၁။ Computer Desktop နှင့်တူသော မိန်းကလေး
သူလိုအပ်သမျှကို အခြေအနေ အချိန်အခါ၊ အမျိုးအစားမရွေးဘဲ တစ်နေရာတည်းမှာ
တစ်ပြင်းတည်း ပြထားတတ်ပြီး အချို့အလက်များကို အထင်တကြီး ဖြင့်
ဖော်ထုတ်ကြည့်ပါက ဘာမှအကျိုးမထူးသော အခွံများကိုသာ
ပြယုဂ်ကောင်းကောင်းဖြင့် ရှိုးပြတတ်သူ။
၂။ Mouse နှင့်တူသော မိန်းကလေး
ဟိုလက်ညှိုးထိုး၊ ဒီလက်ညိုးထိုး၊ ဖွင့်စေလိုဖွင့်၊ ပိတ်စေလိုပိတ် နေရာတကာ ပါတတ်သူ။
၃။ Keyboard နှင့်တူသော မိန်းကလေး
တစ်ခါတစ်ရံ Mouse ကိုသုံးလိုက်ပါက အလွန်လွယ်ကူနေသော ခရီးလမ်းမျိုးကို
တမင်တကာ ရှောင်ကွင်းကာ တူညီသော ရလာဒ်အတွက် ကွေ့ကာဝိုက်ကာ အလုပ်လုပ်တတ်သူ
(မာယာများတတ်သူ)။
၎။ CD Rom နှင့် တူသော မိန်းကလေး
သူ၏ သဘောထာများကိုသာ တစ်ဖက်သတ် တင်ပြတတ်ပြီး သူ့ကိုတော့
ပြန်လည်ပြင်ဆင်တာမျိုး လုံးဝလက်မခံသူ။
၅။ Screen Saver နှင့်တူတော မိန်းကလေး
သူ့ကို ဥပက္ခာပြုထားပါက ပြန်လည် ဂရုစိုက်စေရန် နည်းမျိုးစုံဖြင့်
ဆွဲဆောင်တတ်သော်လည်း ထိတွေ့မိပါက ပျောက်ကွယ်ရှောင်ပုန်း နေတတ်သူ။
၆။ Hard Disk နှင့် တူသော မိန်းကလေး
ရရှိလာသမျှ ပိုင်ဆိုင်မှုတို့ကို သိမ်းဆည်းသိုလှောင်ရန် လွယ်ကူသလောက်
လိုအပ်သဖြင့် ပြန်ထုတ်လျှင် လွန်စွာ ကြန့်ကြာ တတ်သူ၊ တစ်ခါတစ်ရံ သိမ်းထား
သမျှမရှိတော့ဘူးဟု ပြောတတ်သူ။
၇။ Memory နှင့်တူသော မိန်းကလေး
ဘယ်လိုဖျောင်းဖျ ဖျောင်းဖျ ဘာပြောပြော ဘာပေးပေး ဘယ်လိုထားထား
သဘောထားလွယ်ကူ သလောက် မီးပျက်လျှင် (မျက်ကွယ်ပြုပါက) သူမ၏ မှတ်ဥာဏ်၌
ဘာဆိုဘာမျှ မကျန်တတ်သူ။
၈။ Power Supply နှင့်တူသော မိန်းကလေး
မင်းရဲ့ System ကြီး ဘယ်လောက်ကောင်းကောင်း တို့မပါရင် မင်းမလည်ပတ်
နိုင်ပါဘူးဆိုပြီးတော့ Main Point ကို ကိုင်လှုပ်တတ်သူ။
၉။ Virus နှင့် တူသော မိန်းကလေး
System တစ်ခုအတွင်း သူဘယ်အချိန်က ဘယ်လိုဝင်ရောက်လာသလဲ မသိရလောက်အောင်
ညင်သာပြီး သူရှိနေပြီလို့ ထင်ထင်ရှားရှား သိလာရတဲ့အခါ ကျတော့လည်း
ဒုက္ခအမျိုးမျိုး ပေးတယ်။ သူ့ကို ဖယ်ထုတ် လိုက်ရင်လည်း System (သို့)
Parts တစ်ခုခုကို ဖျက်ပြီးမှ ထွက်သွားတတ်သူ။
၁၀။ Server နှင့်တူသော မိန်းကလေး
သူနှင့်ဆက်စပ် ပတ်သက်သမျှကို အမိန့်ပေး ခိုင်းစေအုပ်ချုပ် တတ်ပြီးသူနှင့်
ထိတွေ့ပေါင်းသင်းရန် စကားဝှက် မမှန်ပါကလည်း ခပ်တင်းတင်းပင်
ငြင်းဆန်တတ်သူ။
၁၁။ Internet နှင့်တူသော မိန်းကလေး
သူမသိတာ ဘာမျှမရှိ၊ အကုန်လုံးသိပေမယ့် နမူနာဘဲပေးတတ်သူ၊ တစ်ခါတစ်ရံ
ငွေကြေးများစွာ တောင်းခံတတ်သူ၊ တစ်ခါတစ်ရံ အကူအညီ (Download) တောင်းပါက
ကြန့်ကြာတတ်သူ။
Sunday, December 13, 2009
ပညာသင်ကြားခြင်း၏ ရည်ရွယ်ချက်
ဒီပို့စ်လေးဟာ ကျွန်တော့်ရဲ့ အမြင်၊ ကျွန်တော့်ရဲ့အတွေးအမြင်လေးတစ်ခုမျှသာ ဖြစ်ပါတယ်။ ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ပတ်ဝန်းကျင်ကို အခြေပြုပြီး ရေးထားခြင်းသာ ဖြစ်ပါတယ်။ ဒီပို့စ်လေးမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးရောယှက်ပါဝင်နေပါလိမ့်မယ်။ ဒါတွေဟာ ကျွန်တော့်အမြင်၊ ကျွန်တော့် အယူအဆမျှသာ ဖြစ်ပါတယ်။
မတူညီသောရှုဒေါင့်မှကြည့်မည်သူများကိုလည်း လွတ်လပ်စွာကွဲလွဲခွင့်ကလေး ပေးပါလို့ပဲ တောင်းဆိုလို ပါတယ်။မှားတာ မှန်တာကို စာဖတ်သူ သိပါလိမ့်မယ် .. ကျွန်တော် ဘာမှမလိုချင်ပါဘူး ..လွတ်လပ်စွာ ကွဲလွဲခွင့်ကလေး သာ . . .
"ပညာသင်ကြားခြင်းရဲ့ ရည်ရွယ်ချက်ဟာ ရာထူးရဖို့မဟုတ်၊ အမှားနဲ့ အမှန်ကိုဆုံးဖြတ်တတ်ဖို့၊ တရားမှုနဲ့ မတရားမှုကို ခွဲခြားတတ်ဖို့ ဖြစ်ပါတယ်။"
(ရပ်စကင်း)
ဒီစာသာလေးကို မြသန်းတင့်ရဲ့ လမင်းကို ထရံပေါက်မှ ကြည့်ခြင်း ဆိုတဲ့စာအုပ်ထဲမှာ ဖတ်ဖူးတာပါ။ ဒီအယူအဆလေးဟာ ကျွန်တော့်ရဲ့အမြင်နဲ့ထပ်တူထပ်မျှဖြစ်နေလို့လည်း စာအုပ်ထဲကနေ ကူးယူးထား မိတာပါ။ နောက်တစ်ခုက``မေမေ အာဇာနည်နေ့ဆိုတာ အဆိုတော် Rဇာနည်ရဲ့ မွေးနေ့ကို ပြောတာလား ဟင်၊ ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ရာဇ၀င်ထဲကမဟော်သဓာတို့လိုမျိုးလားဟင်´´ဒီမေးခွန်းလေးကို ကျွန်တော့်နားနဲ့ ဆက်ဆက်ကြားခဲ့ရတာပါ။ လှည်းတန်း TTCမှာ တက်နေတဲ့ မူလတန်းအရွယ် ကျောင်းသူလေးက သူ့မိခင်ကို အမှတ်မထင်မေးလိုက်တဲ့ မေးခွန်းလေးတစ်ခုပါ။ မူလတန်းအရွယ် ကျောင်းသူလေးဟာ အဲဒီတုန်းက(၃) တန်းကို တက်ရောက်နေပါပြီ။ မိခင်လုပ်တဲ့သူကတော့ သူ့သမီးလေးကို
မေးခွန်းကြောင့် အံ့သြတုန်လှုပ်သွားခဲ့တာကို ကျွန်တော်သတိထားမိလိုက်ပါတယ်။
"မြန်မာနိုင်ငံမှာနေလို့ ငါတို့ဘ၀ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး မြန်မာလူမျိုး ဖြစ်ရတာ ရှက်ဖို့တောင် ကောင်းသေးတယ်။ အခွင့်အရေးရရင်တခြားနိုင်ငံသား ခံယူနိုင်အောင် ကြိုးစားမယ်၊ လိုအပ်ရင် Refugge ဖြစ်အောင်တော့ လုပ်ရမှာ။ အဲဒီကတစ်ဆင့် တတိယနိုင်ငံတစ်ခု ရောက်အောင်သွားနိုင်အောင် ကြိုးစားမယ်´´
အဲဒီစကားလေးက တစ်ည အိမ်မှာ ကျွန်တော် CNN သတင်းကြည့်နေတုန်းကျွန်တော့်အနားမှာရှိတဲ့ သူငယ်ချင်းနှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက်ပြောနေကြတဲ့ စကားများ ဖြစ်ပါတယ်။ သူတို့ရဲ့ စကားကြောင့် ကျွန်တော်အတော်စိတ်မကောင်း ဖြစ်ခဲ့မိတယ်။
လွန်ခဲ့တဲ့ ၄ နှစ်လောက်က ကျွန်တော် စာအုပ်တစ်အုပ် ဖတ်ခဲ့ရဖူးတယ်။ ဆရာသော်တာဆွေ ရေးထားတဲ့ "ပုဂံသူရဲကောင်းများ" ဆိုတဲ့ စာအုပ်ပါ။ တကွဲတပြားစီဖြစ်နေတဲ့ မြန်မာနိုင်ငံကို တစ်ပေါင်းတစ်စည်း ဖြစ်အောင် ကြိုးစားခဲ့တဲ့ပထမဦးဆုံးသော မြန်မာနိုင်ငံကို တည်ထောင်ခဲ့သူ အနော်ရထာမင်းအကြောင်း ရေးထားတဲ့စာအုပ်လေးပါ။ အဲဒီစာအုပ်လေးကိုအရမ်းနှစ်သက်မိတယ်။ အဲဒီတုန်းကစာအုပ်ဆိုင်ကနေ ငှားဖတ်ခဲ့ရတာပါ။ ၀ယ်ပြီး သိမ်းထားချင်လို့ စာအုပ်ဆိုင်တွေ၊ အဟောင်းတန်းတွေမှာလိုက်ရှာပေမယ့် အခုထိ မရသေးပါဘူး။အဲဒီစာအုပ်လေးဖတ်ပြီး မျိုးချစ်စိတ်ဓာတ် အရမ်းတက်ကြွခဲ့မိပါတယ်။
မြန်မာလူမျိုးတစ်ယောက်အနေနဲ့ လည်း သူတို့ရဲ့ လုပ်ဆောင်ချက်တွေကိုဂုဏ်ယူပီတိဖြစ်ခဲ့မိပါတယ်။ ထိုနည်းတူ ဆရာသိန်းဖေမြင့်ရဲ့ ``အရှေ့မှနေ၀န်းထွက်သည့်ပမာ´´ စာအုပ်လေး ဖတ်ရတော့လည်း စိတ်တက်ကြွခဲ့မိတယ်။
မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးသမိုင်းကြောင်းမှာတိုက်ပွဲဝင်ခဲ့သူတွေအကြောင်းနဲ့ သမိုင်းဖြစ်စဉ်ကို ရေးထားတာတွေကိုဖတ်ရတာကိုး။ စာအုပ်တွေကြောင့် မြန်မာနိုင်ငံကို ချစ်တာလားလို့မေးစရာရှိပေမယ့် ကျွန်တော် မြန်မာနိုင်ငံကို ချစ်တယ်။ အသွေးအသားထဲကနေချစ်တယ်။ မြတ်နိုးတယ်။ မြန်မာနိုင်ငံ ဘယ်လောက်ပဲ ဒုက္ခရောက်နေပါစေ၊ဘယ်လောက်ပဲ ချွတ်ခြုံကျနေပါစေ ဘယ်တော့မှ မြန်မာနိုင်ငံ စွန့်ခွာပြီးတခြားနိုင်ငံသား ခံယူဖို့ စိတ်ကူး လုံးဝမရှိခဲ့ဘူး။ ကျွန်တော်တို့လူမျိုး တိုးတက်ဖို့အတွက် ကျွန်တော်တို့ ဘာတွေ လုပ်ပေးကြရမလဲဆိုတာကိုအမြဲတမ်း စဉ်းစားနေမိတယ်။ လုပ်ပေးနိုင်သလောက် လည်း လုပ်ပေးကြည့်တယ်။
သူများနိုင်ငံတွေ ဘယ်လောက် တိုးတက်နေပါစေ၊ ဘယ်လောက်ပဲ ခေတ်မီနေပါစေ၊ လျှပ်စစ်မီးတွေ ဘယ်လောက်ပဲ ထိန်ထိန်လင်းနေပါစေ ကျွန်တော်အဲဒီနိုင်ငံတွေကို မခင်တွယ်ပါဘူး။ လျှပ်စစ်မီး မရှိလို့ဖယောင်းတိုင်လေးနဲ့ မီးထွန်းနေခဲ့ရတဲ့ မိသားစုလေးဘ၀လေးကို တမ်းတမိတယ်။ ဆက်သွယ်ရေး မကောင်းတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့အဖြစ်ကို မချိတင်ကဲဖြစ်မိတယ်။ ပေါင်မုန့်နဲ့ ထောပတ်ကို မမက်မောပါဘူး။ ငပိရည်၊ တို့စရာနဲ့ထမင်း ဆန်ကြမ်း စားရပါစေဦး မြန်မာနိုင်ငံကို ကျွန်တော် ချစ်တယ်။ မြတ်နိုးတယ်။ နိုင်ငံတကာအလယ်မှာ ကျွန်တော် ပြောရဲတယ်။ "ကျွန်တော်မြန်မာလူမျိုးပါ"
