22/01/2010
ရန်ကုန်လေဆိပ်မှာ ယနေ့ မနက် (၆) နာရီ (၄၀) မိနစ်ခန့် က ဂျက်တိုက်လေယာဉ် F7 Fighter ပျက်ကျသွားပါတယ်။
တရုတ်လုပ် ဂျက်တိုက်လေယာဉ် F7 Fighter အမျိုးအစားဟာ ရန်ကုန်လေဆိပ်အဆင်းမှာ ပျက်ကြသွားတာဖြစ်ကြောင်းနဲ့  ပျက်ကျရခြင်း အကြောင်းရင်းကိုတော့ မသိရသေးပါဖူး။ဒီလေယာဉ်အမျိုးအစားဟာ တစ်ယောက်မောင်း တိုက်လေယာဉ်အမျိုးအစား ဖြစ်ပါတယ်။ရန်ကုန်လေဆိပ်က တာဝန်ရှိသူတစ်ဦးပြောတာကတော့ ဒီလေယာဉ်ကို လေ့ကျင့်မောင်းနှင်နေစဉ် လေဆိပ်ကို ပြန်အဆင်းမှာ ဖြစ်တာလို့  ပြောပြပါတယ်။ ပိုင်းလော့ ပြည့်ဖြိုးမျိုး သေဆုံးသွားကြောင်း သိရပါတယ်။
သုံးသပ်သူတစ်ဦးပြောတာကတော့ ဒီ ပျက်ကျတဲ့လေယာဉ်ဟာ နအဖကနေ တရုတ်ထံကနေ ၀ယ်ယူခဲ့တဲ့ အစီး (၃၆) စီးထဲက တစ်စီး ဖြစ်နိုင်တယ်လို့  ပြောဆိုသုံးသပ်ပါတယ်။
ဒီလို ဂျက်တိုက်လေယာဉ်ပျက်ကြခဲ့ဖူးတာ ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့ တုန်းကလည်း မန္တလေးလေဆိပ်မှာ လေယာဉ်ကွင်းကနေ ပျံတက်စမှာ ဖြစ်ခဲ့ဖူးပါတယ်။ ဒီလိုဘဲ အသက် (၂၉) နှစ်အရွယ် လေယာဉ်မှူး သေဆုံးခဲ့ရပါတယ်။
နအဖဟာ လေယာဉ်တွေဝယ်ဖို့ လောက်ဘဲ သိပြီး လေယာဉ်တွေအကြောင်း၊ လေယာဉ်ထိန်းသိမ်းမှုနည်းစနစ်၊ လေယာဉ်ကွင်းနဲ့  လေယာဉ်ပြေးလမ်း အဆင့်အတန်း၊ လေယာဉ်မောင်းနည်းပညာနဲ့  လေယာဉ်မှူးတွေ ပြည်စုံစွာ လိုအပ်တဲ့ လေကျင့်သင်ကြားမှုနည်းပညာတွေကို မသိနားမလည် မဆောင်ရွက်တာကြောင့် မြန်မာပြည်မှာ ခရီးသည်လေယာဉ်တွေတင်မက အခုလို စစ်လေယာဉ်တွေပါ ပျက်ကျမှုတွေ ဖြစ်ရတာပါ။ နှမျောစရာကတော့ လေယာဉ်ပျက်ကျလို့  မသေသင့်ဘဲ သေဆုံးကြရတဲ့ လေယာဉ်မှူးတွေနဲ့  ခရီးသည်တွေပါဘဲ။ လေယာဉ်ပျက်ကျမှုတွေကိုလည်း တိကျခိုင်လုံတဲ့သတင်းတွေ ထုပ်ပြန်ပြီး ပြည်သူလူထုကို အသိပေးမယ် သတိပေးမယ်ဆိုတာထက် သတင်းအမှောင်ချပြီး သူတို့ ပေါ့ဆမှုတွေကို ညံ့ဖျင်းမှုတွေကို ဖုံးကွယ်ဖို့ သာ ဦးစားပေးလေ့ရှိပါတယ်။
ဆိုးရွားတာကတော့ လေယာဉ်ဝယ်ရပြီးရော ဈေးပေါပေါနဲ့  အချောင်ရ အချောင်ဝယ်၊ အရည်အသွေးကျနေတဲ့ လေယာဉ်တွေကို ၀ယ်တဲ့သူကလည်း ၀ယ် ရောင်းတဲ့သူကလည်း ရောင်းနဲ့  ဖြစ်နေတာပါဘဲ။ ကြားထဲက အသက်ပေး ခံရသူတွေကတော့ ခံရတာပါ။
မှတ်ချက်။။http://www.niknayman-niknayman.co.cc/
0 comments:
Post a Comment