Sunday, January 10, 2010
မိခင်၏နှောင်ကြိုးကိုဖြေပါအံ့
ံသည်းစွာသောအနာကို
ကုစားပါအံ့
သမီး၏လုံ့လ ဝီရိယဖြင့် နာလန်ထူပါစေအံ့...
မွေးကျေးဇူးကို မသိတတ်သော
ထိုသူတို့အား
သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို သမီးအားပေးပါလေ...
တွေ့ရအံ့သော
ဘေးရန်တို့ကို သမီးထီမည်မဟုတ်...
တစ်ဘဝတွင် တစ်ခါသာသေရသည်ဖြစ်၍
အဘယ်နည်းနှင့်သေရသည်ဖြစ်စေ သမီး၌မထူးခြား...
သမီး၏ စိတ်ကူးတို့သည်
အကယ်အဖြစ်သို့ ရောက်သောအချိန်တွင်
အသင်တို့သည်လည်း ပျော်မြူးကြရမည်...
အခြားအခြားသော သူတို့၏
ရှုတ်ချခြင်း ကဲ့ရဲ့ခြင်း မုန်းတီးရွံရှာခြင်း
နာမည်ဖျက်ခြင်းတို့ကို သမီး အလျဉ်း ဂရုမပြု...
မိခင်ထံမှ
ဒါမှငါ့သမီး ဟူသော ကျုးရင့်သံကိုသာ တောင့်တပါ၏...
လောကတွင် မိခင်၏ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။ ။
(အောင်ဆန်းစုကြည်)
သူငယ်ချင်းတို့ဖတ်ဖို့
မိသားစုဝင်နည်းနည်းနဲ့ အဆင်ပြေမှုတွေ ပိုများလာတယ်၊ ဒါပေမယ့် အချိန်တွေ နည်းကုန်ကြတယ်။
ကျွန်တော်တို့မှာ ဘွဲ့လက်မှတ်တွေများများ ပိုင်ဆိုင်လာတယ်၊ ဒါပေမယ့် ယေဘုယျအသိတွေ နည်းလာတယ်။
ဗဟုသုတတွေ များလာတယ်၊ ဒါပေမယ့် ဝေဖန်ပိုင်းခြားမှုတွေ နည်းလာတယ်။
ကျွန်တော်တို့မှာ တတ်ကျွမ်းသူတွေ များများရှိတယ်။ ဒါပေမယ့် ပြဿနာတွေ ပိုများလာတယ်။
ဆေးတွေ များများစားစား ရှိတယ်။ ဒါပေမယ့် ကျန်းမာရေးကောင်းတဲ့သူတွေ နည်းလာတယ်။
ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ သုံးဖြုန်းနေကြတယ်။ရယ်တာတော့ အတော်နည်းသွားပြီ။
ကားမောင်းတာ အတော်မြန်လာကြတယ်။ဒေါသဖြစ်ဖို့ အတော်လေးမြန်လာပြီ။
အိပ်ယာဝင်တာ နောက်ကျလွန်းတယ်။စာဖတ်တာ အတော်လေးနည်းတယ်။
ရုပ်မြင်သံကြားတော့ အတော်ကြည့်ကြသား။ ဘုရားရှိခိုးတာ အတော်နည်းလာပြီ။
ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို တိုးပွားဖို့လုပ်ခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ တန်ဖိုးတွေတော့ လျော့လာကြတယ်။
ကျွန်တော်တို့ စကားကို ရွှန်းရွှန်းဝေအောင် ပြောကြတယ်။ မေတ္တာတွေနည်းလာပြီ။ လိမ်တာညာတာတော့ မကြာခဏပဲ။
ကျွန်တော်တို့ နေထိုင်ဖို့အတွက် သင်ယူခဲ့ကြတယ်။ ဒါပေမယ့် ဘ၀အတွက်မဟုတ်ဘူး။
ကျွန်တော်တို့ သက္ကရာဇ်မှာ ဘ၀ကို မြှုပ်နှံနေကြတယ်။ ဘ၀အတွက် သက္ကရာဇ်တွေကို အသုံးမချနိုင်ဘူး။
ကျွန်တော်တို့မှာ ကြီးမားတဲ့အဆောက်အဦးတွေ ရှိတယ်။ ဒါပေမယ့် စိတ်ရှည်သည်းခံနိုင်မှုဟာ အတော်သေးကွေးလာတယ်။
ကျယ်ပြန့်တဲ့ လမ်းမကြီးတွေ ရှိတယ်။ ဒါပေမယ့် အမြင်တွေ ရှုထောင့်တွေ သေးသိမ်လာတယ်။
ကျွန်တော်တို့ များများသုံးလာတယ်။ ဒါပေမယ့် နည်းနည်းပဲ ရတယ်။
ကျွန်တော်တို့ အလှူအတန်းတွေ အများကြီးပြုလာနိုင်တယ် ။ ဒါပေမယ့် သဒ္ဒါတရားမပါလို့ လှူချင်စိတ်တွေနည်းသွားကြတယ် ။
ကျွန်တော်တို့ များများစားစား ၀ယ်လာတယ်။ ဒါပေမယ့် ကျေနပ်မှုကတော့ အတော်နည်းတယ်။
ကျွန်တော်တို့ လဆီကို သွားဖို့၊ ပြန်ဖို့ နည်းလမ်းတွေရှိတယ်။
ဒါပေမယ့် လမ်းကူးပြီး အိမ်နီးနားချင်းဆီသွားဖို့ အတော်ခက်နေတယ်။
ကျွန်တော်တို့ အပြင်အာကာသကို ကြီးစိုးနိုင်တယ်။ ဒါပေမယ့် အတွင်းအဇ္ဈတ္တကို မပိုင်နိုင်ဘူး။
ကျွန်တော်တို့ အက်တမ်ကို ခွဲခြမ်းနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အာဂါတ တရားကို မဟုတ်ဘူး။
ကျွန်တော်တို့ များများရေးတယ်။ ဒါပေမယ့် လေ့လာမှုတွေနည်းလာတယ်။ စီမံကိန်းတွေများတယ်။ ပြီးမြောက်တာ နည်းတယ်။
ကျွန်တော်တို့ ခပ်သုတ်သုတ်လုပ်ဖို့ သင်ယူကြတယ်။ ဒါပေမယ့် စောင့်စားတတ်ဖို့ မပါဘူး။
ကျွန်တော်တို့ မြင့်မားတဲ့ဝင်ငွေတွေ ရှိလာတယ်။ ဒါပေမယ့် သေးသိမ်တဲ့ စိတ်ဓါတ်တွေနဲ့။
ကျွန်တော်တို့ သတင်းအချက်အလက်များသိမ်းဖို့ ကော်ပီများများပွားဖို့ ကွန်ပြူတာတွေထွင်ခဲ့ကြတယ်။
ဒါပေမယ့် အဆက်အသွယ်တော့ နည်းလာကြတယ်။
ကျွန်တော်တို့ အရည်အတွက်များများ ထုတ်နိုင်ကြတယ်။ ဒါပေမယ့် အရည်အသွေး နည်းနည်းနဲ့။
အသင့်စားအစားအစာတွေ ခေတ်စားနေတယ်။ အစာချေဖျက်နိုင်မှုက အတော်နှေးလာတယ်။
လူ ခပ်မြင့်မြင့်တွေ ဖြစ်ပေမယ့် စရိုက်တွေက ခပ်သိမ်သိမ်ပဲ။
အားလပ်ချိန် ပိုလာပေမယ့် ပျော်ရွင်မှုတွေ နည်းလာတယ်။
အစားအစာအမျိုးအစားများလာပေမယ့် အဟာရတွေနည်းလာတယ်။
နှစ်ယောက်စာ ၀င်ငွေတွေဖြစ်လာပေမယ့် လင်မယားကွာရှင်းမှုတွေများလာတယ်။
လှပတဲ့ အိမ်ယာတွေမှာ ကျိုးပျက်နေတဲ့ အိမ်ထောင်တွေနဲ့။
ဒါကြောင့် ကျွန်တော် တင်ပြချင်တာက ဒီနေ့ကစပြီး ထူးခြားတဲ့အခြေအနေအတွက်ဆိုပြီး ဘာပစ္စည်းကိုမှ မသိမ်းပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ နေ့တိုင်းဟာ ထူးခြားတဲ့ နေ့ထူးနေ့မြတ်တွေပါပဲ။
အသိတရားအတွက် ရှာဖွေပါ။ စာများများဖတ်ပါ။
သင့်အိမ်ရှေ့ ၀ရံတာမှာထိုင်ပြီး သင့်လိုအပ်ချက်တွေကို အာရုံမထားဘဲ မြင်ရတဲ့ မြင်ကွင်းကို ခံစားကြည့်ပါ။
