Sunday, January 31, 2010

The Voice 6-13

The Voice 6-13

“ဆောရီးဘဲဟေတီ ”






ဟိုမှာလဲ ဟေတီ..

ဒီမှာလဲ ဟေတီ..
နေရာတိုင်း ဟေတီ..
အားလုံးမေ့လျော့နေတာက...
ငါချစ်တဲ့ မြန်မာပြည်.....

မြန်မာပြည် မှာ ဘဝတွေ စက္ကန့်တိုင်း ငလျင်လှုပ်နေတယ်..
မြန်မာပြည်မှာ အနာဂါတ်တွေ စက္ကန့်တိုင်းပြိုကျနေတယ်..
မြန်မာပြည် မှာ အိပ်မက်တွေ စက္ကန့်တိုင်းရေနစ်နေတယ်..
မြန်မာပြည်မှာ ရိုးသားမှုတွေ စက္ကန့်တိုင်းမီးရှို့ခံနေရတယ်..
မြန်မာပြည်မှာ လူ့အခွင့်အရေးတွေ စက္ကန့်တိုင်းရိုက်ချိုးခံနေရတယ်..
မြန်မာပြည်မှာ ကလေးငယ်တွေ စက္ကန့်တိုင်း ငတ်မွတ်သေဆုံးနေတယ်.....

စိတ်တော့မရှိနဲ့ ..
ဆောရီးဘဲ ဟေတီ..
နှစ်နဲ့ချီ ငိုကြွေးခဲ့ရ..
ငါ့မျက်ရေတွေ ကုန်သွားပြီ.....

မှတ်ချက် ။ ။မျိုးချစ်မြန်မာမှ ကူးယူမျှဝေခြင်းဖြစ်ပါသည်။

နွားနှင့် ဒီမိုကရေစီ

ကျွန်တော်တို့သည် နိုင်ငံ့အရေးကို စိတ်ဝင်စား၏။ စိတ်ဝင်စားသည့်အတိုင်းလည်း ကိုယ်တိုင် ပါဝင်ဆောင်ရွက်လိုသော စိတ်လည်းရှိ၏။ ကျွန်တော်တို့၏ နစ်နာချက်၊ ခံစားမှုများကို ဟစ်ကြွေးလို၏။ ဟစ်ကြွေးကြ၏။ မျိုးချစ်စိတ်ဆိုသည်ကို တိတိကျကျ မဝေဖန်တတ်သော်လည်း ဤစာလုံး သုံးလုံး၌ အဖြေပါ၏။ နည်းနည်းထပ်ဖြည့်ရလျှင် မိမိမှလွဲ၍ အခြားသော တိုင်းသူပြည်သားများ၏ အလိုဆန္ဒ၊ သူ့ကို အထင်မသေး၊ သူ့လိုအပ်ချက်များကို မိမိတတ်စွမ်းသရွေ့ ဆောင်ရွက်ပေးဖို့၊ တကယ့်စေတနာသည်ကား မျိုးချစ်စိတ်ဟု ကျွန်တော်ထင်၏။

ညီညွတ်ရေးဟုလည်း ပြောကြပါသည်။ ဘယ်နေရာ ညီညွတ်ကြမလဲ။ မသိသတတ်။ လူ့အဖွဲ့အစည်းသည် အဆင့်ဆင့်ရှိ၏။ များပြားလှကုန်သော လူ့အဖွဲ့အစည်းသည် ဘယ်တော့မှ တသားတည်း မဖြစ်နိုင်ဟု ကျွန်တော်ယုံကြည်၏။ ကားမာတ် ဘာပြောပြော သူ့ကိစ္စသည် ပြီးပြီ။ တစ်ယောက်ထဲပင် ကိုယ့်ကိုယ်ကို မညီညွတ်။ ထို့ကြောင့် မညီသောကိစ္စကို တတ်အားသရွေ့ အများစု လက်ခံနိုင်ဖို့ ကြိုးစားသော နိုင်ငံရေးကို ဆောင်ရွက်သူသည် မျိုးချစ်စိတ်ရှိသူ ဖြစ်နိုင်၏။ တကယ့် မျိုးချစ်ပုဂ္ဂိုလ်ကြီးဟု ထင်ရလောက်အောင်၊ နားမလည်သော တိုင်းသူပြည်သားများကို ဖြီးဖြန်းပြီး မိမိပိုင် ရေဒီယို၊ စာနယ်ဇင်း၊ တယ်လီဗေးရှင်း စသဖြင့် ရှိသမျှ မီဒီယာများကို အသုံးချလိမ်လည်နေသော ပုဂ္ဂိုလ်ကြီးများလည်းရှိ၏။ ဥပမာ- (န.အ.ဖ)။


နွားနှင့် ဒီမိုကရေစီ
ဒေါ်အောင်ဆန်းစုကြည်က ပြောဖူးသည်။ '' စင်ပေါ်တက် လက်ခုပ်ချူသော နိုင်ငံရေးကို ကျွန်မ မနှစ်သက်ကြောင်း''။ ဟုတ်သည်။ အချို့သည် အုပ်စုဖွဲ့၍ လည်းကောင်း၊ လိုအပ်လျှင် မိမိကိုယ်ကို ကိုယ်ရည်သွေး၍ လည်းကောင်း၊ အခွင့်ကြုံတိုင်း စင်ပေါ်ရောက်တတ်၏။ အော်တတ်၏။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လူသားခြင်း စာနာထောက်ထားမှု စသဖြင့် ဟစ်ကြွေး။ ပြီးတော့လဲ - ပလုံ … ။

တကယ်ချစ်သလား။ ကိုယ့်ကိုယ်ကို (မဟုတ်ဘူး) တိုင်းပြည်ကို ၊ တိုင်းပြည်ထဲနေနေကြရတဲ့ လူတွေကို၊ ဒုက္ခသည်တွေကို၊ ထွက်ပြေးတိမ်းရှောင်နေရသူတွေကို၊ ထောင်ထဲကလူတွေကို၊ မတည်မငြိမ်နဲ့ မဝရေစာ စားနေရတဲ့ လူတွေကို။ ပြောကြည့် - ဘယ်နားမှာဖြစ်ဖြစ် ကြားနေရတာ။ "ဟိုကောင် အရက်သောက်သည်၊ ဒီကောင်မ လင်ငယ်နေသည်၊ နိုင်ငံရေးသမားဆိုတာ အလကားပါကွာ"၊ အတင်းအဖျင်းနှင့် ညစ်ညမ်းသော စကားများကိုသာ ကြားနေရသည်။

တိုင်းပြည်ထဲ ကုန်ပြီလား၊ လူကောင်း။ ကျန်ပါလိမ့်ဦးမည်။ ကျွန်တော် ယုံကြည်၏။ အခု လူကောင်းတွေကိုပါ အလကားလူတွေဖြစ်အောင် အစိုးရက ဝါဒဖြန့်သည်။ တိုင်းပြည်က မဆင်ခြင်။ အချင်းချင်းသာ မလိုမုန်းထားစိတ်များဖြင့် ချောင်းမြောင်း ဆက်ဆံနေကြ၏။ အားနည်းချက်ကို ရှာ၏။ ၎င်းအပေါ် အားသာအောင် လုပ်၏။ အနိုင်ကျင့်၏။ ဝန်ထမ်းများက ပိုဆိုးသည်။ ဝန်ထမ်းဆိုသည့် စကားလုံး၏ အနက်သည် မရှိတော့။ ဘယ်သူ့ဝန် ထမ်းရမှာလဲ။ ပညာတတ်ဟု မိမိကိုယ်ကို ထင်သော - ဗိုလ်ချုပ်အောင်ဆန်းပြောသည့် ''မင်းစိတ်ပေါက်နေသော အရာရှိဆိုးများ'' ။ အမှန်တော့ မင်းစိတ်မဟုတ်။ ကျွန်စိတ်၊ သဘောက်စိတ်။

စင်စစ် ဘဝကို တကယ်နာကျည်းပါက ကျွန်တော်တို့သည် ဤသို့မနေအံ့။ ရှေ့က နစ်နာပြီးသူတွေကို လေးစားလျက်၊ ကျွန်တော်တို့ ဆက်ပြီး ဖဝါးခြေထပ် ဆက်လက်ဆောင်ရွက်ဖို့ လိုသည်။ သေလျှင်လည်း သေပေါ့။ ကျွန်တော်တို့သည် အိပ်ရင်း၊ စားရင်း၊ လမ်းလျှေက်ရင်း၊ လဲလျောင်းရင်း၊ အချိန်တိုင်းတွင် ဒီမိုကရေစီအကြောင်း တွေးတောကြံဆ နေသင့်သည်။ အကောင်အထည်ပေါ်အောင် ကြံဆောင်နေသင့်သည်။ ကိုယ်ကိုယ်တိုင်လည်း ဤကျင့်စဉ်ကို သိအောင် ကြိုးပမ်းလျှက် 'ဝိဇ္ဇာစရဏ သမ္ပန္နော' ဖြစ်သင့်၏။ ဤသူမျိုးကို ပန်းကုံးစွပ်။

ကျွန်တော်သည် ၁၉၈၈ အရေးတော်ပုံမှစ၍ ဤဒီမိုကရေစီအရေးအား ရှေ့မှရော၊ နောက်မှရော၊ အလယ်မှရော၊ နေရာစုံ ဒေသတစ်ခုတွင် ပါဝင်ခဲ့ဖူး၏။ ယခုလည်း ဆောင်ရွက်ဆဲ။ မွေးရပ်၌ မနေရ။ တစ်ပါးအရပ်၌ နေ၏။ အသက်မွေးဝမ်းကျောင်း ပြု၏။ သမာအာဇီဝ။ ရွာသားတစ်ယောက် ဖြစ်ခဲ့သည့်အလျောက် ရွာကိုမရောက်သည်မှာ ၁ဝ နှစ်ကျော်ပြီဖြစ်၍ ကိုယ်ရေးကိုယ်တာ ကိစ္စများအား မန်နေဂျာကို လွှဲလျှက် မိသားစုနှင့်အတူ ရွာသို့ ခေတ္တ ပြန်ခဲ့သည်။

၂ဝဝ၇ ခုနှစ်က ဖြစ်သည်။ ကမ္ဘာကျော်သော ''ရွှေဝါရောင်'' တော်လှန်ရေးအပြီးလောက် ဖြစ်သည်။ ပခုက္ကူမှစသော (သို့မဟုတ်) အောင်းထားရသော ဆန္ဒများစွာက စတင်သော ဤသပိတ်သည် ဘဝဂ်သို့ ညံခဲ့၏။ စစ်အစိုးရ၏ ကျွန်တော်ကောင်းများဖြစ်သော ကြံ့ဖွတ်၊ စွမ်းအားရှင်၊ အက်စ်ဘီ၊ လုံထိန်း၊ အာရ်ပီ၊ တပ်မတော်တပ်ရင်းအချို့မှ လွဲ၍ လူသားစိတ်ရှိသော၊ သာသနာကို ကာကွယ်လိုသော သူများအားလုံး ထကြွခဲ့ကြ၏။ လမ်းပေါ်တက်ခဲ့ကြ၏။ အသေခံ၊ အကျဉ်းခံခဲ့ကြ၏။ လူတိုင်းသိခဲ့ကြသည့်အကြောင်း ။

လူဟူသည် သစ္စာဖောက်တတ်သည်။ လုပ်အပ် မလုပ်အပ်မသိ။ မိမိကိုယ်ကျိုးအတွက် တစ်ပါးသူအကြောင်း မစဉ်းစား၊ ကုသိုလ် အကုသိုလ် မကွဲ၊ ဆိုင်ရာချင်း လက်တွဲပြီး အစုလိုက် အပြုံလိုက် ယုတ်မာနေသူများသည် ပြည်တွင်း၌ အလွန်ပေါ၏။ (ဤကားစကားချပ်)

သုံးရစ်မျှသာရှိသော ယူနီဖောင်းဝတ်ရဲ တစ်ယောက်နှင့်အတူ လမ်းလျှောက်ရလျှင်လည်း ကိုယ့်ဖာသာ လူဟုထင်သူလည်း ရှိ၏။ (ဤသည်လည်း စကားချပ်)

ရွှေဝါရောင် တော်လှန်ရေးကို မထောက်ခံသူ မရှိသလောက်။ ထားတော့။ ပြီးတော့ … ကျွန်တော်တို့ မိသားစု ဇာတိရွာကို ရောက်ခဲ့ကြသည်ပေါ့။

ရွာသည်လှ၏။ မြို့ထက်လှ၏။ ညနေခင်းများမှာ ထန်းရည်လေးနည်းနည်းသောက်၊ တောင်ခြေက ကန်ဘောင်ပေါ်မှာ လတ်ဆတ်သည့် လေကို ရှူ၊ လမ်းလျှောက်၊ သဘာဝက သူ့ဘာသူ လှပြီးသား။
ကန်ထိပ်မှာ စေတီ၊ ဇရပ်။ ကန်ပေါ်မှာ ဘာမှမရှိ။ ရေသာရှိသည်။ ကြည်လင်သည်။ ကန်ရဲ့ ဟိုတစ်ဖက်မှာ ယာကွင်းများစွာ၊ သရက်ပင်လေးငါးပင်၊ တောင်ရိုး၊ နွားစားကျက်၊ မြက်ခင်း။ ကျွန်တော် အဲဒီဘက် လျှောက်သွားသည်။ နေက ဝင်တော့မည်။ စားကျက်ထဲတွင် ဝဝဖြိုးဖြိုး အရောင်ကလဲ ဖြူဖြူ၊ လှလိုက်တဲ့ နွား။ ဘာတွေများစားထားပါလိမ့်။ ကျွန်တော် အဲဒီနွားကြီးနား ကပ်သွားတယ်။ ပြီးတော့ မေးကြည့်တယ်။ (သြော် -ကျုပ်က နွားစကားတတ်တယ်နော်)

'' ဗျို့ … ကိုနွားကြီး ဘာလုပ်နေတာလဲဗျ၊ မြက်စားနေတာလား'' ဟု ကျွန်တော်ကပင်စတင်၍ ရုတ်တရက် နှုတ်ဆက်လိုက်ပါသည်။ နွားကြီးကား စိုစိမ်းသော မြေဇာပင်များဝယ် စိတ်ရောပါးစပ်ပါ ဝင်စားချက် ကောင်းလှပါ၏။

''အခုနှစ်ထဲမှာ ပခုက္ကူကစတဲ့ သံဃာ့သပိတ်က တစ်ပြည်လုံးနီးပါး ပျံ့နှံ့ပြီး ရန်ကုန်က ရဟန်းတွေ ရွှေတိဂုံပေါ်တက်ပြီး၊ ကံဆောင်ကြသတဲ့၊ အရှေ့ဘက်မုခ်မှာ ရဟန်းတွေရော လူတွေရော တော်တော် ပစ်သတ်ခံရတယ်ကြားတယ်။ ဆူးလေမှာဆိုရင် လူထုတွေထဲမှာ ကျောင်းသားသမဂ္ဂအလံတောင် လွှင့်ဆိုပဲ၊ အဲဒီကျောင်းသားလေးလဲ အဖမ်းခံလိုက်ရသတဲ့၊ အဲဒါ ခင်ဗျား ဘယ်လိုထင်သလဲ ကိုနွားကြီး"

နွားကြီးသည် စားမြဲစားနေသည်။

''နည်းနည်းမှ မတရားဘူးဗျာ၊ တကယ်ဆို ဒီသံဃာတော်တွေနဲ့ ဒီကျောင်းသားလေးတွေဟာ နိုင်လိုမင်းထက် သန်းရွှေလေးတွေ မဟုတ်ပါဘူး၊ နွားကြီးပဲ ကြည့်လေဗျာ၊ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့။ ကိုမြအေး၊ ကိုပြုံးချို၊ မာကီး၊ ပြီးတော့ ဟိုမှာဗျာ လင်မယားနှစ်ယောက်၊ တစ်ယောက်က ထောင်ထဲရောက်၊ တစ်ယောက်က မွေးစကလေး ထားခဲ့ပြီး တိမ်းရှောင်နေရတာလေ၊ သိလား၊ သူတို့မှ မဟုတ်ပါဘူး၊ ဒီမိုကရေစီ ဘက်တော်သားတွေ အဖမ်းခံ၊ အနှိပ်စက်ခံ၊ သေကြကြေကြ မနည်းဘူးဗျာ။''

ကျွန်တော် နည်းနည်း အာခြောက်လာသည်။ နွားကြီးကား မသိလေဟန်။ ရှေ့သို့ခြေတစ်လှမ်း တိုး၍ စားမြဲစားနေပါ၏။

''ပြီးတော့ဗျာ … မဆီမဆိုင် မုဆိုးမ မြွေရိုက်သလိုပဲ၊ နိုင်ငံရေးလား၊ ဒီမိုကရေစီလား၊ မလှုပ်နဲ့၊ လှုပ်ရင် လှုပ်တဲ့နေရာ ရိုက်မယ်၊ အင်း … ဟိုးထိပ်က ခေါင်းဆောင်တွေကနေ အောက်ခြေလှုပ်ရှားသူတွေ အားလုံးကို ဖြိုခွင်းရေးနည်းဗျူဟာချပြီး စပါယ်ရှယ် နှိပ်ကွပ်နေတာလေဗျာ၊ ပြောတော့ ဒီမိုကရေစီတဲ့၊ အခု စစ်အစိုးရက တကယ်တော့ လူသတ်နေတာပါဗျာ၊ ကိုနွားကြီး ကျုပ်ပြောတာ ကြားလား''

နွားကြီးကား နားရွက်တခတ်ခတ်နှင့် တပြုတ်ပြုတ် စားလျက်၊ မိန်လျက်ပင်။

"ဓါတ်ဆီဈေးနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုကို အခြေခံပြီး ပေါက်ကွဲခဲ့ကြတာမို့လား၊ ရဟန်းတွေကိုလည်း စော်ကားတယ်လေ၊ အဲဒါကြောင့် အနာခံပြီး သပိတ်မှောက်ခဲ့ကြတာမို့လား၊ တွက်ကြည့်ပါ ကိုနွားကြီးရယ်၊ သူတို့က တိုင်းပြည်ကို လူမထင်ဘူးဆိုတော့ တိုင်းပြည်က သူတို့ကို လူပြန်ထင်ဖို့ မခက်ပေဖူးလား၊ အခုတလောတောင်ဗျာ အဖမ်းအဆီးတွေက ဒုနဲ့ဒေး။ ထောင်ထဲက ဗာလနံတွေတော့ ထောင်ထဲကလွှတ်၊ နိုင်ငံရေးအကျဉ်းသားကျ ဟန်ပြလွှတ်ပေး၊ လွှတ်ပေးတာ ဝမ်းသာပါတယ်၊ ဒါပေမဲ့ တကယ်အရေးပါတဲ့ သူတွေ မပါသေးဘူးဗျာ"

ရုတ်တရက် နွားကြီးသည် နောက်ချေးများ ပါနေသည်ကို မြင်ရ၍ နှစ်မိနစ်ခန့် စကားကို ရပ်ဆိုင်းထားရ၏။

''ကျုပ်တို့လူမျိုးတွေကလည်း ခက်ပါတယ်ဗျာ၊ ညံ့နေတာလား မသိဘူး၊ ကျုပ်ဆို ၁၉၉ဝ ရွေးကောက်ပွဲတုန်းက အင်န်အယ်လ်ဒီကို မဲပေးခဲ့တာပဲ။ အခြေခံဥပဒေတုန်းကတော့ ကျုပ် မဲသွားမပေးဘူး၊ ဒါပေမဲ့ဗျာ … ကျုပ်စာရင်းမှာ အမှန်ခြစ်လိုက်ကြသတဲ့၊ ကျုပ်လိုလူမျိုး ဘယ်လောက်ရှိမလဲ၊ ရိုးရိုးလေးပါ၊ ဒါဟာ လိမ်လည်မှု၊ အနိုင်ကျင့်မှု၊ ဒါပါပဲ၊ ဒါ ကျုပ်မိန်းမက ပြောလို့သိရတာ၊ ကိုယ့်မဲတစ်ပြားကို တန်ဖိုးထားတတ်ခဲ့ကြသလား၊ ဒါမျိုး ဘယ်လောက်ရှိသလဲ သိချင်လို့ ရွာနှစ်ဆယ်လောက်တောင် မှတ်တမ်းလိုက်ကောက်သေးတယ်၊ ကိုနွားကြီး အဲဒီအခြေခံဥပဒေကို ယုံလားဗျ''

နွားသည် နွားလောက်သာသိဟန်တူသည်။ ဝူးကနဲ နှာလေမှုတ်လျက် တစ်ဖက်သို့ လှည့်၍သာ စားမြဲ စားနေပါသည်။ ကျွန်တော်ကလည်း စိတ်ရှည်သည်။

''ကိုနွားကြီး ဒီလောက် စစ်အစိုးရက တစ်ပြည်လုံးကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နှစ်ခုစလုံး နိမ့်ကျသွားအောင် လုပ်နေတာ၊ ခင်ဗျားရော မခွေ့ချင်ဘူးလား၊ ပြောလေဗျာ၊ အစိုးရလေသံလိုက်ပြီး အရပ်ထဲက ဒေါက်ဖိနပ်တွေက အခုလုပ်နေတဲ့ နိုင်ငံရေးသမားလေးတွေက ကလေကဝလေးတွေပါ၊ ပေမမှီ ဒေါက်မမှီလေးတွေပါတဲ့၊ နွားကြီးတို့ ဘက်တော်သားတွေလား မသိဘူး၊ ကြံ့ဖွတ်တွေဆီက အသံ၊ ခင်ဗျားရော ဒီကလေးတွေကို အဲလိုထင်လား၊ အင်း … ကျုပ်ကတော့ သူတစ်ပါးဒုက္ခကို မိမိသုခဖြစ်အောင် လုပ်တတ်တဲ့ သူတွေကို ........ အေးဗျာ ........"

