တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီ
ထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်း
ညနေစောင်းချိန်တွင် အဘိုးအို ခုတ်ပြီးသောထင်းအရေအတွက်မှာ လူငယ်ထက်
ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက်
ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီး
ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။
နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။
စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟုလည်း တွေးနေမိသည်။ သို့သော်
အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကို
တွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ စောစီးစွာ
ရောက်နှင့်နေပြီး မိုးချုပ်နေ၀င်မှ အိမ်ပြန်ခဲ့သော်လည်း သူ၏ထင်းမှာ
အဘိုးအိုထက် အမြဲတမ်းလိုလိုပင် နည်းနေခဲ့သည်။
ခြောက်ရက်မြောက်နေ့တွင် သူသည် မအောင့်နိုင်တော့သည့်အဆုံး အဘိုးအိုအား
မေးမြန်းခဲ့သည်။
“ အဘိုး.... ကျွန်တော်က အဘိုးထက် အားသန်တယ်... အဘိုးထက် စောပြီး
တောင်ပေါ်ရောက်အောင် လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့်
ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ်... ဘာကြောင့်လဲ”
“ဒီိလို လူလေးရဲ့... အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့
ပုဆိန်ကို အမြဲသွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ ထင်းခုတ်ပြီး ဒီအတိုင်း
ပစ်ထားခဲ့တယ်။ အဘိုးက အသက်ကြီးပြီ။ နောက်ကျမှ တောင်ပေါ်ရောက်သလို လူလေးထက်
စောပြီး အလုပ်သိမ်း ခဲ့တယ်။ ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက်
ထက်မြက်နေတဲ့အတွက် အဘိုး လေး ငါးချက်ခုတ်လို့ ပြတ်တဲ့ သစ်ပင်ကို လူလေးက
ဆယ်ချက်လောက် ခုတ်ယူရတယ်... ဒါကြောင့် လူလေးရဲ့ ထင်းတွေ နည်းနေတာပါ”
ပုံပြင်လေးကတော့ ဒါပါပဲ။
အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေကို ဟောပြောပွဲတွေ သွားနားထောင်ဖို့၊
အချိန်ပိုရင် ကိုယ့်ဝါသနာပါရာ၊ လေ့လာနေတဲ့ ပညာရပ်ဆိုင်ရာ သင်တန်းတွေ
တက်ဖို့ ကျွန်တော် အမြဲ တိုက်တွန်းတတ်ပါတယ်။ အများစုက “အလုပ်ပင်ပန်းရတဲ့
ကြားထဲ သင်တန်းတွေ ဟောပြောပွဲတွေ တက်ဖို့ အချိန်မရှိဘူး” လို့
ညည်းပြကြပါတယ်။
“ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့ မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး
ရလဒ်တစ်ဝက်ပဲ ခံစားရမယ် ဆိုတာကို တစ်ချိန်ချိန်ကျရင် သိလာလိမ့်မယ်”
လူ့ဘ၀လမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်း
ကိုယ့်ပညာ ဗဟုသုတတွေကို မြှင့်တင်ယူရမှာ ဖြစ်ပါတယ်။ အရင်ခေတ်တုန်းကတော့
ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ ဒီခေတ်မှာ
ထင်းပဲခုတ်နေလို့ မလုံလောက်တော့ဘူး။ တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ
ပုဆိန်ကို သွေးနေသင့်ပါတယ်။ နို့မဟုတ်ရင် ခေတ်နောက် မလိုက်နိုင်တဲ့
ကိုယ့်ကို အဲဒီခေတ်ကပဲ ပယ်ထုတ်ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။
တတ်သလောက် အင်္ဂလိပ်စာလေးနဲ့ ဘာသာပြန်လုပ်စားနေတဲ့ ကျွန်တော့်အတွက်
ဒီပုံပြင်လေးက အိပ်ရာက လန့်နှိုးလိုက်သလို ဖြစ်သွားစေခဲ့ပါတယ်။
ဘော်ဒါရောင်းရင်းများ၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများအတွက်လည်း
ဒီပုံပြင်လေးက တစ်ခုခု ပေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ကျွန်တော်ကတော့ အင်္ဂလိပ်စာကို ဒီထက်ပို လေ့လာနိုင်မယ့်၊ သင်ပေးနိုင်မယ့်
သင်တန်းများ ထပ်တက်ပြီး သွေးသစ်လောင်းဖို့ ပြင်နေပါပြီ။
ဒီက မိတ်ဆွေများရော.. ဘယ်လို စီစဉ်ထားပါသလဲ၊ ကိုယ့်ကိုကိုယ် တတ်လှပြီ
ထင်ရင်တော့ သူများက တစ်ချက်တည်းနဲ့ ခုတ်လို့ ပြီးသွားတဲ့ သစ်ပင်ကို
ကိုယ့်ကျမှ နဖူးကချွေးခြေမ ကျအောင် အချက်ပေါင်း လေးငါးဆယ်မက ခုတ်မှ
ရမယ်ဆိုရင်တော့ ထူးအိမ်သင်သီချင်းထဲကလို နည်းနည်းလေးတော့ လွဲနေပြီ
ပေါ့ဗျာ။
ဒီတော့ သင်တန်းချည်းတက်ပြီး တက်သမျှ မလေ့ကျင့်ဘဲ၊ ပြန်မေ့နေရင်ရော
..ဆိုရင်တော့ အဲဒါ ကိုယ့်သမိုင်း ဖြစ်သွားပြီလို့ပဲ ဆိုပါရစေ။ ဒီနေရာမှာ
တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်စ်ရဲ့ စကားတစ်ခွန်း လက်ဆောင်ပါးချင်ပါတယ်။
"လက်တွေ့မပါတဲ့ ပညာဟာ အသုံးမ၀င်သလို၊ ပညာမပါတဲ့ လက်တွေ့ဟာလဲ အန္တရာယ်များတယ်"
အဲဒီလိုပဲ။ ကျွန်တော်တို့ဟာ ကိုယ်သိသလောက်၊ အတွေ့အကြုံလေးနဲ့ပဲ
ပြဿနာတိုင်းကို ဖြေရှင်းလို့ မရနိုင်ပါဘူး။ လိုအပ်ရင် သင်တန်းတွေတက်
ပညာယူ လေ့လာရတော့မှာ ဖြစ်ပါတယ်။ ဒီတော့ နေ့တိုင်းနေ့တိုင်း ဒီအလုပ်တွေ
ကုန်းရုန်းလုပ်ရင်း ဒီနေရာမှာပဲ ရပ်တန့်နေတော့မှာလား၊ ကိုယ့်ဘ၀ကို
ဒီထက်မြင့်မြင့် ပျံသန်းနိုင်ဖို့ အချိန်လေး အခွင့်အရေးလေး
မပေးနိုင်ဘူးလား..။ တစ်ချက်တည်း ခုတ်လို့ ပြတ်မယ့် နေရာမှာ
အချက်ပေါင်းများစွာ ခုတ်ရင်း အချိန်ကုန်၊ လူပန်းနဲ့ ဘ၀ကို အောက်ကျ၊
နောက်ကျ ဖြတ်သန်းသွားမလား။ ကျွန်တော်တို့ ပုဆိန်တွေ သွေးကြပါစို့ဗျာ။
Tuesday, December 22, 2009
အသက်ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်
ကျနော်တို့ဟာ ဒီမြေကမ္ဘာဆိုတာထဲကို အဖော်မပါပဲ ကိုယ်စီကိုယ်စီ ရောက်ရှိခဲ့ကြတယ်။ ကမ္ဘာမြေပေါ်ခြေချတယ်ဆိုရင်ပဲ တချို့ တွေက လရောင်တွေနဲ့ပက်ဖျန်းပြီး ကြိုဆိုခံရတယ်။ တချို့တွေကျတော့ လေနီကြမ်းတွေရဲ့ ခပ်ကြမ်းကြမ်းကြိုဆိုမှုတွေနဲ့ ကြုံခဲ့ရတယ်။ ဒီလို မတူညီတဲ့ကြိုဆိုမှုတွေနဲ့အတူ ဘ၀ဆိုတဲ့သံသရာကို နည်းမျိုးစုံနဲ့စတင်ထိတွေ့ခဲ့ကြတယ်။
