Thursday, April 15, 2010

ဗုံးပေါက်ကွဲမှု နောက်ဆက်တွဲသတင်း

ရန်ကုန် ကန်တော်ကြီး ကရ၀ိတ် ၀င်ပေါက် အနီး ဗုံးဆက်တိုက်ပေါက်၊ အနည်းဆုံး ၉ ဦးသေ
မိုးမခအထောက်တော်၊ ရန်ကုန်
ဧပြီ ၁၅၊ ၂၀၁၀  ပေါက်ကွဲမှုများ ဖြစ်ပွားအပြီး တွေ့ရသည့် မြင်ကွင်း (ဓာတ်ပုံများ - မိုးမခ)
ယနေ့ညနေ ၃နာရီဝန်းကျင် ကန်တော်ကြီး ကရ၀ိတ်အ၀င်ဝ သိမ်ဖြူကွင်းကားမောင်း လေ့ကျင့်ကွင်းကို မေးတင်ဆောက်လုပ်ထားသည့် စပါယ်ရှယ်ဝမ်း (အိတ်စ်တူးအို) မဏ္ဍပ်ရှေ့တွင် ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲပြီး လူ၈ဦးထက်မနည်း သေဆုံးခဲ့သည်ဟု မျက်မြင် သက်သေများ၏ ပြောဆိုချက်အရ သိရသည်။
 
CNN ရုပ်မြင်သံကြား သတင်းတွင်မူ သေဆုံးသူ အနည်းဆုံး၂၀ ရှိသည်ဟု ဆေးရုံဝန်ထမ်းတဦးကို ကိုးကားပြီး ထုတ်လွှင့်သွားသည်။
 
အဆိုပါ အဖြစ်အပျက်ကို မြင်တွေ့လိုက်ရသူ အသက် ၅၅ အရွယ်ရှိ အမျိုးသားတဦးက` လူတွေ ၀ုန်းခနဲပြေးကြတော့ ဘာဖြစ်လဲလို့ အောက်မေ့တာ၊ နောက်တော့ ဗုံးပေါက်တာ တဲ့။ လူအုပ်ကြီးက ခြေဦးတည့်ရာ ထွက်ပြေးကြတာ၊ အဲဒီ မဏ္ဍပ်ရှေ့မှာ လူ ၇ယောက် ၈ယောက်လောက် မှောက်လျက် လဲနေတာ တွေ့လိုက်တယ်။ ကျွန်တော် ထင်တယ်။ အဲဒီလူတွေတော့ သေနိုင်တယ်လို့။ နောက် ကျွန်တော်တို့ ရပ်ကွက်ထဲက ရ၀တ တယောက် ဒဏ်ရာရပြီး ပြေးလာတာ ကယ်ပါဦးလို့ လှမ်းအကူအညီ တောင်းတယ်၊ သွေးတွေနဲ့ ကျွန်တော်လည်း ဘယ်လိုမှ မတတ်နိုင်ဘူး ၊ ဒီအတိုင်းပဲ ကြည့်နေလိုက်ရတာ´ဟု သူကိုယ်တိုင် ကြုံတွေ့ရသည့် အဖြစ်ကို ပြောပြသည်။
 
အခြား ရပ်ကွက်ခံ တဦးက ပြောရာတွင် မင်္ဂလာတောင်ညွှန့် မြို့နယ် မင်္ဂလာဈေးအနီး ရပ်ကွက်မှ ရ၀တ အဖွဲ့ဝင်များထဲမှာ အနည်းဆုံး ၂ဦး သေဆုံးကြောင်း၊ ၂ဦးကို အရေးပေါ် ဌာနသို့တင်ထားရပြီး အခြား၂ဦး ဒဏ်ရာ ရရှိသွားသည် ဟုဆိုသည်။
 
ယခုထိခိုက်မှုတွင် မဏ္ဍပ်မျက်နှာစာတွင် ရပ်နေသည့် လုံခြုံရေးများနှင့် ကြည့်ရှုနေသူများထဲမှ ထိခိုက် ဒဏ်ရာရသူများသည်ဟု ပြောဆိုသည်။ ဗုံးကို သင်္ကြန် ရေလည်ခံ ကစားသည့် ကားပေါ်မှ ပစ်ချသွားသည်ဟု ပြောဆိုမှုများရှိသော်လည်း အဆိုပါ သတင်းကို အခြားသော အတည်ပြုချက်များ မရရှိပေ။
 
ပေါက်ကွဲမှု ဖြစ်ပွားပြီး မိနစ် အနည်းငယ်အကြာ ၃နာရီ ခွဲဝန်းကျင်တွင် ဒဏ်ရာရသူများကို တင်ဆောင်လာသည့် လိုက်ထရပ် ကားတစီး၊ ကိုယ်ပိုင်ကား၂စီး၊ ၃စီးကို သိမ်ဖြူလမ်းအတိုင်း မောင်းဆင်းလာသည်ကို တွေ့ရပြီး အဆိုပါမဏ္ဍပ်ရှေု့တွင်မှု ပြန့်ကျဲနေသည့် ဖိနပ်များ၊ သွေးကွက်များကို တွေ့ရပြီး ရဲများနှင့် လုံခြုံရေး အရာရှိများက ပေကြိုးဖြင့် တိုင်းထွာခြင်းများ ပြုလုပ်နေသည်ကို မြင်တွေ့ရသည်။
 