သင့်မိသားစုနဲ့ သူငယ်ချင်းတွေ အတွက် အချိန်များများ သုံးပါ။
သင်ကြိုက်တဲ့ အစားအစာကို စားပါ။ သင် နှစ်သက်တဲ့နေရာတွေကို သွားပါ။
ဘ၀ဆိုတာ ပျော်ရွှင်မှုတွေနဲ့ စီကုံးထားတဲ့ ကဗျာတစ်ပုဒ်ပါ။ အသက်ရှင်ရုံ သက်သက်မဟုတ်ပါဘူး။
သင်သိမ်းဆည်းထားတဲ့ တန်ဖိုးရှိတဲ့ပစ္စည်းတွေ၊ ရေမွှေးတွေကို အခုပဲသုံးလိုက်ပါ။
သင်ဟာအမှန်တကယ်လှူသင့်တဲ့နေရာမှာ လှူချင်စိတ်လေးပါထည့်ပြီးလှူလိုက်ပါ ။
နောက်ပြီး သင်လိုမယ်ထင်တဲ့အချိန်တိုင်းမှာ သုံးပါ။
သင်ရဲ့ အဘိဓာန်ထဲက `တစ်နေ့နေ့´ တို့၊ `တစ်နေ့ရောက်ရင်´ ဆိုတာတွေကို ဖယ်ရှားလိုက်ပါ။
ကျွန်တော်တို့ရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေကို ကျွန်တော်တို့ ဘယ်လောက်ချစ်ကြောင်း ပြောကြရအောင်။
သင့်ဘ၀ကို ပျော်ရွင်စေမယ့်၊ ဘ၀အမောပြေစေမယ့် အရာတွေအားလုံးကို နောက်မကျပါစေနဲ့။
နေ့တိုင်း၊ အချိန်တိုင်း၊ မိနစ်တိုင်းဟာ ထူးခြားနေပါတယ်။
နောက်ပြီး အဲဒါဟာ ဘယ်လောက်ကြာကြာခံမလဲဆိုတာ သင်တို့မသိပါဘူး။
အကယ်၍ သင်ချစ်တဲ့သူဆီကို ဒီစာ ပို့ဖို့ အချိန်မပေးနိုင်သေးဘူး ဆိုပြီး သင် တစ်နေ့နေ့တော့ ဒီစာကို ပို့မှာပါလို့ပြောနေရင်တော့ အဲဒီတစ်နေ့နေ့ဆိုတဲ့ အချိန်မှာဒီစာကို ပို့ဖို့ သင်ဒီမှာ ရှိချင်မှရှိတော့မယ်။
ဒေါ်အောင်ဆန်းစုကြည်(သို့မဟုတ်) မြန်မာပြည်သူလူထုနဲ့ နအဖ စစ်အုပ်စု အတွက်ကံကောင်းခြင်းလက်ဆောင်
တခါတခါကျတော့လည်း ဗိုလ်သန်းရွှေတို့စစ်အုပ်စု ဖိနှိပ်ရက်စက်နေ တာတွေကိုကြည့်ပြီး ‘ငိုအားထက် ရယ်အားသန်’ ဆိုသလို ဖြစ်မိတာ လေးတွေ ရှိတယ်။ ဥပမာပြောရရင် ကုန်ဈေးနှုန်းကျဆင်းရေး တောင်း ဆိုတဲ့ ကိုထင်ကျော်တို့၊ ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး တောင်း ဆိုတဲ့ ဗိုလ်ကြီးဟောင်း ကိုညွန့်ဇော်တို့ကို ဖမ်းတုန်းကဆို နအဖလက် ကိုင်တုတ် ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေက လမ်းပေါ်မှာ (၀က်တ ကောင်ကို ၀ိုင်းချုပ်ပြီး ဖမ်းသလို) ရုပ်ပျက်ဆင်းပျက် ပက်လက်ကြီး သယ်သွားပြီး ဒိုင်နာကားပေါ်ကို အတင်းအဓမ္မ ပစ်တင်နေပုံမျိုး …၊
ထန်းမနိုင်ရွာသူလေး မစုစုနွေးကို လှည်းတန်းမှာ ဖမ်းတုန်းကဆိုလည်း (ဒစ္စကာဗာရီထဲမှာ ကြည့်ရတဲ့ ခွေးအ, တွေ သားကောင်ကို ၀ိုင်းပြီးခဲသလို) လမ်းသွားလမ်းလာ ပြည်သူတွေကြားထဲမှာ နအဖလက်ကိုင်တုတ်တွေ ဖြစ်တဲ့ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေက ယိုသူမရှက် မြင်သူရှက်ဆိုသလို ၀ိုင်းဆွဲနေကြပုံမျိုး …၊
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထိန်းသိမ်းချင်လို့ ဉာဏ်နီဉာဏ်နက်ထုတ် လုပ် ဆောင်တုန်းကလည်း ကြံရာမရတဲ့အဆုံး သူတို့ရဲ့ လုံခြုံရေးတွေ ထူထပ်စွာရှိနေတဲ့ ခြံထဲ အမေရိကန်နိုင်ငံ သား ဂျွန်ယက်တောကို (မသိချင်ယောင်ဆောင်) ပေးဝင်ပြီး ထောင်ဖမ်းတာမျိုးတို့ပေါ့။ တွေးကြည့်ရင် စစ်အုပ် စုရဲ့ လုပ်ကွက်တွေဟာ တော်တော်လေး ရယ်စရာကောင်းသလို လူမြင်ကွင်းကြီးတွေမှာ အရူးအထာနဲ့ ကလေး ကလားအလုပ်တွေ လျှောက်လုပ်နေတယ်လို့လည်း မြင်မိပါတယ်။
တကယ်ဆိုရင် လူကြီးလူကောင်းဆန်ဆန် ဖမ်းလည်း ရတာပါပဲ။ ကိုထင်ကျော်တို့၊ ကိုညွန့်ဇော်တို့၊ မစုစုနွေး တို့အနားကို တာဝန်ရှိတဲ့ အာဏာပိုင်ပုဂ္ဂိုလ်တယောက်လောက် ချဉ်းကပ်သွားပြီး “ကျနော် ဘယ်သူပါခင်ဗျာ၊ ဘာကြောင့် အခုလို ဆန္ဒပြရတာပါလဲ။ ကျနော်တို့ ပြေရာပြေကြောင်း ဆွေးနွေးချင်ပါတယ်။ ကျနော်တို့နဲ့ ခ ဏလောက် လိုက်ခဲ့ပေးပါ” ဆိုလည်း ဘာလက်နက်မှ မပါတဲ့ ကိုထင်ကျော်တို့၊ ကိုညွန့်ဇော်တို့၊ မစုစုနွေးတို့က မလိုက်ဘဲနေလို့ရမလား၊ လိုက်ရမှာပဲပေါ့။ အဲသလိုဆိုရင် ရုပ်ပျက်ဆင်းပျက်လည်း မဖြစ်၊ တဦးနဲ့ တဦးကြား တင်းမာမှုလည်း မဖြစ်ဘဲနဲ့ ပြဿနာကို အေးအေးဆေးဆေး ဖြေရှင်းပြီးသားဖြစ်သွားမှာပါ။
အခုတော့ ပြဿနာရဲ့ ဇစ်မြစ်ကို ပြေလည်အောင် ဖြေရှင်းမပေးချင်ဘဲ ဆန္ဒပြပွဲတွေ ကြီးထွားလာမှာကို အ ကြောက်လွန်တာတခုတည်းနဲ့ ကလေးကွက်တွေ လျှောက်လုပ်တော့ အခြေအနေက ပိုမဆိုးသင့်ဘဲ ဆိုးကုန် တာပေါ့။ စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတွေလည်း ပိုပိုပြီး တိုးများကုန်တာပေါ့။
တကယ်တော့ ကြံ့ဖွံ့၊ စွမ်းအားရှင်တွေ ကလေးကလား လုပ်ကွက်တွေ လျှောက်လုပ်သလိုမျိုး သူတို့ရဲ့ ခေါင် ချုပ်ကြီးဖြစ်တဲ့ ဗိုလ်သန်းရွှေ ကိုယ်တိုင်လည်း လုပ်တာပါပဲ။ ကိုယ့်နိုင်ငံအရေးကို အလုပ်ရှုပ်ခံပြီး ကြားဝင်ဖြေ ရှင်းပေးတဲ့ နိုင်ငံတကာက ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေကို တွေ့ချင်တဲ့အခါ ထွက်တွေ့လိုက်၊ မတွေ့ချင်တဲ့အခါ ဘု ရားဖူးချင်ယောင်ဆောင်ပြီး ရှောင်နေလိုက် ဒါမှမဟုတ် နေပြည်တော်တင်းကုပ်ထဲမှာ နွားစာစဉ်းနေရလို့ မ အားဘူးဆိုတဲ့အထာနဲ့ ရူးချင်ယောင်ဆောင်နေလိုက်နဲ့ ရှက်ရကောင်းမှန်းမသိတော့ဘဲ လုပ်ချင်သလိုကို လုပ် နေတော့တာလေ။
