Friday, March 19, 2010

ရွေးကောက်ပွဲနှင့် ဆက်စပ်သည့် ကိန်းဂဏန်းများ

(ကျော်ခ က မတ်လ ၁၈ ရက်၊ ၂ဝ၁ဝ ခုနှစ်တွင် စုဆောင်းပြုစုသည်။)

- ၂ဝဝ၈ ခုနှစ် မေလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၇၅ဝ၄၃၆၈ ဦး ဖြစ်သည်။

- ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲ စာရင်းအရ မဲပေးနိုင်ခွင့်ရှိသူ ဦးရေမှာ ၂၇၃၆၉၉၅၇ ဦး ဖြစ်သည်။

- အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် အကျဉ်းကျနေသူပေါင်း ၂၄၈၆၆၄ ဦး ဖြစ်သည်။

- မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ဦးရေ ၂၁ဝဝ ကျော် ရှိသည်။

- Save the Children ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကလေးသူငယ်ဦးရေမှာ ၂၂ သန်း ဖြစ်သည်။

- ဗုဒ္ဓဘာသာ ရဟန်းတော်ပေါင်း ၅ သိန်းကျော် ရှိသည်ဟု မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးဌာနက ပြောသည်။

- မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များကောင်စီ အဆိုအရ ခရစ်ယာန်ဘုန်းတော်ကြီး ၁၃၅ဝဝ ဦး ရှိသည်။

- Islamic Religious Affairs Council အဆိုအရ အစ္စလာမ်သာသနာ့ဝန်ထမ်းပေါင်း ၁၂ဝဝဝ ဦး ရှိသည်။

- ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သား ဦးရေ အနည်းဆုံး ၂ သန်းကျော် ရှိသည်။

- မလေးရှားနိုင်ငံတွင် တရားဝင်နှင့် တရားမဝင် မြန်မာလုပ်သား ဦးရေ ၅ သိန်းခန့် ရှိသည်။

- ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်ဦးရေ ၁၅ဝဝဝ ဝန်းကျင် ရှိသည်။

- အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် တခုထဲတွင်ပင် မြန်မာ ၅ သောင်းခန့် ရှိသည်။

- မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၂၅ မြို့နယ်ရှိသည်ဟု ၂ဝဝ၈ ခုနှစ် မေလ ထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များနှင့် ပါတီဝင် အသင်းအဖွဲ့ဝင်ဦးရေ

(ယခု ဖော်ပြထားသော ကိန်းဂဏန်းများမှာ သက်ဆိုင်ရာ ပါတီမှ ယခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ပြောကြားသည့် ပမာဏသာလျှင် ဖြစ်သည်။)

- ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတွင် အဖွဲ့ဝင် ၂၄ သန်း ရှိသည်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးကို အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီအဖြစ် အသွင်ပြောင်းပြီး စစ်အစိုးရ၏ ကျောရိုးနိုင်ငံရေးပါတီဖြစ်ရန် အားထုတ်လျက် ရှိသည်။

- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပါတီဝင် ၁၂ သန်းကျော် ရှိသည်။

- တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတွင် ပါတီဝင် ၃ သန်းခွဲ ရှိသည်။

- ဦးအေးလွင် ဦးဆောင်သော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်တွင် ပါတီဝင် ၁ သိန်းခွဲ ရှိသည်။

မဇ္ဈိမသတင်းဌာန  
Friday, 19 March 2010 17:31

0 comments:

Post a Comment