တစ်နေ့က ဧရာဝတီဝက်ဘ်ဆိုဒ်ထဲမှာ ရေးထားတဲ့ ဒေါက်တာဇာနည်ရဲ့ "ဗမာတွေကိုယ်တွင်းက မကောင်းဆိုးဝါး" ဆိုတဲ့ ဆောင်းပါးကို ဖတ်ရတော့ စိတ်မကောင်း၊စိတ်ပျက်မိတယ်။ သူ့ဆောင်းပါးက အပြုသဘော ထက် ကျွန်တော့်အမြင်မှာ တိုင်းရင်းသားအချင်းချင်း သပ်လျှိုသွေးခွဲနေသလို ဖြစ်နေလို့။ သူပြောနေတဲ့ အကြောင်းအရာတွေထဲမှာ ``ဗမာတွေ ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်ပြီး တခြားတိုင်းရင်းသား တွေကိုကျတော့ လူရာမသွင်းချင် ဘူး၊ နှိမ်ချဆက်ဆံတယ်။ မောက်မာတယ်´´လို့ ပြောချင်တာတွေ အများကြီး ပါနေတယ်။ ကချင်၊ ကယား၊ ကရင်၊ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ဆိုတဲ့ တိုင်းရင်းသားအားလုံးဟာမြန်မာလူမျိုး၊ မြန်မာနိုင်ငံသားတွေချည်းပါပဲ။ အဲဒါကို မင်းကကချင်မို့လို့၊ မင်းက ကရင်မို့လို၊ မင်းက ရှမ်းမို့လို့ဆိုတဲ့ ခွဲခြားဆက်ဆံမှုမျိုး တိုင်းရင်းသားတွေကြားထဲမှာ မရှိခဲ့ဖူးပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ကလည်း ပြောခဲ့ပြီးသားပဲ။ ``တောင်တန်းနဲ့ပြည်မ တစ်ပေါင်းတစ်စည်းထဲ ရှိရမယ်´´ လို့ဆိုတာလေ။ နိုင်ငံရေးသမားဟာ သူ့ဘာသာ နိုင်ငံရေးလုပ်တာကို ဘာမှမပြောလိုပေမယ့်တိုင်းရင်းသားအချင်းချင်း သွေးခွဲတာကိုတော့ လက်မခံချင်ဘူး။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ တိုင်းရင်းသားပေါင်းစုံ ရှိနေတာပဲ။ တစ်ယောက်ကို တစ်ယောက်ညီအစ်ကိုလို ဆက်ဆံကြတယ်။ ခွဲခြားဆက်ဆံတယ်ဆိုတာ မရှိခဲ့ဖူးဘူး။
ကာလအခိုက်အတန့်တစ်ခုမှာ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ပညာရေး၊စီးပွားရေး၊ အသိပညာ ဗဟုသုတတွေ နိမ့်ကျနေတယ်။ ကြည့်မြင်တိုင်ကကျွန်တော့်သူငယ်ချင်း ပြောခဲ့ဖူးသလိုပဲ။ လူတစ်ယောက်က ရောဂါတစ်ခုရလာပြီဆိုရင် နောက်ဆက်တွဲ ရောဂါတွေဟာလည်း ဆက်စပ်ဖြစ်ပေါ်လာတာပဲတဲ့။ ဥပမာလူတစ်ယောက်မှာ သွေးတိုးရောဂါ ရှိလာရင် နောက်ပိုင်းတဖြည်းဖြည်း နဲ့ သူ့မှာနှလုံးရောဂါလည်း ရှိလာတတ်တယ်။ တပြိုင်ထဲ မှာ ဆီးချိုရောဂါလည်းဖြစ်လာတတ်တယ်တဲ့။ သူက ဥပမာထား ပြောတာပါ။ အဲဒီတုန်းက သူက ဆက်စပ်ပြီးပြောသွားတာက အနုပညာသမားတစ်ယောက်က ဂီတကို နှစ်သက်လာရင် သူဟာဂီတတစ်ခုထဲနဲ့တင် ရပ်တန့်မနေဘဲ စာပေကိုလည်း စိတ်ဝင်စားလာတယ်။ တခြားအနုပညာကိုလည်း စိတ်ဝင်စားလာတတ်တယ်တဲ့။ ကျွန်တော်က ဆက်စပ်ပြီးထပ်တွေးကြည့်တယ်။ ထိုနည်းတူပဲ။ နိုင်ငံတစ်နိုင်ငံအကြောင်း သိချင်တယ်၊ပြောမယ်ဆိုရင် တစ်ခုထဲကို ကွက်ပြောလို့ မရသလို တစ်ခုထဲကိုပဲ ကွက်ပြီးစဉ်းစားလို့ မရပြန်ဘူး။ အဲဒီနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ပညာရေး၊ ယဉ်ကျေးမှုကိုပါ ထည့်သွင်းစဉ်းစားရတယ်လို့ ကျွန်တော် ယူဆတယ်။
နိုင်ငံတစ်နိုင်ငံဆိုတာက လည်း မိသားစုတစ်စုကနေ အခြေခံလာတာပဲ။ မိသားစုတစ်စု သူတို့ရဲ့ လူနေမှုဘ၀ နိမ့်ကျတယ်၊ မြင့်မားတယ်ဆိုတာကလည်းသူတို့ရဲ့ စီးပွားရေး၊ ပညာရေး၊ မိသားစုတွင်း ယဉ်ကျေးမှုအပေါ် အခြေခံပြီးမှဖြစ်ပေါ်လာတာပဲလေ။ ပြီးတော့ အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့စွမ်းဆောင်နိုင်ရည်ပေါ်လည်း အများကြီးမူတည်နေတာပဲ။ အိမ်ထောင်ဦးစီးကောင်း တစ်ယာက်ဟာ သူ့မိသားစုအပေါ် ဘာတွေများ ပြောင်းလဲပေးနိုင်စွမ်း ရှိသလဲ။
ပညာသင်ကြားသင့်တဲ့အရွယ်မှာ လမ်းဘေးမှာ ဈေးရောင်းနေရတဲ့ကလေးငယ်တွေနေ့စဉ်နဲ့အမျှ တွေ့နေရတယ်။ မိဘမဲ့လို့ ယူဆရတဲ့ ကလေးငယ်တွေတောင်းရမ်းစားသောက်နေတာ နေ့စဉ်နှင့်အမျှ တွေ့နေရတယ်။ အထက်တန်းပညာသင်ကြားရမယ့် အချိန်၊ တက္ကသိုလ်ပညာ ဆည်းပူးရမယ့်အရွယ်တွေမှာ အရွယ်မရောက်သေးတဲ့လူငယ်တွေ ပြည်ပကို နေ့စဉ်နှင့်အမျှ ထွက်ပြီးအလုပ်လုပ်နေကြရတယ်။ အခုလက်ရှိ ကျွန်တော့် ပတ်ဝန်းကျင်မှာ တင် အသက် ၁၈ကျော်ကျော်ပဲ ရှိသေးတဲ့ လူငယ်တစ်ချို့ ပြည်ပကို ထွက်လာပြီး အလုပ်လုပ်နေကြပြီ။ ထို့နည်းတူပဲ မူလတန်းပညာကိုတောင် ဆုံးခန်းတိုင်အောင်မသင်ကြားခဲ့ရတဲ့ အရွယ်ရောက်နေတဲ့ လူငယ်တစ်ချို့ ပြည်ပမှာအလုပ်ထွက်လုပ်နေကြတယ်။ ပြည်တွင်းမှာရှိတဲ့ အချို့သော ကလေးသူငယ်များနှင့်လူငယ်များဟာ အကြောင်းအမျိုးမျိုးကြောင့် ပညာရေး ရပ်တန့်ခဲ့ကြရတယ်။
တစ်ချိန်ထဲမှာပဲ တက္ကသိုလ်ဘွဲ့လက်မှတ်တွေကို တစ်စောင်ပြီး တစ်စောင်ရိုက်ထုတ်နေကြတယ်။ ပညာမတတ် ဘွဲ့ရလူငယ်တွေ မြန်မာနိုင်ငံမှာ အများကြီးဖြစ်လာတာကိုလည်း တွေ့နေရတယ်။ ဘာလင်တံတိုင်းကြီးကို ဖြိုချနိုင်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ Pink Flyod တေးဂီအဖွဲ့ရဲ့ တေးစီးရီးထဲ ကလို ဘွဲ့ရပညာမတတ်တဲ့သူတွေကို စက်နဲ့ ရိုက်ထုတ်နေသလိုပါပဲ။
ပညာရေးဆိုတာ လူတစ်ယောက်အတွက် အရေးကြီးသလို နိုင်ငံတစ်နိုင်ငံအတွက်လည်းအရေးကြီးတာပါပဲ။ ပညာရေး နိမ့်ကျလာတာနဲ့အမျှ အသိအမြင်၊ အတွေးအခေါ်တွေလည်းနိမ့်ကျလာပါမှာပဲ။ အသိအမြင်ဗဟုသုတ အတွေးအခေါ်တွေ နိမ့်ကျလာတာနဲ့အမျှစီးပွားရေး၊ ယဉ်ကျေးမှုတွေဟာလည်း တဖြည်းဖြည်းနဲ့ နိမ့်ကျလာတာပါပဲ။ ပညာတတ်တွေ နည်းလာပြီး ၀ိသမလောဘ စီးပွားရေးသမားတွေ များလာတာနဲ့အမျှအဲဒီနိုင်ငံရဲ့ အနာဂတ်ဟာ လည်း ဘယ်လိုမှ ကောင်းလာနိုင်စရာ မရှိပါဘူး။
အစမှာ ကျွန်တော် ရေးခဲ့သလိုပါပဲ။ အာဇာနည်နေ့ဆိုတာ ဘာနေ့လဲဆိုတာ မသိတဲ့ကလေးတွေ တော်တော်များလာပါပြီ။ ဗိုလ်ချုပ်အောင်ဆန်းကိုတော့အထိုက်အလျောက်တော့ သိကြပါသေးတယ်လို့ ယူဆနိုင်ပါတယ်။အမျိုးသားနေ့ဆိုတာလည်း ပျောက်ကွယ်လုနီးပါးပါပဲ။လွတ်လပ်ရေးနေ့ဆိုတာကိုတောင် အစိုးရရုံးပိတ်ရက်နေ့အဖြစ်လောက်သာသတ်မှတ်နေကြတဲ့ လူအတော်များများ ရှိနေကြတာဟာ သိပ်ပြီးတော့ အံ့သြစရာမဟုတ်တော့ပါဘူး။ မြန်မာနိုင်ငံရှိတဲ့ လူတစ်ယောက်အတွက် ရုတ်တရက် မေးကြည့်ပါ။ ``ငါတို့နိုင်ငံကို လွတ်လပ်ရေး ရယူပေးခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကို ပြောပြစမ်းကွာ´´ ဆိုရင် ဟိုတိုးဝါးတားလူ အတော်များများ ရှိနေကြပါပြီ။ ``ဖေဖော်ဝါရီ ၁၃ ဟာဗိုလ်ချုပ်မွေးနေ့ပါ´´ ဆိုတဲ့ ကဗျာလေးကိုတောင် မသိကြတဲ့သူတွေအတော်များများ ရှိလာနေတာဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက်မကောင်းတဲ့လက္ခဏာတွေပါပဲ။
တစ်ခါက အွန်လိုင်းမှာရှိတဲ့သူငယ်ချင်းမိန်းကလေးတစ်ယောက်က သူ နတ်မောက်ရောက်တုန်း ဗိုလ်ချုပ် နေခဲ့တဲ့အိမ်ရှေ့မှာဓာတ်ပုံရိုက်ချင် တာ ရိုက်လို့မရလို့ ခိုးရိုက်တာ ၅ ရက်လောက်ကြိုးစားခဲ့ရတယ်တဲ့။ အဲဒီဓာတ်ပုံကိုလည်း ကျွန်တော်ဆီ ပို့ပေးခဲ့ပါတယ်။ဒါတွေဟာ ဘာကြောင့် ဖြစ်ပေါ်လာသလဲ။ အစိုးရ ကောင်းတာ၊ မကောင်းတာကိုကျွန်တော် ဘာမှ မပြောလိုဘူး။ ကျွန်တော်တို့ ကိုယ်တိုင်ကရော ဘာတွေလုပ်နေကြသလဲဆိုတာ အရင်ဆုံးစဉ်းစားကြ ရလိမ့်မယ်။
ကျွန်တော် ဒဂုံမှာ တက္ကသိုလ်တက်တော့ ကျွန်တော့်ပတ်ဝန်းကျင်မှာ တွေ့ခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသား ကျောင်းသူအတော် များများဟာ တက္ကသိုလ်မှာပညာလာသင်ကြတာထက် ဟေလားဝါးလား လာလုပ်နေကြတဲ့သူ တွေ အတော်များနေတာကိုတွေ့နေရတယ်။ ပညာသင်ကြားရမယ့်အရွယ်မှာ ပညာရေးကို စိတ်မ၀င်စားကြတော့ဘဲတစ်နှစ်တစ်တန်းအောင်ရင် ငါ့တာဝန်ကျေပြီလို့ ယူဆသူတွေ မြန်မာနိုင်ငံမှာမနည်းတော့ဘူး။ ပညာရေး နိမ့်ကျလာတယ်၊ ကန့်သတ်ချက်တွေ များလာတယ်ဆိုပြီး သူများယောင်လို့ လိုက်ယောင်နေကြတဲ့သူ တော်တော်များများဟာ ကျောင်းကသင်ကြားပေးလိုက်တဲ့ တစ်ပုဒ်ကို ဘယ်လောက်များ ဖြန့်ကျက်တွေးမိကြသလဲ။ ကကြီးခခွေးကို ၏သည်မရွေး ကျက်ပြီး ဖြေခဲ့ကြတဲ့ ကျောင်းသားတွေ အများကြီးပါပဲ။
ဒါဟာ စာသင်ကြားနေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အပြစ်တစ်ခုထဲမဟုတ်သလို သင်ကြားပေး နေကြတဲ့ ကျောင်းဆရာ၊ ဆရာမများဘက်က လည်းလိုအပ်ချက်တစ်ခုအနေနဲ့ ရှိနေခဲ့ကြပါတယ်။ ရပ်စကင်း ပြောခဲ့သလိုပါပဲ"ပညာသင်ကြားခြင်းရဲ့ ရည်ရွယ်ချက်ဟာ ရာထူးရဖို့မဟုတ်၊ အမှားနဲ့ အမှန်ကိုဆုံးဖြတ်တတ်ဖို့၊ တရားမှုနဲ့ မတရားမှုကို ခွဲခြားတတ်ဖို့ ဖြစ်ပါတယ်"