ကိုနွားကြီးက ကျွန်တော့်ကို တစ်ချက်မျှ မော့ကြည့်ပြီး သူ့အစာသူ ဆက်၍စားနေပါသည်။

''တကယ်အားဖြင့်ဗျာ အနှစ် (၆ဝ) တို့၊ အနှစ် (၁၂ဝ) တို့ ထောင်ဒဏ်အပြစ်ပေးတယ်ဆိုတာ ဒီမိုကရေစီမှာ ပြစ်မှုမဟုတ်ဘူးလို့၊ ဒါ… အာဏာရှင်လို့။ ခင်ဗျားတို့ နွား နွားချင်း ပြောလိုက်စမ်းပါဗျာ၊ တကယ်၊ ရိုးရိုးတွေးကြည့် လူပဲဗျာ၊ လူဖြစ်ချင်တာပေါ့၊ လူ့အရည်အချင်းကို ဖော်ထုတ်ချင်တယ်၊ လူ့အခွင့်အရေး ရချင်တယ်၊ ဒါ … အဆန်းလားဗျာ၊ ကိုနွားကြီး၊ ဒါ မွေးရာပါဗျ''

နွားကြီးသည် ကျွန်တော့်အား နားငြီးလာဟန်ရှိသည်။ နှာပြင်းပြင်း နှစ်ခါမှုတ်၊ အမြီးကို သွင်သွင်ရမ်းလျက် ထွက်သွားဟန်ပြုပြီးမှ ဆက်စား၏။

''တကယ်တော့ဗျာ၊ ဖိနှိပ်မှုကို မကြိုက်တော့ လွတ်လပ်မှုကို လိုချင်တာပေါ့၊ အားလုံး ညီအစ်ကို မောင်နှမ ဖြစ်ချင်တာပေါ့၊ အပြန်အလှန် အကျိုးပြုချင်တာပေါ့။ ကိုနွားကြီး ခင်ဗျား ကျုပ်ကို စကားပြန်မပြောဘူး၊ မသိကျိုးကျွံ လုပ်နေတယ်၊ ဒါ ပြေလည်မယ့် အကြောင်းမဟုတ်ဘူးဗျ၊ အေးလေ ခင်ဗျားက နွားဆိုတော့ လူကို လေးစားရကောင်း သိမယ်မဟုတ်ဘူး''

နွားကြီးသည် ခွာယက်လာ၏။ ငါကန်လိုက်ရဟု သူအောက်မေ့လာဟန်တူသည်။ ဒါနဲ့ ကျွန်တော် ချော့ပါသည်။ ကျွတ် … ကျွတ်… ကျွတ် ။

''ကဲ- ကျုပ်ပြောဦးမယ်ဗျာ၊ ခင်ဗျားတို့ နွားတွေဟာ လူကို(အထူးသဖြင့် ဗမာပြည်မှာ) အလွန် အကျိုးပြုတာပါ၊ နွားသိက္ခာ အကျမခံပါနဲ့၊ ကျုပ်ပြောတာ နားထောင်ပါ''

ဤအချိန်တွင် စာရေးသူသည် နွားစကားမပြောဘဲ၊ လူစကားဖြင့်သာ နွားကို ချဉ်းကပ်ပါသည်။

''ကိုနွားကြီး … ကျွန်တော် ခင်ဗျားကို မေးမယ်၊ ခင်ဗျား လူတစ်ယောက်ကို အထင်သေးဘူးလား၊ ခင်ဗျား လူတစ်ယောက်ကို အကျိုးပြုဖူးလား၊ ခင်ဗျား သူ့ဘာသာတရားကို အလေးအနက်ထားတတ်သလား၊ ခင်ဗျား သူ့ကိုယ်ပိုင်အခွင့်အရေး လေးစားဖူးသလား၊ တကယ်တော့ - ခင်ဗျား...... ''

ကျွန်တော့်စကားမပြီးမီ ကိုနွားကြီးသည် နောက်ထပ် မစင်နှစ်ပုံ စွန့်၍ ကျွန်တော့်အား ဂျိုကြည့်ကြည့်ကာ ထွက်ခွာသွားလေသတည်း။

ကောင်းကင်သည် ညိုပြီ။ စိတ်တွေလည်း ညောင်းလာပြီ။ နွားနှင့်ကလည်း စကားပြောမရ။ နွားနှင့် စကားပြောရသည်မှာ ''ကျွဲပါးစောင်းတီး'' ။

သြော် - နွားတွေ နွားတွေ၊ နွားတို့သည်ကား အဟိတ်တိရစ္ဆာန်များသာ ဖြစ်ကြသည်ကိုး။ ဒီမိုကရေစီလည်းမသိ။ သပိတ်လည်း နားမလည်။ တရားသောစကားလည်း နားမဝင်။ ၎င်းတို့၏ဝါဒနှင့် လုပ်ငန်းကား သံသရာတလျှောက်လုံး မြက်စား၍ နောက်ချေးယိုပြီးလျှင် နွားမနောက်လိုက်ကြရန်သာ တတ်ကြလေတော့သတည်း ........။
× × × × ×

Naing

ဝန်ခံချက်
စာအခင်းအကျင်းကို ၁၉၇ဝ ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်း၊ စာမျက်နှာ ၅၇ ရှိ ''မောင်ညိုမြ'' ၏ ဝတ္ထုတိုမှ မှီငြမ်းပါသည် ။

စာရေးသူ
မူရင်း ။ ။ yoma3

Saturday, January 30, 2010

ဗြဟ္မစိုရ်တရားနှင့်လူမူဆက်ဆံရေး






ဘုန်းဘုန်းတို့ တရားပွဲတစ်ခုမှာ ဒကာမကြီးတစ်ယောက်က သူ့ရဲ့အတွေ့အကြုံလေးကို လျှောက်ပါတယ်။ “အရှင်ဘုရား… တပည့်တော်ဟာ အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ဖြတ်သန်းခဲ့ရတာတွေလည်း များပြီ၊ တွေ့ကြုံခဲ့ရတာတွေလည်း များပြီ၊ ဆက်ဆံခဲ့ရသူတွေလည်း တော်တော်စုံခဲ့ပြီဘုရား။ အထူးသဖြင့် အကျင့်စရိုက်အမျိုးမျိုး ရှိတဲ့သူတွေနဲ့အများကြီး တွေ့ကြုံဆက်ဆံခဲ့ရပါတယ်။ အခုလည်းဆက်ဆံတုန်း၊ နောင်လည်း ဆက်ဆံနေရဦးမှာပါ။ ဒါပေမယ့် အရှင်ဘုရားရေ… လူတွေက အမျိုးမျိုး ဆိုတော့ တပည့်တော်ဘက်က ဘယ်လိုပဲကြိုးစား ဆက်ဆံဆက်ဆံ လူမှုဆက်ဆံရေးမှာ အဆင်မပြေလှဘူးဘုရား..။ တပည့်တော်လည်း ကြိုးစားတာပဲ မှန်ကန်ပြီး အကျိုးရှိတဲ့ လူမှုဆက်ဆံရေး မဖြစ်ခဲ့ဘူးဘုရား…။ အဲဒါ… အရှင်ဘုရားအနေနဲ့ ဘုရားအဆုံးအမနဲ့ ကိုက်ညီမယ့် လူမှုနယ်ပယ်မှာ အကောင်းဆုံး ဆက်ဆံနိုင်မယ့် ဆက်ဆံနည်းလေးရှိရင် တပည့်တော်မကို မိန့်ကြားပေးပါဘုရား“ လို့ လျှောက်ဖူးပါတယ်။ “အင်း… ရှိပါတယ် ဒကာမကြီး…၊ ဗြဟ္မစိုရ်တရားလေး လက်ကိုင် ထားပြီး ဆက်ဆံကြည့်ပါ၊ အားလုံးနဲ့ အဆင်ပြေသွားပါလိမ့်မယ်“ လို့ ဘုန်းဘုန်း အနေနဲ့ အဖြေပေးလိုက်ပါတယ်။

ဟုတ်ပါတယ်။ လောကမှာ လူအမျိုးမျိုး၊ အကျင့်စရိုက်အမျိုးမျိုး၊ သဘောထားအမျိုးမျိုးရှိတဲ့ အတွက်ကြောင့် စိတ်တွေလည်း အမျိုးမျိုး ဖြစ်နေကြပြီး လူမှုဘ၀ဆက်ဆံရေးဟာ တစ်ဦးနဲ့တစ်ဦး အဆင်ပြေပြေ ရှိဖို့မလွယ်လှပါဘူး။ ဒါပေမယ့် လွယ်အောင်ဆက်ဆံလို့တော့ ရပါတယ်။ အဲဒါက ကိုယ့်ကိုယ်ကို အရင်ပြုပြင်ပြီး ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ထဲမှာ ရှိရမယ့် တရားလေးများကို တည်ရှိအောင် ကြိုးစားရယူကာ ဆက်ဆံကြည့်တဲ့ နည်းလေးပါ။ ဒီနည်းကို ဗြဟ္မစိုရ်တရား လက်ကိုင်ထားပြီး ဆက်ဆံတဲ့နည်းလို့ အလွယ်ပြောနိုင်ပါတယ်။ တကယ်တော့ လောကမှာ လူတွေအမျိုးမျိုး ရှိတယ်လို့ ပြောနေကြပေမယ့် မြန်မာ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အမေရိကန်၊ အင်္ဂလန်စတဲ့ အမည်နာမတွေကိုမသုံးဘဲ မနုဿဘုံလို့ခေါ်တဲ့ လူ့ဘုံမှာရှိတဲ့ လူသားတွေလို့သာ ပြောလိုက်ရင် လူအမျိုးအစား အများကြီး မရှိတော့ပါဘူး။ လူအမျိုးမျိုးလည်း မကွဲတော့ပါဘူး။ အသားအရောင်၊ အဖြူအမည်း၊ ဆံပင်အမွေး အဖြူအနီစတာတွေဟာ အရေပြားပေါ်မှာ ဖြစ်လာတဲ့ ကွဲပြားခြားနားမှုများသာဖြစ်ပြီး ပခုံးနှစ်ဘက်ကြားက ခေါင်းပေါက်လာကြကာ ရုပ်နာမ်နှစ်ပါးခန္ဓာငါးပါးနဲ့ ဖွဲ့စည်းထားတဲ့ လူလို့သာနားလည်လိုက်ရင် လူအမျိုးအစား မများတော့ပါဘူး။ တိတိကျကျ ခွဲခြားလိုက်ရင် လေးမျိုးပဲ ရှိပါတယ်။ အဲဒီလေးမျိုးက..

၁။ ကိုယ်နဲ့တန်းတူဖြစ်တဲ့သူ
၂။ ကိုယ့်အောက်နိမ့်ကျတဲ့သူ
၃။ ကိုယ့်ထက်သာတဲ့သူ
၎။ ကိုယ့်နဲ့တန်းတူလည်းမဟုတ်၊ နိမ့်ကျတာလည်းမဟုတ်၊ သာတာလည်းမဟုတ်တဲ့ ကြားဖြစ်တဲ့သူ
တို့ပဲဖြစ်ပါတယ်။
ဆိုတော့ကား ဘယ်လောက်ပဲလူတွေ အမျိုးမျိုးရှိနေပါစေ ဒီလေးမျိုးထဲမှာပဲ သွားပြီးအကျုံးဝင်ပါတော့တယ်။ အဲဒီတော့ ဒီလူလေးမျိုးကိုပဲ အဆင်ပြေအောင် ဆက်ဆံနိုင်မယ်၊ ဆက်ဆံလိုက်မယ်ဆိုရင် လူမှုဘ၀ဆက်ဆံရေးဟာ အားလုံးအဆင်ပြေသွားမှာပါ။ ကောင်းပါပြီ။ ဒီလူလေးမျိုးကို ဘယ်လိုစိတ်ထား၊ ဘယ်လိုတရားတွေနဲ့ လိုက်ကိုင်ထား ဆက်ဆံကြမလဲဆိုရင် ခုနပြောခဲ့တဲ့ ဗြဟ္မစိုရ်တရား လက်ကိုင်ထားပြီး ဆက်ဆံကြည့်ဖို့ပါပဲ။ ဗြဟ္မစိုရ်ဆိုတာ ဗြဟ္မစရိယဆိုတဲ့ ပါဠိစကားလုံးကို တိုက်ရိုက်မြန်မာမှုပြုထားခြင်း ဖြစ်ပါတယ်။ ဗြဟ္မစရိယ = မြတ်သောအကျင့်လို့ အဓိပ္ပါယ်ယူနိုင်သလို ဗြဟ္မာ့ပြည်ရောက်ကြောင်း အကျင့်လို့လည်း နားလည်နိုင်ပါတယ်။ ဗြဟ္မ= မြတ်သော၊ တစ်နည်းအားဖြင့် ဗြဟ္မာတို့နဲ့ သက်ဆိုင်သော၊ စရိယ= အကျင့်လို့ တစ်လုံးချင်းအဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါတယ်။ ဒီဗြဟ္မစရိယခေါ် ဗြဟ္မစိုရ်တရား လေးပါးရှိပါတယ်။ ဒီလေးပါးက…

၁။ မေတ္တာ
၂။ ကရုဏာ
၃။ မုဒိတာ
၎။ ဥပေက္ခာ
ဆိုတဲ့ တရားလေးပါးပါပဲ။ မေတ္တာက ချစ်ခင်ခြင်း အကျိုးလိုလာခြင်းလို့ အဓိပ္ပါယ်ရပြီး ကရုဏာကတော့ သနားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ မုဒိတာကတော့ သူတပါးကြီးပွား တိုးတက်မှုအပေါ် ၀မ်းမြောက်ခြင်းဖြစ်ပြီး ဥပေက္ခာကတော့ အပြစ်လည်းမဖြစ်၊ အချစ်လည်းမဖြစ်၊ တစ်နည်းအားဖြင့် ကုသိုလ်လည်းမဖြစ်၊ အကုသိုလ်လည်းမဖြစ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဒီတော့ကား လူအမျိုးမျိုးမရှိ လေးမျိုးပဲရှိတဲ့ လူမျိုးများကို ဒီတရားလေးပါးပဲ လက်ကိုင်ထား ဆက်ဆံကြည့်နိုင်မယ်ဆိုရင် လူမှုနယ်ပယ် ဆက်ဆံရေးဟာ သေချာပေါက် အဆင်ပြေသွားမှာပါ။

ပမထဆုံး တန်းတူဖြစ်တဲ့သူ။ တန်းတူဖြစ်တယ်ဆိုတာ ကိုယ်နဲ့အသက်အရွယ်၊ ရာထူးဌာနန္တရ၊ ဂုဏ်အားဖြင့် တန်းတူဖြစ်တဲ့သူကို ပြောတာပါ။ ဒီလို အစစအရာအရာ တူညီနေတဲ့ အတူဖြစ်နေတဲ့ သူတွေကို တွေ့ရင် မေတ္တာတရားလက်ကိုင်ထားပြီး ဆက်ဆံကြည့်ရမယ်တဲ့။ ဆက်ဆံကြည့်ပါပေါ့…။ အဲလို မေတ္တာတရား မထားနိုင်ဘူးဆိုရင်တော့ သူနဲ့ကိုယ်ဟာ အကုန်တူနေတဲ့အတွက် သူ့ထက်ငါသာအောင် ပြိုင်ဆိုင်တတ်ကြပါတယ်။ ပြိုင်လာပြီဆိုရင်တော့ မကောင်းတော့ပါဘူး။ ပညာတွေပြိုင်၊ ရာထူးတွေပြိုင်၊ မာနတွေပြိုင်စသဖြင့် လုပ်လာတတ်ကြပါတယ်။ ပြိုင်ရင်းပြိုင်ရင်းနဲ့ အနိုင်ရအောင် မဟုတ်တဲ့နည်းတွေ သုံးလာတတ်ပါတယ်။ ခဏအနိုင်ရဖို့အတွက် သံသရာနဲ့အပြိုင် ပေးဆပ်ရတဲ့အထိ လုပ်လာတတ်ပါတယ်။ ဒီအခါမှာ ပြိုင်ရင်းပြိုင်ရင်း အရှုံးတွေဖြစ်ကာ အပါယ်ခရီးမှာ လုံးလုံးနစ်တတ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် သူများနဲ့ ပြိုင်တာမကောင်းပါဘူး။ သို့သော် ကိုယ့်ကိုယ်ကိုတော့ ပြိုင်နေရပါမယ်။ ယနေ့ငါနဲ့ မနက်ဖြန်ငါဟာ မတူအောင် ပြိုင်နေရပါမယ်။ မကောင်းတဲ့ ဘက်မှာမဟုတ် ကောင်းတဲ့ဘက်တွေမှာပါ။ ယနေ့ငါဟာ ကံငါးပါးမလုံသေးပေမယ့် မနက်ဖြန်ငါကတော့ ကံငါးပါးလုံစေရမယ်လို့ ပြိုင်ရပါမယ်။ ယနေ့ငါဟာ ကိုယ်ကျင့်တရား မကောင်းပေမယ့် မနက်ဖြန်ငါကတော့ ကိုယ်ကျင့်တရားကောင်းရမယ်လို့ ပြိုင်ရပါမယ်။ ယနေ့ငါဟာ ဒါန၊ သီလ၊ ဘာဝနာ အလုပ်တွေကို ဒီလောက်ပဲ လုပ်နိုင်သေးပေမယ့် မနက်ဖြန်ငါကတော့ ဒီထက်ပိုပြီး လုပ်နိုင်ရမယ့်လို့ ပြိုင်ရပါမယ်။ ဒီနေ့ငါဟာ စိတ်ထားလေးတွေကို ဒီလောက်ပဲ ပြုပြင်နိုင်သေးပေမယ့် မနက်ဖြန်ငါကတော့ ဒီထက်ပိုပြီး ပြုပြင်နိုင်ရမယ်လို့ ပြိုင်ရပါမယ်။ ဒါက ကိုယ့်ရဲ့ သံသရာကောင်းရေးအတွက် ပြိုင်ရမှာကို ပြောတာပါ။ သူတပါးတွေနဲ့ကတော့ ပြိုင်ဖို့မလိုပါဘူး။ တူလာရင် မေတ္တာနဲ့ ဆက်ဆံတတ်ဖို့ပဲ လိုပါတယ်။ သူ့အကျိုးကို ကြည့်တတ်မြင်တတ်အောင် ကြိုးစားပေးဖို့ပဲ လိုပါတယ်။ ဒါဆိုရင် တန်းတူဖြစ်တဲ့သူတွေနဲ့ ဆက်ဆံရာမှာ အခက်အခဲ မရှိနိုင်တော့ပါဘူး။ ဒါကြောင့် ကိုယ်နဲ့တန်းတူဖြစ်တဲ့သူကို မေတ္တာတရား လက်ကိုင်ထားပြီး ဆက်ဆံကြည့်ဖို့၊ မေတ္တာမထားနိုင်က ပြိုင်လာနိုင်ပြီး ပြိုင်လာရင် အပြစ်ဖြစ်လာတတ်တဲ့အတွက် မပြိုင်ကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

နောက် ကိုယ့်အောက်နိမ့်ကျတဲ့သူ။ ဒီနိမ့်ကျတယ်ဆိုရာမှာလည်း အသက်အရွယ်၊ ရာထူးဌာနန္တရ၊ ဂုဏ်အားဖြင့် နိမ့်ကျတာကို ပြောတာပါ။ ဒီလို ကိုယ့်အောက်နိမ့်ကျတဲ့သူကိုတော့ ကရုဏာတရားလက်ကိုင်ထားပြီး ဆက်ဆံကြည့်ပါတဲ့။ ကရုဏာဆိုတာ သနားခြင်းကို ပြောတာပါ။ အဲလို ကိုယ့်အောက်နိမ့်ကျတဲ့သူတွေနဲ့ ဆက်ဆံတဲ့အခါမှာ သနားခြင်း ကရုဏာတရား မထားနိုင်ရင် အနိုင်ယူလာတတ်၊ အနိုင်ကျင့်လာတတ်ပါတယ်။ အနိုင်ကျင့်လာပြီဆိုရင်လည်း မကောင်းတော့ပါဘူး။ နိုင်ထက်စီးနင်းလုပ်တာ မတရားဖိနှိပ်မှုပြုတာ၊ တစ်ဘက်သူကို အကျပ်အတည်း ဒုက္ခဖြစ်အောင်လုပ်တာ စတာတွေဟာ အကုသိုလ်အပြစ်တွေနဲ့ ဆက်ဆံနေပြီး အပါယ်လားစေနိုင်တဲ့အထိ ဖြစ်တတ်ပါတယ်။ သေချာစဉ်းစားကြည့်ရင် ကိုယ့်လောက်မှမတော်၊ ကိုယ့်လောက်မှ အရည်အချင်းမရှိ၊ ကိုယ့်လောက်မှ ကံအကျိုးပေးမကောင်းလို့ ကိုယ့်အောက်ရောက်နေကာ ကိုယ့်ထက်နိမ့်ကျနေသူကို ဘာကြောင့် အနိုင်ယူကြတော့မှာလဲ…၊ သူ့ကိုနိုင်လို့ကော ကိုယ့်အတွက် ဘာအကျိုးဖြစ်သွားမှာလဲ..၊ ကိုယ့်လောက်မှ မရှိဘဲ အစစအရာရာ နိမ့်ကျနေသူကို အနိုင်ယူတော့ကော ကိုယ်ကဘာတွေ ရသွားမှာလဲ…စသဖြင့် စဉ်းစားစရာတွေပါ။ ဒါပေမယ့် ရသွားတာတစ်ခုတော့ ရှိလိမ့်မယ်။ ကိုယ့်အောက်နိမ့်ကျသူကို အနိုင်ယူလိုက်တဲ့ ဒေါသကြောင့် အကုသိုလ်အပြစ်ဖြစ်သွားပြီး ဒေါသရဲ့ နောက်ဆက်တွဲအဖြစ် နောင်တနဲ့ သောကတွေ ရသွားပါလိမ့်မယ်။ ဒါဟာ ကရုဏာမထားနိုင်ဘဲ အနိုင်ယူလိုက်ခြင်းရဲ့ ဆိုးကျိုးပါ။ ဒါကြောင့် ကိုယ့်အောက်နိမ့်ကျသူကို အနိုင်မယူဘဲ သနားခြင်း ကရုဏာတရား လက်ကိုင်ထားပြီး ဆက်ဆံနိုင်မယ်ဆိုရင် ဒီလိုသူမျိုးများရှိတဲ့ လူမှုနယ်ပယ် ဆက်ဆံရေးဟာ အဆင်ပြေသွားမှာပါလို့ ဆိုရခြင်းဖြစ်ပါတယ်။

ကိုယ်ထက်သာသူနဲ့ ဆက်ဆံဖို့ကတော့ မုဒိတာတရား အထူးလိုအပ်ပါတယ်။ မုဒိတာဆိုတာ ၀မ်းမြောက်ပေးတာ၊ အတူပျော်ရွှင် ကျေနပ်ပေးတာကို ပြောတာပါ။ ကိုယ့်ထက် အသက်သိက္ခာဂုဏ်ဝါ၊ ရာထူးဌာနန္တရ စသည်သာသူကို ဆက်ဆံတဲ့အခါ ဒီမုဒိတာက အလွန်အရေးပါပါတယ်။ မုဒိတာတရား ထားနိုင်မှ အဆင်ပြေအောင် ဆက်ဆံနိုင်ပါတယ်။ မုဒိတာတရား မထားနိုင်ဘူးဆိုရင်တော့ သူနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ဣဿာနဲ့ မစ္ဆရိယ တရားတွေက ၀င်ရောက်နေရာ ယူသွားတတ်ပါတယ်။ ဣဿာဆိုတာ သူတပါးအပေါ်မှာ မနာလိုဖြစ်တာ၊ မစ္ဆရိယဆိုတာက မိမိမှာရှိတာကို ၀န်တိုတာပါ။ နှစ်ခုလုံးမကောင်းပါဘူး။ စာပေက ဒီတရားနှစ်ပါးကို အတွင်းရန်သူနှစ်ဦးလို့ ဆိုပါတယ်။ ဒီအတွင်းရန်သူ နှစ်ဦးကိုယ့်သန္တာန်မှာဖြစ်ပြီဆိုရင် သူတို့က ကိုယ့်ကိုအရင် နှိပ်စက်တော့တာပါပဲ။ ဒီလိုနှိပ်စက်ခံရတော့ ကိုယ်ကလည်း ဒီနှစ်ပါးရဲ့ စေ့ဆော်စေခိုင်းချက်နဲ့ သူတပါးအပေါ်မှာလည်း ဒုက္ခပေးနှိပ်စက်မိပြန်ပါတယ်။ ဒီတရားနှစ်ပါးဟာ ကိုယ့်ကိုလည်း ပူလောင်စေတတ်သလို သူတပါးကိုလည်း ပူလောင်စေတတ်ပါတယ်။ ဒါကြောင့် ဒီတရားတွေ မ၀င်အောင် အမြဲကြိုးစားရပါတယ်။ ဒီတရားဝင်လာတာဟာ ခုနပြောခဲ့တဲ့ မုဒိတတရား မရှိလို့၊ မုဒိတာတရား ခေါင်းပါးလို့ဖြစ်တာပါ။ ဒါကြောင့် မုဒိတာ ပွားနိုင်အောင် ကြိုးစားပါလို့ ဆိုရခြင်းဖြစ်ပါတယ်။ အပြောလွယ်သလောက် အလုပ်ခက်တာ ဒီမုဒိတာ တရားပါ။ များသောအားဖြင့် လူတွေဟာ ကရုဏာတရား ဖြစ်ဖို့လွယ်သလောက် မုဒိတာတရားပွားပေးဖို့ ခက်တတ်ကြပါတယ်။ ခက်လို့ မပြုပြင်ဘူး ဒီတိုင်းထားလိုက်မယ်ဆိုရင် ပိုလို့သာ ဆိုးစေပါလိမ့်မယ်။ ဒါကြောင့် ကိုထက်သာတဲ့ သူတွေနဲ့ အဆင်ပြေအောင် ဆက်ဆံနိုင်ဖို့ သူတပါးရဲ့ တိုးတက်မှုအပေါ်၊ အောင်မြင်မှုအပေါ်၊ အစစအရာရာ ၀မ်းမြောက်ဝမ်းသာ ပေးနိုင်အောင် မုဒိတာတရား လက်ကိုင်ထားပြီး ဆက်ဆံကြည့်ဖို့လိုပါတယ်။ ဒီလိုဆိုရင် လူမှုနယ်ပယ်မှာ အဆင်ပြေသွားပါလိမ့်မယ်။

