Monday, December 14, 2009

နိုင်ငံရေးဟာသများ

ကလေးတို့သိတဲ့ သူရဲကောင်း
တစ်ခါက သွားလေသူ ဘဘဗိုလ်ချုပ်ကြီးက မူလတန်းကျောင်းလေးတစ်ကျောင်းကို
မာလ်တီမီဒီယာ ကလိုစ့်ရွမ်းဆိုလား ဖွင့်ပွဲရှိလို့သွားသတဲ့။ ဖွင့်ပွဲအပြီးမှာ
ကျောင်းအုပ်ကြီးနဲ့အတူ ဘဘဗိုလ်ချုပ်ကြီးက ကျောင်းသားတွေကိုရင်းရင်းနှီးနှီးနဲ့
နှုတ်ဆက်ပါသတဲ့။
ကျောင်းသူ၊ကျောင်းသားတွေကလည်း လက်အုပ်လေးတွေချီပြီး ဘဘဗိုလ်ချုပ်ကြီး
ဆိုပြီးနှုတ်ဆက်ကြနဲ့ပေါ့။
၆၂
အဲ ... ဘဘဗိုလ်ချုပ်ကြီးက ဘယ်လိုစိတ်ကူးပေါက်သွားတယ်မသိ၊ မြန်မာရာဇဝင်
ထဲက ထင်ရှားကျော်ကြားတဲ့ သူရဲကောင်းကြီးတစ်ယောက်လောက် ပြောပြပါဦး
လို့မေးသတဲ့။
ကျောင်းသား၊ ကျောင်းသူတွေဆီက ဘာသံမှမထွက်လာတော့ ကျောင်းအုပ်ကြီး
မျက်နှာဟာ ဆီးရွက်လောက်ပဲရှိတော့သတဲ့။
ဘဘဗိုလ်ချုပ်ကြီး။ ။ “သားတို့သမီးတို့ မေ့နေကြတယ်ထင်တယ်။ ဘဘ
အစဖော်ပေးမယ်။ အဲဒီသူရဲကောင်းကြီးက ဓားရေးလှံရေး ကျွမ်းကျင်တယ်လေ။
သူနာမည်က ကျန် နဲ့စတယ်လေ ...”
ဆိုတော့ ...
ကျောင်းသားလေးတစ်ယောက်က သူသိတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ လက်ထောင်ပြ
တော့မှ ကျောင်းအုပ်ကြီးလဲ ရင်ထဲကအလုံးကြီး ကျသွားပါသတဲ့။ ဒါပေမဲ့
ဘဘဗိုလ်ချုပ်ကြီးက “သားသိရင် ဖြေစမ်းပါဦးကွ” လို့ပြောလိုက်လို့ တပည့်
ဖြစ်သူရဲ့အဖြေစကားကိုကြားပြီး ကျောင်းအုပ်ကြီးရော ဘဘဗိုလ်ချုပ်ကြီးပါမျက်နှာ
မည်းကနဲ ဖြစ်သွားပါသတဲ့။
မောင်ညီမလေးတို့ရေ
ကျောင်းသားလေးဖြေလိုက်တဲ့ မြန်မာရာဇဝင်ထဲက ထင်ရှားကျော်ကြားတဲ့
သူရဲကောင်းကြီးတစ်ယောက်ကတော့ ကျန်ကျောင်း ပါတဲ့ကွယ်။
မောင်ညီမလေး တို့လဲ အဲဒီမြန်မာသူရဲကောင်းကြီးကို မမေ့ကြနဲ့နော်။ ။
( တင်ပြသူ- ပေိညေမောါ )
၆၃
စကားပြောသော ဗိုလ်ချုပ်
တစ်ခါသော အခါက ဗိုလ်ချုပ်ကြီးခင်ညွန့် ခေတ်ကောင်းစဉ်အခါကပေါ့ဗျာ။
တရက် ဗိုလ်ချုပ်ကြီးက တပ်မတော်နေ့အတွက် ပြင်ဆင်ထားတဲ့ တော်လှန်ရေး
ပန်းခြံကို လှည့်ပတ်ကြည့်ရှု စစ်ဆေးနေတယ်တဲ့။ သူတစ်ယောက်ထဲ စိတ်လွတ်
ကိုယ်လွတ် ကြည့်နေရင်းမှ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုရှေ့ရောက်လာပါသတဲ့။
ရုတ်တရက် ...
ဓ ဟေ့ကောင် .. ခင်ညွန့် ဓ
ဆိုတဲ့အသံထွက်လာတယ်။ ရုတ်တရက် သူလည်း ဒေါသထွက်ပြီး ဘယ်သူ
ခေါ်လည်းဆိုပြီး ဟိုဝေ့ကြည့် .. ဒီဝေ့ကြည့်နဲပေါ့။ နောက်မှ သူ့ကို ခေါ်နေတာ
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုကြီးက ဖြစ်နေပါပကော။ သူလည်း ရုပ်ထုကြီးကို
ကြောင်တောင်တောင်နဲ့ ငေးကြည့်နေတုန်း ...
ဓ ဟေ့ကောင် ခင်ညွန့် .. ငါအခုလို မတ်တတ်ရပ်နေတာ ကြာတော့ ညောင်းလာပြီ။
မင်းတို့ငါ့ကို လေးစားသေးတယ်ဆိုရင် ငါ့အတွက် မြင်းတစ်ကောင် ရှာပေးပါ ဓ
လို့ ပြောသတဲ့။
အဲ့ဒါနဲ့နောက်တော့ ဗိုလ်ခင်ညွန့်လည်း ဗိုလ်ချုပ်ကျောက်ရုပ်က စကားပြောတယ်
ဆိုတာကို ချက်ချင်းပဲ တပ်ချုပ်ကြီး ကိုသွားသတင်းပေးတာပေါ့။ တပ်ချုပ်ကြီးက
မယုံရှာဘူးတဲ့။ ကျောက်ရုပ်က စကားပြောတာ မဖြစ်နိုင်ဘူး .. ဘာဘူးပေါ့။
အဲ့ဒါနဲ့ ဗိုလ်ခင်ညွန့်ကလည်း သူ့ဆရာကို . .ဆရာမယုံရင် ပန်းခြံထဲလိုက်ကြည့်ပါ
.. ကျောက်ရုပ်က စကားပြောနေတာကို တွေ့လိမ့်မယ်ပေါ့။ နောက်ဆုံးတော့
တပ်ချုပ်ကြီးလည်း ဟုတ်လိုဟုတ်ညား .. ဗိုလ်ခင်ညွန့်ခေါ်ရာကို လိုက်သွားတယ်။
၆၄
အဲ .. တပ်ချုပ်ကြီးလည်း ဗိုလ်ချုပ်ရုပ်ထုရှေ့လည်း ရောက်ကော ..
ကျောက်ရုပ်ကြီးက အရင်အတိုင်းပဲ။ စကားလည်း မပြောဘူးတဲ့။ အဲ့ဒါနဲ့
တပ်ချုပ်ကြီးလည်း စိတ်တွေအရမ်းဆိုးပြီး ဗိုလ်ခင်ညွန့်ကို ချက်ချင်း ရာထူးက
အနားပေးလိုက်တယ် ။ ( မယုံမရှိနဲ့ ။ ဗိုလ်ခင်ညွန့် ပြုတ်တာ အဲ့ဒါကြောင့် .. )
နောက်နေ့ကြတော့ ရာထူးက လောလောလတ်လတ် ပြုတ်ထားတဲ့ ဗိုလ်ခင်ညွန့်
တစ်ယောက် ဒေါနဲ့မောနဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဆီကို ရောက်လာပါ
ရောတဲ့။ ရောက်ရောက်ချင်းပဲ ...
ဓ ဗိုလ်ချုပ်က ကျွန်တော့်ကို ညာတယ်ဗျာ။ စကားပြောတတ်ရဲ့သားနဲ့ ဘာလို့
မနေ့က စကားမပြောပြတာလဲ ဓ
တဲ့။ အဲ့ဒီမှာ ဗိုလ်ချုပ်ပြန်ပြောလိုက်တာက ...
ဓ ခင်ညွန့် .. ငါက မင်းကို မြင်းတစ်ကောင်ပဲ ရှာခိုင်းလိုက်တာ။ မင်းက နွားကြီး
ခေါ်လာတာကိုးကွ ဓ
လို့ ဆိုပါသတဲ့။
( တင်ပြသူ- နထသအငခ )
၆၅
ဒီလိုမြင်မှ အမှန်ဆုံး
ဒီနေ့ ဘတ်ကားပေါ်ကနေ မြင်ခဲ့ရတာလေးပါ။
အခု လောလောဆယ်ဝတ်ကြဘို့ စက်မှု(၁)ကထုတ်တဲ့ တီရှပ်တွေ ဆေးတံဆိပ်
ရိုက်နေတာပါ။ ဆေးရောင်ရိုက်ထားတာက အမှန်ခြစ် ပုံကြီးပါ။
ဒီ အမှန်ခြစ် ပုံကြီးက ၊ တီရှပ်အရှေ့ဘက်မှာလဲ အမှန်ခြစ်ကြီး ၊ တီရှပ်
အနောက်ဘက်မှာလဲ ၊ အမှန်ခြစ်ကြီး ဗျ ၊ အကြီးကြီးဘဲ။
ဒီ တီရှပ်တွေကို ဆေးရိုက် ၊ ရေလျှော်ပြီး ၊ အပြင်မှာ တန်းစီ ထုတ်လှမ်းထားတာ
တီရှပ်က ရေစိုနေပြီး၊ ရှေ့ပိုင်းနဲ့နောက်ပိုင်း ကပ်နေတာ၊ အမှန်ခြစ်ကြီး (၂) ခုက
ကန့်လန့်ဖြတ်ကြီး ၊ အမှားခြစ်ကြီးပုံ ဖြစ်နေပါလားဗျ။
တွေ့တဲ့လူတိုင်းက ၊ အဲဒါကို ၊ လက်ညိုး ထိုးထိုးပြီး ၊ ရီနေလိုက်ကြတာဗျာ။
အမှန်ခြစ်ကို ၊ မသေချာမှာစိုးလို့ ၊ ဘယ်တခါ၊ ညာတခါ ၊ နှစ်ခါမှန်လိုက်ပါမှ။
အမှန်ဆုံး ဖြစ်သွားတော့တာကိုးဗျ။ ဟီး ၊ ဟီး ။
( တင်ပြသူ- ဖေတေါပင )