ကျနော်တို့ဟာ ဒယိမ်းဒယိုင်နဲ့ အမိရင်ခွင်ထဲကနေ ကိုယ့်ကိုယ်ကိုရပ်တည်ဖို့ကြိုစားရင်း ကောင်းမှု၊ မကောင်းမှု စတဲ့လောကရဲ့ အဘိဓမ္မာဆိုတာတွေကို စတင်ရင်းနှီးခဲ့ပြန်တယ်။ တချိန်တည်းမှာပဲ ကိုယ့်ရင်ထဲမှာအတ္တဆိုတာ ရှိတယ်ဆိုတဲ့အကြောင်းနဲ့ အဲဒီအတ္တတွေ ရဲ့အခြားတဘက်မှာ ငြိမ်းအေးတဲ့ဆည်းလည်းသံတွေရှိတယ်ဆိုတာကိုလည်း နားလည်ခဲ့ကြရတယ်။ တခါဆက်လက်ပြီးတော့ လူနဲ့ တရိစ္ဆာန်တို့ ရဲ့ကွာဟမှုတွေကိုလည်း နားလည်လာခဲ့ရတယ်။ ချစ်ခြင်းမေတ္တာ၊ အသိတရား၊ မြင့်မြတ်မှု၊ ပေးဆပ်မှု၊ စွန့်လွှတ်မှု၊ အနစ် နာခံမှု၊ ကောက် ကျစ်မှု၊ ယုတ်မာမှု၊ ဓမ္မ၊ အဓမ္မ အစရှိတဲ့စကားလုံးတွေနဲ့လည်း ရင်းနှီးမှုရရှိခဲ့ကြပြန်ပါတယ်။
ဒီလိုနဲ့ နောက်ဆုံးမှာတော့ လူအားလုံးဟာ မြေကြီးရဲ့အောက်ကိုပြန်ပြန်ရောက်ရတယ်ဆိုတဲ့ သေခြင်းတရားဆိုတာကို ဆက်ပြီး တွေ့မြင်ခဲ့ရပြန်ပါတယ်။ ဒီတော့ ကျနော်တို့ရဲ့ အသက်ရှင်ရှင်နေထိုင်ခြင်းဆိုတာ ဘာပါလဲ။ အသက်ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်ဆိုတာက ကော ဘာကိုဆိုလိုပါသလဲ။ တရိစ္ဆာန်ထက်သိဥာဏ်ပိုမြင့်မားတဲ့ လူသားရဲ့အသက်ရှင် ခြင်းဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုမလဲ။ အိပ်၊ စား၊ ကာမနဲ့ ကိုယ့်အတ္တကိုသာရွှေချနေရုံနဲ့ လူဟာ တိရစ္ဆာန်နဲ့ ကွာဟမှုရှိနိုင်ပါ့မလား။ လူဟာ တိရစ္ဆာန်ထက်ပိုမြင့်မြတ်တယ်ဆိုတာကို ဘယ်လိုအသက်ရှင်ခြင်းမျိုးနဲ့သက်သေပြနိုင်မလဲ။
ကျနော်ကတော့ အဝေးကျောင်းသင်္ခမ်းလေးဆီက အေးငြိမ်းတဲ့၊ မောဟကင်းတဲ့၊ ရောင့်ရဲမှုတွေနဲ့အတိပြီးတဲ့ ခေါင်းလောင်းသံ တွေကို ကြားယောင်နေမိပါတယ်.....။
Posted by HKO at
ကျနော်တို့ဟာ ဒယိမ်းဒယိုင်နဲ့ အမိရင်ခွင်ထဲကနေ ကိုယ့်ကိုယ်ကိုရပ်တည်ဖို့ကြိုစားရင်း ကောင်းမှု၊ မကောင်းမှု စတဲ့လောကရဲ့ အဘိဓမ္မာဆိုတာတွေကို စတင်ရင်းနှီးခဲ့ပြန်တယ်။ တချိန်တည်းမှာပဲ ကိုယ့်ရင်ထဲမှာအတ္တဆိုတာ ရှိတယ်ဆိုတဲ့အကြောင်းနဲ့ အဲဒီအတ္တတွေ ရဲ့အခြားတဘက်မှာ ငြိမ်းအေးတဲ့ဆည်းလည်းသံတွေရှိတယ်ဆိုတာကိုလည်း နားလည်ခဲ့ကြရတယ်။ တခါဆက်လက်ပြီးတော့ လူနဲ့ တရိစ္ဆာန်တို့ ရဲ့ကွာဟမှုတွေကိုလည်း နားလည်လာခဲ့ရတယ်။ ချစ်ခြင်းမေတ္တာ၊ အသိတရား၊ မြင့်မြတ်မှု၊ ပေးဆပ်မှု၊ စွန့်လွှတ်မှု၊ အနစ် နာခံမှု၊ ကောက် ကျစ်မှု၊ ယုတ်မာမှု၊ ဓမ္မ၊ အဓမ္မ အစရှိတဲ့စကားလုံးတွေနဲ့လည်း ရင်းနှီးမှုရရှိခဲ့ကြပြန်ပါတယ်။
