မြန်မာအစိုးရ ကျင်းပမယ့် ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့ သတင်းရရှိပါတယ်။
၂ဝဝ၉ ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံး အပြင်ဘက်တွင် ကျဆုံးလေပြီးသော လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံများ ကိုင်ဆောင်ကာ ၆၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: AFP)
“ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆက်အသွယ်လုပ်တဲ့ သံအရာရှိ ပုဂ္ဂိုလ်တယောက် ဝင်သွားတယ်တဲ့။ အာဇာနည်နေ့အတွက်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ခါတိုင်းလို အစဉ်အလာအရ ဖိတ်တာ ဖြစ်မယ်လို့ ထင်ပါတယ်။ ဖိတ်စာတော့ ရမယ်လို့ ထင်ပါတယ်”
NLD ပါတီဌာနချုပ်မှာလည်း အာဇာနည်နေ့ အခမ်းအနားကို သီးသန့် ကျင်းပဖို့ရှိပြီး အဲဒီ အခမ်းအနားအပြီးမှာ NLD လူငယ်အဖွဲ့ဝင်တွေ အာဇာနည်ဗိမာန်ကို သွားရောက် ဂါရဝ ပြုကြမယ်လို့လည်း သိရပါတယ်။ အဲဒီ အစီအစဉ်မှာ NLD လူငယ်အဖွဲ့ဝင်တချို့က ဒေါ်အောင်ဆန်းစုကြည်ကို သူတို့နဲ့ အတူ လိုက်ပါစေချင်ကြကြောင်း သိရပါတယ်။
sources: :http://www.rfa.org