Tuesday, January 26, 2010

ဗုဒ္ဓဘာသာနှင့်သိပံ္ပပညာ



ဗုဒ္ဓဘာသာနှင့်ခေတ်သစ်သိပံ္ပပညာ
ဗုဒ္ဓဘာသာနှင့်ခေတ်သစ်သိပံ္ပပညာ သည်အသိပညာဆိုင်ရာ အလွန်နီးကပ်ဆက်စပ်စွာ တည်ရှိနေကြောင်း ကျွန်ုပ်မကြာမကြာဆိုခဲ့ပြီးထပ်ခါတလဲလဲ ပြောဆိုပါဦးမည်.။
(ဆာအက်ဒွင် အာနိုး)
ဗုဒ္ဓဘာသာသည် သိပံ္ပပညာနှင့်ဖက်ပြိုင်
တကယ်လို့ ခေတ်သစ်သိပ္ပံပညာလိုအပ်ချက်များနှင့် ဖက်ပြိုင်သည့် ဘာသာရေးတစ်ခု ရှိခဲ့သည်ဆိုလျှင် ၄င်းသည် ဗုဒ္ဓဘာသာ ဖြစ်ပေလိမ့်မည်။
(အဲလဘတ် အိုင်းစတိုင်း)
စိတ်ပိုင်းဆိုင်ရာ သိပ္ပံပညာ
ဗုဒ္ဓဘာသာသည် တွေးခေါ်မှုစနစ်၊ ဘာသာရေးစနစ်၊ စိတ်ပိုင်းဆိုင်ရာ သိပ္ပံပညာနှင့် ဘ၀နေနည်းတို့ဖြစ်ပြီး ကြောင်းကျိုးဆီလျော်၏ ။ လက်တွေ့ကျ၏ ။ အလုံးစုံ ခြုံငုံမိ၏ ။ နှစ်ပေါင်း နှစ်ထောင့်ငါးရာတိုင်တိုင် လူသားထု သုံးပုံတစ်ပုံနီးပါးမျှ တို့၏ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ကြေနပ်နှစ်သိမ့်စေနိုင်ခဲ့သည်။ အနောက်နိုင်ငံများကိုဆွဲဆောင်နိုင်စွမ်းရှိသည်။ကိုယ့်ကိုကိုယ်အား ကိုး၇န် တိုက်တွန်း၏။ သူတစ်ပါးတို့၏ အမြင်ကို သည်းခံမှုဖြင့်ဆက်ဆံ၏ ။ ဗုဒ္ဓဘာသာတွင် သိပ္ပံ ပညာ၊ ဘာသာတရား ၊ ဒသ၁နပညာ ၊ စိတ်ပညာ ၊ စာရိတ္တနှင့် အနုပညာများ ပါဝင်သည်။ ဗုဒ္ဓ၀ါဒသည် လူသားအတွက် သူ၏ပစ္စက္ခဘ၀ ဖန်ဆင်းရှင်ဖြစ်ကြောင်း ၊ သူ့ကံကြမ္မာကိုသူသာလျှင် ပုံဖော်သူဖြစ်ကြောင်း ညွှန်ပြပေသည်။
(ခရစ်စမတ် ဟမ်းဖရေး)
သိပ္ပံပညာ၏အဆုံးမှ ဗုဒ္ဓ၀ါဒစတင်
သိပ္ပံပညာသည် မည်သည့်အာမခံချက်မျှ မပေးနိုင်ပေ။ သို့ရာတွင် ဗုဒ္ဓဘာသာ ၏ လောကုတ္တရာ အသိပညာသည် သိပ္ပံပညာ၏ လမ်းဆုံမှ စတင်သောကြောင့် ဗုဒ္ဓဘာသာသည် အနုမြူ စွမ်းအား၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်စွမ်းရှိသည်။ ဗုဒ္ဓဘာသာကို ပတ်ပတ်နပ်နပ်လေ့လာသူများအဖို့ ရှင်းလင်းထင်ရှားပါသည်။ ဗုဒ္ဓဘာသာဝင်တို့၏ကမ္မဌာန်းဘာဝနာပွားများ ခြင်းဖြင့် ရုပ်ကိုပြုပြင်သည့် အနုမြူဆိုင်ရာများ ဖတ်ဆက်ပါဝင်မှုကို မြင်တွေ့သိရှိရသည်။
အကြောင်းတရားကိုမှီပြီး ဖြစ်ပေါ်လာသည့် စိုးရိမ်ပူပန်မှုများ၊ စိတ်မကြေနပ်မှုများ၊ ဒုက္ခ၏ ဖြစ်ပေါ်ချုပ်ပျောက်မှုများသည် ကျွန်ုပ်တို့ခေါ် ၀ိညာဉ် (သို့)အတ္တစွဲ ၊ ဗုဒ္ဓဒေသနာတော်များအရ သက္ကာယဒိဌိဟူသော အမြင်မှား အသိမှားများကို ဖြစ်ပေါ်စေသည်။
(အက်ဂါတန် စီ ဘက်ပတစ်)
မှတ်ချက်။ ။ ကမ္ဘာ့ ပညာရှင်တို့မျက်လုံးထဲဗုဒ္ဓဘာသာ စာအုပ်မှ

0 comments:

Post a Comment