ဒီလိုနဲ့ နောက်ဆုံးမှာတော့ လူအားလုံးဟာ မြေကြီးရဲ့အောက်ကိုပြန်ပြန်ရောက်ရတယ်ဆိုတဲ့ သေခြင်းတရားဆိုတာကို ဆက်ပြီး တွေ့မြင်ခဲ့ရပြန်ပါတယ်။ ဒီတော့ ကျနော်တို့ရဲ့ အသက်ရှင်ရှင်နေထိုင်ခြင်းဆိုတာ ဘာပါလဲ။ အသက်ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်ဆိုတာက ကော ဘာကိုဆိုလိုပါသလဲ။ တရိစ္ဆာန်ထက်သိဥာဏ်ပိုမြင့်မားတဲ့ လူသားရဲ့အသက်ရှင် ခြင်းဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုမလဲ။ အိပ်၊ စား၊ ကာမနဲ့ ကိုယ့်အတ္တကိုသာရွှေချနေရုံနဲ့ လူဟာ တိရစ္ဆာန်နဲ့ ကွာဟမှုရှိနိုင်ပါ့မလား။ လူဟာ တိရစ္ဆာန်ထက်ပိုမြင့်မြတ်တယ်ဆိုတာကို ဘယ်လိုအသက်ရှင်ခြင်းမျိုးနဲ့သက်သေပြနိုင်မလဲ။
ကျနော်ကတော့ အဝေးကျောင်းသင်္ခမ်းလေးဆီက အေးငြိမ်းတဲ့၊ မောဟကင်းတဲ့၊ ရောင့်ရဲမှုတွေနဲ့အတိပြီးတဲ့ ခေါင်းလောင်းသံ တွေကို ကြားယောင်နေမိပါတယ်.....။
Posted by HKO at
မိန့်ခွန်းကောက်နှုတ်ချက်များ(၂)
ကျမတို့ အခု ဒီမိုကရေစီလှုပ်ရှားမှု အထဲမှာ ပါဝင်လာတာဟာ အာဏာလိုချင်လို့ ပါဝင်လာတာမဟုတ်ဘူး၊
တာဝန်ကို ထမ်းဆောင်ချင်လို့ ပါဝင်လာကြတာပဲ၊ ကျမတို့ အဖွဲ့ချုပ်အတွက်ရော။ လှုပ်ရှားမှုအထဲမှာ ပါဝင်နေကြတဲ့ပြည်သူလူထုအတွက်ရော။ အဓိကစကားလုံးဟာ အာဏာမဟုတ်ပါဘူး၊ တာဝန်ပါ၊ ပြည်ထောင်စုနဲ့ ပြည်သူလူထုအပေါ်မှာရှိတဲ့ တာဝန်အရ ဒီလှုပ်ရှားမှုထဲမှာ အားလုံးပါဝင်နေကြတာပါ၊
(အဖွဲ့ချုပ်ရုံး။ ကျုံမငေး ၁၅-၁-၈၉)
ကျမတို့ဟာ မှန်ကန်တဲ့နည်းနဲ့ လိုချင်တာကို လုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိအောင်လို့ ကိုယ့်ကိုကိုယ်ပြုစုပျိုးထောင်ရမယ်၊ တခြားလူတွေကိုလည်း ဒီလိုအရည်အချင်းတွေရှိအောင်ပြုစုပျိုးထောင်ပေးရမယ်၊ ဒီလိုဆိုရင်ကျမတို့ဟာ အဆင့်မြင့်တဲ့နိုင်ငံရေး လုပ်နိုင်မယ်၊ အဆင့်မြင့်တဲ့နိုင်ငံရေးလုပ်နိုင်မှ အဆင့်အတန်းမြင့်တဲ့နိုင်ငံတခုဖြစ်လာမယ်၊ (အဖွဲ့ချုပ်ရုံး။ ကျုံမငေး ၁၅-၁-၈၉)
တချို့က ဒီမိုကရေစီဆိုတာ အားလုံးက ဗိုလ်ချည်းပဲလို့ထင်တယ်၊ တကယ်တော့ ဒီမိုကရေစီဆိုတာအားလုံးတန်းတူရည်တူလို့ ပြောတာမဟုတ်ဘူး၊ အားလုံးဟာ တန်းတူညီတူအခွင့်အရေးရှိတယ်လို့ပြောတာပဲဖြစ်တယ်၊ အားလုံးမှာရှိတဲ့ တန်းတူညီတူ အခွင့်အရေးနဲ့ အများအကျိုးဆောင်မယ့် သူတွေကို
ရွေးထုတ်ပိုင်ခွင့်ဆိုတာ ရှိတယ်၊ ဒါကို ပြောတာပဲ၊ (အဖွဲ့ချုပ်ရုံး။ ကျုံမငေး ၁၅-၁-၈၉)
ရပ်ကွက်ညီလာခံတွေ လုပ်တဲ့အခါ အကျင့်စာရိတ္တကောင်းတဲ့လူကို ရွေးချယ်ပါ၊ ပညာအမြော်အမြင်ရှိတဲ့လူကိုရွေးချယ်ပါ၊ အကျင့်စာရိတ္တနဲ့ အရည်အချင်း နှစ်ခုကြားမှာ ရွေးရမယ်ဆိုရင်တော့ ကျမကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် အကျင့်စာရိတ္တကောင်းတဲ့လူကို ရွေးကြပါ၊ (အဖွဲ့ချုပ်ရုံး။ ကျုံမငေး ၁၅-၁-၈၉)
အစိုးရဟာ ပြည်သူလူထု ဆင်းရဲနေတဲ့အခါမှာ ဇိမ်နဲ့နေဖို့ မစဉ်းစားသင့်ဘူး၊ နောက်တက်မယ့် အစိုးရဟာအင်မတန်မှမှုန်ကန်ရမယ့် အစိုးရပါ၊ အဲ့ဒီတော့ နောက်တက်မယ့်အစိုးရထဲမှာ ဝိုင်းဝန်းပြီး ကူညီပါဝင်လိုတဲ့
