် သင်ကြားမှု တစိတ်တပိုင်းအဖြစ် ကိုယ့်ရဲ့ဆောင်းပါးအချို့ကို တပည့်တွေကို တ လှည့်စီ အသံထွက်ကာ ဖတ်ခိုင်းတယ်ဆိုတဲ့ ဆရာတော်တပါးနဲ့ စကားပြောဖြစ်တယ်။ သူက မှတ်မှတ်ရရ ကိုယ့်ရဲ့ခရီးသွားဆောင်းပါးတွေကို နှစ်သက်ကြောင်းနဲ့ အမေရိကန်နိုင်ငံအတွင်း သွားရောက်ခဲ့တဲ့ နေရာတွေ အကြောင်းကိုလည်း ရေးပါဦးလို့ တိုက်တွန်း မိန့်ကြားပါတယ်။
အခြားသူတွေ ပြောစဉ်က စိတ်မ၀င်စားခဲ့ပေမယ့် ဆရာတော်ရဲ့ တိုက်တွန်းစကား ကြားရတော့ ဒီအကြောင်း ခေါင်းထဲရောက်လာတယ်။ နဲနဲလည်း စဉ်းစားဖြစ်လာပါတယ်။ သူတိုက်တွန်းတာ အကြောင်းမဲ့တော့ မဟုတ် တန်ဘူးလို့လဲ တွေးမိပါတယ်။ နောက်ပြီး ဆရာတော်မိန့်ကြားတဲ့ စကားများအရ ကိုယ့်ဆောင်းပါးတွေထဲ စာ လုံးအဖြစ် ထည့်ရေးမထားတဲ့ ကိုယ်ပြောချင်တဲ့ အကြောင်းအရာအချို့ကို သူကောင်းကောင်းဖတ်မိလိုက်တာ ကိုလည်း တွေ့ရပါတယ်။
ဒါကြောင့် ခရီးသွားဆောင်းပါးတွေရေးရတာ အချိန်ကုန်ရကျိုးရှိတယ်။ ထိုက်လည်း ထိုက်တန်တယ်လို့လည်း  ယုံကြည်မိပါတယ်။ ဒီယုံကြည်မှုကပဲ ကိုယ့်ကို ဒီဆောင်းပါးရေးဖြစ်ဖို့ တွန်းအားပေးခဲ့တယ်ဆိုလျင် မှားမယ် မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်သွားမယ့် ဒီခရီးက ဟိုအဝေးကြီးကိုရောက်ဖို့ အကြာကြီး စောင့်ချင်ရင်လည်း စောင့်ရဦးမယ်လေ။ ဒီတော့ ဟိုစပ်စပ် ဒီစပ်စပ်၊ ဟိုနားနဲနဲ ဒီနားနဲနဲ၊  စေ့စေ့သိရေးထက် နှံ့နှံ့ရောက်ရေးကို အလေးပေးသူဖြစ်ရင်ဖြင့် ကိုယ့်ရဲ့ ဒီဆောင်းပါးတွေကို ဝေးဝေးက ရှောင်နေပါလို့လဲ ပြောထားပါရဲ့။
ကဲလေ။ ရေးတာတော့ ဟုတ်ပါပြီ။ ကိုယ်သွားခဲ့တဲ့နေရာ၊ ရောက်ခဲ့တဲ့နေရာတွေက များပြီ။ လေ့လာခဲ့တာ တွေကလည်း မနည်းတော့ဘူး။ တမင်တကာ မလေ့လာပဲနဲ့ အလိုလိုသိလာခဲ့တဲ့ အကြောင်းအရာတွေကပဲ မနည်းလှတော့ဘူး။ ဒါဆို ဘယ်ကဘယ်လို စရေးမှာတုံး။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ နာမည်အကျော်ဆုံးအရာ ကို စရေးမလား။ အလှပဆုံးအရာကို စရေးမလား။ စိတ်ဝင်စားစရာ အကောင်းဆုံးအရာကို စရေးမလား။