ဗိုလ်သန်းရွှေနဲ့ နောက်တော်ပါတွေ အဲဒီလို အရူးအထာနဲ့ လျှောက်လုပ်နေလို့ကော တိုင်းပြည်မှာ ဖြစ်ပျက်နေ တဲ့ ပြဿနာအ၀၀က ပြေလည်သွားဆိုတော့ မပြေလည်တဲ့အပြင် မြန်မာပြည်သူတွေခမျာ တနေ့တခြား ပိုပို ငတ်လာပြီး နအဖလည်ပင်းကိုလည်း ပြဿနာကြိုးကွင်းတွေက တကွင်းပြီးတကွင်း လာစွပ်နေတော့တာမ ဟုတ်လား။ အဲဒီလာစွပ်နေတဲ့ ကြိုးကွင်းတွေဟာ တချိန်ချိန်မှာ နအဖစစ်အုပ်စုကို အပြီးတိုင် ညှစ်သတ်မယ့် ကြိုးကွင်းတွေဆိုလည်း မမှားပါဘူး။
ဗိုလ်သန်းရွှေတို့အရင် တခြားနိုင်ငံတွေမှာ ပြုတ်ကျသွားခဲ့ကြတဲ့ အာဏာရှင်တွေဆိုလည်း အဲသလို လာစွပ်တဲ့ ပြဿနာကြိုးကွင်းတွေကို မဖယ်ရှားနိုင်ဘဲ တရစ်ပြီးတရစ် တိုးလာ၊ တင်းလာတဲ့အဆုံး နောက်ဆုံးမှာ ကိုယ့် တပ်ကိုယ်တောင် မထိန်းနိုင်တော့ဘဲ ခွေးပြေးဝက်ပြေး ပြေး ဒါမှမဟုတ် ခွေးသေ၀က်သေ သေခဲ့ကြရတာမ ဟုတ်လား။ သိပ်ဝေးဝေးကိုသွားပြီး နမူနာမယူပါနဲ့၊ ပင်ပန်းပါတယ်။ ဖိလစ်ပိုင်က မားကို့စ်၊ ရိုမေးနီးယားက နီ ကိုလိုင်ချောင်ဆက်စကူးနဲ့ အင်ဒိုနီးရှားက ဆူဟာတို တို့ရဲ့ ဖြစ်အင်တွေကို ကြည့်ပြီးတော့ပဲ မြန်မြန်နမူနာယူ လိုက်ပါ။
ဗိုလ်သန်းရွှေတို့စစ်အုပ်စုလည်း အခုလို အရူးအထာနဲ့ ထင်ရာမြင်ရာတွေ ဆက်လုပ်နေဦးမယ်ဆိုရင် နောက် ဆုံးမှာ အဲဒီပုဂ္ဂိုလ်တွေသွားတဲ့ လမ်းစဉ်နောက်ကိုပဲ မလွဲမသွေ လိုက်ကြရမှာပါ။ ဘာဖြစ်လို့လဲဆိုတဲ့ နအဖ လည်ပင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုကြိုးကွင်း၊ စစ်ရာဇ၀တ်မှုကြိုးကွင်း၊ ကုန်းဈေးနှုန်းပြဿနာကြိုးကွင်း၊ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်ခံရမှုကြိုးကွင်း၊ အာဏာအလွဲသုံးစားမှုကြိုးကွင်း၊ အကျင့်ပျက်ခြစားမှုကြိုးကွင်း … စတဲ့ … စတဲ့ မမြင်ရတဲ့ ကြိုးကွင်းပေါင်းစုံက တကွင်းပြီးတကွင်း လာစွပ်နေတာပါ။ အဲသလို မျက်စိထင်ရှား မ မြင်ရတဲ့ ကြိုးကွင်းကြီးတွေ လည်ပင်းလာစွပ်နေတာကို နအဖစစ်ခေါင်းဆောင်တွေ အမြော်အမြင်ရှိရှိ မရှုမြင် တတ်ကြလို့သာ အခုလို မျက်ကန်းတစ္ဆေမကြောက် လုပ်ချင်ရာတွေ လျှောက်လုပ်နေကြတာပါ။ မြင်တတ်မယ် ဆိုရင် လုပ်ရဲကြမှာမဟုတ်ပါဘူး။
ဗိုလ်သန်းရွှေအနေနဲ့ အာဏာလက်မလွှတ်ရမီ အသက်ကြီးပြီး သေသွားခဲ့လည်း ဒေါ်ကြိုင်ကြိုင်နဲ့ သားသမီး တွေ၊ သူချစ်လှပါချည်ရဲ့ဆိုတဲ့ မြေးတော်လေး နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်တို့တတွေကတော့ အဲဒီကြိုး ကွင်းတွေ တင်းရစ်လာမယ့် ဒဏ်ကို မရှုမလှခံကြရဦးမှာပါ။ ဗေဒင်မေးပြီး ယတြာခြေမနေပါနဲ့ အလုပ်ရှုပ်ပါ တယ်။ အာဏာရှင် ဗိုလ်နေ၀င်းနဲ့ မြေးတော်တွေရဲ့ ဖြစ်အင်ကိုပဲ သံဝေဂမျက်စိနဲ့ အနီးကပ် ရှုကြည့်လိုက်ပါ။
ဗိုလ်သန်းရွှေနဲ့ ဆွေတော်မျိုးတော်တွေအားလုံး အဲဒီလို ကြိုးကွင်းတွေစွပ်ပြီး ဘ၀ကို ပိုးစိုးပက်စက် အဆုံးမ သတ်ချင်ဘူးဆိုရင် အဲဒီကြိုးကွင်းတွေကို နည်းမှန်လမ်းမှန် ဖယ်ရှားနိုင်မယ့် လုပ်ရပ်မျိုးကို အမြန်ဆုံးလုပ်မှဖြစ် ပါမယ်။ နည်းမှန်လမ်းမှန် ဖြေရှင်းဖို့ဆိုရာမှာလည်း ကလေးကလားမလုပ်ဘဲ လူကြီးလူကောင်းဆန်ဆန် ပြည် သူလူထုက လေးစားကြည်ညိုတဲ့ ခေါင်းဆောင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ညှိနှိုင်းဖြေရှင်းမှသာ အဲဒီကြိုး ကွင်းတွေက ပြေလျော့နိုင်မှာပါ။
ဒီနေ့ဒီအချိန်အခါမှာဆိုရင် နအဖစစ်အုပ်စု စွပ်နေတဲ့ ကြိုးကွင်းတွေကို ကူညီပြီး ပြေလျော့အောင်လုပ်ပေးမယ့် ခေါင်းဆောင်တွေလည်း မြန်မာနိုင်ငံမှာ ပေါ်ထွက်နေပါပြီ။ အဲဒီခေါင်းဆောင်တွေရဲ့ အကူအညီကို ရယူပြီး တော့သာ လူကြီးလူကောင်းဆန်ဆန် ဆွေးနွေးညှိနှိုင်း အဖြေရှာမယ်ဆိုရင် ဗိုလ်သန်းရွှေတို့ စစ်အုပ်စုရဲ့ လည် ပင်းမှာ လာစွပ်နေတဲ့ ကြိုးကွင်းတွေဟာ တကွင်းပြီးတကွင်း ပြောလျော့ကုန်မှာ အမှန်ပါ။ အဲဒီလို ပြေလျော့စေ အောင် ကူညီနိုင်မယ့် အဓိကပုဂ္ဂိုလ်ကတော့ နိုင်ငံတနိုင်ငံမှာ ပေါ်တောင့်ပေါ်ခဲ တိုင်းရင်းသားလူမျိုးပေါင်းစုံက လည်း ယုံကြည်ကိုးစားတဲ့၊ နိုင်ငံတကာကလည်း အသိအမှတ်ပြု လက်ခံတဲ့ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါ တယ်။
ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး ယနေ့မြန်မာနိုင်ငံမှာ ရှိနေတာဟာ အကျပ်အတည်းဆိုက်နေတဲ့ မြန်မာ နိုင်ငံရဲ့ ပြဿနာအ၀၀ကို ဦးဆောင်ဖြေရှင်းပေးနိုင်မယ့်သူ ဒါမှမဟုတ် မြန်မာပြည်သူလူထုအတွက် ကံ ကောင်းခြင်းလက်ဆောင်တခု ရထားခြင်းပဲဖြစ်ပါတယ်။ အထူးသဖြင့် ကြိုးကွင်းပေါင်းစုံစွပ်ပြီး လည်ပင်းအစ် နေတဲ့ နအဖစစ်အုပ်စုအတွက် ပိုပြီးတော့တောင် ကံကောင်းခြင်းလက်ဆောင် ဖြစ်နေတယ်ဆိုရင် မှားမယ်မ ထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နအဖစစ်အုပ်စုချည်းပဲ မဖြေရှင်းနိုင်တဲ့ ပြဿနာအ၀၀ကို ဒေါ်အောင်ဆန်း စုကြည်ရဲ့ အကူအညီနဲ့မှ ပြေလည်အောင် ဖြေရှင်းနိုင်မှာမို့ပါ။ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုတွေရဲ့ ဒေါ သတွေကို နှစ်သိမ့်ပြီး နအဖလည်ပင်းက ကြိုးကွင်းတွေကို တကွင်းပြီးတကွင်း ဖြုတ်ပေးမယ့်သူဟာ ဒေါ် အောင်ဆန်းစုကြည်မှလွဲ အခြားသူ မရှိလို့ပဲဖြစ်ပါတယ်။