သူများဟာ နေရာလိုချင်လို့မဟုတ်ဘဲ။ အာဏာလိုချင်လို့မဟုတ်ဘဲ။ ချမ်းသာချင်လို့မဟုတ်ဘဲ။ ပြည်သူ့အကျိုးဖို့အနစ်နာခံလိုတဲ့လူမျိုး ဖြစ်ဖို့လိုပါတယ်၊ (အဖွဲ့ချုပ်ရုံး။ ကျုံမငေး ၁၅-၁-၈၉)
သူများ မှားလို့။ သူများ မဟုတ်တာလုပ်လို့ ကိုယ်လည်း လိုက်လုပ်ရမယ်ဆိုရင် ကိုယ်လည်း သူတို့နဲ့အတူတန်းတူဖြစ်သွားမှာပဲ၊ ကလေးက ငိုလို့ လူကြီးကပါ လိုက်ပြီး ခြေဆောင့်ငိုလို့ရှိရင် လူကြီးသာ သက္ခာကျမှာပေါ့၊ကလေးကတော့ ကလေးမို့လို့ ငိုတယ်ဆိုပြီး ဘေးကနေ ခွင့်လွှတ်ကြရမှာပေါ့၊ လူများတွေ ဂုဏ်သိက္ခာမရှိလို့ ကိုယ်ကဂုဏ်သိက္ခာမရှိတဲ့အလုပ်ကို လုပ်ရမယ်ဆိုတာ မဖြစ်စေရဘူး၊ မဖြစ်သင့်ဘူး၊ အဲ့ဒီတော့ ကျမတို့စည်းရုံးရေးလုပ်တဲ့အခါ ဘယ်သူ့ကိုမှ ပုတ်ခတ်တာ။ မမှန်ကန်တဲ့နည်းနဲ့ တိုက်ခိုက်တာ မလုပ်ကြပါနဲ့၊ မူတွေကိုပဲတိုက်ခိုက်ကြရပါ့မယ်၊ (အဖွဲ့ချုပ်ရုံး။ ကျုံမငေး ၁၅-၁-၈၉)
ဒီမိုကရေစီတိုက်ပွဲဝင်တဲ့အခါမှာ ပထမဦးဆုံး ကျမတို့လိုချင်တာက လွတ်လပ်စွာတွေးတောပိုင်ခွင့်ပဲ၊ လူကိုသာချုပ်ထားနိုင်မယ်၊ စိတ်ကိုတော့ မချုပ်ထားနိုင်ဘူး၊ ဒီလို မချုပ်ထားနိုင်တဲ့စိတ်ကြောင့် ဒီလောက်တောင်မှ ၂၆
နှစ်လုံးလုံး လွတ်လပ်စွာ တွေးတောပိုင်ခွင့်မရှိတဲ့အထဲက ပြည်သူလူထုဟာ ဒီမိုကရေစီလှုပ်ရှားမှုကြီးထဲကို သတ္တိရှိရှိနဲ့ဝင်ခဲ့ပြီ။ စခဲ့ပြီ၊ ဒီလှုပ်ရှားမှုကြီးကို ဆုံးခန်းတိုင်အောင်။ အောင်မြင်အောင် လုပ်သွားရမယ်၊
(အဖွဲ့ချုပ်ရုံး။ လပွတ္တာ ၁၅-၁-၈၉)
ဖေဖေက ပြောခဲ့တယ်၊ လုပ်ရဲတာ သတ္တိမဟုတ်ဘူး၊ ခံရဲတာဟာ သတ္တိတဲ့၊ ခံရဲတယ်ဆိုတာလည်းအမှန်တရားအတွက် ခံရဲတာကို ပြောတာ။ မမှန်ကန်တဲ့ကိစ္စအတွက် ခံရဲတာ သတ္တိမဟုတ်ဘူး၊ ဒါဟာ လူမိုက်ရဲ့ထုံးပဲ၊ ကျမတို့ဟာ လူမိုက်တွေမဟုတ်ဘူး၊ အင်မတန်မှ ပညာအမြော်အမြင်ရှိတဲ့ လူထုဆိုတာ ကျမ ဖြစ်စေချင်တယ်၊ဒီလို အမြော်အမြင်ရှိတဲ့ ပြည်သူလူထုကမှ ခေတ်သစ် မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်နိုင်မှာပါ၊ (အဖွဲ့ချုပ်။လပွတ္တာ ၁၅-၁-၈၉)
ကိုယ့်တိုင်းပြည်အတွက် အသက်ကိုပေးရတယ်ဆိုတာ အင်မတန်မှ ကြည်နူးစရာကောင်းတယ်၊ အင်မတန်မှသင့်တော်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ လူတိုင်းလူတိုင်းဟာ မိမိရဲ့တိုင်းပြည်ကို အားလုံးထက်ပိုပြီးတော့
ချစ်ရမယ်၊ မိမိရဲ့ ကိုယ်ထက်ပိုပြီး ချစ်ရမယ်၊ မိမိရဲ့ မိသားစုထက်ပိုပြီး ချစ်ရမယ်၊ မိမိရဲ့ မိဘများထက်လည်းပိုပြီးချစ်ရမယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ဒီတိုင်းပြည်က ဒီမိသားစု။ ဒီမိဘအားလုံးကို မွေးထုတ်လိုက်တဲ့ တိုင်းပြည်ပဲ၊အားလုံးရဲ့ ကျေးဇူးရှင်ပဲဖြစ်တယ်၊ ပြည်သူလူထုအားလုံးရဲ့ ကျေးဇူးရှင်ဖြစ်တဲ့ နိုင်ငံကို အားလုံးပဲ
