Tuesday, April 6, 2010

စကားလုံးများသာချည်းမဟုတ်သော လက်တွေ့လုပ်ဆောင်မှုလိုပါသည်

အမြဲတမ်းအာဏာရှင်များ၏အလိုကျလိုက်လုပ်၊ လိုက်သွေးဆောင်နေကြသောဗဟိုလ်ကော်မီတီဝင်တချို့နှင့် အာဏာရှင် များကခွံ့သင်ပေးထားသလိုသာ ကြက်တူရွေး၊ သာလိကာအော်လိုက်အော်တတ်ကြရှာသော မြန်မာနိုင်ငံရေးအထူးကျွမ်း ကျင်သူကြီးများတို့၏ အမြဲတမ်းဒူးထောက်အလျှော့ပေးအညံ့ခံလိုသည့် အာဏာရှင်ဖြေဖျော်ရေးလုပ်ဆောင်ရန်တိုက်တွန်း ဖိအားပေးမှုများကိုအာခံကာ၊ တရားမျှတမှုမရှိမှန် ကန်မည်မဟုတ်သည်မှာသေချာသော ရွေးကောက်ပွဲအတွက် ဒေါ်အောင် ဆန်းစုကြည်နှင့်တကွ ယုံကြည်ချက်အတွက် မား မားမတ်မတ်ရပ်တည်နေကြသော လုပ်ဖေါ်ကိုင်ဘက်များကို သစ္စာဖေါက် ရင်ဝကိုစုံကန်ပြီး မှတ်ပုံတင်ခြင်းမပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြတ် ပြတ်သားသားဆုံးဖြတ်ချက်ချခဲ့သည်ကို အားလုံးအသိပင်ဖြစ်သည်။  ကြောက်သွေးသေမတတ်ပါနေသောသူတချို့၏သွေး တက်ရောဂါထစေမှုနှင့် အလိုကျလိုက်အော်လျှင် ငရုပ်သီးကြွေးမည်ကိုမျှော်နေကြရှာသော ကြက်တူရွေး၊ သာလိကာမြန်မာ နိုင်ငံအရေးကျွမ်းကျင်သူကြီးများတို့၏ ညည်းတွားသံများကို ထိုရဲရင့်ပြတ်သားသောဆုံးဖြတ်ချက်က ဖြစ်စေခဲ့သည်။

သွေးတက်အကြောက်တရားပိတ်ဖုံးနေသူတို့နှင့် မြန်မာနိုင်ငံရေးကျွမ်းကျင်သူကြီးများဟူသောဂုဏ်ပုဒ်ကို မရှက်မကြောက် ယူထားဝန့်သောသူများအနေနှင့် တိုင်းပြည်ပြသနာဖြေရှင်းနိုင်ရန်အတွက် မည်သို့လုပ်သင့်သည်ကို မည်သည့်အခါကမျှ မြန်မာနိုင်ငံအရေးကျွမ်းကျင်မှုမပြနိုင်ခဲ့ရှာကြပဲ၊ အမြဲတမ်းစစ်အာဏာရှင်တို့အလိုကျလိုက်လျှောက်ဖြော်ဖြေသည့်လမ်းတွင် သာလိုက်ရန် အကြံထွက်ရှာကြလေ့ရှိသည်ကို မှတ်တမ်းများအားလုံးပြန်လေ့လာကြည့်ပါက တွေ့ရလိမ့်မည်ဖြစ်သည်။  တိုင်းပြည်၏ပြသနာပြေလည်သွားအောင်မည်သို့ဖြေရှင်းသင့်သည်ဆိုသည့် အမှန်တကယ်ကျွမ်းကျင်မှုမပြနိုင်ပဲ၊ ထိုသို့ပြ သရန်လည်းအရည်အချင်းမရှိရှာကြပဲ တချိန်လုံးသူတို့ပြောနေသွေးဆောင်နေကြသည်မှာ စစ်အာဏာရှင်တို့၏အလိုကျ လိုက်ကပြအသုံးတော်ခံရေးဘောင်အတွင်းကသာဖြစ်နေသည်ကိုလဲ သူတို့ဘာသာသူတို့ပင် သတိပြုမိရဲ့လားဆိုသည်ကို