Monday, March 15, 2010

လမ်း ၃၀ တိုက် ပြိုသည့် သတင်း နောက်ဆုံး အခြေအနေ အမျိုးသမီးငယ် တဦး သေဆုံး


မိုးမခအထောက်တော်၊ ရန်ကုန်
မတ်လ ၁၅၊ ၂၀၁၀ လမ်း ၃၀ မှ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသည့် အဆောက်အအုံ ပြိုကျအပြီး မြင်ကွင်း(ဓာတ်ပုံ - မိုးမခ)
အပျက်အစီး အောက်တွင် ပိတ်မိနေသည့် အသက် ၁၆နှစ် အရွယ် မိန်းကလေးကို ည ၁၀နာရီခွဲတွင် ထုတ်ယူနိုင်ခဲ့သော်လည်း အသက်သေဆုံးနေကြောင်း တွေ့ရသည်။
ထိုမိန်းကလေးသည် ယခုတိုက်ပြိုကျသည့် ဖြစ်ရပ်တွင် တဦးတည်းသော သေဆုံးသွားသူဖြစ်သည။ ည ၇နာရီခွဲ ၀န်းကျင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် အပေါ်ထပ်မှ ပြတင်းပေါ က်ဘောင်များ ပြုတ်ကျသဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာအနည်းငယ် ရရှိသွားသည်ဟု ဆိုသည်။
ယခုအဖြစ်အပျက်ကြောင့် ရန်ကုန်မြို့မှ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသည့် အဆောက်အအုံများတွင် နေထိုင်သူတို့ ထိတ်လန့် စိုးရိမ်ပြီး နေရာပြောင်းရွှေ့လာဖွယ်ရှိသည်ဟု ဒေသခံများကြားတွင် ပြောဆိုနေကြသည်။

0 comments:

Post a Comment