Saturday, January 1, 2011

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်သစ်နှုတ်ခွန်းဆက်

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ ပြည်သူလူထု တရပ်လုံးနဲ့ တကမ္ဘာလုံးက မြန်မာ့ ဒီမိုကရေစီရေး ထောက်ခံသူ အားလုံးကို နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောလိုက်ပါတယ်။

(Photo: AFP)
၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် စောင့်မျှော်ကြိုဆိုနေသူများကို နေအိမ်ခြံတံခါးမှ နှုတ်ဆက်နေစဉ်။ (Photo: AFP)
ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူ တရပ်လုံးရဲ့ ထောက်ခံအားပေးမှုကို အထူး ကျေးဇူးတင်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

အခု လာမယ့် ၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး လိုလားနေတဲ့ လူ့အခွင့်အရေးတွေနဲ့ ဒီမိုကရေစီ အဆောက်အအုံတွေ တိုးပွား၊ ကြီးပွား ခိုင်မာလာနိုင်ပါစေလို့ ကျမ အနေနဲ့ ဆုတောင်း မေတ္တာပို့လိုက်ပါတယ်။ ပြည်သူပြည်သား အားလုံးကလည်း စိတ်ဓာတ်အသစ်တွေနဲ့ ကိုယ့်နိုင်ငံ တိုးတက်ရေးအတွက် ဆက်လက်ပြီးတော့ ကြိုးပမ်းကြမယ်လို့လည်း ကျမ ယုံကြည်ပါတယ်။ အားလုံး ကျန်းမာ ချမ်းသာကြပါစေလို့ အခု အာအက်ဖ်အေ ကနေ တဆင့် ဆုတောင်းမေတ္တာ ပို့လိုက်ပါတယ်ရှင်"

sources : : RFA