ပညာတတ်ဆိုတာကလည်း အမှားအမှန် ခွဲခြားတတ်ဖို့၊ တရားမှု မတရားမှုကိုခွဲခြားတတ်ဖို့နဲ့ တွေးခေါ်မြော်မြင် တတ်တဲ့သူကိုပဲ ခေါ်တာပါ။သင်ကြားပေးတဲ့သူများဘက်ကလည်း ကိုယ် သင်ကြားပေး လိုက်တဲ့သူတွေကို နားလည်တတ်သိအောင်၊ တွေးခေါ်တတ်အောင် သင်ကြားပေးရမှာ အဓိကတာဝန်ပါပဲ။ ဟိုကကန့်သတ် ထားလို့၊ ဒီက ကန့်သတ်ထားလို့ပါဆိုပြီး သူများကိုသာလက်ညှိုးထားနေခဲ့မယ်ဆိုရင် ကိုယ့်ကို လက်ညှိုးထိုး မယ့်သူတွေ နည်းမှာမဟုတ်ပါဘူး။ သမိုင်းဘာသာရပ်ကို သင်တဲ့ဆရာဟာ ကျောင်းသားတွေကို ၀တ္တရားကျေ "ဗိုလ်ချုပ်အောင်ဆန်းဟာ ရာဇ၀င်ထဲက လူလားလို့" မေးခဲ့တဲ့မူလတန်းအရွယ် ကလေးသူငယ်တွေ အများကြီး ထွက်ပေါ် လာတာဟာ မဆန်းပါဘူး။
အေးဂျင့်တစ်ခုမှာ အလုပ်လုပ်နေတုန်းက ပြည်ပထွက်မယ့်သူတွေကိုနိုင်ငံခြားသားတွေနဲ့ အင်္ဂလိပ်စကား ပြောတတ်ဆိုတတ် ရေးတတ်အောင် သင်ပေးနေတဲ့ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့ ညည်းညူမှုကြောင့် ကျွန်တော်အံ့သြခဲ့ရတာလည်း ရှိတယ်။ မူလတန်း (၄) အောင်ပြီးပြီ။ အေဘီစီဒီကိုအကြီးအသေး ခွဲရေးရင် မသိတော့ဘူး။ ပေါင်းနှုတ်မြှောက်စား သင်္ကေတတွေကိုသေချာမသိဘူးတဲ့။ ကဲ.. အဲဒီလိုမျိုး လူတွေ မြန်မာနိုင်ငံမှာ အများကြီးဖြစ်လာရင် သူတို့ သူတို့တွေကနေ ပေါက်ဖွားလာမယ့် မျိုးဆက်သစ်တွေအတွက် ဘယ်သူက တာဝန်ယူမှာလဲ။ တစ်ည ကုတင်ပေါ်မှာ လှဲပြီး စာဖတ်နေတုန်း ဘွဲ့ရ သူငယ်ချင်း အခန်းဖော်တစ်ယောက်က နိုဝင်ဘာလနဲ့ ဒီဇင်ဘာလကို အင်္ဂလိပ်လိုဘယ်လိုစာလုံးပေါင်းသလဲလို့ မေးတာ တော်တော်စိတ်ပျက်သွားတယ်။ ကျွန်တော်ပြန်မေးမိတယ်။ "မင်း ဘယ်လို ဘွဲ့ရလာတာလဲ" လို့။
နောက်အမြင်တစ်ခုပေါ့။ မိဘတွေကလည်း ဆုံးမကြပါတယ်။ သား၊ သမီးတို့တစ်နှစ်တစ်တန်း မှန်မှန်အောင်အောင် ကြိုးစားကြနော်။ အခုခေတ်မှာကျောင်းထားရတာ မလွယ်ဘူး၊ ကျောင်းစရိတ်၊ ကျူရှင်စရိတ် စတဲ့အထွေထွေစရိတ်တွေက အရမ်းအကုန်အကျ များတယ်။ တစ်နှစ်ကျသွားလို့ နောက်တစ်နှစ်ထပ်တက်ရင် ပိုက်ဆံထပ်ကုန်တယ် ဆိုတာမျိုးလေးတွေ မကြာခဏကြားကြား နေရတတ် ပါတယ်။ ပိုက်ဆံတတ်နိုင်တဲ့၊ ပိုက်ဆံ ချမ်းသာတဲ့အသိုင်းအ၀န်းအနေနဲ့ ကိုယ့်သားသမီး စာမေးပွဲတစ်နှစ် ကျလို့ နောက်တစ်နှစ်ထပ်ထားရတာ သူတို့အတွက် ဘာမှ မသိသာပေမယ့် လူလတ်တန်းစား အခြေခံလူတန်းစားတွေအတွက်တော့ အများကြီး ထိခိုက်မှု ရှိလာပါတယ်။ မိဘတွေဟာ ကိုယ့်သားသမီးလေး တွေကို ပညာတတ်လေးတွေ ဖြစ်စေချင်လို့ စီးပွားရေးအဆင်ပြေသည် ဖြစ်စေ၊ အဆင်မပြေသည်ဖြစ်စေ ကျောင်းထားပေးနိုင်အောင် ကြိုးစားကြပါတယ်။ ဒါပေမယ့် အထွေထွေကုန်ကျစရိတ် ကြီးမြင့်လာတာနဲ့အမျှ အချို့သော မိဘတွေရဲ့ ပညာရေးအပေါ် အမြင်ကလည်း ပြောင်းလဲလာပါတယ်။ ရေးတတ်ဖတ်တတ်ရုံ လောက်ပဲ ပညာသင်ကြားစေလိုပြီး နောက်ပိုင်းမှာ ပညာရေးကိုရပ်တန့်ပစ်လိုက်ကြတဲ့သူ အတော်များများ ရှိလာပါပြီ။ နယ်မြို့လေးတွေမှာမပြောနဲ့၊ ရန်ကုန်လို မြို့ကြီးမှာတောင် အဲဒီလိုမိသားစုတွေ အတော်များများ ရှိလာနေတာ အနာဂတ်အတွက် မြန်မာနိုင်ငံအတွက် မကောင်းတဲ့အလားအလာတွေပါပဲ။
တစ်နေ့အတွက် ထမင်းတစ်လုပ် စားရဖို့ ရုန်းကန်ကြိုးစားနေကြရတဲ့မိသားစုအဖို့ သူတို့အတွက် ပညာရေးထက် တစ်နေ့ တစ်နေ့ ထမင်းနပ်မှန်အောင်စားရဖို့က ပိုအရေးကြီးလာတာကိုး။ လက်မှုပညာရေးတစ်ခုလောက် တတ်ထားရင်တော်ပြီဆိုတဲ့ လူတွေ တော် တော်များနေပါပြီ။ ဒါပေမယ့် သူတို့တွေမစဉ်းစားခဲ့မိတဲ့အချက်တစ်ခုက ငါတို့တွေ ပညာမတတ် ခဲ့လို့ အခုလိုရုန်းကန်နေရတာပါလား ဆိုတာပါပဲ။ ပညာတတ်နည်းတဲ့နိုင်ငံဟာ ဘယ်တော့မှတိုးတက်လာမှာ မဟုတ်ပါဘူး။ ပြည်တွင်းပြည်ပစီးပွားရေးသမားတော်တော်များများကလည်း သူတို့လုပ်ငန်းအတွက် ပညာတတ်တွေအများကြီးကို အလိုမရှိကြတာဟာ အံ့သြစရာကောင်းပါတယ်။
အခြေခံပညာနိမ့်တဲ့သူတွေကို သူတို့လုပ်ငန်းမှာ ခေါ်သုံးတာဟာ သူတို့အတွက်သာမန်အားဖြင့် အဆင်ပြေနေလို့ပါပဲ။ အချို့အချို့သော လူနည်းစုလုပ်ငန်းရှင်တွေကပဲ ပညာတတ် လူငယ်တွေကို မြေတောင်မြှောက်ပေးတာမျိုးပဲရှိပါတယ်။ ဒါဟာ အင်မတန့် အင်မတန် နည်းလွန်းလှပါတယ်။ အခု လက်ရှိရန်ကုန်မြို့ပေါ်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်အတော်များများ ဟာမြန်မာနိုင်ငံသား တိုင်းရင်းသားတွေ အလွန်နည်းပြီး မြန်မာနိုင်ငံသားတရုတ်နဲ့ တခြားလူမျိုးတွေကသာ ကြီးစိုးနေကြတာဟာ လူမျိုးတစ်မျိုး ရဲ့စီးပွားရေးကို ၀ါးမျိုးခံနေရသလိုပါပဲ။ သူတို့ကို ဝေဖန်ပုတ်ခတ်တာမဟုတ်ပေမယ့် သူတို့လူမျိုးစု ကြီးပွားတိုးတက်ဖို့အတွက် သူတို့ကြိုးစားကြပေမယ့် မြန်မာနိုင်ငံသား တိုင်းရင်းသားများဟာ အသုံးခံ ဖြစ်နေရတာဟာ ရာစုနှစ်နဲ့ချီပြီ ကြာမြင့်ခဲ့ပါပြီ။
နိုင်ငံတစ်ခုရဲ့ စီးပွားရေးဟာ မိသားစုတစ်စုရဲ့ စီးပွားရေး ထပ်တူကျပါတယ်။မိသားစုတစ်စုမှာ ဦးဆောင်သူ မကောင်းရင် အဲဒီမိသားစုရဲ့ စီးပွားရေးဟာလည်းပျက်ယွင်းဆုတ်ယုတ်သလို နိုင်ငံတစ်နိုင်ငံမှာလည်း ထိုနည်း တူပါပဲ။ အိမ်ထောင်ဦးစီးကောင်း တစ်ယောက်ဟာ သူ့မိသားစု တိုးတက်ကြီးပွားဖို့အတွက်သူ့ရဲ့ စီမံခန့်ခွဲမှုအပေါ် များစွာမူတည်နေပါတယ်။ သူ့ရဲ့အတွေးအခေါ် အမျှော်အမြင်ဟာလည်း များစွာအရေးကြီး ပါတယ်။ သူ့ရဲ့ စီမံခန့်ခွဲမှုကောင်းရင်၊ အတွေးအခေါ် အမျှော်အမြင်ကောင်းရင် မိသားစုရဲ့ အနာဂတ်ဟာ တိုးတက်လာနိုင်သလို စီမံခန့်ခွဲမှုညံ့ဖျင်းခဲ့ရင်တွေးခေါ်မျှော်မြင်မှုမရှိခဲ့ရင်လည်း မိသားစုရဲ့ အနာဂတ်ဟာ
ဆုတ်ယုတ်သွားမှာပဲ။
နိုင်ငံတစ်ခုအနေနဲ့ဆို ဒီထက်မက ကျယ်ပြန့်လာပါတယ်။မိသားစုရဲ့ အိမ်ထောင်ဦးစီးဟာ သူ့လက်အောက်မှာ ရှိတဲ့ သားသမီးများရဲ့ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုများကို တာဝန်ယူရသလို သူ့မိသားစုရဲ့စီးပွားရေး ကိုလည်း တာဝန်ယူရတာပါပဲ။ ဒါတွေဟာ သူ တစ်ဦးထဲမှာ တာဝန်ယူရှိတာ မဟုတ်ပေမယ့် သူ့မိသားစုရဲ့ ကြိုးစားအားထုတ်မှု အပေါ်မှာလည်းအများကြီး မူတည်နေတတ်ပါတယ်။ သူ့ရဲ့ သားသမီးများကို အသိပညာ ပွင့်လင်းတိုးတက်အောင် လုပ်နိုင်စွမ်းရှိဖို့အတွက် သူကိုယ်တိုင်ကလည်းအသိပညာ ဗဟုသုတ အတွေးအခေါ် ရှိနေရမှာပါ။ သူ့ မိသားစုကို လွတ်လပ်စွာတွေးခေါ်စဉ်းစားတတ်အောင် သင်ပေးနိုင်စွမ်းရှိဖို့လည်း လိုအပ်ပါတယ်။ နိုင်ငံတစ်ခုဟာ မိသားစုပေါင်း မြောက်မြားစွာနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပါ။ မိသားစုပုံစံမျိုးစုံကို တွေ့နိုင်သလို အနာဂတ်အတွက်အလားအလာရှိတဲ့ မိသားစုပေါင်း မြောက်မြားစွာ ကျွန်တော်တို့မြန်မာနိုင်ငံအတွက် လိုအပ်နေပါတယ်။
ဒါကြောင့် ကျွန်တော်တို့နိုင်ငံအတွက် တကယ်တတ်တဲ့ ပညာတတ်တွေ အများကြီးလိုအပ်နေပါတယ်။ ပညာတတ်တွေ ထွက်ပေါ်လာဖို့အတွက် မိသားစုများစွာဟာလည်းစီးပွားရေး အခက်အခဲ အကျပ်အတည်း တွေကနေ ရုန်းထွက်နိုင်ဖို့ လိုအပ်နေပါတယ်။ စီးပွားရေးအကျပ်အတည်းတွေ ပြေလည်နိုင်ဖို့အတွက် နိုင်ငံရေး တည်ငြိမ်မှုနဲ့အုပ်ချုပ်သူလူတန်းစားများရဲ့ တွေးခေါ်မြော်မြင်မှုများ ဟာလည်းလိုအပ်နေပါတယ်။ အုပ်ချုပ်သူ လူတန်းစားဟာလည်း အသိပညာရှင်၊ အတတ်ပညာရှင်တွေဖြစ်နေဖို့တော့ လိုအပ်ပါသေးတယ်။ ငါ့အတွက်ဆိုတာထက် အများအတွက်ကိုကြည့်ပြီး လုပ်ကြမယ်ဆိုရင် အနာဂတ်ဟာလည်း သာယာစိုပြေ လာနိုင်မှာပါ။
မြန်မာနိုင်ငံကို ချစ်သော မြန်မာလူမျိုးများ များများပေါ်ထွက်လာပါစေ။ ကျွန်တော် နိုင်ငံရေးသမား မဟုတ်ပါ။ နိုင်ငံတကာရဲ့အရေးကိစ္စများကိုတော့စိတ်ဝင်စားမိပါတယ်။ ကျွန်တော့်နိုင်ငံ တိုးတက်လာဖို့အတွက်လည်း အများကြီးမျှော်လင့်နေမိပါတယ်။
လေးစားစွာဖြင့်
--
ဖြစ်ချင်တဲ့ဆန္ဒနဲ့ဖြစ်နေတဲ့ဘ၀ထပ်တူကျပါစေ....
