စစ်အစိုးရက ရွေးချယ် ခန့်အပ်ထားသည့် ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့ သြဂုတ်လ ၁၁ ရက်နေ့ နေ့စွဲဖြင့်ထုတ်ပြန်ကြေညာသော မဲဆန္ဒနယ်မြေ စာရင်းကို ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။
မဲဆန္ဒနယ်မြေ ၃၃၀ ပါရှိသော ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်မြေများ စာရင်းကိုပါ ယမန်နေ့နေ့စွဲဖြင့် ထုတ်ပြန်ပြီးဖြစ်သော်လည်း သတင်းစာများတွင်မူ ပြည်သူ့လွှတ်တော်စာရင်းသာ တွေ့ရသည်။ လာမည့် ရက်များတွင် ဆက်လက် ဖော်ပြသွားမည်ဟု ဆိုသည်။
မတ်လ ၈ရက်နေ့တွင် ရွှေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ပါတီ တည်ထောင်ရန် လျှောက်ထားခြင်းများ၊ မှတ်ပုံတင်ခြင်းများ လုပ်ဆောင်လျက်ရှိသော်လည်း ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ယခုတိုင်ကြေညာမှု မရှိသေးခြင်း၊ ပါတီတည်ထောင်ခွင့် နောက်ဆုံးရက် သတ်မှတ် ကြေညာခြင်းမျိုး မရှိသေးပေ။ ပါတီများ စည်းရုံးလှုပ်ရှားခွင့် လူစုဝေးခွင့် တို့ကိုလည်း ကော်မရှင်က ဥပဒေ အမျိုးမျိုး ထုတ်ပြန်ပြီး လူထုနှင့် ကင်းကွာအောင်လုပ်ဆောင်ထားသည်ဟု ပါတီများက ဝေဘန် ပြောဆိုလျက် ရှိသည်။
စစ်အစိုးရက ယခုနှစ်အတွင်း ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ကတိပေးထားသည့် အတွက် နှစ်မကုန်မီ ဒီဇင်ဘာလတွင် ကျင်းပမည်ဆိုပါက ပါတီစည်းရုံးရေး နှင့် မဲဆွယ် စည်းရုံးရေးများအတွက် လုံလောက်သည့် အချိန် ဖြစ်လိမ့်မည် မဟုတ်ဟု လေ့လာသူများက ဝေဘန်ကြသည်။
စစ်အစိုးရ ခေါင်းဆောင်များနှင့် ဖွဲ့စည်းထားသည့် ကြံ့ဖွံ့ (၄င်းတို့အခေါ် ပြည်ခိုင်ဖြိုးပါတီ) ပါတီကမူ လက်ရှိ အုပ်ချုပ်ရေး အဖွဲ့များ၊ ၀န်ကြီးဌာနဆိုင်ရာ အဖွဲ့အစည်းများ လုပ်ပိုင်ခွင့်များကို အသုံးပြုပြီး ၄င်းတို့ပါတီ ၀င်ရန်၊ ရွေးကောက်ပွဲတွင် ၄င်းတို့အား မဲပေးရန် စည်းရုံးလျက်ရှိနေသည်ကို ရန်ကုန်နှင့် နယ်မှ လာသော သတင်းများအရ သိရှိရသည်။
ယခုရက်ပိုင်းထိ ပါတီ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ရရန် ပါတီ ၄၆ ခုက လျှောက်ထားပြီး ၄၀ ကို မှတ်ပုံတင်ခွင့် ပြုပြီးဖြစ်သည်ဟု သတင်းစာ ဖော်ပြချက်များအရ သိရှိရသည်။ နယ်ခြားစောင့်တပ် ဖွဲ့ရန် သဘော မတူသေးသော ကေအိုင်အိုအဖွဲ့မှ အနား ယူခဲ့သည့် ဒေါက်တာတူးဂျာပါဝင်သည့် ကချင် ပြည်နယ် ပြည်သူ့တိုးတက်ရေးပါတီ (KSPP) မှာ တည်ထောင်ခွင့် ပြုရန် လျှောက်ထားသည်မှာ လနှင့် ချီနေသော်လည်း ယခုအချိန်ထိ ခွင့်ပြုခြင်း မရှိသေးပေ။
ရင်းမြစ်။ ။မိုးမခ
Melbourne near me Trusted Removalist
1 month ago
0 comments:
Post a Comment