Monday, December 14, 2009
အမှတ်တမဲ့မှ အမှတ်တရသို့
ရှင်အာစာရ
(က)
လောကခြင်းရာတွေဟာ ကြံရွယ်ပေမယ့် ပျက်သွားတတ်ပါတယ်။ လောကမှာ စီစဉ်
မထားတာတွေဟာလည်း ဖြစ်လာတတ်ပါတယ်။ အမှုမဲ့အမှတ်မဲ့ ကြုံရတဲ့ အဖြစ်အပျက်လေး
တွေဟာလည်း ကြီးကျယ်တဲ့ အကျိုးဆက်တွေကို သယ်ဆောင်လာတတ်ပါတယ်။ မတော်တဆ
ကြုံခဲ့ရတာလေးက ပေါ့ပေါ့ပါးပါးပေမယ့် နောက်ဆက်တွဲ ဖြစ်ပေါ်ပြောင်းလဲမှုတွေက ဘဝမှာ
မှတ်တမ်းတင်လောက်အောင် ကြီးကျယ်ခမ်းနား လာနိုင်ပါတယ်။ အရေးမထားမိတဲ့ အသေးအဖွဲ
ကိစ္စငယ် လေးတွေဟာ သံသရာ ဘဝအဆက်ဆက်အထိ လိုက်ပါလွှမ်းမိုး နိုင်ပါတယ်။
ဒီတော့ ကံကိုလက်ခံထားကြတဲ့ ကမ္မဝါဒီဗုဒ္ဓဘာသာတွေဟာ ကံမျိုးစုံကို ကိုယ်နှုတ်စိတ်နဲ့
ပုံဖော်ရာမှာ စေတနာကောင်းလေးတွေ ထည့်သွင်းနိုင်ဖို့ လိုပါတယ်။ သာမန် အပြုအမူလေးတွေ
ကတောင် အရေးတကြီး ထင်ရှားတဲ့ ဘဝမှတ်တမ်းတွေ ဖန်းတီးနိုင်တာဆိုတော့ သက်ဝင်
လှုပ်ရှားမှု မှန်သမျှမှာ စေတနာကောင်းလေးတွေ ပါနိုင်သမျှပါအောင် သတိထားထည့်သွင်း
ပေးနိုင်ဖို့ အရေးကြီးပါတယ်။ စေတနာကောင်းမှ ကံကောင်းမယ်၊ ကံကောင်းမှ ဘဝလှမယ်
မဟုတ်ပါလား။ ဘဝမှာ အမှတ်တမဲ့ ကြုံခဲ့ရ တာလေးက သံသရာမှာ ဘယ်လိုအမှတ်တရ
ဖြစ်စေနိုင်တယ်ဆိုတာ မြင်သာတဲ့ သာဓက တစ်ခု ရှိပါတယ်။
(ခ)
ဂေါတမမြတ်စွာဘုရားရှင် ရွှေလက်ထက်တော် အခါက ဖြစ်ပါတယ်။ အဲဒီတုန်းက
စူဠပန္ထက၊ မဟာပန္ထကဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ သာသနာတော်မှာ ရဟန်းပြုကြပါတယ်။
အစ်ကိုကြီး မဟာပန်ရဟန်းဟာ ပရိယတ်စာပေ တတ်ကျွမ်းပေမယ့် ညီငယ်စူဠပန်ရဟန်းကတော့
စာပေပရိယတ်မှာ အားနည်းပါတယ်။ အားနည်းတယ်ဆိုတာထက် Óဏ်လေးတယ်လို့ပြောမှ
ပိုတိကျ ပါလိမ့်မယ်။ သူဟာပဒုမံ
ယထာ ကောကနဒံ သုဂန္ဓံ၊ ပါတော သိယာ ဖုလ္လမဝီတဂန္ဓံ။
အင်္ဂီရဿံ ပဿ ဝိရောစမာနံ၊ တပန္တမာဒိစ္စမိဝန္တလိက္ခေ-ဆိုတဲ့ ပါဠိဂါထာလေးကို
လေးလ ကျက်မှတ်တာတောင် အလွတ်မရနိုင်ပါဘူး။ ဘဝအကျိုးပေးပဲ ဆိုပါတော့။ ဒီလို
