Sunday, January 10, 2010

မိခင်၏နှောင်ကြိုးကိုဖြေပါအံ့



ံသည်းစွာသောအနာကို
ကုစားပါအံ့
သမီး၏လုံ့လ ဝီရိယဖြင့် နာလန်ထူပါစေအံ့...
မွေးကျေးဇူးကို မသိတတ်သော
ထိုသူတို့အား
သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို သမီးအားပေးပါလေ...
တွေ့ရအံ့သော
ဘေးရန်တို့ကို သမီးထီမည်မဟုတ်...
တစ်ဘဝတွင် တစ်ခါသာသေရသည်ဖြစ်၍
အဘယ်နည်းနှင့်သေရသည်ဖြစ်စေ သမီး၌မထူးခြား...
သမီး၏ စိတ်ကူးတို့သည်
အကယ်အဖြစ်သို့ ရောက်သောအချိန်တွင်
အသင်တို့သည်လည်း ပျော်မြူးကြရမည်...
အခြားအခြားသော သူတို့၏
ရှုတ်ချခြင်း ကဲ့ရဲ့ခြင်း မုန်းတီးရွံရှာခြင်း
နာမည်ဖျက်ခြင်းတို့ကို သမီး အလျဉ်း ဂရုမပြု...
မိခင်ထံမှ
ဒါမှငါ့သမီး ဟူသော ကျုးရင့်သံကိုသာ တောင့်တပါ၏...
လောကတွင် မိခင်၏ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။ ။
(အောင်ဆန်းစုကြည်)

0 comments:

Post a Comment