Tuesday, August 31, 2010

ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် စိုးရိမ်ရေအမှတ်သို့ ကျော်လွန်ရောက်ရှိ ကာ ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်းမကြီးအား ရေကျော်နေပြီ ဖြစ်ကြောင်း သိရ


 Bago Float
Bago Float
Bago Float
Bago Float
ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ၂၀၁၀ခုနှစ်၊ သြဂုတ်လ (၃၀)ရက်နေ့ နေ့လည် (၁၂း၃၀)နာရီ အချိန်မှစတင်၍ ပဲခူးမြစ်ရေ၏ စိုးရိမ်ရေအမှတ်ဖြစ်သည့် (၉၁၀)စင်တီမီတာကို ကျော်လွန်ရောက်ရှိနေပြီး ညနေ(၃း၀၀)နာရီ အချိန်ခန့်မှစတင်၍ ပဲခူးမြို့၊ ခေါင်းဆေးကျွန်းတွင် ရန်ကုန်-မန္တလေးအဝေးပြေးကားလမ်းမကြီးအား ရေအမြင့်(၁)ပေခန့် ကျော်လွန်နေပြီဖြစ်ကြောင်း သိရသည်။
မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သြဂုတ်လ (၃၀)ရက်နေ့ နေ့လည် (၁၂း၃၀)နာရီမှ စတင်၍ နောက်(၂၄)နာရီအတွင်း မြစ်၏စိုးရိမ်ရေအမှတ်အထက်တွင်  ဆက်လည်တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။ ဤကဲ့သို့ ရန်ကုန်-မန္တလေးအဝေးပြေးကားလမ်းမကြီးအား ရေအမြင့် (၁)ပေခန့် ကျော်လွန်နေသဖြင့် အဝေးပြေးကားကြီးများ၊ ကုန်တင်ကားကြီးများနှင့် ပဲခူးမြို့ခံများအနေဖြင့် ခက်ခဲစွာသွားလာနေရကြောင်း သိရသည်။

ရင်းမြစ်။ ။www/first-11.com

0 comments:

Post a Comment