Thursday, January 7, 2010

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ကွယ်လွန်သွားပြီဖြစ်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ

၁၉၉၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှ ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပြီး ယခုအခါကွယ်လွန်သွား ကြပြီးဖြစ်သည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ

)# ) 2 1 81 =1 >1

မြတ်လေးငုံ ဘလော့မှ ကူးယူဖော်ပြပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအကျဉ်း





၁၉၄၂ စက်တင်ဘာ ၆ - မြန်မာ့ လွတ်မြောက်ရေးတပ်မတော်ဦးစီးချုပ် ဗိုလ်ချုပ်အောင်ဆန်းနှ င့် ရန်ကုန်ဆေးရုံကြီးမှ အထက်တန်းသူနာပြု ဒေါ် ခင်ကြည်တို့ လက်ထပ်ထိမ်းမြားသည်။

ကာလကာလကာလကာလ ဖြစ်စဉ်ဖြစ်စဉ်ဖြစ်စဉ်ဖြစ်စဉ်
၁၉၄၅ ဇွန် ၁၉ မြန်မာနိုင်ငံ မြို့တော်ရန်ကုန်တွင် ဘခင် ဗိုလ်ချုပ် အောင်ဆန်း(၁၉၄၇ ဇူလိုင် ၁၉ ရက်နေ့၌ လုပ်ကြံ ခံ ရ သူ)နှ င့် မိခင်ဒေါ်ခင်ကြည်တို့ မှ မွေးဖွားလာခဲ့ ၏။ တတိယမြောက်ရင်သွေးဖြစ်သည်။
၁၉၄၇ ဇူလိုင် ၁၉ ဘခင်ဗိုလ်ချုပ်အောင်ဆန်းနှ င့် တကွဝန်ကြီ်းချုပ် ၆ ဦး လုပ်ကြံ ခံ ရသောနေ့ကို အာဇာနည်နေ့အဖြစ်သတ် မှ တ်ခဲ့ ကြသည်။
၁၉၆၀ ဒေါ်ခင်ကြည် အိန္ဒိယသံ အမတ်ကြီးအဖြစ်ခန့်အပ်ခံ ရ သဖြင့် မိခင်နှ င့် အတူဒေလီမြို့သို့လိုက်ပါနေထိုင်ခဲ့ ၏။
၁၉၆၀-၆၁ နယူးဒေလီမြို့မေရီခရိယန်ကျောင်းတွင်ပညာသင် ကြားခဲ့ သည်။။
၁၉၆၂-၆၃ နယူးဒေလီအမျိုးသမီးဆုဒီလန်ခရေးကြီးတက္ကသိုလ် တွင်နိုင်ငံ ရေးသိပ္ပံ ပညာကိုသင်ယူခဲ့ သည်။ ၁၉၆၄-၆၇ ၀ိဇ္ဇာဘွဲ့ကို ဒဿနိက၊ နိုင်ငံ ရေးသိပ္ပံ ၊ စီးပွါးရေးပညာ ရပ်တို့ဖြင့် အော့ စ်ဖို့ဒ်တက္ကသိုလ် စိန့်ဟူးကောလိပ်မှ ရ ရှိ ခဲ့ ၏။
၁၉၆၈ လန်ဒန်တက္ကသိုလ် အာရှ အရှေ့  ပိုင်း အာဖရိကသုတေ သနဌာနတွင် နိုင်ငံ ရေးဆိုင်ရာပညာရပ်များကို ကူညီ သင်ကြားပေးခဲ့ သည်
၁၉၆၉-၁၉၇၁ နယူးရော့ ခ်မြို့ရှိ ကုလသမဂ္ဂအတွင်းဝန်များရုံး၏ အုပ် ချုပ်မှုနှ င့် ဘတ်ချက်မေးခွန်းများဆိုင်ရာ အကြံ ပေး ကော်မီတီတွင်လက်ထောက်အတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်၏။
၁၉၇၂ ဘူတန်နိုင်ငံ နိုင်ငံ ခြားရေးဝန်ကြီးဌာနတွင် သုတေသ နအရာရှိ အဖြစ် တာဝန်ထမ်းဆောင်၏။
ဗြိတိသျှပညာ ရှ င် ဒေါက်တာ မိုက်ကယ်အဲရစ်နှ င့် ထိမ်းမြားခဲ့ ၏။
၁၉၇၃ သားကြီး အလက္ဇန္ဒားကို လန်ဒန်တွင်ဖွားမြင်။
၁၉၇၅-၇၇ အော့ စ်ဖို့ဒ်တက္ကသိုလ် ဒါး ဂါးဒီယန်းစာကြည့် တိုက် တွင် တာဝန်ခံ အဖြစ်ထမ်းဆောင်ခဲ့ သည်။ ၁၉၇၇ သားငယ် ကင်း ကို အောက်စဖို့ဒ် ၌မွေးဖွား။
၁၉၈၅-၁၉၈၆ ဂျပန်ကျိုတိုတက္ကသိုလ် အရှေ့ တောင်အာရှ လေ့ လာ ခြင်း စဲန်တာတွင် ဧည့် ပညာရှ င်အဖြစ် ဆည်းပူး။
၁၉၈၇ အိန္ဒိယ ဆင်မလာရှိ အဆင့် မြင့် လေ့ လာရေး အိန္ဒိယ တက္ကသိုလ်တွင် ပညာသင်အဖြစ်တက်ရောက်။ မတ် ၁၉၈၈ ရန်ကုန်တွင် ကန့်ကွက်ဆန္ဒပြမှုများဖြစ်ပွားနေစဉ် ကျန်းမာရေးမကောင်းသောမိခင်ကြီးအားပြုစုရန် မြန် မာနိုင်ငံ သို့ပြန်။
ဇွန် ၂၃ ၁၉၈၈ ၂၆ နှ စ်ကြာပြီးနောက် မြန်မာ့ ဆိုရှ ယ်လစ်လမ်းစဉ်ပါ တီ၏ဥက္ကဌအဖြစ်မှ ဗိုလ်နေ၀င်းနှုတ်ထွက်လိုက်ရခြင်း သည် ဒီမိုကရေစီရေးလှုပ်ရှားမှုအတွက် ခလုတ်နှိပ် ပေးလိုက်ခြင်းဖြစ်၏။ သြဂုတ် ၈ ၁၉၈၈ ထင်ရှားသော ရှ စ်လေးလုံးလူထုအရေးတော်ပုံ ကြီး စတင်ပေါ်ပေါက်လာကာ
တနိုင်ငံ လုံးသို့ပြန့်နှံ့ သွား လျက် မဆလ အစိုးရကိုဆန့်ကျင်ရန် သန်းပေါင်းများ စွာကိုဆွဲဆောင်လိုက်
နောက်တက်လာသောစစ်အစိုးရက ယင်းကိုဖြိုခွဲ၍လူ ထောင်ပေါင်းများစွာကိုသတ်ပစ်လိုက်၏။
သြဂုတ် ၁၅ ၁၉၈၈မြန်မာနိုင်ငံ ဒီမိုကရေစီအရေးတော်ပုံ ကြီးအတွင်း ’ပြည်သူ့အတိုင်ပင်ခံ ကော်မီတီ'ဖွဲ့စည်းရန် အကြံ ပြုခဲ့ ။
သြဂုတ်လ ၂၆ ၁၉၈၈ ကျော်ကြားသောရွှေတိဂုံဘုရားအနောက် ဘက် မုခ်၌ သန်းတ၀က်ခန့်လူထုအစည်းအဝေးတွင် မိန့် ခွန်းပြောကြားကာ ဒီမိုကရေစီအစိုးရထူထောင် ရန် တောင်းဆိုခဲ့ ။ စက်တင်ဘာ ၁၈ ၁၉၈၈ စစ်တပ်သည် ယင်း၏အာဏာကိုပြန်လည် တည်ဆောက်ပြီးနိုင်ငံ တော်ငြိမ်ဝပ်ပိပြားရေးနှ င့် တရားဥပဒေစိုးမိုးရေးကောင်စီကိုဖွဲ့စည်းလိုက်၏။ စစ်တပ်သည် လူရာပေါင်းများစွာကို အင်အားသုံး သတ်ဖြတ်လျက် ဒီမိုကရေစီလှုပ်ရှားမှုကို ထပ်မံ နှိမ် နင်း၏။
စက်တင်ဘာ ၂၄ ၁၉၈၈ ဒေါ်အောင်ဆန်းစုကြည်အထွေထွေအ တွင်းရေးမှူးအဖြစ်တာဝန်ယူလျက်အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်NLDကိုတည်ထောင်လိုက်၏။
ဒီဇင်ဘာ ၂၇ ၁၉၈၈ မိခင် ဒေါ်ခင်ကြည် ကွယ်လွန်၏။ ဈာပနအ ခမ်းအနားသည်ဒီမိုကရေစီထောက်ခံ သူအများစုကိုဆွဲဆောင်လျက် စစ်အစိုးရကိုဆန့်ကျင်သော ငြိမ်းချမ်း စွာဆန္ဒပြသည့် အသွင်ပေါ်လွင်သွားခဲ့ ၏။ ဇူလိုင် ၁၉၈၈ - အောက်တိုဘာ ၁၉၈၉ ရန်ကုန်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်၊ ပခုက္ကူ၊ တောင်ကြီး၊ ကျောက်ပန်းတောင်း၊ မုံ ရွာ၊ မြင်းမူ၊ မြစ်ကြီးနား စသည်တို့တွင် တက်ကြွစွာပြုလုပ် သော စည်းရံးလှုပ်ရှားမှုများ၌ NLD၏ခေါင်းဆောင်
အနေနှ င့် ရာပေါင်းများစွာသောလူထုဟောပြောပွဲများမှာ မိန့်ခွန်းပြောကြားခဲ့ ။
ဧပြီ ၅ ၁၉၈၉ မြစ်ဝကျွန်းပေါ်ဧရာဝတီတိုင်းစည်းရုံးရေးဆင်းစဉ် စစ် တပ်မှ သူမအား သေနတ်နှ င့် ချိန်ရွယ်သည်ကို မ ကြောက်မရွံ့  ထိပ်တိုက်ရင်ဆိုင်ခဲ့ ၏။
ဇွန် ၂၁ ၁၉၈၉ ၁၉၈၈ လူထုအရေးတော်ပုံ ကြီးတွင်ကျဆုံးသွားသူ များအတွက်အမှ တ်တရအထိမ်းအမှ တ်အခမ်းအနားကို တက်ရောက်ခဲ့ ၏။ ယင်းအခမ်းအနားအတွက် စစ် တပ်မှ ကျောင်းသားများစွာကိုဖမ်းဆီးထိန်းသိမ်းခဲ့ ၏။
ဇူလိုင် ၁၉ ၁၉၈၉ န၀တ မှ စစ်တပ်အင်အားများစွာတိုးချထားခြင်းအား ထိပ်တိုက်ရင်ဆိုင်တွေ့မည်ကို
ရှောင်ရှားနိုင်ရန် စီစဉ် ထားသည့် အာဇာနည်နေ့ နှ စ်ပတ်လည်အခမ်းအနား များကို ဖျက်သိမ်းလိုက်၏။
ဇူလိုင် ၂၀ ၁၉၈၉ စစ်အစိုးရ၏နေအိမ်အကျယ်ချုပ်ချခြင်းကိုခံ ရ၏။ သူမ ၏ နေအိမ်မှ ကျောင်းသားများကို စစ်ကြောရေးစခန်း များသို့ ခေါ်ဆောင်ထိန်းသိမ်းခြင်းကိုကန့်ကွက်သည့် အနေနှ င့် အစာငတ်ခံ ဆန္ဒပြခဲ့ ၏။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးမှ ’အပြစ်မဲ့ အကျဉ်း သား’အဖြစ် အသိအမှ တ်ပြုခဲ့ ၏။ .
မေ ၂၇ ၁၉၉၀ သူမအားဆက်လက်ထိန်းသိမ်းထားသော်လည်း NLD က တရားဝင်မဲဆန္ဒပေါင်း၏ ၈၂%ဖြင့် ရွေးကောက်ပွဲ တွင်အနိုင်ရလိုက်၏။ န၀တမှ ရွေးကောက်ပွဲရလဒ် ကို အသိအမှ တ်ပြု ရန် ပယ်ချခဲ့ ၏။ အောက်တိုဘာ ၁၂ ၁၉၉၀ နော်ဝေးနိုင်ငံ မှ ’၁၉၉၀ ရာဖ်တို လူ့အခွင့် အရေးဆု’ကို မျက်ကွယ်၌ချီးမြှ င့် လိုက်
ဒီဇင်ဘာ ၁၉ ၁၉၉၀ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ပဲရက်ဇ် ဒီကွေး လျား၏ သူမ အားလွှတ်ပေးရန် တောင်းဆိုမှုကို ”သူမအနေဖြင့် ခင်ပွန်းသည်၊ကလေး များနှ င့် အတူနေထိုင်ရန်ဆန္ဒရှိ လျှင် လူသားချင်းစာနာ ထောက်ထားသောအားဖြင့် မြန်မာနိုင်ငံ မှ ထွက်ခွါခွင့် ပြုမည်ဟု တုန့်ပြန်ခဲ့ ၏။
ဇူလိုင် ၁၀ ၁၉၉၁ ဥရောပပါလီမန်၏ လူ့အခွင့် အရေးဆုဖြစ်သော ‘ဆာ ခါ ရော့ ဗ်ဆု’ ကို မျက်ကွယ်တွင်ချီးမြှ င့် လိုက်၏။
