Friday, September 3, 2010

တရုတ်လူမျိုးအား မှတ်ပုံတင်ဖြင့်မက်လုံးပေး၍ ကြံ့ဖွတ်ပါတီကိုမဲပေးခိုင်း

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲကြံ့ဖွတ်ပါတီက လားရှိုးရှိတရုတ်လူမျိုးအားမှတ်ပုံတင်ဖြင့် မက်လုံးပေးပြီး ကြံ့ဖွတ်ပါတီကိုမဲပေးထောက်ခံရမည်ဟုကတိပေးခိုင်းကြောင်း စုံစမ်းသိရှိရပါသည်။ “တရုတ်တွေကိုမှတ်ပုံတင်လုပ်ပေးမယ်ပေါ့။ မှတ်ပုံတင်ရရင် ရွေးကောက်ပွဲနေ့မှာကြံ့ဖွတ်ပါတီကိုမဲပေးရမယ်လို့ ကတိ ပေးခိုင်းတယ်” ဟု လားရှိုးကုန်သည်တစ်ဦးကပြောပါသည်။
သြဂတ်စ် ၂၆ ရက် တာမိုးညဲပြည်သူ့စစ်ခေါင်းဆောင် တာမိုးညဲမြို့နယ်ခွဲကြံ့ဖွတ်ပါတီအကြီးအကဲ ဦးမြင့်လွင် (တရုတ် အမျိုးသား)က လားရှိုးမြို့ ပန်အွတ်(အမှတ် ၅ ရပ်ကွက်)ရှိတရုတ်များအားခေါ်ယူပြောဆိုခြင်းဖြစ်သည်။
“ကျေးလက်မှာလဲအိမ်ရှိတယ်။ မြို့ပေါ်လဲအိမ်ရှိတယ်။ ဒါပေမဲ့အဲ့တရုတ်တွေကမှတ်ပုံတင်မရှိကြဘူး။ လူဦးရေရာချီ တယ်။ အစည်းအဝေးခေါ်တော့ အယောက် ၂၀၀ ကျော်လောက်ဘဲလာထိုင်နားထောင်ကြတယ်” ဟု ၎င်းက ဆက်လက် ပြောပါသည်။
ဦးမြင့်လွင် ခေါ် ၀မ်ကော့တာ သည် ကွတ်ခိုင်မြို့နယ် တာမိုးညဲပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သည့်အပြင် ကြံ့ဖွတ် အသင်းအနေဖြင့် တာမိုးညဲမြို့နယ်ခွဲကိုယ်စားလှယ်အဖြစ် ညောင်နှစ်ပင်ညီလာခံကိုလည်း တက်ရောက်ဖူးသူဖြစ် သည်။ သျှမ်းပြည်မြောက်ပိုင်းတွင် ပန်းဆေးကျော်မြင့်ပြီးနောက် ဦးမြင့်လွင်သည် မူးယစ်ရာဇာအဖြစ်နာမည်ကျော် ကြားသူဖြစ်သည်။
ကျိုင်းတုံမြို့၌လည်း ဂျွန်လနှောင်းပိုင်းက အသက် ၁၀ နှစ်ပြည့်ကလေးမှတ်ပုံတင်အတွက် ကျပ်ငွေသိန်းချီကောက်ယူ သော်လည်း အသက် ၁၈ နှစ်ပြည့်သူများကြံ့ဖွတ်ပါတီထဲဝင်လျှင် မှတ်ပုံတင်အခမဲ့ပြုလုပ်ပေးမည်ဟု လ၀ကမြို့နယ် မှူးကစည်းရုံးခဲ့သည်။

ရင်းမြစ်။ ။သျှမ်းသံတော်ဆင့်

0 comments:

Post a Comment