Friday, August 20, 2010

ရုပ်သေးပါတီများ (သို့မဟုတ်) ချည်ပြီးတုတ်ပြီးရွေးကောက်ပွဲစည်းကမ်းချက်များ

ရွေးကောက်ပွဲ အနိုင်ရရေး လွှတ်တော် ကိုယ်စားလှယ်လောင်းများ စုဝေးခြင်း၊ ဟောပြောခြင်း၊ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိခြင်းများကို သတ်မှတ် ကြေညာချက်နှင့်အညီ ဆောင်ရွက်ရမည်       
  
ရွေးကောက်ပွဲအနိုင်ရရေးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် စုဝေးခြင်း၊ ဟောပြောခြင်း၊ ပုံနှိပ်ထုတ်ဝေဖြန့်ချိခြင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတ်မှတ်ကြေညာချက်နှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။


    စုဝေးခြင်းနှင့် ဟောပြောခြင်း ပြုလုပ်လိုပါက သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲသို့ ခုနစ်ရက်ကြိုတင်၍   ခွင့်ပြုမိန့်လျှောက်ထားရမည် ဖြစ်သည်။


    ပါတီဌာနချုပ်နှင့် ပါတီရုံးခွဲများတွင် စုဝေးခြင်း၊ ဟောပြောခြင်းများကို ပြုလုပ်လိုပါက ခွင့်ပြုချက်လျှောက်ထားရန်မလိုဘဲ သက်ဆိုင်ရာကော်မရှင်အဖွဲ့များသို့ ကြိုတင်၍ အသိပေးတင်ပြရမည်ဖြစ်ကြောင်း သိရသည်။


    ခွင့်ပြုမိန့် လျှောက်ထားရာတွင် လျှောက်လွှာ၌ ပြုလုပ်လိုသည့်နေရာ၊ ပြုလုပ်လိုသည့်နေ့ရက်၊ စတင်မည့်အချိန်နှင့် ပြီးဆုံးမည့်အချိန် (ခန့်မှန်း)၊ တက်ရောက်မည့်အင်အား (ခန့်မှန်း)၊ ဟောပြောမည့်ပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂိုလ်များ၏အမည်၊ မှတ်ပုံတင်အမှတ်နှင့် နေရပ်လိပ်စာ၊ လျှောက်ထားသူ၏အမည်၊ မှတ်ပုံတင်အမှတ်နှင့် နေရပ်လိပ်စာတို့ကို အပြည့်အစုံဖော်ပြရမည်ဖြစ်ကြောင်း သိရသည်။


    ခွင့်ပြုမိန့်ထုတ်ပေးရာတွင် စုဝေးခြင်းနှင့် ဟောပြောခြင်းပြုလုပ်ရန် သတ်မှတ်သည့်နေရာသို့ အလံများကိုင်ဆောင်၍လည်းကောင်း၊ စီတန်းလှည့်လည် ကြွေးကြော်ချီတက်ခြင်း မပြုရဟူ၍လည်းကောင်း၊ စုဝေးခြင်းနှင့် ဟောပြောခြင်းပြီးဆုံးသည့်အခါ စီတန်းလှည့်လည် ကြွေးကြော် ချီတက်ခြင်းမပြုဘဲ လူစုခွဲရမည်ဟူ၍လည်းကောင်း စည်းကမ်းချက်များ သတ်မှတ်ဖော်ပြရမည်ဟု သိရသည်။


    ခွင့်ပြုမိန့်ထုတ်ပေးပါက စုဝေးခြင်းနှင့် ဟောပြောခြင်း စတင်ပြုလုပ်မည့်အချိန်မတိုင်မီ ၄၈ နာရီ ကြိုတင်ထုတ်ပေးရမည်၊ ခွင့်ပြုမိန့်လျှောက်ထားခြင်းကို ငြင်းပယ်ပါက အကျိုးအကြောင်း ဖော်ပြလျက် စုဝေးခြင်းနှင့် ဟောပြောခြင်း စတင်ပြုလုပ်မည့်အချိန်မတိုင်မီ ၄၈ နာရီ ကြိုတင်အကြောင်းကြားရမည်ဖြစ်ကြောင်း သိရသည်။


    လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် မိမိတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်များ ပါရှိသော စာရွက်စာတမ်း၊ စာအုပ်နှင့် လက်ကမ်းစာစောင်များကို ရေးသား၊ ထုတ်ဝေလိုပါက ၁၉၆၂ ခုနှစ်၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ် ပုံတင်ဥပဒေနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့် ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့က ၁၇-၃-၂၀၁၀ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့်ညွှန်ကြားချက် အမှတ် ၄၂ ပါ စည်းကမ်းချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။