အဲဒါကြောင့်မို့ မင်္ဂလာနှစ်သစ်မှာ နအဖစစ်အုပ်စုကို အကြံပေးချင်တာက တရုတ်ကြီးကိုလည်း ခြေသလုံး သွားဖက်မနေပါနဲ့၊ ကုလားကြီးကိုလည်း ခြေသလုံး သွားဖက်မနေပါနဲ့၊ အထည်ကြီးပျက် ရုရှားကိုလည်း ခြေ သလုံး သွားဖက်မနေပါနဲ့၊ အရင်က မတည့်ခဲ့တဲ့ အမေရိကန်ကိုလည်း ခြေသလုံး ပြန်ဖက်ဖို့ ကြိုးစားမနေပါနဲ့။ တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက်ကော နအဖစစ်အုပ်စုရဲ့ ရေရှည်အကျိုးစီးပွားတွေအတွက်ကိုပါ ကြည့်ပြီး အ မှန်အကန် ခြေသလုံးဖက်ချင်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြေသလုံးကိုသာ အမြန်ဆုံး ပြေးဖက် လိုက်ပါတော့လို့ ကောင်းသောအကြံကို ပြုချင်ပါတယ်။
နအဖစစ်ခေါင်းဆောင်တွေအနေနဲ့ မိန်းမတယောက်ရဲ့ ခြေသလုံးကိုတော့ မဖက်နိုင်ပါဘူးဆိုတဲ့ တလွဲမာန မျိုးတွေ မထားသင့်တော့ပါဘူး။ အခုလို တိုင်းပြည် အကြီးအကျယ် အကျပ်အတည်းဆိုက်နေချိန်မှာ ပြဿနာ အ၀၀ကို ကူညီဖြေရှင်းပေးနိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးရဲ့ ခြေသလုံးကို ဖက်တာဟာ ရှက်စ ရာလည်း မဟုတ်ပါဘူး။ ဖက်ခွင့်ရတာကိုက စစ်ခေါင်းဆောင်တွေအတွက် ကံကောင်းတာပါ။ ဒီလိုမှန်ကန်တဲ့ ခြေသလုံးဖက်ခြင်းကသာ ကြိုးကွင်းတွေ တကွင်းပြီးတကွင်း စွပ်ပြီး လည်ပင်းအစ်နေတဲ့ နအဖအတွက်ရော အငတ်ငတ် အပြတ်ပြတ်ဖြစ်ပြီး ဒုက္ခပင်လယ်ဝေနေတဲ့ မြန်မာပြည်သူလူထုအတွက်ပါ ကောင်းသောအကျိုးရ လဒ်ကို ဖြစ်ထွန်းစေမှာဖြစ်ပါတယ်။
အဲဒါကြောင့်မို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အတွင်း မှီတင်းနေထိုင်တဲ့ တိုင်း ရင်းသားပြည်သူလူထုတရပ်လုံးအတွက် ကံကောင်းခြင်းလက်ဆောင်ဖြစ်သလို နအဖစစ်အုပ်စု ထွက်ပေါက် ကောင်း ရရှိစေဖို့အတွက်လည်း ပိုလို့တောင် ကံကောင်းခြင်းလက်ဆောင် ဖြစ်နေတယ်ဆိုတာကို ထင်သာမြင် သာအောင် မီးမောင်းထိုးပြလိုက်ရပါတယ်ဆိုရင် မိကျောင်းမင်း ရေခင်းပြတယ်လို့ မထင်မှတ်ကြစေလို။ ။
ဒေါက်တာလွဏ်းဆွေ
Posted by ဒေါက်တာလွဏ်းဆွေ at 12:43 PM 0 comments
Labels: ဆောင်းပါး
Mayonnaise ပုလင်းနဲ့ကော်ဖီ(၂)ခွက်
သင့်ဘ၀မှာ အရာရာဟာ ကိုင်တွယ်ထိမ်းချုပ်ရတာ ခက်ခဲနေတယ်ဆိုရင်၊တစ်နေ့မှာရှိတဲ့
(၂၄)နာရီဟာ သင့်အတွက်မလုံလောက်တော့ဘူးလို့ထင်တယ်ဆိုရင် “ Mayonnaise ပုလင်းနဲ့
ကော်ဖီ(၂)ခွက်“ကို သတိရလိုက်ပါ..။
mynonise

ပြောဖို့ ခက်ပါတယ်
တရံရောခေါက ဘုရင်ကြီးတစ်ပါးရှိသတဲ့။ ဒါ အနောက်တိုင်း ပုံပြင်တွေရဲ့ ပြောရိုးပြောစဉ် နိဒါန်းပါ။
ကျနော်တို့ မြန်မာပုံပြင်မှာကျ ဒီလို မဟုတ်ပြန်ဘူး။ ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်ကြီးမှာ
ဗြဟ္မာဒတ်မင်းကြီး အုပ်စိုးသတ့။ဲ ကဲကဲ ... ပုံပြင် ဆက်ကြဦးစို့။ ဘုရင်ကြီးရဲ့ ဘေးနားမှာ
သက်တော်စောင့်တွေ အများကြီး ရှိတဲ့ အထဲမှာမှ တစ်ယောက်ကိုသူ့ရဲ့ အပါးအတ်ာမြဲ အနေနဲ့
ခန့်အပ်ထားသတဲ့။ သဘောက ဘုရင်ကြီးရဲ့ အနားမှာ ထပ်ကြပ်မကွာ အမြဲနေခွင့်ရသပေါ့ကွယ်။
ဘယ်သွားသွား၊ ဘယ်လာလာပေါ့။ သူဟာ ပညာလည်းရှိတယ်၊ ဘုရင်ကြီးကိုလည်း အကြံကောင်း
ဉာဏ်ကောင်းတွေ ပေးတတ်တော့ ရှင်ဘုရင်က သဘောတော်ခွေ့တာပေါ့ကွယ်။ ဒါကြောင့်လည်း
ဘယ်သွားသွား ခေါ်သွားသတဲ့။
တစ်နေ့တော့ ရှင်ဘုရင် မွေးထားတဲ့ ခွေးဟာ ဘုရင်ကြီးရဲ့ လက်ညိုးကို ကိုက်လိုက်သတဲ့။
နောက်နေ့တွေတော့ လက်ညိုးဟာ ရောင်ကိုင်းပြီး နောလည်း အတော်လေး ရင်းလာတယ်။
ဘုရင်ကြီးက သူ့ အပါးအတ်ာမြဲကိုမေးတယ်။
" မောင်မင်း၊ ငါကိုယ်တော်မြတ် မွေးတဲ့ခွေးက ငါ့ကို ပြန်ကိုက်တယ်ဆိုတော့ ဒါ မကောင်းတဲ့
အတိတ်နိမိတ်ပဲ မဟုတ်လား" တဲ့။
"ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့ အပါးအတ်ာမြဲက
ပြန်အဖြတယ်။
နောက်တော့ လက်ညိုးရဲ့ အနာက အခြေအနေ အတော်လေးဆိုးလာတော့ ဘုရင်ကြီးဟာ သူ့ရဲ့
လက်ညိုးကို ဖြတ်ပစ်လိုက်ရတယ်။
"ဟယ် ငါ့ကိုယ်တော်ရဲ့ လက်ညိုးတော် ဖြတ်ပစ်လိုက်ရပြီ။ ဒါ မကောင်းတဲ့ လက္ခဏာပဲ၊ မောင်မင်း။
ဘယ်လို အဆိုးတွေများ ကြုံလာဦးမလဲ မသိဘူး။ လျှောက်စမ်းပါဦး" လို့ ဘုရင်ကြီးက သူ့
အပါးတော်မြဲကို အကြံဉာဏ်တောင်းသတ့။ဲ
"ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့ပဲ အပါးတော်မြဲက
ထပ်ဖြေလိုက်တယ်။ လက်ညိုးတော် ပြတ်လို့ စိတ်တိုနေရတဲ့ကြားထဲ ဒီကောင်က အခုထိ
စကားအကောင်းမပြောဘူးဆိုပြီး ဘုရင်ကြီးက အတော်လေးတင်းသွားတယ်။ ဒါနဲ့ အဲ့ဒီ
အပါးတော်မြဲကို ထောင်ချပစ်လိုက်တယ်။
တစ်နေ့တော့ ဘုရင်ကြီးဟာ တောထဲကို အမဲလိုက်ထွက်သတဲ့။ စာစကားနဲ့ဆို
တောကစားထွက်တာပေါ့ဗျာ။ သမင်ကို သဲကြီးမဲကြီး လိုက်ဖို့ပဲ အားသန်နေတော့ တစ်ယောက်တည်း