ဟိုဟိုဒီဒီ အရှည်ကြီးစဉ်းစားနေရင် စဉ်းစားနေတာနဲ့ ရေးဖြစ်တဲ့ဆီ ရောက်မှာမဟုတ်ဘူး။ ဒီလိုပဲ အကြောင်း အရာတခုကို ရေးမယ်လို့ စဉ်းစာရင်း စဉ်းစားရင်းနဲ့ပဲ စဉ်းစားတာတင် ရပ်တန့်သွားခဲ့တဲ့ အတွေ့အကြုံတွေက များခဲ့ပြီလေ။ ဒါကြောင့် ရှည်ရှည်ဝေးဝေး စဉ်းစားမနေပဲ အနီးဆုံးကပဲ စရေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟုတ်ပါပြီ၊ အနီးဆုံးက စရေးတာတော့ ဟုတ်ပါပြီ၊ ထားလိုက်ပါ။ ဘာနဲ့ အနီးဆုံးလဲ။ ကိုယ့်စိတ်နဲ့ အနီးဆုံးလား၊ ကိုယ့်ကိုယ်နဲ့ အနီးဆုံးလား။ ဒါမှမဟုတ် ကိုယ့်ခေါင်းနဲ့ အနီးဆုံးလား။ ကိုယ့်ခြေနဲ့ အနီးဆုံးလား။ ကိုင်းကွာ၊ ရှုပ် တယ်။ ကိုယ့်လက်နဲ့အနီးဆုံးဖြစ်တဲ့ ကွန်ပျူတာကီးဘုဒ်အကြောင်းကပဲ စရေးမယ်။ ကဲ စပြီ။
ကိုယ်သုံးနေတဲ့ ကွန်ပျူတာကီးဘုဒ်က အိပ်ခ်ျပီ တံဆိပ်။ အိပ်ခ်ျပီဆိုလို့ အထင်တော့ မကြီးလိုက်နဲ့။ ကိုယ့်စိတ် ကြိုက်ဝယ်ထားတဲ့ အရည်အသွေးကောင်းကောင်း ကီးဘုဒ်တော့ မဟုတ်ဖူး။ ကိုယ့်အနားကို ဘယ်သူယူလာလို့ ဘယ်ကနေရောက်လာတဲ့ ကီးဘုတ်မှန်း ကိုယ်လုံးဝ မသိတဲ့ ကီးဘုဒ်။ ခုလို မသိတာကလဲ အကြောင်းတွေ အများကြီးရှိတယ်။ (မသိနိုင်တဲ့အကြောင်းကြောင့် သိနိုင်တဲ့အရာတွေဖြစ်နိုင်တယ်)။
ပြောရရင် ကိုယ်သုံးနေတဲ့ ကီးဘုဒ်က တော်တော်ကြာနေပြီ။ ဒီလိုကြာခြင်းကလဲ ဒီကီးဘုဒ် ဘယ်ကနေ ဘယ် လို ရောက်လာမှန်း မသိခြင်းရဲ့ အကြောင်းတခုလည်း ဖြစ်နိုင်တယ်။ နောက်ပြီး ကိုယ်နေထိုင်ရာကျောင်းကို အသုံးလိုမယ်ထင်ပြီး ဟိုကဒီက ယူလာတတ်တဲ့ ကွန်ပျူတာ တော်တော်များများ ရောက်လာတတ်တယ်။ အဲဒီလို ရောက်လာတာတွေထဲမှာ ကွန်ပျူတာ လတ်လတ်တွေနဲ့ ကွန်ပျူတာနဲ့ ဆက်နွယ်တဲ့ ကီးဘုဒ်လို၊ မောက်စ်လို ပစ္စည်းတွေလည်း ပါတတ်တယ်။ မသစ်တသစ် သုံးလို့ဖြစ်တဲ့ တပတ်ရစ်တွေနဲ့ သူ့ရဲ့မိတ်ဆွေတွေလည်း ပါတတ် ပါတယ်။ အဲ တခါတခါ စေတနာလွန်ပြီး လုံးဝသုံးလို့မရနိုင်လောက်အောင် ဟောင်းနွမ်းကာ အင်္ဂါမစုံတော့တဲ့ ကွန်ပျူတာမျိုးကိုလည်း အသုံးကျမယ်ထင်ပြီး ယူလာတတ်လို့ ရောက်လာတတ်ပါတယ်။(ဒါက သုံးမဖြစ်တဲ့အရာကို အသုံးဝင်မယ်ထင်ရုံမျှနဲ့ သုံးဖြစ်တဲ့အရာ ဖြစ်မလာနိုင်ဘူးဆိုတာနဲ့ အသုံးဝင်မယ်ထင်တဲ့အရာတိုင်း သုံးလို့ မရနိုင်ဘူးဆိုတဲ့သဘောကို ပြောနေသလိုပါ။) ပြောချင်တာက၊ အများနဲ့ ဆက်သွယ်နေတဲ့နေရာဆိုတော့ ဘယ် ကနေ၊ ဘယ်သူ့ဆီကနေ၊ ဘယ်အချိန်ကမှန်း တိတိကျကျ ပြောလို့မရနိုင်တဲ့ (သက်ရှိသက်မဲ့) အရာတွေ ရောက်ရောက်တတ်တယ် ဆိုတာကိုပါ။
