Thursday, December 17, 2009

ဆုတောင်း



အမိမြန်မာပြည်ကို (လူနည်းစုမှအပ) အမျိုးချစ်သူအားလုံးက တိုးတက်စေချင်သည် ။
လူ့အခွင့်အရေး ရစေချင်သည်။ ဒီမိုကရေစီ ထွန်းကားစေချင်သည်။ သို့သော်
ကျွန်တော်တို့တွင် ဒီမိုကရေစီ စံနှုန်းများ နည်းပါးနေသည်ကို တွေ့မြင်နေရသည်။
ကားဝယ်မည်ဟု စိတ်ကူးထားလျှင် ကားမောင်းတတ်ထားဖို့တော့လိုပါသည်။
ဒီမိုကရေစီ ကိုလိုချင်ပါလျှင် ဒီမိုကရေစီ အမူအကျင့်များကို မွေးမြူထားဖို့လိုပါသည်။
မကြာခင်က ဖြစ်ပျက်ခဲ့သော ပဲခူးမြို့ အကြောင်းကို BBC (မြန်မာပိုင်း)မှ သတင်းတင်ဆက်ခဲ့ပါသည်။
သံဃာ တစ်ပါးက ပန်းကုံးစွပ်သောကြောင့် ရဲက ဖမ်းသည် ဟု ဆိုခဲ့ပါသည်။
ထိုသတင်းကြောင့် BBC(မြန်မာပိုင်း)အား အချို့ အင်တာနက် သတင်းစာမျက်နှာများရှိ C-Box များတွင် ကြမ်းတမ်းစွာ
ဆဲဆိုထားသည်ကို ၀မ်းနည်းဖွယ်ရာ တွေ့ရပါသည်။ အချို့က ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို
ဖြစ်နေသဖြင့် မလွှင့်သင့်ကြောင်းရေးထားသည်ကိုပါ ၀မ်းနည်းဖွယ် ဖတ်လိုက်ရပါသည်။
ငါမကောင်းလျှင် ငါ့ကိုရေးရမည် ၊ ငါ့မိဖုရားမကောင်းလျှင် ငါ့မိဖုရား ကိုရေးရပါမည်။
ဒါမှ တကယ့် အမှန်တရားကို ပြည်သူများ သိရှိနိုင်ပါမည်။ ပြည်သူများ၏ အားထားရာ အစစ်အမှန်
ဖြစ်လာပါမည်။ အတိုက်အခံ ဖြစ်စေ ၊ အစိုးရ ဖြစ်စေ မကောင်းလျှင် မကောင်းကြောင်းကို ရေးရပါမည်။
ငါမကောင်းတာကိုချန်ထားပြီး သူများမကောင်းကြောင်းကိုသာရေးနေလျှင် အားထားရာ ဖြစ်လာနိုင်မည်
မဟုတ်ပါ။ တစ်ယောက်အားနှင့် ယူသော်မရ အများအားဖြင့်ယူမှ ရမည်ဖြစ်သော ဒီမိုကရေစီ အရေးတော်ပုံ
ကြီးတွင် အားလုံး ကျရာ အခန်းမှ တာဝန်ကျေကျေ ပါဝင်နိုင်ပါစေ။

0 comments:

Post a Comment