    လွှတ်တော် ကိုယ်စားလှယ် လောင်းများသည် စုဝေးခြင်း၊ ဟောပြောခြင်းနှင့် ရေးသားပုံနှိပ် ထုတ်ဝေရာတွင် ကျူးလွန်ခြင်းမပြုရန် တားမြစ်ချက်များရှိရာ ယင်းတားမြစ်ချက်များအနက် အချို့မှာ တပ်မတော်ပြိုကွဲရေးကို ဖြစ်ပေါ်စေရန် သို့မဟုတ် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ဟောပြောခြင်း၊ ရေးသားပုံနှိပ်ထုတ်ဝေခြင်း၊ နိုင်ငံတော်အား အကြည်ညိုပျက်စေရန် သို့မဟုတ် ဂုဏ်သိက္ခာထိပါးစေရန် ဟောပြောခြင်း၊ ရေးသားပုံနှိပ် ထုတ်ဝေခြင်းတို့ ဖြစ်ကြသည်။


    ရွေးကောက်ပွဲဝင်မည့် လွှတ်တော် ကိုယ်စားလှယ် လောင်းတစ်ဦးသည် ရွေးကောက်ပွဲဝင်ခွင့် မှတ်ပုံတင်ကြေး ကျပ်ငါးသိန်းကို ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။


    လက်ရှိ၌ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့်ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ ၄၇ ပါတီရှိသွားပြီဖြစ်ပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ ၄၂ ပါတီအနက် ပါတီ ၄၀ ကို မှတ်ပုံတင် ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။ 


    ထို့ပြင် နိုင်ငံရေးပါတီများသည် ၎င်းတို့၏ ပါတီဝင် အင်အားစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့တင်ပြလျက်ရှိရာ လက်ရှိ၌ နိုင်ငံရေးပါတီ ၁၈ ပါတီ ရှိပြီဖြစ်ကြောင်း သိရသည်။


    ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇  ရက် (တနင်္ဂနွေနေ့)တွင် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သြဂုတ်လ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယခုကျင်းပမည့် ရွေးကောက်ပွဲများသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ကျင်းပသည့် ရွေးကောက်ပွဲများ ဖြစ်သည်။