(အတွေးအမြင်ခံစားချက်ဆောင်းပါးလေးပါ။ ကိုအောင်ဇေယျ က အီးမေးကနေတဆင့်ပေးပို့ထားတာ ကို စာဖတ်သူများအား ထပ်ဆင့်ဝေမျှပေးလိုက်ပါသည်။)www.komoethee.blogspot.com မှကူးယူဖော်ပြပါသည်

ကျောင်းဖွင့်ချိန် (ရွှေဘုန်းလူ)
(၁)
ငါတို့ကျောင်းတော်ကြီးရဲ့
မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ
ဟစ်တလာရုပ်ထုကို
လူတစု ထုဆစ်နေကြတယ်။
သူတို့ဟာ ---
ရုပ်ထုရှေ့မှာ ကျိန်စာတွေရွတ်ဖက်
ပျားရည်စက်တွေကို မီးရှို့ပူဇော်
ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်ကြဲပက်ချ
ဟစ်တလာပါးစပ်ထဲက
ကျည်ဆန်တတောင့် ထွက်အံကျလာတယ်။
သူတို့ဟာ ---
ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့
'ကျောင်းဖွင့်ပြီ' ဆိုတဲ့စာကိုရေး
သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ
ဖိတ်ခေါ်ကြပါပြီ။
(၂)
ငါတို့ကျောင်းတော်ကြီးရဲ့
ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တခုဟာ
တဖြည်းဖြည်း နှစ်ငါးဆယ်လောက် ပြန်ငယ်ရွယ်သွားတယ်။
အရင်က မမြင်ရတဲ့ ဟိုတုန်းက အရိပ်တွေ
နံရံတွေ၊ ခုံတန်းလျားတွေဆီက လွန့်လူးထ
အဲဒါ --- 'အောင်ဆန်း'တို့၊ 'ကျော်ငြိမ်း'တို့၊ 'သိန်းဖေ' တို့၊ 'ညိုမြ' တို့ရဲ့
ဝိဥာဉ်တွေပဲ ---
ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး
ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်
အာဏာရှင်ကို ဖီဆန်ခြဲ့ကတယ်။
ခု --- သူတို့ရဲ့ ဝိဥာဏ်တွေဟာ
'ကမ္ဘာကြေဘူး --- --- ---
ငါတို့သွေးနဲ့ရေးခဲ့ကြတဲ့ မော်ကွန်းတေး ---'
သီချင်းလေး နားဆင်ရင်း
ရာဇဝင်ရဲ့ တကျော့ပြန်စိန်ခေါ်ပွဲကို
မျက်ရည်တဝဲဝဲနဲ့ စောင့်ကြည့်နေပါတယ်။
(၃)
ငါတို့ကျောင်းတော်ကြီးရဲ့
ဒီဘက်ခေတ် ၁၉၈၇ - ၈၈ နှစ်များထဲမှာပါ
တက္ကသိုလ်စာကြည့်တိုက်ထဲမှာ
ဖြူဝါးဝါးအရိပ်တချို့
စာထိုင်ဖက်နေကြတယ်။
တချို့ဖတ်တာ --- ကဗျာစာအုပ်
တချို့ဖတ်တာ --- သမိုင်းစာအုပ်
တချို့ဖတ်တာ --- နိုင်ငံရေးစာအုပ်
ရုတ်တရက်
အဖြူရိပ်တခုဟာ ထိုင်ရာကထ
'ဗမာပြည်ကို ကယ်တင်ရတော့မယ်'
နောက်ထပ်အဖြူရိပ်တခု စာအုပ်ပိတ်
'ဗမာပြည်ကို ကယ်တင်ရတော့မယ်
ဗမာပြည်ကို ထိတ်တုံးခတ်ပေးရမယ်'
သူတို့ဟာ တိတ်ဆိတ်စွာ
အခန်းပြင်ကို ထွက်သွားကြပါတော့တယ်။
စာကြည့်တိုက်ရဲ့ စာအုပ်ပိတ်သံများ
လွယ်အိတ်လွယ်သံများ
ဖိနပ်စီးသံများအဆုံးမှာ
နောက်ထပ် အဖြူရိပ်တခု ထပ်ထွက် ---
--- နောက်ထပ် --- ---
--- နောက်ထပ် --- ---
(၄)
ငါတို့ကျောင်းတော်ကြီးရဲ့
စာမသင်ဖြစ်တဲ့ စာသင်ခန်းတခုမှာ
အရိုးစုတအုပ် အစည်းအဝေးလုပ်နေတယ်။
အရိုးစုတခုက ---ထိုင်ရာမှ ဖြည်းညှင်းစွာထ
'ကျနော်တို့တော်လှန်ရေး
အာဏာရှင်တွေ နောက်ဆုံးနေ့အထိ'
စသည်ဖြင့်ပြောကြား
အားလုံးငြိမ်သက်နားထောင်နေကြတယ်။
အခန်းထဲမှာ
အကျဉ်းထောင်က ပြေးထွက်လာတဲ့
ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေ
သတ္တိဗုံးကို နှောင်ထုံးခေတ်
ပတ်ကြားအက်နေတဲ့ ရန်သူမျက်နှာတွေ
အဲဒီမှာ --- အရိုးစုတခုက လက်သီးဆုပ်
သူ့နှုတ်က တိုးတိုးလေးပြော
'တောက အဖေနဲ့အမေ တော့
ကျနော့်ကိုမျှော်နေကြတော့မယ်ဗျာ ---'
ကြေကွဲစွာ သူ့မျက်လုံးပေါက်ထဲက
မျက်ရည်ဖြူတစက်
စီးသက်ကျလာတယ်။
(၅)
ငါတို့ကျောင်းတော်ကြီးရဲ့
ပရဝဏ် အဝင်အထွက်လမ်းမတွေမှာ
အချုပ်ကားပြာပြာကြီးတွေ
ဒရကြမ်း နှင်နေကြတယ်။
အဲဒီကားကြီးတွေထဲမှာ
'ကမ္ဘာမကြေ၊ ဗမာပြည် --- ဒါ တို့ပြေ
ဒါတို့မြေ --- တို့ပိုင်တဲ့မြေ' ဆိုတဲ့
တေးသံသာသာ
ညီညာစွာ ပဲတင်ပေါ်ထွက်
ကျောင်းသားလက်တွေ သွေးစိမ့်ခဲ့ပြီ
အချုပ်ကားပြာပြာကြီးရဲ့ ဦးထိပ်မှာ
သူတို့ရဲ့တံဆိပ် --- တို့ရဲ့အလံ
ဦးခေါင်းခွံမှာ အရိုးနှစ်ချောင်း ကန့်လန့်ဖြတ်ထားတဲ့ သဏ္ဍာန်သာဖြစ်တယ်။
ကျောင်းခေါင်းလောင်းအိုကြီးဟာ
ထွက်ခွာသွားတဲ့ အချုပ်ကားနောက်
ပြေးလိုက်ခလုပ်တိုက်ပြီး လဲပြိုကျ
ချိုလွင်ရှတတဲ့ ခေါင်းလောင်းသံထွက်ရမဲ့အစား
'သားရေ --- အမေ လိုက်ရှာနေတယ်လေ --- သားရေ'
ဆိုတဲ့ငိုရှိုက်ညည်းတွားသံအဖြစ်နဲ့သာ
ရာဇဝင်တုန်ခါအောင် မြည်ဟည်းလာခဲ့ပြီ။
(၆)
ငါတို့ကျောင်းတော်ကြီးရဲ့
နီမောင်းသောလမ်းကြီး လမ်းငယ်များမှာ
ဒေါင်းအလံ တလူလူလွင့်လို့
ကျောင်းသားတွေချီလာပါပြီ
ရင်တအုံလုံးပွင့်ထွက်နေတဲ့ ကျောင်းသားက
ရှေ့ဆုံးကနေ အလံကိုင်ပြီးသွေးပွက်ပွက်အန်ထွက်နေတဲ့
ကျောင်းသားတွေက
နောက်ကချီတက်လိုက်ပါလာတယ်။
'ဒီမိုကရေစီရရှိရေး --- ဒို့အရေး' တဲ့
ကိုယ့်ကိုကိုယ်တစ်ခါတည်း အသုဘချရင်း
တိုက်ပွဲဝင်ခဲ့ကြရတဲ့ ငါတို့တော်လှန်ရေး
ဘယ်တော့မှ --- အရှုံးမပေးဘူးဟေ့ ---
သေနပ်သံတချက်ဖောက်ရင်
ရာဇာပလ္လင် မီးဟုန်းဟုန်းတောက်သွားမယ် ---
နောက်ဆုံးနေ့အထိ ---
(၇)
ငိုက်မြည်းနေတဲ့ အင်းလျားရေပြင်
ရုက်တရက် ရဲရဲနီစွေးသွားတယ်။
ချက်ချင်းပဲရေငွေ့ပျံတက်
ကောင်းကင်ထက်မှာ တိမ်အဖြစ် မိုးစက်ခို
ကျောင်းတော်ကြီးကို မိုးသွေးတွေ ပြန်ရွာချ
လျှပ်တွေပြက်၊ မိုးတွေချိန်း --- ---- ---
ဒိန်းဒုံး ဆူညံသွားတယ် ---
အဲဒီအခါ --- ကျောင်းတော်မှာ ---
ပန်းတွေ ဖျက်ကနဲ ပွင့်ကြ
ငှက်ဆိုးတွေ ဝေါကနဲ ထပျံကြ
သစ်ရွက်တွေတလက်လက် တောက်ပကြ
ခုံတန်းလျားတွေ အုပ်ဂူအဖြစ် ပြောင်းလဲကြ
မြေကြီးတွေ တုန်ခါတော်လဲကြ
တို့အရေး --- တို့အရေး --- တို့အရေး --- တို့အရေး
ြေ<ွကးကြော်သံတွေနဲ့
ဗမာပြည်ကြီး တဝုန်းဝုန်းရုန်းကန်
နိုးထပြီး နောက်ဆုံးငြိမ်သက်သွားတဲအခါ
ငါတို့ကျောင်းတော်ကြီးဟာ --- ---
တလဲ့လဲ့ တဝင်းဝင်း
သွေးနီရောင် တောက်ပခါ ---
အာဇာနည် သူရဲကောင်းတို့ရဲ့
ဂူဗိမာန်ကြီးပမာ တည်ရှိနေပါတော့တယ် --- ။
(၈)
ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြား
ခု --- သွေးပင်လယ်ကြီး ခြားနေပါပြီ ---
'ကျောင်းဖွင့်ပြီ' ဆိုတဲ့ အာဏာရှင်တွေဟာ
သွေးပင်လယ်ကြီးကို ကျော်နင်း
ထုံးတံတားကြီးကို ကျောခင်းပေးတယ်။
တချို့တွေက ကျောင်းတက်လာကြလိမ့်မယ် ---
အဲဒီထဲက တချို့ဟာ ---
'အကြောင်းကြောင်းကြောင့်ပါ' လို့
စိတ်မကောင်းစွာပြောရင်း ---
ထုံးတံတားကိုလျှောက်နင်း ---
ကျောင်းခန်းအတွင်း ဝတ္တရားအရထိုင်
ငါတို့ --- နားလည်ခွင့်လွှတ်နိုင်ပါတယ်
တချို့ကတော့ ---
'ဂုဏ်တု ဂုဏ်ပြိုင်' ကောင်းကြောင်းပြောရင်း
ထုံးနံ့သင်းတဲ့ ပန်းခင်းကိုဖြတ် ---
ရည်စားထားဖို့ ကျောင်းပြန်တက်လိမ့်မယ်။
အဲဒီလို --- လူစားတွေကိုတော့---
ငါတို့က ခွင့်လွှတ်သည့်တိုင်အောင်
ရာဇဝင်က ခွင့်မလွှတ်သရွေ့
သူတို့ဟာ --- သမိုင်းမှာ ---
'သစ္စာဖောက်' များသာဖြစ်တယ်။
(၉)
ကျောင်းသားနဲ့ ကျောင်း
တနေ့တော့ပေါင်းရမှာပဲ
ငါတို့တွေ သွေးပင်လယ်ကို ဖြတ်ကူးပြီး
ကျောင်းကြီးဆီ အရောက်သွားကြမယ်။
သွေးပင်လယ်ကြီးဟာ
တငွေ့ငွေ့ပူခြစ် ဆူပွက်
ထက်ကောင်းကင်မှန်တိုင်းတို့ အစပျိုး
သွေးလှိုင်းတံပိုး တဝုန်းဝုန်းပြင်းထန်
ငါတို့တွေ
ငါတို့တွေ လှည့်မပြန်ဘူး၊
ငါတို့ထဲက တချို့ဟာ ---
ကိုယ့်အရိုးကိုယ်ချိုး လှေအဖြစ်ထွင်းထု
ငါတို့ထဲက တချို့ဟာ ---
ကိုယ့်အသားကိုယ်လှီး လှေနံရံအဖြစ် ခင်းရိုက်
ငါတို့ထဲက တချို့ဟာ ---
ကိုယ့်လက်ဖဝါး ကိုယ်ရိုက်ဖြတ်
လှေရွက်အဖြစ် စပ်ချုပ်
မှန်တိုင်းကို ခွဲဝင်
သွေးပင်လယ်ကို ဖြတ်ပြီး
ကျောင်းတော်ကြီးဆီသွားဖို့
လုပ်နေတယ် --- ။
(၁ဝ)
နောက်ဆုံးမှာ ---
ဒေါင်းအလံကို --- ဖြောင်းဆန်အောင် လွှင့်ထူရင်း
အမှန်တရားတခုထံ
ငါတို့ သစ္စာအဓိဌာန်ပြု
အို --- သူရဲကောင်းတို့
အို --- ကျဆုံးခဲ့လေသော
ဒီမိုကရေစီ တိုက်ပွဲဝင်
သူငယ်ချင်းဟောင်း ---
သူရဲကောင်းတို့
ထာဝစဉ် မပျက်ပြယ်နိုင်လောက်အောင်
မြင့်မြတ်စွာ ကျဆုံးခဲ့သော ---
သင်တို့၏ဝိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ရှေ့နောက်ဝဲယာ ---
ထက်အောက်ဝန်းကျင်၌
ပျံနှံတည်ရှိကြကုန်တော့၏။
ထိုသော ---
သင်တို့၏ဝိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ခန္ဓာကိုယ်နေရာအနှံအပြားသို့
ထိုးဖောက်ယိုစိမ့်စီးဝင်ကာ
ရဲရင့်ခြင်းမှာ ငါတို့အားဖြစ်တည်စေတော့၏။
အို ---သူရဲကောင်းတို့
အို --- ကျဆုံးလေသော
ဒီမိုကရေစီတိုက်ပွဲဝင်
သူငယ်ချင်းဟောင်း သူရဲကောင်းတို့
ဗမာပြည်ကို ရှိခိုးကာ
ဤသွေးပင်လယ်အား
ငါတို့ ဖြတ်ကူးအံ့
မိုးလုံးပြည့်ကောင်းချီးသြဘာပေးသံကြားမှာ
ငါတို့၏အရေးတော်ပုံ အောင်မြင်ပါစေသတည်း။ ။

ကျွန်တော်တို့ ငယ်စဉ်က ပညာသင်ကြားသောအခါ ဘာဖြစ်ချင် ညာဖြစ်ချင်သည် စသည်ဖြင့် ပညာရေး မျှော်မှန်း
ချက်များ ရှိပါတယ် ။ ယခု အခါတွင် ကျောင်းသား၊ ကျောင်းသူများကို ဘာ့ကြောင့်ပညာသင်ကြားပါသနည်းဟု
မေးလိုက်တိုင်း တွေတွေ ဝေေ၀ လေး ဖြစ်သွားတတ်ပါသည် ။ အလွန်ဆိုးဝါးသော အချက်ဖြစ်ပါသည် ။
