လက်ဖက်ရည်ဆိုင်ထဲမှာ
ကိုလံဘတ်တွေထိုင်နေတယ်
သူတို့ကိုယ် သူတို့
မီးကိုစတင်တွေ့ရှိသူ
ဒါမှမဟုတ်
မြောက်အမေရိကတိုက်ကို
စတင်သိမ်းပိုက်သူတွေလို့
အထင်ရောက်နေတဲ့ဟန်။
ရိက္ခာဆိုလို့
ဖန်ချိုတစ်ခွက် ပေါင်မုန့်တစ်ယှက်နဲ့
စီးကရက်နှစ်လိပ်သာပါခဲ့ . . . ။
သံလိုက်အိမ်မြှောင် မကြည့်တတ်
ပုလင်းဆိုး မျဉ်းမှတ် မဖတ်တတ်
နောက်ဆုံး
ရွက်တိုင်ကြိုးတောင် မချည်တတ်ဘဲ
ကမ္ဘာကြီးကို ပတ်တော့မတဲ့
(ဒါပေမဲ့)
ကမ်းစပ်ကတောင်မခွာရသေး။
လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာက
သခင်အောင်ဆန်း နဲ့
ရဲဘော် သုံးဆယ်လောက်က ရှာတွေ့ခဲ့တဲ့လမ်းကို
အခုထိ ကောင်းကောင်းမလျှောက်တတ်ခဲ့
လူသုံးသောင်းကျော်မကတာတောင်
လမ်းသစ်ကို မတွေ့ နိုင်ခဲ့
2010 ရောက်နေတာတောင် ဘာမှန်းမသိဖြစ်နေတုန်း
သေရွာမသွားခင်
ခြေရာထားခဲ့ ရမယ်တဲ့
ကြည့်……
စားပွဲပေါ်မှာ
ဆေးလိပ်ပြာနဲ့ မီးခိုးတွေသာ
ကျန်ရစ်ခဲ့တာက လွဲလို့……။ ။
မှတ်ချက်။ ။1993 ခုနှစ်က ကဗျာဆရာ ချမ်းမင်းအိမ် ၏ ကဗျာ တစ်ပုဒ်အား မှီငြမ်းထားပါသည်။
Melbourne near me Trusted Removalist
1 month ago
0 comments:
Post a Comment