ရေကစားသူများနှင့် မိဘများက ၄င်းတို့၏ မိသားစုဝင်များ ၊ သူငယ်ချင်းများကို ရှာဖွေရန် အဆိုပါ မဏ္ဍပ်အနီး တ၀ိုက်တွင် စောင့်ဆိုင်းလျက် ရှိနေကြသည်ကို တွေ့ရပြီး သားသမီးများအား ဘေးကင်းမှု ရှိမရှိ ဖုန်းဆက်ခြင်း လိုက်လံ စုံစမ်းလျက်ရှိသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။
 
ကန်တော်ကြီး ပတ်လမ်း တ၀ိုက်မှ ရေကစားသူများမှာ အုပ်စုလိုက် လှည့်ပြန်ခြင်း အခြားသော နေရာများသို့ ထွက်ခွာသွားခြင်းများ ရှိသော်လည်း အနီးဆုံး ဒေါ်သိန်းတင်လမ်း နှင့် သိမ်ဖြူဈေး တ၀ိုက်၊ မြန်မာ့ဂုဏ်ရည်လမ်း တလျှောက်တွင် ရေပက်ခံသူများနှင့် ရေပက်သူများဖြင့် စည်ကားဆဲ ရှိသည်ကို တွေ့ရသည်။
 
ယခု ဗုံးပေါက်ကွဲမှုမှာ ၂၀၀၅ခုနှစ် မေလတွင် ဖြစ်ပွားသည့် ရန်ကုန် ကုန်သွယ်မှု ဗဟိုနှင့် အခြား စီးတီးမတ် ၂နေရာတပြိုင်နက် ပေါက်ကွဲမှု နောက်ပိုင်း လူ အသေအပျောက် အများဆုံး ဗုံးကွဲမှု ဖြစ်သည်။
 
မကြာခဏ ဗုံးကွဲမှုများ ရှိခဲ့သော်လည်း ယခုလို လူစည်ကားရာ တွင်ပေါက်ကွဲခြင်းမှာ ၂၀၀၅ ခုနှစ် မေလ ဗုံးကွဲမှုနောက်ပိုင်းတွင် ယခုတကြိမ်သည် ပထမဆုံးဖြစ်သည်။

X2O ရေကစားမဏ္ဍာပ်ဗုံးပေါက်ကွဲမှုသတင်းဓာတ်ပုံများ

ကန်တှောကြီး X2O မဏ္ဍာပ်မှာ ဗုံး နှစ်လုံး (သို့) သုံးလုံး ပေါက်တယ်။ မဏ္ဍာပ်ပှောမှာ ပောက်တာ မဟုတ်ဘဲ အောက်ကနေ ပောက်ကွဲတာ ဖြစ်ပာတယ်။ ပထမတော့ လူတွေက DJ လုပ်တယ်ထင်ပြီး သိပ်ပြီး သတိမထားလိုက် ကြပေမယ့် နောက်အလုံးတွေမှာ လူတွေအားလုံး ထွက်ပြေးကြပာတယ်။ X2O မဏ္ဍာပ်ဟာ လူစည်ကားတဲ့ မဏ္ဍာပ်တစ်ခုလည်း ဖြစ်ပာတယ်။ လူတွေ ဝရုန်းသုံးကား ထွက်ပြေးကြတော့ ထိခိုက်လဲပြို လူပိပြီး ထိခိုက် ဒဏ်ရာရတဲ့ သူတွေလည်း မနည်းပာဘူး။ ပောက်ကွဲတဲ့ အနီးအနားက လူ ၄-၅ ဦးလောက် သေဆုံး တယ်လို့ သိရပာတယ်။

အခင်းဖြစ်ပွားရာ နေရာက ကျွန်တှောတို့နဲ့ မလှမ်းမကမ်းမှာပဲ ဖြစ်ပာတယ်။ စစချင်း လူတွေ ထွက်ပြေးချိန်မှာ သေနတ်နဲ့ ပစ်သလိုလို၊ ထရန်စမှောမာ ပောက်ကွဲသလိုလို မရေမရာ သတင်းတွေ ဖြစ်လာပေမယ့် ခဏအကြာမှာတော့ ရဲတွေ၊ လုံခြုံရေးတွေ၊ မီးသတ်ကားတွေ၊ သူနာပြုယာဉ်တွေ ရောက်လို့ လာပာတယ်။ အဲဒီမဏဏ္ဍာပ်က လူတွေအားလုံးကို ဆင်းခိုင်းလိုက်ပြီး ပတ်ပတ်လည်ကို လုံခြုံရေး ယူလိုက်ကြပာတယ်။ အနီးအနားက Black Culture, Black Jack, 16.9, စတဲ့ မဏ္ဍာပ်တွေလည်း ပိတ်လိုက်ကြရပာတယ်။ သူနာပြုကားပှောမှာ အမျိုးသမီးငယ် ရှစ်ဦးခန့် ပာသွားတာကို မြင်လိုက်ရပာတယ်။ မဏ္ဍာပ်ဘေးနားက ဈေးသည်များနဲ့ မဏ္ဍာပ်က ရေကစားသူများကို မေးမြန်းချက်အရ ဗုံးကွဲတယ်လို့ အတည်ပြုချက် ရယူလိုက်နိုင်ပာတယ်။


