အဝေးရောက်သံတမန်တဦး
၁၉၆၂ခုနှစ်ကပင် စစ်အာဏာရှင်နှင့် တပါတီအာဏာရှင်အဖြစ် မြန်မာပြည်သူပြည်သားများအပေါ် စိုးမိုးချယ်လှယ်ခဲ့သော ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ယခုလက်ရှိ ဆိုးပေမောင်မဲစာရင်းဝင် ဗိုလ်ချုပ်မှူးကြီးဆိုသူ သန်းရွှေတို့သည် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးသည် ကမ္ဘာ့အလယ်တွင် ဘယ်အခြေအနေဆိုက်ပြီး၊ ဘယ်လို ဒုက္ခပင်လယ်ဝေနေကြသည်ကို လုံးဝထည့်တွက်သူများ မဟုတ်ကြပါ။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုသူများ ဖြစ်ကြပါသည်။ သို့ရာတွင် ငတေကြီး ဗိုလ်ချုပ်မှူးကြီး နေဝင်းသည်လည်း ဆိုးဝါးလှသော မြန်မာ့ပြည်ထဲရေးဒဏ်ကို ခံသွားခဲ့ရပါသည်။ ငတေကြီး ဗိုလ်ချုပ်ကြီး နေဝင်းသည် တပ်မတော်ဦးစီးချုပ်ဘဝတွင် မယားကြီးကိုပစ်ထားခဲ့ပြီး မယားငယ် ယူလေ့ယူထရှိခဲ့ပါသည်။ အပြောကတော့ အိမ်တွင်းရေးကိစ္စသာဖြစ်သည်ဟု ဆင်ခြေဆင်လက်ပေးလေ့ရှိပါသည်။ စာရေးသူနှင့်ခင်မင်သော ရခိုင်နိုင်ငံရေးသမားကြီး ဦးလှထွန်းဖြူသည် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် အိမ်နီးနားချင်းနေခဲ့ဘူးပါသည်။ ဦးလှထွန်းဖြူသည် ဗိုလ်ချုပ်ကြီးနေဝင်းအား ဆိုဆုံးမရဲသူလည်းဖြစ်ပါသည်။ ဗိုလ်ချုပ်ကြီး နေဝင်း၏ဇနီးကြီး ဒေါ်တင်တင်၏သားများကိုလည်း ကူညီစောင့်ရှောက်ခဲ့ဘူးသူ ဖြစ်ပါသည်။ ဦးလှထွန်းဖြူ ပြောပြချက်တခုကို အတိုချုပ်၍တင်ပြရပါမူ “ဗိုလ်နေဝင်းခင်ဗျားကသာ အိမ်တွင်းရေး အိမ်တွင်းရေးလို့သာပြောနေ မင်းအိမ်တွင်းရေးက ငါ့အိမ်တွင်းရေးကိုကိုလည်း လာထိခိုက်နေတယ်ကွ။မင်းသားတွေကို ငါကလက်ခံထိန်းပေးရ မင်းမိန်းမကြီးကိုလည်း ငါကအကူအညီပေးရနဲ့ ငါ့အလုပ်တွေပျက်တယ်ကွ” ဟု ဗိုလ်ချုပ်ကြီး နေဝင်းအား ဝေဖန်ပြောဆိုဆုံးမခဲ့ပုံပင် ဖြစ်ပါသည်။ ယင်းအချိန်က ဦးလှထွန်းဖြူသည် သတင်းစာဆရာဖြစ်၍ သူတော်တော်အလုပ်ပျက်ရသည်ကိုလည်း ဆက်လက်၍ပြောပြဘူးပါသည်။
လူ့လောကတွင် ဖောက်ပြန်သူများသည် ကိုယ့်ဇနီး၊ ကိုယ့်သားသမီးများကို နှိပ်စက်ပြီး အိမ်တွင်းရေးကိစ္စဟု ပြောလေ့ရှိပါသည်။ ဇနီးနှင့်သားသမီးများသည် လင်ဆိုးဒဏ်ကြောင့် တခြားတအိမ်တွင် ထွက်ပြေးခိုလံကြရပါသည်။ ထွက်ပြေးလာကြသူများအား ခိုလံခွင့်ပေးသူများတွင် ထိခိုက်နစ်နာမများ ရှိလာတတ်ပါသည်။ ကိုယ့်အိမ်တွင်းရေးကြောင့် သူတပါးအိမ်တွင်းရေးကို ထိခိုက်
သွားခြင်းပင်ဖြစ်ပါသည်။ယခုလက်ရှိ မြန်မာပြည်ကို မသမာသောနည်းဖြင့် စစ်တပ်ကိုခုတုံးလုပ်ကာ ဖောက်ပြန်ရေးသမား ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးမျက်နှာကို လုံးဝမကြည့်ဘဲ အရှက်အကြောက်မဲ့စွာ ဆိုးသွမ်းလျှက်ရှိနေပါသည်။ တရားလက်လွှတ် ပြည်သူပြည်သားများကို ညှဉ်းပန်းနှိပ်စက်နေပြီး “ငါ့ပြည်တွင်းရေး၊ ငါလုပ်ချင်တာလုပ်မယ်၊ ဘယ်သူ့ကိုမှ ဂရုမစိုက်သည့် ပုံသဏ္ဍန် ဟန်လုပ်နေသော်လည်း လက်တွေ့တွင်မူ မိန်းမသား ဒေါ်အောင်ဆန်းစုကြည်ကိုပင် ကြောက်ရွံ့လျှက်ရှိနေပါသည်။ ကြောက်ရွံ့၍သာ ဖမ်းချုပ်ထားခြင်းဖြစ်ပါသည်။
နအဖ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ပြည်တွင်းရေးကိစ္စကိုပင် လက်တွေ့သာဓကတချို့ဖြင့် သုံးသပ်ဝေဖန် ဆွေးနွေးလိုပါသည်။
ပြည်တွင်းမှာ ဘာတွေဖြစ်ပျက်နေပါသနည်း ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် နိုင်ငံတကာစံနှုန်းဖြစ်သော ကမ္ဘာ့နိုင်ငံပေါင်းများစွာက ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ရေးထိုးထားကြသော ၁၉၆၁ခုနှစ် ဗီယာနာ သံတမန်ဆက်ဆံရေးစာချုပ်။ ၁၉၆၃ခုနှစ် ကောင်စစ်ရေးရာ ဆက်ဆံရေးစာချုပ်များနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ကြီး၏ လူ့အခွင့်အရေးကြေညာစာတမ်းပါ လူ့အခွင့်အရေးများနှင့် ကမ္ဘာ့နိုင်ငံရေး အတွေးအခေါ်များနှင့် အလှမ်းဝေးလှပါသည်။ ဗမာရာဇဝင်သမိုင်းတချို့ကို ဖော်ပြ၍သာ ဝေဖန်ဆွေးနွေးပါမည်။