သြဂုတ် ၁၀ ၁၉၉၁ဒေါ်စုအား ရုံးတင်စစ်ဆေးခြင်းမရှိ ပဲ ၅ နှ စ်အထိ နေအိမ်အကျယ်ချုပ်ချထားနိုင်သည့် ဥပဒေကိုပြင်ဆင် ပြဌာန်းလိုက်၏။
အောက်တိုဘာ ၁၄ ၁၉၉၁ နော်ဝေးနိုင်ငံ နိုဘယ်ဖောင်ဒေးရှ င်းမှ ‘ငြိမ်း ချမ်းရေးနိုဘယ်ဆု’ချီးမြှ င့် လိုက်၏။ အောက်တိုဘာ ၁၄ ၁၉၉၁ ဒေါ်စုရေးသားသော‘ကြောက်ရွံ့ ခြင်းမှ လွတ် ကင်းခြင်း’စာအုပ်ကိုလန်ဒန်မြို့တွင်ထုတ်ဝေ လိုက်၏။
၁၉၉၂ နိုဘယ်ဆုကရရှိ သည့် အမေရိကန်ဒေါ်လာ ၁.၃ သန်း ကိုမြန်မာနိုင်ငံ သားများ၏ပညာရေးနှ င့် ကျန်းမာရေးအတွက်အသုံးပြုရေး ဒေါ်စုက ရန်ပုံ ငွေတည်ထောင် ထားကြောင်း နိုဘယ်ဆုကော်မီတီမှ ထုတ်ဖော် ပြောကြားလိုက်၏။
ဇန္န၀ါရီ ၂၁ ၁၉၉၄ ဒေါ်စု၏နေအိမ်အကျယ်ချုပ်သက်တမ်းကို ၅ နှ စ်အ ပြင် နိုင်ငံ ခြားရေး၊ ပြည်ထဲရေးနှ င့် ကာကွယ်ရေးဝန် ကြီးများဖြင့် ဖွဲ့ထားသည့် ၃ ဦးကော်မီတီ၏ဆုံးဖြတ် ချက်ဖြင့် နောက်ထပ် ၁ နှ စ်ထပ်မံ တိုးနိုင်ကြောင်း ကြေညာ၏။
ဖေဖော်ဝါရီ ၁၄ ၁၉၉၄ ယူအဲန်ဒီပီ ဌာနေကိုယ်စားလည် ဂျဲဟန် ရာဟင်းမ်၊ အမေရိကန်လွှတ်တော်အမတ် ဘင်လ် ရစ်ချဒ်ဆဲင်နှ င့် နယူးရောက်တိုင်းမ်စ်သတင်းထောက် ဖိလစ် ရှဲ နွန်တို့ ၃ ဦး ဒေါ်စုထံ အလည်အပတ်သွား ရောက်တွေ့ဆုံ ၏။ မိသားစုပြင်ပမှ ပုဂ္ဂိုလ်များနှ င့် ပထမဦးဆုံးအကြိမ်တွေ့ဆုံ ခြင်းဖြစ်၏။ ဒေါ်စုက န၀တနှ င့် တွေ့ဆုံဆွေးနွေး ရေးကို တောင်းဆိုလိုက်၏။
စက်တင်ဘာ ၂၀ ၁၉၉၄ နေအိမ်အကျယ်ချုပ်ချထားပြီးနောက် ဒေါ် အောင်ဆန်းစုကြည်အား ဗိုလ်ချုပ်သန်းရွှေနှ င့် ဗိုလ် ချုပ်ခင်ညွန့်တို့က ပထမဆုံးအကြိမ်တွေ့ဆုံ ခဲ့ သည်။
အောက်တိုဘာ ၂၈ ၁၉၉၄ အစိုးရဧည့် ဂေဟာတွင် ဗိုလ်ချုပ်ခင်ညွန့်နှ င့် ဒေါ်စု ဒုတိယအကြိမ် တွေ့ဆုံ ခဲ့ သည်။
ဇူလိုင် ၁၀ ၁၉၉၅ နေအိမ်အကျယ်ချုပ်မှ လွတ်လာသည်။
အောက်တိုဘာ ၁၀ ၁၉၉၅ အဲန်အယ်လ်ဒီမှ ဒေါ်စုအား အထွေထွေအ တွင်းရေးမှူး အဖြစ်ပြန်လည်ခန့်အပ်သည်။
၁၉၉၆ မေ ၂၅ ပါတီစည်းရုံးရေးဆင်းစဉ် ရန်ကုန်တိုင်း ဒလမြို့သို့ အသွား လမ်းတွင် ဦးတင်ဦးနှ င့် ဒေါ်စုတို့အဖွဲ့ကို အာ ဏာပိုင်များကရှေ့ ဆက်မသွားရန်ပိတ်ဆို့တားဆီးခဲ့သည်။ ဦးတင်ဦးနှ င့် ဒေါ်စုတို့အဖွဲ့က လှ ည့် မပြန်ပဲ ရောက်ရာအရပ်၌ စတည်းချဆန္ဒပြခဲ့ သည်။
၁၉၉၉ မတ် ၂၇ ခင်ပွန်းသည် မစ္စတာ မိုက်ကယ်အဲရစ် ကင်ဆာရော ဂါဖြင့် လန်ဒန်တွင်ကွယ်လွန်သွားခဲ့ သည်။
၂၀၀၀ မတ် ၁၂ အိုင်ယာလန်နိုင်ငံ က ဒေါ်စု၏မြန်မာနိုင်ငံ အတွက် ဆောင်ရွက်ချက်များကိုအသိအမှ တ်ပြုသည့် အနေနှ င့် ဂုဏ်ထူးဆောင်ဆုအားချီးမြှ င့် ခဲ့ သည်။ ဒေါ်စုကိုယ်စား
သားငယ် ကင်းမ်အဲရစ်က ဆုကိုတက်ရောက်လက်ခံ ယူခဲ့ သည်။
၂၀၀၀ သြဂုတ် ၂၄ ရန်ကုန် ဆင်ခြေဖုံး ဒလ သို့စည်းရုံးရေးအသွားတွင် ဒေါ်စုနှ င့် အဖွဲ့ကို ရဲများကတားဆီးခဲ့ သည်။ ဒေါ်စုတို့ ကပြန်လှ ည့် မပြန်ပဲ ရောက်ရာအရပ်၌ စခန်းချနေခဲ့ ရာ ၉ ရက်မြောက်သော စက်တင်ဘာ ၂ ရက်နေ့တွင် လုံ ထိန်း ၂၀၀ ခန့်ဖြင့် အာဏာပိုင်များက ဒေါ်စုတို့ အား အဓမ္မ ပြန်လည်ပို့ဆောင်ခဲ့ သည်။ ၂၀၀၀ စက်တင်ဘာ ၃ အာဏာပိုင်များက အဖွဲ့ချုပ်ရုံးချုပ်ကို ၀င် ရောက်စီးနင်းကာစာရွက်စာတန်းများကိုသိမ်းဆည်းသွားပြီး အဖွဲ့ဝင်အများအပြားကိုလည်း ဖမ်းဆီးလိုက် သည်။ ၂၀၀၀ စက်တင်ဘာ ၁၅ ပွင့် လင်းစွာစည်းရုံးရေးအတွက် အာဏာပိုင် များ၏တားမြစ်ချက်ကိုအံ တုလျက် ရန်ကုန်မြို့ပြင်သို့ ခရီးဆက်ထွက်မည်ဟု ဒေါ်စုကကြေညာလိုက်သည်။
၂၀၀၀ စက်တင်ဘာ ၂၁ ဒုဥက္ကဌဦးတင်ဦးနှ င့် ဒေါ်စုတို့သည် အဖွဲ့ဝင် အချို့လိုက်ပါလျက်မန္တလေးတောင်မြို့သို့ခရီးထွက်ရန် ရန်ကုန်ဘူတာကြီးသို့ရောက်ရှိ ခဲ့ သည်။ ရထားပေါ်နေရာယူပြီးနောက်တွင် ရထားထွက်ချိန်၌ဒေါ်စုတို့တွဲကိုအာဏာပိုင်များကဖြုတ်ချထားခဲ့ သည်။ ၂၀၀၀ စက်တင်ဘာ ၂၃ ဒေါ်စုအပါအ၀င် အဖွဲ့ချုပ်ခေါင်းဆောင်များ မှာ နေအိမ်အသီးသီးတွင်ယာယီချုပ်ထား ခြင်းခံ ရသည်။ ဒေါ်စု ထပ်မံ ၍ နေအိမ်အ ကျယ်ချုပ် ကျခံ ရသည်။
၂၀၀၀ ဒီဇင်ဘာ ၇ အမေရိကန်သမ္မတဘင်ကလင်တန်က သမ္မ တ၏လွပ်လပ်သောဆုကို ဒေါ်စုအား ချီးမြှင့်
လိုက်သည်။ ဒေါ်စု၏သားကြီး အလက် ဇန္ဒားတက်ရောက်လက်ခံ ယူခဲ့ သည်။
၂၀၀၁ ဇန္န၀ါရီ ၉ စစ်အစိုးရ၏အထက်တန်းကိုယ်စားလှ ယ် များနှ င့် ဒေါ်စုတွေ့ဆုံ ခဲ့ သည်။
၂၀၀၁ ဇန္န၀ါရီ ၂၂ ဒေါ်စုအား အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦး က အမွေခွဲဝေလိုမှုဖြင့် စွဲချက်တင်ထားသော အမှုကို တရားရုံးက ပယ်ချပေးလိုက်သည်။
၂၀၀၁ ဇန္န၀ါရီ ၃၀ အီးယူကိုယ်စားလှ ယ်အဖွဲ့ ဒေါ်စုကိုသွား ရောက်တွေ့ဆုံ ခဲ့ သည်။
၂၀၀၁ ဖေဖော်ဝါရီ ၂၇ အမေရိကန်သမ္မတသစ် ဂျော့ ခ်ျဘုရှ် တက် လာပြီးတလအကြာတွင် အမေရိကန်အရာရှိ များ ဒေါ်စုအား လာရောက်တွေ့ဆုံ ခဲ့ သည်။
၂၀၀၁ အေပြီ ၅ ကုလသမဂ္ဂလူ့အခွင့် အရေးကိုယ်စားလှ ယ် ပေါင်လို ဆာဂျီအို ပဲန်ဟဲရိုးသည် ဒေါ်စုကို သွားရောက်တွေ့ဆုံ ခဲ့ သည်။
၂၀၀၁ အေပြီ ၆ ဦးအောင်ဆန်းဦးသည် အမွေထက်ဝက်ရယူ လိုကြောင်း တရားရုံးသို့ ထပ်မံ လျှောက် ထားပြန်သည်။
၂၀၀၁ သြဂုတ် ၂၈ စစ်အစိုးရနှ င့် အတိုက်အခံ တို့ကြား ဆွေးနွေး မှုဖြစ်မြောက်ရေးအတွက်ရောက်ရှိ နေသော ကုလသမဂ္ဂကိုယ်စားလှ ယ် ရာဇာလေးသည် ဒေါ်စုအားနေအိမ်တွင်သွားရောက်တွေ့ဆုံ ခဲ့သည်။
၂၀၀၁ စက်တင်ဘာ ၉ နော်ဝေး စာပို့လုပ်ငန်းမှ နိုဘယ်ဆုကိုစတင် တီထွင်ခဲ့ သူ အဲဖရက်ဒ်နိုဘယ်နှ င့် ဒေါ်စုအ ပါအ၀င် ငြိမ်းချမ်းရေးနိုဘယ်ဆုရှ င် ၇ ဦး၏ ပုံ များဖြင့် ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြှ င့် ခြင်
ရာပြည့် အထိမ်းအမှ တ် တံ ဆိပ်ခေါင်းများ ထုတ်ဝေခဲ့ သည်။
၂၀၀၁ အောက်တိုဘာ ၁၇ ကုလသမဂ္ဂ လူ့အခွင့် အရေးကိုယ်စားလှ ယ် ပေါင်လို ဆာဂျီအို ပဲန်ဟဲရိုးသည် ဒေါ်စုကို ထပ်မံ သွားရောက်တွေ့ဆုံ ခဲ့ သည်။ ၂၀၀၁ နိုဝင်ဘာ ၂၉ စစ်အစိုးရနှ င့် အတိုက်အခံ တို့ကြားဆွေးနွေး မှုဖြစ်မြောက်ရေးအတွက် ၆ ကြိမ်မြောက် ရောက်ရှိ နေသော ကုလသမဂ္ဂကိုယ်စား လှ ယ် ရာဇာလေးသည် ဒေါ်စုအားနေအိမ် တွင် သွားရောက်တွေ့ဆုံ ခဲ့ သည်။
၂၀၀၂ ဇန္န၀ါရီ ၃၀ စစ်အစိုး၏အဆင့် မြင့် ဗိုလ်ချုပ်တဦး ဒေါ်စု အား လျှို့ဝှ က်စွာတွေ့ဆုံ ဆွေးနွေးခဲ့ သည်။ ၂၀၀၂ ဖေဖော်ဝါရီ ၁၈ ကုလသမဂ္ဂလူ့အခွင့် အရေးကိုယ်စားလှ ယ် ပေါင်လို ဆာဂျီအို ပဲန်ဟဲရိုးသည် ဒေါ်စုကို ထပ်မံ သွားရောက်တွေ့ဆုံ ခဲ့ သည်။
၀၀၂ အေပြီ ၂၄ ဒေါ်စုကို ၁၉ လကြာနေအိမ်အကျယ်ချုပ်မှ လွှတ်လိုက်မည်ဖြစ်ကြောင်း စစ်အစိုးရမှ ကြေညာလိုက်သည်။
၂၀၀၂ အေပြီ ၂၅ ကုလသမဂ္ဂကိုယ်စားလှ ယ် ရာဇာလေး ဒေါ် စုအပါအ၀င် အဖွဲ့ချုပ်ခေါင်းဆောင်များကို တွေ့ဆုံခဲ့ သည်။ စစ်စိုးရခေါင်းဆောင်ကို လည်း သီးခြားတွေ့ဆုံ ခဲ့ သည်။
၂၀၀၂ မေ ၁ ဒေါ်စုနှ င့် အဖွဲ့ချုပ်ထိပ်တန်းခေါင်းဆောင် များ စစ်ခေါင်းဆောင်များနှ င့် တွေ့ဆုံ ဆွေး နွေးခဲ့ သည်
၂၀၀၂ မေ ၆ ဒေါ်စုအားနေအိမ်အကျယ်ချုပ်မှ လွှတ်လိုက် ပြီဖြစ်ကြောင်း စစ်စိုးရက တရားဝင်ထုတ် ပြန်ကြေညာလိုက်သည်။
၂၀၀၂ ဒီဇင်ဘာ ၂၅ ဒေါ်စုနှ င့် အဖွဲ့ ရခိုင်ပြည်နယ်စည်းရုံးရေးခရီး စဉ်ထွက်ခဲ့ သည်။ သက်ဆိုင်ရာက အချို့အ ရပ်များတွင်ဒေါ်စုတို့ယာဉ်တန်းသွားလာ၍မရအောင် သံ ဆူးကြိုးများ၊ ထရပ်ကားများ မြေတူးကားများဖြင့် ပိတ်ဆို့ခဲ့ သည်။ လူအ များအားလည်း ဒေါ်စု၏ဟောပြောပွဲများကို မတက်ရန် သတိပေးခဲ့ သည်။