မျှော်လင့်ချက်မဲ့နေသော ပညာရေး တွင် ရှင်သန်နေရသော မျိုးဆက်သစ်များသည် ပညာရေးအပေါ်ယုံကြည်မှု
နည်းလာသည်မှာ အတော်ဆိုးဝါးသော အချက်ဖြစ်ပါသည် ။ မည်သူမဆို မျှော်လင့်ချက်တော့ထားချင်ကြသည်။
အနာဂတ်ပန်းကလေးများ လှပနိုင်စေချင်ကြသည် ။

ရှစ်ဆယ့်ရှစ်ရဲ့ ည
ရှစ်ဆယ့်ရှစ်ရဲ့ည တက်နိုင်သူတွေကလက်ကိုင်ပဝါလေးတွေဝေငှ
ကျမကလေးဘဝပါ မျက်ရည်ယိုဗုံးသတင်ပျံ့လွင့်
အင်္ကျီအဖြူ စကတ်အစိမ်းနဲ့  အားလုံးဟာေ'ကာက်ရွံ့ခြင်းအလျဉ်းမဲ့ညပေါ့
ကျမလည်းစွာရဲခဲ့သူပဲပေါ့  (၇၇) လာတယ်ဟေ့
ထ(၁)အင်းစိန်စုရပ်က ပစ်ခိုင်းလို့ ပြန်သွားတယ်တဲ့
ရှစ်ဆယ်ရှစ်ညအတွက် ဟော ခုလာတာ (၂၂)
ထင်ရှားတဲ့မှတ်တိုင်ပေါ့  ချင်း တပ်အသစ်ဆိုပဲ
အင်းစိန် ဆူးလေအထိလမ်းလျောက် ပစ်ပစ် ကွာ ဒို့ ဆနြ ကမြာ သိစေရမယ်
ကျမ အဲဒီည အိမ်ကပျောက်ခဲ့တယ် ကျောင်းသားတစ်ဦးရဲ့ အသံ
ပူလောင်စပ်ဖျင်းမောပမ်းခြင်းနဲ့အတူ အဲဒီနောက့့်  ဒိုင်း ဒိုင်း ဒိုင်း
အာခေါင်ကွဲအပ်အသံတွေမထွက်တော့တဲ့ညပေါ့  ကျမကိုလူတစ်ယောက်ဆွဲပြေး
ဒါပေမဲ့  ဘေးဝဲယာကပြည်သူ့အသံ ဗနြ<ွုလပန်းခြံဘေးကလက်မှတ်ရုံလေး'ကားမှာ
ပင်ပမ်းရဒ%်ပြေပြီပဲလေ ကျမတုန်ရီစွာနဲ့
ဆားသံပရာခွံ့ ကျွေးလာတဲ့ပြည်သူ ပစ်တယ်ဟ ပစ်တယ်ဟအသံကြားရာလှည့်ုကြည့်
ဖြူဖြူမဲမဲ ကျမ န+တ်ခမ်းဟပေးမြဲပေါ့  ကျမမျက်စိမမှားခဲ့ပါဘူး
ဘယ်သူ ဦးဆောင် ဦးဆောင် ဖြူစိမ်းရင်ဖုံးနဲ့ဆရာမတစ်ဦး
အားလုံးဟာတသံတည်းပါ သူနဲ့အတူကျောင်းသားနှစ်ဦးဝမ်းလျားမှောက်ကျ
အရေးတော်ပုံအောင်ရမည် သွေးအိုင်ထဲမှာအဲဒီညပေါ့ 
တဖြောင်းဖြောင်းလက်ခုပ်သံတွေရဲ့ 'ကား ကျမဒူးတုန်လို့ ရှေ့ဦးတည်ရာပြေး
မြို့ တော်ခန်းမရှေ့ ကိုရောက်သွား'ကပြီ လသာကပြည်သူဖေးမကူလို့ 
ကျမကိုချီမ ရဲဘော်တဦးက အသက်ရှင်သန်ခွင့်ရခဲ့သေးပေမဲ့
ငါ့ ညီမငယ် ဒါဟောကွယ် တဲ့ ရှစ်ဆယ့်ရှစ်ညရဲ့ ဝိညာဉ်များဟာ
ဘယ်သူ ဘယ်ဝါမသိ ကျမတို့ နဲ့ အတူ ခုချိန်ထိ
ကျမစာရွက်ကိုင်ပြီး အသံကုန်ဟစ်တော့ တိုက်ပွဲဝင်နေဦးမှာအသေအချာပါ
လက်ခုပ်သံတွေမစဲ ခုလိုလရဲ့ ရှစ် ရှစ် ညတွေဟာ
ဟုတ်တယ် ဟုတ်တယ် 'သဘာပေး အသစ်အသစ်သောဝေဒနာကိုရစေတာမို့ 
ကျမ နထင်သွေး'ကွ အာ%ာရှင်မကျမချင်း အံ'ကိတ် အားခဲရင်းနဲ့
အဲဒါ ကျမရဲ့တော်လှန်ရေးအစပါ အမြဲထာဝရ သင်တို့  ဝိညာဉ်များနဲ့ အတူ တကွ့ 
မေအိခင်(လယ်ဝေး)
( ၈ ၈ ၈ ၈ ) အ ေ ရ း ေ တ ာ် ပုံ တွ င် မိ မိ သ ည် ရှ စ် ေ လ း လ ံ ု း ည ျ မ ိ ု ့ ေ တ ာ် ခ မ်း မေ ရှ့  အ ထိ ပါ ဝ င် ခဲ့ြ ပီး
စစ်အာ%ာသိ မ်းြ ပီ ချိ န် ထိ ဆ က် လ က် ဆ နြြ ပ သ ည့်  အ တွ က် မတ်လတွင် ( ၅ )လနီး ပါးအဖမ်း ခံ ခဲ့  ရြ ပီး
( ၁ ၉ ၉ ၆ ) ဒီ ဇ င် ဘာေ ကျာ င်း သား လ + ပ် ရှား မ +တွ င် ပါ ဝ င် မ + နှ င့်ေ ထာ င် ( ၇ ) နှ စ် ကျ ခံ ခဲ့  ရ သ ည် ။ ။
နိုင်ငံရေး (ဟာသ)
ဖေဖေ ၊ သားကျောင်းစာကို ကူပါဦး ၊ နိုင်ငံရေးဆိုတာ ဘာလဲတဲ့ "
> မောင်ဖြူစင်က သူ့ဖခင်အား အကူအညီတောင်းလိုက်သည်။
> ဖခင်က…" အေး သားသားသဘောက်ပေါက်အောင် အတိုချုပ်ရှင်းပြမယ်၊
> ဖေဖေက ပိုက်ဆံရှာပြီး အိမ်ယူလာတယ်၊ ဖေဖေ့ကို အရင်းရှင်လို့ ခေါ်နိုင်တယ်။
> သားမေမေက ဒီပိုက်ဆံတွေကို စနစ်တကျ စီမီခန့်ခွဲပြီးသုံးစွဲတယ်။
> ဒါ့ကြောင့် သားမေမေကို အစိုးရလို့ခေါ်နိုင်တယ်။ ဖေဖေတို့က
> သားကိုပြုစုစောင့်ရှောက်တယ်၊ ဒါ့ကြောင့် သားကို ပြည်သူလို့ခေါ်ရမယ်၊
> သားရဲ့ ညီလေးကိုကြတော့ အနာဂတ်လို့ခေါ်ရမယ်၊ ရှင်းရဲ့လားသား ဒါဟာ
> နိုင်ငံရေးပဲ "
> အဲဒီလိုနဲ့ ညလယ်သန်းခေါင်းယံအချိန်တွင် မောင်ဖြူစင်လေးသည်
> ကလေးငိုသံကြားသဖြင့် သွားကြည့်ရာ သူ၏ညီလေးမှာ အနှီးထဲတွင်
> အညစ်အကြေးများ(ချီး) ပေကျံနေသည်ကို တွေ့ရသည်။
> အဲဒါနဲ့ သူဟာ သူ့အဖေ နဲ့ အမေအိမ်ခန်းသို့တခါးဖွင့်ဝင်ြ
> ကည့်ရာ
> မိခင်တစ်ယောက်တည်း အိပ်မောကျနေသည်ကို တွေ့လိုက်ရတယ်။
> ဒါနဲ့ မောင်ဖြူစင်လေးဟာ မိခင်ကိုလှုပ်နိုးသော်လည်း မနိုးသဖြင့်
> အိမ်ဖော်မလေးရဲ့ အခန်းကိုဝင်ကြည့်ရာ အိမ်ဖော်နှင့်အတူ ဖက်လျက်အိပ်နေသော
> ဖခင်ကိုတွေ့လိုက်ရတယ်။ ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ ဒေါသထွက်ပြီး
> အိပ်ခန်းသို့ ပြန်သွားလေသည်။
> နောက်တစ်နေ့ နံနက်ကျောင်းသို့ရောက်သည့်အခါမှ
ာ ….
> " ဆရာမ ကျနော် နိုင်ငံရေးအကြောင်း နားလည်ပြီလို့ ထင်ပါတယ် "
> " မောင်ဖြူစင်ရယ် ၊ တော်လိုက်တဲ့ကလေးလေးကွယ်၊ တစ်တန်းလုံးသိအောင်
> ရှင်းပြပါကွယ်"
> ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ နိုင်ငံရေးအကြောင်းကို ဆရာမနှင့် သူ့အခန်းဖော်
> သူငယ်ချင်းစာသင်သားတွေကိုပြောပြလိုက်တာက…။
> " အလုပ်သမားလူတန်းစားဟာ အရင်းရှင်နဲ့ ဖောက်ပြန်နေတယ်၊ အစိုးရကတော့ အိပ်နေ
> တာပဲ၊ ပြည်သူကို လုံးဝ ပစ်ထားတယ်၊ အနာဂါတ်ဟာလဲ ညစ်ပတ်နံစော်နေတာပဲ "

ပညာရေး
ပညာရေးရဲ့အဓိပ္ပါယ်နဲ့ပတ်သက်ပြီး American Educator Robert Hutchins က ခုလိုပြောခဲ့ပါတယ် - “It must be remembered that the purpose of education is not to fill the minds of students with facts … it is to teach them to think” - - ပညာရေးရဲ့ရည်ရွယ်ချက်ဆိုတာ ကျောင်းသားတွေကို အချက်အလက်တွေနဲ့ပဲဖြည့်ပေးနေဖို့မဟုတ်ဘူး ၊ သူတို့ကိုတွေးခေါ်တတ်အောင်သင်ကြားပေးဖို့ဖြစ်တယ်ဆိုတာ အမြဲသတိရနေရမယ် ။
မြန်မာပြည်ပညာရေးနဲ့ပတ်သက်ရင် လူတိုင်းပြောလေ့ရှိတဲ့စကားကတော့ ပညာရေးစနစ်ပြောင်းလဲဖို့လိုပြီ ဆိုတာပါပဲ ။ မြန်မာပြည်မှာ ချွတ်ချုံကျနေတဲ့ပညာရေးစနစ်ရဲ့တရားခံကိုရှာကြတဲ့အခါ လူအများစုကအစိုးရကိုလက်ညှိုးထိုးကြတယ် ။ အစိုးရပြောင်းမှပဲ မြန်မာပြည်ပညာရေးစနစ်လည်း နာလန်ထူနိုင်ဖွယ်ရှိမယ်လို့ ထင်မြင်ကြတယ် ။ အစိုးရမပြောင်းသမျှ ဘာမှပြောင်းလဲလို့ရမှာမဟုတ်တော့ပါဖူးလို့ လက်လျှော့ထားကြတယ် ။
တကယ်တော့ အစိုးရပြောင်းလဲသည်ဖြစ်စေ မပြောင်းလဲသည်ဖြစ်စေ ... Robert Hutchins ပြောတဲ့ ကျောင်းသားတွေအသိဥာဏ်တိုးပွားပြီး တွေးခေါ်နိုင်စွမ်းရှိလာအောင်ပြုစုပျိုးထောင်ပေးတဲ့ပညာရေးမျိုး မြန်မာပြည်မှာရှိလာအောင်ပြောင်းလဲဖို့ ၊ ဆရာတွေ ကျောင်းသားတွေဟာ ကိုယ့်ဒူးကိုယ်ချွန်ပြီး အောက်ပါနည်းလမ်းတွေနဲ့လုပ်ဆောင်လို့ရနိုင်ပါတယ် ။
(၁) လိုအပ်တဲ့ပြောင်းလဲမှုအတွက် အဖြစ်နိုင်ဆုံးနည်းလမ်းနဲ့ပြောင်းလဲပါ ။
ပြောင်းလဲချင်တယ် ပြောင်းလဲဖို့လိုတယ်လို့ပြောနေရုံ အော်နေရုံနဲ့ကတော့ အပြောင်းအလဲဆိုတာဖြစ်မလာနိုင်ပါဖူး ။ ကိုယ်နဲ့အနီးစပ်ဆုံးအပိုင်းကနေစပြီး ဘယ်နေရာတွေမှာ ဘယ်လိုပြောင်းလဲချင်တယ်ဆိုတာကို သေချာဆန်းစစ်ရပါမယ် ။ ပြီးတော့ လက်တွေ့အဖြစ်နိုင်ဆုံးနည်းလမ်းကိုစဉ်းစားရွေးချယ်ပြီး ပြောင်းလဲဖို့ကြိုးစားပါ ။
သင်ကြားနည်းပိုင်း
သင်ခန်းစာတွေအပေါ် ကျောင်းသားတွေစိတ်ဝင်တစားတွေးခေါ်စဉ်းစားတတ်လာအောင် ဆရာတယောက်အနေနဲ့ ဘယ်လိုပြောင်းလဲယူနိုင်မလဲ ။
ကျောင်းသားတွေနဲ့နီးစပ်ရာ သူတို့ကြုံတွေ့နေရတဲ့အကြောင်းအရာတွေသုံးပြီး .. သင်ခန်းစာတွေဟာ စာအုပ်ထဲကအချက်အလက်သက်သက်မဟုတ်ဘဲ လက်တွေ့ဘ၀မှာလည်းအရေးပါနေတယ် ဆက်စပ်နေတယ်ဆိုတာ ရှင်းပြရပါမယ် ။ ဥပမာ .. မူလတန်းကလေးတွေကို အပေါင်း အနှုတ်သင်တဲ့အခါ သူတို့သုံးနေကျ ပစ္စည်းတွေကိုသုံးပြီးဖြစ်စေ ၊ လေ့လာရေးခရီးအနေနဲ့ အပြင် ကျောင်းအနီးအနားကိုသွားပြီး အုတ်တိုင်တွေကို ရေတွက်တာဖြစ်ဖြစ် ၊ ကျောက်တုံးတွေ ရေတွက်တာဖြစ်ဖြစ်လုပ်ရင် ၊ သူတို့ထိတွေ့နေရတဲ့အရာတွေသုံးတဲ့အတွက် စိတ်ဝင်စားလာပြီး ပေါ့ပေါ့ပါးပါးနဲ့ ခေါင်းထဲကိုအမြဲမှတ်ဝင်သွားပါလိမ့်မယ် ။
ကျောင်းသားတွေဆီကစိတ်ဝင်စားမှုရလာပြီးရင် သူတို့ကို ကိုယ့်ဘာသာတွေးခေါ်စဉ်းစားတတ်အောင် ထပ်ဆင့်ကဲပြီးစဉ်းစားရမယ့်ပုစ္ဆာမျိုးတွေနဲ့ challenge လုပ်သင့်ပါတယ် ။ ဥပမာ .. အုတ်တိုင်တွေကိုပေါင်းတာသင်ပြီးရင် ၊ အုတ်တိုင်တွေမပါဘဲ ဂဏန်းတွေပဲသုံးပြီးပေါင်းခိုင်းတာမျိုး ။
သင်ယူနည်းပိုင်း
ဆရာသင်ပြပြီးသားသင်ခန်းစာတွေကိုကျက်မှတ်ရာမှာ “ဒါသင် ၊ ဒါကျက် ၊ ဒါဖြေ” စနစ်သာမက ၊ ကိုယ့်ဘာသာဆင့်ကဲတွေးခေါ်စဉ်းစားတာမျိုးဖြစ်လာအောင် ကျောင်းသားတယောက်အနေဲ့ ဘယ်လိုပြောင်းလဲယူမလဲ ။
“ဒါသင် ဒါကျက် ဒါဖြေ” ဆိုတဲ့စနစ်ကိုမကြိုက်တာနဲ့ ကျောင်းကသင်ပေးတဲ့အတိုင်း မကျက်ဘဲ မဖြေဘဲနေလို့မရပါဖူး ။ မြန်မာပြည်ပညာရေးစနစ်မှာအမှတ်ပေးတဲ့အခါ သင်ထားတဲ့အတိုင်းမဖြေရင် စာမေးပွဲအောင်မှတ်ထိခိုက်နိုင်ပါတယ် ။ ပြောင်းလဲယူနိုင်တဲ့အရာကတော့ ကိုယ်ပိုင်စာသင်ယူတဲ့နည်းပါ ။ ကျောင်းကသင်ခန်းစာတွေကို သင်ယူတဲ့အခါ “ဘာကြောင့် (why)” ဆိုတဲ့မေးခွန်းကို ခေါင်းထဲအမြဲကြိုးစားထည့်သွင်းစဉ်းစားသင့်ပါတယ် ။ အဲဒီမေးခွန်းရဲ့အဖြေကိုရဖို့ စာအုပ်တွေသူများထက်ပိုဖတ်ရမယ် ၊ အင်ဖော်မေးရှင်းကို နည်းမျိုးစုံနဲ့ရှာရမယ် ၊ လူကြီးမိဘ ဆရာသမားတွေကို မေးသင့်မေးထိုက် မေးခွင့်ရမယ်ဆိုရင် မေးမြန်းရမယ် ဆွေးနွေးရမယ် ၊ အဲဒီမေးခွန်းနဲ့ပတ်သက်ပြီးတွေးမိတာတွေကို စာအုပ်ထဲချရေးပြီး ကိုယ့်လိုခံယူချက်ချင်းရှိတဲ့ သူငယ်ချင်းတွေကိုရှာပြီး ဆွေးနွေးကြည့်ရမယ် ။