အင်းဝခေတ်တွင် ဘုရင်မင်းခေါင်နန်းတက်သည့်အခါ ပညာရှိအမတ်ကြီး စည်းးတပစ် ကိုခေါ်တော်ပြီး “အဘိုး၊ အဘယ်သို့ကျင့်သော် ပြည်ထဲ ငြိမ်းချမ်းသာယာဝပြောအံ့နည်း” ဟူ၍မေးတောမူ၏။ ပညာရှိအမတ်ကြီးက ပြည်ကြီး၏ အရှင်ဖြစ်တော်မူသော မင်းတို့သည်။
၁။ ပြည့်တံခွန်ကိုမလှဲရာ။
၂။ ပြည့်ဦးကင်းကိုမနှိမ်ရာ။
၃။ ပြည့်စွယ် ပြည့်သွားကိုမချိုးရာ။
၎။ ပြည့်မျက်လုံးကိုမနိက်ရာ။
၅။ ပြည်မျက်နှာကိုမဖျက်ရာ။
၆။ ပြည့်ခြေပြည့်လက်ကိုမဖြတ်ရာ။
၇။ ပြည့်ဝမ်းကို မဖောက်ရာ။
၈။ ပြည့်ကျေးဇူးကို မထိမ်ရာ။
စသည်တို့ကို ကျင့်တော်မူရာသည်ဟု အကြံပြုလျှောက်ထားခဲ့ပါသည်။ ထို့အပြင် ပြည်ရွာစည်ပင်အပ်သော အပရိဟာနိယ တရားခုန်ပါးကိုလည်း ရွှေနှလုံးထားရန် အကြံပြုခဲ့ပါသည်။ အပရိဟာနိယတရားတွင် ပညာရှိများနှင့် မပြတ်တိုင်ပင်တော်မူသည်လည်းတပါး။ ပြည်သူ့သားသမီးတို့ကို နိုင့်ထက်စိုးကဲယူတော်မမူသည်လည်းတပါးနှင့် ရဟန်းသံဃာတို့၌ ကောင်းစွာစောင့်ရှောက်တော်မူသည်လည်းတပါး စသည်များပါရှိပါသည်။
စစ်အာဏာရှင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့သည်။ အထက်ဖော်ပြပါ ပြည်ထဲရေးငြိမ်းချမ်းသာယာ ဝပြောနည်းလမ်း အချက်(၈)ချက်စလုံးကို ဖောက်ဖျက်သူများ ဖြစ်ကြပါသည်။ ပြည့်တံခွန်လည်းကျိုး၊ ပြည့်ဦးကင်းလည်းကျ။ ပြည့်သွားလည်းကျိုး။ ပြည့်မျက်လုံးလည်းကန်း။ ပြည့်မျက်နှာလည်းပျက်။ ပြည့်ခြေပြည့်လက်လည်းပြတ်။ ပြည့်ဝမ်းဗိုက်လည်းပေါက်ပြီး ပြည့်ကျေးဇူးကိုလည်း ကန်းနေကြပါသည်။ မင်းကျင့်တရား ဆယ်ပါးနှင့် အပရိဟာနိယတရား ခုနစ်ပါးကိုလည်းဖောက်ဖျက်နေကြပါသည်။ ပညာရှိများနှင့်လည်း မတိုင်ပင်ကြပါ။ဲပည်သူပြည်သားများကိုလည်း အလွန့်အလွန် နိုင်ထက်စိုးကဲ လုပ်နေပါသည်။ ရဟန်းသံဃာတော်များကိုလည်း မစောင့်ရှောက်ရုံသာမက ရိုက်သတ်အကျဉ်းချနေပြန်ပါသည်။
ဗိုလ်ချုပ်ကြီး နေဝင်း၏ တခေတ်လုံးတွင် စီးပွါးရေး ပြည်သူပိုင်သိမ်း။ ပညာရေးကိုပြည်သူပိုင်သိမ်း။ ကျန်းမာရေးကိုပြည်သူပိုင်သိမ်းပြီး စီးပွါးရေးကျွမ်းကျင်သူများနှင့် ပညာတတ်ဟူသမျှကို တိုင်းပြည်တွင်မနေနိုင်အောင်ကြံဆောင်ခဲ့ပါသည်။ နှင်ထုတ်ခဲ့ပါသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ်တွင်လည်း စီးပွါးရေးကို မိသားစုပိုင်လုပ်ခဲ့ပါသည်။ ပညာရေးကိုလည်း မိသားစုပိုင် လုပ်ခဲ့ပါသည်။ ကျန်းမာရေးကိုလည်း မိသားစုပိုင်လုပ်ခဲ့ပါသည်။ နိုင်ငံအာဏာကိုလည်း စစ်တပ်မိသားစုပိုင် လုပ်နေပြန်ပါသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားလည်း အိမ်တွင်းအကျဉ်းစခန်းမှ ထောင်တွင်းအကျဉ်းစခန်းသို့ မသမာသောနည်းဖြင့် ပို့နေပါသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံအားလည်း စစ်ဆင်ကာ တိုင်းပြည်မှမောင်းထုတ်နေပါသည်။ မြန်မာ့ပြည်တွင်းရေးကို အဖတ်မဆယ်ပါက ပျက်သည်ထက် ပျက်ပြားလာပါလိမ့်မည်။
“ဒါလားကွ ပြည်တွင်းရေးကိစ္စ”
