ပညာပေးအစီအစဉ်များကို ရုပ်သံမီဒီယာများတွင် လွှင့်ရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီးကော်မရှင် အဖွဲ့ခွဲမှ မဲရုံမှူး သင်တန်းဆင်းတစ်ဦးက ပြောသည်။ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲလက်မှတ်၌ ကိုယ်စားလှယ် လောင်းအမည်၊ နိုင်ငံရေးပါတီ အမည်၊ ပါတီတံဆိပ်နှင့် ဆန္ဒပြုရန် နေရာလွတ်တို့ ပါဝင်မည်ဖြစ်ပြီး တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများနှင့် တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များ၏ မဲလက်မှတ်တွင်လည်း အထက်ပါအတိုင်း ပြုလုပ်သွားမည်ဟု သိရသည်။ မဲပုံးများတွင်လည်း ပြည်သူ့ လွှတ်တော် အတွက် ဆန္ဒပြုရန် မဲပုံး အစိမ်းရောင်၊ အမျိုးသားလွှတ်တော် အတွက် မဲပုံးအပြာရောင်၊ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး လွှတ်တော်အတွက် မဲပုံးခရမ်းရောင်နှင့် တိုင်းရင်းသား လူမျိုးကိုယ်စားလှယ်များ အတွက် မဲပုံးအဖြူရောင်အဖြစ် ခွဲခြားသတ်မှတ်ထားပြီးဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ”မဲခိုး၊ မဲလိမ်ကိစ္စတွေမဖြစ်အောင် ကော်မရှင်က စနစ်တကျ လုပ်သွားပါမယ်။ ဘယ်ပါတီကိုမှ သီးခြားအခွင့်အရေးပေးတာမျိုး၊ ဘက်လိုက်တာမျိုး လုပ်မှာမဟုတ်ဘူး။ လျှို့ဝှက် ဆန္ဒပြုခန်းတွေကိုလည်း ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ပြုလုပ်သွားပါမယ်။ ပြည်သူတွေအနေနဲ့ ဆန္ဒရှိတဲ့ပါတီကို ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်မဲပေးနိုင်ပါတယ်”ဟု ၄င်းက ပြောသည်။ ဆန္ဒမဲပေးချိန်နှင့် မဲရေတွက်ချိန်များတွင် ပါတီများ သံသယ မဖြစ်ရလေအောင် မဲဆန္ဒနယ်အလိုက် ကိုယ်စားလှယ်များအား မဲရုံပရိဝုဏ်အတွင်း စောင့်ကြည့်ခွင့် ရမည်ဟု သိရသည်။ ၂ဝ၁ဝ ပြည့်နှစ် ပါတီစုံဒီမိုက ရေစီအထွေထွေရွေးကောက်ပွဲကာလတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ၏စာရင်းကို မြေပြင်လူဦးရေစာရင်း ကောက်ယူစစ်ဆေးပြီး သတ်မှတ်ကာလသို့ ရောက်ရှိလာပါက ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် လူဦးရေစာရင်းကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်ရုံးများတွင် ကြေညာသွားမည် ဖြစ်ကြောင်း၊ မဲစာရင်းတွင် မဲဆန္ဒရှင်တစ်ဦး၏ အမည်သည် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွင်သာ ရှိရမည်ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြော သည်။
ပေါ်ပြူလာ သတင်းဂျာနယ်
Saturday, September 11, 2010