ရင်းမြစ်။ ။www.first-11.com

မဲသပိတ် တိုက်ပွဲခေါ်သံ


“မြန်မာနိုင်ငံသားတွေအနေနဲ့ မဲပေးဘို့ အခွင့်အရေးရှိသလို ဆန္ဒမရှိရင် မဲမပေးတာကလည်း ဥပဒေအရ အခွင့်အရေးပဲ” - ဒေါ်အောင်ဆန်းစုကြည်။
ယနေ့ အချောင်သမားမီဒီယာများက ဒီမိုကရေစီဆိုတာကို မဲပေးမှပဲ ရမယောင် ဝေ့လည်ကြောင်ပတ် ရေးခွင့်ရ နေကြတယ် ။ ဒီမိုကရေစီနဲ့ မဲပေးခြင်းကို ညီမျှခြင်း ထိုးပြကြတယ် ။
တကယ်တော့ ဒီမိုကရေစီဆိုတာ ဆန္ဒဖေါ်ထုတ်ခြင်းသာဖြစ်တယ် ။ အဲဒီ ဆန္ဒဖေါ်ထုတ်ခြင်းမှာ မဲပေးခြင်းလဲ ပါတယ် ၊ မဲမပေးခြင်းလဲ ပါတယ် ။ ရွေးကောက်ပွဲဟာ ဆန္ဒဖေါ်ထုတ်ခွင့်များစွာထဲက တစ်ခုသာ ဖြစ်တယ် ။
ရွေးကောက်ပွဲဆိုတာက ဂုဏ်သိက္ခာတိုက်ပွဲတစ်ခုဖြစ်တာမို့ ရွေးကောက်ခံများဟာ သူတို့ ဂုဏ်သိက္ခာအထူ အပါးကို လူထုရဲ့ဆန္ဒနဲ့ တိုင်းတာကြရပါတယ် ။
ဆန္ဒမဲ နဲနဲရသူဟာ ဂုဏ်သိက္ခာနဲနဲဘဲ ရှိပါတယ် ။ ဆန္ဒမဲ မရတဲ့သူဟာ ဂုဏ်သိက္ခာ မရှိတဲ့သူပေါ့ ။ ဆန္ဒတောင် မခံရဲတဲ့သူကျတော့ သူ့ကိုယ်သူ သူကိုယ်တိုင်တောင် မထောက်ခံနိုင်တဲ့ ဂုဏ်သိက္ခာမရှိဆုံးသူ ဖြစ်ပါတယ် ။
ဒါပေမဲ့ မြန်မာ့ရွေးကောက်ပွဲကတော့ ဂုဏ်သိက္ခာတိုက်ပွဲ မဟုတ်တာ သေချာပါတယ် ။
မဲဆန္ဒမခံဘဲ တက်လာမယ့်သူတွေ ၊ မဲဆန္ဒခံချင်ယောင်ဆောင်ပြီး အခြားသူတွေ မဲဆန္ဒမခံနိုင်အောင် စီစဉ်ထားပြီး တစ်ယောက်ထဲပြေး ပထမပေးစနစ်နဲ့ တက်လာမယ့်သူတွေအတွက် လုပ်မယ့် ပွဲပါ ။
အဲဒီလို ဂုဏ်သိက္ခာကို မှတ်ကျောက်အတင်မခံရဲသူတွေနဲ့ တိုင်းပြည်ကို ဖွံ့ဖြိုးအောင်လုပ်ဖို့ဆိုတာ ရေထဲ အရုပ် ရေးရသလို နေမှာပါဘဲ ။
တကယ်တော့ ဒီရွေးကောက်ပွဲဟာ ၂၀၀၈ အထွေထွေမတရားလုပ်ပိုင်ခွင့်ကြီး အသက်ဝင်လာပြီး အရက် ကိုးမောင်းတိုက်ခံထားရတဲ့ နာဠာဂီရိဆင်ကြီးလို အစိုးရမျိုး အုံနဲ့ကျင်းနဲ့ အခမ်းနဲ့အနားနဲ့ တက်လာတာကလွဲပြီး ဘာ မှ ဖြစ်လာမှာ မဟုတ်ပါဘူး ။ ကိုယ့်ရဲ့ ဆန္ဒမဲပေးခြင်း/မပေးခြင်းဟာ အာဏာရှင်နဲ့ အပေါင်းပါများအတွက် ဘာမှ မထူးခြားပေမဲ့ ဆန္ဒမဲမပေးဘဲ နေခြင်းဟာ အဖိနှိပ်ခံ ကျွန်တော်တို့အဖို့တော့ အများကြီး ထူးခြားနိုင်ပါတယ် ။
 “မြန်မာ့အားကစား ကမ္ဘာလွှမ်းရမည်” ဆိုတာ မဖြစ်နိုင်သလိုမျိုး တိုင်းပြည်ကောင်းကျိုးဘယ်လိုမှ မဖြစ်နိုင်သည့် ဒီ ၂၀၁၀ ရွေးကောက်ပွဲကို မဲမပေးခြင်းဟာ အာဏာရှင်လူတစ်စုက ကျွန်တော်တို့ကို တရားဝင် သတ်ဖြတ် ညှင်းဆဲခွင့်ရစေမယ့် “၂၀၀၈ ဖဲ့နည်းစုံ အသေနှံ ထုပါလေကြီး” ကို မှေးမှိန်အားနည်းသွားစေပါလိမ့်မယ် ။
ဒါ့ပြင် အဲဒီ ၂၀၀၈ ထုပါလေကြီးကို အသိအမှတ်မပြုချင်လို့ ရွေးကောက်ပွဲကို လွှင့်ပစ်ခဲ့တဲ့ ဒေါ်စုတို့ကို ဦးစီးဦးရွက်ပြုဖို့ ဆန္ဒပြုလိုက်ရာလဲ ရောက်ပါတယ် ။
ဒါဟာ အခြေအနေတစ်ခုမှာ ဒေါ်စုရဲ့ဦးဆောင်မှုကို အသိအမှတ်ပြုလက်ခံဘို့ကိုလဲ ဦးတည်စေပါတယ်ခင်ဗျား ။
 