တစ်ချို့ကျတော့ မေတ္တာထား ဆက်ဆံပေးလို့လည်းမရ၊ ကရုဏာတရားထားပေးလို့လည်း မဖြစ်၊ မုဒိတာပွားပေးလို့လည်း အဆင်မပြေတဲ့ ဟိုဟာလည်းမဟုတ် ဒါလည်းမဟုတ်တဲ့ ကြားဖြစ်နေတဲ့ သူတွေလည်း ရှိပါတယ်။ ဒီလိုသူမျိုးကိုတော့ ဥပေက္ခာတရား လက်ကိုင်ထားပြီး ဆက်ဆံကြည့်စေချင်ပါတယ်။ အဆင်ပြေသွားပါလိမ့်မယ်။ ဥပေက္ခာဆိုတာ ပြီးပြီးရော သူဟာသူ ဖြစ်ချင်ရာဖြစ်ဆိုပြီး လျစ်လျူ ရှုပစ်လိုက်တာမျိုး မဟုတ်ပါဘူး။ တစ်ဘက်သူကို အမှီပြုပြီး ကုသိုလ်လည်း မဖြစ်၊ အကုသိုလ်လည်း မဖြစ်အောင် နေလိုက်တာပါ။ ငါကောင်းရဲ့သားနဲ့ ငါ့အပေါ်ဒီလိုလုပ်တာ တော်ပြီကွာ ဒင်းထိုက်နဲ့ဒင်းပဲ ရှိပါစေဆိုတဲ့ ကိုယ်အလိုမကျလို့ လှည့်မကြည့်ဘဲ ပြစ်ထားတာမျိုး မဟုတ်ပါဘူး။ သူ့အပေါ် အမုန်းတရားလည်း မထား၊ အချစ်တရားလည်း မထားဘဲ ကိုယ့်ကိုယ်ကို အပြစ်မဖြစ်အောင် နေလိုက်တဲ့ သဘောကို ဥပေက္ခာလို့ ဆိုနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ တစ်ချို့သူတွေဟာ ဘယ်လိုပဲ ကိုယ့်ဘက်က လိုက်လျောသီးခံ အမျိုးမျိုးကြိုးစား ဆက်ဆံပေမယ့် အဆင်မပြေကြပါဘူး။ ဒီလိုသူမျိုးကို အတင်းအဓမ္မလိုက်ပြီး ကြိုးစားဆက်ဆံနေရရင်လည်း သူကဘာမှဖြစ်မှာမဟုတ်ဘူး ကိုယ်သာအကုသိုလ်တွေ တိုးလာတတ်ပါတယ်။ ဒါကြောင့် ဒီလိုသူမျိုးကျတော့ “အေးလေ… သတ္တ၀ါတွေဆိုတာ သဗ္ဗေသတ္တာ ကမ္မဿကာ ဆိုတဲ့အတိုင်း သူကံနဲ့သူဖြစ်နေတာပါလား၊ အဲဒီလို မတူညီတဲ့ ကံတွေနဲ့ နေသူတွေကို ငါက တူအောင်လိုက်ညှိနေလည်း ငါပဲအကုသိုလ်တွေ တိုးနေတော့မှာပဲ၊ သူ့ကိုအမှီပြုပြီး အကုသိုလ်လည်း မဖြစ်အောင် ကုသိုလ်လည်းမဖြစ်အောင် ငါဘာသာငါနေတာပဲ ကောင်းပါတယ်..“ ဆိုတဲ့ စိတ်လေးနဲ့ပဲ နေနိုင်အောင် ကြိုးစားလိုက်ရင် ဒီလို ကြားကျနေတဲ့သူအပေါ်မှာလည်း အဆင်ပြေအောင် တွေးတတ် နေတတ်၊ ဆက်ဆံတတ်သွားမှာပါ။

အချုပ်အားဖြင့် လူအမျိုးမျိုး အကျင့်အမျိုးမျိုး စိတ်အမျိုးမျိုး ရှိနေတယ်လို့ ဘယ်လောက်ပင် ပြောကြပါစေ၊ လူမျိုးတွေ ဘယ်လိုပဲကွားပြားကြပါစေ၊ အနှစ်သာရ အဆင့်အတန်းနဲ့ ခွဲလိုက်ရင် လေးမျိုးပဲ ရှိတဲ့အတွက် ဒီလူလေးမျိုးကို အဆင်ပြေအောင် ကြိုးစားကာ လူမှုနယ်ပယ်မှာ လူတွေကို အမှီပြုပြီး အကုသိုလ်မဖြစ်အောင် ဆက်ဆံနိုင်ဖို့ အမြတ်ဆုံး ဆက်ဆံနည်းဖြစ်တဲ့ ဗြဟ္မစရိယခေါ် မြတ်သောဗြဟ္မစိုရ် အကျင့်တရားကိုသာ အသုံးပြု ဆက်ဆံတတ်ကြဖို့ပဲ ဖြစ်ပါတယ်။ ဒီဗြဟ္မစိုရ်တရားဟာ ဗြဟ္မပြည်ရောက်ကြောင်း မြတ်သောအကျင့်ကောင်း ဖြစ်ပေမယ့် လူ့ဘောင်အဖွဲ့အစည်းတွင်လည်း ရှိသင့်တဲ့တရား၊ လက်ကိုင်ထားသင့်တဲ့ တရားဖြစ်ပါတယ်။ ဒီဗြဟ္မစိုရ်တရားတွေ မရှိတော့ဘူး၊ ခေါင်းပါးသွားပြီဆိုရင်တော့ အဲဒီလူ့အဖွဲ့အစည်း၊ အဲဒီနေရာ၊ အဲဒီပတ်ဝန်းကျင်၊ အဲဒီမြို့ရွာ၊ အဲဒီတိုင်းနိုင်ငံဟာ ငြိမ်းချမ်းရေးတွေလည်း ခေါင်းပါးကုန်တော့တာပါပဲ။ တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေး အဆင်မပြေ ဖြစ်တော့တာပါပဲ။ တစ်ဦးနဲ့တစ်ဦး အဆင်မပြေ ရန်ငြိုးတွေဖြစ်လာရင် စစ်ပွဲတွေလည်း ဖြစ်လာကြတော့တာပါပဲ။ ယနေ့ကမ္ဘာလောကကြီးကို ကြည့်ရင် ဟိုနိုင်ငံဒီနိုင်ငံ လူအချင်းချင်း စစ်ပွဲတွေကိုပဲ ဆင်နွဲနေကြတာကို တွေ့နိုင်ပါတယ်။ ဒါဟာ ဗြဟ္မစိုရ်တရား ခေါင်းပါးနေကြောင်းကို ပြသနေသလိုပါပဲ။ ဒီဗြဟ္မစိုရ်တရား မရှိတော့ဘူးဆိုရင် လူအချင်းချင်း ပြိုင်ဆိုင်ဖို့လည်း ၀န်မလေးတော့ပါဘူး။ အနိုင်ယူဖို့လည်း ၀န်မလေးတော့ပါဘူး။ အကောက်ကြံဖို့လည်း ၀န်မလေးတော့ပါဘူး။ အပြန်အားဖြင့် ဒီတရားတွေ အားကောင်းနေမယ်၊ ဒီတရားတွေအတိုင်း လက်နာကျင့်သုံးနေမယ်၊ တစ်ဦးအပေါ်တစ်ဦး မေတ္တာလေးတွေ၊ ကရုဏာလေးတွေ၊ မုဒိတာလေးတွေနဲ့ ဆက်ဆံပြီး နောက်ဆုံးမရတော့တဲ့အခါ ဥပေက္ခာလေးနဲ့ နေနိုင်အောင် ကြိုးစားနိုင်ကြမယ်ဆိုရင် ကိုယ်ကိုယ်တိုင်လည်း ငြိမ်းချမ်းလာ၊ သက်သောင့်သက်သာ ရှိလာမှာ ဖြစ်တဲ့အပြင် လူဘောင်အဖွဲ့အစည်းကြီးဟာလည်း ငြိမ်းချမ်းလာမယ်၊ အဆင်ပြေလာမယ်၊ သာယာဝပြောလာမယ်ပေါ့။

ဒါကြောင့် ကိုယ်ကိုယ်တိုင်ရော တပါးသူတွေပါ အဆင်ပြေပြေ ရှိစေပြီး လူမှုနယ်ပယ် တစ်ခုလုံး အဆင်ပြေစွာ ဆက်ဆံနိုင်ကြဖို့၊ လူအမျိုးမျိုးနဲ့ ဘာပြဿနာမှ မဖြစ် ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ကြဖို့၊ အကုသိုလ်အဖြစ်နည်းပြီး ကုသိုလ်တရားတွေ တိုးပွားနိုင်စေဖို့၊ မမြတ်တဲ့အကျင့်တွေ ပျောက်ပြီး မြတ်တဲ့အကျင့်တွေ ရောက်စေဖို့ ဗြဟ္မစိုရ်တရား လက်ကိုင်ထားပြီး ကြိုးစားဆက်ဆံကြဖို့ “ဗြဟ္မစိုရ်တရားနဲ့ လူမှုဆက်ဆံရေး“ ဆိုတဲ့ ဒီစာစုလေးဖြင့် သတိပေး တိုက်တွန်းလိုက်ရပါတယ်။

ဘုန်းဘုန်း ဦးဝိစိတ္တ

သိချင်လို့ပါ

သိချင်လို့ပါ


တကယ်တော့ ဒါလေးက ကျနော်အရင်က တင်ပြီးသား Post တစ်ခုပါ ။ ဒါပေမယ့် အရင်က
ကျနော့် ဘလော့ကို ၀င်မကြည့် မိတဲ့ မိတ်ဆွေများ ၊ ၀င်ကြည့်ပေမယ့် မဖတ်မိတဲ့ မိတ်ဆွေများ
အတွက်ပါ ..။
သိသင့်တယ်လို့လည်းထင်ပါတယ် ..။ အဲဒီမှာ ထည့်စရာ ကျန်တာလေးတစ်ခုကိုလည်းပြောချင်လို့ပါ
အဲဒါကတော့ မီတာ ထိန်းသိမ်းခ တစ်အိမ်ထောင် 500 ကျပ်ဆိုတာလေးပါ။ အဲဒါတွေသာထည့်ပေါင်း
လိုက်ရင်တော့ ............?

အဝေးကိုမြင်ပြီး အမြင့်ကိုပျံနိုင်ကြစေ



လူတစ်ယောက်ဆီမှာ ကိုယ်လုပ်နိုင်စွမ်းတွေ တစ်ပုံကြီး ရှိလျှက်သားနဲ့ လူတွေဟာ အဆင့်မြင့်အောင် မလုပ်နိုင်ခဲ့ကြတာ ဘာကြောင့်ပါလဲ ……..?
ပုံပြင်လေးတစ်ပုဒ်ပြောပြချင်ပါတယ် …..
ပုံပြင်ကတော့ ကြက်ခြံထဲမှာ ကြီးပြင်းလာ ခဲ့ရတဲ့ လင်းယုန် ငှက်ကလေး တစ်ကောင် အကြောင်းပဲဖြစ်ပါတယ်။
တစ်ခါတုန်းက ရက်အင်ဒီးယန်း လူနီရိုင်း တစ်ယောက်ဟာ တောထဲကို အမဲလိုက်ထွက်ခဲ့ပါတယ်။ ဒီလိုနှင့် တောတွင်းတစ်နေရာမှာ လင်းယုန်ငှက်ဥ တစ်လုံးကို တွေ့ပြီး သူ့ခြံထဲကို ယူလာခဲ့ပါလေရော ။
ဥ ကပေါက်တော့လင်းယုန်ပေါက်စလေးထွက်လာတယ်။ အဲဒီလင်းယုန်လေးဟာ ခြံထဲ
က ကြက်တွေကြားထဲမှာ နေရင်းက ကြီးပြင်းလာတယ်။ ဒါပေမယ့် ကြက်တွေနဲ့အတူ
ကြီးပြင်းနေရတဲ့လင်းယုန်ငှက်ဟာ ကြက်တွေ ရဲ့ အမူအကျင့်တွေစွဲသွားတယ်။ အဲဒီအမူ
အကျင့်တွေထဲမှာ ကောင်းတာရော ညံ့တာရော ပေါင်းစုံပေါ့။ လင်းယုန်ပေါက်စလေးဟာ
ကြက်တွေလိုပဲ အစာရှာတယ်။ ကစားတယ်။ ခွပ်တယ် ဆိုပါတော့။ သူဟာတဖြည်းဖြည်း
ငှက်လားမြောက်လာပြီး လှပခန်ံငြားတဲ့ လင်းယုန်ငှက်ကြီး ဖြစ်လာ ခဲ့တယ်။
တစ်နေ့တော့ အဲဒီ လင်းယုန်ငှက် ဟာ အပြာရောင် တောက်ပတဲ့ ကောင်းကင်အမြင့်မှာ
သူ့ရဲ့မျိုးတူ လင်းယုန်ငှက်ကြီးတစ်ကောင် ဟာ ယုံကြည်ချက်အားမာန်အပြည့်နဲ့ ပျံဝဲ
နေတာကို တွေ့လိုက်ရပါလေရော ။
ပျံဝဲနေတဲ့ လင်းယုန်ငှက်ကြီး ကို ကြည့်ရတာ လွတ်လပ်ပျော်ရွှင်နေပုံရတယ်။ သူ့ရဲ့ အတောင်ပံခတ်သံတွေကလည်း အောက်ကမြေပြင် တစ်ခုလုံးကို အားမာန်တွေ
ပေးနေသလိုပါပဲ။
ဒီမှာတင် ကြက်ခြံထဲက လင်းယုန်ငှက်လေးဟာ မိုးပေါ်က လင်းယုန်ကြီးလို ငါလည်း ပျံချင်လိုက်တာ လို့ သာ ပြော နိုင်ပြီး သက်ပြင်းချနေလိုက်ရပါတော့တယ်။
မြေပေါ်က လင်းယုန်ငှက် မှာ အတောင်တစ်စုံရှိနေပါလျှက် မပျံနိုင်တာ ဘာ့ကြောင့် ပါ
လဲ ။ သူတကယ်မပျံနိုင်တာလား ။ အရင်းစစ်လိုက်တော့ သူ့တောင်ပံတွေကို
တစ်ခါမှ ပျံဖို့ ၊ ခတ်ဖို့ လေ့ကျင့် ခဲ့ဖူးတာမဟုတ်တော့ သူပျံနိုင်မယ်ဆိုတာ
မယုံကြည်တော့ဖူးပေါ့။ သူဟာ မွေးကတည်းက ကြက်ခြံမှာ ကြက်တွေ နဲ့ပဲ ကစား နေခဲ့တာဆိုတော့ တောင်ပံတွေ ကိုဖြန့်ဖို့ကြိုးစားရမှန်းတောင် မသိခဲ့ရှာဘူးလေ။
ကဲ ပုံပြင်လေးကတော့ ဒါပါပဲ …….
မိတ်ဆွေ သင့်မှာ စွမ်းအားတွေ ရှိနေပါတယ် ၊ မွေးကတည်းက ပါပြီးသားပါ ။
ဒါပေမယ့်သင်ဟာ ကြက်ခြံထဲက လင်းယုန်ငှက်ကလေးလိုနေတော့မှာလား
အားမာန်အပြည့်နဲ့ လောက ကောင်းကင်ကျယ်ကြီးထဲမှာ ပျံဝဲဖို့ မကြိုးစားတော့
ဘူးလား ? အတောင်ပံတွေ မခတ်တတ်ရင်တော့ ပျံတတ်မှာ မဟုတ်သလို ကောင်းကင် အမြင့်ကြီး ကိုလည်း ရောက်မှာ မဟုတ်ပါဘူး ။ တောင်ပံတွေ ဖြန့်ကြည့်လိုက်ရင်တော့
သင့်ကိုယ်ထဲမှာ စွမ်း ဆောင်နိုင်ရည်တွေ အများကြီးရှိတယ်ဆိုတာ အံ့သြစရာကောင်းလောက်
အောင်တွေ့လာရမှာပါ …….။
မှီငြမ်း ။ ။ ညီညီနိုင် ၏ ခေါင်းဆောင်မှုသဘောတရား

Friday, January 29, 2010

ဟီးရိုးမှ ဇီးရိုးသို့ ( ရဲဘော်ကျော်သန်း )


ကျုပ်တို့ ဗမာတောသားတွေအတွက်တော့ အပေါင်းဖော်တွေနဲ့ မိုးဦးကျမှာ ဖားရိုက် ထွက်ရတာ ဘ၀အရသာတခုပဲ၊ အဆိုတော် ကိုထွန်းရွှေက “တအားရိုက်မလေ ဖားမိုက်တွေ အရီးတုတ်ရဲ့တဲနဘေးမှာ ချက်ပြုတ်စားကာ ဆိုကြကကြ ပျော်သလိုနေနိုင်ကြပေ” လို့စပ်ဆိုခဲ့တာ အတော် အောင်မြင်ခဲ့တာပဲ၊ အခုထိလဲ မရိုးနိုင်သေးဘူး။
ဖားရိုက်တယ်ဆိုလို့ သိပ်တော့လွယ်တယ် မထင်နဲ့၊ သူ့မှာလည်း ပညာနဲ့သတိ ရှိဖို့လို တယ်။ ပေါ့ပေါ့သွားလုပ်ရင် ကောက်ကွေးသွားမယ်။ ဖားတွေရဲ့သဘာဝနဲ့ အထာကို သိဖို့လို တယ်။ ပြီးတော့ ဖားတွေကိုကြိုက်တတ်တဲ့ မြွေတွေရဲ့ အန္တရာယ်ကိုလည်း သတိရှိဖို့ လိုတယ်။ ဒါကြောင့်လည်း မိုးဦးကျဆိုရင် မြွေကိုက်ခံရတဲ့ ဖားရိုက်သမားတွေ နည်းမှမနည်းပဲ။
ဖားတွေရဲ့သဘာဝက တော်လှန်ရေးတံဆိပ်ကပ်ထားတဲ့ ဆူလွယ်နပ်လွယ် လုပ်စား တွေနဲ့ တူတယ်ဆိုရင် မှားမယ်မထင်ဘူး။ သိတဲ့အတိုင်း ဖားဆိုတာက ရေနေကုန်းနေ သတ္တ၀ါ မှန်ပေမယ့် ရေမရှိရင်မနေနိုင်ဘူး၊ မရှင်သန်နိုင်ဘူး၊ ရေသိပ်ကြိုက်တယ်ပေါ့။ ဒီတော့ သဘာဝ တရားက သူ့ကိုမျက်နှာသာပေး ဗီဇသတ္တိတခု ပေးထားတယ်။ ရေရှိတဲ့နေရာကိုသိတယ်၊ ရေခန်းတော့မှာကို သိတယ်၊ ဘယ်နေရာမှာ ဘယ်ချိန်မှာ မိုးရွာမယ်ဆိုတာကို ကြိုသိတယ်၊ ဒါကြောင့် ဗမာတောသား လယ်သမားတွေက ဖားအော်သံကို နားထောင်ပြီး မိုးလေကို တွက်ချက်ကြရတာပဲ။

