Sunday, November 7, 2010

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ မဲရုံကိုယ်စားလှယ်အား ပြည်ခိုင်ဖြိုးပါတီမှ ဓာတ်ပုံရိုက်သဖြင့် ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တိုင်ကြားထားကြောင်း သိရ

 မြစ်ကြီးနားမြို့ပေါ်ရှိ ဧရာမဲရုံတွင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၏ မဲရုံကိုယ်စားလှယ်အဖြစ် တာဝန်ယူထားသူအား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပုဂ္ဂိုလ်တစ်ဦးက ဓာတ်ပုံရိုက်ယူသဖြင့် အဆိုပါ မဲရုံကိုယ်စားလှယ်က ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။ ရပ်ကွက်ကော်မရှင်ကလည်း အဆိုပါတိုင်ကြားမှုအား မြို့နယ် ရွေးကောက်ပွဲကော်မရှင်သို့ ဆက်လက် တိုင်ကြားခဲ့သည်ဟု သိရပါသည်။
     အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ တာဝန်ရှိသူတစ်ဦးက" မြစ်ကြီးနားမြို့ပေါ်မှာ မဲရုံပေါင်း ၁၀၀ကျော် ရှိပါတယ်။ အဲဒီအထဲက မှ မဲရုံ ၃၀မှာ ကျွန်တော်တို့ မဲရုံကိုယ်စားလှယ်တွေ စောင့်ကြည့်လျက် ရှိပါတယ်။ မဲပေးမှုတွေ ပြီးဆုံးသွားလို့ ဆန္ဒမဲလက်မှတ်တွေကို ရေတွက်တဲ့အခါမှာ သက်ဆိုင်ရာ မဲရုံမှူးတွေ၊ ရယကအဖွဲ့ဝင်တွေ၊ ပါတီတွေက မဲရုံကိုယ်စားလှယ်တွေနဲ့ အများပြည်သူရဲ့ရှေ့မှာ ရေတွက်ရပါမယ်။ ဒီလိုမဟုတ်ဘဲ ရလဒ်တွေကို အများပြည်သူ အရှေ့မှာ ရေတွက်ချင်းမရှိဘဲ ထုတ်ပြန်ခဲ့ရင်တော့ ကန့်ကွက်သွားမှာပါ"ဟု ပြောဆိုခဲ့သည်။
     မြစ်ကြီးနားမြို့မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတစ်ဦးကမူ" ဆန္ဒမဲလက်မှတ်တွေကို မဲရုံမှူးတွေ၊ ရယကအဖွဲ့ ၀င်တွေနဲ့ ပါတီကိုယ်စားလှယ်တွေ အရှေ့မှာ ရေတွက်ရမယ်ဆိုတာ သိထားပြီးဖြစ်ပေမဲ့ အများပြည်သူပါ၊ မပါကတော့ မသိရသေးပါဘူး"ဟု ပြောကြားခဲ့သည်။

www.first-11.com

0 comments:

Post a Comment