အခင်းဖြစ်တဲ့ X2O


အခင်းဖြစ်တဲ့ X2O


မဏ္ဍပ်မှာ လူတွေ ပြေးပြီ


ပြည်သူ့ရဲများ


ရဲတွေ အလုပ်ရှုပ်ပြီ


လူတွေအားလုံး လစ်ကြပြီ


ရဲတွေလည်း ဘာလိုက်လို့ လိုက်ရမှန်းမသိ


လူနာတင်ယာဉ်


လူနာတင်ယာဉ်


အထဲမှာ ကောင်မလေး ရှစ်ယောက်လောက်


အထဲမှာ ကောင်မလေး ရှစ်ယောက်လောက်


အခင်းဖြစ်တဲ့ X2O မဏ္ဍပ်




မဏဿဍာပ်ရှေ့မှာ လုံခြုံရေး အပြည့်


သေဆုံး ဒဏ်ရာရသူတွေကို သယ်ပြီ


ဒီထက်ပိုပြီး အနားကပ်မရ


တခြားမဏဿဍာပ်တွေလည်း ဘာဖြစ်မှန်းမသိ ဘာလုပ်ရမှန်းမသိ


လူနာတင်ယာဉ်လည်း ခက်ခက်ခဲခဲ လာရတယ်


စွမ်းအားရှင်တွေရော ရဲတွေရော


လူ/ကား ဘာကိုမှ ဖြတ်ခွင့် မပြုတော့


ရဲတွေ ရောက်လာတာ မြန်တယ်




ထွက်ပြေးကြတော့ လူပိပြီး ဒဏ်ရာရတဲ့သူတင် မနည်းဘူး


ရဲကားတွေလာတော့ သောင်းသောင်းဖြဖြ ကြိုဆိုကြတယ်


ရဲကားတွေလာတော့ သောင်းသောင်းဖြဖြ ကြိုဆိုကြတယ်


လုံခြုံရေးရဲများ


လူတွေလည်း ဘာဖြစ်မှန်း သေချာမသိတော့ အုံကြည့်နေတာပဲ

ဘယ်သူဖောက်ဖောက် ပြည်သူလူထုကို ဒီလို အကြမ်းဖက်နည်းနဲ့ ဒုက္ခပေးတဲ့ လုပ်ရပ်ကို ပြင်းထန်စွာ ရှုံ့ချပာတယ်။ သင်္ကြန်ဆိုတာ လူတိုင်း စိတ်မွန်းကြပ်မှုတွေကနေ ထွက်ပောက် တစ်ခုအနေနဲ့ ပျှောကြ ရွှင်ကြတဲ့ ပွဲပာ။ အပြစ်မဲ့ လူတွေနဲ့၊ ရန်ကုန်ကို ဦးတည်ပြီး တိုက်ခိုက်နေတာကတော့ လွန်စွာမှကို အကြည်းတန် လွန်းပာတယ်။


Update News
ရိုက်တာ သတင်းဌာနက လူ ၂၄ဦးထက်မနဲ သေဆုံးတယ်လို့ ဆိုပာတယ်။ ကျွန်တှောတို့ မျက်မြင်အရ အဲဒီလောက် မရှိပာဘူး။ [Reuter]

သတင်းဓာတ်ပုံများကို http://blog.nyilynnseck.com/2010/04/bomb-blasts-infront-of-x2o-mandap.html မှ ယူပါသည်။