အမှတ်တမဲ့မှ အမှတ်တရသို့


ရှင်အာစာရ
(က)
လောကခြင်းရာတွေဟာ ကြံရွယ်ပေမယ့် ပျက်သွားတတ်ပါတယ်။ လောကမှာ စီစဉ်
မထားတာတွေဟာလည်း ဖြစ်လာတတ်ပါတယ်။ အမှုမဲ့အမှတ်မဲ့ ကြုံရတဲ့ အဖြစ်အပျက်လေး
တွေဟာလည်း ကြီးကျယ်တဲ့ အကျိုးဆက်တွေကို သယ်ဆောင်လာတတ်ပါတယ်။ မတော်တဆ
ကြုံခဲ့ရတာလေးက ပေါ့ပေါ့ပါးပါးပေမယ့် နောက်ဆက်တွဲ ဖြစ်ပေါ်ပြောင်းလဲမှုတွေက ဘဝမှာ
မှတ်တမ်းတင်လောက်အောင် ကြီးကျယ်ခမ်းနား လာနိုင်ပါတယ်။ အရေးမထားမိတဲ့ အသေးအဖွဲ
ကိစ္စငယ် လေးတွေဟာ သံသရာ ဘဝအဆက်ဆက်အထိ လိုက်ပါလွှမ်းမိုး နိုင်ပါတယ်။
ဒီတော့ ကံကိုလက်ခံထားကြတဲ့ ကမ္မဝါဒီဗုဒ္ဓဘာသာတွေဟာ ကံမျိုးစုံကို ကိုယ်နှုတ်စိတ်နဲ့
ပုံဖော်ရာမှာ စေတနာကောင်းလေးတွေ ထည့်သွင်းနိုင်ဖို့ လိုပါတယ်။ သာမန် အပြုအမူလေးတွေ
ကတောင် အရေးတကြီး ထင်ရှားတဲ့ ဘဝမှတ်တမ်းတွေ ဖန်းတီးနိုင်တာဆိုတော့ သက်ဝင်
လှုပ်ရှားမှု မှန်သမျှမှာ စေတနာကောင်းလေးတွေ ပါနိုင်သမျှပါအောင် သတိထားထည့်သွင်း
ပေးနိုင်ဖို့ အရေးကြီးပါတယ်။ စေတနာကောင်းမှ ကံကောင်းမယ်၊ ကံကောင်းမှ ဘဝလှမယ်
မဟုတ်ပါလား။ ဘဝမှာ အမှတ်တမဲ့ ကြုံခဲ့ရ တာလေးက သံသရာမှာ ဘယ်လိုအမှတ်တရ
ဖြစ်စေနိုင်တယ်ဆိုတာ မြင်သာတဲ့ သာဓက တစ်ခု ရှိပါတယ်။
(ခ)
ဂေါတမမြတ်စွာဘုရားရှင် ရွှေလက်ထက်တော် အခါက ဖြစ်ပါတယ်။ အဲဒီတုန်းက
စူဠပန္ထက၊ မဟာပန္ထကဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ သာသနာတော်မှာ ရဟန်းပြုကြပါတယ်။
အစ်ကိုကြီး မဟာပန်ရဟန်းဟာ ပရိယတ်စာပေ တတ်ကျွမ်းပေမယ့် ညီငယ်စူဠပန်ရဟန်းကတော့
စာပေပရိယတ်မှာ အားနည်းပါတယ်။ အားနည်းတယ်ဆိုတာထက် Óဏ်လေးတယ်လို့ပြောမှ
ပိုတိကျ ပါလိမ့်မယ်။ သူဟာပဒုမံ
ယထာ ကောကနဒံ သုဂန္ဓံ၊ ပါတော သိယာ ဖုလ္လမဝီတဂန္ဓံ။
အင်္ဂီရဿံ ပဿ ဝိရောစမာနံ၊ တပန္တမာဒိစ္စမိဝန္တလိက္ခေ-ဆိုတဲ့ ပါဠိဂါထာလေးကို
လေးလ ကျက်မှတ်တာတောင် အလွတ်မရနိုင်ပါဘူး။ ဘဝအကျိုးပေးပဲ ဆိုပါတော့။ ဒီလို
Óဏ်လေးတဲ့ ညီရဟန်းကို အစ်ကိုရဟန်းက သာသနာနဲ့မထိုက်တန်သူဆိုပြီး လူထွက်ခိုင်း
ပါတယ်။ ဒါပေမယ့် ညီငယ်ဟာ သာသနာတော်ကို မြတ်နိုးတဲ့စိတ် ရှိနေတော့ လူမထွက်ချင်ဘူး။
ဒီလိုနဲ့ တစ်နေ့တော့ ဆရာဇီဝက ကျောင်းတော်ကို ရောက်လာပြီး သံဃာငါးရာ ဆွမ်းစား
ပင့်တယ်။ အဲဒီအချိန်မှာ မဟာပန်ရဟန်းက ဆွမ်းညွှန်ရဟန်းအဖြစ် တာဝန်ယူနေတယ်။ ဒီတော့
Óဏ်လေးတဲ့ ညီငယ်ရဟန်းကို ဆွမ်းဘုဉ်းပေြး<ွကရမယ့် သံဃာစာရင်းကနေ ပယ်လိုက်တယ်။
ဒီတော့မှ ညီငယ်ဟာ သူ့ဘဝကို စိတ်ပျက်ပြီး လူဝတ်လဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒါပေမယ့် စူဠပန်ရဟန်းဟာ မြတ်စွာဘုရားရဲ့ ကျေးဇူးတော်ကြောင့် လူဝတ်မလဲဖြစ်ခဲ့
ပါဘူး။ ဘုရားရှင်က အားငယ်နေတဲ့ စူဠပန်ရဟန်းကို အားပေး ချီးမြှောက်တော်မူပါတယ်။
ဘုရားရှင်ဟာ စူဠပန်ရဟန်းကို တန်ခိုးနဲ့ဖန်ဆင်းထားတဲ့ အဝတ်ပိုင်းသန့်သန့်တစ်ထည် ပေးပါ
တယ်။ အရှေ့အရပ်ကို မျက်နှာမူထိုင်ရင်း အဝတ်စကို လက်နဲ့ပွတ်ပြီး ''ရဇောဟရဏံ''
(မြူအညစ်အကြေး ကိုဆောင်တယ်)လို့ ရွတ်ဆိုပွားများဖို့လည်း ညွှန်ကြားတော်မူပါတယ်။
ဘုရားရှင်ရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်တဲ့ စူဠပန်ရဟန်းဟာ လက်နဲ့ပွတ်ဖန်များလို့
စင်ကြယ်တဲ့အဝတ်စ ညစ်နွမ်းသွားတာကို သတိထားမိလာတယ်။ စင်ကြယ်တဲ့အဝတ်စဟာ
ငါ့ခန္ဓာအတ္တဘောကြောင့် ညစ်နွမ်းသွားရပါလားလို့ ဆင်ခြင်မိပါတယ်။ သင်္ခါရတရားတွေဟာ
အနိစ္စပါလားလို့ နှလုံးသွင်း မိတယ်။ သင်္ခါရတရားတွေရဲ့ ကုန်ခမ်းပျက်စီးတတ်တဲ့ သဘာဝကို
အနိစ္စလက္ခဏာအဖြစ် ရှုမြင်သုံးသပ် ဝိပဿနာ ပွားလိုက်နိုင်တယ်။
ဒါ့ပြင် ခန္ဓာမှာမှီနေတဲ့ ရာဂစတဲ့ အညစ်အကြေးတွေကိုလည်း ပညာသတိနဲ့ကြည့်ပြီး
ပယ်ရှားပစ်ရမယ်လို့ ဘုရားရှင်ကပါ ဖြည့်စွက်ဟောကြား ပေးတော်မူလိုက်တော့
ဝိပဿနာÓဏ်စဉ်တွေ အဆင့်ဆင့်မြင့်တက်ပြီး ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်သွားပါတယ်။
အဲဒီအခါမှာတော့ အရင်က ထုံခဲ့ထိုင်းခဲ့တဲ့ အရှင်ဟာ ပိဋကသုံးပုံကိုပါ တပါတည်း
တတ်မြောက်သွားတော့တယ်။
(ဂ)
စူဠပန်ရဟန်းရဲ့ဘဝကိုကြည့်ရင် ဂါထာတိုလေးတစ်ပုဒ်ကို လေးလကျက်တာတောင်မှ
အလွတ်မရနိုင်တာ၊ ပရိယတ်ဘက်မှာ မအောင်မြင်ပေမယ့် ရဟန်းဘဝကို မစွန့်လွတ်ချင်တာ၊
လူဝတ်လဲမယ် လို့ စိတ်ဆုံးဖြတ်ပြီးခါမှ ဘုရားရှင်ကြောင့် လူဝတ်မလဲဖြစ်တာ၊ စင်ကြယ်တဲ့အဝတ်
ပိုင်းကို လက်နဲ့ပွတ်ရင်း အဝတ်စဖြူစင်ရာက ညစ်နွမ်းသွားတာကို ဆင်ခြင်ပြီး တရားထူး ရသွား
တာ၊ တရားထူးရတာနဲ့ လေးလံထိုင်းမှိုင်းမှုတွေပျောက်ပြီး ပိဋကတ်ကို ကျွမ်းကျင်သွားတာ
တွေဟာ အထင်ကရရှိလှတဲ့ အချက်တွေပါပဲ။ သူ့ရဲ့ထင်ရှားတဲ့ ဘဝမှတ်တမ်းပဲ ဆိုပါတော့။
ဒီလိုမျိုး မှတ်သားလောက်တဲ့ ဘဝအတွေ့အကြုံကို ဖန်တီးပေးတဲ့ အတိတ်အကြောင်းက
ဘယ်လိုလဲ?
(ဃ)
စူဠပန်ရဟန်းဟာ ကဿပဘုရားရှင် လက်ထက်တော် အခါက သာသနာမှာ ရဟန်း