ဖားဆိုတာကလဲအမျိုးမျိုးရှိတယ်၊ အွန်အွန်နဲ့ တချက်တချက် ပြတ်တောင်းပြတ်တောင်း အော်တတ်တဲ့ နှစ်ချို့စားဖားကြီးတွေရှိတယ်၊ ‘အုံအိုင် အုံအိုင်’ နဲ့ ဆက်တိုက်အော်လိုက် ခဏနားလိုက် ပြန်အော်လိုက်နဲ့ ဖားအိုင်းတွေရှိတယ်၊ ‘ကက်ကက် ကက်ကက်’ နဲ့ အော်တတ်ပြီး ရေအ၀သောက် မြေထဲယက်ပြီး ဇိမ်ရစ်နေတတ်တဲ့ သဲဖားဆိုတာ ရှိတယ်၊ တနေရာထဲမှာ အငြိမ်မနေ ဟိုခုန်ဒီလူးနဲ့ ဖားပေါင်စင်းအသေးစား ကျော်စံကေးဆိုတာရှိတယ်၊ အဲဒါအပြင် ဖားရိုက်သမားတွေကို ဒုက္ခအပေးဆုံးကတော့ ဖားလတက်ပဲ။ အရွယ်ကလေးက လက်မ လောက်နဲ့ တကွင်းလုံးဆူညံနေအောင် အော်နိုင်စွမ်းတယ်။ စားလည်းမစားလောက် တုတ် လည်းမရိုက်လောက်၊ ဒါပေမဲ့ ဆူညံနေတဲ့ သူတို့အသံကြောင့် ဖားရိုက်သမားတွေ တခြား စားလောက်သောက်လောက် ဖားကြီးတွေရဲ့အသံကို ဖမ်းရအတော်ခက်စေတယ်။
ဖားဆိုပေမဲ့ လျော့တော့မတွက်နဲ့ သူလည်းအသားစားသတ္တ၀ါ၊ သူထက်ငယ်တဲ့ သူနိုင်တဲ့ အကောင်မှန်သမျှ အကုန်စားတယ်။ တချို့နှစ်ချို့စားဖားကြီးတွေဆိုရင် ငါးပုစွန် တွေသာမက တော်တော့အရွယ် ပုတ်သင်တို့ ငှက်တို့ကိုတောင် ဖမ်းစားနိုင်တယ်။ ပြီးတော့ သိပ်အကင်းပါးတယ်၊ တနေရာအခြေအနေမဟန် တနေရာ အပြောင်းမြန်တယ်။ အခြေဟန် မည့်နေရာတွေ့လို့ကတော့ သူများတွင်း (ပုစွန်လိုဟာမျိုး) လည်း အဓမ္မ လုယက်နေထိုင် တတ်တယ်။
ပြောပါပကော ဖားတွေရဲ့သဘာဝက ကျုပ်တို့တော်လှန်ရေးတံဆိပ်ကပ် လုပ်စားတွေနဲ့ တူပါတယ်လို့။ ဒါကြောင့်လည်း ဗမာနိုင်ငံရေးဝေါဟာရတွေထဲမှာ ဖားနဲ့ပတ်သက်တဲ့ စကားလုံး တွေ အတော်များများ ရှိနေတာပဲ။ “ တုံးအောက်ကဖား” “အထက်ဖား အောက်ဖိ” “ဖော်လံဖား” “ စားဖားနိုင်ငံရေး” “ နိုင်ငံရေးစားဖား” “ကပ်ဖားရပ်ဖား” “ ဖားစည်းငါးစည်း” ဆိုပြီး များမှများ။ ကျုပ်တို့ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းတောင် “ စားဖား ညီညွတ်ရေး အလိုမရှိဘူး” လို့ ကြောက်လန့်တကြား မိန့်ခွန်းထဲ ထည့်ပြောခဲ့ရသေးတာပဲ။
ဖားအကြောင်း ပြောရင်းနဲ့ ကာတွန်းချစ်ဆွေရဲ့ စကားတခုက ပေါ်လာပြန်တယ်။ သူပြောတာက “ စားဖားတွေ စားဖားတွေ၊ စားဖားတွေကို ဖားစားသူတွေ သိပ်ကြိုက်တယ်” တဲ့။ သူ့စကားအတိုင်းဆိုရင် နိုင်ငံရေးဆိုတာ အဖိနှိပ်ခံလူထုကို ဗန်းပြပြီး စားဖားတွေနဲ့ ဖားစားသူတွေ ပေါင်းပြီးလုပ်စား နေတဲ့ ရိုက်စားလုပ်ငန်းကြီးလို့ ပြောရမလိုပါပဲ။ အားလုံးတော့မဟုတ်ပါဘူး အဓိကခေါင်းဆောင်ပိုင်းနဲ့ ပညာကို သိသာသိပြီး တတ်လည်း မတတ် ဉာဏ်လေးကောင်းပါရဲ့နဲ့ ပညာရှိဖြစ်ဖို့လဲ အလားလာမရှိတဲ့ လူတတ်ဆိုသူတွေ၊ ကျွမ်းကျင်သူ ဆိုသူတွေပေါ့။ ထောင်သောင်းချီတဲ့ အောက်ခြေရဲဘော်ထုနဲ့ တကယ့် လူထုခေါင်းဆောင်တွေကတော့ ဘာအကျိုးကိုမှ မမျှော်ကိုးပဲ ဘ၀တွေ အသက်တွေ ပေးဆပ်ပြီး အကျဉ်းထောင်တွေထဲ၊ တောတောင်တွေထဲမှာ တိုက်ပွဲဝင်နေကြဆဲပါ။ ဒီရဲဘော်တွေ အကျအဆုံးများပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာလေ ခေါင်းဆောင်စားဖားတွေ ဂွင်ကြလေပဲ အတော်ကို ရင်နာစရာလည်းကောင်း၊ ရွံစရာလည်းကောင်းပါတယ်။
၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ ပေါက္ခရ၀ဿမိုးကြီး ရွာတော့မလိုလို မိုးခြိမ်းသံပေးကာ ရှိသေး ဖားမျိုးစုံတို့ အကုန်ညီ ပလုံစီအောင် အော်နေလိုက်ကြတာ တလောကလုံးကို ဆူညံ ပွက်လို့ပဲ။ ကိုယ်လာရာလမ်းကို မေ့ချင်ယောင်ဆောင်နေတဲ့ တချို့သော မကျက်တကျက် ( Half Baked) သတင်းသမားတွေ ဖွတာလဲ ပါသပေါ့။ သူတို့ကသာ အမေရိကန်ဘောပွဲက ဖင်လေးတွန့်လိမ်တွန့်လိမ်နဲ့ (Cheer Leader) တွေလို ရွေးကောက်ပွဲကြီးကို ခုန်ပေါက်ချီးပ ရွှေကြိုလုပ်နေကြပေမဲ့ ပြိတ္တာကြီးသန်းရွှေက ခုထိ ရွေးကောက်ပွဲ ဥပဒေတို့ အချိန်တို့ကို မကြေငြာသေးဘူး။ ပုဆိုးထဲ မိုးကြိုသေးပေါက်တဲ့သူလို လူထုကြားမှာ စောက်ရှက်ကွဲကြမှာ မြင်ယောင်မိပါသေးတယ်။
တကယ်တော့ ဘယ်ချိန် ဘယ်ကာလမှာ ဘယ်လိုလုပ်မယ်မှန်းမသိတဲ့ ရွေးကောက်ပွဲ ကို မိုးဦးကျဖားများလို တုတ်မမြင် မြွေမမြင် ကွတ်ကွတ်ကက်ကက်၊ အုံအုံအိုင်အိုင်နဲ့ ချီးပ ရွှေ ကြိုလုပ်နေကြသူအားလုံးဟာ တချိန်ကတော့ သူရဲကောင်း ဟီးရိုးတွေပေါ့။ လွတ်လပ်ရေး တိုက်ပွဲခေတ်ကနေ ဒီနေ့ခေတ် (၈၈) ဒီမိုကရေစီ တိုက်ပွဲကာလအထိ ဖိနှိပ်ခံပြည်သူတွေ လွတ်မြောက်ရေးအတွက် လုပ်ခဲ့ကြတဲ့ တိုက်ခဲ့ကြတဲ့ တချိန်ကဟီးရိုးတွေပေါ့။ ကာလတွေ ကြာလာတော့ လူထုကို ဗန်းပြပြီး ကိုယ်ကျိုးရှာချင်တဲ့ ဉာဉ်တွေ၊ ပေါချောင်ကောင်းနဲ့ သူရဲကောင်းဖြစ်ချင်တဲ့ ဗီဇတွေ၊ အချောင်သမားဇာတိတွေ၊ ဖုံးမရ ဖိမရပေါ်လာကြပြီ။ ကိုယ်ကျိုးအတွက် စစ်အုပ်စုကို ဖားရင်းယားရင်းနဲ့ ဇီးရိုး ( ဖိုးသုည ) တွေ ဘ၀ကို ရောက်သွားကြရှာပြီ။ ဇီရိုးမှ အနုတ်လက္ခဏာမည်းမည်းကြီး ထိပ်ပိတ်ထားတဲ့ ဇီးရိုး၊ ကျန်တဲ့ ဇီးရိုးတွေနဲ့မတူဘူး။ ရူပဗေဒ သင်ဖူးသူတိုင်းသိတယ်၊ ရိုးရိုးဇီးရိုးက တစ်နောက်မှာထား လိုက်ရင် တစ် ဆယ်လုံးရဲ့အဓိပ္ပါယ် တဆယ်ဖြစ်ပေမဲ့ အနုတ်လက္ခဏာနဲ့ ဇီးရိုးကတော့ သူ့ရှေ့မှာ ကိန်းဂဏန်းတွေ ကြိုက်သလောက်ဖြည့် တစ် တောင်ဖြစ်မလာဘူး။
အဟောသိကံ အနန္တပဲ။
လူထုကို နှိပ်စက်ရုံမက ဘုရားရွှေခွာ ဌာပနတိုက် ဖေါက်နေတဲ့ ပုဂံခေတ်က စကား နဲ့ပြောရရင် ငရဲမှာ သစ်ငုတ်ဖြစ်မဲ့ စစ်အုပ်စုကို အတ္တအကျိုးအတွက် ဖားရင်းနဲ့ ဒီဘ၀ရောက်သွားကြတာပေါ့။
အဲဒီအထဲမှာ စစ်အုပ်စုရဲ့ သံခြေချင်းဝတ် ပရောဟိတ်လိုလို သုခမိန်လိုလို မောင်စူးစမ်း တို့ သခင်တင်မြတို့ ထိပ်ဆုံးကပေါ့၊ လွတ်လပ်ရေးတိုက်ပွဲဝင် ဟီးရိုးဘ၀ကနေ ပျက်ရွေ့သွားတဲ့ ဇီးရိုးအကြီးစားကြီးတွေပေါ့ ကြောက်တတ်ရင် အခါခါသေတယ်ဆိုတဲ့ စကားလို ဘ၀မှာ အကြိမ်ကြိမ် သေနေရတဲ့သူတွေ။ ဖဆပလ၊ မဆလ ခေတ်တွေကနေ ဒီနေ့ခေတ် န၀တ/ နအဖစတဲ့ ဖောက်ပြန်တဲ့ အုပ်စိုးသူအဆက်ဆက်ကို မှောက်ချီလှန်ချီ အသုံးတော်ခံ နေကြရတဲ့ သူတွေပေါ့။
အနှီဇီးရိုးကြီးတွေက အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲကြီးပြီးရင် ဖြစ်ထွန်းလာမယ့် နိုင်ငံရေးအခင်းအကျင်းသစ်မှာ သူတို့စကားအတိုင်းပြောရရင် Space (နေရာ) ရှိသတဲ့။ အရပ်သားပါတီ (လူထု) တွေအတွက် နှီးပြားတထောက်စာတောင် နေရာမရှိတဲ့ ဖွဲ့စည်းပုံတကျ စစ်အာဏာရှင်စနစ်ကို စစ်အုပ်စုအတွက် ဗြောင်လိမ်ပေးနေကြတယ်၊ ဖားတာပေါ့။ သူစကားသူနင်း တနေရာကျပြန်တော့ ဒီရွေးကောက်ပွဲဟာ တခြားပါလီမန် ဒီမိုကရေစီ ရွေးကောက်ပွဲတွေနဲ့မတူဘူး၊ နိုင်တဲ့ပါတီ အစိုးရဖွဲ့ဖို့ မဟုတ်ဘူးဆိုပြန်တယ်။ အဲဒီအခင်းအကျင်းသစ်မှာ Institution သုံးခုပေါ်လာမယ်၊ အဲဒါတွေက တပ်မတော်၊ လွှတ်တော်နဲ့ နိုင်ငံရေးပါတီများဆိုပဲ။ တိုင်းပြည်ကို တကယ်စီမံအုပ်ချုပ်မဲ့ အစိုးရ ဖွဲ့စည်းရေးကျတော့ ဆက်မပြောတော့ဘူး။ ဘယ်ပြောတော့မလဲ အဲဒီထဲမှာ လူထု (ပါတီ) တွေရဲ့ အခန်းကဏ္ဍမှ မပါတော့ဘဲ။ သူတို့ အကြောင်းတော့ အထူးဝိတ္တာချဲ့စရာမလိုပါဘူး၊ ဒီဇီးရိုးကြီးတွေဟာ ပီသုံးလုံး (PPP= Professional Political Prostitute) တွေဆိုတာ အများကသိပြီးသားပါ။
နောက် ပီသုံးလုံးပိုင်ရှင် နှစ်ချို့စားဖားကြီးကတော့ ပြည်ပက ဟန်ညောင်ရွှေပါ။ စစ်အာဏာရှင်အလိုကျ အောင်ဆန်းစုကြည်နှမလေး ကိုစိတ်ဒုက္ခမျိုးစုံပေးနေတဲ့၊ ဂုဏ်သရေ ကြီးမြတ်တဲ့ အမိအဖတွေရဲ့ မျိုးဆက်မပီ သွေးဆိုးပြည်ပုပ် သားယုတ်အောင်ဆန်းဦးနဲ့ ပိန်မသာလိမ်မသာ၊ ဗမာပြည် ပထမဆုံး သမ္မတကြီးစ၀်ရွှေသိုက်ရဲ့ သားဆိုတဲ့ ဂုဏ်ပုဒ်ကို ပဲလှော်နဲ့လဲစားနေတဲ့သူပေါ့။ အပြင်ပန်း အတော်လယ်ဝယ် ရည်မွန်တယ်၊ စနစ်ကျတယ်၊ လုပ်စားတာလဲ ကြာခဲ့ပြီကိုး။ သူရဲ့ကမ္ဘာ ပတ်လည် ရိုက်စားလုပ်ငန်းကြီးကို စားဖားနဲ့ ဖားစားသူတွေရဲ့ သီးသန့်အင်ပါယာ (Exclusive Class) ဖြစ်အောင် ထူထောင်ထားတယ်။ ဘယ်တော်လှန်ရေးသမားမှ ကပ်လို့မရဘူး၊ လက်ရှိမှာတော့ များစွာသော သူရဲ့အင်ပါယာတွေထဲမှာ အဓိက အင်ပါယာက အီးဘီအို (EBO= Euro-Burma Office) ဆိုတာပေါ့။ အဲဒီထဲမှာ ဗမာဆိုလို့ သူတယောက်ပဲ ဟုတ်ဟုတ် ငြားငြားရှိတယ်။ ကျန်တာ နိုင်ငံတကာ စားဖားတွေ ဖားစားသူတွေနဲ့ ဖွဲ့ထားတယ်။ ကျုပ်တို့ အိန္ဒိယဘက် ဒေလီမှာတောင် အဲဒီအီးဘီအိုရုံးတခု လာဖွင့်ထားသေးတယ်၊ ဗမာတစ်ယောက် မှ မပါဘူး။ ဒေလီမှာ ဘယ်နိုင်ငံရေးအဖွဲ့အစည်းမှ ရုံးခန်းတောင် တူတူတန်တန်မဖွင့်နိုင်တဲ့ အခြေအနေမှာ အီးဘီအို ရုံးခွဲကတော့ ဒေလီမြို့ရဲ့ ဈေးအကြီးဆုံးဆိုတဲ့ (South Extension) မှာ အကျအနဖွင့်ထားတယ်။ ကုလားအရာရှိတွေတောင် မမှန်းနိုင်တဲ့ လခစား ၀န်ထမ်းတွေနဲ့ပေါ့။ ဒေလီက နိုင်ငံရေးစားဖားတချို့ကလွဲရင် ဘယ်နိုင်ငံရေး အဖွဲ့အစည်းနဲ့မှ အဆက်အဆံ မလုပ်ဘူး။
ဟိုတလောကတောင် ဟန်ညောင်ရွှေနဲ့ အသင်းအပင်း စားဖားတသိုက် ဒေလီကို ခိုးကြောင်ခိုးဝှက် ရောက်လာပြီး ဒေလီက လက်သင့်ရာတသိုက်နဲ့ သူတို့ရဲ့ ရိုက်စား ရွေးကောက်ပွဲရွှေကြိုအလုပ်တွေ လုပ်သွားကြသေးတယ်။ သူတို့က လာမယ့်ရွေး ကောက်ပွဲ ဟာ ပကတိ အခြေအနေ (Reality) မှန်ဖြစ်တယ်၊ ဗမာပြည်သူတွေအတွက် အခွင့်အလမ်းတခု ( Opportunity ) ဖြစ်လို့ ထောက်ခံကြောင်း ကုလားဧည့်သည်တွေကို မျက်စိထဲ သဲပက် သွားခဲ့ကြတယ်။ ဟိုတုန်းက သူတို့ပဲ ဗမာပြည်ရဲ့ပြဿနာဟာ ဖွဲ့စည်းပုံပြဿနာ လို့ပြောခဲ့ကြပြီး အခုတော့ စစ်အုပ်စုရဲ့ ၂၀၀၈ စစ်ကျွန်ဖွဲ့စည်းပုံက ပြဿနာမဟုတ် တော့ဘူးတဲ့။ ပြဿနာက မဲဆန္ဒရှင် ပြည်သူတွေရဲ့ နိုင်ငံရေးအသိပညာ( Voter Education) ကသာ အဓိကပြဿနာတဲ့။ Voter Education ကို အဓိကလုပ်ရမယ်တဲ့၊ ဒါကြောင့် ရွေးကောက်ပွဲဝင်ပြီး မဲဆန္ဒရှင်တွေကို နိုင်ငံရေးအသိပညာ ပေးရမယ်၊ သူတို့အနေနဲ့ ရွေး ကောက်ပွဲဝင်မယ့် အင်အားစုတွေကိုလဲ ငွေကြေးကအစ ကူညီထောက်ပံ့သွားမယ်လို့ ပြောသွားကြတယ်ဆိုပဲ။ အဲဒါတွေလုပ်နိုင်ဖို့ လူထုလူတန်းစားအဖွဲ့အစည်း (Civil Society) လုပ်ငန်းတွေကို လုပ်ဆောင်သွားမယ်ဆိုပါလား။ နွားပြာကြီးအကြောင်းသိထားတော့ ဒါဟာ လာမည့် ပေါက္ခရ၀ဿမိုးကြီးကို တွက်ပြီး စားခွက်သစ်ထွင်လိုက်ပြန်ပြီဆိုတာ လူတွေက သိကြပါတယ်။ ဖားစားသူတွေကတော့ စားရနိုးနဲ့ မပြောတာ၊ စားလက်စလေးတွေ ကျေးဇူးနဲ့ မပြောကြတာ။ တချို့ကျတော့ အင်ဂျီအိုနဲ့သူတို့ကြားက “ကိုယ့်ဖောက်သည်နဲ့ ကိုယ်ဆက်ဆံရေး” ကိုသိပြီး ပြောလည်းမထူးမှန်းသိလို့ မပြောကြတာပါ။
နောက် နှစ်မချို့တချို့ စားဖားလား ဖားစားလား မကွဲပြားတဲ့ ကျော်ဝင်းတို့လို ပညာရှင်ဘွဲ့ခံ ဇီးရိုးတွေပေါ့။ သူတို့ကတော့ ရွေးကောက်ပွဲကို ကျောခိုင်းမယ်ဆိုရင် NLD ဟာ သမိုင်းတရားခံဖြစ်တော့မယောင် တောင်တလုံးမြောက်တလုံး အင်္ဂလိပ်စကားတွေ ညှပ်ညှပ်ပြီး တောခြောက်သံပေးကြတယ်၊ သူတို့ထဲက တယောက်ဆိုရင် ကိုယ့်အမြင်ကို ပြောမိတဲ့ အပြစ်နဲ့ လူနှစ်ထောင်ကျော်ကို ဖမ်းဆီးသတ်ဖြတ် နှိပ်စက်နေတဲ့ စစ်အုပ်စုကိုတော့ မျက်မွှေးထော် လော်လို့မှ မကြည့်ဝံ့ပဲ၊ ကြံ့ဖွံ့လိုစွမ်းအားရှင်လို လက်ကိုင်တုတ်တွေကတောင် မထင်မထင် သလို ရိုက်နှက်သတ်ဖြတ် ခြိမ်းခြောက်ခံနေရတဲ့ NLD ပါတီကိုပဲ ခေါင်းမာသလိုလို၊ လက်တွေ့မကျသလိုလို ဝေဖန် အပုတ်ချ သတ္တိပြနေကြတယ်။ ဒါပေမဲ့ NLD နဲ့ဒေါ်စု နောက်မှာရှိတဲ့ လူထုအားကိုတော့ သိပုံရတယ်၊ ကြောက်ပုံရတယ်။ သူက စစ်အုပ်စုကိုယ်စား အလံရှုးလုပ်တာက NLD ဟာ တကယ့်အမျိုးသား ရင်ကြားစေ့ရေး လုပ်ချင်ရိုးမှန်ရင် လာမယ့်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် (၅၀) ရာခိုင်နှုန်းထက်မကျော်ဘဲ ရွေးကောက်ပွဲ ၀င်သင့်သတဲ့၊ ဒါဆို အာဏာမမက်ဘူးဆိုတာ ပေါ်လွင်ပြီးတော့ နိဂုံးသိပ်လှသွားမယ် ဆိုပါလား။ ၀မ်းရေစပ်ခံ မွေးထုပ်ခဲ့တဲ့ သူ့မွေးသမိခင်ရဲ့ ကျေးဇူးဂုဏ်ကိုမှ မထောက် အော့နှလုံးနာလောက်အောင် ဖောက်ပြန်တဲ့ ဦးနှောက်ပါပဲ၊ ဘယ်တရားနဲ့ သံဝေဂယူရမှန်းတောင် မသိတော့ဘူး။
နောက်တမျိုးကတော့ တကွင်းလုံးဆူအောင် အော်နေတဲ့ ၈၈ ထွက် ဟီးရိုးပျက် ဖားလတက် တွေပေါ့။ သူတို့ကတော့ စစ်အုပ်စုမျက်နှာရဖို့ဆိုရင် ဘုရားခန်းလဲ သေးပန်းမယ် ဆိုတဲ့ ဇီးရိုးဖားလတက်တွေ။ စေ့စေ့ငုငု ပြောရရင် အထဲမှာ တတိယအုပ်စုလိုလို ၈၈ လိုလို ပုံမှားရိုက်နေတဲ့ အင်အားစုတွေနဲ့ အပြင်မှာ ဟိုကျောင်းဒီကျောင်းတွေက ခွေးဝင်စားဘွဲ့လေး တွေကိုင်ထားပြီး လူတတ်လုပ်နေကြတဲ့ လူတွေပေါ့။ ညှိပြီး တိုင်ပင်ကိုက်နေသလား၊ တိုင်ပင် ကိုက်လို့ ညီနေသလားတော့ မသိဘူး။ အတွင်းအပြင်ကွဲပေမဲ့ အလုပ်တာ့ ညီကြတယ်။ သူတို့က ရွေးကောက်ပွဲ ဆန့်ကျင်တယ်လို့ ယူဆရတဲ့ ခေါင်းဆောင်တွေကို ပစ်မှတ်ထား တိုက်ခိုက် ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်နဲ့ လူထုဦးစိန်ဝင်းတို့လို ဖက်ဆစ်စစ်အုပ်စုနဲ့ သူတို့ရဲ့ငရဲခန်းတွေကို မကြောက်မရွံ့ဘဲ မူပေါ်မှာ ကြံ့ကြံ့ခံနေတဲ့ အစဉ်အလာရှိတဲ့ ပုဂ္ဂိုလ်ကြီး တွေကို ကျားကိုခွေးဟောင်သလို ဟောင်နေကြတယ်။
ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လို့ ဟီးရိုးပျက် ဇီးရိုးဖားလတက်တွေနဲ့ အဖြစ်တူ ငါးရာငါးဆယ်ဇာတ်တော်ထဲက ၀က်တကောင်အကြောင်း ပြောရအုံးမယ်၊ ဇာတ်တော်ကိုတော့ အတိအကျ မမှတ်မိတော့ပါဘူး။ သဘောသွားကတော့ တခါက တောအုပ်တခုမှာ ၀က် တကောင် ရွှံ့လူးနေတယ်။ အပုပ်ကြိုက်တဲ့ သတ္တ၀ါဆိုတော့ ရွှံ့ပုပ်ပဲနေမှာပေါ့။ ဒီအချိန်မှာပဲ ခြင်္သေ့တကောင် သူရှိရာကို ဗြုန်းကနဲ ရောက်လာတယ်။ ၀က်လဲ အတော်လန့်သွားတယ်။ ဒါပေမဲ့ ခြင်္သေ့က ၀က်ကိုဂရုမစိုက်ဘဲ ဒရောသောပါး ၀က်အပါးက ခွာသွားတယ်၊ ဒါကို ငရွှေဝက်က ခြင်္သေ့ကြီးက သူ့ကိုကြောက်လို့ ပြေးသွားတယ်လို့ ထင်သွားတယ်။ အသိခေါင်းပါး မိုက်မဲတဲ့ ဒီဝက်ဟာ အခြောက်တိုက်ဘ၀င်မြင့်ပြီး၊ ခြင်္သေ့ကြီးကို ဘယ်လိုမှ နားဝင်ပီယံ လည်းမဖြစ် သြဇာလည်းကင်းတဲ့ သူ့အသံနဲ့ ဟိန်းဟောက်သတဲ့၊ စိန်ခေါ်လေသတဲ့။ အခုဖားလတက် များလိုနေမှာပေါ့။ ဒီတော့ ခြင်္သေ့ကြီးက အသင်ဝက် ရှိနေတာကို ငါသိလည်းမသိ၊ မြင်လည်း မမြင်၊ ဂရုလည်းမစိုက်။ အခုချိန်မှာ ငါဂရုစိုက်နေတာ တောအုပ်တဖက်က ဆင်ရိုင်းတအုပ်ပဲလို့ ပြောသတဲ့။ ဒါတောင် ၀က်အန္ဓက ခြင်္သေ့ကြီးကို တကောင်ချင်းတိုက်ဖို့ စိန်ခေါ်ပြန်သတဲ့။ ဒီတော့ခြင်္သေ့ကြီးက အိုကေပေါ့။ အခုတော့အချိန်မရှိလို့ ဘယ်နေ့ဘယ်နေရာမှာ တိုက်ကြ မယ်လို့ပြောပြီး ထွက်သွားတယ်။
ဒီတင် ဘ၀င်ရူးဝက်အန္ဓဟာ ခြင်္သေ့ကြီးသူ့ကို ကြောက်ပြီး ပြေးသွားကြောင်း၊ ဘယ်နေ့မှာ တကောင်ချင်းတိုက်ဖို့ ချိန်းထားကြောင်း ကြွားလုံးထုတ်တော့ တာပေါ့။ မသိတဲ့ သတ္တ၀ါတွေကတော့ ၀က်အန္ဓကို အထင်ကြီးသွားကြတယ်၊ ခြင်္သေ့ကြီးကိုတောင် စိန်ခေါ် တယ်ပေါ့။ ဒါပေမဲ့ ဘုရားလောင်းပညာရှိ ယုန်မင်းနဲ့တွေ့တော့ ယုန်းမင်းက ခြင်္သေ့တွေရဲ့ အစွမ်းသတ္တိကို ပြောပြတယ်။ တချက်ချင်း ပြောပြောပြီး၊ မင်းမှာကောရှိသလား လို့မေးတယ်။ မရှိဘူး မရှိဘူးနဲ့ နောက်ဆုံးတော့ ခြင်္သေ့အစွမ်းသတ္တိကို သိပြီး အကြောက်ကြီး ကြောက်လာတယ်။ ယုန်မင်းကိုပဲ ကယ်ပါကူပါ ပူဆာတယ်။ ဒါနဲ့ ယုန်မင်းလည်း ဒီဝက်အန္ဓကို ငါကယ်မှဖြစ်မယ်ဆိုတဲ့ ဂရုဏာနဲ့ အကြံတခု ပေးလိုက်တယ်။ ၀က်အန္ဓလည်း ယုံမင်းပေးတဲ့ အကြံအတိုင်း ချိန်းတဲ့နေ့မှာ ခြင်္သေ့ကြီးနဲ့ သွားရင်ဆိုင်လေသတဲ့။ ဒါပေမဲ့ ခြင်္သေ့ကြီးက အဲဒီ ၀က်အန္ဓကို အနားတောင် ကပ်မခံဘူး ၀က် သူ့အနား ချဉ်းကပ်လာရင်ပဲ ရှောင်ခွာသွားတော့ သတဲ့။ အကြောင်းရင်းကတော့ ယုံမင်းပေးတဲ့အကြံက ကေသရာဇာခြင်္သေ့မင်းတို့ဟာ မစင်ဘင်ပုပ်ကို အလွန်စက်ဆုတ်ရွံရှာတယ်၊ ဒါကြောင့်ဝက်ကို မစင်ဘင်ပုပ်တွေ ကိုယ်လုံးပြည့်လူသွားဖို့ အကြံပေးတယ်။ ဒီလိုနဲ့ ၀က်အန္ဓလည်း သူတို့အကြိုက် မစင်ဘင်ပုပ် လူးသွားတာနဲ့ အသက်ချမ်းသာရာ ရသွားသတဲ့။ အခုလည်း ဖားလတက်ဇီးရိုးတွေ မစင်ဘင်ပုပ်ကျင်းတွေ ရှာထားဖို့ အကြံပေး လိုက်ပါတယ်။
ဇီးရိုးတွေ အထူးသဖြင့် အတွင်းအပြင်က လူတတ်လိုလို ပညာရှင်လိုလိုတွေ သိဖို့က ဗမာလူထုဟာ ဇီးရိုးဖားအပေါင်းလောက် နိုင်ငံရေးမညံ့ပါဘူး၊ အကင်းပါးပါတယ်။ ဟိုကျောင်း ဒီကျောင်းတွေမှာ ဖုံတက်စာအုပ်ကြီးတွေဖတ်ပြီး ဖီလစ်ပိုင်ကဘယ်လို၊ တောင်အာဖရိကတုံးက ဘယ့်နှယ်၊ အင်ဒိုနီးရှားမှာ ဘယ်သို့နဲ့ ကိုယ်နားလည်သလောက် သဘောတရား အတိုအစ လေးတွေနဲ့ မကိုက်တိုင်း လူထုက နိုင်ငံရေးစိတ်မ၀င်စားဘူး ကြောက်သလေးဘာလေး ပုတ် ခတ်မနေပါနဲ့ သမိုင်းတဖြတ်တည်းကို ကြည့်ပြီး မနှိုင်းယှဉ်ပါနဲ့။ ဗမာလူထုဟာ အိမ်နီးချင်း တိုင်းပြည်တွေထဲက ကြိုက်တဲ့ ပြည်သူတွေနဲ့ နိုင်ငံရေးရေချိန် နှိုင်းယှဉ်နိုင်ပါတယ်။ ဘယ်ခေတ် မှာကြည့်ကြည့် သူခေတ်နဲ့သူ တာဝန်သိခဲ့ကြတယ်၊ တာဝန်ကျေခဲ့ကြတယ်။ နယ်ချဲ့ဆန့်ကျင် ရေးခေတ်၊ အမျိုးသားလွတ်မြောက်ရေးခေတ်၊ လွတ်လပ်ရေးခေတ်၊ ပြည်တွင်းငြိမ်းချမ်းရေးတို့ နိုင်ငံတကာ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ ကြည့်မလား၊ ဒေသတွင်းမှာ ထိပ်ဆုံးကရှိနေ ပါတယ်။
ပြဿနာရဲ့ အရင်းမူလဘူတက ဦးဆောင်အခန်းကဏ္ဍ ခြစားပျက်စီးမှုပဲ၊ ကိုလိုနီခေတ် ကစလို့ ဒီနေ့ခေတ်အထိ ဦးဆောင်မှု အခန်းကဏ္ဍကို စားဖားတွေနဲ့ ဖားစားသူတွေကပဲ ပုံစံအမျိုးမျိုးနဲ့ ကြီးစိုးချယ်လှယ် နေခဲ့ကြတယ်။ ပယောဂပူးကပ်တာလဲ ပါတာပေါ့။ ကျန်တာ မကြည့်နဲ့ အနီးကပ်ဆုံး ကျုပ်တို့ ပြည်ပလှုပ်ရှားမှုကိုပဲကြည့်။ ခေတ်သစ် မစ်ရှင်နရီ (Missionary) လို့ဆိုရမဲ့ အင်ဂျီအိုမြှောက်စားသူက သြဇာပေါက် ခေါင်းဆောင်ဖြစ်၊ တိုင်းပြည်ရဲ့ ပကတိအခြေအနေနဲ့ ကိုက်ကိုက် မကိုက်ကိုက် အထက်ဆရာကြီးတွေရဲ့ ဖော်နည်းကား မျိုးစုံနဲ့ တခုမဟန် တခုကြံ ရမ်းကုအပ်ပုန်းတွေလို ဗမာပြည်ပြဿနာကို အဖြေရှာ ကုစားရင်း အနှစ်၂၀ ကျော် ကုန်ခဲ့တယ်။ လက်တဆုပ်စာတော့ သူဌေးဖြစ်သွား ကြပြီး လူထုကတော့ ပိုတောင်ဖွတ်သထက်ညစ်သွားခဲ့ရတယ်။
ဗမာလူထုဟာ အင်္ဂလိပ်လို အပျော့ဆွဲ ပါးပါးလှီးတဲ့ ကိုလိုနီအောက်မှာလည်း နေဖူးတယ်၊ အတုံးအတစ်လိုက် ခုတ်ထစ်တဲ့ ဂျပန်ဖက်ဆစ်အောက်မှာလည်း နေဖူးတယ်၊ နောက် ကယ်တင်ရှင်တဖြစ်လဲ အသွင်မတူ ရန်သူဆိုတဲ့ ဖဆပလ ဆိုရှယ်လစ်တွေ အောက်မှာ လည်း နေဖူးတယ်။ အခုနောက်ဆုံး အကြမ်းဆုံး အရမ်းဆုံး အယုတ်ကန်းဆုံး စစ်အုပ်စု အောက်မှာ နေနေရတယ်။ အတွေ့အကြုံတွေ များလှပေါ့။
ဘယ်ခေတ်မှာ ကြည့်ကြည့် လူထုဟာ သူ့ကဏ္ဍရောက်လာရင် တာဝန်ကျေခဲ့ကြတယ်၊ ဖေါက်ပြန်တဲ့ အုပ်စိုးသူ အဆက်ဆက်ကို ရဲရဲရင့်ရင့် အကင်းပါးပါးနဲ့ ဆုံးမခဲ့ကြတယ်။ ဗမာလူထုရဲ့နိုင်ငံရေး အကင်းပါးမှုကို ၁၉၆၀ပြည့်နဲ့ ၁၉၉၀ပြည့် ရွေးကောက်ပွဲတွေကြည့်ရင် သိနိုင်တယ်။ စစ်ဝါဒကို တိုက်ဖို့ ၁၉၆၀မှာ ဦးနုကို မဲပေးခဲ့ကြပေမဲ့ ၁၉၉၀ကြတော့ စစ်အုပ်စုကို တကယ်တိုက်နိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခဲ့ကြတယ်။ ၆၀ခု သူရဲကောင်း ဦးနုကို မဲမပေးကြတော့ဘူး၊ ၁၃၀၀ ပြည့် အရေးတော်ပုံနဲ့ ၁၃၅၀ ပြည့် (ရှစ်လေးလုံး) အရေးတော်ပုံတွေက ဗမာလူထုရဲ့ သမိုင်းတာဝန်သိမှုနဲ့ ကျေပွန်မှုကို သက်သေထူနေတယ်။ လူထုဟာ တိုင်းပြည်နဲ့လူမျိုးကို ချစ်ပြီး စေတနာမှန်တဲ့ ခေါင်းဆောင်တွေနောက်ကို လိုက်ဖို့ဝင်မလေးပါဘူး။ ၂၀၀၂/၂၀၀၃ တုန်းက ဒေါ်စုရဲ့ပြည်တွင်းစည်းရုံးရေးခရီးစဉ်တွေမှာ အထင်အရှားပြခဲ့တယ်။ ဒါတွေကို မမြင်နိုင်ဘူးဆိုရင် အဲဒီပုဂ္ဂိုလ်ရဲ့အမြင်ဟာ အတ္တ လောဘတွေ၊ မောဟတွေ ပိတ်ဖုံးနေတာ ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် အဲဒီပုဂ္ဂိုလ်ရဲ့ အရိုးအရေတွေထဲမှာ ငပိဓာတ် ကုန်ခန်းပြီးတော့ ထောပတ်လေချဉ် တက်တာပဲ ဖြစ်ပါလိမ့်မယ်။
ဟီးရိုးပျက် ဇီးရိုးအပေါင်းကို ဗမာလူထုရဲ့ သမိုင်းနဲ့ချီပြီး ဆုံးမတတ်တဲ့ နိုင်ငံရေးကို ပြောရအုံးမယ်။ ဗမာလူထုဟာ ပြည်သူကို အကျိုးပြုခဲ့တဲ့ စေတနာထားခဲ့တဲ့ ခေါင်းဆောင် သို့မဟုတ် အုပ်ချုပ်သူတွေ၊ ပြည်သူပေါ်မှာ ရက်စက်ကြမ်းကြုတ် အမြတ်ထုတ်ခဲ့သူတွေကို ကောင်းရင် ကောင်းတဲ့အလျောက် ဆိုးရင်ဆိုးတဲ့အတိုင်း နောက်နှောင်းလူတွေအထိ သိအောင် တံဆိပ်ကပ်ပြီး ချီမွန်းခြေကျောက် ဆုံးမတတ်တယ်။ ပြည်သူအပေါ်မှာ အကျိုးပြုခဲ့တဲ့ အနော်ရထာကို နော်ရထာစောလို့ ခေါ်သလို ကျန်းစစ်သားကို မင်းကျန်စစ် လို့ ချစ်ကြည်လေးမြတ်ခေါ်တယ်၊ ဦးအောင်ဇေယျကို အလောင်းမင်းတရားရယ်လို့ တံဆိပ်ကပ် ချီးမြှောက်ကြတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ နရသူကိုတော့ ကုလားကျ သို့မဟုတ် စလေငခွေးလို့ တံဆိပ်ကပ် ခြေကျောက်တယ်။ ညံ့ဖျင်းတဲ့ သီပေါကိုတော့ မဒရပ်ပါမင်းလို့ ကဲ့ရဲ့သမုတ်ကြတယ်။ ဒီလိုပဲ နိုင်ငံလုံးမကျော်ပေမဲ့ လူထုအကြားမှာ စွဲထင်နေတဲ့ ဟီးရိုးနဲ့ ဇီးရိုးပုံရိပ်တွေဟာ ဗမာပြည်အနှံ့ ဒေသတိုင်းမှာ ရှိနေတယ်။ ကြုံကြိုက်တဲ့ အခါတိုင်းမှာလည်း ဟီးရိုးတွေကို ချီးမြှောက်လို့ ဇီးရိုးတွေအကြောင်း ကဲ့ရဲ့ခြေကျောက် နေကြတယ်။ မျိုးဆက်တွေ တခုပြီးတခု လက်ဆင့်ကမ်း သွားကြအုံးမှာလည်း ဖြစ်တယ်။
ကျုပ်တို့ခေတ်နဲ့ အနီးဆုံး နမူနာကတော့ ပမညတခေါင်းဆောင် သခင်ချစ်မောင် ဖြစ်တယ်။ သူ့အဖြစ်ကတော့ လူတယောက်ထဲရဲ့လုပ်ရပ်ကိုပဲ လူထုက အကောင်း အဆိုးအလိုက် ချီးမွမ်းခြေကျောက် ကြတာပါ၊ ၁၉၅၈ ၀င်ဒါမီယာ အာဏာသိမ်းမှုကြီးကို ဦးနုက ပါလီမန်မှာ တင်တော့ သခင်ချစ်မောင်က ၀ိဒူရဇာတ်တော်နဲ့ ပမာဆောင်ပြီး အာဏာသိမ်းမှုကို ကန့်ကွက်ပါတယ်။ ပါလီမန်မှာ သူရှုံးပါတယ်၊ လူထုနှလုံးသားကိုတော့ အောင်နိုင်ပါတယ်။ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ သူ့ရဲ့ကောင်းမှုကို လူထုက ၀ိဒူရသခင်ချစ်မောင် ရယ်လို့ ဘွဲ့တပ် ချီးမြောက်ကြပါတယ်။ ဒါပေမဲ့ ၁၉၆၂ ခုနှစ် အာဏာသိမ်းတာကိုကြတော့ သခင်ချစ် မောင်က ဆိုရှယ်လစ်စနစ်ကိုသာ သွားမယ်ဆိုရင် ခွေးကတက်ကပဲ လိုက်ရလိုက်ရလို့ ထောက်ခံမိတဲ့အတွက် ၀ိဒူရဘွဲ့ပျောက်ပြီး ခွေးကတက်ချစ်မောင်လို့ ကဲ့ရဲ့တံဆိပ်ကပ်ပြီး လူထုက ခြေကျောက်ကဲ့ရဲ့ဆုံးမလိုက်ပါတယ်။
ဒါ သတိချပ်စရာ သိမှတ်ဖွယ်ရာ ဗမာပြည်သူတွေရဲ့ လူထုနိုင်ငံရေး အကြောင်း တစေ့ တစောင်းပါပဲ။ အခုချိန်မှာ စားဖားလား ဖားစားသူလား မကွဲပြားတော့တဲ့ ဟီးရိုးပျက် ဇီးရိုးများသိဖို့က ဖားတွေရဲ့လားရာဟာ နှစ်လမ်းပဲ ရှိပါတယ်။