ရင်းမြစ်။ ။မိုးမခ

ဝန်ကြီး ဦးဉာဏ်ဝင်း မျက်မှန်များ အခမဲ့ပြုလုပ်ပေးနေ

နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းနှင့် ဇနီးတို့က ဦးစီးပြီး ပဲခူးတိုင်း အနောက်ြခမ်း ဇီးကနုးမြို့နယ် အတွင်းရှိ
ဒေသခံများကိုမျက်စိစမ်းသပ်မှုနှင့် မျက်မှန်များကိုယမန်နေ့မှစတင်ပြီး သုံးရက်တိုင်တိုင်အခမဲ့ပြုလုပ်
ပေးနေကြောင်း သတင်းရရှိသည်။ဇီးကုန်းမြို့ခံတဦးက“ဒီနေ့မနက်လည်း လူတွေအများကြီးလာတယ်၊ ဆူညံနေတာပဲ၊ ဒီဂရီစစ်ပြီးတော့ပြန်လွှတ်လိုက်တယ်၊ မျက်မှန်လာယူရမယ့်ရက်ပဲ ရေးပေးလိုက်တယ်”ဟုပြောပြသည်။မျက်စိစစ်ဆေးမှုမှာ စနစ်တကျ စစ်ဆေးခြင်းမဟုတ်ဘဲ၊ သတင်းစာ ဖတ်စေခြင်းဖြင့် အနီးမှုန်၊ အဝေးမှုန်ဟုခွဲခြားခြင်း ဖြစ်ကြောင်း၊ ခွဲစိတ်ကုသရမည့် လူနာများကိုမူတာဝန်ယူခြင်းမရှိကြောင်း သိရသည်။ယမန်နေ့ကမူမျက်မှန်အလက်ပေါင်း ၅၄ လက်ကိုပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ(USDP) နှင့်နီးစပ်သူများကိုထုတ်ပေးပြီး ကျန်ရှိနေသည့် သူများကိုလာမည့် ၂၅ရက်နေ့တွင်လာရောက်ထုတ်ယူရန်ချိန်းဆိုသည်ဟုမျက်စိသွားရောက်ပြသသည့် မြို့ခံက ဆက်ပြောသည်။ထိုသို့မျက်စိစမ်းသပ်မှုကိုပြည်-ရန်ကုန်ကားလမ်း နံဘေးရှိ ဇီးကုန်းမြို့ဘိုးဘွားရိပ်သာတွင်ပြုလုပ်ခြင်းဖြစ်ပြီးမနက်၈ နာရီမှနေ့လယ်၁၂ နာရီအထိစမ်းသပ်ပေးသည်ဟုသိရသည်။မျက်မှန်တလက်၏ တန်ဖိုးမှာ ၅၀၀ ကျပ်ခန့် ရှိပြီး ပါဝါဒီဂရီအသင့်ပြုလုပ်ထားသည့် မျက်မှန်များဖြစ်သည်ဟုဒေသခံများ က ဆိုသည်။
ယမန်နေ့က လာရောက်ပြသသည့် ဒေသခံမျက်စိဝေဒနာရှင်များကိုဝန်ကြီး ဦးဉာဏ်ဝင်းက ယခုကဲ့သို့စစ်ဆေးကုသပေးခြင်းမှာ ရန်ကုန်မြို့ရှိ ကုမ္ပဏီတခုက စေတနာဖြင့် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ မိမိတာဝန်မှာ၎င်းတို့ကိုပံ့ပိုး ကူညီရုံသာ ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်ဟုသိရသည်။ ထိုသို့ကူညီသည့် ကုမ္ပဏီမှာမည်သည့်ကုမ္ပဏီဖြစ်သည်ကိုမူထည့်သွင်းပြောဆိုခြင်း မရှိပေ။
ဦးဉာဏ်ဝင်းနှင့်၎င်း၏ ဇနီးမှာ ယမန်နေ့ကပင်ဇီးကုန်းမြို့မှရန်ကုန်မြို့သို့ပြန်သွားကြောင်း သိရသည်။
တခြားဇီးကုန်းမြို့ခံတဦးကမူ ဦးဉာဏ်ဝင်းသည်၎င်းဇာတိဖြစ်သည့် ဇီးကုန်းမြို့နယ်မှလာမည့်ရွေးကောက်ပွဲကိုဝင်ရောက်အရွေး ခံမည်ဖြစ်သောကြောင့်ဤနည်းဖြင့် မဲဆွယ်စည်းရုံးခြင်းဖြစ်နိုင်သည်ဟုဆိုသည်။ဦးဉာဏ်ဝင်းသည်ဇီးကုန်းမြို့အနောက်ဘက်တမိုင်ခန့်ကွာဝေးသည့် ကံညီကိုရွာသား တဦးဖြစ်ပြီး ၎င်း၏ ဇနီးဒေါ်မြင့်မြင့်စိုး မှာ လည်း ဇီးကုန်း မြို့ အမှတ်၅ ရပ်ကွက်ဇာတိဖြစ်ကြောင်း သိရသည်။အစိုးရ ၀န်ကြီးများ အနေဖြင့် လက်ရှိ ရာထူးတာဝန်များကြောင့် မဲဆွယ်စည်းရုံးမှုများကိုပြောင်ပြောင်တင်းတင်းလုပ်ဆောင်နိုင်ခြင်း မရှိဘဲ ယခုကဲ့သို့ဒေသခံပြည်သူများကိုငွေကြေးဖြင့်လည်းကောင်း၊လမ်းတံတားများ တည်ဆောက်ပေးခြင်းဖြင့်လည်းကောင်း ကျန်းမာရေး ကုသပေးခြင်းဖြင့်လည်းကောင်း မဲဆွယ်
စည်းရုံးလှုပ်ရှားမှုပြုလုပ်နေကြသည်ကိုတွေ့မြင်ရခြင်းဖြစ်သည်။
ရွေးကောက်ပွဲမတိုင်အကြိုစည်းရုံးမှုများ လုပ်ဆောင်ရန်အတွက်အစိုးရ ၀န်ကြီးတဖွဲ့လုံး မကြာမီ
နုတ်ထွက်မည်ဆိုသည့်သတင်း များလည်း ထွက်ပေါ်နေသည်။
ပြီးခဲ့ ရက်ပိုင်းကလည်း ရွေးကောက်ပွဲနှင့် ပတ်သက်၍ အရေးပေါ် အစည်းအဝေးဟုဆိုကာ ဗိုလ်ချုပ်မှူးကြီး
သန်းရွှေဦးဆောင်ပြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း ၊ အတွင်းရေးမှူး (၁)
ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး၊ ၀န်ကြီးချုပ်ဦးသိန်းစိန်နှင့် ၀န်ကြီး အဖွဲ့ဝင်များ နေပြည်တော်တွင်အစည်းအဝေးပြုလုပ်ကြသည်ဟုနေပြည်တော်နှင့် နီးစပ်သည့်အသိုင်းအ၀န်းကပြောသည်။
၎င်းအစည်းအဝေးကိုအထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အဖွဲ့၏ (၂/၂၀၁၀) ညှိနှိုင်းအစည်းအဝေးဟုခေါင်းစဉ်တပ်ပြီး အစိုးရ သတင်းစာများတွင်ဖော်ပြထားသည်။