မေးစရာဖြစ်နေသည်။  ထိုသို့သာအမှန်တကယ်ငြိမ်းချမ်းပြေလည်စေမည့်လမ်းစဉ်မစဉ်းစားနိုင်ပဲ၊ အာဏာရှင်အလိုတော်အ တိုင်းသာလိုက်လံဖျော်ဖြေနေမည့်သူများအဖြစ်ဆက်လက်နေလိုကျလျှင် ထိုသူများကိုသူတို့နှင့်လားလားမျှသက်ဆိုင်ခြင်းမ ရှိသော မြန်မာနိုင်ငံရေးကျွမ်းကျင်သူဝိဇ္ဖာကြီးများဟုခေါ်ကြမည့်အစား စစ်အာဏာရှင်သစ္စာခံသာလိကာနှုတ်တက်ကျွမ်း ကျင်သူကြီးများဟုသာ သတ်မှတ်ရပေလိမ့်မည်။  ထိုသူတို့အနေနှင့် ကျွမ်းကျင်သူဟူသောဂုဏ်ပုဒ်ကိုထိုက်တန်မှုရှိစေရန် အတွက် မြန်မာပြည်ကိုမည်သို့ပြောင်းလဲအောင်လုပ်နိုင်သည်ဆိုသော အခင်းအကျင်းမျိုးကို ပြသနိုင်အောင်ကြိုးစားသင့် သည်။  ထိုသို့မဟုတ်ပဲ သူများအလိုကျကြိုးစွဲသလို ထိုဘောင်အတွင်းမှသာလိုက်လံစဉ်းစားပြောဆိုတတ်လျှင် ရုပ်သေးရုပ် များမျှသာအဖြစ်ကလွဲပြီး ဘာမျှအနှစ်သာရရှိမည်မဟုတ်သည်မှာသေချာပါသည်။  မည်သည့်အခါက အမှန်တကယ်ပြောင်း လဲနိုင်မည့်နည်းလမ်းများနှင့် မည်သို့လုပ်ကြလျှင် လိုက်ဒူးထောက်အညံ့ခံနေသည်သာမဟုတ်ပဲ နှစ်ဘက်လက်ခံနိုင်သော ပြောင်းလဲမှုဖြစ်လာမည်ကို ပြောကြားချမှတ်နိုင်ခဲ့ခြင်းများရှိပါသနည်း။  ကျွန်တော်သိသလောက် မရှိပါ။  ရှိများရှိခဲ့လျှင်ပြော ပြပေးစေချင်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မတရားမှုကိုမားမားမတ်မတ်ရင်ဆိုင်ရန်ဆုံးဖြတ်ချက်ချလိုက်သည့်အတိုင်း ရှေ့ဆက်ရန် ရဲရဲလုပ်ကြတော့မည်မှာမလွဲပင်ဖြစ်သည်။  ထို့အတူ အာဏာရှင်တို့ကလည်း ပိုမိုဆိုးရွားပြင်းထန်သောဖိနှိပ်မှုများလုပ်ကာ ချေမှုန်းရန်ကြိုးစားလိမ့်မည်။  သာလိကာတို့ကလဲ ထိုသို့အာဏာရှင်တို့လုပ်သည်ကိုအလိုကျလိုက်ကာ ငါတို့မပြောလား ဆိုသည့်စကားများ ပြောကြပေလိမ့်ဦးမည်ဖြစ်သည်။  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူလူထုက ၁၉၉၀ရွေး ကောက်ပွဲတွင် မဲပေးကာ သူတို့ရှေ့မှမားမားမတ်မတ်ရပ်တည်လုပ်ဆောင်ရန်အတွက် အများပြောပြောနေသော မန်းဒိတ်  ပြည်သူ့ယုံကြည်ကိုးစားမှုကို အပ်နှင်းခဲ့သည်။  