Thursday, February 4, 2010

ဆရာကြီးပါရဂူပြောသော “သခင်အောင်ဆန်း”


သခင်အောင်ဆန်း
မိမိတို့သည် ငယ်ရွယ်စဉ်အခါကပင် တို့ဗမာအစည်းအရုံးနှင့် အ၁ဆက်အသွယ်ရှိကြသည် ဖြစ်သော ကြောင့် အစည်းအရုံးသို့ သွားလာဝင်ထွက် လုပ်နေသည် ။ ထိုအချိန်က မိမိတို့နှင့် ခင်မင်ရင်းနှီးသော တို့ဗမာ အစည်းအရုံး ခေါင်းဆောင်များမှာ သခင်ဗစိန်နှင့် သခင်ထွန်းအုပ်တို့ ဖြစ်သည် ။
မြန်မာနိုင်ငံသည် အကွဲရောဂါစွဲကပ်နေသည် ။ ဂျီစီဘီအေ နှစ်ခြမ်းကွဲသည် ။ ကွန်မြူနစ်ပါတီ နှစ်ခြမ်းကွဲ သည်။ တို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲသည် ။မိမိတို့ တို့ဗမာအစည်းအရုံး ၀င်ထွက်သွားလာနေစဉ် တို့ဗမာ အစည်းအရုံးနှစ်ခြမ်းကွဲသွားသည် ။ သခင်ဗစိန်နှင့် သခင်ထွန်းအုပ်တို့ ခေါင်းဆောင်သော တို့ဗမာအစည်းအရုံးက တစ်ခြမ်းဖြစ်ပြီး ကျန်တို့ဗမာအစည်းအရုံး အကွဲခေါင်းဆောင်များမှာ သခင်အောင်ဆန်းနှင့် သခင်ကိုယ်တော်မှိုင်း တို့ ဖြစ်ကြသည် ။ မိမိတို့မှာ ဘုန်းတော်ကြီးကျောင်းထွက်များ ဖြစ်သည်ကတစ်ကြောင်း ၊ သခင်ဗစိန် ၊ သခင်ထွန်းအုပ်တို့နှင့် ခင်မင်ရင်းနှီးနေသည်က တစ်ကြောင်း ၊ သခင်အောင်းဆန်းတို့ အုပ်စုမှာ မိမိတို့နှင့် အလှမ်း ဝေးသော တက္ကသိုလ်ကျောင်းထွက်များ ဖြစ်နေသည်က တစ်ကြောင်း ၊ ထိုအကြောင်း သည်အကြောင်း များကြောင့် တို့ဗမာအစည်းအရုံး အကွဲနှစ်ကွဲတွင် သခင်ဗစိန်နှင့် သခင်ထွန်းအုပ်တို့ ခေါင်းဆောင်သော အကွဲ ဘက်ပါသွားကြသည် ။
ထိုအချိန်မှ စပြီး မိမိတို့နှင့် သခင်အောင်ဆန်းတို့ အုပ်စုမှာ တစ်လမ်းသွားစီ ဖြစ်ကြသောကြောင့် ကြုံရဆုံ ရသည့် အချိန်မျိုး မရှိခဲ့ပေ။ မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရန် ဂျပန်၏ အကူအညီယူစဉ်ကလည်း တို့ဗမာအစည်းအရုံး အကွဲနှစ်ကွဲမှ ကိုယ်စားလှယ်များ ဂျပန်နိုင်ငံတွင် စစ်ပညာသင်ကြားသည်။ အချိန်တန် သောအခါ ရဲဘော်သုံးကျိပ်အဖြစ်ဖြင့် မြန်မာနိုင်ငံ ပြန်ရောက်လာကြသည် ။ ရဲဘော်သုံးကျိပ် မြန်မာနိုင်ငံ ပြန်ရောက် လာကြသောအခါကလည်း ရဲဘော်သုံးကျိပ်ထဲက နဂိုက ရင်းနှီးမှု ရှိခဲ့သည့် အုပ်ချုပ်ရေးခေါင်းဆောင် သခင်ထွန်းအုပ်နှင့်သာ ဆက်ဆံမှုရှိပြီး နဂိုက