Wednesday, March 10, 2010

ဖိုက်ဘာကေဘယ် လိုင်းစနစ် နေပြည်တော်တွင် အသုံးပြုခွင့် ရတော့မည်



နေပြည်တော် ဒေသ အတွင်း ဖိုက်ဘာ ကေဘယ်ကြိုး လိုင်းများ တပ်ဆင်မှု ပြီးစီး နေပြီ ဖြစ်ကာ မကြာမီ ကာလတွင် သင့်တော်သော အဖိုးနှုန်းထားဖြင့် သတ်မှတ် ငှားရမ်း သုံးစွဲခွင့် ရရှိတော့မည် ဖြစ်ကြောင်း ဆက်သွယ်ရေး အသိုင်း အ၀ိုင်း ကြားမှ သိရသည်။ ဖိုက်ဘာ ကေဘယ် လိုင်းကြိုး တစ်ချောင်း မိမိ အိမ်၌ ချိတ်ဆက် ထားရုံဖြင့် တီဗွီ၊ ဖုန်းနှင့် အင်တာနက် စသည် တို့အား ကြည့်ရှု အသုံး ပြုနိုင်ကြောင်း ပြင်ဦးလွင် ရတနာပုံ မြို့သစ်တွင် ၄င်းဖိုက်ဘာ ကေဘယ်ကြိုး စနစ်အား အိမ်ခြေ ၅၀၀ခ န့် အသုံးပြု နေပြီဟု သိရသည်။ နေပြည်တော် ဒေသတွင်း၌ အစိုးရ ၀န်ကြီး ဌာန ရုံးများ၊ ၀န်ထမ်း အိမ်ရာ တချို့ နှင့် ကျောင်းများ၊ ဟိုတယ်များ၌ FOC စနစ်ဖြင့် စတင် အသုံး ပြုခွင့် ရရှိနေပြီ ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် မတ်လ ၉ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြ ထားပါသည်။

0 comments:

Post a Comment