မြန်မာအမျိုးသမီးများကြား ဆေးမင်ကြောင်(Tattoo)တက်တူးထိုးခြင်းများခေတ်စား
မြန်မာပြည်ရှိ အမျိုးသမီး သရုပ်ဆောင်၊ အဆိုတော် များသာမက ခေတ်လူငယ် မိန်းကလေးများ ကြားတွင် ဆေးမင်ကြောင် (Tattoo) တက်တူး ထိုးခြင်းကို ဖက်ရှင်တခုအဖြစ် လက်ခံ ထိုးလာကြကြောင်း တွေ့ရသည်။
“ထိုးချင်တဲ့ စိတ်ကူး ပေါ်လာတာနဲ့ ပခုံးရယ်၊ ခါးရယ် ၊ ခြေထောက်ရယ်မှာ ထိုးဖြစ်သွားတာ။ တခြား သူတွေလိုတော့ ဘာကြောင့်ရယ် မရှိဘူး။ ပြည်ပမှာတော့ ဆယ်ကျော်သက် အရွယ်လေးတွေက အစ ထိုးနေပေမယ့် မြန်မာပြည်မှာ ကတော့ အခုမှ ခေတ်စား လာတယ်လို့ ပြောရမယ်”ဟု သရုပ်ဆောင် ဆုရွှန်းလဲ့က ပြောသည်။
ဆုရွှန်းလဲ့က ဆက်လက်၍ “အဘိုး အဘွားတွေ ခေတ်တုန်းကတော့ ဆေးမင်ကြောင်ထိုးတာ သတ္တိရှိတဲ့ လူတွေ ထိုးတာပေါ့ ၊ ကိုယ်တွေ ငယ်ငယ်က ဆိုရင် ဆေးမင်ကြောင်ထိုးတာ လူဆိုး လူမိုက်ပေါ့။ အခု ကျတော့လည်း ဖက်ရှင်တခုလို ပြောင်းသွားတာ ကိုယ်တွေပါ ထိုးလိုက်တဲ့ အထိ ဖြစ်သွားတယ်။ တခါထိုးပြီး ထပ်ထပ် ထိုးချင်တဲ့ စိတ်ဖြစ်တယ်”ဟုလည်း ပြောဆိုသည်။
ဆေးမင်ကြောင်ကို ယခင် ကာလများက ဘုရားပွဲ ဈေးတန်းများတွင်သာ အများဆုံးထိုးနိုင်သကဲ့သို့ အသုံးပြုသည့် ဆေး၊ အပ်နှင့် ထိုးသည့် ပုံဒီဇိုင်းများလည်း ကောင်းမွန်မှုမရှိကြောင်း သိရသည်။
“အမျိုးသားက သူထိုးထားတဲ့ ပုံဟောင်းကို နည်းနည်းပြင်မယ်ဆိုတာနဲ့ ကိုယ်ကလည်းထိုးချင်တယ်ဆိုတော့ ထိုးဖြစ်သွားတာ။ပခုံးမှာ ကိုယ့်ရာသီခွင် ကင်းမြီးကောက်ရယ် အဲဒီအောက်မှာ ကနုတ်ပုံရယ် ထိုးထားတယ်”ဟု မော်ဒယ် ခင်မဉ္ဖူခိုင်က ပြော သည်။
“ကိုယ်တိုင်လည်း တက်တူး (Tattoo) ထိုးတာကို ကြိုက်သလို ကောင်မလေးတွေ ထိုးထားတာမြင်ရင် သဘောကျတယ်။ ကောင်းတယ် မကောင်းဘူး မဝေဖန်ချင်ပေမယ့် မြန်မာပတ်ဝန်းကျင်မှာ မိန်းကလေး တက်တူးထိုးထားရင် တမျိုးအမြင်ခံရတာ မျိုး ရှိတော့။ ကိုယ် အိမ်ထောင်ပြုတဲ့အခါ ကိုယ့်အမျိုးသားက ဒါကို လက်ခံတဲ့ သူမျိုးဆိုရင်တော့ ကိစ္စမရှိဘူး။ မိန်းကလေးတွေ တက်တူး ထိုးချင်တယ်ဆိုရင် အိမ်ထောင်ကျပြီးမှ ထိုးစေချင်တယ်”ဟု ခင်မဉ္ဖူခိုင်က ဆက်ပြောသည်။
တက်တူးထိုးခြင်းသည် မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီဟု ဝေဖန်ပြောဆိုမည်ဆိုလျှင် မြန်မာဝတ်စုံဝတ်၍ အကျင့်စာရိ တ္တ ပျက်ပြားနေသည့် အမျိုးသမီးများကို ယဉ်ကျေးမှုနှင့်လျော်ညီသည်ဟု သတ်မှတ်နိုင်လားဟု မေးခွန်း ထုတ်စရာများ ရှိကြောင်း အမျိုးသမီး အဆိုတော် တဦးက ပြောဆိုသည်။