လိုက်ရင်းလိုက်ရင်းနဲ့ပဲ တောဖွက်ခံလိုက်ရတယ်။ တောထဲမှာ လမ်းပျောက်သွားတယ်။ ဆက်သွားလေ
တောနက်လေ ဖြစ်နေတယ်။ ကံများ ဆိုးချင်တော့ တောထဲမှာ နေကြတဲ့ လူရိုင်းတွေဟာ သူ့ကို တွေ့ပြီး
ဖမ်းသွားတယ်။
သူတို့ကတော့ ဘုရင်မှန်း ဘယ်သိမှာလဲ။ လူရိုင်းဆိုတော့လည်း ဘုရင်ဆိုတာ ဘာကောင်မှန်းတောင်
သိမှာ မဟုတ်ဘူး။ သူတို့ရဲ့ ဓလေ့က လူတစ်ယောက်ယောက် ဖမ်းပြီး နတ်ဘုရားကို ယဇ်ပူဇော်ရတယ်။
ယဇ်ပူဇော်ဖို့ သတ်မယ်လို့ ကြံရွယ်နေတုန်းမှာပဲ သူတို့ရဲ့ အကြီးအကဲ သတိထားမိသွားတာက
ဘုရင်ကြီးမှာ လက်ညိုးတစ်ချောင်းမပါဘူး ဆိုတာပဲ။ အင်္ဂါမစုံတဲ့ လူတစ်ယောက်ကို ယဇ်ပူဇော်ရင်
နတ်ဘုရားက စိတ်တိုလိမ့်မယ်ဆိုပြီး ဘုရင်ကြီးကို ပြန်လွှတ်ပေးလိုက်တယ်။ ဘုရင်ကြီး နန်းတော်ကို
ပြန်ရောက်တော့ သူ့ အပါးတော်မြဲ ပြောတဲ့ "ကောင်းသလား၊ ဆိုးသလား ပြောဖို့ခက်ပါတယ်" ဆိုတဲ့
စကားကိုသွားသတိရတယ်။ အကယ်၍သာ သူ လက်ညိုး မပြတ်ခဲ့ဘူးဆိုရင် တောထဲမှာ
ယဇ်ပူဇော်ခံရလို့ သေပြီလေ။
ဒါနဲ့ ပညာရှင်လေး အပါးတော်မြဲကို ပြန်လွှတ်ပေးဖို့ အမိန့်ပေးလိုက်တယ်။ နောက်ပြီး ဘုရင်ကြီးက
စိတ်လိုက်မာန်ပါ လုပ်မိတဲ့အတွက် သူ့ကို တောင်းပန်စကား ပြောတော့တယ်။ စိတ်မကောင်းတဲ့
မျက်နှာနဲ့ တောင်းပန်စကားပြောနေတဲ့ ဘုရင်ကြီးကို စိတ်တစ်ချက်မကွက်ဘဲ "အရှင်မင်းကြီး အခုလို
ဖမ်းထားတာ ကျွန်တော်မျိုးအတွက် အကျိုးယုတ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး ဘုရား" လို့
လျှောက်တင်လိုက်တယ်။
ဒီစကားကို ကြားရတော့ ဘုရင်ကြီး အတော်လေး အံ့အားသင့်သွားတယ်။ ဘာကြောင့်ပါလိမ့်လို့လဲ
အတော်လေး စဉ်းစားရခက်သွားတယ်။ အပါးတော်မြဲက သူ အဖမ်းခံထားရတာ အဆိုးချည်း
မဟုတ်ပါဘူးလို့ ဘာလို့ ပြောတာလဲ။
ဒီလိုလေ။ အကယ်၍သာ ဘုရင်ကြီးက အပါးတော်မြဲကို ချုပ်နှောင်မထားဘူးဆိုရင် အခုလို
တောကစားထွက်တော့ သူလည်း ဘုရင်ကြီးနဲ့အတူ ထပ်ကြပ်မကွာ လိုက်ပါရမှာပေါ့။ ဘုရင်ကြီးကို
ယဇ်ပူဇော်ဖို့ မသင့်လျော်ဘူးလို့ လူရိုင်းတွေက ဆုံးဖြတ်လိုက်တာနဲ့ နောက်တစ်ယောက်ခေါ်ပြီး
သတ်မှာပဲ။ ဒါဆိုအပါးတော်မြဲ အလှည့်လေ။ သူသာ ဘုရင်ကြီးနဲ့ လိုက်သွားခဲ့ရင် အသက်ခံရမှာတော့
မုချမသွေပါပဲ။
ပုံပြင်လေးကတော့ ဒါပါပဲ ခင်ဗျာ။
------------------------------
ပုံပြင်လေးရဲ့ အနှစ်သာရ
ဒီလောကမှာ ဖြစ်ပျက်နေတဲ့ အရာမှန်သမျှကို ဒါအကောင်းပဲ၊ ဒါအဆိုးပဲလို့ တရားသေ သက်မှတ်လို့
မရကောင်းပါဘူး။ တခါတလေမှာ အကောင်းတွေဆိုပီး ဆုတ်ကိုင်ထားတဲ့ အရာတွေဟာ ကံကြမ္မာ
အလှည့်အပြောင်းကြောင့် အဆိုးတွေ ဖြစ်သွားတတ်ပါတယ်။
ကံကောင်းတာတွေ ကြုံလာတိုင်းမှာ ကျေကျေနပ်နပ်ကြီး ခံစားလိုက်ပါ။ ဒါပေမယ့် အတင်းအကျပ်ကြီး
ဖက်တွယ် မထားပါနဲ့။ အသက်ရှင်နေတုန်းမှာ ကြုံကြိုက်ခွင့်ရတဲ့ ဆုလဒ်တစ်ခုအနေနဲ့ ခံယူလိုက်ပါ။
အဆိုးတွေ ကြုံလာခဲ့ရင်ကော။ သိပ်ဝမ်းနည်း ပူဆွေးမနေပါနဲ့။ အပြစ်ဒဏ် ချမှတ်ခံနေရတယ်လို့
ယူဆနေမယ့်အစား လောကဓံကို ခံနိုင်ဖို့ စခန်းသွင်း လေ့ကျင့်နေတယ်လို့ မှတ်ယူလိုက်ပါ။
တကယ်တမ်းတော့ အဲ့ဒီလောက်ကြီး မဆိုးရွားဘူးဆိုတာ သိလာပါလိမ့်မယ်။
အဲဒီလို ခံယူနိုင်တဲ့ လူတစ်ယောက်ရဲ့ ဘ၀ဟာ အများကြီး ပေါ့ပါးလွတ်လပ်နေပါလိမ့်မယ်။
လူတစ်ယောက်ဟာ ပြီးပြည့်စုံဖို့ဆိုရင် မိတ်ဆွေစစ်၊ မိတ်ဆွေမှန် တကယ် လိုအပ်ပါတယ်။ ကိုယ့်ကို
နားလည်ပေးမယ်။ ချစ်ခြင်းမေတ္တာတွေ မျှဝေခံစားမယ်။ ၀မ်းနည်းမှုတွေကို အတူတကွ
ကျော်လွှားမယ်။ ဘ၀တစ်လျှောက်လုံး ကိုယ့်ဘက်က ရပ်တည်ပေးမယ်ဆိုတဲ့ မိတ်ဆွေစစ်တွေ
တကယ့်ကို လိုအပ်တာပေါ့။ မိတ်ဆွေစစ်ဆိုတဲ့ အထဲမှာ မိဘ၊ ဆရာသမား၊ သူငယ်ချင်း၊ ချစ်သူ နဲ့
ဘ၀လက်တွဲဖော် တွေ ပါပါတယ်။
မိတ်ဆွေစစ်တွေဟာ အမြဲ မှန်လိမ့်မယ်လိုတော့ သင် မမျှော်လင့်လိုက်ပါနဲ့။ အမှားလည်း ရှိနိုင်ပါတယ်။
ဒါပေမယ့် သေချာတာကတော့ မှားပါစေတော့လို့ သူတို့ ရည်ရွယ်ခဲ့မှာ မဟုတ်ဘူး။

တစ်ခါတစ်လေတော့လဲ
၁။ခုရေးကြီးတာတွေဟာ နောင်ကော အရေးကြီးဦးမှာလား၊
ကိုယ်လုပ်နေတာ၊ လုပ်ရမယအလုပ်တွေက သိပ်အရေးကြီးနေတယ်လို့ထင်ရင် အချိန်ရွှေ့
ကြည့် လိုက်ပါ။ အခုကိစ္စတွေက နောင်တစ်နှစ်အကြာမှာ ဘာတွေဖြစ်လာမလဲ။
ဘယ်လိုဖြစ်လာမလဲ ဆိုတာမျိုး စဉ်းစားလိုက်တာကို အချိန်ရွှေ့တယ်လို့ခေါ်တာပါ။
အဲလိုရွှေ့ကြည့်လိုက်ရင် အရေးကြီးတယ်ဆိုတဲ့ ထင်နေတဲ့ ကိစ္စတွေဟာ
အရေးမကြီးတော့တာကိုတွေ့ရပါမယ်။ ကားပျက်သွားတာ၊ မီးမလာတာ၊ ခြေထောက်ကျိုးသွားတာ၊
လူကြီးအဆူခံရတာ.စတအဲ သေးအဖွဲတွေကို ကိုယ်ရဲ့စိတ်ထဲ ထည့်မိလို့  စိတ်ရှုပ်ရတာ
လူတိုင်းဖြစ်ဖူးမှာပါ။ အဲဒါတွေကြောင့်စိတ်ပင်ပန်းမခံပါနဲ့။
ကိုယ့်စိတ်ဓာတ်အင်အားကျဆင်းပါတယ်။ အရင်နှစ်တွေက ဖြစ်ရပ်တွေပြန်စဉ်းစားကြည့်ပါ။
အခုတော့ ဘာဖြစ်သေးလဲ။ ကြုံသမျှကို ပေါ့ပေါ့တန်တန် ဖြတ်ကျော်ဖို့ အဖြစ်ကလေးလုပ်ပြီး
အချိန်ကုန်အောင်စောင့်နေဖို့ပြောတာမဟုတ်ပါဘူး။ အဲလိုလုပ်နေရင် အလုပ်ပြုတ်မှာပါပဲ။
