Monday, March 29, 2010

အင်န်အယ်ဒီပါတီ ၂၉ အစည်းအဝေးက ရွေးကောက်ပွဲ မ၀င်ဟု ဆုံးဖြတ်


ယနေ့ အင်န်အယ်ဒီပါတီ ခေါင်းဆောင် ၁၀၀ ကျော်နှင့် ပါတီဝင်များ၊ လူငယ်များ၏ အရေးကြီးသော ပါတီရပ်တည်ရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲ သဘောထားကို ဆုံးဖြတ် ထုတ်ပြန်ရာတွင် အားလုံး၏ ဆန္ဒဖြင့် ပါတီကို ၂၀၁၀ ရွေးကောက်ပွဲဥပဒေတွင် မှတ်ပုံမတင်ရန် ဆုံးဖြတ်သည်ဟု ဆိုသည်။

ထို့ကြောင့် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း အင်န်အယ်ဒီပါတီက ၀င်ရောက်မည်မဟုတ်ဟူသော သဘောထားဖြစ်သည်။ ယနေ့ အင်န်အယ်ဒီင်္၏ ရပ်တည်ချက်မှာ - “လူထုရှိလျင် ပါတီ ရှိသည်” ဟူသော သဘောဖြစ်ကြောင်း မျက်မြင်တဦးက ပြောကြားသည်။ 
နောက်တရက်တွင် အင်န်အယ်ဒီပါတီ၏ ထုတ်ပြန်ချက်သဘောထားများ တရားဝင်ပြန်ကြားမည်ဟု သိရပြီး ရန်ကုန်တမြို့လုံး လက်နက်ကိုင်လုံခြုံရေးများ၊ ထောက်လှမ်းရေးများအပြင် စွမ်းအားရှင်များကိုပါ တိုးမြှင့်ချထား အင်အားပြလျက်ရှိသည် ဆိုသည်။

(ဓာတ်ပုံများ - ၂၉ အစည်းအဝေး မြင်ကွင်း)
 
မိုးမခအထောက်တော် ၀၀၃

0 comments:

Post a Comment