ပြည်သူ့ယုံကြည်ကိုးစားမှုနှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည် သူတို့၏အရှေ့မှမားမားမတ်မတ်ရပ်တည်လုပ်ဆောင်သည့်အခါတွင် ပြည်သူအားလုံး၏လိုက်ပါလုပ်ဆောင်မှုကလည်း အ လွန်အရေးကြီးသောအခန်းကဏ္ဍဖြစ်ပါသည်။  ဥပမာစစ်တိုက်သည်ဖြစ်စေ၊ အလုပ်လုပ်သည်ဖြစ်စေ မိမိတို့ယုံကြည်အား ကိုးမှုကိုပေးအပ်ထားသော ခေါင်းဆောင်တယောက်တည်းက သွားတိုက်၍၊ သွားလုပ်၍မည်သည်မျှဖြစ်လာမည်မဟုတ်ပါ။  မိမိတို့ပေးအပ်ထားသော ယုံကြည်ကိုးစားမှုနှင့်အတူ မိမိတို့အားလုံးကလဲ ကျလာသောအခန်းကဏ္ဍကို ရဲဝန့်စွာလိုက်ပါ လုပ်ဆောင်ကြမှသာ အလုပ်အောင်မြင်လိမ့်မည်ဖြစ်သည်။  ယုံကြည်ကိုးစားမှုအပ်နှင်းထားပြီးပြီဆိုပြီး မိမိတို့ကဘာမှမလုပ် ပဲ ဦးဆောင်မှုတခုတည်းက အရာရာကိုလိုက်လုပ်ဆောင်ယုံမျှဖြင့်တော့ ပန်းတိုင်ရောက်လိမ့်မည်မဟုတ်ပါ။  ယုံကြည်မှုအပ် နှင်းထားသည့်အတိုင်း ဦးဆောင်မှုကလုပ်ဆောင်မှုများလုပ်လာသည့်အခါ လက်တွေ့လိုက်ပါလုပ်ဆောင်ကြပြီး မိမိတို့၏ အခန်းကဏ္ဍမှတာဝန်ကျေပွန်အောင်လည်းလုပ်ကြရမည်ဖြစ်သည်။  ဘပ်ပေါင်းစုံမှ စုပေါင်းလုပ်ဆောင်ကြမှသာ အားလုံးလို လားသောပန်းတိုင်သို့ရောက်လိမ့်မည်။  အားလုံးအနေနှင့်လည်း မိမိတို့ဘာသာပြင်ဆင်မှုများကို စဉ်းစားဆင်ခြင်ပြီး လုပ် သင့်လုပ်ထိုက်သောအရာများအားလုံးကို ဝိုင်းလုပ်ထားကြရန်လိုပါသည်။  နေ့စဉ်အစာစားရန်၊ ဘာချက်ပြုတ်စားရန်တို့အ တွက်မည်သူကမျှ ကျွန်တော်တို့အား အမိန့်လာပေးနေစရာမလိုပဲ ချက်ပြုတ်၊စားသောက်ရကောင်းမှန်း အားလုံးသိကြပြီး ဖြစ်သည်။  မိမိတို့ဘာလုပ်သင့်သည်၊ ဘာပြင်ဆင်ထားသင့်သည်ဆိုသည်ကိုလဲ မည်သူမျှလာမခိုင်းနေပဲနှင့် အားလုံးက စု ပေါင်းလုပ်ဆောင်ပြင်ဆင်ထားနိုင်ကြပါလိမ့်မည်။  ထိုသို့မိမိတို့ဘာသာအသိစိတ်ဓါတ်နှင့် ပြင်ဆင်မှုများက မည်သည့်အခါ မျှ အချီးအနှီးဖြစ်သွားလိမ့်မည်မဟုတ်ပါ။  မြန်မာနိုင်ငံနှင့်ပြည်သူလူထုအကျိုးစီးပွါးကို လိုလားသောမည်သည့်နေရာရောက် နေသူဖြစ်ဖြစ် ထိုပြင်ဆင်မှုများကို လုပ်ထားရပေလိမ့်မည်။  ပြည်တွင်းတွင်ပြည်သူလူထုက သူတို့၏အခန်းကဏ္ဍကိုတာဝန် ကျေပြွန်အောင်လုပ်ရန် ပြင်ဆင်ကြလိမ့်မည်ဖြစ်သကဲ့သို့ နယ်စပ်၊ ပြင်ပတို့တွင်ရောက်နေသူများအားလုံးကလည်း မိမိတို့ ရှိနေရာနေရာများအားလုံးမှနေ၍ ထိထိရောက်ရောက်ထည့်ဝင်လုပ်ဆောင်နိုင်မှုအတွက် ပြင်ဆင်မှုများလုပ်ထားကြရလိမ့် မည်ဖြစ်သည်။  အဖြစ်သဘော၊ လူအထင်ကြီးခံရယုံအမည်ထွက်ယုံလေးသာလုပ်နေ၍မရပါ။ တကယ်မိမိတို့ဘက်အတွက် ကျလာမည့်တာဝန်အားလုံးကို ကျေကျေပြွန်ပြွန်လုပ်နိုင်စေရေးအတွက် မိမိတို့ကိုယ်ကို မလိမ်ပဲနှင့် ပြင်ဆင်လုပ်ထားကြရ လိမ့်မည်ဖြစ်သည်။  ယနေ့သင်ညာလျှင် မနက်ဖြန်အားလုံးဒုက္ခရောက်အောင် ချောက်ထဲတွန်းပို့သလိုဖြစ်မည်ကို အလေး အနက်ထားကြစေချင်ပါသည်။  လွယ်လွယ်သက်သက်သာသာနှင့်အားလုံးကိုအလကားရမည်မဟုတ်သည်ကိုလဲ သတိရှိ ထားသင့်ပါသည်။  ပေးဆပ်မှုများကို အားလုံးမလွဲမသွေလုပ်ကြရလိမ့်မည်ဖြစ်၏။

အဖွဲ့အစည်းမြောက်များစွာတိုက ကြေငြာချက်များမရေမတွက်နိုင်အောင်ထုတ်ပြန်ကြသည်။  အသင်းအဖွဲ့များကော၊ လူ ပုဂ္ဂိုလ်များကော တွေ့ဆုံညှိနှိုင်းပွဲများ မရေမတွက်နိုင်အောင်လုပ်ကြသည်။  အလုပ်လုပ်ရန်လက်တွေ့လုပ်ငန်းစဉ်ကို ယခု အချိန်အထိတိုင် မတွေ့ရသေး၊ မလုပ်ကြရသေးပါ။  အနှစ်သာရရှိသောလုပ်ငန်းစဉ်နှင့်လုပ်ငန်းရပ်များကိုအဆင့်ဆင့်ချမှတ် ပြီးပါက ကာရာအိုကေဆိုင်များတွင် ပုလင်းနှင့်အလဲပြိုင်အရပ်နားမခံသာအောင်ဟစ်ကြွေးနေသူများ၊ ဟိုလိုက်ယား၊ ဒီလိုက် ယားလုပ်လိုက်ဖဲရိုက်လိုက်လုပ်နေသူများကို တွေ့ကြရတော့မည်မဟုတ်ပဲ အားလုံးယား၍ပင်မျှကုတ်ချိန်မရှိအောင် လုပ်နေ ကြရတာဖြစ်နေပါလိမ့်မည်။  သို့သော် ဖဲဝိုင်းများ၊ သောက်ဝိုင်းများမစဲသေးပဲ ရုတ်စိရုတ်စိသာရှိနေတုံးပင်ဖြစ်ပါသည်။  လက်တွေ့ပါသော ယုံကြည်မှုအပ်နှံခြင်းနှင့် အနှစ်သာရရှိသောပူးပေါင်းလုပ်ကိုင်ခြင်းတို့ဖြစ်လာကြစေရန်လိုပါသည်။  ထပ် မံ၍နေရာလေးတခုရမှာပဲ၊ အခွင့်အရေးလေးလဲပါလာလိမ့်နိုးနှင့် ကိုယ်ကျိုးရှာမှုမျိုးလုံးလုံးမဖြစ်သင့်ကြတော့ပါ။  အင်မတန် အရေးကြီးသောအချိန်ရောက်နေပြီဖြစ်ပါသည်။