ပြုခဲ့ဖူးပါတယ်။ ကျမ်းဂန်တတ်ပြီး ပတ်ဝန်းကျင်က လေးစားလောက်တဲ့ရဟန်း၊ ပညာတတ်
ရဟန်းပါ။ အဲဒီရဟန်းတော်ဟာ Óဏ်လေးတဲ့ ရဟန်းတစ်ပါး အထစ်ထစ် အငေါ့ငေါ့နဲ့
စာပေကျက်မှတ် ရွတ်ဖတ် နေတာကို ပျက်ရယ် ပြောင်လှောင် မိခဲ့ပါတယ်။ Óဏ်လေးတဲ့
ရဟန်းလည်း လှောင်ပြောင်ခံရတော့ ရှက်စိတ်ဝင်ပြီး ရွတ်ဖတ် သရဇ္ဈာယ်တာတွေ ရပ်တန့်
သွားပါတော့တယ်။
(င)
ဒီနေရာမှာ ပညာတတ်ရဟန်းတော်တစ်ပါးအနေနဲ့ ကိုယ့်အောက်နိမ့်ကျတဲ့ အတူနေ
ရဟန်းကို ဖိနှိပ်လိုစိတ် မရှိနိုင်ပါဘူး။ နှိမ့်ချတာတွေ၊ ယှဉ်ပြိုင်တာတွေကို ဂုဏ်ရည်တူတူချင်း၊
ဒါမှမဟုတ် ဂုဏ်ရည်သိပ်မကွာသူချင်းသာ ပြုလေ့ရှိတာ မဟုတ်လား။ လူ့သဘာဝဟာလည်း
ကိုယ့်ထက်သာသူကို ဝမ်းမမြောက်နိုင်တောင်မှ ကိုယ့်အောက် နိမ့်ကျသူကိုတော့ သနားတတ်ကြ
ပါတယ်။ မုဒိတာထက် ကရုဏာဖြစ်လွယ်ပါတယ်။ ဒါမို့ ပညာတတ်ရဟန်းတော်ဟာ Óဏ်
လေးတဲ့ရဟန်းကို ပကတိ သဘောအားဖြင့် သနားမှာပါပဲ။ ဒါပေမယ့် အမှတ်တမဲ့ လှောင်ပြောင်
လိုက်တာဟာ ဓမ္မလမ်းကြောင်းပေါ် လျှောက်နေသူကို ခြေလှမ်းပျက် သွားစေခဲ့ပါတယ်။ ဒီလို
အမှတ်တမဲ့ကိစ္စလေးကြောင့်ပဲ စူဠပန်ရဟန်းဟာ နောက်ဆုံး ကျွတ်တမ်းဝင်မယ့်ဘဝမှာတောင်
Óဏ်လေးရပါတယ်။ သူရဲ့Óဏ်လေးမှုဟာ ဘဝမှာ မြင်သာတဲ့ အမဲစက်ကြီး ဖြစ်ခဲ့ရပါတယ်။
(စ)
နောက်ပြီး စူဠပန်ရဟန်းဟာ ဘဝတစ်ခုမှာ ဘုရင်ဖြစ်ခဲ့ပါသေးတယ်။ အဲဒီဘဝမှာ ဘုရင်
မင်းမြတ်ဟာ တိုင်းခန်းလှည့်လည်ရင်း နဖူးကကျလာတဲ့ချွေးကို စင်ကြယ်တဲ့အဝတ်နဲ့ သုတ်ချ
လိုက်တယ်။ အမှတ်တမဲ့ ခဏလေးပါပဲ။ ချွေးစက်ကြောင့် အဝတ်စညစ်နွမ်းသွားတာကို သတိ
ထားမိ လိုက်တယ်။ သင်္ခါရတရားပေါ်မှာ အနိစ္စသညာ ထင်လိုက်တယ်။ ဒီလိုအမှတ်သညာ ဖြစ်ခဲ့
တဲ့အတွက် နောက်ဆုံးဘဝမှာလည်း ဖြူစင်တဲ့အဝတ်စ ညစ်နွမ်းသွားပုံကို အကြောင်းပြုပြီး
ရဟန္တာဖြစ်ရတာပါ။
(ဆ)
အဝတ်စ ညစ်နွမ်းသွားတာကို အနိစ္စသညာ ပြုခဲ့ဖူးတဲ့စူဠပန်ရဟန်းရဲ့ ပါရမီဓာတ်ခံကို
လှုံ့ဆော်ပေးတဲ့အနေနဲ့ အဝတ်စသန့်သန့် ဖန်ဆင်းပေးပြီး အကျွတ်တရားရအောင် စီစဉ်
ဆောင်ရွက် ပေးနိုင်တဲ့ ဘုရားရှင်ရဲ့ ရွှေÓဏ်တော်ဟာလည်း လေးစားကြည်ညိုစရာ ကောင်းလှ
ပါတယ်။ ဒီÓဏ် ရအောင် လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း အလေးအနက် ကြိုးစားခဲ့ရပါတယ်။
အမှတ်တမဲ့ ကိစ္စလေးတွေက အမှတ်တရ ဖြစ်စေတတ်သလို အလေးအနက် ဆောင်ရွက်မှုတွေ
ဟာလည်း ကြီးကျယ်ခမ်းနားမှုကို ဖြစ်စေနိုင်တယ်လို့ ပြောချင်တာပါ။
(ဇ)
စူဠပန်ရဟန်းရဲ့ ဘဝသုံးခုကို ပေါင်းစပ်ကြည့်ရင် ဘဝမှာ အမှတ်တမဲ့ ကြုံရတာလေးတွေ
ဟာ နောင်သံသရာမှာ ဘယ်လိုအမှတ်တရ ဖြစ်စေတယ်ဆိုတာ မြင်သာပါတယ်။ သူဟာ
အမှတ်တမဲ့ သရော်ခဲ့မိလို့ Óဏ်လေးရသလို အမှတ်တမဲ့ အနိစ္စသညာရခဲ့လို့ အရဟတ္တဖိုလ်
ပေါက်တဲ့အထိ အကျိုးရခဲ့ပါတယ်။ ကဿပဘုရားရှင်လက်ထက်မှာ ယုံကြည်ချက်နဲ့ ရဟန်း
ပြုခဲ့ပြီး လေးနက်တဲ့ ရဟန်းဘဝ အထုံပါခဲ့ဖူးတဲ့ အတွက်ကြောင့် စူဠပန်ရဟန်းဟာ ရဟန်းဘဝကို
နှစ်သက်မြတ်နိုးစွာ ဖက်တွယ်ထားပါတယ်။ အစ်ကိုရဟန်းက သာသနာတော်က နှင်ထုတ်တာကို
လွယ်လွယ်နဲ့ လက်မခံပါဘူး။ ဝဋ်ြေ<ွကးကို မပယ်နိုင်သလို ပါရမီ သမ္ဘာရဟာလည်း ဖျက်ဆီးပစ်လို့
မရကောင်းတဲ့ အရာမျိုးပါ။ ပါရမီရင့်ကျက်သူတွေဟာ ဘုရားရှင်နဲ့၊ ဘုရားရှင်ရဲ့ သာသနာတော်နဲ့
တွေ့ပြီး မုချ ကျွတ်တမ်းဝင်ရပါတယ်။ စူဠပန်ရဟန်းဟာ ကဿပဘုရားလက်ထက်က ရဟန်းဘဝ
နဲ့ စာပေသင်ယူခဲ့၊ တရားအားထုတ်ခဲ့တဲ့ ပါရမီကြောင့် ရဟန္တာဖြစ်တဲ့အခါမှာ ပဋိသမ္ဘိဒါ ရခဲ့ပါ
တယ်။ မသင်ရဘဲ စာတတ်ရပါတယ်။
(စ်)
စားစားသွားသွားနဲ့ ဘဝမှာ ပေါ့ပေါ့ဆဆ နေခဲ့မိရင် ခုချိန်ကစပြီး ကိုယ့်ဘဝကိုယ်
ပြန်ကြည့် သင့်ပါတယ်။ ဘယ်လို အမှတ်တမဲ့တွေ ကြုံခဲ့ဖူးသလဲ စဉ်းစားကြည့်သင့်ပါတယ်။
နောင် ကြုံလာမယ့် အမှတ်တမဲ့လေးတွေကို ဘယ်လိုရင်ဆိုင်မလဲ ပြင်ဆင်ထားသင့်ပါတယ်။ ဒါမှ
သာ အမှတ် တမဲ့ကောင်းလေးတွေနဲ့တွေ့ပြီး အောင်မြင်ထင်ရှားတဲ့ ဘဝမော်ကွန်းကို အပီအပြင်
ရေးထိုးနိုင်ပါ လိမ့်မယ်။ လျှောက်လှမ်းနေတဲ့ ဘဝလမ်းမှာ နောက်ကိုလည်း ပြန်ငဲ့ကြည့်ပါ။
ရှေ့ကိုလည်း မျှော် ခေါ်ကြည့်ပါ။
တစ်ပါးသူတွေရဲ့ အဆီအငေါ်မတည့်တဲ့ ဘဝကို ဘယ်လို ဆက်ဆံခဲ့သလဲ၊
ဘယ်လို ဆက်ဆံမလဲ။
ပုဝါဖြူကို ချွေးစွန်းတဲ့အခါ ဘယ်လိုမြင်ခဲ့သလဲ၊
ဘယ်လိုမြင်မလဲ။
အမှတ်တမဲ့ ကောင်းလေးများ တွေ့ကြုံနိုင်ကြပါစေ။
ရှင်အာစာရ
ဖိတ်ခေါ်ချက်
ဗုဒ္ဓဓမ္မကို စိတ်ဝင်စားသူတိုင်း စိတ်ဝင်စားသော ဓမ္မအချက်အလက်ကို
စာတိုက်မှဖြစ်စေ၊ န-ာငေူ ဖြင့်ဖြစ်စေ
(အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖြင့်ဖြစ်စေ)
အောက်ပါ လိပ်စာသို့ ပေးပို့ပြီး
ဆွေးနွေးခြင်း၊ မေးမြန်းခြင်းများ ပြုလုပ်ကြပါရန်
လေးစားစွာ ဖိတ်ခေါ်ပါသည်
အရှင်အာစာရ
အခန်း ၂ဝ၁၊ အမျိုးသားဆောင် - အေ
အပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊
မရမ်းကုန်း၊ ရန်ကုန်
ခေမဏ္ဍျငေူသမာသသည.ခသာ