၂၀၀၃ ဇန္န၀ါရီ ၃ ပထမအကြိမ် အာရှ လူမှုရေးဖိုရမ်တွင် ဒေါ်စု ၏အသံ သွင်းတိပ်ခွေဖြင့် မိန့်ခွန်းပြောကြားခဲ့ သည်။
၂၀၀၃ ဇန္န၀ါရီ ၂၀ ဂျပန်လက်ထောက်နိုင်ငံ ခြားရေးဝန်ကြီးက ဒေါ်စုကိုတွေ့ဆုံ ခဲ့ သည်။ ၀န်ကြီးက ဒေါ်စု အားမိတ်ဆွေအနေနှ င့် တွေ့ဆုံ ခြင်းသာဖြစ် ပြီး နိုင်ငံ ရေးဆွေးနွေးမှုမရှိ ခဲ့ ကြောင်း အဖွဲ့ ချုပ်ပြောရေးဆိုခွင့် ရှိ သူဦးလွင်ကပြောကြား၏။
၂၀၀၃ ဇန္န၀ါရီ ၃၁ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးမှ ကိုယ်စားလှ ယ်သည် ဒေါ်စုနှ င့် တွေ့ဆုံ ခဲ့ သည်။
၂၀၀၃ ဖေဖော်ဝါရီ ၆ အမေရိကန်အခြေစိုက် Freedom Forum foundation က “လွတ်လပ်သောစိတ် ဓါတ်”ဆု နှ င့် အတူ ငွေသား အမေရိကန် ဒေါ်လာတသန်းကို ဒေါ်စုအား သူမ၏ မြန်
မာ့ ဒီမိုကရေစီကြိုးပမ်းမှုအတွက် ချီးမြှ င့် လိုက်သည်။
၂၀၀၃ ဖေဖော်ဝါရီ ၁၂ ပြည်သူအများ၏အကျိုးအတွက် စစ်အစိုးရ နှ င့် အလျင်အမြန်တွေ့ဆုံ ဆွေးနွေးရေးအ တွက် မိမိတောင်းဆိုပါကြောင်း ဒေါ်စုက ထုတ်ဖော်ပြောကြားလိုက်သည်။
၂၀၀၃ ဖေဖော်ဝါရီ ၁၃ အဖွဲ့ချုပ်ရုံးချုပ်တွင်ကျင်းပသော ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့နှ င့် ကလေးများနေ့အ ခမ်းအနားကို ဒေါ်စုတက်ရောက်သည်။ က လေးများကို လွတ်လပ်ရေးပိသုကာကြီးဗိုလ် ချုပ်အောင်ဆန်းကို အမြဲသတိရပြီး၊ ခေါင်း ဆောင်ကြီးကဲ့ သို့မျိုးချစ်စိတ်ရှိ ရန်ကြိုးစားရန်တိုက်တွန်းခဲ့ သည်။ ၂၀၀၃ ဖေဖော်ဝါရီ ၂၁ ဒေါ်စု၏မောင်ဝမ်းကွဲဖြစ်သူ ဦးစိုးအောင်က သူ့အားအိမ်ဝင်းအတွင်းမ၀င်ရောက်ရန် ဒေါ် စုမှ တားမြစ်ခြင်းကိုမကျေနပ်၍ တရားရုံး တင် အမှုစွဲဆိုခဲ့ မှုအတွက် အနောက်ပိုင်းတ ရားရုံးက
ပြစ်မှုထင်ရှားသဖြင့် ဒေါ်စုအား ဒဏ်ငွေ ကျပ် ၅၀၀ ပေးဆောင်ရန် မပေး ဆောင်နိုင်ပါက ထောင်ဒဏ် ၇ ရက်ကျခံ စေရန်ဆုံးဖြတ်မိန့်ချမှ တ်လိုက်သည်။ ဒေါ်စုက ဒဏ်ငွေမဆောင်ပဲ ထောင် ၇ ရက်ကျခံ မည်ဟုပြောဆိုရာ တရားရုံးကအမှု ကိုဆိုင်းငံ့  လိုက်သည်။
၂၀၀၃ အေပြီ ၃ ဒေါ်စုနှ င့် အဖွဲ့သည် ချင်းပြည်နယ်သို့ စည်း ရုံးရေးခရီး ထွက်ခဲ့ သည်
၂၀၀၃ မေ ၆ ဒေါ်စုနှ င့် အဖွဲ့သည် ကချင်ပြည်နယ်စည်းရုံး ရေးခရီးစဉ် စတင်ခဲ့ သည်။
၂၀၀၃ မေ ၃၀ ဒေါ်စုနှ င့် အတူ လိုက်ပါလာခဲ့ သော အဲန် အယ်လ်ဒီအဖွဲ့ဝင်များနှ င့် ထောက်ခံ အားပေးသူများသည် စစ်ကိုင်းတိုင်း ဒီပဲယင်းတွင် စစ်အစိုးရဘက်မှ သူများ၏တိုက်ခိုက်ခြင်းကိုခံ ရသည်။ အကျိုးဆက်အရ အရွေးချယ်ခံ လွှတ်တော်အမတ်များ၊ ထောက်ခံ အားပေး သူများ၊ သံ ဃာများနှ င့် ကျောင်းသား ရာ ပေါင်းများစွာ အဖမ်းခံ ရ၊ အသတ်ခံ ရ၊ ဒဏ် ရာများရှိ ရ၊ပျောက်ဆုံးကြရခြင်းဖြစ်ရှိ ခဲ့ ၏။ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းခံ ရ သော ဒီပဲယင်းအရေးအခင်းနောက် စစ် အစိုးရက ဒေါ်စုကိုထိန်းသိမ်းခဲ့ သည်။
၂၀၀၃ စက်တင်ဘာ ၂၃ သားဖွားနှ င့် မီးယပ်ဆိုင်ရာခွဲစိတ်ကုသခံ ရပြီးနောက် ဒေါ်စုသည် နေအိမ်အကျယ် ချုပ် ထပ်မံ ခံ ရသည်။ တတိယအကြိမ် မြောက်နေအိမ်အကျယ်ချုပ်ကျခံ ရခြင်းဖြစ်သည်။
၂၀၀၄ အေ ပြီ ၂၉ အဲန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ကော်မီတီ၏အစည်းအဝေးကို ဒေါ်စု၏ နေအိမ်တွင်ကျင်းပခဲ့သည်။ စစ်အစိုးကပြုလုပ်နေသည့် အမျိုးသားညီ လာခံ ကို အဲန်အယ်လ်ဒီ၏တောင်းဆိုမှုကို စစ်အစိုးရကသဘောတူလျှင်တက်ရောက် မည်ဟု ဆုံးဖြတ်ကြသည်။ ဦးတင်ဦးဒေါ်စုကိုလွှတ်ပေးရမည်။ ပိထားသောရုံးခန်းများ ပြန်လည်ဖွင့် ခွင့် များတောင်းဆိုခဲ့ သည်။ စစ်အစိုးရက မလိုက်လျောနိုင်ကြောင်း ငြင်းဆိုသဖြင့် အမျိုးသားညီလာခံ ကို အဲန်အယ်လ်ဒီက သပိတ်မှောက်ခဲ့ သည်။
၂၀၀၄ မေ ၂၀ ကုလအထူးကိုယ်စားလှ ယ် အီဘရာ ဟင်ဂမ်ဘာရီသည် ဒေါ်စုကို သွား ရောက်တွေ့ ဆုံ ခဲ့ သည်။
၂၀၀၆ မေ ၂၇ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ် ခိုဖီအာနန်က စစ်အစိုးရခေါင်းဆောင်ထံ တိုက်ရိုက်မေတ္တာရပ်ခံ သည့် ကြားမှ ဒေါ်စု အား နေအိမ်အကျယ်ချုပ်တနှ စ် ထပ်မံ တိုး မြှ င့် လိုက်သည်။
၂၀၀၆ နိုဝင်ဘာ ၁၁ ကုလအထူးကိုယ်စားလှ ယ် အီဘရာဟင် ဂမ်ဘာရီ သည် ဒေါ်စုကို သွားရောက်တွေ့ ဆုံ ခဲ့ ၏။
၂၀၀၇ စက်တင်ဘာ ၁၁ ဒေါ်စုသည် အစိုးရဧည့် ဂေဟာတွင် မစ္စတာ ဂမ်ဘာရီကိုသွားရောက်တွေ့ ဆုံ ခဲ့ သည်။
၂၀၀၇ အောက်တိုဘာ ၂ ဒေါ်စုသည် အစိုးရဧည့် ဂေဟာတွင် မစ္စ တာဂမ်ဘာရီကို သွားရောက်တွေ့ဆုံ ခဲ့ သည်။
၂၀၀၇ အောက်တိုဘာ ၂၅ ဒေါ်စုသည် အစိုးရဧည့် ဂေဟာတွင် စစ်အ စိုးရ၏ဆက်ဆံ ရေးဝန်ကြီး ဗိုလ်ချုပ်အောင် ကြည်နှ င့် ပထမဆုံး တွေ့ဆုံ ခဲ့ သည်
၂၀၀၇ နိုဝင်ဘာ ၈ ဒေါ်စုသည် အစိုးရဧည့် ဂေဟာတွင် မစ္စတာ ဂမ်ဘာရီကိုသွားရောက်တွေ့ ဆုံ ခဲ့ ပြီး အမျိုး သားပြန်လည်သင့် မြတ်ရေးအတွက် ကြေ ညာချက်ထုတ်ပြန် ခဲ့ သည်။
၂၀၀၇ နိုဝင်ဘာ ၉ ဒေါ်စုသည် အစိုးရဧည့် ဂေဟာတွင် စစ်အစိုး ရ၏ဆက်ဆံ ရေးဝန်ကြီး ဗိုလ်ချုပ်အောင် ကြည်နှ င့် တွေ့ဆုံ ခဲ့ သည်။
၂၀၀၇ နိုဝင်ဘာ ၁၉ ဒေါ်စုသည် အစိုးရဧည့် ဂေဟာတွင် စစ်အစိုး ရ၏ဆက်ဆံ ရေးဝန်ကြီး ဗိုလ်ချုပ်အောင် ကြည်နှ င့် တွေ့ဆုံ ခဲ့ သည်။
၂၀၀၈ ဇန္န၀ါရီ ၀၈ ဒေါ်စုသည် အစိုးရဧည့် ဂေဟာတွင် စစ်အစိုး ရ၏ဆက်ဆံ ရေးဝန်ကြီး ဗိုလ်ချုပ်အောင် ကြည်နှ င့် တနာရီ ကြာခန့် တွေ့ဆုံ ခဲ့ သည်။ ဒေါ်စု အကြီးအကျယ်စိတ်ပျက်ရသည်။ တိုင်းရင်းသားကိုယ်စားလှ ယ်များပါ ဖိတ် ကြားရန်ဒေါ်စုတောင်းဆိုခြင်းအားစစ်အစိုးရက ပယ်ချခဲ့ သည်။
၂၀၀၈ ဇန္န၀ါရီ ၃၀ ဒေါ်စုသည် အစိုးရဧည့် ဂေဟာတွင် စစ်အစိုး ရ၏ဆက်ဆံ ရေးဝန်ကြီး ဗိုလ်ချုပ်အောင် ကြည်နှ င့် တွေ့ဆုံ ခဲ့ သည်။ ဒေါ်စု အကြီးအ ကျယ်စိတ်ပျက်ရသည်။ ဒေါ်စု၏တောင်းဆို မှုများကိုလိုက်လျောခြင်းမရှိ ပဲ စစ်အစိုးရ အလိုကျဒေါ်စုလိုက်နာရန်သာတိုက်တွန်းပုံရသည်ဟုအများကသုံးသပ်သည်။ “အကောင်းဆုံးကိုမြော်လင့် ၍အဆိုးဆုံးအတွက်ပြင်ဆင်ကြပါ”ဟုဒေါ်စုတိုက်တွန်းခဲ့ သည်
၂၀၀၈ မတ် ၈ ဒေါ်စုသည် အစိုးရဧည့် ဂေဟာတွင် မစ္စတာ ဂမ်ဘာရီကိုသွားရောက်တွေ့ဆုံ ခဲ့ သည်။
၂၀၀၈ မတ် ၈ ဒေါ်စုသည် အစိုးရဧည့် ဂေဟာတွင် မစ္စတာ ဂမ်ဘာရီကိုထပ်မံ သွားရောက်တွေ့ဆုံ ခဲ့ ၏။ ၂၀၀၈ မေ ၂၇ ဒေါ်စု၏နေအိမ်အကျယ်ချုပ်သက်တမ်းကို စစ်အစိုးရက တနှ စ်ထပ်မံ တိုးလိုက်သည်။
၂၀၀၈ ဖော်ဝါရီ ၂ ဒေါ်စုသည် အစိုးရဧည့် ဂေဟာတွင် မစ္စတာ ဂမ်ဘာရီကို ၈ ကြိမ်မြောက်တွေ့ဆုံ ခဲ့ သည်။ ကုလ၀မဂ္ဂအထွေထွေအတွင်းရေးမှူးအနေ နှ င့် နိုင်ငံ ရေးအကျဉ်းသားများကို မလွှတ် ပေးမခြင်း မြန်မာနိုင်ငံ ကိုမလာ သင့် ကြောင်း ဒေါ်စုက မစ္စတာ ဂမ်ဘာရီ ကိုပြောလိုက် သည်။ စစ်အစိုးရကအင်းယားကန်တွင်ရေကူးနေ စဉ် အမေရိကန်လူမျိုး ဂျွန် ၀ီလျမ် ယက် တော ဆိုသူကိုဖမ်းဆီးမိသည်။ သူသည် ဒေါ်စု၏နေအိမ်မှ အလည်ပြန်လာကြောင်း စစ်အစိုးရက စွပ်စွဲသည်။ သူသည် ဒေါ်စု အိမ်တွင် ၂ ရက်တည်းခိုခဲ့ ပြီး မေလ ၅ ရက် နှောင်းပိုင်းတွင်ပြန်ထွက်လာခဲ့ ကြောင်း စစ် အစိုးရကပြောသည်။
၂၀၀၉ မေ ၁၃ ဒေါ်စုအား အိမ်အကျယ်ချုပ်စည်းကမ်းကို ဖောက်ဖျက်မှုဖြင့် တရားဆိုင်ရန် စစ်အစိုးရ က ဒေါ်စုကို အင်းစိန်ထောင်သို့ရွှေ့ပြောင်း ထိန်းသိမ်းလိုက်သည်။

