Sunday, September 5, 2010

အရူးတစ်ယောက်ရဲ့  အတ္တ

ဘယ်ဘ၀ရယ်က ၀ဋ်ကြွေးကြောင့်
အိပ်မက်တွေက
ဒီလောက်အကျည်းတန်နေရတာလဲ
နေညိုချိန်ကံမကောင်းမှုတွေကို
ရေတွက်ကြည့်ရင်
အသက်ထက် နှစ်ဆရှိနေပြီ

ရင်ကွဲအောင် ချစ်နေမိခဲ့မှတော့
ရင်နာစရာလောက်နဲ့ 
မျက်ရည်မစို့ သင့်တော့ဘူးလေ
အပြောင်းအလဲဆိုတာ
ကိုယ်ပိုင်ခဲ့တဲ့အရာမှမဟုတ်ခဲ့တာပဲ

ချစ်သူရယ်
မလှပတဲ့အကြောင်းတရားတွေအတွက်
ကိုယ့်အတိတ်ကံကိုပဲ ကိုယ် အပြစ်တင်ပါတယ်
မင်းနဲ့ ပတ်သက်ရင်
အရူးထက်ပိုရူးတဲ့အရူးလေးကိုတော့
နေထွက်ချိန်တွေမှာ အောက်မေ့ပေးပြီး
နေ၀င်ချိန်တွေမှာ သတိရပေးပါဦးနော်..။

မိုးအိမ်

0 comments:

Post a Comment