တလမ်းက တုတ်စာ။
တလမ်းက မြွေစာ။
ဒါပဲ။

ရဲဘော်ကျော်သန်း
၂၉.၁.၂၀၁၀။
Kyaw_than2004@yahoo.com
Kyaw_t@hotmail.com
မှတ်ချက်။ ။ http://www.rathavimutti.com.au.pn/မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည် ။

ဒိန်းမတ်နိုင်ငံအတွက် သိပ်ကို ရှက်ဖို့ကောင်းတဲ့ လုပ်ရပ်တခု

Denmark is a big shame.

ဒိန်းမတ်နိုင်ငံအတွက် သိပ်ကို ရှက်ဖို့ကောင်းတဲ့ လုပ်ရပ်တခုပါ။

The sea is stained in red and it’s not because of the climate effects of nature.

သဘာဝ ရာသီဥတုဖောက်ပြန်လို့ ပင်လယ်ပြင်ကြီး အနီရောင်တွေ စွန်းထင်းနေတာ မဟုတ်ပါဘူး။


It's because of the cruelty that the human beings (civilised human) kill hundreds of the famous and intelligent Calderon dolphins.

လိမ္မာပြီး ဥာဏ်ရှိ ယဉ်ပါးတဲ့ လင်းပိုင်ရာပေါင်းများစွာကို အသိဥာဏ်တွေရော နည်းပညာတွေပါ တိုးတက်နေပါတယ်ဆိုတဲ့ လူသားတွေက ရက်ရက်စက်စက် သတ်ဖြတ်လိုက်လို့ သူတို့ရဲ့သွေးတွေနဲ့ ပင်လယ်ပြင်ကြီး နီစွေးနေတာပါ။


This happens every year in Feroe iland in Denmark . In this slaughter the main participants are young teens. WHY?
To show that they are adults and mature.

ဒီလိုမျိုး အဖြစ်အပျက်က ဒိန်းမတ်နိုင်ငံ ဖဲဖိုးကျွန်းမှာ နှစ်စဉ်ဖြစ်နေကျပါ။ ဒီလိုမျိုး လင်းပိုင်တွေကို သတ်တဲ့ပွဲမှာ လူငယ်အဖွဲ့တွေက အဓိကပါဝင်လုပ်ဆောင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အရွယ်ရောက်ကြောင်းကို ပြသဖို့ အတွက် လင်းပိုင်တွေကို သတ်ပြဖို့ လိုအပ်တယ်လေ။



In this big celebration, nothing is missing for the fun. Everyone is participating in one way or the other, killing or looking at the cruelty “supporting like a spectator”

ဒီပွဲကြီး ကျင်းပနေဆဲအချိန်တော့ ဘယ်သူမှ အပေါင်းအသင်းကို သတိရလေ့မရှိဘူး။ လူတိုင်းက ကိုယ်တိုင်သတ်ရင်သတ် ဒါမှမဟုတ် တခြားလူနဲ့ပေါင်းပြီး သတ်၊ မသတ်ရဲတဲ့လူက သူများသတ်တာကို ဘောလုံးပွဲလိုပဲ စိတ်ဝင်တစားနဲ့ ကြည့်လေ့ရှိကြတယ်။


Is it necessary to mention that the dolphin calderon, like all the other species of dolphins, it’s near instinction and they get near men to play and interact. In a way of PURE friendship

လင်းပိုင်ဆိုတာ လူတွေနဲ့အတူနေပြီး ဆော့ကစားဖို့ စိတ်ဝင်စားတဲ့ လူသားတွေရဲ့ ဖြူစင်တဲ့သူငယ်ချင်းတွေဆိုတာ ပြောဖို့ လိုသေးသလားဗျာ။


They don’t die instantly; they are cut 1, 2 or 3 times with thick hocks. And at that time the dolphins produce a grim extremely compatible with the cry of a new born child.

သူတို့ကို သတ်တဲ့အချိန်မှာ ချက်ချင်း မသေကြပါဘူး။ လူတွေက သံမဏိအချွန်ကြီးတွေနဲ့ တချက်ပြီးတချက် ထိုးနေတဲ့အချိန်မှာ လင်းပိုင်တွေဟာ မွေးကင်းစကလေးတွေငိုတဲ့အသံနဲ့ ညီးတွားအော်ဟစ်နေကြတယ်။


But he suffers and there’s no compassion till this sweet being slowly dies in its own blood

ဒါပေမယ့် အဲဒီကလူတွေဟာ ဝေဒနာခံစားနေတဲ့လင်းပိုင်ကိုတော့ အသေသတ်လေ့မရှိဘဲ သူတို့ရဲ့သွေးရဲရဲတွေကြားမှာပဲ တဖြည်းဖြည်း သေအောင် ထားလိုက်ကြတယ်။


Its enough! We will send this mail until this email arrives in any association defending the animals, we won’t only read.