ဗိုလ်ချုပ်နေဝင်းလက်ထက်က ပြည်ဖျက်ကိစ္စရပ်များ လုပ်ဆောင်ပြီး အမြဲတစေ ဒါပြည်တွင်းရေးကိစ္စကွ။ ဘယ်သူမှ ဝင်မစွက်ကြနဲ့ဟု ပြောဆိုလေ့ရှိသော အချိန်အခါသမယတွင် စာရေးသူသည် ၁၉၇ဝခုနှစ်မှ ၁၉၇၆ခုနှစ်အထိ ဗန်ကောက်မြို့ မြန်မာသံရုံးတွင် အမထမ်းခဲ့ပါသည်။ ဗန်ကောက် မြန်မာသံရုံးတွင် ဘယ်ခေတ်အခါကပင် ယိုးဒယားနိုင်ငံသို့ ပြေးဝင်ခိုလံလာသည်ကို မမှတ်မိတော့သည့် ဦးရွှေသည် ဘာသာပြန်စာရေးကြီး ဖြစ်ပါသည်။ အဘဦးရွှေသည် ယိုးဒယားစာနှင့် စကားကိုကျွမ်းကျင်သည့်အပြင်အင်္ဂလိပ်စာတတ်တဦးလည်း ဖြစ်ပါသည်။ လွတ်လပ်ရေးရပြီးမှ ပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာရသော မွန်တိုင်းရင်းသား ဦးထွန်းလူသည် သံအမတ်ကြီး၏ ရုံးအကူဝန်ထမ်း ဖြစ်ပါသည်။ ယင်းအချိန်က စာရေးသူသည် ပညာတတ်ဗမာများနှင့် တိုင်းရင်းသားများ မြန်မာပြည်က မကောင်းဆိုးဝါးအုပ်ချုပ်သူများ လက်အောက်မှ ပြေးထွက်ကြပြီး နိုင်ငံရပ်ခြားတွင်ခိုလံပြီး တင့်တောင့်တင့်တယ်နေထိုင်ကြသည်ကို စိတ်ထဲတွင်တမျိုးတဖုံ ခံစားဖူးပါသည်။ ယခုအချိန်တွင် စာရေးသူကိုယ်တိုင် မကောင်းဆိုးဝါး အုပ်ချုပ်သူလက်အောက်မှ ရုန်းထွက်လာကာ နိုင်ငံခြားတွင် တင့်တောင့်တင့်တယ် နေထိုင်နိုင်ရသော်လည်း စိတ်မချမ်းသာဘဲ ကျောက်ဆည်သားဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အကျဉ်းသားပင်ဖြစ်နေသည်ဟု ခံစားနေရပါသည်။ ငယ်စဉ်ကကျောက်မဲအကျဉ်းသား ရုပ်ရှင်ကြည့်ဖူးပြီးယခုငါကိုယ်တိုင် ကျောက်ဆည်အကျဉ်းသားဖြစ်နေသည်ဟု ခံယူ၍သာ ယခုကဲ့သို့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် အိမ်မက်ဆိုးများစွာဖြင့် လပ်ရှားနေခြင်းပင်ဖြစ်ပါသည်။
မြန်မာသံရုံးမှ ယိုးဒယားဘာသာဖြင့် ထုတ်ဝေသောသတင်းစာဟူသမျှကို လစဉ်ဝယ်ပြီး ဦးရွှေအားဘာသာပြန်ခိုင်းကာမြန်မာအကြောင်းဆိုလျှင် ရန်ကုန်ရုံးချုပ်ကို ပေးပို့ရပါသည်။ ၁၉၇ဝပတ်ဝန်းကျင်တွင် ဝန်ကြီးချုပ်ဟောင်း ဦးနုနှင့် သူ၏ပြည်ချစ်ပါတီသည် ယိုးဒယားနိုင်ငံတွင်ရှိနေပြီး မြန်ာမပြည်က လူမြောက်များစွာသည်လည်း ဦးနုပါတီထဲသို့ ဝင်ရန်လာကြသော်လည်း လက်မခံနိုင်လောက်အောင်အထိ နေ့စဉ်များပြားလာသည်ဟု ဆိုပါသည်။ ဗန်ကောက်မြို့တွင်လည်း ဘယာကျော်ရောင်းသည့် ကုလားများသည် ဗမာစကားပြောပြီး သူ့အပိုင်းနှင့်သူ ဗိုလ်ကျနေပါသည်။ နိုင်ငံရေးသမားများလည်း ဗန်ကောက်မြို့မှ ရဲစခန်းတွင် ပုံမှန် လက်မှတ်ရေးထိုးပြီး နေထိုင်လျှက်ရှိကြပါသည်။ ဗိုလ်ချုပ်ကြီးနေဝင်းကလည်း ဦးနုအားလက်ခံထားမကြောင့် ယိုးဒယားအစိုးရအား မကြည်မဖြူ ဖြစ်နေပါသည်။ သို့သော်လည်း အလွန်ဆုံးရှိပါလျှင် မြန်မာပြည်က လာရောက်ခိုလံနေသူ သောင်းဂဏန်းပင် ပြည့်မည်မဟုတ်ပါ။ ယခုအချိန်အခါကဲ့သို့ နှစ်သန်းကျော်လည်း မရှိသေးပါ။ ဒုက္ခသည်စခန်းလည်း မရှိသေးပါ။
ယိုးဒယားသတင်းစာကြီး တစောင်တွင် ယိုးဒယားနံမည်ကြီး သတင်းစာဆရာကြီးတဦးက “ဒါလားကွ၊ ဗမာပြည်တွင်းရေးကိစ္စ” ဆိုသည့် ဆောင်းပါးရှည်ကိုရေးပြီး မြန်မာပြည်သားများကို သရော်နေ ကလော်နေသည်ကို ဘာသာပြန်စာရေးကြီး ဦးရွှေက နေ့စဉ်ရက်ဆက် ဘာသာပြန်သည်များကို ဖတ်ရပါသည်။ သမိုင်းအစဉ်အလာကပင် မြန်မာနိုင်ငံသားများ အုပ်ချုပ်သူအချင်းမသင့်မမြတ်၍ ယိုးဒယားနိုင်ငံတွင် လာရောက်ခိုလံနေကြပုံကို အကျယ်တဝင့် ရေးသားထားပါသည်။ ယိုးဒယားနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးခိုလံသူ မရှိဘဲ မြန်မာပြည်က ယိုးဒယားနိုင်ငံဘက်သို့ ဘာကြောင့် အဆက်မပြတ် လာရောက်ခိုလံနေကြသည်ကို မြန်မာအစိုးရအနေဖြင့် အရေးထားစဉ်းစားဆောင်ရွက်ကြသင့်ကြောင်းကို စေတနာဖြင့်ဖော်ပြထားပါသည်။ ယိုးဒယား လူမျိုးများသည် အချင်းချင်း အစဉ်အဆက်ယုတ်မာလေ့မရှိပုံ။ မြန်မာများသည် အချင်းချင်းအာဃာတထားခြင်း ရက်စက်ကြမ်းကြုတ်ခြင်း၊ အမြော်အမြင်နည်းပါးကြခြင်းများကို သမိုင်းနောက်ခံ အထောက်အထားများဖြင့် ကျမ်းတစောင်သဖွယ် ရေးသားထားပါသည်။ယင်းအချိန်ကာလက စာရေးသူသည် အသက်သုံးဆယ်ပင် မပြည့်သေးသော မြန်မာအစိုးရ၏သစ္စာတော်ခံ တဦးဖြစ်နေ၍ ဤမျှလောက်အထိ ရေးသားဝေဖန်ခံရသည်ကို နာကြည်းခဲ့ဖူးပါသည်။
