skip to main |
skip to sidebar
ဟိုမှာလဲ ဟေတီ..ဒီမှာလဲ ဟေတီ..နေရာတိုင်း ဟေတီ..အားလုံးမေ့လျော့နေတာက...ငါချစ်တဲ့ မြန်မာပြည်.....မြန်မာပြည် မှာ ဘဝတွေ စက္ကန့်တိုင်း ငလျင်လှုပ်နေတယ်..မြန်မာပြည်မှာ အနာဂါတ်တွေ စက္ကန့်တိုင်းပြိုကျနေတယ်..မြန်မာပြည် မှာ အိပ်မက်တွေ စက္ကန့်တိုင်းရေနစ်နေတယ်..မြန်မာပြည်မှာ ရိုးသားမှုတွေ စက္ကန့်တိုင်းမီးရှို့ခံနေရတယ်..မြန်မာပြည်မှာ လူ့အခွင့်အရေးတွေ စက္ကန့်တိုင်းရိုက်ချိုးခံနေရတယ်..မြန်မာပြည်မှာ ကလေးငယ်တွေ စက္ကန့်တိုင်း ငတ်မွတ်သေဆုံးနေတယ်.....စိတ်တော့မရှိနဲ့ ..ဆောရီးဘဲ ဟေတီ..နှစ်နဲ့ချီ ငိုကြွေးခဲ့ရ..ငါ့မျက်ရေတွေ ကုန်သွားပြီ.....မှတ်ချက် ။ ။မျိုးချစ်မြန်မာမှ ကူးယူမျှဝေခြင်းဖြစ်ပါသည်။
0 comments:
Post a Comment