ဒီလောက်ဆို တော်လောက်ပါပြီ။ ဖတ်ရုံ မလုပ်ပါနဲ့ သနားစရာ အပြစ်မဲ့တဲ့ တိရိ စ္ဆာန်တွေကို သတ်နေတဲ့ဖြစ်ရပ်ကြီး ပျောက်ကွယ်သွားဖို့ တိရိစ္ဆာန်အခွင့်အရေး ကာကွယ်တဲ့ အဖွဲ့ထိရောက်သွားအောင် ဒီမေးလ်ကို ဆက်ဖြန့်ဝေပေးကြပါ။


Take care of the world, it is your home!
Assine contra essa crueldade:

ကမ္ဘာဟာ မင်းရဲ့အိမ်ဖြစ်တယ်။ ဒါကြောင့် ဂရုစိုက်ပါ။ စောင့်ရှောက်ပါ။

ဘ၀အတွက် စိတ်ဓာတ်အင်အားလေးတွေပါ


• ကြိုးစားသူအတွက် နေရာအမြဲရှိတယ်ဆိုပေမဲ့ ကြိုးစားတဲ့နည်းစနစ် မှန်ကန်ဖို့ လိုအပ်တယ်။
• သူငယ်ချင်း --- အမှောင်ထဲမှာ အရိပ်ရှာနေတာမျိုး မဖြစ်ပါစေနဲ့။
• အကောင်းဆုံးဆိုတာ အဆိုးဆုံးတွေကို စဉ်းစားဆင်ခြင်မှုမှ ဖြစ်ပေါ်လာတဲ့အဖြေပါပဲ။
• သူတစ်ပါးထက် နောက်မကျချင်ဘူးဆိုရင် ကိုယ်စိတ်နှလုံး သုံးပါးစလုံးကို အမြဲတံခါးဖွင့်ထားဖို့
လိုပါတယ်။
• အဝေးတစ်နေရာမှ ပညာသင်ဖို့လာခဲ့ပေမဲ့ အပျော်အပါးနဲ့ မိတ်ဖွဲ့ရင်တော့ အချိန်ကုန်ပြီး အကျိုးမဲ့
သွားလိမ့်မယ်။
• အချိန်ကိုဖြုန်းတီးမိသူသည် တစ်ချိန်တွင် အချိန်လိုအပ်နေလိမ့်မည်။
• သင်၏ဘ၀အတွက်ကြိုးစားအားထုတ် ခြင်းသာလျှင် အကောင်းဆုံး အရည်အသွေးပါ။
• လူဆိုတာ ကိုယ့်အတွေ့အကြုံ နဲ့ လုပ်ရပ်ပေါ်မူတည်ပြီးဝမ်းနည်း စမ်းသာ ဖြစ်ရတာပါ။
• လူတိုင်း ကောင်းအောင် နေချင်ကြတယ် ။ ဒါပေမယ့် လူတိုင်း ကောင်းအောင် မလုပ်ချင်ကြဘူး ။
* ကိုယ့်ကိုကိုယ် ဒီကမ္ဘာပေါ်က ဘယ်သူနဲ့မှ နှိုင်းပြီး မယှဉ်ပြိုင်ပါနဲ့။ အဲဒီလို ပြိုင်လိုက်တာဟာ ကိုယ့်ကိုကိုယ် စော်ကားလိုက်တာပါပဲ။
* ဘယ်သူမှ သော့တံမရှိတဲ့ သော့ခလောက်ကို မဖန်တီးပါဘူး။ အဲဒီလိုပဲ မြတ်စွာဘုရားကလည်း အဖြေမရှိတဲ့ ပြဿနာကို မပေးပါဘူး။
* သင်စိတ်ညစ်နေတဲ့အခါမှာ ဘ၀က သင့်ကိုရယ်တယ်။ သင်ပျော်ရွှင်နေတဲ့အခါမှာ ဘ၀က သင့်ကို ပြုံးပြီးကြည့်တယ်။ သင်သူများတွေကို ပျော်ရွှင်အောင် လုပ်ပေးတဲ့အခါမှာတော့ ဘ၀က သင့်ကို အလေးပြုတယ်။
* အောင်မြင်သူတိုင်းမှာ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိဖူးပါတယ်။ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတိုင်းမှာလည်း အောင်မြင်တဲ့ဇာတ်သိမ်းတစ်ခု ရှိပါတယ်။
* လွယ်တာက သူများရဲ့အမှားကို ဝေဖန်အကဲဖြတ်ဖို့ပါ။ ခက်တာကတော့ ကိုယ့်အပြစ်ကို အမှန်အတိုင်း သိမြင်ဖို့ပါ။
* ဘယ်သူမှ အတိတ်ကို ပြန်သွားပြီး ဆိုးရွားတဲ့အစကို ပြင်လို့မရပါဘူး။ ဒါပေမယ့် အောင်မြင်တဲ့ အဆုံးသတ်ရဖို့ အခုချက်ချင်း စတင်လှုပ်ရှားတာကိုတော့ လူတိုင်းလုပ်လို့ ရပါတယ်။
* ပြဿနာတစ်ခုဟာ ဖြေရှင်းလို့ရနိုင်တာဆိုရင် ဘာမှစိတ်ပူစရာ မလိုပါဘူး။ ဖြေရှင်းလို့ မရနိုင်ဘူး ဆိုရင်လည်း စိတ်ပူနေလို့ ဘာများထူးမှာ မို့လို့လဲ။
* အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရပြီဆိုရင် သင့်မျက်လုံးတွေကို မျက်ရည်တွေနဲ့ ပြည့်မနေပါစေနဲ့။ မျက်ရည်တွေက သင့်ရှေ့က ပိုကောင်းတဲ့ နောက်ထပ်အခွင့်အရေးတစ်ခုကို ကွယ်ပစ်လိုက်ပါလိမ့်မယ်။
* မျက်နှာကိုပြုပြင်လိုက်တာ (Changing the face) ဟာ ဘာကိုမှ ပြောင်းလဲစေနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အပြောင်းအလဲကို ရင်ဆိုင်လိုက်တာ (Facing the change) ကတော့ အရာရာကို ပြောင်းလဲသွားစေနိုင်ပါတယ်။
* သူများတွေအကြောင်း မကျေမနပ် ညည်းညူမနေပါနဲ့။ ငြိမ်းချမ်းချင်ရင် ကိုယ့်ကိုကိုယ်ပဲ ပြောင်းလဲပြုပြင်လိုက်ပါ။
* အမှားတွေက ဖြစ်ပျက်နေတဲ့အချိန်မှာတော့ နာကျင်ပင်ပန်းစေပါတယ်။ ဒါပေမယ့် နှစ်တွေကြာလာလို့ အဲဒီအမှားတွေ စုပေါင်းလိုက်တဲ့အခါမှာတော့ သင့်ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားမယ့် "အတွေ့အကြုံ"ဆိုတာ ဖြစ်လာပါတယ်။
* ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ။ အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်မှုရှိပါ။
* အပူပေးခံထားရတဲ့ ရွှေတွေဟာ အလှဆင်ပစ္စည်းတွေ ဖြစ်လာပါတယ်။ ပြင်းပြင်းထန်ထန် နန်းဆွဲခံထားရတဲ့ ကြေးတွေဟာ ၀ိုင်ယာကြိုးတွေ ဖြစ်လာပါတယ်။ ထွင်းထုခံထားရတဲ့ ကျောက်တုံးတွေဟာလည်း ရုပ်ထုတွေ ဖြစ်လာပါတယ်။ ဒါကြောင့် သင့်ဘ၀မှာ နာကျင်မှုခံစားရမှုတွေ များလာလေ သင့်ရဲ့တန်ဖိုးတက်လာလေပါပဲ။

Thursday, January 28, 2010

နိုဝင်ဘာလွှတ်မည် ပြောကြားမှု တရားဥပဒေနှင့်မညီဟု ဒေါ်အောင်ဆန်းစုကြည်ဆို

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လာမည့် နိုဝင်ဘာလတွင် လွှတ်ပေးမည်ဟု ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ ပြောကြားချက်သည် တရားဥပဒေနှင့်

ညီညွတ်မှုမရှိဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

dawsuu

“အမှုနဲ့ပတ်သက်ပြီးတော့ တရားရုံးချုပ်မှာ တင်ထားတာ အဆုံးအဖြတ်မပြုရသေးဘူး၊ ဒီလိုပြောခြင်းအားဖြင့် တရားရုံး အဆုံးအဖြတ်ကို အနှောင့်အယှက်ပြုသလို ဖြစ်နေတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ဦးဉာဏ်ဝင်းက ရှင်းပြသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က ကျောက်ပန်းတောင်းမြို့၊ မြို့တော် ခန်းမတွင် ကျင်းပသည့် ၀န်ထမ်းများ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များနှင့် တွေ့ဆုံခဲ့စဉ် ဗိုလ်ချုပ်မောင်ဦးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အိမ်ပြင်ဆင်ရေး အတွက် ကိုယ်စားလှယ် လွှဲအပ်ထားခြင်း ခံရသူ ဦးထင်ကျော်နှင့် ဦးဉာဏ်ဝင်းတို့သည် ယနေ့ နေ့လယ် ၁ နာရီမှ ၃ နာရီ ၃၀ ခန့် အထိ ၂း၃၀ နာရီကြာ သွားရောက် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မောင်ဦး၏ ပြောကြားချက်အပေါ်ပြန်လည် ပြောဆိုခြင်း ဖြစ်ကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ဆိုသည်။

ထို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အင်အားတောင့်တင်းရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း အသေးစိတ် ပြောကြား၍ မရနိုင်ကြောင်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်မောင်ဦးသည် ပြည်ထဲရေးဝန်ကြီးဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွင် ဗိုလ်ချုပ်မှူးကြီး၏ ပြစ်ဒဏ် လျှော့ပေါ့ပေးသည့် အမိန့်ကို တရားခွင်၌ လာရောက် ဖတ်ကြားသွားသူလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဉာဏ်ဝင်းတို့သည် နေအိမ် ပြင်ဆင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

“လုပ်ငန်းသဘောကို အရင်ဆွေးနွေးဖြစ်တယ်၊ ဒီအပေါ်မှာ ဒေါ်စုရဲ့မှတ်ချက်က ဒီကိစ္စက သွေးရိုးသားရိုးဟုတ်ရဲ့လားလို့ သူစိုးရိမ်နေတယ်၊ တခြား ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းဆောင်ရွက်မှုများရှိနေသလားလို့ ခံစားရတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယခင်က အိမ်ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်တွင် ကန့်ကွက်စာမိတ္ထူ တောင်းခံထားသည်မှာ ယခုချိန်အထိ မရရှိသေးကြောင်း၊ သို့သော်လည်း အိမ်နှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်သင့်သည်များကို ဆက်လက် လုပ်ဆောင်ရန် ညှိနှိုင်းခဲ့ကြောင်း၊ အိမ်၏ လက်ရှိအနေအထားမှာ အမိုးများ ပြင်ဆင်ရန်အတွက် တချို့သော အစိတ်အပိုင်းများမှာ ဖြုတ်ထားရသည့် အတွက် မိုးရွာပါက တအိမ်လုံးရေများစိုရွှဲနိုင်ပြီး မလုံခြုံသည့် အနေအထားတွင်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

နေအိမ် လုံခြုံရေးအတွက် ပြင်ဆင်နေမှုကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ပြီးခဲ့သည့် ကြာသပတေးနေ့က ပထမဆုံးအကြိမ် တားဝရမ်းဖြင့် ကန့်ကွက်ခဲ့သည်။

အာဏာပိုင်များက ခွင့်ပြုချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အပေါ်ထပ်ရှိ ဝရန်တာကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် စတင် ပြင်ဆင်ခဲ့ရာမှ ဦးအောင်ဆန်းဦး၏ ကန့်ကွက်မှုကြောင့် အိမ်ပြင်ရန် ခေတ္တခဏ ရပ်ဆိုင်းထားရကြောင်းလည်း သိရသည်။

စက်တင်ဘာလက ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်တွင်း အမှု ရင်ဆိုင်နေရစဉ် ကတည်းက ၎င်း၏ နေအိမ်ကို လုံခြုံရေး အတွက် ပြန်လည် ပြုပြင်ရန် ပြောဆိုသဖြင့် ဆောက်လုပ်ရေး အင်ဂျင်နီယာနှင့် တိုင်ပင်ခဲ့သည်။ အိမ် အပေါ်ထပ်တွင် ရှိသော ၀ရန်တာ နှစ်ခုကို အဓိကထားပြီး ပြုပြင်မည် ဖြစ်ကြောင်း၊ အိမ်ပြင်ရန်အတွက် အာဏာပိုင်များကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အကြောင်း ကြားခဲ့ကြောင်း သိရသည်။

မေလက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ အမေရိကန်နိုင်ငံသားတဦး တိတ်တဆိတ် ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း နေအိမ် လုံခြုံရေးအတွက် ပြုပြင်ရန် ယခုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်သည်။
မူရင်း ။ ။ ဧရာဝတီ

ဗိုလ်ချုပ်ကြီးတင်ဦးနှင့် ရွှေဂုံတိုင် ရပ်တည်ချက်



တပ်မတော်သားတွေ လေးစားချစ်ခင် အားကိုးယုံကြည်ကြတဲ့
ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးတင်ဦးနဲ့
အမျိုးသားပြန်လည်သင့်မြတ်ရေးအစ ရွှေဂုံတိုင်ရပ်တည်ချက်

မောင်ခင်အေးတင့် (မဒေါက်)
(မဇ္ဈိမ)

အန်အယ်ဒီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးဟာ လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဆို နေအိမ်အကျယ်ချုပ် သက်တမ်း ၆ နှစ်ပြည့်မှာ ဖြစ်ပါတယ်။ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ နအဖ က နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ ပုဒ်မ (၁ဝ)(ခ) နဲ့ မတရားအပြစ်ပေး အရေးယူခံထားရတာ ဖြစ်ပါတယ်။
ယင်းဥပဒေအရ နေအိမ်အကျယ်ချုပ်သက်တမ်းကို ၆ နှစ်သာ သတ်မှတ်နိုင်တာကြောင့် ရှေ့လမှာ လွှတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နအဖ စစ်ကောင်စီဟာ တရားဥပဒေအတိုင်း လိုက်နာလုပ်ဆောင်လေ့ မရှိတာကြောင့် အမှန်တကယ် တရားဥပဒေအတိုင်း ပြန်လည်လွတ်မြောက်မယ်၊ မလွတ်မြောက်ဘူးဆိုတာ တပ်အပ်သေချာ ပြောလို့မရပါဘူး။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တုန်းကလည်း လွတ်ရက်စေ့ပြီဖြစ်ပေမယ့် ယက်တောအမှုဖြင့် အကွက်ဆင် စွဲချက်တင် ထပ်မံ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းက လုံလောက်တဲ့ အကြောင်းပြချက် ဖြစ်တဲ့အတွက် အခုတခါ ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်းဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတင်ဦးကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ လွှတ်မလွှတ်ဆိုတာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပေါ်မှာ မူတည်နေပါတယ်။

အဲဒါကိုက တရားဥပဒေအပေါ်မှာ စစ်ကောင်စီ ရှိနေတယ်ဆိုတာ အထင်းသား ပေါ်နေပါတယ်။ သူတို့ပြောတဲ့ တရားဥပဒေ စိုးမိုးရေးဆိုတာ သူတို့စစ်အုပ်စုဝင် စစ်ကောင်စီဝင်တွေနဲ့မဆိုင်ဘဲ ကျန်တဲ့ လူမျိုးစုံတိုင်းရင်းသား ပြည်သူတရပ်လုံးနဲ့သာ သက်ဆိုင်သလို ဖြစ်နေပါတယ်။ ၅၈ သန်းသော ပြည်သူတွေကသာ တရားဥပဒေကို မဖြစ်မနေ လိုက်နာဖို့လိုပြီး မလိုက်နာရင် အပြစ်ပေး အရေးယူခြင်း ခံရမယ် ဖြစ်ပြီးတော့ကာ သူတို့အနေနဲ့တော့ လိုက်နာစရာ အကြောင်းမရှိဘူးဆိုတဲ့ သဘောပါ။ အတော်ခံပြင်းစရာ ကောင်းလှပါတယ်။


၂ဝဝ၃ ခုနှစ် မေလက ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ အဖွဲ့ချုပ် မော်တော်ယာဉ်တန်းကို ဒီပဲယင်းမြို့ ကျည်ရွာအနီးမှာ အင်အား ၅ဝဝဝ ခန့်ရှိတဲ့ လူအုပ်ကြီးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုကို ခံခဲ့ရပြီး အဲဒီအချိန်ကတည်းက နအဖရဲ့ ထိန်းသိမ်းထားခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်သတ်ဖြတ်မှုကြီးဟာ နိုင်ငံတော်က ကြိုးကိုင်စီစဉ်တဲ့ ဒီပဲယင်းလုပ်ကြံမှုကြီးအဖြစ် ကမ္ဘာသိ ထင်ရှားကျော်ကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်သို့ ပို့လိုက်ပြီး ဦးတင်ဦးကိုတော့ စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်ကို ပို့ဆောင်ချုပ်နှောင်ထားခဲ့ပါတယ်။ ကလေးမြို့အကျဉ်းထောင်မှာ ၉ လနေခဲ့ရပြီး ၂ဝဝ၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာတော့ ရန်ကုန်မြို့နေအိမ်မှာ အကျယ်ချုပ်အဖြစ် ဆက်လက် ချုပ်နှောင်ထားခဲ့ပါတယ်။ အန်အယ်လ်ဒီ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးဟာ အသက် ၈၃ နှစ် ရှိနေပြီဖြစ်ပါတယ်။

ဗမာ့တပ်မတော်မှာ ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးပြီး တာဝန်ထမ်းဆောင်စဉ် ကာလတလျှောက် တပ်မတော်သားအများရဲ့ လေးစားချစ်ခင် ကြောက်ရွံ့ခြင်းကို ရယူခံစားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။



ကျနော် ကြားဖူးတာ ပြောရရင် ဗိုလ်ချုပ်ကြီးဦးတင်ဦးဟာ သူတာဝန် ထမ်းဆောင်နေစဉ် ကာလတွေအတွင်း တာဝန်ကျရာဒေသ ဒါမှမဟုတ်ရင်လည်း တာဝန်အရ ခရီးထွက်ခွာ ညအိပ်ရပ်နားရာ ဒေသတွေမှာ ရှိတဲ့တပ်တွေကို ရောက်ရင် အရင်ဆုံး တပ်စားဖိုဆောင်ကို သွားရောက်ပြီး ဟင်းအိုးတွေကို လိုက်လှန်ကြည့်တယ်၊ ချက်ထားတဲ့ ဟင်းပုံစံက ရဲဘော်တွေအတွက် အာဟာရဖြစ်မဖြစ်၊ သန့်ရှင်းမှု ရှိမရှိ၊ သတ်မှတ်ထားတဲ့အတိုင်း စကေး အတိအကျနဲ့ ချက်မချက် စစ်ဆေးတယ်၊ ပြီးရင် ရဲဘော်တွေနဲ့ လက်ရည်တပြင်တည်း ထိုင်စားတယ်လို့ ကြားဖူးပါတယ်။ သူ့အတွက် သီးသန့် လုပ်ပေးခိုင်းတာမျိုးမရှိဘဲ ကိုယ်တိုင် ထမင်းပန်းကန်ပြားဆွဲ၊ သူများနည်းတူ စကေးအတိုင်း အတူစားတယ်လို့ အတုယူအားကျဖွယ် မှတ်သားကြားနာဖူးပါတယ်။

သူပြောတာက ရဲဘော်တွေက တကယ်တမ်း အပင်ပန်းခံ၊ အဆင်းရဲခံ၊ ခြင်ကိုက်ဖြုတ်ကိုက်ခံပြီး နိုင်ငံတော် လုံခြုံရေးအတွက် သက်စွန့်ဆံဖျား အမှုထမ်းနေရတာဖြစ်လို့ သူတို့တွေအတွက် အစားအသောက် အချက်အပြုတ်ဟာ အင်မတန် အရေးကြီးတယ်။ အားရှိဖို့ အာဟာရဖြစ်ဖို့လိုတယ်၊ ကျန်းမာရေးနဲ့ ညီညွတ်ဖို့လိုတယ်၊ ကောင်းကောင်းမွန်မွန် ချက်ကျွေးကြဖို့ မှာလေ့ရှိတယ်ဆိုတာ ကြားဖူးပါတယ်။

ဒါကြောင့်လည်း ရောက်လေရာတိုင်းမှာ ဟိုးအောက်ခြေကအစ တပ်မှူးတပ်သား အကြပ်စစ်သည်တိုင်းက ဗိုလ်ချုပ်ကြီးတင်ဦးကို လေးစားချစ်ခင် ကြောက်ရွံ့ကြတာ ဖြစ်ပါလိမ့်မယ်။ ရဲဘော်တွေရဲ့ ဘဝကို သဘောပေါက် နားလည်တဲ့ တကယ့် စစ်သားကောင်းပီသလွန်းတဲ့ စစ်သားကြီးတယောက် ဖြစ်ပါတယ်။

ဒီလိုမျိုး တပ်မတော်သားအများက လေးစားချစ်ခင်ကြည်ညိုတဲ့ စစ်သားကောင်းကြီး ဗိုလ်ချုပ်ကြီးတင်ဦးဟာ အခုတော့ နေအိမ်မှာ အကျယ်ချုပ်ချခံထားရတာ လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဆို ၆ နှစ်တင်းတင်း ပြည့်သွားခဲ့ပါပြီ။ စီရင်ချက်ပြစ်ဒဏ်လည်း ပြည့်သွားပြီဖြစ်လို့ လွှတ်ပေးဖို့သာ ရှိပါတော့တယ်။ တရားဥပဒေကြောင်းအရဆို လွှတ်ကို လွှတ်ပေးရမှာပါ။ မလွတ်စရာအကြောင်းလည်း ဘာမှမရှိပါဘူး။ မလွှတ်ပေးဘူးဆိုရင် ဥပဒေချိုးဖောက်ရာ ကျမှာပါ။ နိုင်ငံတော်ကိုယ်တိုင်က တရားဥပဒေကို ချိုးဖောက်ရာ၊ မလိုက်နာရာ ရောက်ပါတယ်။

ဒါပေမဲ့ လွှတ်ပေးမယ်၊ မလွှတ်ပေးဘူးဆိုတာက နအဖဥက္ကဋ္ဌကြီး သဘောအတိုင်း ဖြစ်နေပါတယ်။ ဒီလိုဆိုရင် နအဖဥက္ကဋ္ဌကြီးက ဥပဒေရဲ့ အထက်မှာ ရှိနေလို့ပေါ့။ သူသဘောတူရင် လွှတ်၊ သူသဘောမတူရင် မလွှတ်နဲ့ အပြစ်ရှိရှိ မရှိရှိ။ သက်ဦးဆံပိုင်ဘုရင်ကြီးလို ဖြစ်နေတာပေါ့။ ဘာကြောင့်များ မလွှတ်ရဲဖြစ်နေရတာလည်း မသိ။ ဒီနှစ် လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ ဗိုလ်ချုပ်မှူးကြီးက ရွေးကောက်ပွဲကို ၂ဝ၁ဝ ခုနှစ်အတွင်း ပြုလုပ်မယ်လို့ အတိအလင်း ပြောဆိုခဲ့တာကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ထပ်လောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကို လွှတ်ပေးလိုက်ရင် သူတို့ရွေးကောက်ပွဲအတွက် တမျိုးတမည်ဖြစ်သွားမှာကို စိုးရိမ်ကြောက်လန့်တာလည်း ဖြစ်နိုင်သလို တပ်မတော်ရဲ့ အစဉ်အလာအတိုင်း ကိုယ့်ထက် ဝါစဉ်အရ သမ္ဘာစဉ်အရ မြင့်တဲ့ ဗိုလ်ချုပ်ကြီးတင်ဦးကို မျက်နှာချင်းမဆိုင်ဝံ့ ရင်မဆိုင်ရဲလို့လည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး ကိုယ်ရည်ကိုယ်သွေးအရလည်း မယှဉ်နိုင် မယှဉ်ဝံ့တဲ့အတွက် ဒေါင်းယောင်ဆောင်တဲ့ကျီးလို သူတော်ကောင်းတွေကြား လူမိုက်နေလို့ မရသလိုမျိုး ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။