ရိုးသားခြင်း၏ အခြားတစ်ဖက်မှာ

အရှင်ဥာဏိကာဘိဝံသ
“အမှန်တကယ်ဖြစ်နေတာတွေကို အမှန်အတိုင်းလက်ခံနိုင်ဖို့ သိပ်အရေးကြီးတယ်။ စိတ်ချမ်း
သာအောင် ကိုယ့်ကိုယ်ကိုယ် လှည့်စားတာတွေ သူတစ်ပါးကိုလှည့်စားတာတွေရှိတယ်။ အဲဒီလို လှည့်
စား တာဟာ စိတ်ထဲမှာ ပဋိပက္ခဖြစ်စေတယ်။ ပဋိပက္ခဟာ စိတ်ဓာတ်အင်အားကို ကုန်ခန်းစေတယ်။
လှည့်စားမထဲမှာပဲ အင်အားတော်တော်များများ ကုန်သွားပြီး အသိအမြင်ရှင်းလင်းမလွတ်လပ် မရဖို့
အရေးမှာ သုံးစရာအင်အား မကျန်တော့ဘူး။ အမှန်ကိုလက်ခံဖို့ ကိုယ့်ကိုယ်ကိုယ် မညာဖို့ ရိုးသားမှု
ရှိဖို့လိုတယ်။ ရိုးသားမရှိမှ အသိဥာဏ်ပွင့်မယ်”။
အထက်ပါစာပိုဒ်လေးကတော့ သတိဆိုတဲ့နေအိမ်ရယ်၊အပျော်ဆုံးလူရယ်၊ဗုဒ္ဓြွရင်ခွင်မှာ ဆိုတဲ့
တရားသုံးပုဒ်ကို စုပေါင်းထုတ်ဝေခဲ့တဲ့ မဟာမြိုင်ဆရာတော် ဦးဇောတိကရဲ့ တရားစာအုပ်ထဲက ဗုဒ္ဓြွ
ရင်ခွင်မှာဆိုတဲ့ တရားတော်ထဲက စာပိုဒ်လေးတစ်ခုပဲဖြစ်ပါတယ်။ တစ်ခါက စာရေးသူတစ်ယောက် က
ရေးထားတာဖတ်ရဖူးပါတယ်။ သိပ်ကောင်းတဲ့စာတစ်အုပ်ကိုဖတ်ရတဲ့အခါမှာ ပြီးသွားမှာစိုးတာ
ကြောင့် စာကိုဖြေးဖြေးပဲဖတ်တယ်တဲ့။ သူ့အဆိုကိုဖတ်ရတော့ စာရေးသူနဲ့သဘောတိုက်ဆိုင်တာ
ကြောင့် နှစ်ခြိုက်မိပါတယ်။ စာရေးသူကတော့ ကိုယ်သဘောကျတဲ့ စာတစ်ပိုဒ်ကိုဖတ်လိုက်ရတဲ့အခါ
မှာ စာကိုရှေ့ဆက်မဖတ်နိုင်ပဲ ကိုယ်သဘောကျဖြစ်ရတဲ့စာပိုဒ်ကို အနုလုံပဋိလုံ အပြန်ပြန်အလှန်လှန်
စဉ်းစားဆင်ခြင်မိပါတယ်။
ဆရာတော်ဦးဇောတိကရဲ့ အထက်ပါတရားထဲက စကားလေးကို ဖတ်ရတဲ့အခါမှာလဲ စာကို
ရှေ့ဆက်ပြီးမဖတ်နိုင်အောင်ပဲဖြစ်ရပါတယ်။ ဒီစကားလေးအပေါ်မှာလဲ အပြန်ပြန်အလှန်လှန် စဉ်းစား
နေမိပါတယ်။ သဘောကျမိရင်း သဘောကျရင်းနဲ့ သဘောကျမဆုံးနိုင်အောင်လဲ ဖြစ်ရပါသေးတယ်။
ပထမစာကြောင်းဖြစ်တဲ့ အမှန်တကယ်ဖြစ်နေတာတွေကို အမှန်အတိုင်းလက်ခံဖို့ သိပ်အရးကြီးတယ်
ဆိုတာကပဲ အဓိပ္ပါယ်ကျယ်ပြန့်လှကြောင်းတွေ့ရပါမယ်။
ရိုးသားမရဲ့ခိုင်းနိင်းဖွယ်မရှိတဲ့ အတုမဲ့ဂုဏ်ရည်တွေကို နေရာတော်တော်များမှာ လူအတော်
များများဆီက မကြာမကြာကြားရတာကြောင့် စာရေးသူတို့အနေနဲ့ နားရည်ဝလို့နေပါပြီ။ ရိုးသားခြင်း
ဆိုတာ မြင့်မြတ်တဲ့အရာတစ်ခုဖြစ်တယ်ဆိုတာကိုလဲ စာရေးသူတို့ကိုယ်တိုင် ယုံကြည်လက်ခံကြပါ
တယ် ။ စာရေးသူတို့ကိုယ်တိုင်လဲပဲ ရိုးသားခြင်းဂုဏ်ကိုပိုင်ဆိုင်သူတစ်ယောက်အဖြစ် အများတကာရဲ့
အသိအမှတ်ပြုမကို ရယူပိုင်ဆိုင်လိုတတ်ကြစမြဲပါပဲ။ ရိုးသားခြင်းဂုဏ်ကို မမြတ်နိုးသူရယ်လို့ ရှိနိုင်မယ်
တောင်မထင်ပါဘူး ။ အလွန်တရာကောက်ကျစ်ယုတ်မာသူတစ်ယောက်ဖြစ်နေဦးတောင်မှပဲ ရိုးသားမှု
ဂုဏ်ကိုတော့ မြတ်နိုးမှာအမှန်ပါပဲ။ ကိုယ်ကိုယ်တိုင် မရိုးသားသည့်တိုင် ကိုယ်နဲ့ပေါင်းသင်းဆက်ဆံရတဲ့
သူများကိုတော့ ယုံကြည်ရတဲ့သူများ ၊ ရိုးသားသူများသာဖြစ်စေခြင်တဲ့ဆန္ဒဟာ ရိုးသားမကိုလူတိုင်း
မြတ်နိုးတယ်ဆိုတဲ့ စကားအတွက်ခိုင်မာတဲ့ သက်သေကောင်းတစ်ခုပဲဖြစ်ပါတယ်။
ရိုးသားခြင်းဂုဏ်ကို ပိုင်ဆိုင်သူတစ်ယောက်ဖြစ်ဖို့အတွက်ဆိုရင်တော့ အမှန်တကယ်ဖြစ်နေ
တာတွေကို အမှန်အတိုင်းလက်ခံဖို့ လိုပါလိမ့်မယ်။ အမှန်တကယ်ဖြစ်နေတာတွေကို အမှန်အတိုင်း
လက်မခံနိုင်ပဲနဲ့တော့ ရိုးသားသူတစ်ယောက် ဘယ်နည်းနဲ့မှဖြစ်နိုင်မယ် မဟုတ်ပါဘူး။ အမှန်အတိုင်း
လက်မခံနိုင်သူတစ်ယောက်ရဲ့ နတ်ကထွက်လာတဲ့ ရိုးသားဟန်နတ်ထွက်စကားနဲ့ လုပ်ရပ်များဟာလဲ
အယောင်ဆောင်ဟန်ပြ အတုအယောင်များသာ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ အမှန်အတိုင်းလက်ခံ
နိုင်ဖို့ဆိုတာကလဲ အပြောလွယ်သလောက် လက်တွေ့ပိုင်းမှာ ခက်ခဲလှပါတယ်။ စိတ်အားသတ္တိ ပျော့
ညံ့သူတို့အနေနဲ့ဆိုရင် လိုက်နာနိုင်ဖို့ အင်မတန်ခဲယဉ်းမှာပါ။ ခဲယဉ်းပေမဲ့လဲ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုး
တက်မအတွက် နည်းမှန်လမ်းမှန်ကြိုးစားယူရင်ရနိုင်သလို စိတ်အားသတ္တိဖွံ့ဖြိုးတိုးတက်မအတွက်လဲ
နည်းမှန်လမ်းမှန် ကြိုးစားအားထုတ်ယူရင် ရနိုင်ပါတယ်။ တကယ်တော့ စာရေးသူတို့တတွေဟာ
စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မအတွက် အချိန်ပေးလေ့လာအားထုတ်မနည်းတာကြောင့် စိတ်အား
သတ္တိများကလဲ ဖွံ့ဖြိုးမနည်းပါးရခြင်းပဲ ဖြစ်ပါတယ်။ စိတ်အားသတ္တိဖွံ့ဖြိုးမအတွက် အကောင်းဆုံးနည်း
ကတော့ စိတ်ရဲ့အခြေအနေမှန်ကို နားလည်အောင်ကြိုးစာခြင်းပဲဖြစ်ပါတယ်။ စိတ်အခြေအနေမှန်ကို
နားလည်ဖို့အတွက် စိတ်ကိုစောင့်ကြည့်လေ့လာအကဲခတ်ဖို့ လိုပါလိမ့်မယ်။
စာရေးသူတို့တတွေအနေနဲ့ ကိုယ့်စိတ်အခြေအနေမှန်ကို နားလည်အောင်ကြိုးစားမပြုလုပ်
လေ့နည်းပါးတာကြောင့် စာရေးသူတို့စိတ်အပေါ် ကျရောက်လေ့ရှိတဲ့ ဘေးအန္တရာယ်များကိုလဲ မသိ
မြင်နိုင်ကြပါဘူး။ ဘေးအန္တရယ်များကျရောက်နေတာကို မသိတဲ့အတွက် ကုစားဖို့ဆိုတာကိုလဲ မသိ
ပြန်ပါဘူး ။ ကြိုတင်ကာကွယ်နည်းနဲ့ ကုစားသူဆိုတာကတော့ အတော်ပဲနည်းပါးပါတယ် ။ အဲဒီလို
ဘေးအန္တရာယ်များကို ကုစားမှု မပြုခြင်း ၊ ကြိုတင်ကာကွယ်မှု မပြုခြင်းကြောင့် ဒဏ်ရာအနာတရ
များနဲ့ ညစ်ထေးနေတဲ့စိတ်ဟာ ခံနိုင်ရည်စွမ်းရည်နဲ့ ထက်မြက်မသတ္တိအင်အားတို့ နည်းပါးလေမှာ
အမှန်ပါပဲ ။ စိတ်အားသတ္တိနည်းပါးနေပါလျင်လဲ လူတစ်ယောက်အတွက် မရှိမဖြစ် အခြေခံလိုအပ်