ခု ကိုယ်သုံးနေတဲ့ ဒီကီးဘုဒ်လေးကလည်း အဲဒီလို ဘယ်ကမှန်းမသိနိုင်တဲ့ အရာတွေထဲက တခုသောအရာ လေ။ သုံးဖြစ်မယ်ထင်လို့ ကိုယ်ကောက်သုံးနေတဲ့ ပစ္စည်းလေးတခုပေါ့။ တခု တော်တာက ဒီကီးဘုဒ်လေးက တော့ အသစ်ကျပ်ချွတ်လို့ မဆိုသာတောင် သုံးလို့ရနိုင်လောက်အောင် လတ်ဆတ်နေတဲ့ ပစ္စည်းလေးပါ။ ဒီကီး ဘုဒ်လေးနဲ့ပဲ ကိုယ့်ရဲ့ဆောင်းပါးတွေ တော်တော်များများကို ရိုက်ဖြစ်ခဲ့ပြီ။ ဒါတင် ဘယ်ဟုတ်လိမ့်ဦးလဲ။ တခါ တခါ ဟိုကဒီက ခိုင်းတတ်ကြတဲ့ ဖိတ်စာလို၊ ကြော်ငြာလို စာမျိုးလေးတွေကိုပင် ရိုက်ခဲ့ပေါင်း များခဲ့ပြီ။
တရံတခါ မှာဆို ဒီကီးဘုဒ်လေးတွေကို နှိပ်နေတဲ့ လက်ချောင်းပိုင်ရှင်နဲ့ လက်ချောင်းတွေကသာ သိပ်စိတ်မပါ ရှိကောင်း ရှိမယ်။ ကီးဘုတ်လေးကတော့ သူ့ရဲ့ မညက်ညောတဲ့ သဘာဝအတိုင်း တဒေါက်ဒေါက်မြည်သံပေးပြီး (မြည်သင့် တာထက် ပိုမြည်ကာ) စိတ်အားထက်သန်စွာ ရှပ်တိုက်ပြေးခဲ့တာလည်း များခဲ့ပြီ။ (ဒါက ရောက်လာတဲ့အရာ တွေထဲမှာ အသုံးဝင်တာတွေလည်း ပါသလို အသုံးမကျတာတွေလည်း ပါတယ်ဆိုတာပြပါတယ်။ နောက်ပြီး သိပ်အရည်အသွေး မကောင်းပေမယ့်လဲ အသုံးဝင်တယ်၊ အလုပ်ဖြစ်တယ်၊အသစ်မဟုတ်ပေမယ့် အလုပ်ဖြစ်နိုင် ပါတယ်ဆိုတာကိုလည်း ပြောပြနေသလိုပဲလေ။)
ကီးဘုဒ်က အနက်ရောင်။ ဒီတော့ အနက်ရောင်ပေါ်ကို အဖြူရောင် မြူမှုန်တွေကျလျင်ဖြင့် အင်မတန်သိမြင် လွယ်လို့ နံနက်လင်းတိုင်း ကီးဘုဒ်ကို တခုခုနဲ့ သုတ်သင်ပေးရပါတယ်။ နို့မဟုတ်ရင် အမှုန်တွေ ပေရေနေတဲ့ ကီးဘုဒ်တခုကို တနေ့တာလုံး မြင်နေရမယ့် ဆင်းရဲခြင်းတမျိုးကို ရစေတတ်ပါတယ်။ တကယ်တော့ ကား လမ်းမဘေးမှာရှိတဲ့ ကိုယ့်အခန်းလေးထဲကို အများဆုံးဝင်လာတာက အမဲရောင် ဖုံမှုန့်တွေသာ များပါတယ်။ သို့ပေမယ့် ပြောခဲ့သလို ကိုယ့်ကီးဘုဒ်က အနက်ရောင်ဆိုတော့ အမည်းရောင်ဖုန်မှုန့်တွေ အတင်များပေမယ့် တင်လို့တင်မှန်း မသိပေမယ့် အဖြူရောင် အမှုန်တွေကျကာမှသာ ပိုပြီး သိသာမြင်သာရှိပါတယ်။(အမည်းပေါ် အဖြူတစက် ကျရောက်ခြင်းဟာ သိသာထင်ရှားသလို အဖြူပေါ် အမည်းစွန်းလျင်လည်း သိသာလွယ်ကြောင်း ပြောပြနေသလိုပါ။)