၁၉၇ဝခုနှစ်လောက်က စာရေးသူ ဗန်ကောက်ရောက်သွားစဉ်တွင် ယိုးဒယားနိုင်ငံ ဒွန်မောင်းလေဆိပ်နှင့် မြန်မာပြည်ရှိမင်္ဂလာဒုံလေဆိပ်တို့ကိုပင် သူမသာကိုယ်မသာသည့် အခြေအနေဖြစ်ပါသည်။ အဆောက်အဦး အနေအထားအရ မင်္ဂလာဒုံလေဆိပ်ကပင် ခန့်ငြားနေပါသေးသည်။ ယခုအခါ အကွာကြီးကွာဟသွားခဲ့ပြီး ဖြစ်ပါသည်။ မဆလခေတ် ဗန်ကောက်လေဆိပ်ကိုရောက်ရှိလာသော ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးကြီး တင်မောင်၏စကားအရ “နေရစ်ခဲ့ပြီဗျ”ဟုပင်ဆိုရမည် ဖြစ်ပါသည်။ မြန်မာပြည်သူအပေါင်းသည်လည်း ယခုခေတ်တွင် ပြည်ထဲရေးထက် ဝမ်းရေးကခက်နေကြသည် ဆိုသောကြောင့် ဝမ်းရေးမခက်စေရေးအတွက် ပြည်ထဲရေးကို ပြုပြင်ကြရသည်ဟုသာ ကောက်ချက်ချလိုပါသည်။ လူကြောင့်မဟုတ်ပါ။ မူကြောင့်သာဖြစ်ပါသည်။ အာဏာရှင်ခေတ်တွင် လူလည်းမကောင်းပါ။ မူလည်းမကောင်းဖြစ်နေသည်ပါသည်။
ပြည်တွင်းရေးကောင်းဖို့ အာဏာရှင်စနစ်ကို မြေမြပ်သ်သဂြိုဟ်ကြစို့ဆိုးဝါးနေသော မြန်မာပြည်တွင်းရေး ကောင်းမွန်စေရန်အတွက် လက်ရှိကမ္ဘာ့ခေါင်းဆောင်ကြီးများ အသိပညာရှင် အတတ်ပညာရှင်ကြီးများ ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တာဝန်ရှိသူများ အသီးသီးက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မတရားအမဆင်ပြီး ထောင်ချရန် ကြံစည်တရားစွဲဆိုမကို ရုပ်သိမ်းရန် တောင်းဆိုလျှက်ရှိကြပါသည်။ အများပြည်သူပါဝင်နိုင်မည့် ရွေးကောက်ပွဲမျိုးကို ကျင်းပရန်အတွက် နအဖ၏ တဖက်သတ်ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အများသဘောဖြင့် ပြင်ဆင်ပြီး ပြန်လည်ရေးဆွဲကြရန်ကိုလည်း ပြည်တွင်းပြည်ပက တောင်းဆိုလျှက်ရှိနေပါသည်။ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရသော ရွေးကောက်ပွဲမျိုးကို အသိအမှတ်မပြုနိုင်ဟု အမေရိကန်အပါအဝင် တချို့နိုင်ငံများကထုတ်ဖော်ပြောဆိုလျှက် ရှိနေပါသည်။စစ်တပ်ကို ခုတုံးလုပ်အုပ်ချုပ်နေသော နအဖစစ်ကောင်စီ၏ ဥက္ကဌဆိုသူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (အသက်၇၆)နှစ်နှင့်မြန်မာပြည်သူ ပြည်သားများသာ သဘောထား ကွဲလွဲနေကြသည် မဟုတ်ပါ။ တကမ္ဘာလုံးရှိ ခေါင်းဆောင်ကြီးများ၊ ကမ္ဘာ့ပြည်သူများနှင့်ပါ သဘောထား ကွဲလွဲနေပါသည်။ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်အပြစ်ပေးခြင်းးနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဇွတ်တရွတ်ပြုလုပ်ပါက မြန်မာပြည်တွင်းရေးသည် ဆိုးဝါးနေရာမှ သွေးချောင်းစီးမည့် ပြည်တွင်းရေးဖြစ်လာမည်မှာ ဧကန်မုချပင် ဖြစ်ပါသည်။ ပြည်တွင်းရေး ကောင်းမွန်ဖို့အတွက် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အပေါင်းပါတစုတို့အား ရိုးသားဖြောင့်မတ်သော တပ်မတော်သားများ အပါအဝင် ပြည်သူလူထုတရပ်လုံးက ညီညီညွတ်ညွတ် တော်လှန်ရမည့်အချိန်ပင် ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ်ဆိုးကြီးကို မြန်မာ့မြေပေါ်တွင် မြေမြပ်သဂြိုဟ်ကြရမည့် အချိန်ကောင်း အခါကောင်းပင် ဖြစ်ပါသည်။
မူရင်း ။ ။ http://www.narinjara.com
Wednesday, February 3, 2010
သူငယ်ချင်းတွေနဲ့ ဘာလို့ မဝေးချင်ပဲ ဝေးသွားကြရတာလဲ?
ငါ့သူငယ်ချင်းတော့ အလုပ်တွေနဲ့ရှုပ်နေမှာပဲ လို့နှစ်ယောက်လုံး
တွေးနေကြရင်း နှုတ်ဆက်လိုက်ရင် သူ့အတွက် အနှောက်အယှက်များ ဖြစ်သွားမလား
လို့တွေးပြီး ဒီတိုင်းပဲ နေလိုက်ကြရင်းနဲ့.......