“လူကြီးတွေနဲ့ တွေ့ရမယ့် အခါမျိုးတွေ ရှိနိုင်တော့ အမျိုးသမီးတွေ ထိုးမယ်ဆိုရင် ဖုံးလို့လွယ်မယ့် နေရာမျိုးတွေမှာ ထိုးစေချင် တယ်။ မြန်မာဝတ်စုံနဲ့ တက်တူးနဲ့ ကတော့ ဘယ်လိုမှ မလိုက်ဘူးလို့ထင်တယ်။ တက်တူးထိုးထားလို့တော့ မကောင်းတဲ့ အ မျိုးသမီးလို့ မမြင်ဘဲ လက်ခံသင့်တယ်လို့ ထင်တယ် ”ဟု ၎င်းက ဆိုသည်။
၎င်းက ဆက်လက်၍“အခုခေတ်က တက်တူးဆိုင်တွေ သီးသန့်ဖွင့်လာတာရှိပါတယ်။ တော်တော်များများကတော့ ထိုးတဲ့သူ ခေါ်ပြီး အိမ်မှာ ထိုးတာလည်း များတယ် ။ ကိုယ်တိုင်လည်း အိမ်မှာ ခေါ်ထိုးတာ”ဟု ပြောသည်။
ရန်ကင်းမြို့နယ်နေ အသက် ၂၀ အရွယ် သဲမွန်ထွေးက“သူငယ်ချင်း ယောကျာ်းလေးတွေ ထိုးတာကိုကြည့်ပြီး အားကျတာနဲ့ လိုက်ထိုးဖြစ်တာ။ ခါးမှာ နဂါးရုပ် ထိုးထားတယ် ။ မိဘတွေကတော့ သူတို့ အမြင်နဲ့ မကြိုက်ပေမယ့် တားလို့မှ မရတာ”ဟု ပြောဆိုသည်။
တက်တူထိုးခြင်းအပေါ် အမြင်ပြောင်းလဲ လက်ခံလာခြင်းကြောင့် မြန်မာပြည်တွင် ဈေးကွက်တခု အနေဖြင့်ပါ ကျယ်ပြန့် လာ ကြောင်း ဗိုလ်ချူပ်ဈေးတွင် တက်တူး ဆိုင်ဖွင့်လှစ်ထားသူ တဦးက ပြောသည်။
“မိန်းကလေးအနေနဲ့ ဆိုရင်တော့ လက်ခံမှု နည်းနေသေးတာတွေ ရှိသေးတော့ ဆိုးဆိုးဝါးဝါး ဒီဇိုင်းခပ်ကြီးကြီးမျိုးတွေနဲ့ မ လိုက်ဖက်ဘူး။ အခုခေတ်မိန်းကလေးတွေ တော်တော်များများက ဖန်စီပုံစံ ကနုတ်လေးတွေ၊ လခြမ်းလေးတွေလို ထိုး တာ များပါတယ်။ အများဆုံးလာကြတာတော့ လူလတ်တန်းစားနဲ့ ပိုက်ဆံရှိ သားသမီးတွေများတယ်”ဟု ၎င်းက ပြောပြသည်။
ဝန်ဆောင်ခ အနေနှင့် ဒီဇိုင်းပေါ်နှင့် အရုပ်အကြီးအသေး၊ ဆေး အမျိုးအစားအပေါ် မူတည်၍ ရှိသည်ဟု အိမ်တိုင်ရာရောက် လိုက်၍ တက်တူး ထိုးသည့် လုပ်ငန်းလုပ်ကိုင်နေသော ကိုဖိုးကျော် ပြောသည်။
“အောက်ဒိုး အနေနဲ့ လိုက်ထိုး ပေးတယ်။ စိုးမြတ်သူဇာ၊ ခင်မဉ္ဖူခိုင် နောက် အနုပညာရှင် တွေထဲက တော်တော် များများ ထိုးခဲ့တယ်။ မစိုးကြီး (စိုးမြတ်သူဇာ) ဆို ရင်ဘတ်မှာ ကနုတ်လို ဟာမျိုးလေးပဲ။ မစိုးကို ထိုးပေး တုန်းကဆို ပုံကြမ်း အရင်ဆွဲပြတယ်၊ ပြီးတော့ သူလိုချင်တာနဲ့ ကိုယ့်အမြင်နဲ့ ပေါင်းပြီး လုပ်တာပေါ့။ ပုံတူအတိုင်း လိုက်ဆွဲတာ ရှားတယ်”ဟု ၎င်းက ရှင်းပြသည်။
“အမျိုး သမီးတွေ တက်တူး ထိုးတာကို လက်ခံမှုပိုင်းမှာ တိုးတက် လာသလို အပ်တို့ ဆေးတို့က အစ ဒီဘက်ခေတ်မှာ ပိုကောင်း လာတယ်”ဟုလည်း ၎င်းက ဆိုသည်။
ရန်ကုန် မြို့ရှိ အရေပြားဆိုင်ရာ ပါမောက္ခ ဆရာဝန်မကြီး တဦးက“ကျန်းမာရေး ရှုထောင့်အနေနဲ့ ထိုးမယ်ဆိုရင် သန့်ရှင်းတဲ့ ဆိုင် ၊ သန့်ရှင်းတဲ့ အပ်တွေသုံးသင့်တယ်။ နောက် တခုက ငယ်ရွယ် ချိန်မှာ လောပြီးလုပ်တတ်တော့ ထိုးပြီးရင် ပြန်ဖျက်လို့ မရတော့ဘူးဆိုတာကို လက်ခံနိုင်ရမယ်။ မိန်းကလေးနဲ့ တက်တူးဟာ မအပ်စပ်တဲ့ အရာလို့ မြင်နေသေးပါတယ်။ တက်တူး ထိုးလို့ မကောင်းတဲ့ မိန်းကလေးလို့တော့ ပြောလို့မရပါဘူး”ဟု ဆိုသည်။
