Wednesday, October 13, 2010

ကမ္ဘာကျော် အကျဉ်းသားအများစု အာရှတွင် ရှိသည်


တချို့မှာ အကျဉ်းကျနေဆဲဖြစ်ပြီး တချို့က သေဆုံးသွားကြပြီ ဖြစ်သည်။
          ပူပူနွေးနွေး နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် လျူရှောင်ဘိုကို ထိပ်ဆုံးတွင် တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယ နေရာတွင် ဖော်ပြထားသည်။
လျူရှောင်ဘို (Liu Xiaobo) (၁၉၅၅ - )
အကျဉ်းကျဆဲ။
ယခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်။ မကြာခဏ ထိန်းသိမ်းခံရသူ လျူ သည် ယခု ထောင်ဒဏ် ၁၁ နှစ် ကျခံနေရသည်။

ဒေါ်အောင်ဆန်းစုကြည် (၁၉၄၅ - )
အကျဉ်းကျဆဲ။
ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း ထိန်းသိမ်း ခံနေရသည့် အချိန် ကာလပေါင်းမှာ ၁၅ နှစ် ရှိသည်။

တောင်အာဖရိက ခေါင်းဆောင် မင်ဒဲလား (၁၉၁၈ - )
လူဖြူအစိုးရက သူ့ကို ၂၇ နှစ် ကြာ ထောင်ချခဲ့သည်။
အကျဉ်းကျစဉ် လူဖြူအစိုးရနှင့် တွေ့ဆုံဆွေးနွေးသည်။ ထောင်မှ လွတ်ပြီး ရွေးကောက်ပွဲဝင်သည်။ အနိုင်ရပြီး သမ္မတ (10 May 1994 – 14 June 1999) ဖြစ်လာသည်။

အိန္ဒိယခေါင်းဆောင် မဟတ္တမ ဂန္ဒီ (၁၈၆၉ - ၁၉၄၈)
ဗြိတိသျှ အုပ်ချုပ်မှု အဆုံးသတ်ရေး လှုပ်ရှားမှုများကြောင့် အကြိမ်ကြိမ် ထိန်းသိမ်းခံရသည်။
အသက် ၇၈ နှစ်အရွယ်တွင် လုပ်ကြံခံရသည်။

မာတင်လူသာကင်း (၁၉၂၉ - ၁၉၆၈)
ပြည်သူ့အခွင့်အရေး လှုပ်ရှားမှုများကြောင့် အကြိမ် ၃၀ ခန့် ထိန်းသိမ်းခံရသူ ဖြစ်သည်။ အသက် ၃၉ နှစ် အရွယ်တွင် လုပ်ကြံခံရသည်။
အမေရိကန်တွင် နှစ်စဉ် ဇန်န၀ါရီလ၏ တတိယမြောက် တနင်္လာနေ့ကို မာတင်လူသာကင်းနေ့အဖြစ် သတ်မှတ်ထားသည်။

Andrei Sakharov (၁၉၂၁ - ၁၉၈၉)
ဆိုဗီယက် နျူကလီးယား သိပ္ပံပညာရှင်၊ လူ့အခွင့်အရေး လှုပ်ရှားသူ။
ချက်ခေါင်းဆောင် ဗားကလက်ဟာဗဲလ် (၁၉၃၆ - )
ချက်သမ္မတနိုင်ငံ အာဏာရှင် အစိုးရ လက်အောက်မှ လွတ်မြောက်ရေး ကြိုးပမ်းသူ။

အီရန် စာနယ်ဇင်းသမား Akbar Ganji (၁၉၆၀ - )
၂၀၀၀ ပြည့်နှစ်မှ အစပြုပြီး ၆ နှစ်ကြာ အကျဉ်းချခံရသည်။

ဖိလစ်ပိုင် နိုင်ငံရေးသမား အကွီနို (၁၉၃၂-၁၉၈၃)
ထောင်ထဲတွင် ၇ နှစ်၊ ပြည်ပတွင် ၃ နှစ်ကြာနေထိုင်ခဲ့ပြီး ပြည်တော်ပြန်သည့်နေ့ လေယာဉ်ပေါ်မှ အဆင်းတွင် ပစ်သတ်ခံရသည်။ သူလုပ်ကြံခံရမှုကြောင့် လူထု အုံကြွပြီး အာဏာရှင် မားကို့စ် အစိုးရ ပြုတ်ကျသည်။ သူ၏ ဇနီး ကိုရာဇန် အကွီနိုလည်း နိုင်ငံရေး လောကသို့ ၀င်ရောက်သည်။
ဗီယက်နမ် ခေါင်းဆောင် ဟိုချီမင်း (၁၈၉၀ - ၁၉၆၉)
တရုတ်နိုင်ငံတွင် တနှစ်ကျော်ကြာ အကျဉ်းကျခဲ့သည်။

ရင်းမြစ်။ ။မိုးမခ

0 comments:

Post a Comment