Tuesday, March 23, 2010

၁၉၉၀ များ

၁၉၉၀ များ


ထင်ထားတာထက်

ပိုလွယ်နေတာက

မနေ့တနေ့ကမှမထင်မရှား ကျူးလွန်းခဲ့သေးတဲ့

တကိုယ်စာ လိမ်ညာပုံမျိုးပေါ့။


ထင်ထားတာထက်

ပိုခက်ခဲနေတာက

သူ့ကိုယ်သူ

အနိုင်ပိုင်းဖို့ ကြိုးစားလိုက်

လက်လွတ်ဆုံးရှုံးသွားလိုက်နဲ့

ဗျာများနေပုံမျိုးပေါ့။


ထင်ထားတာထက်

ပိုဝမ်းနည်းစရာကောင်းနေတာကတော့

သူ့အကျင့်သိက္ခာနဲ့

သူ့နဲ့

ခပ်တန်းတန်းဖြစ်သွားပုံမျိုးပေါ့




ကိုမောင်ရီ

ပိတောက်ပွင့်သစ် စာပေအနုပညာ မဂ္ဂဇင်း အမှတ်(၃) ဧပြီ ၂၀၀၆

0 comments:

Post a Comment