ချက်ဖြစ်တဲ့ စားဝတ်နေရေး အရေးသုံးပါးကြောင့်ဖြစ်စေ ၊ အခြားအခြားသော အခြံအရံလိုအပ်ချက်
တစ်ခုခုကြောင့်ဖြစ်စေ ၊ အခြေအနေတစ်ခုက တောင်းဆိုလာတဲ့အခါမှာ အဲဒီလို လိုအပ်ချက်တွေကို
ဖြည့်ဆည်းဖို့ ရိုးသားမဂုဏ်သိက္ခာကို အလွယ်တကူ စွန့်လွှတ်တတ်ကြပါတယ် ။
အထူးသဖြင့်တော့ လူ့ပတ်ဝန်းကျင်က ပြဌာန်းသတ်မှတ်ထားတဲ့ အနှစ်မဲ့ဂုဏ်သိက္ခာတစ်ခုကို
ရယူပိုင်ဆိုင်နိုင်ဖို့အတွက် သဘာဝကသတ်မှတ်ထားတဲ့ တကယ့်အစစ်အမှန် အနှစ်ပြည့်ဂုဏ်သိက္ခာ
များနဲ့ အလွယ်တကူလဲလှယ် အစားထိုးကြခြင်းပြဲဖစ်ပါတယ်။ တစ်ဖက်က သတ်မှတ်ချက်ဂုဏ်သိက္ခာ
များတောက်ပြောင်လာလေ တစ်ဖက်မှာတော့ စစ်မှန်တဲ့သဘာဝဂုဏ်သိက္ခာများ ဆုတ်ယုတ်ညစ်နွမ်း
လေဖြစ်ရတာကတော့ အလွန်မှပဲ ဝမ်းနည်းဖွယ် ကောင်းလှပါတယ် ။ ပုဂ္ဂိုလ်တစ်ယောက်မှာ အစစ်
အမှန်ဂုဏ်အရည်အသွေးများ နည်းပါးလာတာနဲ့အမျှ အမှန်တကယ်ဖြစ်နေတာတွေကို အမှန်အတိုင်း
လက်ခံဖို့ ဖြစ်နိုင်ချေ နည်းပါးသွားပါတော့တယ် ။ အဖြစ်မှန်တွေကို အမှန်အတိုင်း လက်မခံနိုင်သူ တစ်
ယောက်ဖြစ်လာတာနဲ့ အမှန်တရားကြောက်ရွံ့မစိတ်များဟာလဲ တပါတည်းပူးတွဲပါဝင်လာပါတော့
တယ် ။ ကြောက်ရွံ့သူတစ်ယောက်ဟာ အားကိုးရာ ပုန်းခိုရာကိုရှာဖွေတတ်တာကလဲ သဘာဝပဲဖြစ်ပါ
တယ်။ အားကိုးရာကိုရှာဖွေရာမှာ ကိုယ်အားကိုးမှီခိုရမည့်သူရဲ့ အများအပေါ် တရားမှု မတရားမှု ၊
(သို့မဟုတ်) ရိုးသားဖြောင့်မတ်တည်ကြည်မှု ရှိ မရှိကိုပင် ဂရုပြုမနေနိုင်တော့ပဲ ကိုယ့်အတွက် အကျိုး
အမြတ်ရနိုင်မှု မရနိုင်မလောက်ကိုပဲ ကြည့်ရတတ်ကြပါတယ် ။
ပုန်းခိုရာကိုရှာရာမှာလဲ ကိုယ့်ကိုယ်ကိုယ် ဖုံးကာနိုင်တဲ့ လုံခြုံရာတစ်ခုခုကိုရှာဖွေခြင်းနဲ့ ကြည့်
တတ်သူများမမြင်နိုင်အောင် အမြင်အာရုံများမန်မွှားသွားအောင် ပြုလုပ်ခြင်းစတဲ့နည်းမျိုးစုံ အသုံးပြု
လာတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဖုံးကာနိုင်တဲ့လုံ ခြုံရာတစ်ခုခုကိုရှာဖွေရာမှာ သူတစ်ပါးထံမှာရှိ
နေတဲ့ ဂုဏ်သိက္ခာအဖုံးအကာကို မတရားသောနည်းနဲ့ရယူပြီး မိမိရဲ့အကြောက်တရားကို ဖုံးကာဖို့
ကြိုးစားတတ်ပါသေးတယ်။ တစ်ချို့ကတော့ လုံခြုံနိုးနဲ့ အသာလေးခေါင်းလျိုလို့ နေတတ်ပါတယ်။
ရန်သူမြင်မှာစိုးတာကြောင့် သဲထဲကိုခေါင်းလျိုပြီးနေတတ်တဲ့ ကန္တာရနေ(သျအမငခ့) ငှက်ကုလားအုပ်လို
ပုဂ္ဂိုလ်မျိုးတွေပေါ့ ။ ကိုယ်က အပြင်လောကကို မမြင်နိုင်ယုံမျှနဲ့ တစ်ပါးသူတွေလဲ ကိုယ့်လိုပဲ မမြင်နိုင်
လောက်ပါဘူးရယ်လို့ တွေးထင်ယူဆမိတဲ့ သဘောပါ။ နောက်ပြီး တစ်ပိုင်းတစ်စကို လုံအောင်ဖုံးကာ
နိုင်ပေမယ့် ကျန်တဲ့အပိုင်းက လှစ်ဟပြထားသလိုဖြစ်နေတယ်ဆိုတာကိုတောင်မှ သတိမမူနိုင်တဲ့အထိ
ဖြစ်သွားတတ်ပါသေးတယ်။
တစ်ချို့ကတော့ ကိုယ့်ကိုယ်ကိုယ် ပုန်းခိုရာမရှာပဲ တစ်ပါးသူများရဲ့ အမြင်အာရုံများပြောင်းလဲ
သွားအောင် အမြင်များမန်ဝါးဝေသီသွားအောင် မတရားနည်းနဲ့ဖန်တီးပြုလုပ်တတ်ပါတယ်။တစ်ပါးသူ
များရဲ့စွမ်းအားအမှန်တွေကို မတရားနည်းနဲ့ချိနဲ့သွားအောင် လုပ်ကတည်းကိုက အမှန်တရားဆိုတာ
လုံးဝမဖြစ်နိုင်ပါဘူး ။ စွမ်းအားသတ္တိခိုင်မာသူတို့ တစ်နည်းအားဖြင့် ကိုယ်ခံစွမ်းအားကောင်းသူတို့က
အမှန်တရားနဲ့တစ်သားတည်းဖြစ်နေတာကြောင့် အမြင်စွမ်းအားများထက်သန်နေတယ် ၊ ကိုယ့်ရဲ့
ဖန်တီးလှုံ့ဆော်ပြောင်းလွဲေ စမများ အရာမထင်ဖြစ်နေတယ်ဆိုရင် ကိုယ့်အလိုကျ မဖြစ်ရကောင်းလား
လို့ မလိုစိတ်ထားဖြစ်တတ်ပါတယ်။ ဒီအခါမှာ ဆန့်ကျင်ဖက် ပဋိပက္ခတရားဟာ အထင်အရှားပေါ်လာ
တတ်ပါတယ် ။
ပဋိပက္ခဖြစ်လာတာနဲ့ ကိုယ်နဲ့အယူအဆ မတူသူကအမှား ကိုယ့်ဖက်တရားက အမှန်ရယ်လို့
ဘက်မမျှတဲ့စိတ်ထားများလဲ ပေါ်လာပါတယ် ။ တဆင့်တက်လို့ ကိုယ်ဖက်တရားကအမှန်ဆိုတာ
သက်သေထူဖို့ ကြိုးစားပါတော့တယ်။သက်သေထူဖို့ကြိုးစားရာမှာလဲ ကိုယ်ဖြစ်စေချင်တဲ့ကိုယ့်လိုအင်
ဆန္ဒကို ထောက်ကူပေးမယ့် ပုဂ္ဂိုလ်မျိုးနဲ့ ကိုယ့်ယူအဆနဲ့ညီမျှတဲ့တရားမျိုးတွေကိုသာ သက်သေအဖြစ်
ခေါ်ယူတာမို့လဲ ကိုယ့်ရဲ့အယူအဆတရားသာ အမှန်ဆိုတဲ့ သဘောဟာ ခိုင်မာသထက်ခိုင်မာစေပါ
တော့တယ် ။ ဒီအချိန်မှာတော့ လှည့်စားမတရားများကလဲ အထွပ်အထိပ်ကိုရောက်ရှိလာပါတော့
တယ် ။ အစပထမမှာတော့ ပတ်ဝန်းကျင်အများအပေါ်လှည့်စားပြီး တဖြည်းဖြည်းနဲ့ ကိုယ့်ကိုယ်ကိုယ်
ပါ မသိမသာပြန်လည် လှည့်စားလာပါတော့တယ် ။
သူတစ်ပါးကိုလှည့်စားခြင်းဟာ အလွယ်တကူပြေပျောက်နိုင်ပေမယ့် ကိုယ့်ကိုယ်ကိုလှည့်စား
မကတော့ လွယ်လင့်တကူပြေပျောက်ဖို့ ခဲယဉ်းလှပါတယ် ။ ကိုယ့်ကိုယ်ကိုဆင်ခြေအမျိုးမျိုးပေးပြီးလဲ
နေတတ်ပါတယ် ။ ဘယ်လောက်အထိဖြစ်သွားနိုင်သလဲဆိုရင် အမှန်တရားအရိပ်အရောင် လမ်းစကို
တွေ့ရတာတောင် မထူးတော့ပါဘူးလေဆိုတဲ့ မထူးဇာတ်ခင်းတဲ့ အနေအထိဖြစ်သွားတတ်ပါတယ် ။
ဒီအခြေအအနေမှာတော့ “ဆေးကု၍မရပါ ”ဆိုတဲ့ အနေအထားမျိုးမို့ မဖောက်ပြန်တဲ့လောကနိယာမ
အရ သဘာဝတရားရဲ့ပြတ်သားစွာ ဒဏ်ခတ်မကို မလွဲမသွေခံရပါလိမ့်မယ် ။
အမှန်တကယ်ဖြစ်နေတာတွေကို အမှန်အတိုင်းလက်မခံနိုင်ခြင်းရဲ့ နောက်ဆက်တဲဆွိုးကျိုး
များကတော့ ပြော၍ကုန်နိုင်ဖွယ်မရှိသလို အလွန်မှလဲ ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းလှတာကို
မကြာခဏဆိုသလိုပဲ စဉ်းစားနေမိတတ်ပါတယ်။ ။