ဒီလို အချိန်တွေကြာလာတော့............
နှစ်ယောက်လုံးက တခြား နားလည်မှုပေးနိုင်မယ့် သူငယ်ချင်းကို တောင့်တလာတယ်။
နောက်တော့ နှစ်ယောက်လုံးက သူတောင်နေနိုင်သေးတာပဲ ငါကဘာလို့ စခေါ်ရမှာလည်း
လို့တွေးပြီး စိတ်ထဲမှာ မကျေနပ်သလိုဖြစ်လာတယ်။
အဲဒါနဲ့ပဲ အချစ်က အမုန်းတွေအဖြစ်ပြောင်းလဲလာတယ်.. .......
နောက်ပိုင်းတော့ အရင်က ခင်ခဲ့တယ် ဆိုတာတောင် မှတ်ညဏ်ထဲမှာ မှေးမှိန်လာပြီး
တစ်ယောက်နဲ့ တစ်ယောက်မေ့သွားကြရော ။
ဒါကြောင့် အမြဲတမ်း ကိုယ်နှစ်လိုတဲ့ သူငယ်ချင်းတွေကို
အမြဲတမ်းနွေးနွေးထွေးထွေး
ထိတွေ့ပေးဖို့လိုအပ်တယ်လို့ထင်ပါတယ်.......
ကျွန်တော်ကတော့ အဲလိုနဲ့ ဝေးသွားတာမျိုး မဖြစ်ချင်ဘူးဗျာ ။
ဒါကြောင့်ဒီစာလေးကို ကျွန်တော်ရဲ့ ချစ်လှစွာသောသူငယ်ချင်းများဆီကို အခုပဲ
ပို့ပေးလိုက်ပါပြီ................
ဒီတော့ အဲလိုမဖြစ်အောင် ဘယ်လိုလုပ်ကြမလည်းဆိုတော့
****************************** ************************************
ဟေ့ သူငယ်ချင်း နေကောင်းလား၊ မင်း အလုပ်တွေရှုပ်နေလား၊ ငါ မင်းကို သတိရနေတာ
အဲလိုလေး ပြောကြည့်ကြမယ်လေ အိုကေလား................
ကဲ ဘယ်လိုလဲ
** ကျွန်တော်ကိုလည်း ဒီလိုမျိုး နှုတ်ဆက်ကြည့်ပါလားဗျာ။**
ချိုကုပ်ဒူးကြီးပြောတဲ့ ပုဂ္ဂလိကပိုင်
အကြောင်း မညီညွတ်သဖြင့် ချင်းမိုင်ဟု ခေါ်သည့် ဇင်းမယ်မြို့သို့ ရောက်နေ သော်လည်း ဦးရုက္ခစိုးက ဇာတိမြေ မြန်မာပြည် အရေး အတွက် ပူပန်သူ ဖြစ်သည်။ ထို့ကြောင့်လည်း ချိုကုပ်ဒူးကြီးက သူ့ထံ အရောက်လာပြီး မြန်မာပြည် အကြောင်း လေကြော ရှည်နေမှုကို သည်းခံနေရ လေသည်။
ချိုကုပ်ဒူးကြီး။ ။ အိုင်ဆေး … ဦးရုက္ခစိုး … ၊ တကယ်တော့ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ဆိုတာကို လုပ်ချင်နေတာ ကြာပြီ၊ လက်ကို ယားနေတာပဲ။
ရုက္ခစိုး။ ။ လက်ယားရင် ဆေးဝယ်လိမ်းပေါ့ဗျာ။ ဒါမျိုးက စောစောစီးစီး ကုတာ ကောင်းတယ်။ နောက်ကျသွားရင် အပ်နဲ့ထွင်းရမယ့် ရောဂါက ပုဆိန်နဲ့ … …
ချိုကုပ်ဒူးကြီး။ ။ ဟိုးထား … ဟိုးထား …။ ကျုပ်ဆိုလိုတာက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက နိုင်ငံပိုင် လုပ်ငန်းကြီးတွေကို အရပ်သားတွေလက်ထဲ ထည့်ပေးချင်ခဲ့တာလို့ ဆိုလိုတာပါ။
ရုက္ခစိုး။ ။ ကောင်းတာပေါ့၊ အရပ်သားတွေကို အားကိုးတာ မှန်ကန်တဲ့ နည်းလမ်းမဟုတ်လား။
ဦးရုက္ခစိုးစကားကြောင့် ချိုကုပ်ဒူးကြီး သက်ပြင်းတချက် ချလိုက်သည်။ ဘာသာပြန်မှားသည့် ဒီရုက္ခစိုးကို အင်းစိန်ထောင်ထဲ ထည့်လိုက်လျှင် ကောင်းမည်လောဟုပင် တွေးလိုက်မိသည်။ သူက ပြောသမျှ ခေါင်းညိတ်မည့်သူနှင့်သာ စကားဝိုင်းဖွဲ့လိုသည်။ သို့သော်လည်း ပြောလက်စမို့ ဆက်ပြောရန် ဆုံးဖြတ်လိုက်သည်။
ချိုကုပ်ဒူးကြီး။ ။ အရပ်သား ဆိုတဲ့ စကားလုံးကို ကျုပ်က သိပ်ပြီး မနှစ်သက်ဘူး။ တိုင်းရင်းသား၊ ပြည်သူ ဆိုတဲ့ စကားလုံးတွေက ပိုသင့်တော်ပါတယ်။
ရုက္ခစိုး။ ။ ဘာ ပြည်သူလဲ။ ပြည်သူ ဆိုတာ ပြည်မြို့က အမျိုးသမီးတွေကို ပြောတာလား။