(၂) လက်တွေ့ကျကျ တဆင့်ချင်းပြောင်းလဲပါ ။
လူတွေရဲ့သဘာဝက အပြောင်းအလဲကိုမကြိုက်တတ်ကြပါဖူး ... ဘာလို့လဲဆိုတော့ အပြောင်းအလဲဆိုတာ လုပ်နေကြအတိုင်းလုပ်လို့မရတော့ဖူး ၊ အသစ်တွေကိုလေ့လာသင်ယူလုပ်ကိုင်ရတော့မယ် ၊ ကိုယ်နဲ့မရင်းနီးတဲ့အသစ်တွေဆိုတော့ အတိုင်းအတာတခုထိ အပင်ပန်းခံကြိုးစားရတော့မယ် ။ ဒါပေမယ့် လုပ်နေကြပုံစံကနေ သိသိသာသာပြောင်းလဲလုပ်ဖို့မလိုအပ်တဲ့အပြောင်းအလဲမျိုးကိုတော့ လူတွေကလက်ခံနိုင်ချေများကြတယ် ၊ ဒါမှမဟုတ် ပြောင်းလဲပြီးလုပ်နေရတယ်လို့ မသိလိုက်တာမျိုးဆိုတော့ သိပ်ပင်ပန်းတယ်လို့မခံစားရတော့ဖူး ။ ဒါကြောင့် ကိုယ်လုပ်ချင်တဲ့အပြောင်းအလဲတခုဟာ လက်ရှိနဲ့နှိုင်းယှဉ်ရင် ဘယ်လောက်ကွာခြားနေသလဲ အရင်ဆန်းစစ်ပါ ။ ပြီးတော့အဲဒီအပြောင်းအလဲကိုရဖို့ လက်ရှိအခြေအနေကနေ ဖြေးဖြေးချင်း တဆင့်ချင်းလုပ်ဆောင်ပါ ။
သင်ကြားနည်းပိုင်း
သင်ခန်းစာထဲကအချက်အလက်တွေကိုအသုံးချပြီး ဥာဏ်စမ်းပုစ္ဆာ (သို့မဟုတ်) အလားတူပုံစံနဲ့လှည့်မေးထားတဲ့ပုစ္ဆာတွေကိုဖြေနိုင်တဲ့ (apply လုပ်နိုင်တဲ့) အရည်အချင်းမျိုး ကျောင်းသားတွေမှာ ရှိလာအောင် ဆရာတယောက်အနေနဲ့ စာသင်နည်းမှာ တဆင့်ချင်းဘယ်လိုပြောင်းလဲမလဲ ။
ကျောင်းသားတွေ ဖြေနေကြပုစ္ဆာတွေကို တပုဒ်ပြီးတပုဒ်အရင်တွက်ခိုင်းပြီး အခြေခံကိုသေချာနားလည်အောင်ရှင်းပြပါ ။ ဥပမာ - အီးကွေးရှင်းတိုင်းကိုအလွတ်ကျက်မှတ်တာမျိုးမဖြစ်စေပဲ အဲဒီအီကွေးရှင်းဟာဘယ်လိုအဓိပ္ပါယ်ကိုဖော်ညွှန်းနေတယ်ဆိုတာ ကျောင်းသားတွေသိအောင်သေချာရှင်းပြပါ ။ ပြီးမှ ပုစ္ဆာရဲ့တပိုင်းချင်းဆီကို ဥာဏ်စမ်းအဖြစ်ပြန်လှည့်မေးပါ ။ အဲလိုမလုပ်ဘဲ ဥာဏ်စမ်းပုစ္ဆာတပုဒ်ကို ချက်ချင်းချပေးလိုက်ရင် အပြောင်းအလဲကကြီးမားလွန်းတော့ ကျောင်းသားတွေက ဘယ်ကစဖြေရမယ်မသိ ဖြစ်သွားပါလိမ့်မယ် ။
သင်ယူနည်းပိုင်း
သင်ခန်းစာတွေကိုသင်ယူရာမှာ ထပ်ဆင့်ကဲ တွေးခေါ်တတ်တဲ့အလေ့အကျင့်ရှိလာအောင် ကျောင်းသားတယောက်အနေနဲ့ ဘယ်လိုတဆင့်ချင်းပြောင်းလဲမလဲ ။
ဆရာသင်ထားတဲ့အချက်အလက်သာမက ထပ်ဆင့်တွေးခေါ်စဉ်းစားချင်တဲ့ကျောင်းသားတယောက်ဟာ ဘာသာရပ်အကုန်လုံးမှာရှိတဲ့ သင်ခန်းစာအကုန်လုံးကို ချက်ချင်းလက်ငင်း “ဘာကြောင့်” ဆိုတဲ့မေးခွန်းထုတ်ပြီး လိုက်လေ့လာစဉ်းစားဖို့ကြိုးစားရင် အချိန်မလုံမလောက်ဖြစ်ပြီး စာမေးပွဲအတွက်ကျက်မှတ်ရမယ့်သင်ခန်းစာတွေတောင်မပြီးနိုင်ဖြစ်သွားပါမယ် ။ အဲလိုမဖြစ်အောင် ပထမဆုံးလက်ရှိသင်ယူနေရတဲ့သင်ခန်းစာတွေထဲက ကိုယ်စိတ်အ၀င်စားဆုံးတချို့အပိုင်းတွေကို ကိုယ့်ပတ်ဝန်းကျင်မှာကြုံတွေ့နေရတာတွေနဲ့ အရင်ကကျက်မှတ်ထားတဲ့သင်ခန်းစာတွေနဲ့ ပြန်ဆက်စပ်ကြည့်တာမျိုး အရင်လုပ်ကြည့်ပါ ။ နောက်တဆင့်အနေနဲ့ ဘာသာရပ်အလိုက်အသေးစိတ် ဘာကြောင့်ဒီလိုဖြစ်ရတယ် ဒီလိုပြောင်းလိုက်ရင်ရောဘယ်လိုဖြစ်လာမလဲ ဘာကြောင့်ဒီလိုနည်းနဲ့လုပ်ရတာလဲ စတဲ့မေးခွန်းတွေကိုမေးပြီး လေ့လာမယ်ဆိုရင် “ဘာကြောင့်” ဆိုတဲ့မေးခွန်းကိုထည့်သွင်းတတ်တဲ့အကျင့်ရသွားပါလိမ့်မယ် ။
(၃) လုပ်ပြီးသားအပြောင်းအလဲကို လက်ရှိအခြေအနေမှာ အမြဲအကျုံးဝင်နေအောင်ကြိုးစားပါ ။
အပြောင်းအလဲဆိုတာ တဒင်္ဂပြောင်းလဲတာမျိုးမဖြစ်သင့်ပါဖူး ။ အပြောင်းအလဲတခုကိုလုပ်ပြီးတဲ့အခါ အဲဒီအပြောင်းအလဲကို လက်ရှိအခြေအနေထဲမှာအကျုံးဝင်သွားအောင် နေသားကျသွားအောင် ၊ ကိုယ်အမြဲလုပ်လေ့လုပ်ထရှိတဲ့အရာတခုဖြစ်သွားအောင် လုပ်ယူရပါမယ် ။
သင်ကြားနည်းပိုင်း
ဥာဏ်စမ်းပုစ္ဆာတွေမေးလေ့ရှိတဲ့ဆရာရဲ့အတန်းကကျောင်းသားတွေဟာ ဥာဏ်စမ်းပုစ္ဆာဖြေလေ့ဖြေထရှိသွားတော့ ဥာဏ်စမ်းပုစ္ဆာဖြေရဖို့ကို ၀န်မလေးတော့ဖူး ၊ မစိုးရိမ်တော့ဖူး ။ သူတို့အတွက်အဲလိုလုပ်ရတာ ၀န်ထုပ်ဝန်ပိုးကြီးမဖြစ်တော့ဖူး ။
သင်ခန်းစာတွေကိုအချက်အလက်သပ်သပ်အနေနဲ့ပဲ သင်ကြားပို့ချတာမဟုတ်ဘဲ တကယ့်လက်တွေ့မှာကြုံတွေ့နေရတာတွေနဲ့အမြဲကြိုးစားဆက်စပ်ပြီးသင်ကြားလေ့ရှိမယ်ဆိုရင် သင်ခန်းစာတခုကိုရှင်းပြတိုင်း လက်တွေ့မှာအလားတူအဖြစ်အပျက် (analogy) နဲ့ယှဉ်ပြတတ်တဲ့ အလေ့အထရသွားပါလိမ့်မယ် ။
သင်ယူနည်းပိုင်း
ကျောင်းသားတယောက်ဟာ “ဘာကြောင့်” ဆိုတဲ့မေးခွန်းကိုမေးတတ်လာပြီးရင် ၊ သူဟာ ကျောင်းစာမှာတင်မက ဘယ်အရာကိုမဆိုလေ့လာတဲ့အခါ “ဘာကြောင့်” ဆိုတဲ့မေးခွန်းကို အလိုလိုခေါင်းထဲစဉ်းစားမိလိမ့်မယ် ။ အဲလိုမေးခွန်းပေါ်လာအောင် သပ်သပ်သတိထားနေစရာမလိုတော့ဖူး ။
(၄) နောက်ကျမကျန်ခဲ့အောင် လိုအပ်တဲ့အခါတိုင်း ပြောင်းလဲဖို့အဆင်သင့်ဖြစ်နေပါ ။
လူသားတွေဟာ ဘ၀မှာအပြောင်းအလဲတွေနဲ့အမြဲနေထိုင်နေရပါတယ် ။ သိပ္ပံနဲ့နည်းပညာပိုင်းတွေ လူနေမှုအဆင့်အတန်းတွေ အတွေးအခေါ်အမြင်တွေ စသဖြင့်ပြောင်းလဲနေတယ် ။ မျိုးဆက်တခုနဲ့တခုမှာ ကြုံတွေ့ရတာတွေမတူတော့ဖူး ။ ဒါကြောင့် နိုင်ငံတကာရဲ့ပညာရေးစနစ်တွေ ၊ ကျောင်းသားတွေစာသင်ယူတဲ့ပုံစံတွေ ၊ ဆရာတွေကစာသင်ကြားတဲ့နည်းစနစ်တွေဟာလည်း အဲလိုပြောင်းလဲမှုတွေနဲ့လိုက်ဖက်ညီအောင် လိုက်ပြောင်းလဲနေကြရပါတယ် ။
သင်ကြားနည်းပိုင်း
ဆရာတွေဘက်က “ငါတို့တုန်းကတော့ ဒီလိုပဲစာသင်ယူခဲ့တာ ၊ ခုခေတ်ကျောင်းသားတွေကို ဒီလိုသင်ကြားပေးလည်း ဘာပြသနာရှိမှာလဲ” ဆိုတဲ့စိတ်ထားမျိုးမထားဘဲ ခုခေတ်မှာမျိုးဆက်သစ်တွေအတွက် ဘယ်လိုသင်ကြားနည်းတွေကအထောက်အကူပြုနိုင်သလဲ ၊ တခြားနိုင်ငံတွေမှာ ဘယ်လိုသင်ကြားနည်းအသစ်တွေကိုအသုံးပြုကြသလဲ ၊ ဘာကြောင့်အသုံးပြုကြသလဲ ၊ ဘယ်လိုရလဒ်တွေဖြစ်နိုင်သလဲဆိုတာကိုစူးစမ်းလေ့လာပြီး သင့်တော်တာမျိုးကို ကိုယ့်သင်ကြားရေးပိုင်းမှာ အလျှမ်းသင့်သလိုထည့်သွင်းအသုံးချသင့်ပါတယ် ။
သင်ယူနည်းပိုင်း
မြန်မာပြည်ကကျောင်းသားတွေဟာလည်း ခေတ်မှီပြောင်းလဲလာတဲ့နည်းပညာပိုင်းတွေကိုအသုံးချတတ်လာရင် ၊ အကြောင်းအရာတခုကိုလေ့လာတဲ့အခါ စာအုပ်တွေတင်မက အင်တာနက်ဆိုတာကိုပါ မှီငြမ်းတတ်လာမယ် ။ တွေ့ရှိမယ့်အချက်အလက်တွေ ရှုထောင့်အမျိုးမျိုးကမြင်တာတွေ စာအုပ်ထဲမှာရှာတွေ့တာထက် ပိုကျယ်ပြန့်လာပါမယ် ။
(၅) ပြောင်းလဲဖို့သက်သက်အတွက်ပဲ ပြောင်းလဲတာမျိုးမဖြစ်မိပါစေနဲ့ ။
နိုင်ငံတကာပညာရေးနယ်ပယ်မှာအပြောင်းအလဲတွေအများကြီးလုပ်လာကြပါတယ် ။ သင်ရိုးညွှန်းတန်းနဲ့ပတ်သက်ပြီး ၊ စာသင်ကြားနည်းစနစ်တွေနဲ့ပတ်သက်ပြီး ၊ ပညာရေးစနစ်တွေနဲ့ ပတ်သက်ပြီး ၊ စာသင်ယူတဲ့နည်းလမ်းတွေအပေါ် ကျောင်းသားတွေရဲ့စိတ်ဓါတ်ပိုင်းဆိုင်ရာက ဘယ်လိုအကျိုးသက်ရောက်မှုရှိစေတယ်ဆိုတာနဲ့ပတ်သက်ပြီး စသဖြင့် ။
သင်ကြားနည်းပိုင်း
တချို့တွေက ခုခေတ်ကျောင်းသားတွေရင်းနီးနေတဲ့ အီလက်ထရောနစ်နည်းပညာပိုင်းကိုအသုံးပြုပြီး သင်ခန်းစာတွေကိုသင်ကြားရင် ကျောင်းသားတွေစိတ်ဝင်စားမှုရှိလာနိုင်မယ်လို့ ယုံကြည်ကြတယ် ။ ဒါကြောင့် တချို့ကျောင်းတွေမှာ ကျောင်းသားတွေကို အင်တာနက်ကိုသုံးပြီး အင်ဖော်မေးရှင်းရှာတာတို့ ၊ ဘလောဂ့်ကိုသင်ကြားရေးပိုင်းရဲ့အထောက်အကူ (supplementary teaching aid) အဖြစ်သုံးတာတို့ ၊ ကွန်ပြူတာတွေ အီလက်ထရောနစ်ပစ္စည်း (electronics gadgets) တွေကို အသုံးပြုပြီး သင်ခန်းစာတွေကို စိတ်ဝင်စားအောင်လုပ်တာတို့ ရှိလာကြပါတယ် ။
ဒါပေမယ့် အဲလိုအပြောင်းအလဲတွေကိုထည့်သွင်းတဲ့အခါ အမြဲစိတ်ထဲမှာသတိရှိနေရမယ့်အချက်ကတော့ - - စာသင်ကြားရာမှာပိုအထောက်အကူဖြစ်စေဖို့ ၊ ကျောင်းသားတွေကို သင်ခန်းစာတွေမှာပိုပြီးစိတ်ပါဝင်စားအာရုံစူးစိုက်လာနိုင်ဖို့အတွက် ဒီအပြောင်းအလဲတွေကိုလုပ်နေတယ်ဆိုတာပါပဲ ။ နည်းပညာပိုင်းအရ ခေတ်ကြီးကပြောင်းလဲလာလို့ အီလက်ထရောနစ်နည်းပညာတွေကို ထည့်သွင်းသုံးရတာမျိုးမဖြစ်သင့်ပါဖူး ။ အဲဒီနည်းပညာတွေဟာ အထက်မှာဖော်ပြထားတဲ့အချက်နှစ်ချက်ကိုအထောက်အကူမပြုနိုင်ရင် သူတို့ကိုမသုံးတာပဲဖြစ်ဖြစ် (သို့မဟုတ်) ဘယ်လိုပြောင်းသုံးမှအထောက်အကူဖြစ်လာမလဲဆိုတာ သေချာစဉ်းစားတာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ် ။ ဥပမာ - ဘလောဂ့်ကိုထည့်သွင်းသုံးပြီးစာသင်ကြားတဲ့အခါ ဘလောဂ့်မရှိတာနဲ့ ဘာကွာလဲ .. ဘလောဂ့်ရှိလိုက်တဲ့အတွက် ကျောင်းသားတွေစာသင်ယူရာမှာ ဘယ်လိုအထောက်အကူရှိလာနိုင်လဲ .. အဲဒီအထောက်အကူဟာ ကျောင်းသားတွေသင်ခန်းစာတွေကိုသင်ယူရာမှာ သိသာတဲ့အကျိုးရလဒ်ဖြစ်စေလား စသဖြင့် စဉ်းစားရမှာဖြစ်ပါတယ် ။
......................