အဖြူပေါ်မှာထင်နေတဲ့ အဖြူရောင် အညစ်အကြေး၊ အနက်ပေါ်စွန်းထင်းတဲ့ အမည်းရောင် အညစ်အကြေးဆို လျင်ဖြင့် သိလွယ်မြင်လွယ် ဖြစ်မယ် မဟုတ်ပေဘူး။ အနက်ရောင်ပေါင်ထင်တဲ့ အညစ်အကြေးပဲဖြစ်ဖြစ်၊ အဖြူ ရောင်ပေါ်တင်တဲ့ အညစ်အကြေးပဲဖြစ်ဖြစ်၊ အညစ်အကြေးဆိုတာ အညစ်အကြေးပဲမို့ ရှင်းလင်းဖို့တော့ လိုတာ ချည်းပဲဆိုတာကို သတိရစေပါတယ်။ (မကောင်းခြင်းက မကောင်းခြင်း၊ ကောင်းခြင်းက ကောင်းခြင်းပါပဲ)
ကိုယ်ကီးဘုဒ်ကို တချက်နှိပ်တိုင်း မော်နီတာမျက်နှာပြင်မှာ စာတလုံးထင်လာတယ်။ နှစ်ချက်နှိပ်ရင် နှစ်လုံး ထင်လာတယ်။ (ခလုတ်နှိပ်ခြင်းကြောင့် စာလုံးထင်ခြင်းဖြစ်တယ်၊ ဒီနေရာမှာတော့ ခလုပ်မနှိပ်လျင် စာလုံး မထင်ခြင်းဟာ သေချာတဲ့အရာဖြစ်ပါတယ်)။ တခါခါတော့ နှစ်လုံးတွဲနှိပ်ပါမှ ကိုယ်လိုချင်တဲ့ တလုံးတည်း ထင် ပါတယ်။  စာလုံးအနည်းငယ်ကတော့ သုံးလုံးတွဲနှိပ်ပါမှ အဆင်ပြေပါတယ်။ ဒါဆို လေးလုံး၊ဒါမှ မဟုတ်၊ ခြောက် လုံး တွဲနှိပ်လျင် ကိုယ်လိုချင်တဲ့ နှစ်လုံးထင်ရိုးလား။ ဒီလိုတော့ ဘယ်ဟုတ်လိမ့်မလဲ။ နှစ်လုံး၊သုံးလုံးတွဲနှိပ်ပါမှ တလုံးထဲ ထင်တယ်ဆိုတာသည်ပင် တကယ့်ကိုမှ အနည်းအကျဉ်းလောက်သာ အဓိပ္ပါယ်ရှိတဲ့ စာလုံးထင် တာ။ အများအားဖြင့် နှစ်လုံး တပြိုင်တည်းနှိပ်လျင် ဘာမှအဓိပ္ပါယ် ဆက်စပ်မရနိုင်တဲ့ စာနှစ်လုံးသာ ထင်လာ တာ များပါတယ်။ (အရာအားလုံး ပူးတွဲတိုင်း မကောင်းနိုင်ဘူးဆိုတာကို သတိရစေပါတယ်)။
နောက်ပြီးလည်း ကီးဘုဒ်ခလုတ်ကို နှိပ်တာမှန်မှ ကိုယ်လိုချင်တဲ့ စာလုံးမှန်ထွက်ပါတယ်။ ခလုတ်နှိပ်တာ မှားလို့ ကတော့ ဘယ်နှစ်ခါနှိပ်နှိပ် ဘယ်နှလုံးနှိပ်နှိပ် ကိုယ်လိုချင်တဲ့စာလုံး ထွက်လိမ့်မယ်လို့တော့ လုံးဝ မမျှော်လင့် ပါနဲ့။ (ကြိုးစားလျင် ဘုရားဖြစ်တယ်ဆိုပေမယ့် ကြိုးစားမှု မမှန်လျင် ဘုရားမဖြစ်ပဲ နွားပဲဖြစ်မယ်ဆိုတာကို ညွှန်ပြပါတယ်)။  ကိုယ်က ကွန်ပျူတာလက်ကွက်ကို စနစ်တကျ သင်ထားလေ့ကျင့်ထားတာ မဟုတ်ဘူးလေ။ ဒီ တော့ စာရိုက်တဲ့အခါမှ လက်ချောင်းဆယ်ချောင်းလုံးကိုတော့ သုံးပါရဲ့။ သို့ပေမယ့် မော်နီတာကို မကြည့်ပဲ တခါ တခါ ရိုက်ဖြစ်လျင် ကိုယ်ရိုက်လိုတဲ့စာက တခြား၊ မော်နီတာမှာ တကယ်ထင်နေတဲ့စာလုံးက တခြား ဖြစ်တတ် ပါတယ်။ (ဒါကတော့ စနစ်တကျ သင်ယူလေ့ကျင့်မထားပဲ လုပ်လျင် လွဲချော်မှု အကျိုးဆက်ကို ဖြစ်စေတတ် တယ်ဆိုတာ ပြပါတယ်၊ အ၀ိဇ္ဇာ-မသိမှုအမှားကြောင့်၊ သင်္ခါရ-အလုပ်မှားတွေ လုပ်မိလျင်၊ အဆက်ဆက် အကျိုးရလဒ်အဖြစ်၊…ဇာတိ… ဘ၀ဆင်းရဲ… သောက…. ဒုက္ခအဆက်ဆက်ကို ဖြစ်စေတယ်ဆိုတာ ထင်ရှားစေ ပါတယ်)။ကိုယ့်အနီးအနားက အရာတွေအကြောင်း ရေးပါလို့ပြောကြတယ်။ ခု ကိုယ့်အနီးအနားက အနက်ရောင်ကီးဘုဒ်လေးအကြောင်း ရေးလိုက်တယ်။ တကယ်လို့ ကိုယ့်ကီးဘုဒ်က အနက်ရောင်မဟုတ်ပဲ အဖြူရောင်ဖြစ်နေခဲ့ရင် ကိုယ်ဘယ်လိုများရေးမလဲ။ ပြန်စဉ်းစားတော့ သိပ်ပြီးထူးထူးခြားခြား ကွဲပြားတာ မတွေ့ရပါဘူး။ ကီးဘုဒ်တခု ဟာ ကီးဘုဒ်တခုရဲ့ အလုပ်ကို လုပ်နေသမျှ အဖြူပဲဖြစ်ဖြစ်၊ အမည်းပဲဖြစ်ဖြစ်သိပ်ပြီးထူးခြားလှမယ်မဟုတ်ပါဘူး။(လူသားတဦးဟာလူသားတဦးမှာရှိသင့်ရှိရမည့်ကျင့်ဝတ်သိက္ခာရှိနေလျင်ဖြင့် အဖြူ၊အမည်း၊ အ၀ါ၊ အညို မတူရုံမျှနဲ့ တဦးနဲ့တဦး သိပ်ပြီးထူးခြားကွဲပြားသွားမယ် မဟုတ်ပေဘူး)။ခုကိုယ့်ကီးဘုဒ်လေးက တန်ဖိုးမကြီးမား မခမ်းနားပေမယ့် သူ့လုပ်ရမည့်တာဝန်ကိုတော့ အပြည့်အ၀ ကျေပွန် အောင် လုပ်နေသေးတယ်။ တကယ်လို့ သူ့နေရာမှာ တန်ဖိုးကြီးမား ခမ်းနားတဲ့ ကီးဘုဒ်တလုံး ဖြစ်နေပါပြီတဲ့။ ဒါပေမယ့် အဲဒီကြီးကျယ်ခမ်းနားမှုကြီးမှာ အကြောင်းတခုခုကြောင့် ခလုတ်တခု ပျက်ယွင်းနေပါပြီတဲ့။ ဒီလို ဆို အဲဒီခမ်းနားမှုကြီးက ဘာသုံးလို့ ရနိုင်ပါဦးတော့မလဲ။ အလုံးစုံ မပျက်ယွင်းသေးတာကြောင့် အတိုင်းအတာ တခုအထိ သုံလို့ရနိုင်တယ် ဆိုပစေဦးတော့။ ဘယ်မှာလာလို့ ပြည့်ပြည့်စုံစုံ ကိုယ်ရိုက်ချင်တဲ့ စာလုံးကို ရိုက်လို့ ရနိုင်ပါတော့မလဲ။ (ခမ်းနားကြီးကျယ်တဲ့ အရာဝတ္ထုကြီးတခု၊ သို့မဟုတ် ပုဂ္ဂိုလ်တဦးတယောက်မှာ ဘယ်လို မှ အစားထိုးမရနိုင်တဲ့ အစိတ်အပိုင်းတခု ချို့ယွင်းနေခဲ့ပြီ၊ ပျက်စီးနေခဲ့ပြီဆိုလျင်…..)ဒီနှုန်းနဲ့သာ သွားနေရင် ကိုယ်နေထိုင်ရာ အဆောက်အဦထဲကနေ အပြင်ဖက်ရောက်ဖို့ဆို ခုလိုဆောင်းပါးပေါင်း ထောင်သောင်းချီ ရှည်သွားနိုင်မယ်ထင်တယ်။ ကိုယ်က မပျင်းလို့ ရေးတာတော့ ဟုတ်ပါပြီ။ အချိန်ရှားတဲ့ ခေတ်မှာ ခုလို အရည်မရ၊ အဖတ်မရ (တချို့က ထင်နိုင်တဲ့) စာတွေကို အချိန်ကုန်ခံကာ ဖတ်တဲ့သူကော ရှိနိုင် ပါ့မလား။ ဒါဆို ဖတ်စေချင်လို့ ရေးတဲ့စာ။ ဖတ်သူမရှိရင် ရေးရကျိုး နပ်ပါဦးတော့မလား။ စဉ်းစားရင်း၊ စဉ်းစား ရင်း…ဒီမှာနားလိုက်တယ်။
အရှင်ဉာဏိက
ဇန်န၀ါရီ ၂၅၊ ၂၀၁၀
မိုးမခ 