လျှောမွှေးကို ဗာရာဏသီမချဲ့ဖို့ပြောတာပါ။ ဘ၀ကိုအရှိအတိုင်း လက်ခံဖို့ပြောတာပါ။
ပြသနာရှိရင်လဲ ရှိနေတယ်လို့ အသိအမှတ်ပြုလိုက်ပါ။ အသေးအမွှားကို အကြီးမချဲ့ဖို့
အရေးကြီးကြောင်း ပြောတာပါ။ စိတ်မကောင်းစရာ တွေကြုံလာရင်လက်ခံလိုက်ပါ။ ပြီးရင်
ပိုကောင်းမယ့်နည်းလမ်းကို စဉ်းစားဖို့သာဖြစ်ပါတယ်။ ပြသနာကို ဒီလိုချဉ်းကပ်လိုက်တော့
စိတ်ဆင်းရဲတာလည်းနည်းပါးသွားမယ်။ အောင်မြင်ရေးလမ်းစတွေလဲ တွေ့ လာလိမ့်မယ်။
လောကကြီးဟာ မတရားပါလားလို့ တွေးမိရင် မတရားမှုဆိုတာလဲရှိတတ်တာပဲ။
ငါတောာ့ခံလိုက်ရပြီ။ ငါ့လိုခံလိုက်ရတ့လဲူတွေအ များကြီးပဲလို့ တွေးလိုက်ပါ။ သူတို့အပေါ်
ကိုယ်ချင်းစာစိတ်မွေးပြီး ကူညီဖို့
နည်းလမ်းတွေရှာကြည့်ထားရမယ်၊ဒါမှကြုံရင်ကူညီနိုင်မှာဆိုတာမျိုးတွေးပါ။
၂။စိတ်ဖိစီးမှုကိုလျှော့ချပါ။
လောကမှာ ကပြောင်းကပြန်တွေတွေ့ ရတတ်ပါတယ်။ အလုပ်ပင်ပန်းလို့
စိတ်တင်းကျပ်နေတာကို တောင့်ခံထားတတ်တဲ့လူစားမျိုးကို ချီးမွမ်းချင်စိတ်ပေါ်လာတာမျိုးပေါ့။
ဖိစီးမှုဆိုတာ ၀န်ထုပ်ဝန်ပိုး ဖြစ်လာတတ် တာမို့  ကြာတော့ မနိုင်ဝန်ထမ်းမိတာဖြစ်လာတာပေါ့။
အဲဒီအခါမျိုးကျတော့လည်း ခံနိုင်ရည်အား တိုးမြှင့်ပေးသနားပါဆိုတာမျိုးတွေဖြစ်လာရော။
ဖိစီးမှုဆိုတဲ့ သဘောက ၀န်နဲ့အား၊ လေးနြဲ့မှား သဘောမျိုးမို့ များများခံနိုင်လေ
များများထမ်းရလေပါပဲ။ ဒဏ်ခံနိုင်အားကို တိုးမြှုင့်ပေးတာဟာ ကုထုံးမဟုတ်ပါဘူး။ ၀န်ထုပ်
ဝန်ပိုးတွေ များလာပြီလို့ သိလိုက်ရတဲ့အ ချိန်မှာ ကိုယ့်အရှိန် ကိုယ်လျှော့နိုင်ဖို့ပါပဲ။ လုပ်ရမယ့်
စာရင်းတွေ ကြည့်လိုက်ပါ။ သိပ်များလွန်းနေရင် ဘယ်အချက်မှာလျှော့ပြီး လမ်းခိုးလျှောက်
အသက်၀၀ရှုရမလဲဆိုတာ ကြည့်ပါ။ စိတ်ဖိစီးမှုဆိုတျာညသတ-ဘေူ န်နခအ ရှိပါတယ်။
နှင်းဖြူဖြူအခဲလေးကို လုံးပြီး ဆင်ခြေလျှောအတိုင်း ပစ်ချရင် လိမ့်ဆင်းရင်းဆင်းရင်းနဲ့
နှင်းခဲတွေထပ်ထပ်ကပ်ပြီး ကြာလေ အလုံးကြီးဖြစ်လာတတ်ပါတယ်။ အရွယ် ငယ်တုန်းမှာ ဖမ်းပြီး
ရပ်တန့်လို့ရပေမယ့် အလုံးကြီးပြီး အရှိန်သိပ်ရလာတဲ့အ ခါမျိုးကြရင် သူ့ သဘော
သူဆောင်တာကို ထိန်းဖို့ခက်ပါလိမ့်မယ်။ ဖိစီးမှုနဲ့ အလုပ်လုပ်ရတာ
ထင်သလောက်ခရီးမရောက်ပါဘူး။ တွန်းအားတွေရှိမှ ပိုအလုပ်လုပ်ဖြစ်တယ်ဆိုတာမှာ
အဲဒီတွန်းအားဟာာသအငလအေငသည ဖြစ်ပါတယ်။ှအမနျ ရှိနေရင် အလုပ်ကောင်းကောင်း မထွက်ပါဘူး။
ခဏလောက် စိတ်လွတ်ကိုယ်လွတ် နားပြီး အပန်းဖြေလိုက်။ ဖိစီးမှုတွေ လျှော့ပြီး လုပ်ရကိုင်ရတာ
ပိုပြီးတွင်ကျယ်လာတာတွေ့ လိမ့်မယ်။
၃။ သူမှန်တယ်လို့ သာ များများတွေး။
ဓမှန်ကန်မှုကိုလိုလားတာလား၊ ကိုယ့်ကျေနပ်မှုကိုလိုလားတာလားဓလို့  ကိုယ့်ကိုကိုယ်
ပြန်မေးနေ သင့်တဲ့ မေးခွန်းပါ။ ဓအမှန်တရားဟာ ကိုယ်အတွက် စိတ်ချမ်းသာစရာ ဖြစ်ချင်မှ
ဖြစ်မယ်၊ ကိုယ်ကျေနပ်နေတဲ့ အဖြေဟာ အမှန်တရား ဖြစ်ချင်မှဖြစ်မယ်။ဓ
မှန်တဲ့ဘက်ကပဲ ရပ်တည်နေရင် ပတ်ဝ န်းကျင်နဲ့ ထိပ်တိုက်တွေ့ ရတာတွေ ရိှလာတတ်ပါတယ်။
ကိုယ်မှန်ရင် သူများက မှားရတော့မယ်။ ဒီတော့ မှားတယ်အပြောခံရတဲ့လူကလဲ အပြင်းအထန်
ခုခံကာကွယ် တော့မယ်။ ကိုယ်ကလည်းပြန်ငြင်းရတော့မယ်။ သူတို့ ရဲ့အထင်မှား
အမြင်မှားတွေကို ရွေးချယ်သန့်စင်ပေးဖို့  တာဝန်ကြီးရှိသလိုပုံစံမျိုးနဲ့ ဆုံးမရတော့မယ်။ ဒီလို
တည့်မတ်ပေးလိုက်တဲ့အတွက် တဘက်လူမှာ အလိမ္မာတွေ တိုးပြီး ကိုယ့်ကိုကျေးဇူးတင်မယ်လို့ 
ထင်နေတယ်မလား။ မှားပါတယ်။ တက်တက်စင်မှားပါတယ်။ ကိုယ့်ကို အဲဒီလို
တိုက်ခိုက်ချေချွတ်ခြင်းခံလိုက်ရတဲ့အဲ ခါမျိုးမှာ အဲဒီလိုကျေးဇူးတင်ဖူးလို့လား။ လူဆိုတာကိုယ်ကပဲ
ဆရာကြီးလုပ်ချင်တာ၊ ကိုယ့်လာဆရာလုပ်ရင် မုန်းတတ်ကြတာ။ အမှန်တရားဆိုတာ
ကိုယ်လက်ခံပြီး ရပ်တည်ပေးရမယ်ဆိုတာ မှန်ပါတယ်။ ႔န်ယ ႀကအ ဆိုတာမ်ိဳးန့ ဲ
ချဉ်းကပ်သင့်ပါတယ်။ ကိုယ့်ခံယူုချက်မပြောင်းဘဲ မေတ္တာထားပြီး အလျှော့ပေးကြည့်ပါ။ သူ့
ဘက်ကကြည့်ရင် မှန်ကောင်းမှန်နေလိမ့်မယ်လို့ တွေးကြည့်ပါ။
နောက်တစ်ခုကသည်းခံလိုက်ပါ။ သည်းခံတတ်ဖို့ဆိုတာ လေ့ကျင့်ယူရ၊ မွေးယူရပါတယ်။ ကိုယ်က
စိတ်တိုတတ်တ့လဲူ၊ စိတ်ဆတ်တ့သဲူ ဆိုရင် ဓငါးမိနစ်ကျင့်စဉ် ဓကို စမ်းကြည့်ပါ။
စိတ်တိုမိတော့မယ်ဆိုတာနဲ့ ဒီငါးမိနစအတွင်း ငါဘာမဆိုသည်းခံလိုက်တော့မယ် ဆိုတာမျိုး
ဆုံးဖြတ်လိုက်ပါ။ အဲဒီလို ငါးမိနစ်လေးပေါင်း များစွာ ဖြစ်လာရင် သည်းခံရဲတဲ့
အကျင့်ရလာပါလိမ့်မယ်။တော်ရုံတန်ရုံ သည်းခံနိုင်စွမ်းရှိလာရင်ပဲ အောင်မြင်မှု တွေရလာပါမယ်။
သေရေးရှုင်ရေးမဟုတ်တဲ့ အသေးအဖွဲလေးတွေမှာ သည်းခံနိုင်ဖို့က နှလုံးသွင်းတတ်ဖို့ လိုပါတယ်။
ဘယ်လိုလဲဆိုတော့ဓ ဒါဟာ အသေးအဖွဲပဲ၊ သည်းခံလိုက်ရင်ရတယ်ဓလို့  နှလုံးသွင်းတတ်ဖို့ပါ။
၎။ ကိုယ့်ဘက်ကစလျှော။့
တစ်ယောက်န့တဲ စ်တယောက် ခွန်းကြီးခွန်းငယ်တွေ ဖြစ်လာတဲ့အခါမှာ ဓငါမှန်တာပဲ၊