နိဂုံးချုပ်အနေနဲ့ပြောရရင် အပြောင်းအလဲတကယ်လိုအပ်နေတဲ့မြန်မာပြည်ပညာရေးမှာ အဓိကဇာတ်ကောင်နေရာကပါဝင်နေတဲ့ ဆရာတွေ ကျောင်းသားတွေဟာ ကိုယ်လိုချင်တဲ့အပြောင်းအလဲတွေကို အထက်ပါနည်းလမ်းငါးမျိုးနဲ့ လက်ရှိအခြေအနေထဲမှာတင် ကိုယ့်ဒူးကိုယ်ချွန်ပြီးပြောင်းလဲနိုင်ကြောင်း တိုက်တွန်းအကြံပြုလိုက်ပါတယ် ။
: Contributor - S.S., Reference - Education and Teaching Methods, Reference - Students (educationmyanmar.blogspot.comမှကူးယူဖော်ပြပါသည်)

သိထားသင့်သော သမိုင်းအကြောင်း
ကျနော်တို့ ငယ်ငယ်တုန်းကစလို့ အခုအချိန်အထိ သတင်းမှားများ၊ သတင်းထိန်ချန်ခြင်းများနှင့် နေထိုင်ကြီးပြင်းလာခဲ့ကြရသည်။ အခုကာလကတော့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ဒီမိုကရေစီ စကားလုံးက ထိပ်ဆုံးမှာ နေရာယူထားသည်။ ဒီမိုကရေစီခေတ်ကို သွားကြမည်။ ထို့ကြောင့် ဒီမိုကရေစီနှင့် ပတ်သက်စပ်လျဉ်းသော အပြောအဆို၊ အရေးအသား၊ ကြေညာချက်များ၊ လုပ်ဆောင်ချက်များ ဆတက်ထမ်းပိုး တိုးတက်များပြားလာနေသည်ကိုလည်း တွေ့နိုင်သည်။ ဒါကတော့ ကောင်းသည့်အချက် ဖြစ်သည်။ သို့သော် ထိုကောင်းသည့် အချက်များထဲတွင် သတင်းမှားများ၊ ထိန်ချန်မှုများ ပါနေသည်။
နိုင်ငံရေးဖြစ်စဉ်တွေကို မပြောမီ ငယ်ငယ်တုန်းက နေ့တဓူဝ ကြားသိနေခဲ့ရပုံများကို ပြောလိုသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၃ဝ ကျော်တုန်းက ရပ်ကွပ်ထဲတွင် လူကြီးတဦးက ကျနော်တို့ကလေးများကို ပြောဖူးတာတခု အမှတ်ရသည်။ ဇာတ်လမ်းက ဒီလို။
ထိုင်းနိုင်ငံတွင် ထိုင်းအမျိုးသမီးတဦးနှင့် အိမ်ထောင်ကျနေသော မြန်မာအမျိုးသားတဦးသည် တက္ကစီမောင်း၍ အသက်မွေးသည်။ သူ့တက္ကစီကား ရှေ့မှန်တွင် မြန်မာဘာသာစကားဖြင့် 'အောင်ဇေယျ' ဟု သင်္ဘောဆေးဖြင့် ရေးထားသည်ဟု ဆိုသည်။ ဤသို့ ရေးထားခြင်း၌ အကြောင်းကတော့ မော်တော်ပီကယ် (ယာဉ်ထိန်းရဲ) များ ပိုက်ဆံတောင်းခြင်းမှ လွတ်ကင်းရန်ဟု ဆိုပြန်သည်။
ထိုသူ၌ တက္ကစီကို ပိုက်ဆံတောင်းရန်တားသော မော်တော်ပီကယ်သည် မှန်ပေါ်တွင် ရေးထားသော 'အောင်ဇေယျ' ဟူသော မြန်မာစာလုံးကို တွေ့တွေ့ချင်း အတော်လေးဖြုံသွားသည်ဟု ဆိုပြန်သည်။ ထို့အတွက် ပိုက်ဆံမတောင်းတော့ဘဲ လွှတ်လိုက်ရသည်ဟု ပြောသည်။ ဘာဖြစ်လို့လဲဆိုတော့ အလောင်းဘုရားဟု မြန်မာသမိုင်းတွင် ထင်ရှားသော ရှင်ဘုရင် ဦးအောင်ဇေယျကို ထိုင်းပုလိပ်များ သိပ်ကြောက်သောကြောင့်ဟု ဆိုသည်။ ဦးအောင်ဇေယျကို ကြောက်ရသော အကြောင်းက အယုဒ္ဓယမြို့တော်ကို တိုက်ခိုက်ဖျက်ဆီး အောင်နိုင်သောကြောင့်ဟု ရှင်းပြသည်။
ကျနော်တို့ ကလေးများကတော့ ဇာတိမာန်များကြောင့် ဝမ်းသာလိုက်သည့်ဖြစ်ခြင်း။ ယိုးဒယားတွေ၊ ထိုင်းလူမျိုးတွေက မြန်မာလူမျိုးတွေကို အခုအထိ ကြောက်ကြရတယ်ပေါ့။ ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူး ဆိုတာကိုတော့ ငယ်စဉ်အချိန်က ခွဲခြမ်းစိတ်ဖြာခြင်း မပြုနိုင်ခဲ့ပါ။ ထိုင်းပုလိပ်တွေဟာ မြန်မာဘာသာဖြင့် ရေးထားသော ကားမှန်ပေါ်က 'အောင်ဇေယျ' ဆိုသည့် စကားလုံးကို ဖတ်တတ်သလား၊ မဖတ်တတ်ဘူးလား ဆိုတာလည်း ဂရုမစိုက်မိခဲ့။
အခုလက်တွေ့ဘဝ ထိုင်းနိုင်ငံမှာ နေလာတာ နှစ်ပေါင်းများစွာ ရှိပါပြီ။ အကယ်၍ မြန်မာလူမျိုး တက္ကစီသမားတဦးက ထိုင်းမြေကြီးပေါ်မှာ အဲသလိုလုပ်ရင် ထိုင်းပုလိပ်တွေက အောင်ဇေယျဆိုတဲ့ နာမည်ကို ကြောက်မလား၊ မကြောက်လား ဆိုတာတော့ အခုလက်ရှိ ထိုင်းနိုင်ငံတွင် နေထိုင်နေသော မြန်မာပြည်သား အားလုံးအသိပင်။ ထိုသတင်းမှားကို ကျနော်တို့ ကလေးများက ဝမ်းသာအားရ ရှိခဲ့ဖူးသည်။ ယုံလည်း ယုံကြည်ခဲ့ကြသည်။ ထိုင်းဆိုတာ ငယ်နိုင်ပါဆိုသည့် အတွေးကြောင့် ဆိုရင်လည်း မမှား။ ကျနော်တို့ သမိုင်းစာအုပ်များကလည်း ထိုင်းနိုင်ငံကို ရှေးတုန်းက ဘယ်လိုဘယ်ပုံ အကြိမ်ကြိမ် အောင်မြင်ခဲ့တယ်လို့ ကလေးတွေကို ကျောင်းမှာ သင်ထားတာကလည်း တဖက်မှာ ရှိနေတာကိုး။ ဒါကို အမှီပြုပြီး မာန်တက်ခဲ့ကြတယ်ဆိုလည်း မမှားပါ။ ဒါ့ကြောင့် ကျနော်တို့ကလေးဘဝက မြန်မာတွေဆိုရင် ထိုင်းတွေက ထိုင်းမြေကြီးပေါ်မှာတောင် ကြောက်ကြရတယ်ဆိုတာကို ဖြစ်နိုင်မဖြစ်နိုင် မစဉ်းစားဖူးခဲ့။ မာန်တွေ တက်ချက်ကတော့ အဲသလို။ သတင်းမှားတွေကို ရိုက်သွင်းခံခဲ့ရတဲ့ အကျိုးဆက်လို့ ဆိုနိုင်သည်။ ယိုးဒယားကို ဘယ်အချိန် တက်သိမ်းသိမ်း ရသည်ဟူသော အစွဲက မြန်မာဗိုလ်ချုပ်တွေကို အသာထား မြန်မာအရပ်သူ အရပ်သားများ အကြားတွင်တောင် ရှိခဲ့သည်။
နောက်ဇာတ်လမ်းတခုကတော့ မြန်မာဘုရင်တွေ အာသံတို့၊ မဏိပူရတို့ကို မကြာခဏ စစ်နိုင်လေ့ရှိခဲ့သည့် သမိုင်းကြောင်း ဖြစ်သည်။ မြန်မာဘုရင်တွေ စစ်နိုင်တော့ သူတို့အလိုကျ ဘုန်းဘယ်လောက်ကြီးကြောင်း တင်ပြဖို့ နန်းတော်တွင်းက ပညာရှိ စာရေးဆရာများက အာသံနိုင်မော်ကွန်း၊ မဏိပူနိုင်မော်ကွန်းတွေ ရေးသားပြီး ဘုရင်တွေကို ဆက်သရသည်။ ထိုစဉ်က ဘုရင်ပိုင် သတင်းစာတွေ၊ ဂျာနယ်တွေ မရှိသေးတာ တော်တော့သည်။ သို့မဟုတ်ပါက ဘယ်လောက်များ ဖောင်းဖောင်းမြည်အောင် ရေးကြဦးမလဲ မသိ။
၁၉၉၆ ခုနှစ် ဆောင်းတွင်းကာလတခုမှာ ကျနော် မဏိပူရပြည်နယ် အင်ဖားမြို့တွင် ခေတ္တနေထိုင်ခဲ့ဖူးသည်။ ရံဖန်ရံခါ အင်ဖားတက္ကသိုလ် မော်ကွန်းထိန်း ပါမောက္ခနှင့် စကားလက်ဆုံ ပြောဖြစ်သည်။ တကြိမ်တွင် ကျနော်က သူ့ကို မေးသည်။ အခုလက်ရှိ မဏိပူရပြည်နယ်တွင် ကသည်းလူမျိုး (မဏီပူရီ) လူဦးရေ ဘယ်လောက်ရှိသလဲဟု ဖြစ်သည်။ ပါမောက္ခကြီးက လက်ရှိတွင် ၂ သန်းစွန်းစွန်းခန့် ရှိသည်ဟု တွက်ပြသည်။ ထို့ကြောင့် မြန်မာဘုရင်များ လက်စွမ်းပြခဲ့သော လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝဝ-၃ဝဝ လောက်တုန်းက မဏိပူရ မြို့ပြနိုင်ငံငယ်လေးမှာ အလွန်ဆုံးရှိလှ လူဦးရေ ၁ သိန်း၊ ၂ သိန်းခန့်သာ ရှိနိုင်သည်ဟုသာ အကြမ်းဖျဉ်းသဘော စဉ်းစားမိသည်။ ထိုလူဦးရေတွင် အမျိုးသမီး၊ ကလေးနှင့် သက်ကြီးရွယ်အိုများကို ဖယ်လိုက်ပါက စစ်တိုက်နိုင်သော၊ စစ်သားလုပ်နိုင်သော လူဦးရေသည် ဘယ်လောက်ရှိမည်နည်း။ ဝိုင်း၍သာ စဉ်းစားကြပါကုန်။
ကိုယ့်ထက် လူဦးရေ အဆမတန်နည်းသော နိုင်ငံငယ်တခုကို စစ်နိုင်တာ တကယ်တမ်းမှာ မာန်မတက်ထိုက်ဟု မြင်မိသည်။ သို့သော် ကျနော်တို့ သိခဲ့ကြားခဲ့၊ သင်ခဲ့ရသည်မှာ မြန်မာဘုရင်များသည် ဘုန်းလက်ရုံး ကြီးမားသောကြောင့် မင်းပေါင်းစုံက လေးစားခန့်ငြားရသည်ဆိုသည့် သတင်း အင်ဖော်မေးရှင်းသာ ဖြစ်သည်။ သို့သော် သမိုင်းတွင် မြန်မာဘုရင်များသည် ကိုယ့်ထက်အင်အားကြီးသော မဂိုအင်ပိုင်ယာထဲက မြို့ကြီးကြီး တမြို့ကိုတောင်မှ မသိမ်းနိုင်ခဲ့ပါ။ အလားတူ တရုတ်နိုင်ငံ မဟာတံတိုင်းကြီး အခြေထိရောက်အောင်ပင် စစ်မချီတက်နိုင်ခဲ့ပါ။ တရုတ်ဘုရင် အဆက်ဆက်က မြန်မာပြည်ကို သူတို့၏ ဘဏ္ဍာဆက် နယ်မြေတခု အဖြစ်သာ အသိအမှတ်ပြုသည်။
ယိုးဒယားကို နိုင်သည်။ အာသံ၊ မဏိပူရကို နိုင်သည်။ ရခိုင်ကို နိုင်သည်။ မွန်ကို နိုင်သည်။ ရှမ်းစော်ဘွားတွေကို နိုင်သည်။ လာအို (လင်းဇင်း) ကိုလည်း နိုင်သည်။ ဘာကြောင့် နိုင်သလဲဆိုတော့ တုတ်ခေတ်၊ ဓားခေတ်၊ လှံခေတ်မှာ ကိုယ့်ထက် အင်အားနည်းသောကြောင့် (သို့) အင်အားနည်းနေသော အခါတွင်မှသာ နိုင်ခြင်းဖြစ်သည်။ ကိုယ့်ထက် အင်အားကြီးသော၊ စစ်တိုက်တတ်သော မွန်ဂိုတာတာတွေ ဝင်လာတော့ ပုဂံပြည်ကြီး ပျက်ရတာကို သင်ခန်းစာယူဖို့ မေ့နေတတ်သည်။ ထိုသို့သော သတင်း အင်ဖော်မေးရှင်းကျတော့ မှိန်ထားလိုက်သည်။ ရှေုးဘုရင်တွေရဲ့ ဘုန်းလက်ရုံး အိပ်မက်ထဲမှာ နေနေရင်း၊ နောက်ဆုံး အင်္ဂလိပ်ဝင်လာတော့ တပြည်လုံး သူတပါး လက်အောက်မှာ ကိုလိုနီ ဖြစ်ခဲ့ရသည် မဟုတ်လော။ သို့သော် မာန်ကတော့ မလျှော့သေး။
