Wednesday, January 12, 2011

၂၀၁၁ ခုနှစ်၌ ဖုန်းသုံးစွဲမှုဆိုင်ရာ ကိစ္စရပ်များ၊ အင်တာနက် အသုံးပြုခွင့်ပေးမှုများနှင့် IT ပိုင်းဆိုင်ရာ ဆောင်ရွက်မှုများ အားလုံးကို ရတနာပုံ တယ်လီပို့မှသာ ဦးဆောင် လုပ်ကိုင်သွားမည်ဟုသိရ


3423      ၂၀၁၁ခုနှစ်၌ ဖုန်းသုံးစွဲမှု ဆိုင်ရာကိစ္စရပ်များ၊ အင်တာနက် အသုံးပြုခွင့်ပေးမှုများနှင့် IT ပိုင်း ဆိုင်ရာ ဆောင်ရွက်မှုများကို ရတနာပုံတယ်လီပို့မှ ဦးဆောင်လုပ် ကိုင်သွားမည်ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့ ကုမ္ပဏီလီမိတက်နှင့် ရတနာပုံမြို့သစ်၌ ရင်းနှီးမြှုပ်နှံကြသော ကုမ္ပဏီများ လုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲ၌ရရှိသည့် အချက်အလက်များအရ သိရှိရသည်။
     ၂၀၁၁ခုနှစ် ဇန်န၀ါရီလ ၈ ရက်နေ့မှ ၁၂ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရတနာပုံနည်းပညာ မြို့သစ်တွင် ကျင်းပခဲ့သည့် န၀မအကြိမ်မြောက် မြန်မာအိုင်စီတီ ရက်သတ္တပတ်ပွဲတော်တွင် ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်နှင့် ရင်းနှီးမြှုပ်နှံကြမည့် ကုမ္ပဏီများလုပ်ငန်း ပူးပေါင်းမှုဆိုင်ရာ သဘောတူစာချုပ်များ ချုပ်ဆိုသည့် အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
     အဆိုပါ အခမ်းအနားတွင် ရတနာပုံတယ်လီပို့ ကုမ္ပဏီလိမိတက် နှင့် Elite Tech IT Services ကုမ္ပဏီတို့အကြား ရတနာပုံ Web Portal ဖျော်ဖြေရေးကဏ္ဍများတွင် လည်းကောင်း၊ ရတနာပုံတယ်လီပို့နှင့် Elite Tech Manufacturing ကုမ္ပဏီတို့အကြား Next Generation Business Support System (NGBSS) လုပ်ငန်းတွင် လည်းကောင်း၊ Asia Mega Link ကုမ္ပဏီနှင့် Solar Panel Production ကိုလည်းကောင်း၊ e Trade  နှင့်Mobile Store  လုပ်ငန်း ကိုလည်းကောင်း၊ Myanmar Technology Gateway  နှင့်Domain Registration and Hosting လုပ်ငန်းကို လည်းကောင်း၊ ရွှေသံလွင်ကုမ္ပဏီလိမိတက်နှင့် Multi Play Service (MPS) လုပ်ငန်းများ ကိုလည်းကောင်းစသည်ဖြင့် ရတနာပုံ တယ်လီပို့ကုမ္ပဏီလိမိတက်နှင့် လုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များကို တာဝန်ရှိသူများမှ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
    "အရင်တုန်းက ဖုန်းလျှောက်ရင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှာ လျှောက်ရတယ်။  နောက်ပိုင်း မှာ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ၀င်လာပြီး မြန်မာ့ဆက်သွယ်ရေးနဲ့ ပူး ပေါင်းလုပ်ကြတယ်။ အခုအဲဒီ ကုမ္ပဏီ တော်တော်များများနဲ့ ရတနာ ပုံတယ်လီပို့နဲ့ ပူးပေါင်းလိုက်ကြတဲ့ အတွက် နောက်ပိုင်း ဖုန်းအပါအ၀င် IT ပိုင်းဆိုင်ရာ စီမံကိန်းတွေ၊ application တော်တော်များများကို ရတနာပုံကပဲ ဆောင်ရွက်သွားမယ့် အနေအထားရှိတယ်"ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်းနေသည့် ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ သည်။

sources: : www.first-11.com

0 comments:

Post a Comment