ချိုကုပ်ဒူးကြီး။ ။ ဟာ … မဟုတ်ပါဘူး။ နိုင်ငံတော်ရဲ့ လုပ်ငန်းကြီး၊ လုပ်ငန်းငယ်တွေကို ပြည်သူလူထုထဲက သင့်တော်တဲ့သူတွေရဲ့ လက်ထဲ ထည့်မယ်လို့ ပြောတာပါ။
ရုက္ခစိုး။ ။ အင်း … ဘယ်လို ဝေစုခွဲမှာလဲ။
ချိုကုပ်ဒူးကြီး။ ။ ဟာ … ဒီ ဝေစုခွဲတယ် ဆိုတဲ့ စကားလုံးက ပေါ်တင်ကြီးဖြစ်နေတယ် အဲ … မှားနေတယ်။ ကျုပ်တို့က သင့်လျော်တဲ့ တိုင်းရင်းသား၊ ပြည်သူကို ပေးမှာပါ။
ရုက္ခစိုး။ ။ ကောင်းတယ်၊ သိပ်ကောင်းတယ်။ အခုလို အမြင်မှန် ရလာတာ ကောင်းတယ်။ အဲ … တိုင်းရင်းသားတွေကို ဘာပေးမှာလဲ။ တွင်းထွက်ပစ္စည်းလုပ်ငန်း၊ ရေအားလျှပ်စစ်စက်ရုံလုပ်ငန်းတွေ ပေးမှာလား။
ဦးရုက္ခစိုးမေးခွန်းကြောင့် ချိုကုပ်ဒူးကြီး တချက် တွေဝေသွားသည်။ ထို့နောက် …
ချိုကုပ်ဒူးကြီး။ ။ လျှပ်စစ်လုပ်ငန်းတွေ ပေးလိုက်ရင် တိုင်းရင်းသားတွေ ဓာတ်လိုက်နေပါဦးမယ်ဗျာ။ တိုင်းရင်းသားတွေ အတွက် အဆင်ပြေမယ့်ဟာတွေ ကျုပ်တို့ စဉ်းစားမိတယ်။ သူတို့က ပင်လုံစာချုပ်တို့၊ ပင်လုံကျောက်တိုင်တို့အကြောင်း သိပ်ပြောတယ် မဟုတ်လား။ ဒီတော့ … ကျုပ်တို့က သူတို့ကို ပင်လုံ ကျောက်တိုင်နဲ့ တနိုင်ငံလုံးမှာရှိတဲ့ ကျောက်တိုင်တွေကို ပေးဖို့ စီစဉ်ထားတယ်။
ရုက္ခစိုး။ ။ သြော် … အင်း … ဟုတ်ပါပြီ။ ဒါဆို တခြား လုပ်ငန်းတွေကရော … ။
ချိုကုပ်ဒူးကြီး။ ။ ဒါတွေကိုတော့ စိတ်ချရတဲ့ စီးပွားရေးသမားကြီးတွေကို ပေးမှာပေါ့။
ရုက္ခစိုး။ ။ ထင်သားပဲ … ။ ခင်ဗျားကြီးက ခင်ဗျားကြီး စိတ်ချရတဲ့ စီးပွားရေးသမားတွေကိုပဲ လုပ်ပိုင်ခွင့် ပေးမယ်ဆိုတာ။
ချိုကုပ်ဒူးကြီး။ ။ ဟဲဟဲဟဲ … ဟဲဟဲဟဲ … ကျုပ်ကို အထင် စမောနေပြန်ပြီ။ စိတ်ချရတဲ့ စီးပွားရေးသမားတွေ ဆိုတာ ကျုပ်ရဲ့ ကိုယ်စားလှယ် အေးဂျင့်တွေ အဲ … ဟုတ်ပါဘူး၊ စီးပွားရေး လုပ်ကိုင်ရာမှာ စိတ်ချရတဲ့သူတွေကို ဆိုလိုတာပါ။
ဦးရုက္ခစိုးက ခေါင်းတဆတ်ဆတ် ညိတ်ကာ အနည်းငယ် ကျေနပ်သွားဟန်ပြုပြီး မေးခွန်း ပြန်ထုတ်လိုက်သည်။
ရုက္ခစိုး။ ။ လေကြောင်းလိုင်း နဲ့ သင်္ဘောဆိပ်လုပ်ငန်းတွေလည်း ပုဂ္ဂလိကလုပ်ငန်းရှင်တွေ လုပ်ခွင့်ရမယ် ဆိုတဲ့ အသံတွေ ထွက်နေတယ်နော်။
ချိုကုပ်ဒူးကြီး။ ။ အဲဒါတွေလည်း စိတ်ချရတဲ့သူတွေကို ပေးမှာပါ။ ဒါမျိုးက လူတိုင်းကို ပေးလို့ မဖြစ်ဘူးလေ၊ သိတယ် မဟုတ်လား။
ရုက္ခစိုး။ ။ ဒါပေါ့၊ စိတ်ချရမှ ပေးဖို့ သင့်လျော်ပေတာပေါ့။ ဘယ်သူတွေကို အများဆုံး ပေးဖြစ်သလဲ။
ချိုကုပ်ဒူးကြီး။ ။ တချို့ကိုတော့ စောစောက ပြောတဲ့ ကျုပ်နဲ့ နီးစပ် အဲ … စီးပွားရေးနဲ့ နီးစပ်သူတွေကို ပေးတယ်၊ တော်တော်များများကိုတော့ ဦးပိုင် လက်ထဲ ထည့်လိုက်တာပဲ၊ ဟဲဟဲဟဲ … ။
ရုက္ခစိုး။ ။ ဦးပိုင် … ဟုတ်လား၊ ဦးပိုင်ဆိုတာ ဘယ်သူလဲ၊ ဒီနာမည် ကြားဖူးသလိုပဲ။
ချိုကုပ်ဒူးကြီး။ ။ ဦးပိုင် ဆိုတာ အကုန်ပိုင်တဲ့ပုဂ္ဂိုလ်ပေါ့ဗျာ။ လုပ်ငန်းကြီးကြီးမားမား မှန်သမျှနဲ့ ပတ်သက်ပြီး တတ်ကျွမ်း နားလည်သူ ဆိုပါတော့။ ဒီလို တတ်ကျွမ်းပါမှ လုပ်ငန်းကြီးတွေကို ကိုင်တွယ်နိုင်မယ် မဟုတ်လား။
ရုက္ခစိုး။ ။ ဒါပေါ့ … ၊ ဟုတ်တာပေါ့ … ၊ ဒီလိုပဲ ဖြစ်ရမှာပေါ့။
ဦးရုက္ခစိုး၏ ရေလိုက်ငါးလိုက် သဘောတူမှုကို ကြားလိုက်ရသဖြင့် ချိုကုပ်ဒူးကြီး ၀မ်းသာအယ်လဲ ဖြစ်သွားပြီး သွား အချောင်း ၃၀ ခန့် ပေါ်အောင် ပြုံးလိုက်ရယ်လိုက်မိသည်။