မလျှော့သေးတဲ့ အကြောင်းကို ဖက်ဆစ်ဂျပန် တော်လှန်ရေး သမိုင်းကြောင်းတွင် တွေ့ရပြန်သည်။ ဖက်ဆစ်ဂျပန်များကို စွမ်းစွမ်းတမံ တွန်းလှန်ခဲ့သူတို့မှာ ရဲဘော်သုံးကျိပ် ဦးဆောင်သော ဗမာ့ကာကွယ်ရေး တပ်မတော်သာ ဖြစ်သည်ဟု ဗိုလ်ချုပ်နေဝင်းက သမိုင်းသတင်းကို အတင်းအဓမ္မ ရေးစေခဲ့သည်။ အခြား အရေးပါသော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို သမိုင်းတင်ခွင့်မပေးဘဲ ထိမ်ချန်ခဲ့သည်။ မြန်မာသမိုင်းပညာရှင်များမှာ သမိုင်းကို သမိုင်းလို လွတ်လွတ်လပ်လပ် တင်ပြရေးသား ထုတ်ဖော်ခွင့် မရခဲ့။ မရခဲ့သည်မှာ လွတ်လပ်ရေး ရကတည်းက အခုအထိပင်။ လက်ဝဲအုပ်စုကလည်း ဖက်ဆစ်ဂျပန် တော်လှန်ရေးတွင် နိုင်ငံရေးအရ သူတို့ကသာ ဦးဆောင်ခဲ့သည်ဟု ဆိုကြသည်။ သို့သော် မြန်မာခေါင်းဆောင် အတော်များများသည် မိမိနှင့်မတည့်သူ အပါအဝင် အခြားပါဝင်ခဲ့သည့် ဇာတ်ကောင်များ၏ ကဏ္ဍကို ချန်လှပ်ထားလေ့ရှိသည်။ သမိုင်းအရ သတင်းမှောင်ချထားသည့် သဘောမျိုးဟု ဆိုနိုင်သည်။
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်လွတ်မြောက်ရေးမှာပါဝင်ခဲ့တဲ့ ကရင်တော်လှန်ရေးသမားများ
စစ်သုံးပန်းများအဖြစ်သေမင်းတမန် ကိုပို့ခံခဲ့ရသလားတော့မသိဘူး။ သူတို့သမိုင်းတွေ ကျနော်တို့ဖော်ထုတ်ဖို့လိုတယ်။
နောက်တချက်ကလည်း သမိုင်းပညာရှင်များ၊ စာရေးဆရာများအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းက ရဲဘော်သုံးကျိပ်ကို ဦးဆောင်ခဲ့ပြီး ဗမာ့တပ်မတော်ကို တည်ထောင်ခဲ့သောကြောင့် ဗိုလ်နေဝင်းကို ဝေဖန်ချင်တာပင် ဗိုလ်နေဝင်းလည်း ရဲဘော်သုံးကျိပ်ဝင်ဖြစ်နေတော့ ဗိုလ်ချုပ်အောင်ဆန်းကို အားနာပြီး ရဲဘော်သုံးကျိပ် အားနည်းခဲ့တာတွေအပေါ် ပြောမထွက်တာတွေ အများကြီး ရှိခဲ့ပုံရသည်။ အမျိုးသား ဇာတိမာန် ထိခိုက်မည်ကိုလည်း စိုးရိမ်ဟန် ရှိကောင်းရှိနိုင်သည်။ ဇာတိမာန်ဆိုတာ လူမျိုးတိုင်း၌ ရှိသည်။ ရှိလည်း ရှိသင့်သည်။ သို့သော် မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကနေသာ တည်ရှိသင့်သည်။ ဇာတိမာန်ဆိုသည်မှာ အနာစိမ်းကို လက်သည်းနှင့်ဆိတ်သလို ဆိတ်နေဖို့ မလိုပါ။
ဂျပန်တွေ မြန်မာပြည်ကို ထိုင်းနိုင်ငံမှတဆင့် ဝင်လာတော့ ဂျပန်တပ်အင်အား ၃ သိန်းကျော် ရှိသည်။ အင်္ဂလိပ်တွေ အိန္ဒိယကို ဆုတ်ပြေးရသည်။ ဂျပန်တို့ရဲ့ စစ်နောက်ကျောပိုင်းကို ဝင်ရောက်တိုက်ခိုက်သော ဗိုလ်မှူးချုပ်ဝင်းဂိတ်၏ ချင်းဒစ် (ခြင်္သေ့) ကွန်မင်ဒို ပြောက်ကျားတပ်များ၏ အခန်းကဏ္ဍကို မြန်မာကျောင်းသားတို့ လေ့လာခွင့်၊ သိခွင့်မရခဲ့။ မဟာမိတ် တပ်ပေါင်းစုက လေကြောင်းချီတပ်များ၊ အမြောက်တပ်များ၊ သံချပ်ကာတပ်များ အလုံးအရင်းဖြင့် ဂျပန်တွေကို တိုက်ခဲ့တာ မြန်မာကျောင်းသားတို့ မသင်ခဲ့ရ၊ မသိခဲ့ရ။ မဟာမိတ် တပ်ပေါင်းစု၏ တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရသော မြန်မာပြည် စစ်မျက်နှာရှိ ဂျပန်စစ်သား အရေအတွက်သည် ၁ သိန်း ၈ သောင်းကျော် ရှိသည်ဟု မဟာမိတ် စစ်မှတ်တမ်းများက ဆိုထားသည်။ သို့သော် ထိုအချက်ကို မြန်မာကျောင်းသားတို့ မသင်ခဲ့ရ။
ဒုတိယကမ္ဘာစစ်ကာလ မဟာမိတ်တပ်ဖွဲ့များ၏ တိုက်ပွဲ
ဗိုလ်နေဝင်းလက်ထက် ကျောင်းသင်ခန်းစာများတွင် ဗိုလ်မှူးကြီးဗထူး တဦးကိုသာ ဂျပန်ကို စောစီးစွာ တော်လှန်သူအဖြစ် ကျောင်းသားများကို သင်ကြားစေခဲ့သည်။ ဂျပန်ကို စောစီးစွာ တော်လှန်ခဲ့သော ရခိုင်တော်လှန်ရေးသမားများအကြောင်း ကျနော်တို့ ကျောင်းတွင် မသင်ခဲ့ရ။ ဂျပန်တို့၏ စစ်နောက်ကျောပိုင်းကို ချင်းတပ်များနှင့်အတူ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သော ကချင်၊ ချင်း၊ ကရင်၊ ဂေါ်ရခါး၊ မြန်မာ အစရှိသော စစ်သားများအကြောင်း မသင်ခဲ့ရ။ စစ်တောင်းမြစ်ဝှမ်း တလျှောက်တွင် ကရင်ပြောက်ကျားများ၏ တိုက်ခိုက်မှုကြောင့် ဂျပန်စစ်သား ၂ သောင်းကျော် ချေမှုန်းခံရသည်ကို မြန်မာကျောင်းသားတို့ ကျောင်းတွင် မသင်ခဲ့ရ။ အကြောင်းကတော့ ထိုသူများမှာ ရဲဘော်သုံးကျိပ်၏ ခေါင်းဆောင်မှုအောက်မှာ မရှိခဲ့သောကြောင့်ဟု မှတ်ချက်ချနိုင်သည်။
ဂျပန်စစ်မှတ်တမ်းများအရ ရောဂါဘယကြောင့် သေဆုံးခဲ့သော ဂျပန်စစ်သား အရေအတွက်မှာ ၄ သောင်းကျော်၊ ၅ သောင်းနီးပါး ရှိသည်ဟု သိရသည်။ ဗမာ့တပ်မတော်က ဂျပန်ကို တော်လှန်ခဲ့သည်မှာ ၁၉၄၅ မတ်လ ၂၇ ရက်နေ့ ဖြစ်သည်။ မတ်လ ၂ဝ ရက်နေ့တွင် အထက်ဘက်မှ တိုက်ခိုက်၍ စုံဆင်းလာသော မဟာမိတ်တပ်များက မန္တလေးကို သိမ်းထားနှင့်ပြီး ဖြစ်သည်။ မြန်မာပြည် စစ်မျက်နှာတွင် တာဝန်ထမ်းဆောင်ခဲ့သော ဂျပန်စစ်သား ၃ သိန်းတွင် ၅ သောင်းခန့်သာ အသက်ရှင်၍ ဂျပန်ပြည်သို့ ပြန်ရောက်ခဲ့သည်။
ရဲဘော်သုံးကျိပ် ဦးဆောင်သော ဂျပန်တော်လှန်ရေးကိုသာ ကျောင်းများတွင် သင်စေသည်က သမိုင်းဖြစ်စဉ်အတွင်း သတင်း အင်ဖော်မေးရှင်းကို လိုသလို ပုံသွင်းယူခြင်းသာ ဖြစ်သည်။ ရဲဘော်သုံးကျိပ်ကို အပြစ်တင်နေသည် မဟုတ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ် ဦးဆောင်သော ဗမာ့တပ်မတော်လည်း သူ့ထောင့်သူ့နေရာက သမိုင်းပေး တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည်။ အုပ်ချုပ်သူ အဆက်ဆက်၌ သမိုင်းကို မျှော့ကြိုးတချောင်းကဲ့သို့ အသုံးချခဲ့ခြင်းကို ဆိုလိုရင်းဖြစ်သည်။
ငါတို့တပ်က မဟုတ်ရင်၊ ငါတို့ပါတီက မဟုတ်ရင်၊ ငါတို့သမဂ္ဂက မဟုတ်ရင်၊ ငါတို့အဖွဲ့အစည်းက မဟုတ်ရင် အဖြစ်အပျက်တွေ သမိုင်းကြောင်းတွေ မှန်နေသော်လည်း မှိန်ထားလိုက်၊ လူအသိမခံစေနဲ့ဆိုတဲ့ စိတ်ဓာတ်မျိုးဟာ အခုအထိ အားကောင်းပြီး နေရာအတော်များများမှာ တွေ့နေရသေးသည်။ လူထုကို ပညာပေးနေတဲ့ စာပေနဲ့ မီဒီယာ အသိုင်းအဝိုင်းမှာတောင် ရှိနေသေးတာလည်း တွေ့မြင်နေရသည်။
တပ်က လူအချင်းချင်းသည်ပင်လျှင် အုပ်စုကွဲလာပါက သမိုင်းမှာ ဖျောက်ဖျက်ခံရသည်။ ဗိုလ်ချုပ်အောင်ဆန်းပုံတွေ ငွေစက္ကူပေါ်မှာ မရှိတော့။ ဗိုလ်ချုပ်ကြီးတင်ဦး (အန်အယ်ဒီ ဒုဥက္ကဋ္ဌ) နှင့် ဗိုလ်ချုပ်မှူးကြီး စောမောင်တို့၏ ဓာတ်ပုံများ တပ်မတော်ပြခန်းမှာ ချိတ်မထားတော့။ နိုင်ငံရေး အဖွဲ့အစည်းအချို့တွင်လည်း ဤနည်းနှင်နှင်ပင်။ အကြောင်းကြောင်းကြောင့် အဖွဲ့အစည်းတွင် မရှိတော့သည့် (သို့) နုတ်ထွက်သွားသည့် ခေါင်းဆောင် အချို့၏ ဓာတ်ပုံများ၊ မှတ်တမ်းများကို ဝဘ်ဆိုဒ်များတွင် ထည့်သွင်းထားခြင်း မရှိသည်ဘဲ ထိန်ချန်ထားသည်ကိုလည်း ဝမ်းနည်းဖွယ်ရာ တွေ့ရသည်။ လုပ်ပိုင်ခွင့် ရှိသူများက သမိုင်းကို လိုသလို ရေးနေကြသည့် သဘောပင်။
လက်ရှိကာလမှာလည်း ပြည်တွင်းထုတ် ဂျာနယ်အချို့သည် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၂ဝ၁ဝ ရွေးကောက်ပွဲ အစရှိသည်တို့အတွက် သတင်းမှားများကို အာဏာရှင်များအကြိုက် ပါးပါးနပ်နပ် တင်နေကြသည်။ အကျိုးစီးပွားတခုအတွက် ကိုယ်ဖြစ်စေချင်သည့် လိုင်းများကို လူထုအကြား ချပြနေသည်။ ဒီမိုကရေစီတန်ဖိုးနှင့် ဒီမိုကရေစီ ခရီးရှည်အတွက် ဆောင်ရွက်ရမည့် ကိစ္စများကို မှန်မှန်ကန်ကန် မတင်ပြဘဲ မျှော့ကြိုးကဲ့သို့ အသုံးချနေသည်။ စစ်တပ်အုပ်ချုပ်မှုအောက်တွင် လွတ်လွတ်လပ်လပ် ရေးခွင့်မတာကြောင့် စာစောင်ဂျာနယ် အများစုဟာ ဥာဏ်ကိုလွှာပြီး လူထုကို တင်ပြနေရသည်။ သို့သော် ရှေးမြန်မာဘုရင်များ၏ ဘုန်းတော်ဘွဲ့နှင့် မော်ကွန်းများကို ရေးသားသကဲ့သို့ အာဏာရှင်တို့ဘက်ကို လိုက်၍ ရေးသားနေသည့် စာပေသမား၊ ဂျာနယ်သမား အချို့ကိုလည်း ထင်ထင်ရှားရှား တွေ့နေရသည်။
မျိုးဆက်သစ်များသည် တိုင်းပြည်၏ အနာဂတ်အတွက် အရေးကြီးသည်ဟု ရှုမြင်ပါက အမြင်ကျယ်သော၊ တန်ဖိုးမြင့်သော မျိုးဆက်သစ်များ တိုးပွားလာရန်အတွက် လူ့အဖွဲ့အစည်းအတွင်း သတင်းမှားများ၊ သတင်းထိန်ချန်ခြင်းများ ပြုလုပ်နေခြင်းကို ရပ်ဆိုင်းကြပါလို့ တိုက်တွန်းလိုက်သည်။

Subscribe to:
Posts (Atom)