နိုင်ငံရေး ဟာသလေးများ

အကောင်းဆုံးဝါဒ
တစ်ခါက ကမ္ဘာပေါ်မှာ နိုင်ငံရေးဝါဒ အစည်းအဝေးပွဲကြီးကျင်းပတယ်။
(ရည်ရွယ်ချက်ကတော့ ကမ္ဘာပေါ်မှာကောင်ဆုံးဝါဒကိုရွေးမယ်ပေါ့။)ကမ္ဘာပေါ်က
နိုင်ငံခေါင်းဆောင်အားလုံးနှင့် ဝါဒရှင်အားလုံး တက်ရောက်ကြတာပေါ့။
(မှက်ချက်။ ။ မြန်မာနိုင်ငံကဦသန်းရွှေကြီး နှင့် တစ်ဆွေတစ်မျိုးလုံး တက်ရောက်
သည်ဟုသတင်းရရှိပါသည်။)
အပြိုင်အဆိုင်ပဲ ဟစ်တလာတို့၊မူဆိုလီနီတို့၊တိုနီဘလဲတို့၊လင်ကွန်းတို့၊စသည်ဖြင့်
နိုင်ငံပေါင်းစုံက ခေါင်းဆောင်နှင့်ဝါဒရှင် အားလုံးဟာ သူတို့ဝါဒကောင်းကြောင်း
ဟောပြောငြင်းခုန်ကြတာပေါ့။
အားလုံးတစ်ယောက်နှင့်တစ်ယောက် အရှံးမပေးကြသလို ဘယ်သူမှလဲဘယ်ဝါဒ
ကောင်းတယ်လို့ မဆုံးဖြတ်နိုင်ကြဖူးပေါ့။ နောက်ဆုံး အားလုံးသတိထားမိတာက
မြန်မာနိုင်ငံကဦးသန်းရွှေကြီးနှင့် အပေါင်းပါများဟာ ဘာမှမပြောဘဲ ငြိမ်သက်နေ
ကြတာကိုတွေ့ရတယ်ပေါ့။ အားလုံးက ဒီလိုငြိမ်နေပုံထောက်ရင် ဦးသန်းရွှေကြီးဆီ
မှာအားလုံးနှင့်မတူပဲ အားလုံးထက်ကောင်းတဲ့ဝါဒတစ်ခုရှိမယ်လို့ ထင်ကြတာပေါ့။
လာတုံးကတော့ ဆွေမျိုးတွေရောက်ဖူးအောင် အလည်သဘောမျိုးနဲ့ ဘာမှမပြောဘူး
လို့စဉ်းစားထားပေမဲ့ အားလုံးကတောင်းဆိုလာတာနဲ့ ဦးသန်းရွှေကြီးက စင်ပေါ်
တက်သွားပါတယ်။
စင်ပေါ်ရောက်ရောက်ချင်းပဲ အားလုံးက ဦးသန်းရွှေကြီးကို မြန်မာနိုင်ငံကို
ဘယ်ဝါဒနှင့် အုပ်ချုပ်သလဲလို့မေးပါတယ်။ ဒီတော့ ဦးသန်းရွှေကြီးက သူများ
၂၉
တွေလို ရှည်ရှည်ဝေးဝေးမပြောပဲ တစ်ခွန်းထဲပြောပြီး ဆင်းလာခဲ့တဲ့အခါမှာ....
လူပေါင်းများစွာရှိတဲ့ အစည်းအဝေးခန်းမကြီးဟာ အပ်ကျသံတောင်ကြားရအောင်
တိတ်ဆိတ်သွားပါတော့တယ်။ အားလုံးဟာ အာစေးထည့်ခံရသလို အလန့်တကြား
နှင့် ဘာမှမပြောနိုင်တော့ပါဘူး။
ဦးသန်းရွှေကြီး ပြောလိုက်တာကတော့ တစ်ခွန်းထဲပါ။
''မုသာဝါဒ'' တဲ့ဗျာ.....။
(တင်ပြသူ- စနအနမ့နငည၁၉၈၃ )
ပြညောမေ ၤေ့်ငသည
သံလုံးနှင့်ရေစက်ပါသော နိုင်ငံခြားသားအား မြို့တွင်းသို့လိုက်လံပို့ဆောင်ပေးရန်
ကြုံကြိုက်လာလေသည်။ ပူအိုက်သောနွေရာသီ ဖြစ်နေသောကြောင့် နိုင်ငံခြားသား
က ...
'' မင်းတို့လူမျိုးတွေ ပူပြင်းမှုကိုအံတုသလို ငါလဲလိုက်လုပ်မှဖြစ်တော့မယ်၊
ငါဘယ်လိုဒီဇိုင်းလုပ်ရမလဲဆိုတာ ပြောပြစမ်းပါဦးကွာ ''
သံလုံးက
'' မပုပါနဲ့ ကျွန်တော်ပြမယ်...၊ ဟောဒီမျက်မှန်မည်းကြီးကိုတပ်လိုက် ဒါဟာ
နေကာမျက်မှန်မဟုတ်ဘူး အထက်၊ အောက်၊ ဘေးမှာ ဘာတွေဖြစ်နေလဲ
မမြင်ရတော့ပဲ ခင်ဗျားလက်တစ်ကမ်းကိုပဲ စူးစိုက်ကြည့်ရတော့မယ်။ ပြီးရင် ဟောဒီ
ာစ၃ စူပေနမ လေးကို နားထောင်နေလိုက်၊ အထက်၊ အောက်၊ ဘေးက လူ
တွေဘာတွေပြောနေလဲ ဘာမှမကြားတော့ဘူး။ ဟောဒီ ပီကေတွေကို အဆက်မပြတ်
ဝါးပြီး မော်ရင်ညိုလို စောဒကမတက်ဘဲ ဖာဂူဆန်လို တိတ်တိတ်လေးနေလိုက်။
၃ဝ
ဒါဆိုခင်ဗျား ရန်နည်းသွားမယ်။ နောက်ဆုံးအနေနဲ့ ဟောသလိုလေး ခေါင်းကနေ
ရေလောင်းလိုက်၊ ပူတဲ့ဒဏ်ကိုခံနိုင်သွားပြီ ''
ဆိုပြီး နိုင်ငံခြားသားခေါင်းကနေ ရေလောင်းချလိုက်တယ်။ ခဏနေတော့
နိုင်ငံခြားသားက ဟတ်ချီး . . ဟတ်ချီး နဲ့ချေပြီး နှာတွေပိတ်လာရော။ ဒီတော့မှ
သံလုံးက
'' အားလုံးအိုကေသွားပြီ၊ လာသွားမယ်၊ ဒီလိုမျိုးသာဆို မြန်မာပြည်တနှံ့တလျား