အာဏာရှင်၏ ကမ္ဘာအသစ် / မြန်မာနိုင်ငံနှင့် တမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု

အာဏာရှင်၏ ကမ္ဘာအသစ် / မြန်မာနိုင်ငံနှင့် တမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု

ပြည်သူတို့၏ လွတ်မြောက်ရာလမ်း

ပြည်သူတို့၏ လွတ်မြောက်ရာလမ်း

မြစ်တစ်စင်း ၊ချစ်ခြင်းနဲ့လေညှင်းအရောင်



ခတ်ပြိုင်ထဲ မြစ်တွေ အများကြီး စီးဆင်းနေဆဲမှာပင် ဖြစ်သည်။ မြစ်တစ်စင်းနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ဟောဒီမြစ်တစ်စင်းရဲ့ စီးဆင်းမှု အလျဉ်ကတော့ ခရမ်းပြာ မြင်းရိုင်းတစ်ကောင်လို အတန်ငယ် ကြမ်းရိုင်းသည်ဟုသာ ဆိုရမည်ထင်သည်။ သူသည် ချုပ်ချယ်မှုကို စက်ဆုပ်သူ ပီပီ လွတ်လပ်ကျယ်လွင့်သော ပင်လယ်ဆီ တစ်ဟုန်ထိုး ဦးတည် စီးဆင်းဖို့ တစ်ခုတည်းကိုသာ အာရုံဝင်စား နားလည်သည်။ ထိုအရာမှ တစ်ပါး အခြားမရှိ။ အခြား မသိ။ အခြား ဘာကိုမျှလည်း မကြည့်။ ထိုမြစ်သည် တောကိုတွေ့လည်း မကွေ့၊ တောင်ကို တွေ့လည်း မရှောင်၊ တောင်ဖောက် မြားတစ်စင်းလို ထိုးခွဲ စီးဆင်းဖို့သာ မုန်ပြင်းခဲ့သည်။ ယဉ်ကျေးခြင်း၊ နူးညံ့ခြင်း၊ သိမ့်မွေ့ခြင်း၊ ဟန်ဆောင် ဘာသာစကား အနက် အဓိပ္ပာယ်ကို နားလည်ဖို့ မကြိုးစား။ ခိုတွယ်ဖို့ ပျင်းရိကာ ပစ်ပယ်ခါ ချခဲ့၏။ နေ့မရှိ၊ ညမရှိ၊ နာရီမရှိ။ အချိန်ပြည့် စီးဆင်းဖို့ တစ်ခုတည်းမှာသာ ထာဝရ အာရုံ ငြိလျက်ရှိရာ ပင်ပန်း ဆင်းရဲခြင်းတို့၏ ကုတ်ခြစ်မှုဝယ် သွေးခြင်းခြင်း နီခဲ့ပြီ။ နာကျင်မှု ဒဏ်ရာ ဗရပွဖြင့်လည်း နွမ်းလျလျက် ရှိလေပြီ။

သို့သော် မည်မျှပင် မိုးမည်းမည်း၊ နှင်းသည်းသည်း။ သူ့ရင်ထဲ စမ်းနံဘေးမှာ အမှတ်မထင် ပန်းကလေး တစ်ပွင့် ပွင့်လာတော့လည်း နွေဦးကို ရောက်လာတာပဲ ဆိုတာကတော့ အမှန်တကယ် ဖြစ်ခဲ့လေသည်။

မြစ်တစ်စင်းနှင့် ပမာနှိုင်းနှိုင်း၊ ခရမ်းပြာ မြင်းရိုင်းနှင့် ပမာဆိုဆို။ ဒဂုန်တာရာ ဆိုတဲ့ စာဆိုကြီးကတော့ သူ့ကို အရိုင်း။ အောင်ဆန်း သို့မဟုတ် အရိုင်းဟု တာရာ မဂ္ဂဇင်းက နေ၍ ရုပ်ပုံလွှာ အဖွဲ့တစ်ခုမှာ သွန်းဆစ် ထုပြခဲ့သည်။ထိုအခါ သူက အုံ့ဆိုင်း မှိုင်းညို့ခြင်း မရှိဘဲ ပကတိ အရိုးခံဖြင့် “ဌေးမြိုင်ကတော့ ငါ့ကို အရိုင်းတဲ့ကွာ။ ဒါကတော့ ကြမ်းလွန်းတယ် ထင်တာပဲ။ ငါဟာ ရိုင်းသလောက်တော့ ရိုင်းပါတယ်။ ဒါပေမယ့် မရိုင်းတဲ့ အချက်အလက်တွေလည်း အများကြီး ရှိပါတယ်ကွာ။ မဟုတ်ဘူးလား။ What do you sayဟူ၍ အနီးရှိ ကြင်သူ ဇနီးဘက်သို့ လှည့်ပြီး ပြုံးဖြဲဖြဲနှင့် မေးလိုက်တာကို ကျွန်တော်တို့ မှတ်သားခဲ့ရ ဖူးပါသည်။

တကယ်တော့ သူသည် ပုထုဇဉ် လူသားတစ်ဦး ဆိုသော်လည်း နိုင်ငံရေး သွေးကြောမျှင်များဖြင့် တစ်ကိုယ်လုံး ရက်ဖောက် တည်ဆောက်ထားရာ အနုပညာနှင့်တော့ အနေဝေး အနေ စိမ်းခဲ့ပေသည်။ သို့သော်လည်း လူသာမန်တို့၏ နူးညံ့ သိမ်မွေ့သော စိတ်ထားများ၊ ယဉ်ကျေးမှု အနုပညာကို ခံစား သုံးသပ်လို စိတ်များ လုံးဝချို့တဲ့ ကင်းမဲ့ခြင်း မရှိတာတော့ အမှန်ပဲ ဖြစ်သည်။


၁၉၄၆ ခုနှစ်၏ နှင်းဆွတ် ဒီဇင်ဘာရဲ့ ၀ဲလွင့်နေသော မြူတွေကြား သူသည် အကြေအညာတစ်လွှား ခရီးတွေ တော်တော်များများ သွားခဲ့ရသည်။ ထင်းရှူးနံ့တို့ဖြင့် မွှေးမြနေသော မောတို့၏ ရှမ်းကုန်းမြေမြင့်အရောက်တွင် တိုင်းရေးပြည်ရေး ကိစ္စဖြင့် အလွန်တရာ အလုပ်များခဲ့သော သူ့ဦးနှောက်တွင် အနည်းငယ် ကြည်လင်လာဟန် ရှိသည်။ နှင်းထူထူ မြူဆိုင်းဆိုင်း၊ တောင်ပြာပြာ တောစိမ်းစိမ်း ရှုခင်းများကပဲ ညှို့ချူလာလေသလားမသိ။ ကလောမြို့နား အရောက်မှာ။