ရင်းမြစ်။ ။ဧရာဝတီ

NDF ပါတီခေါင်းဆောင်က NLD မရှိတော့ကြောင်း ပြောဆို

အမျိုးသား ဒီမိုကရေစီအင်အားစုNDF ပါတီက မန္တလေးမှာ ရုံးခန်းသစ်ဖွင့်ပွဲ သြဂုတ်လ ၁၉ ရက်ဒီကနေ့
ကျင်းပပါတယ်။ မိမိတို့အနေနဲ့ တရားမျှတမှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရွေးကောက်ပွဲကိုရှောင်လွှဲလို့
မရနိုင်ကြောင်း ၊ ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာ သန်းငြိမ်းက ဖွင့်ပွဲအခမ်းအနားမှာ
ပြောကြားခဲ့ကြောင်း သိရပါတယ်။
ပြည်သူတွေက NLD ပါတီကိုသူတို့နောက်တကြိမ်မဲပေးခွင့်ရလိမ့်မယ်လို့မျှော်လင့်ခဲ့ကြကြောင်း ဒါပေမဲ့ NLD
ပါတီအခုမရှိတော့ကြောင်း ၊ သူတို့NDF အဖွဲ့ဝင်တွေအနေနဲ့ အခုလာမဲ့ ရွေးကောက်ပွဲကိုပါဝင်ယှဉ်ပြိုင်ခြင်း
မပြုဘူးဆိုရင်မိမိတို့ရဲ့တာဝန်ကိုကျေပွန်မှာ မဟုတ်ဘူးလို့ခံယူထားကြောင်း ပြောဆိုသွားပါတယ်။
စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမဲ့ရက်ကိုသတ်မှတ်ကြေညာလိုက်ပြီး နောက်ပိုင်း ရွေးကောက်ပွဲဝင်မဲ့
ပါတီတွေအပေါ် စည်းမျဉ်းစည်းကမ်း တင်းကျပ်တာတွေ လုပ်ဆောင်နေတဲ့အတွက်ပါတီတွေအနေနဲ့
အခက်အခဲတွေ ရင်ဆိုင်နေရကြောင်း၊ မိမိတို့ပါတီအနေနဲ့ အခက်အခဲတွေ ဘယ်လိုရှိနေပါစေ
နောက်ဆုတ်သွားမှာ မဟုတ်ဘူးဆိုတဲ့အကြောင်း ဒေါက်တာသန်းငြိမ်းက ဖွင့်ပွဲအခမ်းအနားမှာ
ပြောကြားခ့တဲ ယ်လို့ သိရပါတယ်။
NLD ပါတီမန္တလေးတိုင်း စည်းရုံးရေးတာဝန်ခံဦးမျိုးနိုင်ကတော့NDF ပါတီရုံးခန်းဖွင့်ပွဲကိုမြို့ခံလူထုက သိပ်ပြီး
အလေးအနက်ထားတာ မတွေ့ရဘူးလို့ပြောပါတယ်။