ခင်မင်ရင်းနှီးမှု မရှိခဲ့သော စစ်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း နှင့်မူ ကြုံဆုံခွင့်မရရှိခဲ့ပေ။ တော်လှန်ရေးပန်းခြံမှာ ရဲဘော်များအား တိုက်ပွဲအသစ်ဆင်နွှဲရန် စေလွှတ်လိုက်သည့် အချိန်အထိ ဂျပန်ခေတ် တစ်လျှောက်လုံး စစ်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မျက်နှာကို မတွေ့ခဲ့ဘူးပေ။
အချိန်ကာလ တစ်လပြီး တစ်လ၊ တစ်နှစ်ပြီး တစ်နှစ် ပြောင်းလဲလာသည်။ တိုက်ပွဲပုံသဏ္ဌာန်များလည်း အလီလီပြောင်းလာသည်။ ၁၉၄၆ ခုနစ် ဇန်န၀ါရီ ၂၀ ရက်နေ့ တွင် ရွှေတိဂုံစေတီတော် အလယ်ပစ္စယာတွင် ဖဆပလအဖွဲ့ချုပ် မြန်မာနိုင်ငံလုံးဆိုင်ရာ ညီလာခံသဘင်ကြီး ကျင်းပပြုလုပ်သည်။ သုံးရက်တိုင်တိုင် ကျင်းပသော ယင်းညီလာခံသဘင်ကြီးတွင် ပွဲလမ်းသဘင် ဆင်ယင်ကျင်းပသည့်အတိုင်း လူထုပရိသတ်ကြီး တစ်ခဲနက် တက်ရောက်လာကြသည်။ ယင်းညီလာခံသဘင်ကြီးတွင် နိုင်ငံရေး မျက်နှာပြင်တွင် ခြေချလာသော သခင်အောင်ဆန်းက ဥက္ကဠမိန့်ခွန်း ပြောကြားသည်။ ထိုအချိန်ရောက်မှသာ သခင်အောင်ဆန်း သို့မဟုတ် ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့ဆုံရသည်။ သခင်အောင်ဆန်း၏ ယင်းညီလာခံသဘင် မိန့်ခွန်းသည် မာရသွန် မိန့်ခွန်းအဖြစ် လွတ်လပ်ရေးတိုက်ပွဲသမိုင်းတွင် မှတ်တိုင်ကြီးတစ်တိုင် စိုက်ထူထားလိုက်သည်။ ယင်းမိန့်ခွန်းထဲ တွင်သခင်အောင်ဆန်းသည် ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး သူ၏ အယူအဆကို ထည့်သွင်း ပြောသွားသည်။
ရှေးခေတ်များတွင် သံဃာံတော်အ၇ှင်မြတ်များသည် ကျွန်ုပ်တို့ တစ်မျိုးသားလုံးကို ပညာသင်ပေးရန် တာဝန် ထမ်းဆောင်ခဲ့ကြပေသည်။ ယခုခေတ်တွင်ပင် တောရွာများတွင် သံဃာတော်အရှင်သူမြတ်များ ပညာသင် ကြား ပေးလျက်ရှိကြသောကြောင့် မြောက်များစွာသော အမျိုးသားတို့သည် စာပေတတ်မြောက်ကြပေ၏ ။အချုပ် မှာ သံဃာတော်အရှင် သူမြတ်များ၏ စေတနာလုံးလကြောင့် ကျွန်ုပ်တို့၏ သံဃာတော် အရှင်မြတ်များသည် ကျွန်ုပ်တို့၏ ထူးကဲသော ကျေးဇူးဥပကာရများကို ခံတော်မူထိုက်ကြပါပေ၏ ။ကျွန်ုပ်တို့နိုင်ငံတွင် များသောအာ ဖြင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်ကြသည်ဖြစ်သောကြောင့် အခြားဘာသာတရားများကို မထိခိုက် စေဘဲ ပြောလိုသည်မှာ နှစ်ပေါင်း၂၅၀၀ အတွင်းလိမ်ကပ်ပြီး လာခဲ့ကြသော ကြေးညှော်တို့ကို ကျွန်ုပ်တို့ ပွတ်တိုက်နိုင်ခဲ့ပါလျှင် ဗုဒ္ဓဘာသာသာသနာတော်အရောင်သည် ကမ္ဘာပေါ်တွင် အထွန်းပြောင်ဆုံး ဖြစ်လာလိမ့် မည် ဟုယူဆရပေမည်။