“ဂန္ဓမာတောင်___လိုဏ်ချောင် မုခ်နန်းဆီ___ဂုမ္ဘာန် တစ်ထောင် စောင့်ကြပ် ကာဆီးသည်___နတ်ပန်းကလေးနဲ့___နတ်ပန်းကလေးနဲ့ သဏ္ဌာန်တူသည်___ လေယူရာသင်းမွှေးလို့ လှိုင်ကြည်___ဘုန်းသမ္ဘာရှင် မျှော်ကိုးကာ စောင့်ခဲ့ပြီ___” ဟူ၍ သူသည် ကျည်ဆံ တစ်တောင့် ထိုးဆောင့် ထွက်သွားသလိုမျိုး တူရိယာဂီတ မဆန်သော အသံသြသြကြီးဖြင့် အားပါးတရ သီဆိုလိုက်၊ သူ၏ လက်ဝဲဘက်ရှိ ဇနီးသည်၏ ပေါင်ကို လက်ဝါးဖြင့် စည်းချက် လိုက်သလို ပုတ်လိုက် လုပ်နေရာ နောက်နားမှာ ခပ်ကုပ်ကုပ် လိုက်ပါလာသော သတင်းထောက် အဘိုးကြီး ဦးပုကလေး ပင် ပြုံးစိစိနှင့် သူ၏ ကော်ကိုင်း မျက်မှန်ကြီးထဲက တအံ့တသြ ငေးကြောင် ကြည့်နေမိသည်။ ပြီးတော့ ဗိုလ်ထွန်းလှသို့ မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

တက္ကသိုလ် အင်းဝဆောင်မှာတုန်းက ကျုပ်အသံက သီချင်းဆိုလို့ လုံးဝ မဖြစ်လို့ပါဟု ၀န်ခံခဲ့ဖူးသော သူက “ဒိုရာသန်းအေး အသံကလေးက ကောင်းတော့ အတော် ကောင်းတယ်ကွ၊ ငါတော့ သူ့အသံရယ်၊ မေရှင့်အသံ ရယ် အကြိုက်ဆုံးပဲ”ဟု ကလောမြို့ အ၀င်တွင် ရင်ဖွင့်လိုက်ပါသေးသည်။ ဒီလိုပါပဲ။ သူခရီး ထွက်တိုင်းလိုလိုပင် ကြည်ကြည်လင်လင်နှင့် စိတ်လို လက် ရရှိသည့် အခါတိုင်း စိတ်ထဲရောက် လာသည့် ကာလပေါ် သီချင်းတွေကို သူ့အသံ သြသြကြီးဖြင့် သူရသလောက် တစ်ပိုင်းတစ်စဖြစ်ဖြစ် ဟစ်လိုက် ညည်းလိုက် လုပ်လေ့ရှိတာ သူနှင့်အတူ ပါလာသူများ အသိပါပဲ။

ပြီးတော့...။
သစ္စာမဏ္ဍိုင် မြဲခိုင်ခဲ့ပေ___ မေတ္တာမိုးတွေ သွန်းဖြိုးရွာစွေ ဆိုသော ပြည်လှဖေနှင့် မေရှင်တို့၏ သက်ဝေ သီချင်းကား သူ သဘောအကျဆုံး သီချင်း တစ်ပုဒ် ဖြစ်သည်။ သူအိမ်မှာ ရှိနေစဉ် အဲဒီသီချင်း ရေဒီယိုက လာ လို့ကတော့ အိပ်ရာပေါ်မှိန်း၍ ဇိမ်ဖြင့် နားထောင်လေ့ ရှိစမြဲ။ သက်ဝေ သီချင်း ကို သူဘယ်လောက်အထိအောင် စွဲပါ သလဲ ဆိုလျှင် ၁၉၄၇ ခုနှစ် နှစ်ဆန်း၊ သူ ဘိလပ် ရောက်သွားသည့် အထိပင် ဖြစ်သည်။ အဲဒီမှာ သူ့အသည်းစွဲ အဆို တော် ဒိုရာသန်းအေးနှင့် သွားတိုးသည်။ သူတို့ ကိုယ်စားလှယ် အဖွဲ့ ပြည်တော် မပြန်မီညက မန်ချက်စတာ ဟိုတယ်၌ ညစာစားပွဲ ကျင်းပရာ ဘိလပ်ပြန်သန်း လည်း တက်ရောက်သည်။ ထမင်းစား ပွဲအပြီးမှာ ထုံးစံအတိုင်း အဆိုတော်ကို တေးသံသာဖြင့် ဖြေဖျော်ရန် ၀ိုင်းပွဲ တောင်းကြ၏။

ထိုအခါ သူက
“ဒိုရာ၊ ဟိုသီချင်းဟာလေ ဓူဝံ ကြယ်မြေမှာ ခကြွေ၊ အဲ...အဲ။ သက်ဝေ သီချင်း ဆိုစမ်းပါ” ဟု မှတ်မှတ်ရရ တောင်းဆိုပြီး သံပြိုင် ဆိုရမည့် “ဓူဝံ ကြယ်___မြေမှာခကြွေ___”အပိုဒ်သို့ အရောက်တွင် သူကိုယ်တိုင် ပါဝင်၍ သံပြိုင်သီဆိုကာ ဂီတ ရေလျဉ်ကြောတွင် မျောပါခဲ့ဖူးသည် မဟုတ်ပါလား။

“ဟေ့...ဖိုးတာရာ၊ ကဉ္စန သီချင်း တီးစမ်းပါ”

တွန့်ခါ ညံဆူနေတဲ့ အသံထူထူ ကြားမှ ကသောကမျော ပြောလိုက်သူကား ထိုစဉ်က မြန်မာ့ လွတ်လပ်ရေး တပ်မတော် စစ်သေနာပတိ ဗိုလ်တေဇ ပင် ဖြစ်သည်။ အချိန်ကား ၁၉၄၂ ခု၊ ဧပြီလ ၅ ရက်နေ့ည။ မိတ္ထီလာ ကိုလှမောင် အရေးတကြီး မိန်းမ ယူလိုက်သဖြင့် ဘီအိုင်အေခေတ် ပထမဦးဆုံး ပွဲဦးထွက် မင်္ဂလာဆောင် အခမ်းအနားမှာပါပဲ။ စန္ဒရား တီးနေသော ဒဂုန်တာရာတို့လူစု လည်း ချက်ချင်းပင် ခြောက်ပေါက်သံ ပြောင်း၍ အသံခင်းပေးလိုက်ရသည်။

အဲဒီမှာပဲ...။
“ရွှေသားရုပ်သွင်___ခင်မင် စရာဝယ်__ မျက်နှာတော်ဝါ၀ါဝင်း__ _ရွှေလမင်းကြီးပုံနှယ်___ပတ္တမြား အသွေးနဲ့ တူညီပါတယ်___ပါးကလေး က မြင်ရသူလည်း အသည်းစွဲတယ် ___”

ခြောက်ပေါက်သံလည်း မကျ၊ ခုနစ်သံလည်း မကျဘဲ ဘယ်လိုမှ ဂီတ မဆန်သော သူ့အသံသြကြီးဖြင့် ဆိုချလိုက်ရာ တော်တော်ကြီး ပွဲကျသွားလေ သည်။ သံစဉ်တွေ ဖရိုဖရဲဖြစ်နေ၍ ဗိုလ်ဇေယျ၊ သခင်ချစ်၊ ကိုထွန်းအုံ၊ နယူးဘားမား ကိုတင်မောင်တို့ လူစုက သီချင်းကို သံပြိုင်လိုက်ကာ ကူဆိုပေး လိုက်မှ အပေါက်လမ်း တည့်မတ် သွားခဲ့ဖူးသည်။ တကယ်တော့ သူ့သူငယ်ချင်း ကိုလှမောင် ဖျာပုံသူ အပျိုချော မသန်းရင်နှင့် ချစ်ပွဲဝင်တော့မည့် ညတွင် သူ့စိတ်ထဲ အားကျ သလိုလို ၀မ်းနည်းသလိုလိုနှင့် ဘာလိုလိုဖြစ်ကာ သူ့ ၀ါသနာ သူ့အရာ မဟုတ်သော သီချင်းကို ကောက်ကာငင်ကာ ဆိုလိုက်ခြင်း ဖြစ်ပေသည်။

ပြီးတော့ ဆရာကြီး သခင်ကိုယ် တော်မှိုင်းအား “ဖိုးလှမောင် တစ်ယောက် မကောင်းဘူး ဆရာကြီးရဲ့။ ကျွန်တော်တို့ လုပ်ငန်းတွေ မပြီးခင် မိန်းမယူတယ်”ဟု ရယ်သလို မောသလို တိုင်တောခဲ့သေးသည်။ ထို့နောက် သခင်ချစ်၊ ဗိုလ်ဇေယျ၊ သခင် လူအေးတို့ ရှေ့ဆင့် နောက်ဆင့် အိမ်ရာ ထူထောင် သွားကြသည်။ အမှန်အတိုင်း ဆိုလျှင် သူလည်း ရွှေလည် တွဲချင်လှပြီ။ ကမ်းရှာ ငှက်တစ်ကောင်လို မေတ္တာ အေးရိပ်တွင် မှေးမှိတ်ချင် လှပြီ။ သို့ဖြင့် “ငါတို့တစ်တွေ လွတ်လပ်ရေး အောင်ပန်းကို ဆွတ်လှမ်းပြီးမှ အိမ်ထောင်ပြုကြမယ်”ဟူသော အယူ အဆကို မှန်ပါလေစ၊ သဘာဝကျပါ စဟု ဆဆ၀ါးဝါး အတွေး ပွားလာမိလေသည်။ အဘယ်ကြောင့်ဆိုသော် “ငွေသော်တာ ရောင်ခြည် ထိန်လင်းတော့သည်___ဘုံကြိုး ပြတ်တဲ့ မိုးနတ်မဒီ၊ သဒ္ဓါကပိုသည်။ ဆရာမကိုပဲ အသည်းစွဲ အောင် ချစ်မိပြီ” မို့ ဖြစ်၏။
လဟာ ညနဲ့ ငြိနေသလိုမျိုးဟု လည်း ဆိုနိုင်သည်။

ဖြစ်ပုံက ဤသို့...။
သူနေ့မသိ ညမသိ မနားမနေ အလုပ် လုပ်လွန်းသဖြင့် ပင်ပန်း နွမ်းနယ်ကာ အပြင်းအထန် ပန်းဖျားဖျားရာ အတန်တန် ငြင်းဆန်နေသည့် ကြားမှ ဆေးရုံကြီးသို့ တက်ရောက် ကုသရင်း အနားယူဖို့ အကြောင်းက ဖန်လာသည်။ အဲဒီမှာ စိတ်ရှည်ရှည်နှင့် သည်းခံပြုစု ပေးရှာသည့် ဣနြေ္ဒရှင် လုံးကြီးပေါက်လှ သူနာပြု ဆရာမနှင့် တွေ့ဆုံပြီး ကြင်နာ နွေးထွေးသော ပြုစုယုယမှု အောက်တွင် သူ၏ မာတောင့် အေးခဲနေသော စိတ် ဓာတ်သည် အရည် ပျော်ပျော့ပျောင်းလာ ရုံမက ဆေးဆိုလည်း ဆရာမ မခင်ကြည်တိုက်မှ၊ အစာဆိုလည်း ဆရာမ မခင်ကြည်ကျွေးမှ အထိ ဖြစ်လာလေ တော့သည်။

လရောင် သွန်းဖွဲသော ညတစ်ည မှာပါပဲ။သူသည် ဗိုလ်စကြာနှင့် အတူ ရောက်လာပြီး ဒေါက်တာ မြင့်ဆွေကို ခေါ်သည်။ “တယောယူပြီး လိုက်ခဲ့စမ်း ပါဗျာ။ ဟိုဆရာမ မခင်ကြည်တို့ဆီ အလည် သွားရအောင်”ဟု ဆိုကာ ဘီအိုင်အေ ဆေးရုံကြီး အပေါ်ဆုံးထပ် အနောက်တောင်ထောင့် အခန်းသို့ ချီ တက်သွားလေသည်။ အခန်းဝ ရောက်သည့်အခါ သူက “ဆရာမ ဧည့်သည် လာတယ်”ဟု အသံပြုသည်။ ဆရာမက အံ့သြပြုံးရွှင်စွာ “ဗိုလ်ချုပ်တို့ အလည် လာကြသလား၊ ထိုင်ကြပါ၊ ဧည့်ခန်းထဲ က အိုက်ပါတယ်။ ၀ရန်တာ ထွက်ရအောင်” ဟု ပဋိသန္ဓာရပြု ဖိတ်ခေါ် သည်။

“ဆရာမ၊ ကျွန်တော်တို့ တစ်တွေဟာ လွတ်လပ်ရေး ရဖို့ ကြိုးပမ်းတဲ့ ခရီး တစ်လျှောက်မှာ ဆရာမတို့လို ကြင်ကြင်နာနာ ယုယုယယ ပြုစုတာကို တစ်ခါမှ မခံစားခဲ့ရပါဘူး။ ဒီဆေးရုံ ရောက်မှ အခုလို ပြုစု ယုယတဲ့ ဆရာမ တို့နဲ့တွေ့တော့ စိတ်ထဲမှာ ချမ်းမြေ့ ကြည်နူးမိတယ်ဗျာ”ဟု ပီတိနှောပြော ပြီး ဆိုင်းမဆင့် ဗုံမဆင့်ပင် “ကိုင်း... ဆရာမ သီချင်း တစ်ပုဒ်လောက်ဆို စမ်းပါ၊ ဒေါက်တာမြင့်ဆွေက တယော ကိုင်ဗျာ” ဟု ဇွတ်ကြီး ပွဲတောင်းတော့သည်။