ကိုဇာဂနာဖတ်ဖို့ ဟာသ သင်္ကြန်စာ

 
ပျော်တော်ဆက်သာဂိ

 ကိုဇာဂနာရေ …
သတိရစွာနဲ့ စာရေးလိုက်တယ်။ သင်္ကြန်တွင်းမှ ရေးတော့ သင်္ကြန်စာပေါ့ဗျာ။ ထူးထူးခြားခြား လာမည့်နှစ်မှာ အတာဘာစားမည်၊ ညာစားမည်၊ သကြားမင်းကြီး ဘာစီး ညာစီးလာမည်။ ဟိုဟာတွေ ဒီဟာတွေ မြူးလို့ ဘယ်ဟာတွေ ဟိုဥစ္စာတွေ ပေါများမည်တို့ ရေးမှာ မဟုတ်ပါဘူး။ အကျဉ်းကျနေသူ မိတ်ဆွေတွေ၊ မိသားစုတွေဟာ သင်္ကြန်မှာ ဘယ်လိုမျိုး ပျော်ကြရမှာလဲ။
           မြန်မာပြည်ကို ဆင်းတယ်ဆိုတဲ့ သကြားမင်းကလည်း ခါးမှာ ဗြောက်ထိုးထားတဲ့ စစ်အာဏာရှင်သင်္ကြန်မှာ ခပ်ကုပ်ကုပ်နဲ့ ခွေးသားရေပိုဒ်တောင် မထုတ်ရဲ၊ အမြီးတော့ မလှုပ်ရဲနဲ့ ကျီးကြည့် ကြောင်ကြည့်နဲ့ ဖြစ်နေမှာပါ။ ဟိုးတုန်းက မြန်မာပြည်သင်္ကြန်မင်းသားတွေဖြစ်တဲ့ ကိုဇာဂနာတို့၊ ကိုမင်းကိုနိုင်တို့ကို သံချပ်စင်တွေမှာ လိုက်ရှာနေမှာလားလို့တော့ မထင်ပေါင်။
၂၀၀၆ သင်္ကြန်ကတည်းကပေါ့နော် ခင်ဗျားရဲ့ စစ်အာဏာရှင်သင်္ကြန်ကို ခပ်စပ်စပ်ဝေဖန်ချက်ကြောင့် ခင်ဗျားရဲ့ အနုပညာတွေကို ပိတ်ပစ်လိုက်ကြတယ်။ ခင်ဗျားရဲ့ လှုပ်ရှားမှုတွေကို လူထုကြားထဲမှာ ပိတ်ဆို့လို့မရခဲ့ဘူး။ ၂၀၀၇ ရွှေဝါရောင်မှလည်း ခင်ဗျားကို ပိတ်ဆို့ဖမ်းဆီးခဲ့တာပဲ။ ၂၀၀၈ နာဂစ်ကျတော့ ခင်ဗျားရဲ့ မြန်မာပြည်ကြီးရဲ့ ဒုက္ခသည်တွေကို ကယ်တင်တဲ့ စောင့်ရှောက်တဲ့ လှုပ်ရှားမှုတွေကို ဇာတ်သိမ်းပစ်ဖို့ လုပ်ကြတယ်။ ခင်ဗျားကို ထောင် ၃၅ နှစ် ချထားလိုက်ပြီ။ ဒါပေမယ့် ပြည်သူလူထုဟာ ဇာဂနာရဲ့ သတ္တိနဲ့ ပြောရဲ ဆိုရဲ လုပ်ရဲ ကိုင်ရဲတဲ့ အပြုအမူကို အတုယူကြလို့ ခင်ဗျားဟာ စံပြပုဂ္ဂိုလ်တဦးပဲဆိုတာ လွှမ်းပတ်ကမ္ဘာတည်စေသော်ဝ်ပေါ့ဗျာ။
၂၀၁၀ မှာ အမေရိကန်ရောက် မြန်မာတွေက ပြည်သူ့ဂုဏ်ရည်ဆိုတဲ့ ဂုဏ်ပြုအစီအစဉ်တခု စတင်လုပ်ကိုင်ကြတယ်ဗျ။ သူတို့တတွေ ရွေးချယ်တဲ့ လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်း စွမ်းဆောင်သူတွေ ၂၄ ဦးထဲမှာ ခင်ဗျားအမည် ပါလာတယ်။ ပြီးတော့ ၅ ဦး ဆန်ကာတင်ရွေးကြတော့ ခင်ဗျားအမည်လည်း ကျန်ရစ်တယ်။ နောက် ခင်ဗျားနဲ့အတူ ဆန်ကာတင်ကြသူတွေကလည်း ခင်ဗျားချစ်ခင် လေးစား ကြည်ညိုတဲ့ မိတ်ဆွေတွေ၊ ပုဂ္ဂိုလ်တွေပဲ ဖြစ်နေပြန်တယ်။ ဆရာတော်ကြီး ဦးဉာဏိသရ (သီတဂူဆရာတော်)၊ ကိုကျော်သူ၊ မဖြူဖြူသင်း၊ ဦးအေးမြင့် စသည် … ၀မ်းသာစရာပါဗျာ။ သာဓုခေါ်လိုက်ပါရဲ့။
မြန်မာပြည်က တပ်မတော်အစိုးရကြီးခင်ဗျာ ၂၀၁၀ မှာ လုပ်ပေးမယ် ပြောထားတဲ့ ရွေးကောက်ပွဲကြီးအတွက် လူမိုက်တွေ၊ လူညံ့တွေ၊ လူပေါတွေ ရွေးလို့မှ မပြီးသေးဘူး၊ အင်န်အယ်ဒီပါတီကတော့ နင်တို့တွေနဲ့ပေါင်းပြီး မိုက်တွင်းနက်မနေနိုင်ဘူးလို့ ဆုံးဖြတ်ချက်ချလိုက်တော့ မင်းတြားကြီး ဗိုလ်သန်းရွှေတို့မှာ အတော် အကြပ်ရိုက်နေတယ် ကြားတယ်ဗျ။