ငါ့ဘက်က ဘာလို့ စလျှော့ရမှာလဲ၊ သူလာတောင်းပန်ပစေပေါ့ ဓဆိုတာမျိုး
သဘောထားတတ်ကြပါတယ်။ လာပြီးမတောင်းပန်သရွေ့ လည်း မကျေနိုင်မချမ်းနိုင် ဖြစ်ပြီး
စိတ်ထဲမှာ အကျိတအခဲကြီးဖြစ်တတ်ပါတယ်။ ဒီအသေးအမွှားလေးကြောင့် ကိုယ့်စိတ်ထဲမှာ
အနာတရဖြစ်နေရတာကို စဉ်းစားလိုက်ပါ။ သူလည်းပဲ စိတ်ဆင်းရဲနေမှာပဲ၊ ကိုယ့်ဘက်ကစပြီး
လျှော့လိုက်ရတာ ဘာဝန်လေးတာမှတ်လို့  ဆိုတာမျိုး စဉ်းစားကြည့်လိုက်ပါ။
ငြိမ်းချမ်းမှုတစ်ခအတွက် ခြေလှမ်းတစ်လှမ်း စလှမ်းလိုက်ရတာ ကောင်းတဲ့အလုပ်ပါ။
ကိုယ့်ဘက်ကလျှော့လည်း သူကတင်းမာနေမြဲပဲ ဆိုရင်ကော။ကိုယ့်ဘက်ကလျှော့လိုက်ရင်
ကိုယ့်စိတ်ငြိမ်းချမ်းမယ်။ သူ့အပူ သူဆက်မွေးမမွေးဆိုတာ သူ့ တာဝန်၊ သူ့ အလုပ်ပါ။
အသေးအမွှားကိုမေ့တတ်ပြီး စိတ်ငြိမ်းချမ်းမှုကို တည်ဆောက်ယူနိုင်တာ ကိုယ့်အရည် အချင်း၊
ကိုယ့်အမြတ်ပါ။
၅။ ကိုယ့်ကိုယ်ကို မကန့်သတ်ပါနဲ့။
ဒါကိုငါလုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ စကားဟာ ဓနံရံဓ ဖြစ်ပါတယ်။လေးဘက်လေးတန်
နံရံကြီးဖြစ် ပါတယ်။ ဒီနံရံကို ကိုယ်တိုင်တည်ဆောက်လိုက်တာပါ။ အပျက်သဘောနဲ့
ကိုယ့်ကိုယ်ကိုယ် ကန့်သတ်လိုက် တာပါ။မကန့် သတ်ပါန့။ဲ မလုပ်နိုင်ပါဘူး။ လုပ်ရင်လဲဖြစ်မှာ
မဟုတ်ဘူးဆိုတာ ကိုယ့်စိတ်ကို ကန့်သတ်လိုက် တာပါ။ ကန့်သတ်လိုက်တာနဲ့ တပြိုင်နက်
ဟိုတုန်းကကျရှုံးခ့တဲာတွေကိုပဲ ပြန်တွေးမိလျက်သားဖြစ်သွားမှာပါ။
စာရေးဆရာဖြစ်ချင်ပေမယ့် ငါစာမရေးတတ်ပါဘူးလို့တွေးပြီး ဘာမှမရေးဖြစ်တ့လဲူတွေအပုံကြီးပါ။
ကျွန်တော့အတွေ့ အကြုံအရပြောရရင် ဃသာစကအနမ စတဲ့ကျွမ်းကျင်မှုဆိုင်ရာတွေ xxxxxxxလေ့လာတော့မယ်
ဆိုရင် ကိုယ့်ထက်ပိုတော်တ့လဲူတွေကြည့်ပြီး ဓငါကသူ့ လိုမတော်ဘူး၊ ဖြစ်မှာမဟုတ်ပါဘူးလို့ဓ
အားလျှော့ပြီး ဆက်မလုပ်ဖြစ်တာပါ။ အဲလိုလူတွေရှိတယ်ဆိုရင် အထိရောက်ဆုံးအကြံပေးပရစေ။
ဓကိုယ်လုပ်မယ့်ပညာရပ်(သို့မဟုတ်) အလုပ်ကိုစိတ်ဝင်စားမှုအပြည့်နဲ့
တတ်မြောက်ချင်တယ်ဆိုတဲ့ထဲ က်သန်စိတ်နဲ့ လူတိုင်းမွေးတည်းက မတတ်ဘူး၊ သူများလုပ်နိုင်ရင်
ငါလဲလုပ်နိုင်ရမယ်ဆိုပြီး ဇွဲ ရှိရှိ ကြိုးစားပါ ဓ။ ဒီစကားဟာကျွန်တော်လက်တွေ့
ကျင့်သုံးလို့အကျိုးရှိလို့ မိတ်ဆွေတို့ကိုပြောတဲ့ တန်ဖိုးရှိတဲ့စ ကားပါ။
နောက်တစ်ခုက ကျွန်တော့ကို လူတစ်ယောက်ကပြောဘူးတယ်။ ဓလောကမှာကိုယ့်ရဲ့စွမ်းအင်တွေ
ကိုနှိမ်ထားတာ တစ်ယောက်ပဲရှိတယ်တ့၊ဲ အဲဒါ မိမိကိုယ်တိုင်ပါပဲ ဓတ့။ဲ စိတ်စေရာ ဖြစ်နေ၊
လှုပ်ရှားနေရတဲ့ လူ့ ဘ၀မှာကိုယ့်ရဲ့စိတ်စွမ်းအင်ကို ကောင်းကောင်းအသုံးချနိုင်တဲ့လူက တစ်နေ့မှာ
သူဖြစ်ချင်တာတွေ ဖြစ်လာမှာပါ။
အကြောင်းပြချက်တွေအမျိုးမျိုးပေးပြီး ကိုယ့်ကိုယ်ကိုယ် ကန့်သတ်နေတာဟာ မိမိကိုယ်ကိုယ်
ပြန်နှိပ်စက်နေ သလိုဖြစ်ပါလိမ့်မယ်။
၆။အရှုပ်ထဲမှာရှင်းအောင်နေ။
မုန်တိုင်းဆိုတာ လေပွေဝဲကတော့ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ ရဲ့ဗ ဟိုချက်ဖြစ်တဲ့ နပန ဉ်
ွှ့နှအမသာ ဟာလုံးဝငြိမ်နေပါတယ်။ အရှုပ်အထွေးကြားမှာ အေးဆေးတည်ငြိမ်စွာနေလို့ရတဲ့
နေရာရှိသေးတယ်ဆိုတဲ့ သဘောကိုတွေးယူပါ။ လူမှုလောကရဲ့ ပြသနာအရှုပ်အထွေးကြားမှာ
တည်ငြိမ်အေးချမ်းတဲ့ေ နရာကို လေ့ကျင့်ယူ ရပါတယ်။ ရှာချင်စိတ်လဲရှိနေဖို့ လိုအပ်ပါတယ်။
လေ့ကျင့်ရင်းန့ဲဘာအရှုပ်အထွေးနြဲ့ကုံကြုံ ခေါင်းအေးအေးနဲ့ နေနိုင်လာတာတွေ့ လာမယ်။
မုန်တိုင်းအလယ်မှာ နေထိုင်နည်းကိုရလာမယ်။
၇။ ရေထဲက ငါး၊ ပိုက်ထဲက ငါး။
စိတ်ရောဂါ အတိုင်ပင်ခံတွေဆီ ရောက်လာကြတဲ့ ဓလူနာ ဓ အများစုဟာ ကိုယ်လုပ်နိုင်တာထက်
ကိုယ်လုပ်ချင်တာအပေါ် ပိုပြီး အာရုံရောက်နေကြတ့သဲူတွေပါ။ ဓလောဘအရင်းခံတဲ့
အပျက်စိတ်ပါပဲ။ဓ မရောင့်ရဲ တတ်တဲ့လူဟာ ဆင်ကိုမျိုချင်တဲ့
မြွေလိုပဲဆိုတဲ့ေ ရှးစကားတစ်ခုရှိပါတယ်။ လောဘနောက်ကိုလိုက်ရင်း လိုက်ရင်းနဲ့လုပ်ချင်တာ၊
လိုချင်တာ၊ ဖြစ်ချင်တာတွေများပြီး ကြာတော့လောကကြီးကို အပျက်မြင်လာတဲ့
မပျော်ရွှင်သူကြီးဖြစ်လာပါတယ်။ ကိုယ့်မှာတကယ်ရှိတာကို အာရုံစိုက်လိုက်ရင်
ဒီပြသနာရှင်းသွားပါတယ်။ ကိုယ့်ချစ်သူကိုမကျေနပ်ဖြစ်လာရင် သူ့
ကောင်းကွက်ကလေးကိုတွေးကြည့်ပါ။ နိုင်ငံခြားကကျောင်း မတက်နိုင် သေးရင်
တက်နိုင်တဲ့သ င်တန်းအရင်တက်ပါ။ ၀င်ငွေနည်းတယ်လို့ ထင်ရင် အလုပ်ရှိတာတော်သေးတယ်လို့
တွေးပါ။ အလုပ်က စိတ်ပျက်စရာကောင်းတယ်၊အောက်တန်းကျတယ်လို့ ထင်ရင် အဲဒီအလုပ်ကိုပဲ
စိတ်ဝင်တစားနဲ့ ကောင်းကောင်းလုပ်ကြည့်ပါ။
ရေထဲကငါးဟာ ကိုယ့်ဟာမဟုတ်၊ ပိုက်ထဲက ငါးသာကိုယ့်ငါး ဆိုတ့သဲ ဘောကို နားလည်နိုင်ပါစေ။
၈။ရောက်ရာအရပ်မှာပျော်အောင်နေ။
ဘ၀ဆိုတာ မျှော်လင့်ချက် တစ်ခုပြီးတစ်ခု ကူးပြီးရှင်သန်နေတာဖြစ်တယ်လို့
ပြောကြတယ်။ ပညာရှိ တစ်ဦးကတော့ ဘ၀ဆိုတာ မျှော်လင့်ချက်အိမ်မက်တွေမက်ရင်း
လုပ်ရပ်တစ်ခုမှတစ်ခု ကူးပြောင်းသွားတာလို့ ဆိုတယ်။ ႊ့နမန တငူူ ဘန ေ ဘနအအနမ အသာသမမသတ.