“အို...ဗိုလ်ချုပ်ကလည်း ရှက်စရာ ကြီး၊ ဘယ်ဆိုတတ်ပါ့မလဲ”ဟု မူနွဲ့ နေရာ
“ဆိုသာဆိုပါ။ ရှက်စရာ မရှိပါဘူး။ ကျွန်တော်တို့ချည်းပဲ ရှိတာပါ” ပြောသဖြင့် ဆရာမခမျာ အဆိုတော် မေရှင်၏ မယ်ခုမျှော်ကို ဆိုပြရသည်။ သီချင်း ဆုံးသွားသည်နှင့် “သိပ်ကောင်း တာပဲဗျာ။ တစ်ခေါက် ထပ်ဆိုပြပါဦး” ဟု ပူဆာပြန်သဖြင့် ဒုတိယမ္ပိ ဆိုပြရ ပြန်သည်။ ပြန်ပြောလျှင် သံယောဇဉ် ရယ်ပေါ့။

တစ်နေ့...။
ညနေ ငါးနာရီခန့်တွင် သူသည် ရွှေပေါက်ပင် ဦးဘသိန်းနှင့် အတူ ဒေါက်တာမြင့်ဆွေ အခန်းသို့ ရောက်လာပြီး “လာဗျာ၊ မိန်းမ သွားတောင်းမလို့ လိုက်ခဲ့စမ်းပါ”ဟု ကောက်ကာငင်ကာ ခေါ်သဖြင့် ဒေါက်တာမြင့်ဆွေ လိုက်သွားခဲ့ရသည်။ မခင်ကြည်တို့ အခန်းဝ ရောက်သည့် အခါ သူက “မိန်းမ တောင်းရ အောင်လာတယ်”ဟု ပေါ်တင်ကြီး အော်ပြော လိုက်သဖြင့် မခင်ကြည် ရှက်ကိုး ရှက်ကန်းဖြင့် အခန်းထဲ ပြေးဝင် သွားရသည်။ ဒါလည်း မရပါဘူး။ အတင်းအော် ခေါ်နေသဖြင့် အခန်းထဲက ထွက်လာရပြန်သည်။ ထိုအခါ သူက “ကျွန်တော် လာတာ တခြား မဟုတ်ဘူး။ မိန်းမတောင်း ရအောင် လာတာ”ဟု အတည်ပေါက် ပြောလိုက်ရာ ဣနြေ္ဒရှင်ခမျာ နှင်းဆီသွေး ဖြန်းနေသည့် မျက်နှာကို အောက်သို့ ချလျက် ခေါင်းမဖော်ဘဲ ရှက်ပြုံးပြုံးနေရရှာလေသည်။
အို...ဘယ်လိုလူကြီးလဲ။

သူဆေးရုံက ဆင်းသွားပြီး တစ်နေ့သော ညနေခင်းတွင် သူက ဆရာမအား ညစာ ထမင်းစားရန် ဖိတ်ပါသည်။ ထိုဒင်နာတွင် ဆရာမကို သူ၏ ဘ၀ ခရီးဖော်အဖြစ် လက်တွဲရန် ခွင့်ပန်ရာ ဆရာမလည်း မငြင်းသာတော့ဘဲ ခေါင်းညိတ်ခဲ့ ရလေသည်။ သို့ဖြင့် ၁၉၄၂ ခု၊ စက်တင်ဘာ ၆ ရက်နေ့၊ နေ့လယ် ၂ နာရီတွင် ဂျပန်ခေတ် ဆေးရုံကြီးပေါ်မှာပင် မင်္ဂလာပွဲ ဆင်ယင်ကျင်းပ ဖြစ်သွားလေသည်။ သတို့သားက စစ်ဝတ်စုံကို ၀တ်လျက် ဂျပန် စစ်ဦးထုပ်ကို ဆောင်းပြီး သတို့သမီးနှင့် ယှဉ်တွဲကာ အပျိုရံ၊ လူပျိုရံများဖြင့် ခြံရံကာ ရောက်ရှိလာသည်။

အဲဒီမှာ...။
“သစ္စာမဏ္ဍိုင်___မြဲခိုင်ခဲ့ပေ__ မေတ္တာမိုးတွေ သွန်းဖြိုးရွာစွေ___ အသည်းမှာ စွဲမက် အသက်ကို ပုံတယ်လေ” ဟူ၍ ကစ်တီဘသန်း (ဒေါ်ခင်မေသန်း)၏ စန္ဒရား လက်သံနှင့် အတူ ဆရာကြီး ဒေါက်တာ ဦးဘသန်းနှင့် သမီးတို့က သူ့အသည်းစွဲ သက်ဝေ သီချင်းဖြင့် မင်္ဂလာလက်ဖွဲ့သီချင်း ဖျော်ဖြေပေးခဲ့ကြသည်။ ထိုပွဲတွင် အမှတ်မထင် ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ပါသေးသည်။

မင်္ဂလာ အခမ်းအနားသို့ ရောက်လာသော သတို့သားနှင့် သတို့သမီးတို့အား ခန်းမထဲမ၀င်မီ ဆေးရုံကြီးမှ ကိုကျော့မောင်နှင့် အခြားတစ်ဦးက အပေါက်ဝမှ ဆီး၍ ရွှေကြိုးဖြင့်တားသည်။ တိုင်းပြည် လွတ်လပ်ရေးမှ လွဲ၍ အခြားဘာကိုမှ စိတ်မ၀င်စား၊ လောက၀တ် ဓလေ့ထုံးတမ်းများကိုလည်း နားမလည် ဂရုစိုက်လေ့ မရှိသော သတို့သားသည် သူ့ရှေ့တွင် တားလာသည့် ရွှေကြိုးကို သူ့ညာလက်ဖြင့် ဖျတ်ခနဲ ဆောင့်ဆွဲကာ ဘေးသို့ လွှင့်ပစ်လိုက်ပြီး သတို့ သမီးလက်ကို ဆွဲလျက် တည်ကြည်သော မျက်နှာလေးနှင့် ဣနြေ္ဒရရ ခြေလှမ်းမှန်မှန်ဖြင့် မင်္ဂလာစင်မြင့်ဆီသို့ ဆက်လက် လျှောက်သွားလေသည်။

အဖြစ်အပျက်က လျှပ်ပြက်သလို မြန်ဆန်လွန်းရာ သူ့အပြုအမူကို အားလုံးက မှင်တက်မိကာ အံ့အားသင့်သွားကြသော်လည်း သူကတော့ ဘာမှ မဖြစ်သလိုပါပဲ။ သူကား အဲသလို လူစားမျိုး ဖြစ်သည်။

သခင့်အပါးတွင် နေထိုင်ခွင့်ကို
တစ်ခဏမျှ ပေးသနားရန်
ငါတောင်းပန်ပါ၏။
လက်ဝယ်ရှိသည့်
ပြုဖွယ်ကိစ္စ ဟူသမျှကို
နောင်ကျမှသာ ပြီးစီးစေပါတော့အံ့။
တဂိုး၊ ဂီတဉ္ဇလီ-၅
တကယ်ဆို...။

သူ့နှလုံးသားသည် နားနေခြင်းကိုလည်း မသိ၊ ဖြေသိမ့်ခြင်းကိုလည်း မသိရှာဘဲ နာကျင် နွမ်းလျလျက် ရှိခဲ့တာ ကာလကြာခဲ့ပြီ။ ပခုံးပေါ်က သူ့အလုပ် တာဝန်တွေကလည်း တိမ်တစ်ဆုပ်လို ပေါ့ပေါ့ပါးပါး မဟုတ်။ ရွာမည် တကဲကဲဖြင့် ထာဝစဉ် အုံ့ခဲဆိုင်းညို့လျက်။ သောင်ကမ်း မရှိသော အခက်အခဲ ပင်လယ်မှ အဆုံးမရှိသော လှိုင်းတံပိုးတို့ သူ့ဘ၀ လှေကလေးကို တ၀ုန်းဝုန်း ရိုက်ပုတ် ချိုးဖဲ့လျက် ရှိသည်။
ကြည့်လိုက်တော့လည်း...။

သူ့တွင် သိမ်မွေ့ခြင်း မရှိ။ အလှ အပကို မမက်မော။ သူသည် ကြမ်းတမ်းသည်။ ရိုင်းသည်။ ဆက်ဆံ ပေါင်းသင်းရေးတွင် ရှိသော ဧည့်ဝတ် ထုံးစံ ယဉ်ကျေးခြင်း စသည်တို့ကို သူသည် လုံးဝ ဂရုမစိုက်။ ဂီတ၊ သဘင်၊ ပန်းချီ စသော အနုပညာ ရပ်များကို မလိုက်စားဟူသော ဆရာ ဒဂုန်တာရာ စကားအတိုင်း သူ့ကိုယ် သူ အတင်း ယဉ်ကျေးအောင် မလုပ်၊ သူနေတတ်သလို သူ၏ နဂိုအတိုင်း ခပ် ရိုင်းရိုင်း ခပ်ကြမ်းကြမ်းပင် မပြုမပြင် ဘဲ နေတတ်သူ။

အဲဒီလို မာမာထန်ထန် ထာဝရ မှုန်ဆန်နေသော လူတစ်ယောက်သည် အခုတော့ အချစ်၏ ရှေ့တော်မှောက်သို့ ရောက်ရှိကာ အချစ်နှင့် တို့ထိခြင်းကို ခံရလေပြီ။ ဂရိတွေးခေါ်ရှင်ကြီး ပလေတိုကတော့ အချစ်နဲ့ တို့လိုက်ရင် လူတိုင်းဟာ ကဗျာ ဆရာဖြစ်လို့ လာတယ်ဟု အခိုင်အမာ ဆိုခဲ့ဖူးပါသည်။ အခုလည်း ဘာထူးလဲ။ သူ့ရင်ထဲ အမှတ်မထင် ပန်းကလေး တစ်ပွင့် ပွင့်လာတော့လည်း နွေဦးကို ရောက်လာတာပဲ မဟုတ်လား။

(ဒေါက်တာမြင့်ဆွေ၊ ဂျပန်ခေတ်ဆေးရုံကြီးပေါ်ဝယ်နှင့် ဒဂုန်တာရာ၏အောင်ဆန်း (သို့မဟုတ်)အရိုင်းတို့ကို ဖတ်ရှုခံစားရေးဖွဲ့ပါသည်)

ယနေ့ထူးခြား သတင်း

ယနေ့ ( 7.1.2010) နေ့ နေ့လည် 12 နာရီ ခန့်အချိန်တွင်
လှိုင်သာယာမှ အလုပ်သမားများ ဆန္ဒ ပြ ကြကြောင်း ကြားသိရပါသည် ။
ဟုတ်မဟုတ်မသေချာသေးပါ ။
ဆန္ဒပြမှု ဒီမနက် ဖြစ်တဲ့ လှိုင်သာယာ က အချက် အလက် တွေ လိုက်ပေးပါ
ဖြစ်သည့်စက်ရုံ - ကျားမင်း အထည်ချုပ်
ဖြစ်သည့် နေရာ - လှိုင်သားယာစက်မှုဇုံ (၂)
ဖြစ်သည့် ကိစ္စ -
ဆန္ဒပြသည့် အရည်အတွက် - အလုပ်သမား ၂၀၀၀ကျော်
ဘာကြောင့် ဖြစ်လဲ ---?
ဘာတွေ တောင်းဆိုလဲ ----?
ဘာတွေ လိုက်လျောလဲ ------?
ဘယ်သူတွေ လာဖြေ၇ှင်းပေးလဲ
ဆန္ဒပြချိန်ဘယ်လောက်ကြာလဲ----?
ဘယ်လို ပြီးဆုံးသွားလဲ ------?
ဘယ်သူတွေ ဦးဆောင်လဲ---?
အလုပ်ရှင် ဘယ်သူလဲ ----?
ဆက်လက်တိုက်ပွဲဝင်နေသေးလား ---?
ဆန္ဒပြမှုဖြစ်ပွါး ခဲ့သည့် ကိစ္စ နှင့် ဖြေရှင်းပေးသည့်ကိစ္စ အချက်အလက်အထောက်အထားစာရွက်စာတန်း ဓါတ်ပုံ ရလျှင် ကျေးဇူးပြု၍ စကန်ဖတ်ပြီးပို့ ပေးပါရန်