သူတို့ဘက်က လူတွေ (လူတွေတော့ မဟုတ်ဘူးဗျ၊ ဗိုလ်တွေ ဗိုလ်တွေ … လူတွေအပေါ်က ဗိုလ်လုပ်မယ့်သူတွေကို လွှတ်တော်ထဲ လွှတ်မှာဗျာ …) မှာက အဆင်သင့်ဖြစ်နေပြီ။ သူတို့ အပင်းသွင်းပြီး ပယောဂနဲ့ ပြုစားထားတဲ့ ဘိုလိုတော့ ဇွမ်ဘီ ပေါ့ဗျာ … ဖုတ်ကောင်ကြီးတွေခင်ဗျာ အင်န်အယ်ဒီနဲ့ ပုခုံးချင်းတိုက်ပြီး လွှတ်တော်ထဲ ဖျာဝင်ခင်းမယ်လို့ ပြင်ထားတာ သူတို့လည်း တန်းလန်းကြီး ဖြစ်နေကြတယ် ပြောတယ်။
နေပြည်တော်က ငလျင်ကြောတည့်တည့်မှာ ဆောက်ထားတဲ့ လွှတ်တော်သစ်ကြီးကို ဗိုလ်သန်းရွှေက အပြီးဆောက်နေချိန်မှာ ဖက်ဆစ်အလိုတော်ရိ လွှတ်တော်ရူးသူ ဖုတ်ကောင်တွေကလည်း လွှတ်တော်မပြီးလည်း ကိစ္စမရှိဘူး တဲ့ … ခင်းထားတဲ့ဖျာ ခေါင်းပေါ်တင်ပြီး အမိုးလုပ်လို့ နေပါ့မယ်လို့ မျက်ရည်ခံ ထိုးနေကြတယ် ကြားတယ်ဗျာ။ သင်္ကြန်မှာတောင် မဲဆွယ်တဲ့အနေနဲ့ မဏ္ဍပ်တွေမှာ ဖုတ်ကောင်အက သွားကပြီး စည်းရုံးရေးဆင်းမယ်လို့ သူတို့တွေ ပြင်ဆင်ကြသေးတယ်လေ။ သင်္ကြန်တွင်းမှာ ရွေးကောက်ပွဲ နိုင်အောင် ယတြာချေတဲ့အနေနဲ့ နေပြည်တော်က လွှတ်တော်ကြီးမှာ အုတ်စီ သဲသယ် လုပ်အားသွားပေးနေကြတယ် ပြောတယ်ဗျ။ သနားစရာပါဗျာ …
ကျနော်ကတော့ ခင်ဗျားပေးခဲ့တဲ့ မြပုဏ္ဏမာ အဖွဲ့သားများရဲ့ ၁၉၉၀ သင်္ကြန် သံချပ်များ ရုပ်သံဗီစီဒီလေးနဲ့ ခင်ဗျားကို အလွမ်းဖြေပြီး ကြည့်နေမိတော့တယ်။  စစ်အာဏာရှင်တွေလက်ထက်မှာ သံချပ်တွေ မရှိတော့တဲ့နောက် ရွေးကောက်ပွဲကြီး ပြီးသွားရင်လည်း သံချပ်တွေ ပြန်လည် ပွင့်လင်းလာမယ် မထင်ပါဘူးဗျာ။ ဒီမိုကရေစီဆိုတာ စစ်အာဏာရှင်ရဲ့ ဘောင်းဘီအိတ်ကပ်ထဲမှာ ရှိတယ်လို့ ဘယ်ပညာရှိတွေက အရူးချီးပန်း ပြောလိုက်လေသလဲ မသိဘူး။ ယုံတဲ့သူတွေက ယုံပြီးတော့ စစ်ဗိုလ်တွေရဲ့ ဘောင်းဘီအိတ်ထဲ ၀င်နှိုက်ဖို့ ကြံစည်နေကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုနေကြတဲ့ ဖုတ်ကောင်တွေကိုတော့ ဂရုဏာသက်မိပါရဲ့။ ဒီမိုကရေစီ ဆိုတာကို စစ်အာဏာရှင်ရဲ့ ဘောင်းဘီအိတ်ထဲမှာ မတွေ့ဘဲ ကာလနာတွေ တိုက်ကုန်ကြမယ် ထင်ပါရဲ့။
         ကြံဖန်ပြီး ၀မ်းသာစရာပြောရရင်တော့ ဒီဖုတ်ကောင်ကြီးတွေနဲ့ အပေါင်းအပါတွေ၊ တတိယအုပ်စုတို့၊ ဘဲဥ ကြက်ဥ ငုံးဥ အစုအဖွဲ့တို့ဆိုတာတွေဟာ လွှတ်တော်ကြီးထဲမှာ စစ်အာဏာရှင်တွေအလိုကျ ငိုရ ရယ်ရ အသုံးတော်ခံဖို့ ပြင်ဆင်ကြရတော့မှာ ဆိုတော့ ကိုကျော်သူရဲ့ အခုလုပ်ပေးနေတဲ့ လိမ္မာယဉ်ကျေးစေတဲ့ သရုပ်ဆောင်သင်တန်းကိုတော့ မတက်မဖြစ် သွားတော့ တက်ကြရမှာပဲဗျ။
