Saturday, February 13, 2010
သမီးနဲ့သားအတွက် ဗိုလ်ချုပ်ကဗျာ
ဖေဖော်ဝါရီ(၁၃)ဟာ
ဗိုလ်ချုပ်မွေးနေ့ပါ
ဒါဟာ..ကြည်နူးစွာရွတ်ဆိုခဲ့တဲ့
အဖေတို့ ငယ်ငယ်က ဗိုလ်ချုပ်ကဗျာ..။
စွယ်တော်နဲ့ကံ့ကော်ကို
စာဖွဲ့ရမယ့်အရွယ်မှာ
အဖေတို့ဆိုခဲ့ရတာက
“ သခင်အောင်ဆန်း နိုင်ငံတော်မှာ
သွေးစွန်းခဲ့ပြီ အဖရေ..”
နှစ်နှစ်ဆယ်ကျော်ကြာခဲ့ပေမယ့်
ရင်နာနေဆဲသီချင်း...။
ဥသြသံ၊ ဓာတ်ပုံနဲ့ ကဗျာ
ဖျောက်ဖျက်ထားတာနဲ့
မေ့သွားကြမှာလားဆိုတာကို
လူငယ်တွေ ရဲရဲ ဖြေလိုက်တယ်.....
“ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ
ပြည်သူတွေကိုသတ်ဖို့မဟုတ်ဖူး.....” ။
သမီးနဲ့သားတို့ခေတ်မှာ
“ ရာဇ၀င်လည်းရှိရမယ်
မော်ကွန်းလဲ ထိုးလောက်တဲ့
မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ် ” ဆိုတဲ့
သီချင်း ကဗျာမျိုးတွေကို
ရင်ကော့ပြီး ဆိုနိုင်ဖို့....
အဖေတို့ သမိုင်းရေးကြမယ်.....။
(ကိုထက်)
Subscribe to:
Post Comments (Atom)
2 comments:
ကဗျာရှင်ကိုရော တင်ပြသူကိုပါ သိပ်ပြီးကျေးဇူးတင်ပါတယ်။
ရေးတတ် တင်တတ်လိုက်တာဗျာ၊၊
လာဖတ် သွားပါတရ် ခင်ဗျ
Post a Comment