တရုတ်ကလာတဲ့ အစားအစာစားတော့မလား ဒါလေးကြည့်သွားပါ...

THERE ARE NO REGULATED LAWS FOR FOOD PROCESSED IN CHINA , HONG KONG , VIETNAM AND THAILAND !!

 
DANGEROUS IMPORTED FOODS
The whole world is scared of China made 'black hearted goods'. Can you differentiate which one is made in the USA , Philippines , Taiwan or China ?
For your Information ... the first 3 digits of the barcode is the country code wherein the product was made.
Eg: all barcodes that start with 690 up to 695 are all MADE IN CHINA.

471 is Made in Taiwan. cid:0a4c01ca2bae$bfba9360$9d01a8c0@BEVERLEY
This is our human right to know, but the government and related department never educate the public, therefore we have to RESCUE ourselves.

Nowadays, Chinese businessmen know that consumers do not prefer products 'made in China ', so they don't show from which country it is made.

However, you can refer to the barcode, remember if the first 3 digits are 690 to 695, then it is Made in China .

00 ~ 13 USA & CANADA
30 ~ 37 FRANCE
40 ~ 44 GERMANY
49 ~ JAPAN
50 ~ UK
57 ~ Denmark
64 ~ Finland
76 ~ Switzerland and Lienchtenstein
628 ~ Saudi-Arabia
629 ~ United Arab Emirates
740 ~ 745 - Central America
All 480 Codes are Made in the Philippines
Now read on below for specifics on goods from China to protect yourself, your family, and your friends.
This is sickening but it is an alert to read labels and always buy fresh when you can.
Have a taste for chicken? READ THIS 
WATCH WHAT YOU BUY.  ESPECIALLY HIGHLINER FISH PRODUCTS; all come from China, even though the box says 'product of Canada', it is from China and 'processed' in Canada, that is, the coating is added and packaged in Canada only!
The fish are raised in pens using chemicals that are banned in Canada as cancer causing but legal in China .
 
This was exposed on CBC TV's Marketplace.
This one will make you think before buying anything from China .

Well, are you enjoying seeing Chinese food popping up in your supermarket left and right? Have you noticed you can't buy a single package of fish that isn't made in China (or Vietnam )? Do you think your food from China is processed in a sanitary manner, and thus safe to eat? Take a look at this!!

These undercover enclosed pictures speak a thousand words. Avoid buying all processed food packaged in China. Anything goes! We just don't know what else is in those packages.
Unlike in the U.S. CANADA and Australia , China does not have laws regulating food processing.
Basically, do not buy any processed food from China , also Hong Kong , too. MANY Chinese companies are using a Hong Kong address to avoid this type of image reputation.

 Early dawn, starts the day by riding around to collect dead chickens.

 
cid:0a4d01ca2bae$bfba9360$9d01a8c0@BEVERLEY
Asking around for dead chickens.
 
cid:0a4e01ca2bae$bfba9360$9d01a8c0@BEVERLEY
Total of 5 riders are hired by the boss to ride to farms to buy dead chickens. cid:0a4f01ca2bae$bfba9360$9d01a8c0@BEVERLEY
A dead chicken cost 1 RMB and would be sold at 9 RMB after processing. cid:0a5001ca2bae$bfba9360$9d01a8c0@BEVERLEY
Storage for the dead chickens in the court yard. cid:0a5101ca2bae$bfba9360$9d01a8c0@BEVERLEY
Carcasses are thrown everywhere. cid:0a5201ca2bae$bfba9360$9d01a8c0@BEVERLEY
And on the floor....
Four employees start de-feathering the dead fowl after soaking in boiling water from a rusty wok.
cid:0a5301ca2bae$bfba9360$9d01a8c0@BEVERLEY
Enduring the pungent odor, but sometime, it get so terrible that even the most experienced of the workers would puke. cid:0a5401ca2bae$bfba9360$9d01a8c0@BEVERLEY
Workers rushing to get the chickens de-feathered. cid:0a5501ca2bae$bfba9360$9d01a8c0@BEVERLEY
A discarded bath tub being used to soak the bare skin dead chickens.... The contaminated water would have accelerated the decomposition process. cid:0a5601ca2bae$bfba9360$9d01a8c0@BEVERLEY
Wearing slippers walking among the chickens before the colouring processing. cid:0a5701ca2bae$bfba9360$9d01a8c0@BEVERLEY
After the colour dye, it's creepy to find that they are quite tenderized. cid:0a5801ca2bae$bfba9360$9d01a8c0@BEVERLEY
And now presenting the mouth watering Charcoal Roasted Chicken! cid:0a5901ca2bae$bfba9360$9d01a8c0@BEVERLEY
Send to as many people as possible. Do NOT buy food originating in China (or Vietnam or Thailand)!
Take the time to read the labels and look for country of origin!
IF YOU VALUE YOUR HEALTH AND THAT OF YOUR FAMILY, STOP BUYING ANYTHING FROM CHINA
 ပေးပို့သူ ။  ။ ကိုဒီမိုဝေယံ

