Sunday, March 14, 2010

အင်းလျားလမ်း နှင့် တက္ကသိုလ် ရိပ်သာ လမ်းတွင် သင်္ကြန် မဏ္ဍပ်များ ဆောက်ခွင့် မပြု



မြန်မာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက်မှ ကဆုန် လဆန်း ၄ ရက် အထိ၊ ၂၀၁၀ ခုနှစ် ဧပြီလ ၁၃ ရက်မှ ၁၆ ရက်အတွင်း ကျရောက်မည့် မြန်မာ့ ရိုးရာ သင်္ကြန် ပွဲတော် တွင် နှစ်စဉ် စည်ကား လွန်း၍ ကားများ၊ လူများ ပိတ်ကျပ် နေခဲ့သော ရန်ကုန်မြို့ရှိ အင်းလျား လမ်း နှင့် တက္ကသိုလ်ရိပ်သာ လမ်းတွင် သင်္ကြန် မဏ္ဍပ်များ ဆောက်လုပ် ခြင်းကို ခွင့်ပြု သွားမည် မဟုတ်ကြောင်း ရန်ကုန်တိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။သင်္ကြန်ကာလအတွင်း မဏ္ဍပ်အချို့၌ စင်တင် တေးဂီတများ ပါရှိမည် ဖြစ်ရာ မြန်မာ့ရိုးရာ ယဉ်ကျေးမှု နှင့် မကိုက် ညီသည့် ၀တ်စား ဆင်ယင်မှု နှင့် သရုပ်ပျက် ဂီတများ ကို ခွင့်ပြု သွားမည် မဟုတ်ကြောင်း ဆက်လက် ပြောကြား ခဲ့သည်။ ရန်ကုန်မြို့ မြို့တော်ခန်းမ ရှေ့တွင် ဆောက်လုပ် ထားမည့် မြို့တော်ဝန် မဏ္ဍပ်တွင် ယခင်နှစ်များ အတိုင်း အလှပြယာဉ် နှင့် အက ပြိုင်ပွဲ များကို ဆုများ ချီးမြှင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ယခင်နှစ် မဟာ သင်္ကြန် ပွဲတော် အခြေ အနေအား ပြန်လည် သုံးသပ်ခဲ့ပြီး မြန်မာ့ ရိုးရာ ယဉ်ကျေးမှု အစဉ် အလာနှင့် အညီ စည်ကား သိုက်မြိုက်စွာ ကျင်းပရန် စီစဉ်ထားကြောင်း ၂၀၁၀ ခုနှစ် မတ်လ ၁၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြ ထားပါသည်

 ရင်းမြစ်။ ။http://www.nfacforburma.info/2010/03/13032010_8317.html

0 comments:

Post a Comment