“ဒီနေ့NDF မန္တလေးတိုင်း ရုံးဖွင့်သွားတယ်လို့တော့ကြားတယ်ပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့ကြားတဲ့ ကိစ္စက
ဟိုတယောက်က သတင်း လာပေးတယ်ပေါ့။ ဒါပေမဲ့ မြို့ထဲမှာတော့အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့
ကျယ်ကျယ်ပြန့်ပြန့်တောင်မကြားဘူး။ နောက်ပြီးတော့အဲဒီအပိုင်းပေါ့နော်၊ သူဖွင့်တဲ့ ရုံးဖွင့်တဲ့ နေရာ အပိုင်းမှာ
ရှိတဲ့ အဲဒီသူတို့နဲ့ ပတ်သက်တဲ့ ဆွေမျိုးသားချင်း အသိုင်းအဝိုင်းကလည်း NDF ဖွင့်တဲ့အပေါ်မှာ
နှာခေါင်းရှုံ့ကြတယ်ပေါ့နော်။”
NLD ပါတီဟာ လူထုကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုကိုရရှိနေဆဲ ဖြစ်ပြီး မိမိတို့အနေနဲ့ လုပ်ဆောင်စရာ
ရှိတာတွေကိုဆက်လက်လုပ်ဆောင်နေကြောင်း ဦးမျိုးနိုင်က ဆက်ပြောပါတယ်။
“ကျွန်တော်တို့ကတော့ဘယ်လိုမြင်လဲဆိုတော့NDF ကတော့NLD နဲ့ သီးခြားစီလို့မြင်တယ်ဗျာ။ သူ့ကိစ္စ
သူလုပ်တယ်၊ ဒါပေမဲ့ နောက်NLD မရှိလို့NDF ပေါ်လာတာ မဟုတ်သလို၊ NLD မရှိလို့NDF
ရပ်တည်တယ်ဆိုတာလည်း လုံးဝ ကျွန်တော်တို့လက်မခံပါဘူး။ သဘောလည်း မတူပါဘူး။ ဒီနေ့လက်ရှိ
အနေအထားပေါ့နော်၊ ပြည်သူလူထုထဲမှာ ကျွန်တော်တို့လက်ရှိ NLD အပေါ်မှာလည်း ယုံကြည်စိတ်ချစွာ
ရှိနေတုန်းပါ။ အဲ ရွေးကောက်ပွဲ ရှိခြင်း မရှိခြင်းနဲ့ NLD ရှိခြင်း မရှိခြင်းက တခြားစီပါ။ NLD ဟာ
ရွေးကောက်ပွဲပေါ်မှာ မူတည်နေထားတဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။ ပြည်သူ့ဖက်က ရပ်တည်တဲ့ အဖွဲ့အစည်း
တခုပါ။ ၂၀၁၀ ရွေးကောက်ပွဲမှာ NLD အခန်းကဏ္ဍက မပါဝင်သော်လည်း တချိန်မှာ NLD ရဲ့ အခန်းကဏ္ဍဟာ
ပြန်လည်ထွန်းတောက်လာမယ်လို့ကျွန်တော်ယုံကြည်တယ်၊ ဒီနေ့ဒီအချိန်မှာ NLD အရေခြုံထားတဲ့ အဖွဲ့များ
ရှိရင်လည်း NLD နဲ့ သီးခြားစီဆိုတာကိုပြည်သူလူထုသိစေချင်ပါတယ်။”
NDF ပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းကိုRFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ အဆက်အသွယ်မရခဲ့ပါဘူး။

ရင်းမြစ်။ ။RFA