Friday, March 19, 2010

နိုင်ငံရေး အမြင် ဖွံ့ဖြိုး စေရန် ‘ရဲဘော် သုံးကျိပ် မော်ကွန်း’ ထပ်မံ ထွက်ရှိ

မြန်မာ့ လွတ်လပ်ရေး ဗိသုကာ ကြီးများ ဖြစ်ကြသော ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင် သည့် ရဲဘော် သုံးကျိပ်တို့ အကြောင်း အနုစိတ် ခြယ်မှုန်း ရေးဖွဲ့ ထားသည့် တက္ကသိုလ် စိန်တင် ၏ ‘ရဲဘော် သုံးကျိပ် မော်ကွန်း ’ စာအုပ် သည် စတုတ္ထ အကြိမ် ထွက်ရှိ အပြီး ၂၅ နှစ် အကြာ၌ ပြင်ဆင် ဖြည့်စွက်မှု များဖြင့် ထပ်မံ ထွက်ရှိ လာကြောင်း တွေ့ရသည်။ အဆိုပါ စာအုပ်ကို ၁၉၈၅ ခုနှစ်၌ ဂုဏ်ထူး စာပေက စတုတ္ထ အကြိမ် အဖြစ် ထုတ်ဝေ ခဲ့စဉ်က ရဲဘော် သုံးကျိပ်ဝင် အားလုံး၏ အတ္ထု ပ္ပတ္တိတို့ ပြည့်စုံစွာ မပါဝင် နိုင်ခဲ့သဖြင့် စာရေးသူ အနေဖြင့် ယခု ကဲ့သို့ ပြင်ဆင် ဖြည့်စွက် မှုများဖြင့် အသစ် တစ်ဖန် ကြိုးပမ်း ထားကြောင်း သိရသည်။ “မြန်မာ့ သမိုင်းမှာ အနော်ရထာ မပါရင် မပြီးသလို ဗိုလ်ချုပ် အောင်ဆန်း မပါရင် မပြီးပါဘူး။ ရဲဘော် သုံးကျိပ် မပါ ရင်လည်း မပြီး နိုင်ပါဘူး။ အကယ် ၍များ ရဲဘော် သုံးကျိပ်က ၁၉၄၁ ခုနှစ်မှာ ဂျပန် နိုင်ငံ သွားပြီး၊ စစ်ပညာ သင်ယူပြီး မြန်မာ ပြည်ကို ပြန်တိုက် မယူ ခဲ့ကြရင် အခုချိန်ထိ ကိုလိုနီ ကျွန်ဘဝက လွတ်ဦးမှာ မဟုတ်ဘူးလို့ ကျွန်တော် ယူဆ ပါတယ်။

“ ဒါကြောင့်လည်း ဒီစာအုပ်ကို ၁၉၆၈ ခုနှစ်၊ ကျွန်တော့ အသက် ၃၃ နှစ်မှာ ကြိုးစား ရေးခဲ့ တာပါ။ ဒါပေမယ့် အားထုတ်မှု နည်းခဲ့တာ ရယ်၊ တချို့ အချက် အလက် တွေက ရှာလို့ မရခဲ့ တာကြောင့် မပြည့်စုံ ခဲ့ပါဘူး။ အခုတော့ ဓာတ်ပုံ တွေရော၊ အချက် အလက်တွေပါ တက်နိုင် သမျှ ပြည့်စုံအောင်အား ထုတ်ထား ပါတယ်။ တစ်နည်း ပြောရရင် အသက် ၃၃ နှစ် တက္ကသိုလ် စိန်တင် နဲ့ အသက် ၇၀တန်း တက္ကသိုလ် စိန်တင်တို့ အားပြိုင် ရာမှာ ၇၀ တန်းကေ အာင်ပွဲ ခံလိုက် နိုင်တဲ့ စာအုပ်ကြီး ပါပဲလို့ ပြောချင်ပါတယ်”ဟု၎င်းက ဖြည့်စွက် ရှင်း ပြသည်။

‘ရဲဘော် သုံးကျိပ် မော်ကွန်း’ စာအုပ်သည် ၂၅ နှစ်တာ ရပ်နား ထားခဲ့ ရာမှ ပြန်လည် ထုတ်ဝေခွင့် ရသည့်စာအုပ် ဖြစ်သည်။
ရင်းမြစ်။ ။ဟံသာဝတီ

0 comments:

Post a Comment