Óဏ်လေးတဲ့ ညီရဟန်းကို အစ်ကိုရဟန်းက သာသနာနဲ့မထိုက်တန်သူဆိုပြီး လူထွက်ခိုင်း
ပါတယ်။ ဒါပေမယ့် ညီငယ်ဟာ သာသနာတော်ကို မြတ်နိုးတဲ့စိတ် ရှိနေတော့ လူမထွက်ချင်ဘူး။
ဒီလိုနဲ့ တစ်နေ့တော့ ဆရာဇီဝက ကျောင်းတော်ကို ရောက်လာပြီး သံဃာငါးရာ ဆွမ်းစား
ပင့်တယ်။ အဲဒီအချိန်မှာ မဟာပန်ရဟန်းက ဆွမ်းညွှန်ရဟန်းအဖြစ် တာဝန်ယူနေတယ်။ ဒီတော့
Óဏ်လေးတဲ့ ညီငယ်ရဟန်းကို ဆွမ်းဘုဉ်းပေြး<ွကရမယ့် သံဃာစာရင်းကနေ ပယ်လိုက်တယ်။
ဒီတော့မှ ညီငယ်ဟာ သူ့ဘဝကို စိတ်ပျက်ပြီး လူဝတ်လဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒါပေမယ့် စူဠပန်ရဟန်းဟာ မြတ်စွာဘုရားရဲ့ ကျေးဇူးတော်ကြောင့် လူဝတ်မလဲဖြစ်ခဲ့
ပါဘူး။ ဘုရားရှင်က အားငယ်နေတဲ့ စူဠပန်ရဟန်းကို အားပေး ချီးမြှောက်တော်မူပါတယ်။
ဘုရားရှင်ဟာ စူဠပန်ရဟန်းကို တန်ခိုးနဲ့ဖန်ဆင်းထားတဲ့ အဝတ်ပိုင်းသန့်သန့်တစ်ထည် ပေးပါ
တယ်။ အရှေ့အရပ်ကို မျက်နှာမူထိုင်ရင်း အဝတ်စကို လက်နဲ့ပွတ်ပြီး ''ရဇောဟရဏံ''
(မြူအညစ်အကြေး ကိုဆောင်တယ်)လို့ ရွတ်ဆိုပွားများဖို့လည်း ညွှန်ကြားတော်မူပါတယ်။
ဘုရားရှင်ရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်တဲ့ စူဠပန်ရဟန်းဟာ လက်နဲ့ပွတ်ဖန်များလို့
စင်ကြယ်တဲ့အဝတ်စ ညစ်နွမ်းသွားတာကို သတိထားမိလာတယ်။ စင်ကြယ်တဲ့အဝတ်စဟာ
ငါ့ခန္ဓာအတ္တဘောကြောင့် ညစ်နွမ်းသွားရပါလားလို့ ဆင်ခြင်မိပါတယ်။ သင်္ခါရတရားတွေဟာ
အနိစ္စပါလားလို့ နှလုံးသွင်း မိတယ်။ သင်္ခါရတရားတွေရဲ့ ကုန်ခမ်းပျက်စီးတတ်တဲ့ သဘာဝကို
အနိစ္စလက္ခဏာအဖြစ် ရှုမြင်သုံးသပ် ဝိပဿနာ ပွားလိုက်နိုင်တယ်။
ဒါ့ပြင် ခန္ဓာမှာမှီနေတဲ့ ရာဂစတဲ့ အညစ်အကြေးတွေကိုလည်း ပညာသတိနဲ့ကြည့်ပြီး
ပယ်ရှားပစ်ရမယ်လို့ ဘုရားရှင်ကပါ ဖြည့်စွက်ဟောကြား ပေးတော်မူလိုက်တော့
ဝိပဿနာÓဏ်စဉ်တွေ အဆင့်ဆင့်မြင့်တက်ပြီး ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်သွားပါတယ်။
အဲဒီအခါမှာတော့ အရင်က ထုံခဲ့ထိုင်းခဲ့တဲ့ အရှင်ဟာ ပိဋကသုံးပုံကိုပါ တပါတည်း