အဓိက နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အန်အယ်လ်ဒီဟာ ၁၉၉ဝ မေလရွေးကောက်ပွဲမှာကတည်းက ၈၂ % မဲအပြတ်အသတ်နဲ့ အနိုင်ရထားခဲ့ပေမယ်လို့ စစ်ကောင်စီက အာဏာလွှဲပြောင်းပေးခြင်းမရှိဘဲ အာဏာသိမ်းယူခဲ့တာ ကနေ့ထိတိုင် ဖြစ်ပါတယ်။ အဲဒီလို အာဏာသိမ်းပြီးနောက် ပြည်နယ်နဲ့တိုင်း အသီးသီးမှာရှိတဲ့ အန်အယ်လ်ဒီပါတီ အဖွဲ့ချုပ် မြို့နယ်ရုံးခွဲတွေ ချိတ်ပိတ်ခံခဲ့ရတာဖြစ်ပြီး ပါတီဝင်အများအပြားလည်း ထောင်ဒဏ်ကျခံနေရဆဲ ဖြစ်ပါတယ်။

နောက်တခုက မကြာသေးခင်ကလေးတင် ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပါတီလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ဖို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ထပ်တိုးချဲ့ဖွဲ့စည်းလိုက်တာ အခုဆိုရင် စုစုပေါင်း စီအီးစီ ဦးရေ ၂ဝ တောင် ဖြစ်သွားပြီ မဟုတ်ပါလား။ နောက်ထပ် ၉ ဦးကို ထပ်တိုးချဲ့လိုက်တာပါ။ လတ်တလော အန်အယ်လ်ဒီ ပါတီကလည်း အကျဉ်းအကျပ်ကြားထဲက အတော်လေး လှုပ်ရှားလာပါတယ်။ ဖမ်းကာမှ ဖမ်းရော လုပ်ရမယ့်၊ လုပ်သင့်တဲ့ ကိစ္စတွေကိုတော့ လုပ်ရမှာပဲဆိုတဲ့အသိ ပိုမိုနိုးကြားလာတာဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဓိကဆုပ်ကိုင်ထားတဲ့ မကြောက်တရားစိတ်ဓာတ် ပိုမိုအသက်ဝင် လှုပ်ရှားလာတာ ဖြစ်ပါတယ်။



လူငယ်လုပ်ငန်းအဖွဲ့တွေ ပြင်ဆင်တိုးချဲ့ဖွဲ့စည်း တာဝန်ပေးတာ၊ ပြည်နယ်နဲ့တိုင်း အမျိုးသမီးအဖွဲ့တွေ တွေဆုံဆွေးနွေးကြတာ၊ စီအီးစီ တိုးချဲ့ဖွဲ့စည်းပြီးနောက်မှ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နဲ့အဖွဲ့ကို ခရီးသွားခွင့်ပြုတာ တနည်း ဒီချုပ်အဖွဲ့ဝင်တွေနဲ့ရော၊ ပြည်သူလူထုတွေနဲ့ရော စကားပြောဆို မေးမြန်းတင်ပြ၊ ပြန်လည်ဖြေကြား ရှင်းလင်းနိုင်ခဲ့တာတွေဟာ ဘုရားလည်းဖူး လိပ်ဥလည်းတူးခွင့်အဖြစ် အမိအရ အသုံးချလိုက်နိုင်တာ ဖြစ်ပါတယ်။ လက်ရှိအနေအထားတွေကို ချပြရှင်းလင်းတဲ့ စည်းရုံးရေးခရီးစဉ်လို့တောင် ပြောနိုင်မယ်ထင်ပါတယ်။

တဖန် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း အန်အယ်လ်ဒီက အဖွဲ့ချုပ်ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး အကျဉ်းသားများအားလုံး ပြန်လွှတ်ပေးဖို့၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီ စံနှုန်းများနဲ့ မကိုက်ညီတဲ့ အချက်များကို ပြင်ဆင်ပေးဖို့၊ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေး နိုင်ငံတကာ စောင့်ကြပ်လေ့လာမှုများကို ခွင့်ပြုဖို့ နအဖထံ တောင်းဆိုထားပြီး ယင်းအချက်များကို လိုက်လျောခဲ့ပါက အန်အယ်လ်ဒီ အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို လေ့လာပြီး ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ စဉ်းစားမယ်လို့ တောင်းဆိုရေးသား ဖော်ပြထားတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကို ပြီးခဲ့တဲ့ ၂ဝဝ၉ ခုနှစ် ဧပြီလတုန်းက ထုတ်ပြန်ခဲ့ပါတယ်။

ဆက်လက်ပြီးတော့ ထွက်လာမယ့် နိုင်ငံရေးပါတီများ မှတ်ပုံတင်နည်းဥပဒေတို့၊ ကော်မရှင်ဥပဒေတို့၊ ရွေးကောက်ပွဲဥပဒေတို့ အပေါ်မှာလည်း ပါတီအနေနဲ့ ကြည့်ရဦးမှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားတဲ့ စီအီးစီ အားလုံးနဲ့ မျက်နှာစုံညီ တွေ့ဆုံခွင့်ရရှိရေးကို နအဖက ခွင့်ပြု၊ မပြုပေါ်မှာလည်း မူတည်ပါတယ်လို့ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက မကြာသေးခင်လေးက ပြောကြားခဲ့တာလည်း ရှိပါတယ်။ လောလောဆယ်တော့ ရွှေဂုံတိုင်ကြေညာချက်အပေါ်မှာပဲ ဆက်လက်ကိုင်စွဲ ရပ်တည်သွားရဦးမယ့် အနေအထားပါ။

နောက် ထူးခြားတယ်လို့ ထင်စရာရှိတာက နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ဇန်နဝါရီလ ၁၅ ရက်နေ့က ဒီနှစ် ၂ဝ၁ဝ မှာ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ဒုတိယစာ ပေးပို့ပြီးနောက် ဦးအောင်ကြည်နဲ့ ဒုတိယအကြိမ် တွေ့ဆုံတာလည်း ဖြစ်ပါတယ်။

ပထမအကြိမ် တွေ့ဆုံအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အသက်အရွယ်ကြီးရင့်လို့ နေအိမ်မှာ နေနေကြရတဲ့ အဖွဲ့ချုပ်ခေါင်းဆောင် ၃ ဦးတို့ တွေ့ဆုံခွင့် ရရှိခဲ့ပါတယ်။ အခုနှစ် ဒုတိယအကြိမ် တွေ့ဆုံအပြီး နှစ်ရက်အကြာ ဇန်နဝါရီလ ၁၇ ရက်နေ့ ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ညီလာခံတခုမှာလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကတ်ဆူတာအိုကားဒါးနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းတို့ တွေ့ဆုံခဲ့ရာမှာ စစ်အစိုးရဝန်ကြီး ဦးဥာဏ်ဝင်းက ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပါဝင်ယှဉ်ပြိုင်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ထားကြောင်း ဂျပန်အစိုးရ နိုင်ငံခြားရေးဌာန ကြေညာချက်မှာ ဖော်ပြထားတယ်လို့ ကြားသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ ဒုတိယအကြိမ် တွေ့ဆုံမှုရဲ့ အကြောင်းရင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းရဲ့ မှတ်ချက်နဲ့ စစ်အစိုးရ ရွေးကောက်ပွဲဥပဒေ၊ ဒေါ်အောင်ဆန်းစုကြည်အမှု ပြင်ဆင်ချက်ကိစ္စ စတဲ့ ကိစ္စရပ်တွေဟာ လတ်တလော မြန်မာ့နိုင်ငံရေးအခြေအနေမှာ သို့လောသို့လော ဖြစ်နေရတဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။

ဒီကာလအတွင်းမှာပဲ ဇန်နဝါရီလ ၁၉ ရက် အင်္ဂါနေ့က ဝါရှင်တန်ဒီစီ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ်ပ်ကမ်းဘဲလ်က စစ်အစိုးရ အဆင့်မြင့်အရာရှိပိုင်းနဲ့ အမေရိကန် အစိုးရအရာရှိပိုင်းတို့ မကြာခင်မှာ တွေ့ဆုံမယ့်အကြောင်း ပြောကြားလိုက်သလို ဦးအောင်ကြည်နဲ့ တွေ့ဆုံမှုကိုလည်း တိုးတက်မှုတွေအဖြစ် သုံးသပ်ပြောကြားထားပါတယ်။ မြန်မာ့အရေး လေ့လာနေသူတွေကတော့ လောလောဆယ် အခြေအနေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အရေးအတွက် ပါးပါးနပ်နပ် ကိုင်တွယ်ဖို့လိုအပ်တဲ့ အရေးကြီးတဲ့ ကာလပါလို့ ဝေဖန်ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့က မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်ကော ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကိုပါ လွှတ်ပေးမှာပါလို့ နှုတ်ကတိပေး ပြောခဲ့ရာမှာ ဦးတင်ဦးကိုတော့ အရင်ပြန်လွှတ်ပေးမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လာမယ့် နိုဝင်ဘာလမှာ လွှတ်ပေးပါမယ်လို့ ပြောခဲ့ပါတယ်။ တရားဝင် ကြေညာချက်မျိုး၊ တရားဝင် အကြောင်းကြားတာမျိုး မရှိသေးတဲ့အတွက် အတည်ပြု၍ မရသေးပါ။ ဗိုလ်ချုပ်မောင်ဦးဟာ အရင်တခါ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ၃ နှစ် ချလိုက်တုန်းက ၁၈ လ ၁ နှစ်ခွဲသာ ကျခံရမယ်လို့ ဗိုလ်ချုပ်မှူးကြီးရဲ့ အမိန့်စာကို ကိုယ်တိုင်လာရောက် ဖတ်ကြားခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ ပြောကြားချက် နှုတ်ကတိတွေဟာ ဘယ်လောက်မှန်ကန် တိကျမယ်ဆိုတာ သေချာတပ်အပ် ပြောဖို့ရာကတော့ သိကြတဲ့အတိုင်း အရင်က စစ်ဗိုလ်ချုပ်တွေရဲ့ လုပ်ရပ်တွေကို ပြန်ကြည့်ရင် မှန်းဆတွက်ချက်လို့ ရနိုင်မယ် ထင်ပါတယ်။ ဗိုလ်ချုပ်ကြီးရွှေမန်းတုန်းကလည်း ဒီလိုပဲ ပြောခဲ့ဖူးပါတယ်။ ဘယ်သူမှ ဥပဒေရဲ့ အထက်မှာ မရှိစေရဘူးလို့ ဒီလိုပြောခဲ့ပြီး နောက်တော့ လုပ်ချင်သလို လုပ်တာပါပဲ။ စစ်အာဏာရှင်စနစ်မှာ ထိပ်ဆုံးအာဏာအရှိဆုံး ပုဂ္ဂိုလ်က သူ့စိတ်အတိုင်း လုပ်ချင်သလို လုပ်ကြတာမျိုးပါ။

ဒီလိုအခြေအနေမျိုးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကို ပြန်လွှတ်ပေးလိုက်ရင် အန်အယ်လ်ဒီအတွက် ကြီးမားတဲ့ အင်အားတရပ်ဖြစ်သွားမှာ သေချာသလို ပြည်သူလူထု တရပ်လုံးအတွက်လည်း စိတ်ဓာတ် ခွန်အား သတ္တိကို တိုးပွားစေမှာ ဖြစ်ပါတယ်။

တပ်မတော်သားများအတွက်လည်း သူတို့ရဲ့ ယုံကြည်အားကိုးရာ တိုင်တည်ရာ ဗိုလ်ချုပ်ကြီးတဦး ပြန်လွတ်မြောက်လာတဲ့အတွက် အားတက်မိကြမှာ အမှန်ပါပဲ။ စစ်သားကောင်း ဗိုလ်ချုပ်ကြီးကို အားကိုးတကြီး မျှော်လင့်နေကြမှာ ဖြစ်ပါတယ်။

တဖက်မှာလည်း တပ်မတော်ရေးရာ စစ်ဘက်နောက်ဆက်တွဲ ကိစ္စရပ်တွေလည်း ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာနိုင်ပါတယ်။ အထူးသဖြင့် တပ်မတော်အတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ ဗိုလ်ကြီးအဆင့် အရာရှိတွေ အပါအဝင် တပ်ရင်းလိုက် ထွက်ပြေးမှုတွေ၊ စစ်ဘက်ရေးရာ အရာရှိဟောင်းဖြစ်တဲ့ ဗိုလ်မှူးဝင်းနိုင်ကျော်နဲ့ ကိုသူရအောင်တို့ကို မတရားပြစ်ဒဏ်ချ သေဒဏ်ပေးလိုက်တာတွေ၊ အခုဆိုရင် ရဲဘက်ဝန်ထမ်းတွေပါ အစုလိုက် ထွက်ပြေးလာနေကြတာတွေဟာ အခြေခံစားဝတ်နေရေး မပြေလည်မှု၊ ဝင်ငွေထွက်ငွေ မညီမျှမှုနဲ့ တပ်မတော်သား အခွင့်အရေး လုံးဝဆုံးရှုံးနေမှု စတာတွေအပေါ် သည်းညည်းမခံနိုင်တော့ဘူး ဆိုတဲ့အချက်ကို မီးမောင်းထိုး ပြနေတာသာ ဖြစ်ပါတယ်။

ဒီလိုအနေအထားမှာ စစ်သားတွေရဲ့ ဘဝကို ကောင်းကောင်း နားလည်သဘောပေါက်ထားတဲ့ တပ်မတော်သားအများ ကြည်ညိုလေးစား ချစ်ခင်အားကိုးတဲ့ စစ်သားကောင်းကြီး မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဦးတင်ဦးကို နအဖစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြန်လွှတ်ပေးရဲပါ့မလားဆိုတာ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ အမှန်ကတော့ နဂိုကတည်းက မတရားဖမ်းဆီး ထိန်းသိမ်းထားတာ ဖြစ်တဲ့အတွက် လွှတ်ကိုလွှတ်ပေးရမှာ ဖြစ်ပါတယ်။ လွှတ်ပေးရင်လည်း ဘာမှကို အံ့သြစရာမရှိသလို ကျေးဇူးတင်စရာလည်း မလိုပါဘူး။

လက်ရှိ တပ်မတော်အတွင်းမှာ ဖြစ်ပွားနေတဲ့ သည်းညည်းမခံနိုင်မှုတွေက အချိန်မရွေး ထပေါက်ကွဲလာနိုင်တာကြောင့် ဗိုလ်ချုပ်ကြီးဦးတင်ဦးရဲ့ စစ်သားကောင်းပီသမှုတွေ၊ ရဲဘော်တွေအပေါ် ကိုယ်ချင်းစာနားလည်မှုတွေက ကြည်း ရေ လေ တပ်မတော်သားတွေကို ပြည်သူတွေဘက် ကူးပြောင်းရပ်တည်လာစေနိုင်သလို၊ အမိန့်နာခံမှု လျော့ကျလာပြီး ကြားနေရပ်တည်မယ့် အနေအထားမျိုးကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်ဟာ မြန်မာ့တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသက် ၉၅ နှစ် ပြည့်မယ့် မွေးနေ့ဖြစ်သလို အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတင်ဦးရဲ့ မတရားပြစ်ဒဏ်ချ သက်တမ်း ၆ နှစ် ပြည့်မြောက်တဲ့နေ့လည်း ဖြစ်ပါတယ်။ အဲဒါကြောင့် တပ်မတော်သားအားလုံးကို ပြည်သူဘက်ကို မျက်နှာမူ ကူးပြောင်းရပ်တည်ကြဖို့ အချိန်တန်ပြီဖြစ်ကြောင်း ရဲဝံ့ပြတ်သားစွာ ဆုံးဖြတ်ဖို့ ထပ်မံပြောကြားလိုက်ပါရစေ။

အဲဒီတော့ကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကို လွှတ်ပေးမယ်၊ မလွှတ်ပေးဘူးဆိုတာ ကျနော်တို့ ကြည်း ရေ လေ တပ်မတော်သားအားလုံးနဲ့ ပြည်သူလူထုတရပ်လုံးက နားစွင့်ထားကြဖို့နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွှေဂုံတိုင် ကြေညာချက်ကို အားမာန်အပြည့်နဲ့ ဝန်းရံအားဖြည့်ပေးပြီးတော့ကာ မကြောက်တရားကို ကိုင်စွဲလို့ တိုက်ပွဲဝင်ပေးဆပ်ရန် အဆင်သင့်ပြင်ထားကြဖို့သာရှိကြောင်း တိုက်တွန်းလှုံ့ဆော်လိုက်ရပါတယ်။

(၂ဝ၁ဝ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်)
မှတ်ချက်။ ။ ကိုမိုးသီး ဘလော့မှ ကူးယူဖော်ပြပါသည်။

အားလုံးတူညီ ဒီမိုကရေစီဖော်ဆောင်ရမည်


သူ့ကို တင်ဆောင်လာသော ယာဉ်ငယ်လေးသည် ဂြိုဟ်ဆွဲအားကြောင့်တရှိန်ထိုး ပျက်ကျကာပေါက်ကွဲသွား၏။
အခန်း(၁)
သူသတိရလာသောအခါ ဂြိုဟ်ပြာကြီးတစ်လုံးပေါ်တွင်ရောက်နေလေ၏။ နေရာမှလူးလဲထလိုက်သည်။
ဒေသစိမ်းတွင် ဟိုဟိုဒီဒီ စူးစမ်းနေမိ၏။ သတင်းအချက်အလက်တွေအရဆိုလျှင်တော့ ဒီဂြိုဟ်ပေါ်တွင်လူသား
များရှိနေခဲ့သည်။
ရှေးနှစ်သန်းပေါင်းများစွာက အတ္တလန်တာနိုင်ငံတော်ကြီးသမုဒ္ဒရာ ဖြစ်သွားစဉ် ဒီဂြိုဟ်သို့ပြောင်းရွေ့
နေကြသူများ၏မျိုးဆက်များဖြစ်သည်။
အတန်ကြာလျှောက်သွားနေမိသော်လည်း လူသူတစ်ဦးတလေမျှမတွေ့၊ရှေ့ဆီတွင် ကုန်းမြင့်ဂမူ တစ်ခု
သာတွေ့သဖြင့်သူတက်သွားလိုက်သည်။တစ်ဝက်ခန့်အမြင့်သို့ရောက်သောအခါ ကမူထိပ်ဆီသို့တဖြည်းဖြည်း
ရွေ့လျှားလာသောကျောက်တုံးကြီးတစ်တုံးကိုရုတ်တရက်တွေ့လိုက်ရ၏။
ခဏတော့သူလန့်သွားသည်။သေသေချာချာကြည့်တော့မှလူတစ်ဦးကျောက်တုံးကြီးကိုပြီးသူရှိရာဆီတဖြည်း
ဖြည်းလှမ်းလာနေ၏။
ကမ္ဘာမြေမှသူ့ကို(ဒီဂြိုဟ်ပေါ်ရှိလူသားများနှင့်ဆက်သွယ်ရန်)စေလွှတ်လိုက်သောကိစ္စအောင်မြင်လေပြီဟု
လည်းတွေးမိသည်။ သို့သော်သူ့ယာဉ်ပျံပျက်သွားသည့်အတွက် တော့ကမ္ဘာမြေသို့သူပြန်ဖို့ဘယ်လို
ဖြေရှင်းရမည်မသိ။လောလောဆယ်အားဖြင့်တော့ဒီဂြိုဟ်ပေါ်က လူကိုသာ အကူအညီရလိုရညား မေးစမ်း
ကြည့်ရမည်။
ထိုလူက သူပြောသည့်စကားကိုနားလည်နေသောကြောင့်တော်သေးသည်။ သို့သော်ထိုလူပြောသော
စကားများကြောင့် သူစိတ်ပျက်သွားရသည်။ ဒီဂြိုဟ်ပေါ်တွင်ကမ္ဘာသို့ပြန်စရာ ယာဉ်ပျံမရှိ။ ဆက်သွယ်နိုင်မယ့်
ခေတ်မီသတင်းပို့စက်များမရှိ။ စားစရာ အလေ့ကျပေါက်နေသောသီးနှံများမှအပ ဘာဆိုဘာမှမရှိပါတဲ့။
သူတော်တော်စိတ်ဓာတ်ကျသွားသည်။ သို့သော် အဖော်မရှိသဖြင့် သူတို့နေထိုင်ရာဆီပြန်မည့်
ထိုသူနှင့်အတူတော့လိုက်သွားရသည်။ ထိုသူက ကျောက်တုံးကြီးရွက်ရင်းသူ့ရှေ့မှလေးလေးပင်ပင်
လမ်းပြခေါ်ဆောင်နေလေသည်။ လမ်းတွင်သူ့ကိုမေးမိသည်။
“ ခင်ဗျားခေါင်းပေါ်က ကျောက်တုံးကြီး ဘာလို့ရွက်ထားတာလဲဗျ“
“မသိဘူးလေဗျာ“
“ဟင်မသိဘူး“
“ဟုတ်တယ်လေဗျာ ကျုပ်တို့ဂြိုဟ်ပေါ်မှာ ဒီလိုလူတိုင်းရွက်နေကြတာပဲ။ အဲဒီတော့ ကျုပ်လည်းရွက်ထားတာပေါ့။ ရှေးကတည်းကစပြီး ဒါ အစဉ်အလာဗျ“
“ခင်ဗျားတို့ အမြဲတမ်းအဲလိုပဲ ရွက်ထားတာပဲလား“
“အေးပေါ့ဗျ. ဘာပင်ပန်းတာလိုက်လို့“
မပင်ပန်းဘူးသာဆိုတယ် သူ့ကိုကြည့်ရသည်မှာ မသက်သာ။ တော်တော်ဥာဏ်မရှိတဲ့သူတွေပဲဟု
စိတ်ထဲက ရှုတ်ချလိုက်မိသည်။ သူများရွက်တိုင်း လိုက်ရွက်ကြသတဲ့။ ဒီဂြိုဟ်ပေးမှ လူများ၏ဆင်ချင်ဥာဏ်
မဲ့ပုံကို ရယ်ချင်မိသည်။ သို့သော် ဘာမှဆက်မမေးနေတော့ပဲ ဂြိုဟ်ပေါ်မှ လူ၏ နောက်မှတိတ်ဆိတ်စွာ
ရင်ထဲက သရော်နေရင်း လိုက်လာတော့သည်။
အခန်း(၂)
ဂြိုဟ်ပေါ်မှလူများနေထိုင်ကြသည့်နေရာနားသို့သူတဖြည်းဖြည်းရောက်လာခဲ့သည်။ လူသူတွေတစ်ယောက်ပြီးတစ်ယောက်တွေ့ရ၏။ ပုံမှန်သူလိုလူသားများအတိုင်းပင်။ ထူးခြားနေခြင်း
တစ်ခုသာရှိ၏။
ပထမတစ်ယောက်တွေ့၏။ ကျောက်တုံးကြီးရွက်ထား၏။ဒုတိယ တစ်ယောက်တွေ့
တော့လည်း ကျောက်တုံးကြီးရွက်ထား၏။ သူနှုတ်ခမ်းကွေးအောင်ပင် သရော်မိ၏။
အသံတော့မထွက်စိတ်ထဲကသာဖြစ်၏။
တတိယတစ်ယောက်တွေ့ပြန်သည်..
စတုတ္ထတစ်ယောက်……
ပဉ္စမတစ်ယောက်…….
တဖြည်းဖြည်းလူတွေတော်တော်များနှင့်တွေ့၏။ အားလုံးသူ့ကို (ကျောက်တုံးရွက်မထားသူဖြစ်သောကြောင့်)
အထူးအဆန်းသဖွယ်ဝိုင်းကြည့်ကြသည်။ သူအနေရခက်လာသလိုရှိ၏။
သူတို့ရွက်ထားသော ကျောက်တုံးများကိုကြည်မိ၏ ။စိတ်ထဲသိပ်မလေးလှဘူးဟု ထင်မိသလိုလိုပါပင်။
အခန်း(၃)
သို့နှင့် သူတို့ဂြိုဟ်ပေါ်တွင်နေထိုင်ခဲ့ရင်း သူအရင်ဆုံးတွေ့သည့်လူ၏ ဂူတွင်တည်းခဲ့သည်။ သို့သော်
အပြင်သိပ်မထွက်ရဲ။လမ်းထွက်တိုင်း လူတွေက သူ့ကိုအထူးအဆန်းသတ္တ၀ါတစ်ကောင်လို ၀ိုင်းကြည့်ကြသော
ကြောင့်ဖြစ်၏။ နောက်မှတဖြည်းဖြည်း လူတွေနှင့်ဝင်ဆံ့အောင်လုပ်ရ၏။တစ်ရက် အပြင်ထွက်၏။ လူတိုင်း
ကျောက်တုံးရွက်ထား ကြသည်။
ထပ်ပြီးနောက်တစ်ရက်ထွက်ပြန်၏။ လူတိုင်း…………
ထိုမှ…. နောက်တစ်ရက်…….နောက်တစ်ရက်………
လူတွေအကုန်ကျောက်တုံးရွက်ထားသည်ကိုသာမြင်နေရသည်။ နေ့တိုင်းပင်မြင်နေရ၏။ လူတိုင်းဖြစ်၏။
အခန်း(၄)
တစ်လတိတိကြာသောအခါတွင်တော့ သူပါကျောက်တုံးရွက်ထားသည်ကိုလူတိုင်းတွေ့မြင်နိုင်ကြ၏။
အဆုံး
ထိုအရပ်တွင် လူဦးရေ တစ်ရာ ခန့်သာရှိ၏ ။ သူတကယ်ပင်တစ်လ မျှသာနေရသေးသည်။
သို့သော် သာမာန်လူတစ်ယောက်ကို သွားလေရာကျောက်တုံးရွက်တတ်ရန် အချိန်တစ်လခန့်နှင့်
လူတစ်ရာခန့်သာလို၏……..
ကဲ …ဇာတ်လမ်းကတော့ ဒါပါပဲ ။ ဆရာသွန်းနေစိုး ရဲ့ “ဂြိုဟ်ပြာပေါ်တွင်“ ဆိုတာလေးပါ ကျနော်တို့ဘာကို သိလိုက်ရသလဲ ဆိုတော့ အခု ကျနော်တို့အားလုံးရွက်ထားဖို့ စစ်အုပ်စုပြုတ်ကျရေးဆို တဲ့ကျောက်တုံးကြီးရှိနေတယ်လေဗျာ။ ရှေးက အကိုတော်တွေ ၊ အစ်မတော်တွေ ထမ်းရွက်ခဲ့ကြပြီးပြီ ။ ထမ်းရွက်ထားတုန်းရှိသေးသည်။ ကျနော်တို့ဒီတာဝန်ကို ထမ်းရွက်ဖို့ ၀န်လေးတယ်ထင်နေတယ်မဟုတ်လား …? အားလုံးထမ်းရွက်အောင်လုပ်နိုင်ကြရင် ဘယ်သူခံနိုင်မှာလဲ …. လူတစ်ယောက်ပါလာအောင် တစ်လလောက်စည်းရုံး တတ်ရင်ဖြစ်တယ်ဆိုတော့ လက်ရှိ NLD မှာ ၊ နိုင်ငံခြားမှာ အတိုက်အခံပေါင်းများစွာ ရှိနေသေးတယ် မဟုတ်လား ? ကဲ အားလုံးစည်းစည်းရုံးရုံးနဲ့ လူတွေကို ထမ်းရွက်တတ်လာအောင်လုပ်မပြနိုင်တော့ဘူးလား ? တကယ်လို့ လုပ်ပြနိုင်ခဲ့ရင် တော့ ကျနော်ထင်ပါတယ် ကျနော်တို့ပန်းတိုင် ဟာ မဝေးတော့ပါဘူး … မလုပ်ပြနိုင်ခဲ့ရင်တော့………………………..?