ထိုင်းလုပ်ငန်းအချို့ မြန်မာအလုပ်သမားများအပေါ် မှီခိုနေရ


ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန်အတွက် နိုင်ငံသားစိစစ်မှု လျှောက်ထားခြင်းမရှိသည့် မြန်မာအလုပ်သမားများကို ယခုလကုန်လျှင် နေရပ်ရင်းသို့ပြန်ပို့မည်ဟု ထိုင်းအလုပ်သမားဝန်ကြီး နိုင်ဖိုင်းထူး ကယောက်ထောင်း၏ ပြောကြားချက်သည် ဖြစ်နိုင်ခြေမရှိဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့်အဖွဲ့များက ပြောသည်။

ထိုင်းတွင် တရားဝင်မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား (၁) သန်းကျော်ကို ထိုင်းအစိုးရက အတင်းအကျပ် နေရပ်ပြန်ပို့လျှင် ထိုင်းနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းအချို့ ရပ်ဆိုင်းသွားနိုင်သည်ဟု အဆိုပါအဖွဲ့များက ပြောသည်။

မဲဆောက်အခြေစိုက် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် (JACBA) အဖွဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက “ထိုင်းနိုင်ငံရဲ့ကုန်ထုတ်လုပ်မှုက လုပ်အားခဈေးပေါတဲ့ မြန်မာအလုပ်သမားတွေအပေါ်မှာ အားထားနေရတာဖြစ်တယ်။ ယာယီနိုင်ငံကူးလက်မှတ်အတွက် မြန်မာဘက်ပြန်ပြီး နိုင်ငံသားစိစစ်မှုမလုပ်တဲ့ သူတွေအားလုံးကို ဖမ်းပြီးပြန်ပို့မယ်ဆိုရင် ထိုင်းတနိုင်ငံလုံးရဲ့ ကုန်ထုတ်လုပ်ငန်းအချို့ ရပ်ဆိုင်းသွားနိုင်တယ်” ဟု ပြောသည်။

အဆိုပါလုပ်ငန်းစဉ်သည် ဖြစ်နိုင်ခြေမရှိကြောင်း၊ အကျိုးဆက်အဖြစ် အစိုးရနှင့်လုပ်ငန်းရှင်များကြားတွင် ကြီးမားသော ပြဿနာများ ဖြစ်ပေါ်နိုင်ပြီး တာ့ခ်ခရိုင်အပါအ၀င် ထိုင်းနိုင်ငံရှိ လုပ်ငန်းရှင်များက စုပေါင်း၍ ထိုင်းအစိုးရထံ အရေးဆိုမှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း ကိုမိုးကြိုးက ပြောသည်။

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနတွင် တရားဝင်အလုပ်လုပ်ခွင့် မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား (၁) သန်းကျော် ရှိပြီး တရားမ၀င်နေထိုင်၍ အလုပ်လုပ်ကိုင်နေသူ အရေအတွက်မှာ (၂) သန်းခန့်ရှိသည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသည့် အစိုးရမဟုတ်သောအဖွဲ့များက ပြောသည်။

ယခင်လ (၁၉) ရက်နေ့ ထိုင်းအစိုးရ၀န်ကြီးအဖွဲ့၏ အစည်းအဝေးတွင် နိုင်ငံသားစိစစ်မှုကာလကို (၂) နှစ်အထိ တိုးမြင့်စေကာမူ လာအို၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ အလုပ်သမားများသည် ယခုလကုန် နောက်ဆုံးထားပြီး နိုင်ငံသားစိစစ်မှုပုံစံကို ဖြည့်စွက်လျှောက်ထားရမည်ဖြစ်သည်။

အဆိုပါ စည်းဝေးဆုံးဖြတ်ချက်အရ တိုးမြှင့်ပေးလိုက်သည့် သက်ညှာခွင့်ကာလ (၂) နှစ်သက်တမ်းသည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ကုန်ဆုံးမည်ဖြစ်ပြီး ထိုရက်မတိုင်မီ ကာလအတွင်း နိုင်ငံသားဖြစ်ကြောင်း စိစစ်နေစဉ် ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင် အလုပ်လုပ်ခွင့်ရရှိမည်ဖြစ်သည်။