မြန်မာပြည်အတွက် ကာတွန်းလေးတွေ


ဒါလေးတွေလည်း တစ်ခါတစ်လေ လိုအပ်ပါတယ်

1.ကလေးတစ်ယောက်က လမ်းပေါ်မှာ ငိုနေသတဲ့။
အဲဒါ ..တွေ့တဲ့လူကြီးတစ်ယောက်က မေးတာပေါ့
ဘာဖြစ်လို့ ငိုနေတာလဲ ကလေး ?
အိမ်မှာ သားဖေဖေနဲ့ မေမေ ရန်ဖြစ်နေလို့ပါလို့ ပြန်ဖြေတယ်တဲ့ ..ကလေးက ။
ဒါနဲ့ အဲဒီလူကြီးက ....သြော်... မငိုပါနဲ့ကွ မင်းအိမ်ကို
ဦးဦးပြန်လိုက်ပို့ပေးမယ်..မင်းဖေဖေက ဘယ်သူတုန်း-လို့လဲမေးလိုက်ရော
ကလေးလေးက ပြန်ဖြေရှာတယ် ...
(( သားဖေဖေကလဲ အဲဒါကိုပဲ မေးမေးပြီး မေမေ့ကို ရိုက်နေတာတဲ့ ))

2.သားငယ်သည် အမေဖြစ်သူအား ရှေ့ကကြည့်လိုက် နောက်ကကြည့်လိုက် ဘေးတိုက်ကြည့်လိုက်နှင့်
အပြန်ပြန် အလှန်လှန် ကြည့်သည်။ကြာသော် အမေဖြစ်သူ စိတ်မရှည်တော့သည်နှင့်
ဒေါသသံဖြင့် ပြောသည်။
``ဟဲ့ ကောင်လေး ဘာဖြစ်လို့ ငါ့ကို ဒီလောက်ကြည့်နေတာလဲ။´´
``ဖေဖေ ပြောတာမှန် မမှန်သိချင်လို့ပါ။မေမေ၊ ဖေဖေက အိမ်က အစေခံ မကျော့ကိုပြောတယ်၊
`ငါတို့ နှစ်ယောက် နေတာထိုင်တာ သတိထားရမယ်၊ငါ့မိန်းမရဲ့ နောက်စေ့မှာလည်း
မျက်စိပါတယ်`တဲ့။´´

3.အစ်ကိုဖြစ်သူက ညီဖြစ်သူကို ကွန်ပြူတာသင်ပေးရင်း စိတ်မရှည်တော့သဖြင့် အော်၍…
"ဟေ့ကောင် Cancel လုပ်ဖို့ပြောနေတာ Cancel Cancel !!!!…"
ထိုစဉ် အိမ်ရှေ့ခန်းတွင် သတင်းစာဖတ်နေသော အဖေဖြစ်သူက…
"သားကြီးရေ ညီလေးကို အဲ့ဒီလောက်ထိ မခိုင်းပါနဲ့ကွာ မနေ့ကဘဲ မောင်ပုကို
ကန်ထဲကနွံတွေရော အကုန်ဆယ်ပြီး ဆေးခိုင်းလိုက်ပြီးပြီ။"

4.ကွန်ပြူတာတက်နေသော ကျောင်းသားကို သူ့အမေကစိတ်ပူသော အသံဖြင့်…
"သားရေ ကွန်ပြူတာသုံးရင် နှာခေါင်းအုပ်လေးဘာလေး အုပ်ပြီးသုံးနော်
ကွန်ပြူတာပိုးတွေ သောင်းကျန်းနေတယ်ဆိုလားဘဲ အမေဈေးထဲကကြားခဲ့လို့။"

5.အမွှာလေးနှစ်ယောက်ကို ရေချိုးပေးပြီး အမေလှည့်ထွက်မယ်အပြုမှာ
ကလေးနှစ်ယောက်ဆီက ရီသံကို ကြားလိုက်တယ်။
အမေ "ဘာလို့ ရီတာလဲ"
အမွှာထဲကတစ်ယောက် "ကိုကို့ကို မေမေ ရေနှစ်ခါချိုးပေးပြီး သားကိုတော့ ချိုးမပေးဘူး"

6.ရွှာတစ်ရွာမှာ ဦးခန့်၊ ဒေါ်ချော နဲ့ သားမောင်လူလှတို့ ရှိသတဲ့။
ဦးလှဟာ တခြားကိစ္စတွေ မကြွားဝါတတ်ပေမဲ့ သူငယ်ငယ်က ဘယ်လိုစွံတာ၊
မိန်းကလေးတွေ သူ့ကိုဘယ်လိုကြိုက်ကြတာ၊ ဘယ်သူဘယ်ဝါနဲ့ ဘယ်လို
မလွတ်မကင်းဖြစ်ခဲ့တာတွေကို အရသာခံပြီး ကြွားလေ့ရှိလို့ သူ့မိန်းမဒေါ်ချောက
အမြင်ကပ်သတဲ့။
သူတို့ရဲ့သားလေး မောင်လူလှက လူပျိုအရွယ်ရောက်လာတော့ တောင်ဘက်ရွာကို
လူပျိုလှည့်သွားဖို့ အဖေကို ခွင့်တောင်းတယ်။
အဖေ။ ။ - ဟေ့ ငါ့သား တောင်ဘက်ရွာဆို အဖေနဲ့ကင်းတဲ့သူမရှိတော့ အကုန်လုံးက
မင့်နှမတွေဖြစ်တယ်ကွ ... ငရဲတွေကြီးကုန်ပါ့မယ်ကွာ -
သား ။ ။ - ဒါဆို မြောက်ဘက်ရွာကို သွားမယ်အဖေ -
အဖေ ။ ။မြောက်ရွာလဲ အဖေနဲ့မလွတ်ဘူးငါ့သား ... အိုကွာ .. ပြောရရင်
အရှေ့ရွာ အနောက်ရွာတွေအကုန်လုံး .. အဖေ့ကိုကြိုက်ခဲ့ကြတဲ့
မိန်းမတွေချည်းပဲဆိုတော့ ... သူတို့ရဲ့ သမီးတွေက.. .. မင်းနဲ့ဆို
မောင်နှမတော်တယ်ကွ ..မိုးကြိုးပစ်ပါ့မယ် ငါ့သားရယ် -
... အဲဒီလိုကြားရတာတွေ နားကြားပြင်းကပ်လာတဲ့ ဒေါ်ချောက..သူ့သားကို
လှမ်းအော်ပြောလိုက်တာကတော့ ...
- သွားသာသွား ငါ့သားရေ .. သားကြိုက်တဲ့ရွာကိုသာ လူပျိုလှည့် ...
မင်းအဖေပြောတာနားထောင်မနေနဲ့ ..မင်းကို သူနဲ့ရပြီးမွေးခဲ့တာမဟုတ်ဘူး -

7.တစ်ခါက လူသားစားတဲ့တောက လူရိုင်းသားအဖဟာ အိမ်မှာချက်ဖို့
အသားမရှိတော့တာနဲ့ မြီု့အစွန်နားအထိတက်လာကြတယ်။
တွေ့တဲ့သူကိုဖမ်းခေါ်လာပြီး ချက်စားဖို့ပေါ့။ ဒီလိုနဲ့
လူအရိပ်အခြေစောင့်နေတုန်း သူတို့နားကိုမိန်းမ ပိန်ပိန်တစ်ယောက်
ဖြတ်လာတယ်။
သားကမေးတယ်။
အဖေ ၊ အဲဒီမိန်းမကို ချက်စားရအောင် ဖမ်းသွားမလားဆိုတော့ အဖေက -
နေဦး ဒီမိန်းမက ပိန်လွန်းတယ်။ အရိုးကြီးပဲ။ စားလို့မကောင်းဘူး။
နောက်မိန်းမ၀၀တစ်ယောက်ဖြတ်လာတော
့ သားကမေးတယ်။
အဖေ ၊ ဒီတစ်ယောက်က ၀၀တုတ်တုတ်ကြီး စားလို့ကောင်းမယ်။ ဖမ်းသွားရအောင်။
အဖေကလည်း - ဒီတစ်ယောက်က ၀လွန်းတယ်။ ငါတို့စားလို့ကုန်မှာမဟုတ်ဘူးတဲ့။
ဒီလိုနဲ့ စောင့်ကြည့်နေရင်း ကိုယ်လုံးကိုယ်ထည် လှလှပပ မိန်းမတစ်ယောက်ဖြတ်လာတယ်။
သားကလည်း - အဖေ ၊ ဒီတစ်ယောက်ဆို အနေတော်ပဲ။ ပိန်လည်းမပိန် ၀လည်းမ၀ဘူး။
ဖမ်းသွားရအောင် လို့မေးတယ်။
အဖေကလည်း - ဟုတ်တယ်၊ ဒီတစ်ယောက်ကအတော်ပဲ။ ဖမ်းသွားရအောင်။ အိမ်ရောက်ရင်
မင်းအမေကိုချက်စားကြတာပေါ့ သားရယ်။ တဲ့ …

8.သား - "မေမေ၊ ကနေ့သား ဖေဖေ နဲ့ ဘစ်စ်ကား စီးနေတုန်း ဖေဖေ က သား ထိုင်နေ
တဲ့နေရာကို ဖယ်ခိုင်းပြီး အန်တီကြီး တစ်ယောက်ကို ပေးထိုင်တယ်မေမေရဲ့"
အမေ - "အော် သားရယ်၊ ဒါ ကုသိုလ် ရတဲ့ အလုပ်ပဲလေ ဘာဖြစ်လို.လဲ သားရဲ့"
သား - "သား က ဖေဖေ့ ပေါင်ပေါ်မှာ ထိုင်နေတာနော်၊မေမေ"

လင်မယားနှစ်ယောက်တွင် သားလေးယောက်ရှိသည်။ ထူးဆန်းသည်မှာ အကြီးသုံးယောက်မှာ
ဆံပင်နီနီ၊ အသားလတ်လတ်၊ အရပ်မြင့်မြင့်ဖြစ်သည်။ အငယ်ဆုံးမှာ ဆံပင်နက်နက်နှင့်
အရပ် ပုပုဖြစ်သည်။ ဖခင်ဖြစ်သူသည် နောက်ဆုံးတွင် မကျန်းမမာဖြစ်ပြီး သေလုဆဲဆဲတွင်
ဇနီးဖြစ်သူကို သေချာ မေးလိုက်သည်။
-အချစ်ရယ် ကိုယ်မသေခင် ကိုယ့်ကို ရိုးရိုးသားသား ပြောစမ်းပါ။ အငယ်ဆုံး သားလေးက
ကိုယ့်ရဲ့ ကလေးဆိုတာ။
- ဘုရားအဆူဆူကို ကျိန်ပြီး ပြောရဲပါတယ်။ ရှင့်သားမှ ရှင့်သား အစစ်ပါ။
ဟု ဇနီးဖြစ်သူက ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားပြီးသည်နှင့် ခင်ပွန်းဖြစ်သူသည် ပြုံးလျှက် ကွယ်လွန်သွားသည်။
ထိုအခါ ဇနီးဖြစ်သူက ရေရွတ်ပြောဆို လိုက်သည်။
တော်သေးတာပေါ့ ... တခြား သုံးယောက်ကို မေးမသွားလို့

9.အထူးစည်းကမ်းတင်းကြပ်သည်ဟု နာမည်ကြီးသော လန်ဒန်မြို့ရှိ
ကျောင်းအိပ်ကျောင်းစားကျောင်း တစ်ခုသို့ တွမ်.. ဆိုသူ
ကျောင်းသားအသစ်တစ်ယောက်ရောက်ရှိလာသည်။
ဤကျောင်းသည် စည်းကမ်းကြီးလှကြောင်း မိဘများသို့ စာရေးလျှင် မလိုအပ်သည်များကို
မရေးသင့်ကြောင်း ကျောင်းသားကြီးများက တွမ် ကိုသတိပေးသည်။
အချိန်အနည်းငယ်အကြာတွင် တွမ်.. ထံမှ ပထမဆုံးစာကို တွမ်၏ မိဘများ
လက်ခံရရှိကြသည်။
စာမှာတိုတိုလေးဖြစ်သည်။
"ဖေဖေ.. မေမေတို့ခင်ဗျား... ကျွန်တော်တို့၏ ကျောင်းတွင် ကျောင်းသားပေါင်း
၃၈၇ ယောက်ရှိပါသည်။
ကျောင်းသားဦးရေ ၃၈၆ ယောက်သာဖြစ်စေလိုသော ဆန္ဒ ကျွန်တော့တွင်
ပြင်းပြလျက်ရှိပါသည်"
ချစ်တဲ့သား.. တွမ်"