တတ်မြောက်သွားတော့တယ်။
(ဂ)
စူဠပန်ရဟန်းရဲ့ဘဝကိုကြည့်ရင် ဂါထာတိုလေးတစ်ပုဒ်ကို လေးလကျက်တာတောင်မှ
အလွတ်မရနိုင်တာ၊ ပရိယတ်ဘက်မှာ မအောင်မြင်ပေမယ့် ရဟန်းဘဝကို မစွန့်လွတ်ချင်တာ၊
လူဝတ်လဲမယ် လို့ စိတ်ဆုံးဖြတ်ပြီးခါမှ ဘုရားရှင်ကြောင့် လူဝတ်မလဲဖြစ်တာ၊ စင်ကြယ်တဲ့အဝတ်
ပိုင်းကို လက်နဲ့ပွတ်ရင်း အဝတ်စဖြူစင်ရာက ညစ်နွမ်းသွားတာကို ဆင်ခြင်ပြီး တရားထူး ရသွား
တာ၊ တရားထူးရတာနဲ့ လေးလံထိုင်းမှိုင်းမှုတွေပျောက်ပြီး ပိဋကတ်ကို ကျွမ်းကျင်သွားတာ
တွေဟာ အထင်ကရရှိလှတဲ့ အချက်တွေပါပဲ။ သူ့ရဲ့ထင်ရှားတဲ့ ဘဝမှတ်တမ်းပဲ ဆိုပါတော့။
ဒီလိုမျိုး မှတ်သားလောက်တဲ့ ဘဝအတွေ့အကြုံကို ဖန်တီးပေးတဲ့ အတိတ်အကြောင်းက
ဘယ်လိုလဲ?
(ဃ)
စူဠပန်ရဟန်းဟာ ကဿပဘုရားရှင် လက်ထက်တော် အခါက သာသနာမှာ ရဟန်း
ပြုခဲ့ဖူးပါတယ်။ ကျမ်းဂန်တတ်ပြီး ပတ်ဝန်းကျင်က လေးစားလောက်တဲ့ရဟန်း၊ ပညာတတ်
ရဟန်းပါ။ အဲဒီရဟန်းတော်ဟာ Óဏ်လေးတဲ့ ရဟန်းတစ်ပါး အထစ်ထစ် အငေါ့ငေါ့နဲ့
စာပေကျက်မှတ် ရွတ်ဖတ် နေတာကို ပျက်ရယ် ပြောင်လှောင် မိခဲ့ပါတယ်။ Óဏ်လေးတဲ့
ရဟန်းလည်း လှောင်ပြောင်ခံရတော့ ရှက်စိတ်ဝင်ပြီး ရွတ်ဖတ် သရဇ္ဈာယ်တာတွေ ရပ်တန့်
သွားပါတော့တယ်။
(င)
ဒီနေရာမှာ ပညာတတ်ရဟန်းတော်တစ်ပါးအနေနဲ့ ကိုယ့်အောက်နိမ့်ကျတဲ့ အတူနေ
ရဟန်းကို ဖိနှိပ်လိုစိတ် မရှိနိုင်ပါဘူး။ နှိမ့်ချတာတွေ၊ ယှဉ်ပြိုင်တာတွေကို ဂုဏ်ရည်တူတူချင်း၊
ဒါမှမဟုတ် ဂုဏ်ရည်သိပ်မကွာသူချင်းသာ ပြုလေ့ရှိတာ မဟုတ်လား။ လူ့သဘာဝဟာလည်း
ကိုယ့်ထက်သာသူကို ဝမ်းမမြောက်နိုင်တောင်မှ ကိုယ့်အောက် နိမ့်ကျသူကိုတော့ သနားတတ်ကြ
ပါတယ်။ မုဒိတာထက် ကရုဏာဖြစ်လွယ်ပါတယ်။ ဒါမို့ ပညာတတ်ရဟန်းတော်ဟာ Óဏ်
လေးတဲ့ရဟန်းကို ပကတိ သဘောအားဖြင့် သနားမှာပါပဲ။ ဒါပေမယ့် အမှတ်တမဲ့ လှောင်ပြောင်
လိုက်တာဟာ ဓမ္မလမ်းကြောင်းပေါ် လျှောက်နေသူကို ခြေလှမ်းပျက် သွားစေခဲ့ပါတယ်။ ဒီလို