ကျွန်တော်တို့အားလုံး မိမိကိုယ်ကိုမိမိမလိမ်မညာစတမ်းစမ်းစစ်လေ့လာကာ မိမိတွင်ရှိသောအတိုင်းအတာနှင့် ပေးဆပ် လုပ်ကိုင်မှုထိထိရောက်ရောက်လုပ်ကြရန်လိုပါသည်။  ယနေ့ကာလတွင်မိမိကိုယ်ကိုအမှန်အတိုင်းရှုမြင်ပြီး မိမိလက်ခံပေး ဆပ်နိုင်သောအတိုင်းအတာနှင့်သွားလျှင် နောက်တွင် အားလုံးနှင့်မျက်နှာနာရလိမ့်မည်မဟုတ်ပါ။  မိမိကိုယ်ကိုလိမ်ပြီး ဟို ဟာလုပ်နိုင်တယ်၊ ဒီဟာလုပ်မယ်နှင့်တကယ်တမ်းလုပ်လာသည့်အချိန်ကျ၍မလုပ်လာနိုင်လျှင် အားလုံးက မိမိအပေါ်ကို တသက်လုံးသုံးမရအောင် အထင်အမြင်သေးသွားကြလိမ့်မည်ဖြစ်သည်။  မည်သူနှင့်မျှဘာစကားမှမစရသေးမှီ မိမိကိုယ်ကို ဝေဘန်သုံးသပ်စိတ်ဖြာ၍ မိမိ၏ထည့်ဝင်ပေးဆပ်မည့်အတိုင်းအတာကို မိမိဘာသာပြတ်ပြတ်သားသားဆုံးဖြတ်ထားပြီး ထို အတိုင်းအတာနှင့်ခိုင်ခိုင်မာမာလုပ်နိုင်ရန်အတွက် ခြေလှမ်းပြင်နိုင်ပြီဖြစ်သည်။  ကိုယ့်ကိုကိုယ်ညာ၍မရပါ။  အားလုံးကိုယ့် ကိုကိုယ်အမှန်အတိုင်းသိနေပြီးဖြစ်သည်။  ကိုယ့်ကိုကိုယ်လိမ်လျှင် မိမိတယောက်သာဒုက္ခရောက်မည်မဟုတ်ပဲ တလှေ တည်းခရီးသွားမည့်အားလုံးအား ဒုက္ခပိုဖြစ်နေစေရန်အတွက်ကိုဖန်တီးသလိုဖြစ်နေနိုင်သည်ကို အလေးအနက်သတိထား သင့်ပါသည်။  ထိုသို့ပြတ်ပြတ်သားသားဆုံးဖြတ်၊ သိရှိထားအောင်လုပ်ပြီးလုပ်ကြသည့်အခါတွင်မှသာ မည်သူကမည်သည့် တာဝန်ကိုပြတ်ပြတ်သားသားယူမည်ကို ဆုံးဖြတ်နိုင်ကြလိမ့်မည်ဖြစ်သကဲ့သို့ ထိထိရောက်ရောက်လုပ်နိုင်မှုလဲဖြစ်လာလိမ့် မည်ဖြစ်သည်။  ဤအချိန်တွင်ယောင်ဝါးဝါးလုပ်၍အားလုံးနှောင့်နှေးမှုဖြစ်စေရန်လုပ်ရမည့်အချိန်မဟုတ်တော့ပါ။  အားလုံး ပြတ်ပြတ်သားသားဆုံးဖြတ်ပြီး တိတိကျကျလုပ်နိုင်ရန် မိမိကိုယ်ကိုအဆင်သင့်ပြင်ထားပြီးစတင်ဆွေးနွေးစုဖွဲ့ခြင်းလုပ်ပါက ထိုအဖွဲ့က အလုပ်ဖြစ်နိုင်လိမ့်မည်ဖြစ်သည်။  ထိုသို့မဟုတ်ပဲ အားလုံးယောင်ဝါးဝါးသာစုပေါင်းပြီး ယခင်လိုယောင်ဝါးဝါး သာနေကြပါက ထပ်မံစုစည်းသည့်မည်သည့်အစုအစည်းမဆို ယခင်ကတည်းကရှိနေသောယောင်ဝါးဝါးအဖွဲ့များထဲသို့ နောက်ထပ်ယောင်ဝါးဝါးတခု ထပ်မံတိုးထဲ့ခြင်းသာဖြစ်နေစေပါလိမ့်မည်။  ထိုသို့လုပ်နေရန်အချိန်မရှိတော့ပါ။