အထွတ်အမြတ်ထားရမယ်၊ ဒီနိုင်ငံအတွက်ဆိုရင် ဘာပဲစွန့်ရ။ စွန့်ရ စွန့်နိုင်တဲ့ သတ္တိရှိရမယ်၊လူတိုင်းလူတိုင်းအတွက် အစွန့်နိုင်ဆုံး။ တန်ဖိုးအရှိဆုံးအရာကတော့ မိမိရဲ့ အသက်ပဲ၊ အဲ့ဒီတော့ကိုယ့်ရဲ့တန်ဖိုးအရှိဆုံး အသက်ကို စွန့်လွှတ်သွားတဲ့ ဒီမိုကရေစီရဲဘော်တွေကို ထောက်ထားသောအားဖြင့်ကျမတို့ဟာ ဒီမိုကရေစီအောင်မြင်တဲ့အထိ ချီတက်သွားရမယ်၊ (အဖွဲ့ချုပ်ရုံး။ လပွတ္တာ ၁၅-၁-၈၉)
ဒီခေတ်က ဒီမိုကရေစီအုတ်မြစ်ချတဲ့ ခေတ်ပဲ၊ အုတ်မြစ်ချပြီးတော့မှ အပေါ်က အဆောက်အဦကြီးကိုတည်ဆောက်ရမှာ၊ ကျမတို့ဟာ အုတ်မြစ်ချတဲ့ လူတွေဆိုတော့ ပင်ပင်ပန်းပန်းနဲ့ လုပ်ပြီးတော့တကယ့်အနှစ်သာရကို ခံစားသွားရချင်မှ ခံစားသွားရမယ်၊ ကိစ္စမရှိပါဘူး၊ နောင်လာနောက်သားတွေ။ ပြည်ထောင်စုမြန်မာနိုင်ငံသူနိုင်ငံသားများဟာ ကျမတို့ ချခဲ့တဲ့ အုတ်မြစ်ပေါ်မှာ ဒီမိုကရေစီနိုင်ငံကြီးကို တည်တည်တံ့တံ့တည်ထောင်ပြီး ဒီမိုကရေစီအခွင့်အရေးတွေကို ခံစားသွားရမယ်ဆိုရင် ကျမတို့အတွက် အများကြီးဂုဏ်ယူစရာဖြစ်ပါတယ်၊ (အဖွဲ့ချုပ်ရုံး။ လပွတ္တာ ၁၅-၁-၈၉)
ကျောင်းသားလူငယ်များဟာ ဘယ်လိုပဲ ဖိနှိပ်မှုတွေရှိရှိ။ ဘယ်လိုပဲ သူများတွေ ဘယ်လိုလုပ်လုပ်။ ဘယ်လိုပဲသူများတွေ ညစ်ပတ်ညစ်ပတ်။ တို့တတွေကတော့ သန့်သန့်ရှင်းရှင်းစင်စင်ကြယ်ကြယ်နဲ့တိုင်းပြည်အကျိုးဆောင်တဲ့လူငယ်တွေဖြစ်အောင်နေမယ်၊ နောင်တခေတ်ကျလို့ရှိရင်လည်း တိုင်းပြည်အကျိုး ဆက်ပြီးဆောင်မယ့်လူကြီးတွေဖြစ်အောင် နေမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ ထားကြပါ၊
(အဖွဲ့ချုပ်ရုံး။ လပွတ္တာ ၁၅-၁-၈၉)
ဒီတိုင်းပြည်။ ဒီမြေကြီးဟာ အင်မတန်မှ ချမ်းသာတယ်၊ ပြည်သူလူထုဟာ အင်မတန်မှ ဆင်းရဲနေတယ်၊ ဒါမဖြစ်သင့်တဲ့ ကိစ္စပဲ၊ ဒီတိုင်းပြည်။ ဒီမြေကြီးဟာ ဒီလောက်တောင်မှ ချမ်းသာနေရင် မှန်မှန်ကန်ကန် လမ်းနဲ့ပြည်သူလူထုအတွက် အကျိုးဆောင်သွားမယ့် အစိုးရများဟာ ပြည်သူလူထုကိုလည်း ချမ်းသာအောင်
လုပ်ပေးနိုင်ရမယ်၊ (လွတ်လပ်ရေးကျောက်တိုင်ရှေ့။ ဘီတွတ်ကျေးရွာ ၁၅-၁-၈၉)
ဝေသန္တရာဟာဆိုရင်အလွန်တရာမှမြင့်မြတ်တဲ့အလောင်းတော်မင်းတရားဖြစ်ပေမယ့်လည်း ပြည်သူလူထုကိုဆန့်ကျင်ပြီး ဆင်ဖြူတော်ကို လှူလိုက်တဲ့အခါ ပြည်နှင်ဒဏ်ခံရတယ်၊ ပြည်သူလူထုရဲ့ ဆန္ဒကို
မလိုက်လျောတဲ့မင်းဆိုတာ မင်းကျင့်တရားဆယ်ပါးနဲ့လည်း မကိုက်ညီဘူး၊ ပြည်သူလူထုကလည်းလက်မခံဘူးဆိုတာ ကျမတို့ ဗုဒ္ဓဘာသာတရားအရလည်း လက်ခံခဲ့တယ်၊ ခရစ်ယာန်တရားမှာလည်းမင်းကောင်းမင်းမြတ်များဟာ ဂရုဏာနဲ့ မေတ္တာနဲ့ ဆက်ဆံရမယ်ဆိုတာ ပါပါတယ်၊ ဒါကြောင့်မို့လို့
ဘယ်ဘာသာပဲဖြစ်ဖြစ်။ ဘာသာမရွေး။ လူမျိုးမရွေး မင်းကောင်းမှန်ရင် ပြည်သူလူထုကို မဆန့်ကျင်သင့်ပါဘူး၊