အမှတ်တမဲ့ကိစ္စလေးကြောင့်ပဲ စူဠပန်ရဟန်းဟာ နောက်ဆုံး ကျွတ်တမ်းဝင်မယ့်ဘဝမှာတောင်
Óဏ်လေးရပါတယ်။ သူရဲ့Óဏ်လေးမှုဟာ ဘဝမှာ မြင်သာတဲ့ အမဲစက်ကြီး ဖြစ်ခဲ့ရပါတယ်။
(စ)
နောက်ပြီး စူဠပန်ရဟန်းဟာ ဘဝတစ်ခုမှာ ဘုရင်ဖြစ်ခဲ့ပါသေးတယ်။ အဲဒီဘဝမှာ ဘုရင်
မင်းမြတ်ဟာ တိုင်းခန်းလှည့်လည်ရင်း နဖူးကကျလာတဲ့ချွေးကို စင်ကြယ်တဲ့အဝတ်နဲ့ သုတ်ချ
လိုက်တယ်။ အမှတ်တမဲ့ ခဏလေးပါပဲ။ ချွေးစက်ကြောင့် အဝတ်စညစ်နွမ်းသွားတာကို သတိ
ထားမိ လိုက်တယ်။ သင်္ခါရတရားပေါ်မှာ အနိစ္စသညာ ထင်လိုက်တယ်။ ဒီလိုအမှတ်သညာ ဖြစ်ခဲ့
တဲ့အတွက် နောက်ဆုံးဘဝမှာလည်း ဖြူစင်တဲ့အဝတ်စ ညစ်နွမ်းသွားပုံကို အကြောင်းပြုပြီး
ရဟန္တာဖြစ်ရတာပါ။
(ဆ)
အဝတ်စ ညစ်နွမ်းသွားတာကို အနိစ္စသညာ ပြုခဲ့ဖူးတဲ့စူဠပန်ရဟန်းရဲ့ ပါရမီဓာတ်ခံကို
လှုံ့ဆော်ပေးတဲ့အနေနဲ့ အဝတ်စသန့်သန့် ဖန်ဆင်းပေးပြီး အကျွတ်တရားရအောင် စီစဉ်
ဆောင်ရွက် ပေးနိုင်တဲ့ ဘုရားရှင်ရဲ့ ရွှေÓဏ်တော်ဟာလည်း လေးစားကြည်ညိုစရာ ကောင်းလှ
ပါတယ်။ ဒီÓဏ် ရအောင် လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း အလေးအနက် ကြိုးစားခဲ့ရပါတယ်။
အမှတ်တမဲ့ ကိစ္စလေးတွေက အမှတ်တရ ဖြစ်စေတတ်သလို အလေးအနက် ဆောင်ရွက်မှုတွေ
ဟာလည်း ကြီးကျယ်ခမ်းနားမှုကို ဖြစ်စေနိုင်တယ်လို့ ပြောချင်တာပါ။
(ဇ)
စူဠပန်ရဟန်းရဲ့ ဘဝသုံးခုကို ပေါင်းစပ်ကြည့်ရင် ဘဝမှာ အမှတ်တမဲ့ ကြုံရတာလေးတွေ
ဟာ နောင်သံသရာမှာ ဘယ်လိုအမှတ်တရ ဖြစ်စေတယ်ဆိုတာ မြင်သာပါတယ်။ သူဟာ
အမှတ်တမဲ့ သရော်ခဲ့မိလို့ Óဏ်လေးရသလို အမှတ်တမဲ့ အနိစ္စသညာရခဲ့လို့ အရဟတ္တဖိုလ်
ပေါက်တဲ့အထိ အကျိုးရခဲ့ပါတယ်။ ကဿပဘုရားရှင်လက်ထက်မှာ ယုံကြည်ချက်နဲ့ ရဟန်း
ပြုခဲ့ပြီး လေးနက်တဲ့ ရဟန်းဘဝ အထုံပါခဲ့ဖူးတဲ့ အတွက်ကြောင့် စူဠပန်ရဟန်းဟာ ရဟန်းဘဝကို
နှစ်သက်မြတ်နိုးစွာ ဖက်တွယ်ထားပါတယ်။ အစ်ကိုရဟန်းက သာသနာတော်က နှင်ထုတ်တာကို
လွယ်လွယ်နဲ့ လက်မခံပါဘူး။ ဝဋ်ြေ<ွကးကို မပယ်နိုင်သလို ပါရမီ သမ္ဘာရဟာလည်း ဖျက်ဆီးပစ်လို့