10.
~သို့
အချစ်လေးရေ
ကိုယ်ဒီလ အသုံးများသွားလို့ ပိုက်ဆံမပို့ နိုင်တော့ဘူးကွာ
ဒါပေမယ့် မင်းအတွက် ကိုယ် အနမ်းပေါင်း ၁၀၀ ပို့လိုက်တယ်နော်။ကြည်.ပြီးတော့
သာသုံးပေတော့
အချစ်လေး
မင်းရဲ့
ကိုကို
~ ~ ~ ~ ~ ~
နောက်ရက် အနည်းငယ် အကြာမှာတော့ သူ့မိန်းမ ဆီက စာပြန်လာပါတယ်
သို့
ယောက်ကျားရေ
ကိုကို့ရဲ့ အနမ်းပေါင်း ၁၀၀ အတွက်ကျေးဇူး တင်ပါတယ်။လောက်လဲလောက်ငှပါတယ်။
ဒီလ အသုံးစရိတ် ကို ပြောပြမယ်နော်။
၁။ နွားနို့ ပို့သမား ကို တစ်လစာ နွားနို့ အတွက် အနမ်း (၂) ပွင့်
၂။ လျှပ်စစ် ဌာန က လူကို တစ်လစာ အနမ်း (၇) ပွင့်
၃။ အိမ်ပိုင်ရှင် ကတော့ အိမ်ငှားခ မယူ ပဲ တစ်နေ့ ကို အနမ်း ၂ ပွင့် ၃ ပွင့် လာယူတယ်
၎။ super market က တော့ အနမ်းနဲ့တင်မရလို့ တစ်ခြားဟာပါ ထပ်ပေးလိုက်ရတယ်။
၅။ တစ်ခြားအထွေထွေ က အနမ်း ပွင့် ၄၀
သူတို.အားလုံးကသဘောကောင်းကြပါတယ်။လိုလိုလားလားနဲ.အနမ်းတွေကိုယူသွားပါတယ်။
ဒါပေမယ့် မပူပါနဲ့နော် ချစ်မှာ အနမ်း ၃၅ ပွင့်ကျန်သေးတယ်။ ဒီလ တော့သုံးဖို.
ကောင်းကောင်းလောက်ပါတယ်။
နောက်လလည်း ဒါမျိုးလုပ် ရမှာပဲလားဟင်။
ကိုကို့ရဲ့
ချစ်လေး

11-လေယာဉ် ပြတင်းပေါက်ဘေးမှာ ထိုင်၍ လိုက်ပါလာသူ ခရီးသည်တစ်ယောက်သည်
တရွေ့ရွေ့လျားနေကြသော တိမ်စိုင်တိမ်ခဲကြီးများကို ကြည့်ရင်း
အလွန်ကြည်နူးနေလေသည်။ ထိုစဉ် သူ့ပြတင်းပေါက်ရှေ့မှာ လေထီးသမားတစ်ဦးကို
မြင်လိုက်ရ၏။ လေထီးသမားက
`ဘယ်လိုလဲ၊ ကျွန်တော်နဲ့ လိုက်ခဲ့မလား´ဟုလှမ်းမေး၏။
ဒီတော့ ခရီးသည်က
`ကျေးဇူးပဲ၊ မလိုက်တော့ပါဘူး။ တိမ်တွေကို ခုလိုကြည့်နေရတာ သိပ်အရသာ ရှိတယ်´
`ကောင်းပါလေ့ဗျာ။ ကျွန်တော်က တခြား လူမဟုတ်ပါဘူး။ ခင်ဗျားစီးနေတဲ့
လေယာဉ်ပျံကြီးရဲ့ လေယာဉ်မှူးပါ။ ကဲသွားပြီ၊ တာ့တာ´

12---မမြင်သင့်တာ
အဖေက ကျွန်တော့်ကို နိုက်ကလပ်တွေ မသွားဖို့၊ မလုံတလုံ ၀တ်ထားတဲ့
ဖက်ရှင်ရှိုးတွေ သွားမကြည့်ဖို့ အမြဲပြောတယ်။ အဖေ့စကားနားမထောင်ဘဲ
အဲဒီလို နေရာမျိုးတွေ သွားရင် မမြင်သင့်တာတွေ မြင်တတ်တယ်လို့ အဖေ
က ပြောပါတယ်။ အဖေက မသွားနဲ့ ပြောမှ တခါမှ မရောက်ဖူးတဲ့ကျွန်တော်
သွားချင်လာမိတယ်။ တရက်မှာ အဖေမသိအောင် တိတ်တိတ်လေး လက်မှတ်
ဝယ်ပြီး ကျွန်တော်သွားခဲ့တယ်။ ၀င်ဝင်ချင်းပဲ မမြင်သင့်တာကို ကျွန်တော်မြင်
သွားတယ်။ ဘာမြင်ခဲ့လဲ သိလား...ကျွန်တော့် "အဖေ" ကိုလေ....

13---------- စိတ်ရောဂါကုပါရဂူကြီးသည် သူ၏ခြံထဲတွင်စိုက်ထားသောသစ်ပင်များ
ရေမလောင်းရသည်မှာ အတော်ကြာနေပြီဖြစ်သဖြင့်
ရေပုံးလေးဆွဲ၍ အပြင်သို့ ထွက်မည်အပြုတွင်
မိန်းမဖြစ်သူမှ လှမ်းအော်ပြောလေသည်။
မိန်းမ…" ဟဲ့..ယောင်္ကျား ဒါကဘယ်တုန်း "
ယောင်္ကျား… " ခြံထဲဆင်းပြီး ပန်းပင်ရေလောင်းမလို့လေကွာ"
မိန်းမ…" ရှင်ရူးနေလား …အပြင်မှာ မိုးရွာနေတာကို "
ယောင်္ကျား…" အော်အေ..မင်းပြောမှဘဲသတိရတော့တရ်…ထီးယူဖို့မေ့နေတရ်.."


14------သွားဆရာဝန်ဆီသို့ လူနာတစ်ဦး ရောက်လာလေသည်။
``ဆရာ ကျွန်တော်သွားနှုတ်ချင်လို့..ဒါပေမယ့် အရမ်းနာမှာကိုကြောက်တရ်ဗျ..´´
``ဟာ..ဒီအတွက်တော့ မပူနဲ့…ကျွန်တော့မှ ရဲဆေးရှိတရ်ဗျ…´´
ဟုဆိုကာ ၀ီစကီတစ်ခွက်တိုက်လိုက်လေသည်..
``ကဲ… ဘယ့်နဲ့လဲ.. ခင်ဗျားမှာ သတ္တိတွေရှိသွားပြီးမလား..´´
``ဟုတ်ကဲ့… ကျွန်တော်သတ္တိတွေရှိသွားပြီဗျ….
ကျွန်တော်သွားကို ထိရဲတဲ့ကောင် ထိကြည့်စမ်း..´´

15----စိတ်ရောဂါကုပါရဂူကြီးသည် လူနာအခြေအနေကြည့်ရှုစစ်ဆေးရန်
ဆေးရုံသို့ရောက်ရှိလာသည်။။
ဆေးရုံအုပ်ကြီးရုံးခန်းသို့လျှောက်လာစဉ် လူထွားကြီးတစ်ဦးသည်
သူ့အား တောက်လျှောက် စိုက်ကြည့်နေလေသည်..
လူထွားကြီးအနားရောက်ခါနီးတွင် လူထွားကြီးမှာ သူ၏ဘေးရှိထိုင်ခုံအား
ကောက်ကိုင်ပြီး သူဆီသို့ ပြေးလာသည်..
ပါရဂူကြီးမှာလည်း ဘာမှစဉ်းစားမနေတော့ပဲ ပြေးနိုင်မှလွတ်နိုင်မည်ဟုဆြို ပီး
အသားကုန်သာလိမ့်ပြေးလေတော့သည်..
ပြေးရင်းပြေးရင်းဖြင့် ပါရဂူကြီးသည်လမ်းမှားပြီး
အုတ်တံတိုင်ကြီးဆီသို့ ရောက်ရှိ၍လမ်းပိတ်သွားလေသည်
ပါရဂူကြီးလည်း မထူးတော့ပါဘူးကွာ..ဟုဆိုကာ
ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ခေါင်းငုံထားလိုက်လေသည်…
လူထွားကြီးမှာ ပါရဂူအနားသို့ရောက်လာပြီး ဤသို့ပြောလိုက်လေသည်.
" ထိုင်ပါခင်ဗျား…ကျွန်တော်က ဧည့်ကြိုပါ" .. တဲ့

16---စိတ်ရောဂါအထူးကုဆေးရုံကြီးတွင် ဖြစ်သည်။
ပါရဂူကြီးမှ လူနာ၏အခြေအနေများကို စစ်ဆေးရန်အတွက် မိတ်ဆုံစားပွဲတစ်ခု
ပြုလုပ်ပေးသည်။ စားပွဲတန်းကြီးတွင် လူနာအားလုံးစုထိုင်စေပြီး
ပန်းကန်အလွတ်နှင့်ဇွန်း ကိုယ်စီချထားပေးလေသည်..
ဆရာဝန်ကြီးမှ " ကဲ..မင်းတို့အားလုံးကြက်သားဆန်ပြုတ်ကို
စားနိုင်ကြပြီး"ဟုအားလုံးကိုအမိန့်ပေးလိုက်လေသည်.
လူနာများမှာ ကိုယ်စီကိုယ်စီ ခေါင်းငုံလျက် ဘာမှမပါသည့် ပန်းကန်အား
အသားကုန် လွေးပါတော့သည်..
ဆရာဝန်ကြီးမှ တပည့်များကို စားကောင်းလားဟုလိုက်မေးရာ
သူတို့ကလည်း အရမ်းကိုကောင်းကြောင်း ပြောကြသည်။
တစ်နေရာအရောက်တွင် လူနာတစ်ဦးမှာ မစားဘဲပန်းကန်အား ကြည့်နေလေသည်။
ဆရာဝန်ကြီး ဒီလူနာတော့ စိတ်ပုံမှန်ပြန်ဖြစ်သွားပြီဟုဆိုကာ
အနားသို့သွား၍ မေးလိုက်လေသည်.
" တပည့် ဘာဖြစ်လို့မစားတာလဲ "
"ဟာဗျာ.. ဒီလောက်ပူနေတာကို ဘယ်လိုလုပ်ပြီးစားလို့ရမှာလဲ"
နောက်တစ်နေ့တွင် လူနာသုံးဦးကို အိမ်သာခွက်(၃)ခုတွင် တန်းစီစေပြီး
ငါးမျှားတံကိုင်ကာ
ငါးမျှားခိုင်းလေသည်.. ဆရာဝန်ကြီးမှာ လူနာ၏စိတ်အခြေအနေကို မေးလေသည်။
ဆရာဝန်.. " တပည့်. ငါးရရဲ့လား "
ပထမလူနာ…" အရူးရဲ့ တိုးတိုးပြော.. ဟိုမှာ ငါးပွက်နေပြီ..မမြင်ဘူးလား"
ဆရာဝန်…" တပည့်.. မင်းရော ငါးမျှားလို့ရလား.."
ဒုတိယလူနာ.." ဒီမှာ ဆွဲနေပြီ.. ဘေးဖယ် ငါးကကြီးတယ် "..
ဆရာဝန်…" တပည့်.. ငါးရရဲ့လား"
တတိယလူနာ.." ဟာခင်ဗျား ရူးနေလား… ဒီလိုနေရာမှာ ဘယ်လိုလုပ်ပြီး
ငါးရှိမှာလဲ "
ဆရာဝန်ကြီးမှာ တတိယလူနာကို ပုံမှန်စိတ်ဖြစ်သွားပြီ ဖြစ်သဖြင့်..
ဆေးရုံက ပေးဆင်းလိုက်သည်။
သူ၏သူငယ်ချင်းနှစ်ယောက်မှာ ဘာကြောင့်ပေးဆင်းသည်ကိုသိချင်၍
သူငယ်ချင်း မင်းဘာကြောင့် ဒီကထွက်သွားရတာလဲကွာ
ဟိုလူငရူးပေါ့… ငါ့ကိုလာမေးတယ်.. ငါးရလားတဲ့..
ငါ့နေရာဒီလောက်အထိ ငါးပွက်တာ
ငါက အရူးမှမဟုတ်တာ…
ပြောပြလိုက်ရင် ဒီကောင် ငါ့နေရာကို လာမျှားမှာပေါ့ကွ…
အဲဒါမပြောရကောင်းမလားဆိုပြီးတော့ဒီကထွက်ခိုင်းတာနေမှာပေါ့ကွာ..
လို့ပြောလိုက်သတဲ့.