
ရန်ကုန်မြို့မှ NLD အဖွဲ့ဝင်များ (ဓာတ်ပုံ - AP)
“တရားရုံးချုပ် ဒုတိယ ညွှန်ကြားရေးမှူးက သူတို့ ဆက်လုပ်နေပါတယ်၊ အကျိုးအကြောင်းကို တယ်လီဖုန်းနဲ့ ဖြစ်ဖြစ် စာနဲ့ ဖြစ်ဖြစ် ဆက်သွယ်ပါ့မယ် ပြောပေမယ့် ဘယ်အချိန်မှာ အကြောင်း ပြန်မယ် ဆိုတာတော့ အတိအကျ မပြောဘူး” ဟု NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ရှင်းပြသည်။
NLD ၏ နောက်ထပ် တရားစွဲဆိုချက် တခုမှာ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ၏ တရားဝင် ရပ်တည်ခွင့်ကို ရွေးကောက်ပွဲ ဥပဒေက ပယ်ဖျက်ခဲ့ခြင်းနှင့် သက်ဆိုင်သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။
“ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေသစ်ရဲ့ ပုဒ်မ ၉၁ က ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်လိုက်တဲ့ အတွက် သူတို့တွေရဲ့ တရားဝင် ရပ်တည်ခွင့်ကို ထိခိုက်သွားစေတယ်။ ဒါကြောင့် ပြည်သူ့ လွှတ်တော် ခေါ်ယူပေးဖို့ တရားမ အမှု စွဲခဲ့တာပါ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ရှေ့နေ ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးကျော်ဟိုးတို့က ရန်ကုန်မြို့ရှိ ဗဟိုတရားရုံးချုပ်တွင် အဆိုပါ အမှု ၂ မှုကို ယမန်နေ့ နံနက် ၁၀ နာရီက သွားရောက် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
NLD သည် ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံ မတင်ရန် မတ်လ ၂၉ ရက်နေ့က ဆုံးဖြတ်ချက် ချခဲ့သည်။
ရင်းမြစ်။ ။ဧရာဝတီ
0 comments:
Post a Comment