မရကောင်းတဲ့ အရာမျိုးပါ။ ပါရမီရင့်ကျက်သူတွေဟာ ဘုရားရှင်နဲ့၊ ဘုရားရှင်ရဲ့ သာသနာတော်နဲ့
တွေ့ပြီး မုချ ကျွတ်တမ်းဝင်ရပါတယ်။ စူဠပန်ရဟန်းဟာ ကဿပဘုရားလက်ထက်က ရဟန်းဘဝ
နဲ့ စာပေသင်ယူခဲ့၊ တရားအားထုတ်ခဲ့တဲ့ ပါရမီကြောင့် ရဟန္တာဖြစ်တဲ့အခါမှာ ပဋိသမ္ဘိဒါ ရခဲ့ပါ
တယ်။ မသင်ရဘဲ စာတတ်ရပါတယ်။
(စ်)
စားစားသွားသွားနဲ့ ဘဝမှာ ပေါ့ပေါ့ဆဆ နေခဲ့မိရင် ခုချိန်ကစပြီး ကိုယ့်ဘဝကိုယ်
ပြန်ကြည့် သင့်ပါတယ်။ ဘယ်လို အမှတ်တမဲ့တွေ ကြုံခဲ့ဖူးသလဲ စဉ်းစားကြည့်သင့်ပါတယ်။
နောင် ကြုံလာမယ့် အမှတ်တမဲ့လေးတွေကို ဘယ်လိုရင်ဆိုင်မလဲ ပြင်ဆင်ထားသင့်ပါတယ်။ ဒါမှ
သာ အမှတ် တမဲ့ကောင်းလေးတွေနဲ့တွေ့ပြီး အောင်မြင်ထင်ရှားတဲ့ ဘဝမော်ကွန်းကို အပီအပြင်
ရေးထိုးနိုင်ပါ လိမ့်မယ်။ လျှောက်လှမ်းနေတဲ့ ဘဝလမ်းမှာ နောက်ကိုလည်း ပြန်ငဲ့ကြည့်ပါ။
ရှေ့ကိုလည်း မျှော် ခေါ်ကြည့်ပါ။
တစ်ပါးသူတွေရဲ့ အဆီအငေါ်မတည့်တဲ့ ဘဝကို ဘယ်လို ဆက်ဆံခဲ့သလဲ၊
ဘယ်လို ဆက်ဆံမလဲ။
ပုဝါဖြူကို ချွေးစွန်းတဲ့အခါ ဘယ်လိုမြင်ခဲ့သလဲ၊
ဘယ်လိုမြင်မလဲ။
အမှတ်တမဲ့ ကောင်းလေးများ တွေ့ကြုံနိုင်ကြပါစေ။
ရှင်အာစာရ
ဖိတ်ခေါ်ချက်
ဗုဒ္ဓဓမ္မကို စိတ်ဝင်စားသူတိုင်း စိတ်ဝင်စားသော ဓမ္မအချက်အလက်ကို
စာတိုက်မှဖြစ်စေ၊ န-ာငေူ ဖြင့်ဖြစ်စေ
(အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖြင့်ဖြစ်စေ)
အောက်ပါ လိပ်စာသို့ ပေးပို့ပြီး
ဆွေးနွေးခြင်း၊ မေးမြန်းခြင်းများ ပြုလုပ်ကြပါရန်
လေးစားစွာ ဖိတ်ခေါ်ပါသည်
အရှင်အာစာရ
အခန်း ၂ဝ၁၊ အမျိုးသားဆောင် - အေ
အပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊
မရမ်းကုန်း၊ ရန်ကုန်
ခေမဏ္ဍျငေူသမာသသည.ခသာ
Subscribe to:
Post Comments (Atom)
1 comments:
“အမှတ်တမဲ့ မှ အမှတ်တရ သို့”
ခု တင်ထားပါတယ် ဒီမှာ -
http://mrmrt.blogspot.com/search?updated-max=2010-10-11T16%3A21%3A00-07%3A00&max-results=1
Post a Comment