ထိုင်းတွင် မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား (၁) သန်းကျော်ရှိသည့်အနက် ယခုလ (၁၁) ရက်နေ့အထိ မြန်မာဘက်မှထုတ်ပေးသည့် ယာယီနိုင်ငံကူးလက်မှတ် သွားရောက်ထုတ်ယူသူ (၃၁,၀၆၇) ခန့်ရှိပြီဖြစ်သည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသူများအနက် မြန်မာနိုင်ငံသား ဟုတ်မဟုတ် စိစစ်ပေးရန် ထိုင်းဘက်မှ မြန်မာအလုပ်သမား (၁၁၆,၇၁၃) ဦး၏ စာရင်းပေးပို့ထားရာ (၄၁,၁၆၅) ဦးကိုသာ နိုင်ငံသားအဖြစ် စိစစ်ပေးနိုင်ခဲ့သည်ဟု မြန်မာဘက်က သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံသားစိစစ်မှု လျှောက်ထားခွင့် သတ်မှတ်ချိန်ကာလမှာ ရက်ပိုင်းသာကျန်ရှိသောကြောင့် ထိုင်းတွင် မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမားများအနက် (၉) သိန်းကျော်မှာ ပြီးခဲ့သည့်သောကြာနေ့က ပြောကြားခဲ့သည် ထိုင်းအလုပ်သမားဝန်ကြီး၏ အဆိုအရ ဖမ်းဆီးခြင်းခံရနိုင်သည်ဟု JACBA အဖွဲ့က ပြောသည်။

သတ်မှတ်ကာလကျော်လျှင် နိုင်ငံသားစိစစ်မှုနှင့် ယာယီနိုင်ငံကူးလက်မှတ်မလုပ်ဘဲ အလုပ်လုပ်ကိုင်နေသူများနှင့် အလုပ်ခန့်သည့် အလုပ်ရှင်များ၊ နေထိုင်ခွင့်ပေးထားသူများကိုလည်း ဖမ်းဆီးအရေးယူမည်ဟု ထိုင်းဘက်က ကြေညာထားသည်။

အဆိုပါကြေညာချက်နှင့်ပတ်သက်၍ အစိုးရမဟုတ်သော ထိုင်းအဖွဲ့အစည်းတခုမှ ထိုင်းရှေ့နေတဦးက “လုံးဝကို ဖြစ်နိုင်ခြေမရှိပါဘူး။ တနိုင်ငံလုံး မြန်မာအလုပ်သမားတွေကိုပဲ သုံးနေရတာပါ။ နိုင်ငံရေးမတည်ငြိမ်တဲ့ကြားထဲက စီးပွားရေး ဆုတ်ယုတ်မယ့် ပြဿနာတွေ အဖြစ်ခံမယ်လို့တော့ မထင်ဘူး။ ဖမ်းဆီးမှုတွေ အရင်အစိုးရ လက်ထက်တွေမှာလည်း လုပ်ခဲ့ကြတာပဲ၊ နောက်ဆုံးတော့ လက်လျှော့လိုက်ရတာပဲ။ အကောင်းဆုံးကတော့ လာအိုတို့၊ ကမ္ဘောဒီးယားတို့ဆိုရင် အလုပ်သမားတွေ သူတို့နိုင်ငံကို ပြန်စရာမလိုဘူး။ သူတို့နိုင်ငံရဲ့အစိုးရကိုယ်စားလှယ်တွေက ထိုင်းနိုင်ငံထဲလာပြီး နိုင်ငံသားစိစစ်မှုတွေလုပ်ပြီး ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးတာမျိုး လုပ်မယ်ဆိုရင် အလုပ်သမားတွေရဲ့ ပါဝင်ပူး ပေါင်းမှုတွေရမှာဖြစ်တယ်၊ ဒီနည်းက ဖြစ်နိုင်ခြေအရှိဆုံးပဲ” ဟု ပြောသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်တခုထဲတွင် မြန်မာအလုပ်သမား (၄) သိန်းခန့်ရှိသည့်အနက် နိုင်ငံသားစိစစ်မှု လျှောက်ထားသူ အရေအတွက်မှာ ထောင်ဂဏန်းပင်မရှိဟု မဲဆောက်အခြေစိုက် မြန်မာအလုပ်သမား အကျိုးဆောင်လုပ်ငန်းတခု၏ ပိုင်ရှင်တဦးက ပြောသည်။

အဆိုပါ မြန်မာအလုပ်သမား (၄) သိန်းကို ဒေသခံအာဏာပိုင်များက ယခုလကုန်လျှင် ဖမ်းဆီးပြန်ပို့ပါက တာ့ခ်ခရိုင်၏ အဓိကလုပ်ငန်းများဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေး၊ သိုးမွေးအထည်ချုပ်လုပ်ငန်များ၊ ဆောက်လုပ်ရေးနှင့် ကျပန်းလုပ်ငန်း အများစုမှာ ရပ်ဆိုင်းသွားမည်ဟုလည်း ပြောသည်။
ရဲရင့် / ၂၂ ဖေဖော်ဝါရီ ၂ဝ၁ဝ
ခေတ်ပြိုင်