ခင်ဗျား သွားချင်တဲ့ဆီသွားပြီး တွေ့ချင်တဲ့သူနဲ့ တွေ့လို့ရပြီ '' ဆိုပြီးခေါ်သွား
ပါတော့တယ်။
( တင်ပြသူ- င်္ူောန သ် ဏျေငသည )
အိုဘယ့်ဘီကနီရယ်၊ စောင့်ရတာမောလွန်းလှဘိ . . .
အငြိမ်းစာရင်းကိုင်ကြီးနှင့် ခေတ်ဟောင်းနိုင်ငံရေးသမားကြီးတို့ အလ္လာပသလ္လာပ
ပြောနေကြသည်။ အငြိမ်းစားစာရင်းကိုင်ကြီးမ
'' ဒါနဲ့ ခင်ဗျား ဟိုဟာသလေးကြားဖူးလား၊ စာရင်းဇယားဆိုတာ ဘီကနီနဲ့
တူတယ်ဆိုတာလေ ''
နိုင်ငံရေးသမားဟောင်းကြီးက
'' မကြားဖူးဘူး၊ ဒါပေမယ့် ကျွန်တော့်အမြင်တော့ ဘီကနီဟာ စာရင်းထက်စာရင်
အစိုးရအဖွဲ့နဲ့ ပိုတူတယ်ထင်တာပဲ။ ဘာတွေကိုဖုံးကွယ်ထားလဲလို့ အားလုံးက
ဂရုတစိုက် စောင့်ကြည့်နေတယ်ထင်ပေမယ့် အမှန်မှာတော့ ဘယ်တော့ကျွတ်ပြီး
ပြုတ်ကျမှာလဲလို့ စောင့်မျှော်နေကြတာ ''
( တင်ပြသူ- င်္ူောန သ် ဏျေငသည )
၃၁
မြန်မာပြည် ပြသနာ ဖြေရှင်းနည်း
တနေ့သောအခါ အလ္လါအရှင်မြတ်ရယ်၊ ယေရှုခရစ်တော်ရယ်၊ သကြားမင်းဦးမာဃ
တို့က ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်။ သဘောတူညီချက်
တွေ ရခဲ့ကြတယ်။ အလ္လာအရှင်မြတ်က အိုစမာဘင်လာဒင်ကို သွားတွေ့မယ်။
ခရစ်တော်က သမ္မတ ဘုရှ်ကို ဖြောင်းဖျမယ်။ ဦးမာဃ ကတော့ ဗိုလ်ချုပ်မှူးကြီးကို
တာဝန်ယူရမယ်တဲ့။
ဒါနဲ့ ဘာသာကြီး (၃)ခုရဲ့ တန်ခိုးရှင်တွေက ရက်ကောင်းရက်မြတ် ရွေးပြီးသကာလ
ကမ္ဘာကျော် အကြမ်းဖက်သမား (၃)ဦး နဲ့တွေ့ကြတယ်။ တွေ့တဲ့နေရာက ဟိမဝန္ထ္တာ
တောင်ခြေက လှိုဏ်ဂူတစ်ခုမှာပါ။ အနှောင့်အယှက်မရှိ စကားပြောလို့ရအောင်
ဝင်ပေါက်မှာ လုံခြုံရေးအစောင့်တွေ ချထားလိုက်တယ်။
အဲသလိုနဲ့တွေ့ကြပြီး ( ၃ )နာရီအကြာမှာ ခရစ်တော်က သမ္မတဘုရှ်နဲ့အတူ ဂူထဲက
နေ ထွက်လာတယ်။ ခရစ်တော်က ပြုံးနေတယ်။ ဘုရှ်ကတော့ အကျွတ်တရား
ရသွားဟန်ရှိပါတယ်။
အစောင့်များ ။ ဆွေးနွေးပွဲ အခြေအနေ ဘယ်လိုရှိပါသလဲ အရှင်။
ခရစ်တော် ။ အခုအချိန်ကစပြီး စစ်ပွဲတွေ ရပ်စဲတော့မယ်။ သမ္မတဘုရှ်က ငြိမ်းချမ်း
ရေးရဲ့တန်ဖိုးကို သတိထားမိသွားပြီ။
နောက်ထပ် ( ၃ ) နာရီအကြာမှာ အလ္လာအရှင်မြတ်က ဂူထဲကနေ ထွက်လာတယ်။
၃၂
ဘင်လာဒင်လည်း ပါလာတယ်။ ဘင်လာဒင်ပုံစံက အလ္လာကို ပို၍ပို၍ ရိုသေ
လေးစားနေဟန် ပေါ်လွင်နေတယ်။
အစောင့်များ ။ ဆွေးနွေးပွဲ အခြေအနေ ဘယ်လိုရှိပါသလဲ အရှင်။
အလ္လာ ။ ဘင်လာဒင်ကို လူကောင်းသူကောင်းဖြစ်အောင် ပြောင်းလဲလိုက်နိုင်ပါပြီ။
အခုအချိန်ကစပြီး သူဟာ အကြမ်းဖက်လုပ်ငန်းတွေနဲ့ ပါတ်သက်တော့မှာ မဟုတ်
ပါဘူး။
နောက်ထပ် ( ၃ ) နာရီ အကြာမှာတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွေ ဂူထဲကနေ
ထွက်လာတယ်။ ဒေါသတထောင်းထောင်းနဲ့ပေါ့။ သူ့နောက်မှာ ဦးမာဃကြီး
စိတ်ပျက်လက်ပျက်နဲ့။
အစောင့်များ ။ ဘယ်လိုဖြစ်တာလဲ အရှင်။
ဦးမာဃ ။ မြန်မာပြည်မှာ ငြိမ်းချမ်းဖို့လိုပြီဆိုတဲ့အကြောင်း သန်းရွေကို တတ်နိုင်
သလောက် နားချပါတယ်ကွာ။ ဒီတော့ သူက ငါ့ကို ပုဒ်မ ၅(ည) အရ အပြစ်ရှိ
တယ်လို့ စွတ်စွဲပါလေရော။ အခုငါ့ကို အင်းစိန်ထောင်ပို့မလို့ တဲ့ကွာ။
( တင်ပြသူ- နထသအငခ )

လွတ်လပ်ရေး


အော် လွတ်လပ်ရေး -လွတ်လပ်ရေး
သင့်အမည်ကိုပေးပြီး
အသက်တွေ ဘယ်လောက်များ
စတေးရအုံးမှာလဲ...။

ဟာသလေးများ ( မျိုးချစ်မြန်မာမှ )