ချိုကုပ်ဒူးကြီး။ ။ ဟီးဟီးဟီးဟီး … … ခင်ဗျား အခုလို ကျုပ်တို့နဲ့ သဘောတူတာ မြင်ရလို့ ၀မ်းသာတယ်။ ကျုပ်တို့ရဲ့ သက်တမ်း အနှစ် ၂၀ ကျော်အတွင်း ကျုပ်တို့ရဲ့ လုပ်ရပ်တွေကို သဘောတူ လက်ခံတဲ့သူ အင်မတိ အင်မတန် ရှားတယ်ဗျာ၊ သိပ်ရှားတယ်၊ အရမ်းအရမ်း ရှားတယ်၊ အဟိ … ။
ထိုသို့ ရယ်မော ပြောဆိုပြီးနောက် ချိုကုပ်ဒူးကြီးက ဦးရုက္ခစိုး၏ ပခုံးကို လှမ်းဖက်လိုက်သည်။
တကယ်တော့ ဦးရုက္ခစိုးက သဘောတူခြင်း မဟုတ်ပေ။ ချိုကုပ်ဒူးကြီး၏ လက်ချာရိုက်မှုများကို အိမ်ရှင် ပီသစွာ သည်းခံ နားဆင်နေခြင်း ဖြစ်သည်။ တဖြည်းဖြည်းနှင့် ချိုကုပ်ဒူးကြီး၏ လက်ချာများကို စိတ်ကုန်လာသည်။ ဒေါသ ထွက်လာသည်။ ထို့ကြောင့် သူ့ပခုံးကို ဖက်ပြီး ရယ်မောနေသည့် ချိုကုပ်ဒူးကြီးကို အဝေးသို့ တွန်းလိုက်သည်။
ဦးရုက္ခစိုးက အတွင်းအားဖြင့် တွန်းထုတ်လိုက်ခြင်း ဖြစ်သောကြောင့် ချိုကုပ်ဒူးကြီး မြေပြင်ပေါ် ဘုတ်ခနဲ ပြုတ်ကျကာ အဝေးသို့ သုံးလေးပတ်ခန့် လိမ့်သွားသည်။ ထို့နောက် အားယူ၍ လူးလဲထပြီး …
ချိုကုပ်ဒူးကြီး။ ။ ခင်ဗျား … ခင်ဗျားကြီး ဘယ်လို လုပ်လိုက်တာလဲ… ။ အား … ကျွတ်ကျွတ်ကျွတ် … ။
ရုက္ခစိုး။ ။ ရုပ်ကြမ်းကြီးနဲ့ လာနွဲ့မနေနဲ့ … ။ တိုင်းရင်းသားလုပ်ငန်းရှင်တွေလက်ထဲ လုပ်ငန်းကြီး၊ လုပ်ငန်းငယ်တွေ ထည့်မယ် ဘာမယ် သံကောင်းဟစ်ပြီး အချင်းချင်း ၀ါးစေ၊ ဝေစားလုပ်နေတာ မသိဘူး ထင်နေသလား။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ရသမျှ အကုန် အိတ်ထဲထည့်၊ ကိုပိုင် ဦးပိုင် ဒေါ်ပိုင်လက်ထဲ ထည့်နေတာ မသိဘူး ထင်နေသလား။
ဦးရုက္ခစိုးက ဒေါသဖြင့် အော်ဟစ် ငေါက်ငမ်းလိုက်သဖြင့် ချိုကုပ်ဒူးကြီး လန့်ဖျပ်သွားသည်။ ဦးရုက္ခစိုးက အနီးရှိ တုတ်တချောင်းကို လှမ်းကိုင်လိုက်ချိန်တွင် ချိုကုပ်ဒူးကြီးက ထိုနေရာမှ အမြန်ဆုံး ထွက်ခွာရန် ပြင်လိုက်သည်။
ရုက္ခစိုး။ ။ လုပ်ငန်းတွေ ပုဂ္ဂလိကပိုင် လုပ်တယ်တို့ ဘာတို့ အော်ချက်ထုတ်ပြီး ၂၀၁၀ ရွေးကောက်ပွဲအတွက် မဲဆွယ်တဲ့ နေရာမှာ သုံးဦးမယ် မဟုတ်လား။
ဒေါသထွက်နေသည့် ဦးရုက္ခစိုးက ကိုင်ထားသည့် တုတ်ဖြင့် ချိုကုပ်ဒူးကြီးကို လိုက်ရိုက်သဖြင့် လက်ချာအရိုက်ကောင်းသည် ချိုကုပ်ဒူးကြီးသည် ရုက္ခစိုး၏ နတ်ကွန်းမှ ဖနောင့်နှင့်တင်ပါး တသားတည်းကျအောင် ထွက်ပြေးလေသည်။ ။
မူရင်း ။ ။ www.irrawaddy.org/bur/
ချစ်သောမျက်စိဖြင့် ရှုကြရစေ
လူဆိုတာကို ဘယ်လိုအဓိပ္ပါယ်သတ်မှတ်ချက် Definition ပေးမလဲဟု မေးရင်း အောက်ပါ အကြောင်းအရာလေးကို ဖတ်ကြည့်စေချင်ပါတယ်…..။
တစ်ခါမှာ . . . ကျမ်းစာသင်ကျောင်းက လူငယ်တစ်စုက နိုင်ငံအကြီးအကဲ တစ်ဦးထံသွားပြီးတော့ 'သမ္မာကျမ်းစာ' ဖတ်ကြားချီးမြင့်ပါလို့ ပန်ကြားကြတယ် ။ ဒီအခါမှာ . . . အကြီးအကဲက ကမ္ဘာဦးကျမ်း Genesis မှာ ဖော်ပြထားတဲ့ ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဌာန် နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏ . . . ဆိုတဲ့ စာကြောင်းကို ဖတ်ပေးလိုက်တယ်။