ခေတ်အခြေအနေအရ ဖက်ရှင်တခုအနေနှင့် ပြောင်းလဲဖြစ်ပေါ်မှုကို လက်ခံသင့်ကြောင်း၊ လက်ရှိ မိမိနေထိုင်သည့် နိုင်ငံ အနေ အထားအရ အမျိုးသမီးတဦး အနေနှင့် အလွန်အကျွံတော့ မပြုလုပ်သင့်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
ရင်းမြစ်။ ။ဧရာဝတီ

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ်မှာ ကြိုတင်စည်းရုံးနေ
ရွေးကောက်ပွဲ ဥပဒေအရ ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုပြီးတဲ့နောက်မှ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ တရားဝင် မဲဆွယ်စည်းရုံးခွင့် ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေဟာ အခုကတည်းက အများပြည်သူပိုင် ဓမ္မာရုံ၊ စာကြည့်တိုက်တွေ အသုံးပြုပြီး စည်းရုံးဟောပြောနေပြီလို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ရဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ သတင်းပို့ကြတဲ့ အချက်အလက်အရလေ၊ ညနေပိုင်း ကျွန်တော်တို့ဆီကျတော့ ညပိုင်းလောက်ပဲ မီးလာတာကိုး၊ ၇ နာရီကနေ ၁၁ နာရီကြားပဲ မီးရပါတယ်။ ၇ နာရီလောက်မှာ တချို့ ဓမ္မာရုံတို့၊ တချို့က စာကြည့်တိုက်တို့ကို တချို့ဆိုရင် အဲဒီ ဘုရား ပရဝုဏ်၊ ဘုရား ပရဝုဏ်လည်း ပါပါတယ်။ ဟို အဲဒါတွေမှာ သူတို့ ကြိုတင်ပြီးကာမှ မြို့နယ်က ရပ်ကွက်ကပေါ့နော်၊ လူထုကို ဖိတ်ပြီးကာမှ အခမ်းအနား လုပ်တယ်၊ ကိုယ်စားလှယ်လောင်းတွေကလေ တဦးချင်း စကားပြောကြတယ် ဆိုတာတော့ ကျွန်တော်တို့ ကြားပါတယ်ခင်ဗျ။”
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲ နည်းဥပဒေတွေကို လိုက်နာမှာ ဖြစ်ပြီး သတ်မှတ်တဲ့ အချိန်ရောက်မှ စည်းရုံးရေးလုပ်ငန်းတွေ စတင်မှာဖြစ်တယ်လို့ ဒေါက်တာအေးမောင်က ဆိုပါတယ်။
ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြဌာန်းချက်တွေအရဆိုရင် ပါတီကိုယ်စားလှယ်လောင်းတွေဟာ အများပြည်သူကို စည်းရုံးဟောပြောဖို့ သက်ဆိုင်ရာ ကော်မရှင်ရုံးတွေဆီ တပတ်ကြို အကြောင်းကြားရပြီး ခွင့်ပြုချက်ယူရပါတယ်။ ဒါပေမဲ့ အစိုးရပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ လိုက်နာတာမျိုး မရှိသလို ကော်မရှင်ဘက်ကလည်း အရေးယူ ဆောင်ရွက်တာမျိုး မရှိဘူးလို့ ပြိုင်ဖက် နိုင်ငံရေးပါတီတွေက ပြောဆိုနေကြပါတယ်။
ရင်းမြစ်။ ။RFA

Subscribe to:
Posts (Atom)