အစုအစည်းအဖြစ်စုစည်းမိပြီးနောက်တွင် လက်တွေ့လုပ်မည့်လုပ်ငန်းစဉ်များနှင့် လုပ်ရပ်များကိုချမှတ်ကာ အချိန်အပိုင်းအ ခြားများသတ်မှတ်၍လုပ်ငန်းများအကောင်အထည်ဖေါ်နေကြရလိမ့်မည်ဖြစ်သည်။  အသစ်တခါထပ်မံစုစည်းပြီး ပရိုပိုဆယ် ရဘို့နှင့် မိမိကိုယ်သာလခသတ်မှတ်ပေးဘို့အတွက်သာရည်ရွယ်ကာ ကြေညာချက်များချည်းပဲထုတ်ကြမည်ဆိုလျှင် ဤအ ဖွဲ့သည်လည်းအခြားအဖွဲ့များနှင့် မည်သို့မျှခြားနားလိမ့်မည်မဟုတ်ပေ။  လက်တွေ့ကျသောလုပ်ငန်းစဉ်နှင့်လုပ်ငန်းများချ မှတ်လုပ်ကြမှသာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်ပြည်သူများကို အမှန်တကယ်ကူညီရာကျမည်ကိုသိရှိလုပ်ဆောင်ရန်လို အပ်သည်။  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား အထောက်အကူပြုနိုင်မည့်လုပ်ငန်းများအားလုံးအားလုပ်ဆောင်ပေးခြင်း ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်လူထုအတွက် အဆင့်မြှင့်တက်ရန်လှေကားထစ်များဆင့်ပေးသကဲ့သို့ဖြစ်နေစေလာ မည်ဆိုပါက လူထုလွတ်မြောက်ရေးလှုပ်ရှားမှုကြီး အရှိန်အဟုတ်မြင့်မားလာမည်ဖြစ်သည်။

ခေါင်းဆောင်မှုများညံ့ဖြင်းမှုနှင့် ကျွန်တော်တို့အားလုံး၏မထိရောက်မှုတို့ကြောင့် လွန်ခဲ့သည့်အနှစ်၂၀ကျော်ကာလပတ် လုံး အာဏာရှင်များမှချခင်းပေးထားသော သတ်ကွင်းတို့တွင်သာ ကစားတတ်ခဲ့ကြသည်။  အာဏာရှင်တို့၏လှည့်ကွက် များကိုကျော်လွှားပြီး အာဏာရှင်များအလိုကျ သူများနောက်မှလိုက်လုပ်နေရမှုများကို ပြောင်းပြန်လှန်သင့်ပြီဖြစ်သည်။  လူ တိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရွေးကောက်ပွဲဘာကြောင့်မဝင်သင့်ကြောင်း ထင်မြင်ချက်အမျိုးစုံရှိခဲ့ကြပြီး ထိုထင် မြင်ချက်များကို ရက်ရက်ရောရောပေးခဲ့ကြသော်လည်း မိမိတို့အားလုံးဘာကြောင့် အာဏာရှင်များ၏နောက်မြီးဆွဲတချိန် လုံးလိုက်လုပ်ပြီးသာနေခဲ့ကြရသည်ကို ကိုယ့်အမှားကိုယ်မြင် တွက်ချက်ကြည့်ကြရန်ဝန်ဆက်လေးမြဲလေးနေခဲ့ကြသည်။   အာဏာရှင်များချပေးသောလမ်းကြောင်းများတွင်သာလျှောက်လှမ်းနေသူများအဖြစ်မှကျော်လွန်ကာ မိမိလမ်းကြောင်းမိမိ တို့ဘာသာထွင်သွားနိုင်သော တော်လှန်သူအစစ်များဖြစ်လာကြရန်လိုအပ်သည်။  ထို့ကြောင့်နအဖမှချပေးသောလမ်းဖြစ် သည့် ၂၀၁၀ရွေးကောက်ပွဲအတွက်သာမက စစ်မှန်သောပြောင်းလဲမှုဖြစ်ပေါ်လာအောင် မည်သို့လုပ်ဆောင်ကြမည်ဆို သည့် နည်းလမ်းကိုလည်းချမှတ်အကောင်အထည်ဖေါ်ရန်လိုအပ်လိမ့်မည်ဖြစ်၏။  