ဒီလိုဖတ်ပေးတာကို လူငယ်တွေက တော်တော် မကျေမနပ် ဖြစ်ကြတယ်တဲ့ ။ သိပ္ပံပညာနဲ့လည်း အံမ၀င်တဲ့ ၊ ခေတ်လည်းမမီတော့တဲ့ ဒီကမ္ဘာဦးကျမ်းက စာကြောင်းကိုမှ ဖတ်ကြားချီးမြင့်ရသလား၊ နေ့စဉ်ဘ၀ အတွက် အကျိုးရှိစေနိုင်တဲ့ စာကြောင်းတွေ ၊ လူအများရဲ့ ကိုယ်မှု နှုတ်မှုတွေမှာ သန့်ရှင်းစင်ကြယ်စေဖို့ သတိပေးတဲ့စာကြောင်း၊ စာပိုဒ်တွေအများကြီးပါလျက်နဲ့ ဒီကမ္ဘာဦးကျမ်းက အယူအဆဟောင်းကြီးကိုမှ ရွေးဖတ်ပေးပလေတယ် . . . စတဲ့ အပြစ်တင်တဲ့ အတွေးးတွေနဲ့ မကျေမနပ်ဖြစ်ကြတာ ထင်ပါတယ်။
တကယ်တော့ နိုင်ငံအကြီးအကဲ ဖတ်ပေးလိုက်တဲ့ စာကြောင်းက သိပ်ကိုအရေးကြီးပါတယ် ။ ဟုတ်တယ်၊ ဘုရားသခင်က လူကို ဖန်ဆင်းတယ် ။ ဘုရားသခင်က လူယောက်ျားနဲ့ လူမိန်းမကို ဖန်ဆင်းတယ်လို့သာ ကမ္ဘာဦးကျမ်းက ဆိုတာ ဘုရားသခင်က ဂျူးကိုဖန်ဆင်းတယ် ၊ အာရပ်ကိုဖန်ဆင်းတယ် ၊ ဂျာမာန်ကိုဖန် ဆင်းတယ် ၊ ပြင်သစ်ကိုဖန်ဆင်းတယ် ၊ အင်္ဂလိပ်ကိုဖန်ဆင်းတယ်လို့ မဖော်ပြဘူး ။
လူတွေဟာ လူတွေကို လူတွေအဖြစ်နဲ့ မှန်မှန်ကန်ကန် မြင်ကြမယ်ဆိုရင် လူမှုပြသ၁နာတွေ တော်တော်နည်းခဲ့မှာပါ ။ လူတွေဟာ လူတွေကို လူတွေအဖြစ် မှန်မှန်မမြင်ခဲ့ကြဘူး ။ လူမျိုးစွဲတွေနဲ့ မြင်တယ် ၊ ဘာသာစွဲတွေနဲ့မြင်တယ် ၊ အသားအရာင် ၊ အဆင့်အတန်းခွဲခြားလိုမှုတွေနဲ့ လူတွေကိုကြည့်တယ် ၊ မြင်တယ် ။ အစွဲတွေပါလာတော့ အမှန်မမြင်တော့ဘူး ။ အမှန်မမြင်တော့ ပြသ၁နာတွေဖြစ်တယ် ၊ ပြသ၁နာတွေကနေပြီး ပဋိပက္ခတွေဖြစ်တယ် ။ ပဋိပက္ခတွေဖြစ်ရင် ငြိမ်းချမ်းခြင်းဆိုတာ လူ့လောကမှာ မရနိုင်တော့ဘူး ။ ဒါတွေဟာ လူတွေက လူတွေကို မှန်မှန်မမြင်နိုင်ကြလို့ ဖြစ်ရတာ . . . ။ ဒါကြောင့် . . . ဘုရားသခင်သည် . . . လူကိုဖန်ဆင်းတော်မူ၏ ဆိုတဲ့ စာကြောင်းဟာ အရေကြီးတဲ့စာကြောင်းဖြစ်တဲ့ အကြောင်းကို အကြီးအကဲက ရှင်းပြတော့မှ လူငယ်တွေက ကျေနပ်သွားကြတယ်လို့ ပြောသံကြားဖူးတာပဲ။
မြန်မာပြည်က ဗုဒ္ဓစာပေတွေမှာတော့ လူကို ခန္ဓာငါးပါး (ရုပ် ၊ ဝေဒနာ ၊ သညာ ၊ သင်္ခါရ ၊ ၀ိဥာဏ် ) ရှိသူ . . . ၊ မြင်မှု ၊ ကြားမှု အစရှိတဲ့ အတွင်းအပ အာယတန (၁၂)ပါးရှိတဲ့သူ ၊ ရုပ်သဘော ၊ နာမ်သဘော ၊ ရုပ်ဓာတ် ၊ နာမ်ဓာတ် တွေရှိတဲ့သူ အဖြစ်ပဲ မြင်ပြထားတယ် ။ ဘယ်လူမျိုးဖြစ်ဖြစ် ၊ ဘယ်ဘာသာဝင်ဖြစ်ဖြစ်၊ ဘယ်လိုဘာသာမဲ့သူပဲဖြစ်ဖြစ် ၊ ဘယ်လိုအသားအရောင်ပဲရှိတဲ့လူမျိုးပဲ ဖြစ်ဖြစ် ဆိုတဲ့ခန္ဓာ၊ အာယတန ရုပ်ဓာတ် နာမ်ဓာတ်တွေ စုဝေးနေတဲ့ ခန္ဓာ ကိုယ်တွေရှိနေတယ်လို့ မြင်တယ် ။ အဲဒီလို အစုဝေးဖြစ်ပေါ်နေတဲ့ လူဟာ ကောင်းတာတွေလုပ်ရင် ကောင်းကျိုးတွေ ဖြစ်ပေါ်စေမယ်လို့ မြင်တယ် ။ လူတိုင်းလူတိုင်းမှာ ဒီခန္ဓာတွေ ၊ ဒီအာယတနတွေ၊ ဒီဓာတ်သဘောတွေရှိနေတဲ့အတွက် လူတွေဟာ လူတွေအချင်းချင်း ဘာမှ အထင်သေးစရာ လည်းမရှိဘူး ၊ မုန်းတီးစရာလည်းမရှိဘူးလို့မြင်တယ် ။ ဗုဒ္ဓစာပေတွေမှာ တွေရတဲ့ လူနဲ့ ပတ်သက်တဲ့အမြင်ဟာ လူမျိုးစွဲ ၊ ဘာသာစွဲ ၊ အသွေးအရောင် စွဲတွေကင်းတဲ့ အမြင်ဖြစ်တယ် ။ ဒီအစွဲတွေကင်းလွတ်စွာနဲ့ လူတွေကိုကြည့်မြင် တတ်ရင် လူမှုပဋိပက္ခတွေ အများကြီး လျော့နည်းသွားမှာ . . . ။
Subscribe to:
Posts (Atom)