သို့ဖြစ်သောကြောင့် ယခုသံဃာတော် အရှင်သူမြတ်များအား သီးခြားလျှောက်ထားလိုပါသည်ဘုရား ။ အရှင်သူမြတ်များ ဘုရား ၊ အလွန်ထူးကဲသော ဗုဒ္ဓသာသနာတော်ထမ်း ရဟန်းမြတ်များဘုရား၊ အရှင်ဘုရားတို့ သည်အလွန်ထူးကဲသော ဗုဒ္ဓသာသနာတော်ထမ်း ရဟန်းမြတ်များ ဖြစ်တော်မူကြပါသည်။ အရှင်ဘုရားတို့က သာသနာတော်အရောင် ထွန်းပြောင်အောင်အားထုတ်တော်မူကြပါ။ ကမ္ဘာလောကကြီးကို သာသနာအရောင် အလင်းပေးတော်မူကြပါ။ သို့မှသာလျှ င်ကမ္ဘာသူ ကမ္ဘာသားတို့ မေတ္တာတရားပွားများပြီး သမစိတ္တနှင့်
ညီရင်းအစ်ကို မောင်ရင်းနှမကဲ့သို့ နေနိုင်ကြပါလိမ့်မည်။ အရှင်သူမြတ်များကို မောင်ရင်းနှမကဲ့သို့ နေနိုင်ကြပါလိမ့်မည်။ အရှင်သူမြတ်များကို ဘူရားတပည့်တော်တို့ ကိုးကွယ်ဆည်းကပ်ပါသည်။ တစ်ကမ္ဘာလုံး ကိုးကွယ်ဆည်းကပ်သည်ကိုလည်း မြင်ချင်ပါသည်။
တပည့်တော်တို့ နိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးမှာပင် မေတ္တာတရား သမစိတ္တသဘောထားတို့ကို ပြုပြင်နိုင်သော စွမ်းပကားကို အရှင်ဘုရားတို့မှာရှိပါသည် ။ ထိုအစွမ်းပကားကို သုံးရာတွင် အောင်မြင်တော်မူပါ လျှင် မနုသ၁လူတစ်မျိုးလုံး အစဉ်အဆက်နှစ်ပရိစ္ဆေဒ ရှည်လျားစွာ ရှိခိုးပူဇော်ကြပါလိမ့်မည် ။ ထိုကဲ့သို့ ဆောင်ရွက်မှုသည် သာသနာဘက်ကသာမဟုတ်ပါ ။ တပည့်တော်တို့၏ နိုင်ငံနှင့် လူမျိုးအတွက် အမြင့်မြတ်ဆုံး သောနိုင်ငံရေးကို ဆောင်ရွက်ရာလည်း ရောက်ပါတယ် ဘုရား ၊ တပည့်တော်တို့နိုင်ငံအသီးသီးသို့ ကြွရောက် တော်မူပြီးလျှင် မေတ္တာတရား၊ ညီညွတ်ရေးတရားများကို ဟောတော်မူကြပါ ။ မြင့်မြတ်သော လွတ်လပ်ရေးဆိုရာ တွင် လွတ်လပ်စွာ ကိုးကွယ်နိုင်မှု ၊ လွတ်လပ်စွာ ဘာသာတရားကို ကာလဒေသမရွေးဟောပြော နိုင်မှု ၊ ကြောက်ရွံ့စိုးရိမ်ပူပန်ခြင်းမှု ကင်းလွတ်မှု ၊ လူအလူနဘ၀မှ လွတ်မြောက်မှု စသည်တို့ဖြစ်ပါသည်။ အရှင်သူမြတ် တို့သည် သုံးလူထွတ်ထား