ထိုသို့မဟုတ်ပဲ နအဖချမှတ်မှတ်ထား သည့်လုပ်ငန်း တခုချင်းစီကိုသာ ဆက်၍ဆန့်ကျင်ကြရန်ပဲလုပ်နေကြပါက မိမိတို့အားလုံးသည် အာဏာရှင်များ၏ နောက် လိုက်ခွေးများအဖြစ်မှ မည်သည့်အချိန်တွင်မျှလွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။  လမ်းကြုံ၍အလျှဉ်းသင့်ရာလိုက်လုပ် နေခြင်းကိုရပ်တန့်ကာ လက်တွေ့အစီအစဉ်ဖြင့်စီမံချက်အတိုင်း အကောင်အထည်ဖေါ်လုပ်ကိုင်မှုများကို တိတိကျကျလုပ် သင့်ကြပြီဖြစ်သည်။

အချုပ်ဆိုရလျှင် အများယောင်၍လိုက်ယောင်သော ဟန်ပန်ပြသမားများသည် မိမိကိုယ်ကိုဘယ်လောက်လုပ်ကိုင်မည်ပြတ် ပြတ်သားသားဆုံးဖြတ်ထားနိုင်ခြင်းမရှိပဲ ၄င်းတို့မလုပ်ရဲမလုပ်နိုင်သည့်နည်းတူအခြားသူများလိုက်ပါလုပ်ဆောင်ရန်လုပ်ကြ ခြင်းကိုလည်းနည်းအမျိုးမျိုးဖြင့် ခြေဒရွတ်တိုက်ဆွဲကာလိုက်လုပ်ကြမည်ဖြစ်သည်။  ထိုသူများကို သတိပြုရှောင်ရှား၍လက် တွေ့လုပ်ကြမည့်သူများ၊ တိကျခိုင်မာသောယုံကြည်ချက်နှင့်စွန့်လွှတ်စွန့်စားရဲသူများစုပေါင်းလုပ်ကိုင်လာကြသည်အထိ လုပ်လာနိုင်ကြလျှင် အကောင်းဆုံးရလာဒ်ရမည်ဖြစ်သည်။  မိမိကိုယ်ကိုနှင့်အများကိုလိမ်ပြီး အများနှင့်လှုပ်ရှားမှုကို အနှောင့်အယှက်ပေးနေသည့်သူများအဖြစ်မှသတိထားပြောင်းလဲလာကြရန်လိုအပ်နေပြီဖြစ်ပါသည်။  အားလုံးအနှစ်သာရ မရှိသောကြော်ငြာချက်များ၊ မိန့်ခွန်းများမိန်မိန်ကြီးထုတ်နေခြင်းထက် အမှန်တကယ်လက်တွေ့ချအပ်သင့်သောလုပ်ငန်း များတို့ကိုချမှတ်ပြီး အစီအစဉ်တကျဆက်တိုက်လုပ်နိုင်နေလျှင် စစ်အာဏာရှင်စံနစ်ကိုပြုပြင်ပြောင်းလဲနိုင်လာလိမ့်မည်ဖြစ် သည်။  မြန်မာနိုင်ငံရေးကျွမ်းကျင်သူဟုအမည်ခံထားသူကြီးများကလည်း အာဏာရှင်ထံဒူးထောက်အညံ့ခံပြီးအာဏာရှင်ပြ သည့်လမ်းစဉ်လိုက်ခြင်းမဟုတ်ပဲ  မြန်မာနိုင်ငံပြောင်းလဲမှုဖြစ်လာစေရေးအတွက်အမှန်တကယ်လက်တွေ့ဖြစ်မည့်လမ်းစဉ် များပြသခြင်းဖြင့်သာ ကျွမ်းကျင်သူပီသစေလိမ့်မည်ဖြစ်သည်။  လက်တွေ့မပါ၊ အနှစ်သာရမရှိသောစကားလုံးများထက် လက်တွေ့ဆန်သဘာဝကျသော စီမန်ကိန်းကျကျလုပ်ဆောင်မှုများကို အထူးလိုအပ်နေပြီဖြစ်ပါသည်။

အေးချမ်း

0 comments:

Post a Comment