ဗုဒ္ဓ၏လွတ်မြောက်ရာလမ်းညွှန်ပုံနှင့်အခြားသိမှတ်စရာများ


ဘုရားသခင်မပါသည့်လွတ်မြောက်ရေး
ဗုဒ္ဓသည် ပုဂ္ဂိုရေးကိုးကွယ်မှုဆိုင်ရာ ဘုရားသခင် (သို့) နတ်ဘုရားများ၏ကူညီမှု မြူတစ်စိမှမပါဘဲ လူတိုင်း ကိုယ်တိုင်ရယူနိုင်သည့် လွတ်မြောရေးကို ကမ္ဘာ့သမိုင်းတွင် အဦးဆုံး ထုတ်ဖော်ကြေငြာခဲ့သည်။
ကိုယ့်ကိုကိုယ်ယုံကြည်ကိုးစားရေး၊ စိတ်ထားဖြူစင်ရေး ၊ယဉ်ကျေးပျူငှာရေး၊ စိတ်ထားဖြူစင်ရေး၊ အသိပညာပွင့်လင်းရေး၊ ငြိမ်းချမ်းရေးနှင့် အများအပေါ် မေတ္တာထားရှိရေးတို့ကို ဗုဒ္ဓကအလေးအနက် အခါခါ သြ၀ါဒပေးခဲ့သည်။
ဘ၀တွင်အသိပညာမပါဘဲ ၀ိပသနာပညာကို မရရှိနိုင်ရကား ပညာ၏မလွဲမသွေ လိုအပ်မှုကိုလည်း တိုက် တွန်းဆုံးမတော်မူခဲ့သည်။
(ပါမောက္ခ အီလီယော့(တ်))
ဗုဒ္ဓနှင့် လွတ်မြောက်ရေး
လူသားများကို လွတ်မြောက်စေသူမှာ ဗုဒ္ဓမဟုတ်ပေ။ သို့သော် ဗုဒ္ဓသည် သူကိုယ်တိုင် လွတ်မြောက် ပြီး သကဲ့သို့ လူသားများ၏ လွတ်မြောက်ရေးကို ဟောကြားပြသသည်။ ဗုဒ္ဓ၏သစ္စာဒေသနာကို လူသားများ လက်ခံကြသည်မှာ ဗုဒ္ဓဟောသောကြောင့်မဟုတ်ဘဲ ဗုဒ္ဓ၏စကားတော်များကြောင့် နိုးကြားလာသည့် ပုဂ္ဂိုလ်ရေး ဆိုင်ရာ အမြင်မှန်ရရှိ ခြင်းကြောင့်ဖြစ်သည်။ သူတို့ကိုယ်ပိုင်စိတ်ဓာတ်အလင်းရောင်ကြောင့် ဖြစ်ပေါ်လာရသည်။
(ဒေါက်တာအိုဒင်ဘာ့ဂ် (ဂျာမန်ပညာရှင်)
ဗုဒ္ဓသည် ယုံကြည်မှုကိုမတောင်းခံ
ဗုဒ္ဓသည် ပရမတ္တသစ္စာကို သိရှိရုံသာမက နတ်လူတို့ထက် သာလွန်မြင့်မြတ်သည့်ပညာလည်း အထင် အရှားရှိပေသည်။ ယင်းပညာသည် အကြည်လင်ဆုံးဖြစ်ပြီး ဒဏ္ဍာရီ ဆန်ဆန်ဟန်ဆောင်မှု၊ ၀တ်စားဆင်ယင်မှုတို့
မှ ကင်းတော်မူသည်။ သို့ရာတွင် ဗုဒ္ဓ၏အဆုံးအမကို လိုက်နာနိုင်သူတစ်ယောက်အဖို့ နှစ်သက်ကြေနပ်စေ
လောက်အောင် အနေအထားကိုအပ်နှင်းသည် ။ သို့မှသာ မုချဆက်ဆက်အနေဖြင့်အသိပညာ ပေါ်ပေါက်လာပြီး ကိုယ့်ကိုကိုယ်ယုံကြည်ချက်တစ်စုံတစ်ရာမျှ မတောင်းခံဘဲ အသိပညာရရှိရေးကိုသာ အာမခံပေသည်။
(ဂျော့ဂ်ျ ဂရင်းမ်)
ဗုဒ္ဓဘာသာလွန် ဟိန္ဒူဝါဒ
ဗုဒ္ဓဘာသာထွန်းကားပြီး နောက်ပိုင်းကာလများတွင် ဟိန္ဒူဘာသာဝင်တို့၏ တွေးခေါ်မြော်မြင်ရေးဆိုင်ရာ သုတ္တန်များတွင် ဟိန္ဒူဘာသာအပေါ် ဗုဒ္ဓ၀ါဒ၏ သြဇာသက်ရောက်မှု ပြုပြင်ပြောင်းလဲမှုတို့ဖြင့် ပြန်လည် ရှင်သန် စေခဲ့သည့် နည်းလမ်းအသွယ်သွယ် ပါဝင်မှုကြောင်းဝန်ခံရပေမည်။
ကမ္မနှင့် နောက်ဘ၀ဆိုင်ရာဟောပြောမှုတါင် အိန္ဒိယ ဒသန၏ အတွေးအခေါ်နှင့် ဗုဒ္ဓဘာသာမပေါ်ပေါက် မီက ရှိနှင့်သည့်အခြားသော စနစ်များသည် ဗုဒ္ဓစာပေများမှ ကြွယ်ဝသည့် တိုးတက်မှုကို ရရှိခဲ့ပြီး ဗုဒ္ဓစာပေ၏ ဒသ၁နိကဗေဒ အခြေခံပေါ်တွင်တည်ရိစေခဲ့သည်။
(ဒေါက်တာ အက်စ် အယ်န်ဒါ့ဂုပတ)

ရွှေခမောက်စာစောင်

Shwekhamauk 108

Calendar 2009 Burmese

Calendar 2009 Burmese

Wednesday, January 27, 2010

ယနေ့မြန်မာပြည်အတွက်အလိုအပ်ဆုံးခေါင်းဆောင်ကောင်း



ကျနော်တို့မြန်မာနိုင်ငံတွင် ယနေ့ကြုံနေရသော ပြသနာပေါင်းများစွာတို့တွင် အဓိကအကျဆုံးမှာ
ခေါင်းဆောင်ရှားပါမှုပင်ဖြစ်သည်။ ကျနော်တို့သည်နိုင်ငံရေးဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်ကို
ပြေးမြင်တတ်ကြသည်။ အခြားသော အစေခံခေါင်းဆောင်များမှာ အကျဉ်းထောင်များထဲတွင်ရောက်
နေကြသည်။ ကျနော်တို့တွင်ရှိနေသည်မှာ မိမိ ကိုယ်ကို ခေါင်းဆောင်ဟု ကြွေးကြော်နေသော
အဝေးရောက်ခေါင်းဆောင်များဖြစ်သည်။ ဘာခေါင်းဆောင်လဲဆိုသည်ကို တော့မသိပေ။
ကျနော်တို့အတွက်တကယ်လိုအပ်နေသည်မှာ ပြည်သူနှင့်တစ်သားတည်းဖြစ်သော ၊ ပြည်သူနှင့်
အတူရှိနေနိုင်သော အစေခံခေါင်းဆောင်များပင်ဖြစ်ပါသည်။ ဒါ့ကြောင့် အစေခံခေါင်းဆောင်ဆိုတာ
ဘာလဲ ၊ အတ္တ ခေါင်းဆောင်ဆိုတာဘာလဲ သိရအောင်တင်ပြခြင်းဖြစ်ပါတယ်။ ကျနော်တို့မှာ
ရှိနေတာ ဘာခေါင်းဆောင်မျိုးတွေလဲ ? တကယ်လိုနေတာကရော ဘယ်လိုခေါင်းဆောင်မျိုးလဲ
ဆိုတာသိရအောင်ဖြစ်ပါတယ် ။
ခေါင်းဆောင်တစ်ဦး၏နှလုံးသားအပိုင်းနှင့်စပ်လျဉ်းပြီး သင်သည် ကိုယ်ကျိုးကြည့်(အတ္တ)ခေါင်းဆောင်လော၊(သို့မဟုတ်) အစေခံခေါင်းဆောင်လော ဟု
အမြဲဆန်းစစ်နေရန်လိုအပ်ပေသည်။ ထိုမေးခွန်းကို ပြတ်သားရဲရင့်ရိုးသားစွာဖြေဆိုမှသာ သင်၏ ရည်ရွယ်ချက်နှင့်စေ့ဆော်မှုကို အတိအကျပုံဖော်နိုင်မည်။
အတ္တ ခေါင်းဆောင်နှင့်အစေခံခေါင်းဆောင်တို့၏ သိသာထင်ရှားသော ခြားနားချက်မှာ ဝေဖန်မှုကို
တုံ့ပြန်သည့်ပုံစံ ပင်ဖြစ်သည်။ အတ္တ ခေါင်းဆောင်တို့သည် မိမိတို့၏ နေရာ ဆုံးရှုံးမည်ကို လွန်စွာစိုးရိမ်ကြ
သည်။ ထိုသူတို့သည် မိမိတို့၏ နေရာအတွက် အမြဲကာကွယ် နေတတ်ကြသည်ဖြစ်ရာ သင်၏ ဝေဖန်မှု
မှန်သမျှအနုတ်လက္ခဏာဟု ယူဆကာ ၄င်းတို့၏ ခေါင်းဆောင်မှုကို လက်မခံ ချင်ဟု ထင်တတ်သည်။
အစေခံခေါင်းဆောင်တို့ က ခေါင်းဆောင်မှု ဟူသည် ၀န်ဆောင်မှုတစ်မျိုးဟု လက်ခံလျှက် တုံ့ပြန်
မှု မှန်သမျှမိမိတို့ အတွက်အကျိုးရှိသည်ဟု ယုံကြည်ပြီး အပြုသဘောဆောင်လက်ခံကာစီမံခန့်ကွဲမှု
အတွက် ပြင်ဆင်ကြသည်။
အတ္တခေါင်းဆောင်တို့သည် ရာထူး၊ အသိအမှတ်ပြုခံခြင်းနှင့် နေရာဆုံးရှုံးမည်ကို စိုးရိမ်သဖြင့် မိမိတို့နေရာဆက်ခံမည့်သူကိုအချိန်ပေးလုံ့လစိုက်ထုတ်ပြီး ပြုစုပျိုးထောင်ခြင်းမပြုလုပ်ကြသော်လည်း
အစေခံခေါင်းဆောင်တို့မှာ အမြဲတမ်းမိမိတို့နေရာဆက်ခံမည့်သူများကို ရှာဖွေလေ့ကျင့်ပျိုးထောင်နေတတ်
ကြသည်။
အမှန်စင်စစ်ဆိုလျှင် လူတိုင်းသည် အနည်းနှင့်အများအတ္တ ကို အခြေခံကြသည်ဖြစ်ရာ အတ္တနှလုံးသား
ရှိကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။
ခေါင်းဆောင်မှုမှန်သမျှ နေ့စဉ်နှင့်အမျှ ပြသနာပေါင်းများစွာ ဖြေရှင်းနေကြရာ အတ္တအခြေခံကြသည်
ဖြစ်သောကြောင့် ကိုယ်ကျိုးအတွက် ဦးတည်တတ်ကြပေသည်။
ထို့ကြောင့်နေ့စဉ်အချိန်တိုင်း မိမိ၏ နှလုံးသားကို သတိပေးနေရမည်ဖြစ်သည်။မည်သူမျှ ငါတော့ကိုယ်ကျိုးမကြည့်ဘူး အစေခံခေါင်းဆောင်ပဲ…. ဟု ကြွေးကြော်နေ လို့မဖြစ်ပေ။ အစေခံခေါင်းဆောင်လား အတ္တခေါင်းဆောင်လား အမြဲတမ်းဆန်းစစ်နေရန်လိုအပ်ပေသည်။
အစေခံခေါင်းဆောင်တိုင်း ဆောင်ရွက်ရမည့် ကိစ္စတစ်ခုမှာ လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်
ရန် ဖြစ်ပါသည်။ အခက်အခဲများ၏ အခြေအနေနှင့် လိုအပ်သောအချိန်တွင် ပြုပြင်ရမည့် အဆင့်လေးဆင့်
ရှိပါသည်။
(က) ဗဟုသုတ (Knowledge) သည် လူတိုင်းအတွက် အလွယ်ကူဆုံးနှင့် အချိန်တိုအတွင်း
ပြောင်းလဲပေးနိုင်သည် ။ ဗဟုသုတ တိုးပွားနိုင်ရန်အတွက် မည်သူ့ကိုမဆို လိုအပ်သော သင်တန်းသို့
လွှတ်ခြင်း၊ စာအုပ်ဖတ်စေခြင်း ၊ ကျွမ်းကျင်သူ ဖိတ်ခြင်းအားဖြင့် ဆွေးနွေးစေခြင်းနှင့် လိုအပ်သော
သတင်းအချက်အလက်များ ပံ့ပိုးပေးခြင်းဖြင့်ဆောင်ရွက်နိုင်သည်။
(ခ) သဘောထား (Attitude) သည် နှလုံးသားခဲစားမှုဆိုင်ရာဗဟုသုတ ဖြစ်သည် ။၎င်းကို အခြေခံပြီး
အကြောင်းအရာတစ်ခုကို လူတို့က ကောင်းသည် ဆိုးသည် ဝေဖန်ပိုင်းဖြတ်သည်။ ဗဟုသုတတိုးရန်
ဆောင်ရွက်ဖို့ လွယ်ကူသော်လည်း သဘောထားပြောင်းရေးအတွက် ပြုပြင်ရန်ခက်ခဲသည် ။
အကြောင်းမှာ ထိုသူတို့က ကျွန်တော်သိတယ် ။……… ဒါပေမဲ့ မပြောင်းနိုင်ဘူး ဟု အကြောင်းပြတတ်
ကြသည်။
(ဂ) မပြုအမူ (Behavior)ပြောင်းရန်မှာ အထက်ဖော်ပြပါနှစ်ချက်ထက်ပိုခက်ခဲပြီး အချိန်ကြာလေသည်။
အကြောင်းမှာ လူတို့အနေဖြင့်တစ်ခုခုကို ပေးဆပ်ရမည်၊ လုပ်ရမည်ဖြစ်ပေသည်။ ဥပမာ.. ဆေးလိပ်
သောက်ခြင်းသည်ကျန်းမာရေးအတွက်မသင့်တော်ဟု ဗဟုသုတ အားဖြင့် သိရသဖြင့် ဆေးလိပ်ဖြတ်ရန်
ဆန္ဒရှိသော်လည်း တကယ်လုပ်ရန်ခက်ခဲနေတတ်သည်။
(ဃ) အဖွဲအစည်းအတွင်းပြုပြင်ပြောင်းလဲမှု(Organizational Change) သည် အဖွဲ့အစည်းရှိလူတိုင်း၏ဗဟုသုတ၊ သဘောထား၊ အပြုအမူ စသည်အားဖြင့် အဆင့်ဆင့် ပြုပြင်ပြောင်းလဲရန်ဖြစ်သဖြင့် အခက်ခဲဆုံး ဖြစ်လေသည်။
အားလုံးသော ခေါင်းဆောင်ဆိုသူများ အစေခံခေါင်းဆောင်များဖြစ်နိုင်ကြပါစေ……။
တိုင်းပြည်အတွက်တကယ်လိုအပ်သော အခုအချိန်တွင် အတ္တ ခေါင်းဆောင်များ အဖြစ်မှ
အစေခံခေါင်းဆောင်များဖြစ်နိုင်ကြပါစေ………..။
မှီငြမ်း ။ ။ ဒေါက်တာသာထွန်းဦး ၏ ”အစေခံခေါင်းဆောင်“

အာဏာရှင်ကို အဆုံးသတ်စေဖို့  တာဝန် ဘယ်သူ့ ပခုံးပေါ် ကျရောက်နေပြီလည်း။


၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးတုန်းက ကျောင်းသားတွေ အာဏာရှင်တွေကို စတင်ဆန့် ကျင်တော်လှန်ခဲ့ကြတယ်။ ကျောင်းသားတွေမှာ လက်နက်မရှိတာတောင် သတ္တိသွေး ပြခဲ့ကြတယ်။ ပြည်သူနဲ့  ပူးပေါင်းပြီး အာဏာရှင်ကို ဆန့် ကျင်ခဲ့ကြတဲ့ ပြည်သူ့ စစ်သားတွေ ပေါ်ပေါက်ခဲ့ကြတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ အာဏာရှင်တွေကို ဘုရားသားတော်တွေဖြစ်ကြတဲ့ သံဃာတော်တွေ စုပေါင်းတော်လှန်ခဲ့ကြတယ်။ သံဃာတွေမှာ လက်နက်မရှိတာတောင် သတ္တိသွေး ပြခဲ့ကြတယ်။

ဒီနှစိ ၂၀၁၀ မှာ နောက်ဆုံးကျန်နေတဲ့ တပ်မတော်သား (စစ်သား) တွေ အာဏာရှင်ကို မနှေးအမြန် ဆန့် ကျင်တော်လှန်ကြရမယ်။ တပ်မတော်သား (စစ်သား) တွေမှာ လက်နက်တွေ ရှိကြတယ်။ သတ္တိပြဖို့ ဘဲ လိုတယ်။

ပြည်သူကို မတရား အနိုင်ကျင့် စိုးမိုးနေတဲ့ အာဏာရှင်တွေကို အဆုံးသတ်ပေးဖို့  တာဝန်ဟာ ဘယ်သူ့ ပခုံးပေါ်မှာ ကျရောက်နေပြီးလည်းဆိုတာ သိကြပါ။ ပြည်သူ့ အတွက် ဘယ်သူအောင်ပွဲခံပေးမှာလည်း။ ဘယ်သူ တာဝန်ကျေမှာလည်း။

ပြည်သူနဲ့  လက်တွဲပြီး အာဏာရှင်ကို တော်လှန်ခဲ့ကြတဲ့ ပြည်သူ့ စစ်သားတွေရဲ့  ပြောစကားတွေနဲ့  ပုံရိပ်လွှာတွေကို ဖေါ်ပြလိုက်တယ်။ အစဉ်အလာ ဆက်ထိန်းကြဖို့ နောင်တော် တပ်မတော်သားတွေရဲ့  အသက်သွေးတွေ စိတ်ဓါတ်တွေ လက်ရှိ တပ်မတော်သားတွေ ခန္ဓာကိုယ်ထဲ စီးဆင်းပါစေသောဝ်။

စစ်သည်တော် ကျင့်ဝတ်ထဲမှာ “ရန်သူကို နေလို မီးလိုကျင့်၊ ပြည်သူကို ရေလို လ လိုကျင့်” ဆိုတာ ပါပါတယ်။ ပြည်သူ့ ရန်သူဖြစ်တဲ့ နအဖအာဏာရှင် (ရန်သူ) တွေကို နေလို မီးလိုကျင့်နိုင်ပြီး၊ ပြည်သူတွေအပေါ်မှာ ရေလို လ လို ကျင့်နိုင်ပါစေသား။







































































































































































မူရင်း ။ ။ နစ်နေမန်း ဘလော့

ကျောင်းသားအရေးတော်ပုံ(ကိုဗဟိန်း)

ကျောင်းသားအရေးတော်ပုံ(ကိုဗဟိန်း)