မြတ်စွာဘုရား သြ၀ါဒပေးတော်မူခဲ့သည့်အတိုင်း အပ္ပမာဒေန သမ္ပာဒေထ ၊ မမေ့မလျော့ဘဲ အစဉ်ထာဝရ အာ်းထုတ်ကြဖို့ တပည့်တော်တို့ ဗမာ (မြန်မာ) လူမျိုးတစ်မျိုးလုံးကို ဆိုဆုံးမ တော် မူကြပါဘုရား ။ ထိုသို့သော မိမိကိုယ်ကိုယ် မိမိသာလျှင်အားကိုးမှုဖြင့် တပည့်တော်တို့၏ လူမျိုးသည် လောကီ လောကုတ် နှစ်လီသော အကျိုးထူးများကို ခံစားစေနိုင်အောင် ဆောင်ရွက်နိုင်ကြပေလိမ့်မည်။ အရှင် မြတ်များတွင် ထိုသို့သောမွန်မြတ်သည့် တာဝန်ဝတ္တရားများ ရှိပါသည်။ ထိုမွန်မြတ်သော တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်တော်မူကြပါဘုရား ။ တပည့်တော်တို့မှာ အရှင်သူမြတ်များကို ရိုသေလေးမြတ်စွာ တိုက်တွန်းစကား လျှောက်ထားခြင်းကို သာ ပြုနိုင်ပါသည်။ ဆောင်ရွက်ဖို့တာဝန် ကျေပွန်မည်၊ မကျေပွန်မည် ဟူသော ပြသ၁နာ အရှင်သူမြတ်များသာ ဖြေရှင်းနိုင်ကြပေလိမ့်မည်။
နှစ်တွေ ၊ ခေတ်တွေ ၊ စနစ်တွေ တစ်ခုပြီးတစ်ခု ပြောင်းလဲလာသည်။ လွတ်လပ်ရေး တိုက်ပွဲဝင်သူများ လည်း ပန်းတိုင်အရောက် ခြေလှမ်းမှန်မှန်ချီတက်နေကြသည်။ ထိုအချိန်အတောအတွင်း အိန္ဒိယနိုင်ငံဗာရာဏသီ ဟိန္ဒူတက္ကသိုလ်တွင် မိမိပညာသင်ကြားနေစဉ် ၁၉၄၇ ခုနစ် ဇူလိုင်လတွင် မိုးကြိုးပစ်ချလိုက်သလို အလွန်တရာ ထိတ်လန့်စိုးရိမ်ဖွယ် ၊ ၀မ်းနည်းဖွယ် သတင်းတစ်ရပ် မိမိထံ ရောက်ရှိလာသည်။ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရမှု သတင်းဖြစ်သည်။ ထိုအချိန်ကမိမိထံ မြန်မာနိုင်ငံသတင်း နေ့ချင်းညချင်း ရောက်မလာပေ။ ဇူလိုင်၁၉ ရက်နေ့က ဗိုလ်ချုပ်တို့ကျဆုံးသည့် သတင်း မိမိမသိရသေးပေ ။ ဇူလိုင်၂၀ ရက်နေ့ နံနက်ကျမှ မိမိနေသော ရုအီယာအဆောင် အခန်း၃၂ ဘေးက သီဟိုဠ်ကျောင်းသားတစ်ယောက် လုပ်ကြံမှုသတင်းပါသော သတင်းစာလာပြမှ သိရခြင်းဖြစ်သည် ။ အိန္ဒိယကျောင်းသားများဝိုင်းလာကြပြီးလျှင် ခင်ဗျားတို့ မြန်မာလူမျိုးတွေ တော်တော်မိုက်တွင်းနက်ကြပါလား ၊ ဗိုလ်ချုပ်အောင်ဆန်းလို နိုင်ငံခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်ပစ်တယ် ဟု မိမိကိုဝေဖန် အပြစ်တင်ကြသည်။ မိမိဘာမှ ပြန်မပြောနိုင်…………..
ပါရဂူ

0 comments:

Post a Comment