ဆိုတ့စဲ ကားမျိုးဟာ မျှော်လင့်ချက်နဲ့ ရှင်သန်လိုစိတ်ကို တွန်းအားပေးပါတယ်။ လူဆိုတာ
တစ်နေ့တော့ ကောင်းလာမှာပါ။ှသာနိပျေသာနအ့ငညါ တငူ အကမည ကစ. ဆိုတဲ့
မျှော်လင့်ချက်မျိုးကိုထားကြစမြဲပါ။တစ်ချို့ ကအဲဒီလိုကောင်းလာဖို့ ပြင်ဆင်မှုတွေလုပ်ကြတယ်။
တစ်ချို့ကြတော့ ကံကောင်းလာဖို့ ကိုပဲ ထိုင်စောင့်နေတတ်ကြတယ်။
ဘာပဲဖြစ်ဖြစ် အခုလက်ရှိအဆင့်ကိုတော့မေ့လို့မရဘူး။ လက်ငင်းအခြေအနေမှာ
ပျော်အောင်တတ်မှ ရှေ့ ဆက်ဖို့ အားအင်တွေရှိလာမယ်။ကိုယ်တကယ်နေထိုင်ရတာ
ပစ္စုပန်ဘ၀အဆင့်ဖြစ်ပါတယ်။ ဒအဆင့်မှာ မပျော်ဘဲ နောက်အဆင့်ကျမှ ပျော်မယ်လို့
ဆုံးဖြတ်ထားတ့လဲူဟာ မပျော်ရဖို့ များပါတယ်။ လက်ရှိကိုယ့်ဘ၀ အဆင့်ကို မွေ့ လျော်စိတ်နဲ့
ဖြတ်သန်းရင်း ရှေ့ ဆက်တက်ဖို့ ကြိုးစားတာပဲကောင်းပါတယ်။
၉။လုပ်တတ်ဖို့ လိုသည။်
ီသည္လအ တသမု့ မေိနမယ တသမျုာမေအနမ ဆိုတဲ့ စကားလေးက တိုတိုနဲ့ 
တော်တော်တာသွားပါတယ်။ ဆန်စဉ်ရာကျည်ပွေ့ လိုက်နေရရင်
ကြုံတာတွေအားလုံးကောက်လုပ်နေရရင် လူတော်မဖြစ်ဘဲ၊ လူလျှော်ဖြစ် သွားမယ်။
၁ဝ။ဘာအရေးကြီးဆုံးလဲ စဉ်းစား၊
ဘယ်ဟာကို ဘယ်အချိန် အပြီးလုပ်ရမလဲ ဆုံးဖြတ်၊
အချိန်ဇယားဆွဲ၊
လုပ်စရာရှိတာကိုဘယ်လိုလုပ်ရမလဲ၊ ဘယ်သူ့ တွေကို တာဝန်ခွဲဝေထမ်းဆောင်ခိုင်းမလဲ၊
အနှောင့်အယှက်တွေကို စိတ်မာမာနဲ့ ရင်ဆိုင်ငြင်းဆို၊
အဲဒီလို လုပ်ရာမှာ အလုပ်ပိုတွင်မယ့်ခေတ်ပေါ်ပစ္စည်းကိုသုံး။
အဲဒါမျိုးကှိုာမေအျွှသမုငညါ လို့ ခေါ်တယ်။
၁၁။ ရေးကြီးခွင်ကျယ်ကိုရှောင်..ဘ၀ဆိုတာ
အရေးပေါ်လုပ်ငန်းမဟုတ်
လူတော်တော်များများဟာ အလုပ်ကိုပဲ ရေးကြီးခွင်ကျယ်လုပ်ပြီးအလုပ်န့ ပဲ
လုံးထွေးရစ်ပတ်ပြီး မိသားစု
ကိုမေ့ထားတတ်ကြတယ်။ဘ၀မျှော်မှန်းချက်တွေကိုနေ့စဉ်လုပ်ငန်းနဲ့ဖုံးဖိတတ်တယ်။
လုပ်စရာတွေပေါ်လာတိုင်း လိုက်ဖြေရှုင်းရင်းနဲ့  စိတ်ငြိမ်ဆေးတွေ သောက်ပြီး ရပ်တည်ရတဲ့ဘ ၀ကိုရောက်ရတယ်။
ကျွန်တော် အပါအ၀င် ဘယ်သူမဆို အသေးအဖွဲကို ပုံကြီးချဲ့ ဖူးကြတာပါပဲ။
အနီးကပအသေးအဖွဲကိုပဲမြင်တတ်ရင် အရှည်အဝေးကို မေ့တတ်ပါတယ်။
သစ်ပင်ကိုပဲဂရုစိုက်နေရင် သစ်တောကိုမေ့သွားလိမ့်မယ်။ ပေါ့ပေါ့ပါးပါး အေးအေးချမ်းချမ်း
နေတတ်ဖို့ ကြိုးစားသင့်ပါတယ်။ အားလုံးအရေးကြီးတယ်ဆိုတဲ့  အဖြစ်မျိုးကို
ပြန်စစ်ဆေးသင့်ပါတယ်။ တချို့ အသေးအဖွဲတွေကို အသေးအဖွဲလို့ပဲ မြင်တတ်အောင်ကြိုးစားပါ။
လမ်းတွေ့ သမျှကို လိုက်ကြည့်ပြီး စိတ်ဝင်တစား လုပ်နေရင် လိုရာခရီးမရောက်ဘူးဆိုတာ
သတိရပါ။
၁၂ ။ ကိုယ့်ဘ၀ထဲမှာ ပေါက်စတွေကော၊
အရွယ်အိုတွေရောရှိနေတာ တွေးကြည့်ပါ။
ဒီနည်းလမ်းကတော့ သူတပါးအပေါ်မှာ မကျေနပ်စိတ်တွေ ပေါ်လာတဲ့အခါမှာ
အောင်အောင်မြင်မြင် သုံးနိင်တဲ့ နည်းဖြစ်ပါတယ်။ ကိုယ့်အပေါ်
စိတ်ဒုကပေးနေတ့တဲ စ်စုံတစ်ယောက်ကို ကလေးပေါက်စ တစ်ယောက် အဖြစ်
စိတ်ကူးထဲမြင်အောင်ကြည့်လိုက်ပါ။ ဘာမှမသိသေးတဲ့ လူမမယ်လေးပေါ့။ ပြီးရင်အဲဒီလူကိုပဲ
နောက်ထပ် နှစ်ရှစ်ဆယ်လောက် ထည့်ပေါင်းပြီး လူအိုကြီးတစ်ယောက်အသွင် မြင်ကြည့်လိုက်ပါ။
ကလေးဆိုတာ ဘာမှမသိ လို့မှားကြတာ၊ လူအိုကြီးတွေကျတော့ အတိတ်ကမှားခဲ့တာကိုတွေးပြီး
ဝမ်းနည်းကြေကွဲနေတာ။ အဲဒီလို တွေးကြည့်ရင်မေတ္တာစိတ်တွေ
စီးဝင်လာပါလိမ့်မယ်။ခွင့်လွှတ်နိုင်လာပြီး စိတ်နှလုံးအေးချမ်းသွားပါလိမ့်မယ်။ အပျက်စိတ်တွေ၊
ဒေါသတွေပေါ်လာရင် ဒီလို ကုစားကြည့်ကြပါ။
(မှတ်ချက် အီးမေး တစ်ခု မှ ကူးယူဖော်ပြပါသည်။)

Subscribe to:
Posts (Atom)