 ပြီးတော့လည်း စစ်အာဏာရှင်တွေရဲ့ မတရားကျင့်မှုကို ခံရတဲ့နောက် ရောဂါဘယတွေ စွဲကပ်လာတဲ့အခါမှာ နာတာရှည်လူနာတွေကို ကုသစောင့်ရှောက်ပေးနေတဲ့ ဖြူဖြူသင်းတို့ဆီကိုလည်း အပူလာကပ်ကြရလိမ့်မယ် ထင်တယ်။
မတရာအလုပ်ခံရပြီဆိုတာ သိတဲ့ လွှတ်တော်ထဲက ဖုတ်ကောင်ကြီးတွေဟာ အမြင်မှန် အသိမှန်ရပြီးတော့ စစ်အာဏာရှင်တွေကို ပြန်လည် အရေးယူဖို့ ကြံစည်တဲ့နေရာမယ် အားနည်းသူတွေကို ကူညီနေတဲ့ ဦးအေးမြင့်တို့လို ရှေ့နေ ရှေ့ရပ်တွေဆီမှာ မျက်ရည်လေး တစမ်းစမ်းနဲ့ ရောက်လာကြဦးမှာပေါ့ဗျာ။
နောက် ဒါ့အပြင် သူတို့တတွေရဲ့ ဘ၀တွေဟာ စစ်အာဏာရှင်ရဲ့ ကပ်ဆိုးကြီးအောက်မှာ အဖတ်ဆယ်မရအောင် ဆုံးရှုံးသွားရပြီဆိုတာ အားလုံးထက် နောက်ကျပြီးမှ သိရှိ နောင်တရချိန်မှာလည်း ဘ၀ကူးလေး ဘာလေး ကောင်းအောင် ဆရာတော်ကြီးတွေဆီက ပရိတ်ရည်လေး ဘာလေး တောင်းသောက်ကြလိမ့်မယ် ထင်ပါရဲ့။
ဘ၀တွေ မပျက်ဘဲနဲ့ အသိမှန် အမြန်ရကြလို့ လွှတ်တော်ထဲက မျိုးချစ်ဖုတ်ကောင်ကြီးတွေက စစ်အာဏာရှင်တွေကို နင်ပဲ ငဆ ပြန်လှန်ပြောဆိုမိလို့ မတော်မတည့် နိုင်ငံတော်ရဲ့ အကျဉ်းထောင်တွေထဲ ထောင်ဒဏ် ကမ္ဘာ ၁ သိန်းနဲ့ ထောင်ချခံရရင်လည်း ထောင်ထဲမှာ ရောက်နှင့်နေပြီဖြစ်တဲ့ မိတ်ဆွေကြီး ကိုဇာဂနာရဲ့ အရိပ်အောက်မှာ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးမျှ လာရောက် ဦးညွှတ်ခိုလှုံကြရမှာပေါ့လေ။
အဲသလိုမျိုးလေး သူတို့ကို အားမငယ်ကြဖို့ အားပေးလိုက်ချင်တာပါပဲလေ။ စစ်အာဏာရှင်တွေရဲ့ ရွေးကောက်ပွဲကြီးကိုဝင်၊ ဖက်ဆစ်လက်ပါးစေ လွှတ်တော်ကြီးပေါ်ကို တက်ပြီး နောင်တနေ့မှာ ခွေးကျ ၀က်ကျ ကျဆုံးကြရင်တောင်မှ ကျနော်တို့ဖက်ကတော့ အားနည်းသူတွေ၊ မတရားအလုပ်ခံရသူတွေကို ကူနေ၊ ကယ်နေ၊ စောင့်ရှောက်နေကြဖြစ်တော့ သူတို့တတွေ ခွက်လက်စွဲကာ တောင်းစားပါ၍ ခွေးဆွဲ၊ ၀ဲစွဲ၊ လဒဆွဲပြီးတော့ သေနာကျကုန်ရင်တောင်မှ ကိုကျော်သူ၊ မရွှေဇီးကွက်နဲ့ သန်းမြင့်အောင်တို့ရဲ့ နာရေးကူညီမှုအသင်းကြီးက သူတို့တတွေကို အသေဖြောင့်အောင် စေတနာဝန်ထမ်းပေးမှာ ဖြစ်ကြောင်း သတင်းကောင်းလေးတော့ ပေးလိုက်ချင်ပါရဲ့။ (အဟိ)
အေးဗျာ … ရေးတာကတော့ သင်္ကြန်စာပါပဲ။ သင်္ကြန်စာက ချောတောငေါ့ပြီး မေတ္တာစာ ဖြစ်သွားတယ် ထင်ပါ့။ စစ်အာဏာရှင်ရဲ့ နေ၀င်ချိန်ကတော့ ဘယ်သူမှ အချိန်မီ သိလိုက်မှာ မဟုတ်ဘူး ကိုဇာဂနာ။ သူတို့နေ၀င်ချိန်မှာ မြန်မာပြည်ကြီးက မီးပျက်နေတော့ သူတို့ကို ကူဖို့၊ ကယ်ဖို့အရေး  မျက်စိမှောက်ကုန်ကြတယ် လို့ ဆိုတာပဲ။
ကိုဇာဂနာနဲ့ နိုင်ငံရေးအကျဉ်းသားများ နှစ်သစ်မှာ ကျန်းမာ ချမ်းသာကြပါစေ။ 