(အဖွဲ့ချုပ်ရုံး။ မြောင်းမြ ၁၆-၁-၈၉)
အများပြည်သူ စိတ်ဒုက္ခရောက်နေတဲ့ တိုင်းပြည်မှာ စိတ်ချမ်းသာတဲ့လူဆိုတာ အင်မတန်မှရှက်စရာ ကောင်းတယ်၊ဒီလောက်တောင်မှ ကိုယ့်ဘေးကလူအများ ဆင်းရဲဒုကျှရောက်နေလျက်သားနဲ့ ကိုယ်ကစိတ်ချမ်းချမ်းသာသာနဲ့နေနိုင်တယ်ဆိုတာ ကိုယ့်မှာ လူ့နှလုံးသားမရှိလို့ဘဲလို့ သတ်မှတ်ရပါမယ်၊ ကိုယ်တယောက်ထဲ။ ကိုယ့်မိသားစု။ကိုယ့်အသိုင်းအဝိုင်းပဲ စိတ်ချမ်းသာရင် တော်ပြီလို့ဆိုတဲ့ သူများဟာ လူမဆန်ပါဘူး၊ (အဖွဲ့ချုပ်ရုံး။ ဝါးခယ်မ ၁၆-၁-၈၉)
ကျမဟာ တပ်မတော်နဲ့ ပြည်သူလူထုကြားမှာ လုံးလုံး စိတ်ဝမ်းမကွဲစေချင်ဘူး၊ အခုအချိန်မှာ တပ်မတော်ဟာဖေဖေဖြစ်စေချင်တဲ့ ပြည်သူကို ကာကွယ်မယ့်။ ပြည်သူကိုစောင့်ရှောက်မယ့်။နိုင်ငံရဲ့ဂုဏ်သိက္ခာကိုထိန်းသိမ်းမယ့်တပ်မတော်ကြီးရယ်လို့ ဖြစ်စေချင်တယ်၊ မဖြစ်တာကိုတော့ ကျမ ဝမ်းနည်းတယ်၊ ဒီလို တပ်မတော်ကြီးပဲပြန်ပြီးတော့ ဖြစ်သွားစေချင်တယ်၊
(အဖွဲ့ချုပ် ရုံး။ ဝါးခယ်မ ၁၆-၁-၈၉)
ဖေဖေ အမြဲပဲမှာခဲ့တယ်၊ ကလေးတွေကို ဘာကိုမှ မကြောက်စေနဲ့၊ သူတို့ကြောက်ဖို့ရာ နှစ်ခုပဲရှိတယ်၊မတရားတဲ့ကိစ္စကိုလုပ်ဖို့ ကြောက်ရမယ်၊ မမှန်တဲ့ကိစ္စကိုလုပ်ဖို့ ကြောက်ရမယ်၊ လောကမှာ ကြောက်ဖို့ဆိုတာ
ဒီနှစ်ခုပဲ ရှိပါတယ်တဲ့၊ အဲ့ဒီတော့ ကျမတို့ရဲ့ မိဘပြည်သူများကိုလည်း အဲ့ဒီလိုပဲ နားလည်စေချင်ပါတယ်၊
(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရုံး။ ဝါးခယ်မ ၁၆-၁-၈၉)
ကျမတို့လူမျိုးတွေကို သစ္စာရှိတဲ့ လူမျိုး ဖြစ်စေချင်တယ်၊ တယောက်နဲ့တယောက် တိုက်ခိုက်တဲ့ နေရာမှာတောင်မှမြင့်မြင့်မြတ်မြတ် တိုက်ခိုက်တဲ့နည်းများနဲ့ တိုက်ခိုက်နိုင်ပါတယ်၊ရန်သူဆိုတာမြင့်မြတ်တဲ့ရန်သူနဲ့ယုတ်မာတဲ့ရန်သူနှစ်မျိုးရှိပါတယ်၊ မြင့်မြတ်တဲ့ ရန်သူဆိုတာ ယုတ်မာတဲ့ မိတ်ဆွေထက် အများကြီးပိုပြီးတော့ တန်ဖိုးရှိပါတယ်၊ဒါကြောင့်မို့လို့ ကျမတို့ဟာ ရန်သူဖြစ်နေတဲ့ သူတွေအပေါ်မှာလည်း မြင့်မြတ်တဲ့ စိတ်ထားရှိရမယ်၊
(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရုံး။ ပုသိမ် ၁၇-၁-၈၉)
နောင် တိုင်းပြည်ခေါင်းဆောင်များဖြစ်မယ့် လူငယ်များဟာ အခုကနေစပြီးတော့ ကိုယ်မှားသလား။ မှန်သလားဆိုတာသုံးသပ်ရဲတဲ့ သတ္တိလည်းရှိရမယ်၊ မှားတဲ့အခါ ကိုယ့်ကိုကိုယ် ပြန်ပြီးတော့ပဲ့ပြင်နိုင်တဲ့ အရည်အချင်းလည်း ရှိရမယ်၊ဒီလို ကျမတို့တိုင်းပြည်မှ လူငယ်များဟာ ကိုယ့်ကိုကိုယ် မှားလို့ရှိရင် သုံးသပ်နိုင်မယ်။ ဝန်ခံနိုင်မယ်။ မမှားအောင်ပဲ့ပြင်နိုင်မယ်ဆိုရင် နှစ်ဆယ့်ခြောက်နှစ်အတွင်းက ပျက်စီးခဲ့တဲ့ကိစ္စမှန်သမျှကို ကျမတို့ ပြန်ပြီးတော့ ပြင်သွားနိုင်မှာဖြစ်ပါတယ်၊ (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရုံး။ ပုသိမ် ၁၇-၁-၈၉)
