Tuesday, March 30, 2010

ဦးဝင်းတင်ကို မဖမ်းပါ

ချင်းမိုင်။     ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်ကို ရဲများက နေအိမ်မှနေ၍ ခေါ်ဆောင်သွားသည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း သိရသည်။

“မဟုတ်ပါဘူး။ ကျနော်တို့က မနက် ၄ နာရီကတည်းကနေ ဖြေနေရတယ်။ သတင်းတွေက ဖြစ်နေတယ်။ မနက် မီဒီယာတွေက လာမေးတယ်။ ဘယ်သူက ဖွလိုက်လည်း မသိဘူး။ အခုလေးပဲ ရုံးချုပ်ကို သွားလိုက်ပြီ” ဟု ဦးဝင်းတင်၏ လုပ်ဖော်ကိုင်ဘက်ဖြစ်သူ ဦးမောင်မောင်ခင်က ပြောသည်။

ယမန်နေ့က NLD မှတ်ပုံတင်ရေး၊ မတင်ရေးနှင့် ပတ်သက်၍ ပါတီရုံးချုပ်၌ ဗဟိုအလုပ်အမှုဆောင် ကော်မတီနှင့် ပြည်နယ်/တိုင်း ဗဟိုဦးစီးအဖွဲ့ဝင်များ၏ တွေ့ဆုံဆွေးနွေးမှုအပြီး ပါတီခေါင်းဆောင်များက ရွေးကောက်ပွဲဝင်မည် မဟုတ်ကြောင်း အတည်ပြုခဲ့ပြီးနောက် အဆိုပါ သတင်း ရန်ကုန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
မဇ္ဈိမသတင်းဌာန 

0 comments:

Post a Comment