ရင်းမြစ်။ ။မိုးမခ

သင်္ကြန်ရေကစားပွဲတွေ လုံခြုံရေး တင်းတင်းကျပ်ကျပ်နဲ့ ကျင်းပ




Party goers get 
soaked underneath a mist of water during an annual water festival, to 
celebrate the New Year in Yangon, Myanmar, Wednesday, April. 14, 
2010-AP
ရန်ကုန်သင်္ကြန်ပွဲ ဆင်နွှဲနေသူအချို့။
ဧပြီ ၁၄၊ ၂၀၁၀။
ရန်ကုန်မှာ ဒီနှစ်တော့ ရေကစားမဏ္ဍပ်တွေ ခပ်ကျဲကျဲနဲ့ သိပ်စည်စည်ကားကား မရှိဘူးလို့ ရန်ကုန်မြို့ခံတွေက ပြောပြပါတယ်။ အပြည့်အစုံကို မသင်းသီရိက စုစည်းတင်ပြပေးထားပါတယ်။
“ကမ္ဘာအေး ဘုရားလမ်းရယ်၊ ပြည်လမ်းရယ် ဒါပဲ။ ကမ္ဘာအေးဘုရားလမ်းမှာ မဏ္ဍပ်အကြီးကြီးဆိုတော့ ၂ ခုပဲရှိတယ်။ ပြည်လမ်းမှာဆိုလည်း မဏ္ဍပ် အကြီးကြီးရှိတယ်။ သံချပ်တွေဘာတွေတော့ မထိုးဘူး။ သမီးသိတာတော့ ဗမာအကနဲ့ ပန်းကုံးတွေစွပ်ပြီးတော့ အဲဒီလိုမျိုးပဲ။ အရင်ကဆိုရင် တနေရာတည်းမှာ စုနေတာ။ အခုတော့ ဟိုနားနည်းနည်း၊ ဒီနားနည်းနည်း အဲလိုဖြစ်သွားတာပေါ့။”
“ပြည်လမ်းမှာတော့ နည်းနည်းဝေးတယ်။ ကန်တော်ကြီးမှာတော့ နည်းနည်းစည်တယ်။ ပြီးရင် မြို့ထဲဘက်ကို သွားရော။ မြို့ထဲမှာလည်း တော်တော်လှမ်းမှ တခု၊ တော်တော်လှမ်းမှ တခု။ နောက် သိမ်ဖြူလမ်းဘက်မှာ နည်းနည်းရှိတယ်၊ ကန်တော်ကြီးဘက် ဆက်လျက်ပေါ့။ အဲဒီဘက်တွေက နည်းနည်းစည်တယ်။ တခြားနေရာတွေမှာတော့ မရှိဘူး။ နေပူကြီးထဲမှာ ကားက မောင်းမောင်း၊ ပြီးတော့ မဏ္ဍပ်လေးတွေ့ရင် ရေပက်ခံ၊ မဏ္ဍပ်က ကျဲတော့။”
မနေ့က သင်္ကြန်အကြိုနေ့မှာတော့ နေပြည်တော်ဘက်မှာ မဟာသင်္ကြန် ရေသဘင်ပွဲ အခမ်းအနား ဖွင့်ပွဲတွေ ကျင်းပပြီး နာမည်ကြီး အဆိုတော် တော်တော်များများကိုလည်း နေပြည်တော်က မဏ္ဍပ်တွေက ငှားရမ်းထားတယ်လို့ ပြောကြပါတယ်။ မြန်မာစစ်အစိုးရထုတ်တဲ့ သတင်းစာထဲမှာတော့ ရန်ကုန် ပြည်သူ့ဆေးရုံကြီးနဲ့ အရေးကြီးတဲ့ တချို့နယ်မြေတွေကို ရေ ၂၄ နာရီ ပေးထားမယ်လို့ ရေးသားထားပါတယ်။ ဒါပေမဲ့ အများစု မြို့နယ်တွေက ရေသိပ်မရလို့ သိပ်မစည်ကားသလို ယူနီဖောင်းဝတ် အများအပြားကိုလည်း လုံခြုံရေးချထားတာ တွေ့ရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“သူတို့က လုံခြုံရေးတွေ ချထားတာခင်ဗျ။ စွမ်းအားရှင်လိုပဲ၊ သူတို့က ယူနီဖောင်းတခု ၀တ်ထားတယ် အပြာတွေ။ တံဆိပ်မတပ်ထားတော့ ဘာယူနီဖောင်းမှန်းတော့ မသိဘူး။ မီးသတ်တို့၊ ရဲတို့ ချထားပါတယ်။ သူတို့လူတွေပဲ များပါတယ်။ ပြည်သူကတော့ အဲဒီထဲကို သိပ်မတိုးချင်ကြဘူး။ အပြာဝတ်တွေ များတယ်။ အရင်လို ပျော်ပျော်ပါးပါး သိပ်မရှိကြဘူး။ နှစ်သစ်ကူး အတာသင်္ကြန်မှာ အညစ်အကြေးတွေ ဆေးတဲ့ ရေကစားတဲ့ နေရာမှာ ရေကလည်း မလာတဲ့အခါကြတော့ တယောက်နဲ့တယောက် မူးပြီး သောက်စား၊ နောက်ပြောင်ပြီး သီချင်းတွေဆို၊ ကတယ်။ အဲဒါပဲရှိတယ်။ ဟိုးအရင်နှစ်တွေနဲ့တော့ မတူတော့ဘူးဗျ။”
ရန်ကုန်မြို့ခံတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။
အထူးသဖြင့် ဒီနှစ်တွေထဲမှာ စီးပွားရေး ကျပ်တည်းတာမို့ အလည်အပတ် သိပ်မရှိကြသလို ရပ်ကွက်နဲ့ မြို့နယ်တွေထဲမှာလည်း သင်္ကြန် အလှူဒါန ပြုတာမျိုး သိပ်မတွေ့ရဘူးလို့လည်း ပြောပါတယ်။
“မနှစ်ကနဲ့ စာရင်တော့ မစည်ဘူး၊ ဟိုးနှစ်တွေကနဲ့ စာရင်တော့ ပိုဝေးတာပေါ့။ အခုက ဘယ်လိုလဲဆိုတော့ ရေပက်ခံ ထွက်မယ်ဆိုလည်း ပိုက်ဆံနဲ့၊ ရေပက်မယ်ဆိုလည်း ပိုက်ဆံနဲ့၊ ရေပက်မဏ္ဍပ်မှာ ရေတက်ပက်ချင်ရင်လည်း တနေ့ကို ၃၀,၀၀၀၊ ၄၀,၀၀၀ အဲလိုမျိုးပေါ့။ ရေပက်ခံ ထွက်မယ်ဆိုလည်း ကားငှားရတာ ကားခက တသိန်းနဲ့ တသိန်းခွဲကြားမှာရှိတယ်။ အဲတော့ ရေပက်ခံထွက်မယ်ဆိုလည်း ပိုက်ဆံရှိမှ၊ ရေပက်ချင်ရင်လည်း ပိုက်ဆံရှိမှ အဲလိုဖြစ်နေတယ်။ မုန့်လုံးရေပေါ်တို့ ရွှေရင်အေးတို့ဆို ဒီနှစ် ဝေမယ့်လူ တယောက်မှမရှိဘူး။ ကျန်တဲ့ဟာ ဘယ်သူမှ လုပ်တာလည်း မတွေ့ဘူး၊ ဝေတာလည်း မတွေ့ဘူး။”
“သင်္ကြန် ရေကစားဖို့ ပစ္စည်းလေးတွေတောင်မှ ကျနော်တို့ ၀ယ်မပေးနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် ၀မ်းနည်းပါတယ်၊ ကျနော်တို့က စားဝတ်နေရေး လုံးပန်းနေရတဲ့အတွက် သင်္ကြန်မှာပျော်ဖို့ ကလေးတွေအတွက် မပံ့ပိုးနိုင်တာကို ကျနော်တို့ ၀မ်းနည်းပါတယ်။”
ရန်ကုန်သင်္ကြန်ပွဲအကြောင်း မြို့ခံတွေ ပြောပြသွားတာ ဖြစ်ပါတယ်။
မန္တလေးဘက်မှာဆိုရင်လည်း အရင်နှစ်တွေကလို ကျုံးဘေးမှာ သင်္ကြန်မဏ္ဍပ်အကြီးတွေ သိပ်မရှိပေမဲ့ ဒီနေ့ အကျနေ့မှာတော့ စည်စည်ကားကား ရှိခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

ရင်းမြစ်။ ။http://www.voanews.com/burmese/2010-04-14-voa5.cfm

ကဲသာကဲ..စွဲမှာဘဲ ဆိုတဲ့ ရန်ကုန်သင်္ကြန် မြင်ကွင်းတစ်ချို့

နွားပြည်တော်တွင် ကောင်းမလေးများဖြင့် စည်ကား