ဖူးပွင့်ခွင့်မကြုံခဲ့ရသောပန်းကလေးများ
မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုသမိုင်းတွင်ကျောင်းသားထု၏အရေးပါမှုကိုစစ်အုပ်စုက သတိပြုမိခဲ့သည်။မြန့်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတလျှောက်တွင်ကျောင်းသားများသာ
ဦးဆောင်တိုက်ပွဲဝင်ခဲ့သည်။ဦးနေဝင်း၏ မဆလ အစိုးရကိုအပြုတ်တိုက်ခဲ့သည်မှာကျောင်းသား
များပင်ဖြစ်ခဲ့သည်။ထို့ကြောင့်စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်းတွင်ကျောင်းသားလှုပ်ရှားမှု
မှန်သမျှကိုရက်စက်စွာချေမှုန်းပစ်ခဲ့သည်။ စစ်အုပ်စု၏ ရက်စက်စွာအစီအစဉ်တကျပြုလုပ်ခဲ့
သော ပညာရေးစနစ်အကြောင်းကို အောက်ပါအချက်များဖြင့်တွေ့နိုင်ခဲ့သည်။
(၁) ကျောင်းသား၊ကျောင်းသူများချစ်ခင်စည်းလုံးမှုမရှိစေရန်၊သတင်းအချက်အခက်အမှန်
မရစေရန်၊တိုင်းရင်သားညီအစ်ကိုမောင်နှမများချစ်ခင်စည်းလုံးမှုမရှိစေရန် ရည်ရွယ်ပြီး
စေတနာထားသယောင်ပြုကာ တက္ကသိုလ်၊ကောလိပ်များကိုနယ်ပယ်အသီးသီးတွင်သီးခြား
တည်ထောင်ပေးခဲ့သည်။
(၂)ယုတ်မာသောပညာရေးစနစ်တစ်ခုကိုရက်စက်စွာကျင့်သုံးခဲ့သည်။ကျောင်းသားကျောင်းသူများ
ပညာမတတ်စေရန်၊တွေးခေါ်နိုင်မှုမရှိစေရန်ခိုးချသော၊အအောင်ပေးသော
စနစ်များဖြင့်ပညာမတတ်ဘွဲ့ရများကိုမွေးထုတ်ပေးခဲ့သည်။
(၃) ငယ်စဉ်မှစပြီး အတွေးအခေါ်အယူအဆများမဖွံ့ဖြိုးစေရန်၊ပြန်လည်ကုစားသောစနစ်ကို
သူငယ်တန်းမှစတင်ကျင့်သုံးခဲ့သည်။ထို့ကြောင့်ကျောင်းသားမျိုးဆက်သစ်လူငယ်များ
မှာ ပညာရေးကိုတန်ဖိုး ထားသော၊ပညာကိုလိုလားသော ပညာတတ်လူငယ်များဖြစ်မလာ
တော့ပေ။
(၄)လူငယ်မျိုးဆက်များသည်တွေးခေါ်နိုင်စွမ်းမရှိလျှင် ထားရာနေ၊စေရာသွား၊ ပဲပြားပင်
လိုလေယူရာတိမ်းဘဝများဖြစ်လာပေတော့မည်။ထိုသို့ဖြစ်လာစေရန်ရည်ရွယ်ပြီး
ကလေးဘဝမှစကာ ပညာရေးတွင် လစဉ်သင်၊လစဉ်စစ်ပြန်ကြည့်စရာမလိုသောစနစ်
(တနည်းအားဖြင့်ဦးနှောက်အတွင်းသို့အနည်းငယ်သာမှတ်စေလိုသောစနစ်)ကိုကျင့်သုံး
ခဲ့စေခြင်းဖြင့်လူငယ်များ၏ဦးနှောက်ကိုဖျက်ဆီးပစ်ခဲ့သည်။
အထက်ပါအဖြစ်များသည်မြန်မာလူငယ်မျိုးဆက်တစ်ခုလုံးအတွက်စစ်အုပ်စု၏
အမှန်တကယ်ပြုကျင့်ခဲ့မှုများဖြစ်သည်။ဒါ့ကြောင့်မြန်မာ့ပညာတတ်မျိုးဆက်တစ်ခု
မှာအဆက်ပြတ်ခဲ့ရသည်။ပြန်လည်မွေးထုတ်ပေးရန်မဖြစ်မနေလိုအပ်နေပြီဖြစ်သည်။
ထိုသို့မွေးထုတ်ပေးဖို့နောက်ထပ်နှစ်ပေါင်းများစွာလိုအပ်မည်ဖြစ်သည်။မမွေးထုတ်
နိုင်ခဲ့ပါက မြန်မာဟူသည်ကမ္ဘာ့အလယ်တွင်ဘယ်သောအခါမှတင့်တယ်သော
နိုင်ငံတစ်ခုအဖြစ်ရပ်တည်နိုင်တော့မည်မဟုတ်တော့ပါ............။
(အားလုံးမျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်နိုင်ကြပါစေ။)
Subscribe to:
Posts (Atom)