မြိုရခက်ကြီး


ထမင်းဝိုင်းအနားတွင် ရပ်လျက် အန်တီမြက ဧည့်သည်များကို ပြောသည်။
"စားကြပါနော်။ အားမနာပါနဲ့။ ဒါနဲ့ ဦးဘမောင် ကြက်သား တတိယတုံး
ယူလိုက်ပါအုံး။ ဘယ်သူဘယ်နှစ်တုံး စားတယ်ဆိုတာ ကျွန်မ မမှတ်တတ်ပါဘူးရှင်"
________________________________________________________________________
တစ်ယောက်မှ မရှိပါ


လူဆိုးများ လက်မှ လွတ်အောင် ကိုချူချာပြေးရင်း ရေတွင်းထဲ ဆင်းပုန်းသည်။
လူဆိုးဂိုဏ်းခေါင်းဆောင်က ရေတွင်းထဲ ကြည့်ပြီး အော်သည်။

"တစ်ယောက်ယောက်ရှိသလားဟေ့"

ကိုချူချာက ပဲ့တင်သံပုံစံဖြင့် ပြန်အော်သည်။

"တစ်ယောက်ယောက်ရှိသလားဟေ့၊ တစ်ယောက်ယောက်ရှိသလားဟေ့"

"တစ်ယောက်မှ မရှိဘူးထင်တယ်"

"တစ်ယောက်မှ မရှိဘူးထင်တယ်၊ တစ်ယောက်မှ မရှိဘူးထင်တယ်"

"ဗုံးတစ်လုံး ပစ်ချလိုက်ရင် ကောင်းမလား"

"မပစ်နဲ့၊ မပစ်နဲ့ တစ်ယောက်မှ မရှိတာပဲ"
_____________________________________________________________________________
ဗိုလ်ကြီး မသေဘူးဟေ့

ရှေ့တန်းတိုက်ပွဲ တစ်ခုတွင်ဖြစ်သည်။ ရန်သူ့စခန်းကို သိမ်းပိုက်မိသည့် အခါ
တပ်ဖွဲ့တွင်လည်း ရိက္ခာပြတ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ရန်သူ့
စားဖိုဆောင်ထဲတွင် ရိက္ခာ အမြောက်အမြား တွေ့ရသော အခါ တပ်သားများ
ပျော်သွားကြသည်။ သို့သော်လည်း သူတို့ တစ်ယောက်မှ မစားကြသေးပဲ
ဗိုလ်ကြီးကို သာလေးစားသည့် အနေဖြင့် အရင်စားခိုင်းကြသည်။
ဗိုလ်ကြီးစားတာကို သူတို့ ထိုင်ကြည့်နေကြသည်။ စားပြီးတစ်နာရီကြာသည်အထိ
ဘာမှ မဖြစ်တာ တွေ့ရမှ "ဗိုလ်ကြီး မသေဘူးဟေ့။ အဆိပ်တွေ မပါဘူး။
တို့လည်းစားလို့ရပြီ" ဟု ၀မ်းသာအားရပြောကာ စားကြလေသည်။

_____________________________________________________________________
တို့သူငယ်ချင်းလှထုံအကြောင်းပြောရမလား...

စာမေးပွဲနီးတော့ အိပ်ရေးပျက်ပြီး မူးလို့ ဆရာဝန်ကိုသွားပြပါတယ်..။
ဆရာဝန်က လက်မောင်းမှာ
အဝတ်ပတ်.. ရာဘာလုံးလေးကို တရှူးရှူးညှစ်ပြီး (သွေးချိန်တာပါ)
အပေါ်သွေး..... လို့ပြောရုံရှိသေး..လူနာကုတင်ပေါ်က လူးလဲထပြီး အောက်သွေး
မတိုင်းတော့ဘူးလို့ ဆိုပါတယ်...။
(သူထင်သွားတာက အောက်သွေးတိုင်းရင် သူ့ပေါင်ကို
အဝတ်နဲ့ ပတ်မယ်ထင်တာ၊ အပေါ်သွေးတိုင်းတုံးက လက်မောင်းကိုပတ်ထားတာကိုး....)
____________________________________________________________________________
ချွေတာတဲ့ ကိုချူချာ

ကိုချူချာ အလုပ်မှ ပြန်လာသည်။ ရောက်ရောက်ချင်း မီးဖိုချောင်ဘက်သွားပြီး
ရေခဲသေတ္တာကို ဖွင့်သည်။ ချက်ချင်းဆောင့်ပိတ်သည်။ ထို့နောက် မိန်းမကို
လက်သီးစာ ကျွေးသည်။ မိန်းမဖြစ်သူ တုန်လှုပ်ချောက်ချားသွားသည်။ ဘာကြောင့်
ရိုက်ပါလိမ့် စဉ်းစားသည်။ အင်း ရေခဲသေတ္တာထဲမှာ စားစရာနည်းနေလို့ နေမှာပဲ။

နောက်နေ့ ကိုချူချာ အလုပ်သွားသောအခါ မိန်းမသည် ဆိုင်သို့ပြေးပြီး
ဖွယ်ဖွယ်ရာရာတွေ ၀ယ်သည်။ ရေခဲသေတ္တာတစ်ခုလုံး စားစရာတွေနဲ့ ဖြည့်ထားသည်။
ညနေရောက်သော် ကိုချူချာ ပြန်လာသည်။ မနေ့က အတိုင်း မီးဖိုထဲဝင်ပြီး
ရေခဲသေတ္တာ ကိုဖွင့်သည်။ ချက်ချင်ပြန်ပိတ်ပြီး မိန်းမကို လက်သီးစာ
ကျွေးသည်။ ရှိုက်ကြီးတငင်ငိုရင်း မိန်းမဖြစ်သူ စဉ်းစားသည်။ ဘီယာမရှိလား
လို့များလား။

မနက် ကိုချူချာ ထွက်သွားသွားချင်း ဘီယာ ပြေးဝယ်သည်။ ရေခဲသေတ္တာ ထဲ
ထည့်သည်။ ဘီယာအေးအေးလေး သောက်လိုက်ရရင် သူရန်မရှာတန်ကောင်းရဲ့ ဟုတွေးသည်။

ကိုချူချာပြန်လာသည်။ မီးဖိုချောင်ဘက်သွားပြီး ရေခဲသေတ္တာကို ဖွင့်သည်။
မိန်းမဖြစ်သူ ရင်တမမနှင့်စောင့်သည်။ ရေခဲသေတ္တာ ဆောင့်ပိတ်သံ ကြားရသည်။
ကိုချူချာ အခန်းထဲ ၀င်လာပြီး မိန်းမကို လက်သီးစာ ကျွေးသည်။ မိန်းမဖြစ်သူ
မအောင့်နိုင်တော့ဘဲ မေးလိုက်သည်။

"ရှင်ဘာဖြစ်လို့ ကျွန်မ ကိုရိုက်ရတာလဲ"
"မင်းရေခဲသေတ္တာထဲက မီးကို ဘယ်တော့ ပိတ်မလဲကွ ဟေ"
__________________________________________________________________________-
နေရာကောင်း

ကိုချူချာ သစ်ပင်ပေါ် တွယ်တက်သည်။ ဖြတ်သွားသူက မေးသည်။
"ဟေ့လူ၊ ဘာတက်လုပ်မှာလဲ"
"သရက်သီးစားမလို့"
"ခင်ဗျား ရူးနေသလား၊ ဒါ မန်ကျည်းပင်ပဲဟာ"
"ကျွန်တော့် အိပ်ထောင်ထဲမှာ သရက်သီးပါတယ်ဗျ"
______________________________________________________________
တွေ့ရင်ပြောမယ်

ကိုချူချာကို လူဆိုးနှစ်ဦး တစ်ဖက်တစ်ချက်မှ ချုပ်ကိုင်ပြီး ကမ်းဆိပ်သို့
အတင်းဆွဲခေါ်လာသည်။

ကိုချုချာ၏ခေါင်းကို ရေထဲနှစ်လိုက်သည်။ ခဏအကြာတွင် ပြန်ပြီးမေးသည်။

"ပိုက်ဆံရှိသလား"
"မရှိဘူး"

ကိုချူချာကို ရေထဲနှစ်လိုက်ကြပြန်သည်။ ပထမအကြိမ်က ထက် အနည်းငယ်
ပိုကြာအောင်ထားလိုက်သည်။ ထို့နောက် ပြန်ဖော်ပြီးမေးသည်။

"ရွှေကောရှိသလား"
"မရှိဘူး"

"ခေါင်းမာတဲ့ အကောင်" ဟုပြောပြီး လူဆိုးများ ကိုချူချာကို
ရေထဲနှစ်လိုက်ပြန်သည်။ ခဏကြာသောအခါ ပြန်ဖော်ပြီးမေးသည်။

"ပိုက်ဆံမရှိဘူး ဟုတ်လား"
"ဟုတ်တယ် မရှိဘူး"
"ရွှေလည်းမရှိဘူး ဟုတ်လား"
"ဟုတ်တယ် မရှိဘူး"
"အဲဒါဆို ဘာရှိလဲပြော"

"ရေနောက်နေတော့ ဘာမှ မမြင်ရဘူး၊ ကျွန်တော့်ကို ခပ်နက်နက် နှစ်ကြည့်ပါ၊
တွေ့ရင်ပြောပါ့မယ်။"